Part 6
"ကား..ရှေ့မှာကား..ကား!! "
ကလေးအော်သံကြောင့် Xiao Zhan စာလုပ်နေရာကနေ ချက်ခြင်း ထလာလိုက်သည်။
"ကလေး...ကလေး "
Yibo ကိုကိုခေါ်သံကြောင့် နိုးလာပေမဲ့
တိတ်လန့်မှုက မပြေသေး" ကိုကို "
" ကလေးလေး ရေသောက်လိုက် "
ကလေးလေး အလန့်ပြေစေရန်
Xiao Zhanရေတိုက်လိုက်သည်။"အိမ်မက်ဆိုးမက်နေတာလား Wangလေး "
" ကောင်လေးတစ်ယောက် သူမိသားစုနဲ့ ခရီးထွက်လာတယ် ဒါပေမဲ့ ကောင်လေးက သူအဖေကို တစ်လှမ်းလုံးပူဆာလာတယ် သူအဖေကလည်း အကုန်နားထောင်ပေးတယ် တစ်နေရာအရောက်
တဖက်ကလာတဲ့ ကားနဲ့...ကားနဲ့ "တုန်တုန်ယင်ယင်နဲ့ပြောနေတဲ့ကလေးကြောင့်
" ဘာမှမပြောနဲ့တော့ အိပ်တော့နော် "
" ကိုကို ကျွန်တော့်နားကဘယ်မှမသွားပါနဲ့ "
Xiao Zhan ကလေးနားမှာအိပ်လိုက်ပြီး ကလေးကို ရင်ခွင်ထဲထည့်ထားလိုက်သည်။
ချက်ခြင်းပင် ကလေးပြန်အိပ်ပျော်သွားသည်။ ကလေးအခုတလော သူငယ်ငယ်တုန်းဖြတ်သန်းလာတဲ့ ဘဝကိုအိမ်မက်အဖြစ် ခဏခဏမက်သည်။
မက်ပြီးတိုင်းလည်း သူကျွန်တော့်ကို ပြောပြသည်။ သူကတခြားကောင်လေးအကြောင်း ပြောပြသလိုပဲဆိုပေမဲ့ ကျွန်တော့်ကတော့ သိနေတယ် ဒါကလေးငယ်ငယ်ဖြတ်သန်းလာတဲ့ ဘဝပဲလေ အခုတော့ ကားမှောက်တဲ့အထိတောင် မက်နေပြီ ကလေးမကြာခင် အတိတ်ကို ပြန်မှတ်မိပြီး ကျွန်တော့်က သူအစ်ကိုမဟုတ်ဘူး ဆိုတာသိရင် သူဘယ်လိုနေမလဲ
ကျွန်တော်ကသူကိုထပ်ခိုးလာတာကိုသိရင်..." ဟာကွာ! "
" ကိုကို "
ကျွန်တော်တွေးရင်းနဲ့ မခံစားနိုင်ပဲ အော်မိတာကြောင့် ကလေးလေး လန့်နိုးလာပြန်သည်။
" ဘာမှမဖြစ်ဘူး ကလေး "
ကလေးကျောကိုပွတ်ပေးကာဆိုလိုက်၏ ။
" ကိုကိုဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ဘူးလို့ပြောထားတယ်လေ ပြန်အိပ်တော့ "