Part 34
Yibo ပြုတ်ကျတဲ့အရှိန်များတာကြောင့်
ခေါင်းကဆောင်းထားတဲ့ ဦးထုပ်ကျွတ်သွားပြီး ခေါင်းနဲ့တိုင်နဲ့ ဆောင့်မိတာကြောင့် ခေါင်းပေါက်ပြီး နှစ်ချက်လောက်ချုပ်လိုက်ရသည်။တခြားပြင်ပဒဏ်ရာဘာမှမတွေ့ခဲ့ပေမဲ့
အသက်ရှုနှူန်းနှေးတာကြောင်အောက်စီဂျင်ပေးထားရသည် ဆေးလည်းသွင်းထားရသည်။"'သားလေးအခြေအနေဘယ်လိုနေလဲ "
ကလေးပါပါးနဲ့မာမားက စိုးရိမ်စွာမေးနေသည်။
Xiao Zhan ဘာဖြေရမှန်းမသိခင်" Yibo သတိရလာပြီ "
သူငယ်ချင်းဂျွန်လာပြောတာကြောင့်
ကျွန်တော့်တို့အားလုံး အခန်းထဲဝင်လိုက်သည်။"ညီ...ညီသက်သာရဲ့လား "
" သားလေး ဘယ်လိုနေသေးလဲ "
Yiboအားလုံးကိုဘာစကားမှပြန်မပြောပဲ မျက်တောင်မခက်ကြည့်နေသည်။
" သားလေး ဘာဖြစ်တာလဲ
ကျွန်တော့်တို့ကိုမမှတ်မိဘူးလား ""'ကိုယ့်နာမည်ကိုယ်မှတ်မိလား "
"Wang Yibo "
" ဘာအလုပ်လုပ်တာလဲ "
" အဆိုတော်ပါ "
ကလေးဖြေသံကြားပြီး ကျွန်တော်တို့အားလုံးစိတ်အေးသွားရသည်။
" Yibo သူကဘယ်သူလဲ "
ဂျွန်ကသူဘေးနားက ဥက္ကဋ္ဌကို လက်ညိုးထိုးပြီးမေးလိုက်သည်။
"ပါပါး "
" ဘေးကရော "
" မာမား "
"ဒါကရော့ "
မင်ဖုန်ကိုဘေးနားခေါ်ပြီး မေးလိုက်တော့
" ကိုကို "
" အဲ့တာဆို ဒီဒေါက်တာလေးကိုရော မှတ်မိလား "
ဂျွန်ကစပြီး မေးလိုက်ပေမဲ့ ကလေးက ကျွန်တော့်ကို ကြောင့်ကြည့်နေလို့ ပါပါးနဲ့မာမား စိတ်ပူသွားကာ
"သား မမှတ်မိဘူးလား "
ကလေးဘာမှမပြောပဲ ကျွန်တော့်ကိုကြည့်နေသည်။ ကလေး ကျွန်တော့်ကိုစိတ်ဆိုးလို့
မဖြေချင်ဘူးပဲ
![](https://img.wattpad.com/cover/199722148-288-k862716.jpg)