Part 4
" သားလေး...သားလေး!!! "
ချန်းလဲ့အာ်သံကြောင့် ဝမ်ရီဖုန့်နိုးလာပြီး
မီးဖွင့်လိုက်သည်။" မင်းအိမ်မက်ဆိုးမက်ပြန်ပြီ "
ဝမ်ရီဖုန့်ဇနီးသည်ကိုဖက်ပြီး နှစ်သိမ့်လိုက်သည်
" ရှင့် လာမဖက်နဲ့ အခုထိ သားလေးကို
တွေ့အောင်မရှာပေးဘူး ...အဟင့်...ဟင့် ""တောင်းပန်ပါတယ် နှစ်တွေအကြာကြီး သားလေးကို ကိုယ့်ရှာနေတာ မင်းအသိဆုံးပ အဲ့ဒီဆေးရုံမှာ ပျောက်တာကြောင့် အဲ့ဒီဆေးရုံက တာဝန်ကျဆရာဝန်တွေကို အလုပ်ထုပ်ခဲ့တာပဲ "
" ဘယ်သူက...ဘယ်သူက သားလေးကို ခေါ်သွားတာလဲ သားလေးက အတိတ်မေ့နေပြီး မျက်စီမမြင်ဖြစ်နေတာကို ဘယ်သူက ဘာရည်ရွယ်ချက်နဲ့... သနားစရာကောင်းတဲ့ သားလေးကို ခေါ်သွားကျတာလဲ...အဟင့်...ဟင့် "
ဝမ်ရီဖုန့်ဇနီးသည်ကိုအိပ်ပျော်အောင် ချော့မြူလိုက်သည်။ သားလေး ပျောက်တာရှစ်နှစ်ရှီပြီ နယ်မြို့က ဆေးရုံမှာ ပျောက်တာဆိုတော့ သားလေးကို ရှာတွေ့ဖို့ ခက်ခဲတယ် သတင်းစာတွေထဲမှာ သားလေးပုံနဲ့ လူပျောက်ကြော်ငြာခဲ့ပေမဲ့ ဘယ်သူမှ သားလေးကို မတွေ့ကျဘူး အခုတော့ သားလေးအသက်ရှင်နေသေးရင် တော်တော်အရွယ်ရောက်နေလောက်ပြီ သားပျောက်လို့ သားရူးရူးနေတဲ့ ဇနီးသည်အတွက် သားတစ်ယောက်မွေးစားခဲ့ပေမဲ့ နည်နည်းသာ စိတ်သက်သာရခဲ့ပြီး သားလေးကိုပဲ ခဏခဏ တမ်းတနေမိသည်
🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠
ဆိုင်ကပြန်တော့ ကလေးက ကျွန်တော်လက်ကိုတွဲရင်း
" ကိုကို "
" ပြောလေ ဝမ်လေး "
"သူဌေးလေးက ကျွန်တော့်လက်ထဲကိုဒါထည့်ပေးတယ် "
ကလေးလေးထောင်ပြတာကိုကြည့်မှ လက်ဆွဲအိတ် ဟုတ်သားပဲ လာတုန်းက အဲ့လက်ဆွဲအိတ်မှမပါတာ
" ဘာတွေလဲ ငါ့ကြည့်ကြည့်မယ် "
အားယွမ်က ကလေးလက်ဆွဲအိတ်ကိုယူကြည့်လိုက်တော့
" အဝတ်အစားတွေပဲ
အကောင်းအစားတံဆိပ်တွေနဲ့ထင်တာပဲ
ဈေးကြီးမှာပဲ "Yu Binကပါ သူညီနားကြည့်လိုက်ပြီး
" သုံးစုံတောင်မှ စဉ်းတော့စဉ်းစားစရာပဲ "
" ဘာလို့လဲ ကိုကို Yu Bin "
ကလေးက မေးလိုက်သည်
"အရင်တုန်းက အဲ့ဒီသူဌေးရုပ်ကို တစ်လတစ်ခါမြင်ဖို့တောင် ခက်ခဲတယ် သူမှာ တခြားလုပ်ငန်းတွေလည်း ရှီတော့ ဆိုင်ကိုမလာတာများတယ် ဆိုင်မန်နေဂျာနဲ့ပဲ လွှဲထားတာ အခုငါ့တို့ကောင်လေး သီချင်းဆိုမှ ဆိုင်ကို ခဏခဏလာတယ် ပြီးတော့ ကောင်လေးကို အဝတ်အစားပေးတယ် "
" လျှောက်မပြောနဲ့ Yu Bin "
" ဟုတ်သားပဲ အစ်ကိုကလည်း လျှောက်မပြောပါနဲ့ Yiboကအဆိုတော်လေ yibo ကောင်းကောင်းဝတ်တော့ သူဆိုင်နာမည်တက်တာပေ့ါ အဲ့ဒါကြောင့်ပေးတာနေမှာ "
အားယွမ်ပြောသလို ဖြစ်ပ့ါစေလို့ပဲ ဆုတောင်းနေမိသည် ကလေးကတော့ ဘာမှမပြောနိုင်ပဲ
ငိုက်နေသည်။" ကလေးအိပ်ချင်နေပြီ...အားယွမ်
ကလေးဆီက တုတ်ကောက်ယူလိုက် "" ဟုတ် "
ကျွန်တော့်ကလေးကို ကုန်းပိုးလိုက်သည်
" ဝမ်လေးက ချီးကျူးစရာပဲ ဘယ်လောက်ပင်ပန်းပင်ပန်း သူမညည်းညူးဘူး "
Yu Bin စကားကို ကျွန်တော့်မတုံ့ပြန်မိဘူး
" Yiboက ကောင်းလိုက်တာ အသံအရမ်းကောင်းတော့ ကျွန်တော့်တို့ထက် ပိုက်ဆံရတယ် ဒုက္ခိတထက်တောင် ကျွန်တော့်တို့က အသုံးမကျဘူး "
" ကလေးကို ဒုက္ခိတလို့မပြောနဲ့အားယွမ်
ငါ့မကြိုက်ဘူး "" တောင်းပန်ပါတယ် အစ်ကို Xiao Zhan "
" မင်းအိမ်ရောက်ပြီ ငါ့တံခါးလိုက်ဖွင့်ပေးမယ် "
Yu Bin တံခါးဖွင့်ပေးသည် ကလေးကို အိပ်ရာပေါ်မှာလှဲလိုက်သည်။
" ငါ့တို့ပြန်တော့မယ် မင်းကတော့ စာကျက်ရအုန်းမှာ မဟုတ်လား မင်းကပညာတက်ဖြစ်ချင်တော့ ငါ့တို့ထက် အများကြီး ပိုပင်ပန်းခံရမှာပေါ့ အားဆေးလည်းဝယ်သောက်အုန်း "
" အင်း ကျေးဇူးပဲ Yu Bin..အားယွမ့် "
" သွားပြီနော် အစ်ကို "
အိမ်တံခါးပြန်ပိတ်လိုက်ပြီး ကုတင်ပေါ်အိပ်နေတဲ့ ကလေးကို ကြည့်လိုက်သည်
" ခဏလေးပါပဲ ကိုကိုဘွဲ့ရရင်
ကလေးမပင်ပန်းအောင် ထားပါမယ် "အိပ်နေတဲ့ ကလေးနဖူးကိုနမ်းလိုက်သည်။
Good Night ကလေးလေး...
❤️❤️❤️❤️❤️❤️❤️❤️❤️