Part 16

6.2K 513 13
                                    

Part 16

Yiboနဲ့ကျွန်တော့် ချစ်သူဖြစ်ပြီး ပေကျင်းကိုပြန်ရောက်ကတည်းက ညတိုင်းဖုန်းပြောဖြစ်ခဲ့ကျသည်။ ဒီကလေး ကျွန်တော့်ကိုဖုန်းမဆက်တဲ့ညဆိုတာမရှီခဲ့ဘူး ဆက်တိုင်းလည်း တွေ့ချင်နေကြောင်း အမြဲပြောသည်။

တီ..တီ📲📲📲📲

" ဟဲလို "

" အစ်ကိုကျွန်တော့်နေမကောင်းဘူး "

" ကလေးဘာဖြစ်တာလဲ
ကိုယ်အခုချက်ခြင်းလာခဲ့မယ်"

" ကျွန်တော့်အိမ်မှာမဟုတ်ဘူး "

" နေမကောင်းတာကိုအိမ်မှာမဟုတ်ဘူးဟုတ်လား "

" ရိုက်ကွင်းမှာပါ အစ်ကိုလာခဲ့ပေးမယ်မဟုတ်လား "

" နေရာပြောလိုက် ကိုယ်လာခဲ့ပေးမယ်  "

Xiao Zhan နေရာကိုလိုက်မှတ်ထားပြီး သူ့ဝင်ရမဲ့ခွဲစိတ်ခန်းကို သူငယ်ချင်းနဲ့လွှဲပေးပြီး ကားကိုအမြန်မောင်းလာလိုက်သည်  ရိုက်ကွင်းနေရာကဝေးပြီး သွားကြည့်တော့ ခြံတံခါးဖွင့်ထားပြီး ခြံထဲမှာတစ်ယောက်မှမတွေ့ပေ အိမ်ထဲဝင်လိုက်ပြီး ကလေးကိုအော်ခေါ်လိုက်သည်။

" Yibo!..Yibo! "

" အစ်ကို "

အပေါ်ထပ်ကပြေးဆင်းလာပြီး ကျွန်တော့်ကို
လာဖက်တဲ့ ကလေးလေး

" ကလေးခေါင်းမူးလို့လား ဒါမှမဟုတ်မောနေလား ကလေး "

ကျွန်တော့်သူကိုဖက်ထားရာကနေခွာပြီး သူလက်မောင်းကိုကိုင်ပြီးမေးလိုက်ပေမဲ့ သူမျက်နှာကပြုံးနေသည်။

" ဘာလုပ်တာလဲ ကိုယ့်ကိုလိမ်ခေါ်တာလား "

  ကျွန်တော့်လေသံမာသွားတော့ ကလေးမပြုံးတော့ပဲ ကျွန်တော့်ကိုအတင်းဖက်ထားကာ

" ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့
ကျွန်တော့်အစ်ကို့ကို အရမ်းတွေ့ချင်လို့ပါ  "

Xiao Zhan သူကိုဖက်ထားတဲ့ ကလေးလက်ကိုကိုင်ကာ ဖယ်လိုက်သည်။

"အစ်ကိုအရမ်းအရေးကြီးတဲ့လူနာတစ်ယောက်ကို ခွဲစိတ်ရမှာ အခုကလေးကြောင့် အစ်ကိုအဲ့လူနာကို သူငယ်ချင်းနဲ့ လွှဲထားခဲ့ရတယ် လူနာတစ်ခုခုဖြစ်ရင် အစ်ကိုတာဝန်ဆိုတာ ကလေးသိရဲ့လား "

မခွဲအတူ Where stories live. Discover now