Part 10

6.8K 526 17
                                    

   Part 10

      Yibo နိုးနိုးခြင်းမြင်လိုက်ရတဲ့ လူစိမ်း
မျက်နှာကြောင့်  ထထိုင်မိသည်

" နိုးပြီလား "

    သူကိုပြုံးပြီး မေးနေတဲ့သူကို Yibo
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်ကာခေါင်းညိတ်မိသည်။

" ကိုယ့်နာမည် Xiao Zhan
အထွေထွေအထူးကုဆရာဝန်ပါ အခုကလေး.. "

    ကလေးလို့ခေါ်လိုက်တော့ မျက်လုံးဝိုင်းစွာကြည့်နေတဲ့  Yiboကြောင့် Xiao Zhan ပြောင်းပြောလိုက်သည်။

" Wang Yiboရဲ့ မိသားစုဆရာဝန်ပါ "

" ကျွန်တော့်အနီးကပ်ဆရာဝန်ထားရအောင်
မပျော့ညံ့ပါဘူး  "

   Yiboစကားကြောင့် Xiao Zhan ပြုံးလိုက်သည်။

" အနှပညာရှင်တစ်ယောက်အနေနဲ့ အစီအစဉ်တွေများလာပြီး ပင်ပန်းမှူတွေလည်း ရှီလာမှာပါ Yibo
မပျော့ညံ့ပေမဲ့ သွေးအားနည်းတဲ့ရောဂါရှီနေတဲ့အတွက် အနီးကပ်ပြုစုမဲ့  ဆရာဝန်ဆိုတာ လိုအပ်ပါတယ် "

   သူကိုစိတ်ရှည်စွာရှင်းပြတဲ့ ဒေါက်တာကို
သူမျက်တောင်မခတ် ကြည့်နေလိုက်သည်။

" ကိုယ်ပြန်တော့မယ် "

      Xiao Zhan ထလိုက်တော့

" ပြန်တော့မလို့လား "

" ကိုယ့်ဒီနေ့လာတာ တရားဝင်လာမိတ်ဆက်တာပါ "

" တစ်ခုခုစားသွားပ့ါလား  "

" မစားတော့ပါဘူး  "

    Xiao Zhan အခန်းထဲက ထွက်သွားတာနဲ့ Yibo ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်သည်
Xiao Zhanခြံထဲကထွက်သွားတဲ့အထိ
ကြည့်နေမိသည်။

" သားလေး "

    ဝမ်ရီဖုန့်ခေါ်သံကြောင့် Yibo လှည့်ကြည့်လိုက်ပြီး
ပါပါးကိုဖက်ထားလိုက်သည်

" အောင်မြင်တဲ့အနှပညာရှင်ကြီး ဒီလိုကလေးဆန်တဲ့အပြုအမှုကို သားလေးFan Groupတွေ သိတော့မှာပဲ "

" ကျွန်တော့်က ပါပါးကိုချစ်တာ
ပါပါးကငြိုငြင်တာလား "

" ဟော့ ကလေးလေးကောက်တော့မယ် "

" ကိုကိုကြေးအိုးဝယ်လာတယ် ကလေးလေး "

ကြေးအိုးပန်းကန်ကိုင်လာပြီး ဝင်လာတဲ့ကိုကို

မခွဲအတူ Where stories live. Discover now