Part 7

7K 539 19
                                    

Part 7

ငါးနှစ်ကြာသော်အခါ

" အစ်ကို..အစ်ကို "

အားယွမ်အကသင်တန်းက ပြန်လာပြီး
အော်နေခြင်းဖြစ်သည်။

" ဘာဖြစ်လို့အော်နေရတာလဲ ညီ "

"အစ်ကို Xiao Zhan ရော ဆေးရုံကပြန်လာပြီလား "

" ပြန်လာပြီ ရေချိုးနေတယ် "

" မြန်မြန်ထွက်ခဲ့ခိုင်းလိုက်ပါ
ညခုနှစ်နာရီထိုးတော့မယ် "

" ဘာဖြစ်လို့ဆူညံနေတာလဲ "

Xiao Zhan ထွက်လာပြီးပြောလိုက်သည်။ အခုဆို သူရယ် Yu Bin တို့ ညီအစ်ကိုနှစ်ယောက်အတူတူ နေနေပြီဖြစ်သည် Yu Binအိမ်လေးကို ရောင်းလိုက်ပြီး ဒီအိမ်ကို ပြန်ဝယ်ကာ အိမ်ကိုပြုပြင်ပြန်ဆောက်ကာ နေနေကျသည် ကလေးအတွက် အခန်းလည်း ဖွဲ့ထားသည် ဒီအိမ်ကနေတော့ ကျွန်တော့်တို့ဘယ်မှခွာဖို့ဆိုတာမဖြစ်နိုင်ပေ

"ကြည့်နေ လာတော့မှာ "

အားယွမ်TV ဖွင့်ပြီး ပြောလိုက်ခြင်းဖြစ်သည်

ကျွန်တော့်တို့ဆိုဖာပေါ်မှာ ထိုင်ရင်း TV ကြည့်နေရင်း ပေါ်လာတဲ့ ကလေးပုံ

" Wang Yibo "

" ကလေးလေး "

ကလေးလေးသီချင်းဆိုပြီး ကနေတာကို မျက်တောင်မခတ်ကြည့်နေမိသည်

" သူနာမည်က Wang Yiboပဲ
ဘာလို့ အစ်ကိုပေးတဲ့ နာမည်ပဲ ဖြစ်နေရတာလဲ "

အားယွမ်က အံအားသင့်စွာမေးသည်။

" Wang Yiboဆိုတဲ့ နာမည်ကို Xiao Zhan ပေးခဲ့တာ မဟုတ်ဘူး သူမိဘတွေခေါ်တဲ့ နာမည်ကိုပဲ Xiao Zhanက ခေါ်ခဲ့တာ "

" ကလေးလေး! "

Yu Bin တို့ပြောတာ နားထဲမဝင်ပဲ
TVဖန်သားပြင်ကိုသွားထိကာ
ကလေးလေးကို ကြည့်ပြီး ငိုနေမိသည်။

" အခု Yiboက ဟောင်ကောင်....
ပေကျင်း..ယိုးဒယား..ကိုးရီယား အနှံအပြား နာမည်တော်တော်ကြီးနေပြီး "

အားယွမ်က အားတက်သရော ထက်ပြောသည်။

" အခုကလေး ဘယ်မှာလဲ "

" Fbက သတင်းတွေအရ
မာကာအိုရောက်နေတယ်ကြားတယ် "

"အင်း "

ကျွန်တော့်ဘာမှပြန်မပြောတော့ပဲ အခန်းထဲဝင်ပြီး ဖုန်းကိုထုတ်ကာ ကလေးအကြောင်းကို ရှာကြည့်လိုက်သည်။

" မင်း မိဘတွေလက်ထဲပြန်ရောက်သွားတာပဲ
ကိုယ့်ကို မလွမ်းဘူးလား "

Xiao Zhan ကလေးပုံကိုကြည့်ပြီး
မျက်ရည်ကျနေမိသည်။

🛬🛬🛬🛬

" ပါးပါး...ကိုကို"

Yibo လေယာဉ်ပေါ်က ဆင်းဆင်းခြင်း Fanတွေနဲ့ မတိုးအောင် ရှောင်လာပြီး လာကြိုတဲ့ ပါးပါးကို
ဖက်နမ်းလိုက်သည်။

" ပါပါးသားက အရမ်းအောင်မြင်နေပြီပဲ "

ဝမ်ရီဖုန်းသားအတွက် ဂုဏ်ယူဝမ်းမြှောက်ရသည်

" ကိုကို "

ဝမ်မင်ဖုန်း ညီလေးဖြစ်သူကို ဖက်လိုက်သည်။

" ကျန်းမာရေးရောကောင်းရဲ့လား ညီ "

" သားညီလေးက သူကျန်းမာရေးထက် သူလုပ်ချင်တာ လုပ်ရတာကိုး ပျော်နေတာ "

ချန်းလဲ့သူ့ကိုမဖက်ပဲ သားကိုပဲ သဲသဲလှုပ်နေသော
ယောက်ကျားဖြစ်သူနဲ့ သားကြီးကိုကြည့်ကာ

" ကျွန်မကိုမမြင်ကြဘူးလား "

" မြင်တာပေါ့ ကိုယ့်ဇနီးလေးကို "

ဝမ်ရိဖုန်းပြောရင်း ဇနီးဖြစ်သူကို ဖက်လိုက်သည်။

"မာမားလည်း ညီနောက်လိုက်ရင်း
ပျော်နေတာ မဟုတ်လား "

" ဟုတ်တယ် သားအမေက
သူ့သားငယ်နောက်လိုက်ရရင် မမောဘူး "

" အိမ်ပြန်ရအောင် သားလေးဗိုက်ဆာနေပြီ သားလေးက ငါးနှစ်အတွင်း ဆေးကုရ ပဲရစ်နဲ့ ဟောင်ကောင်မှာ သင်တန်းတွေတက်ပြီး ကြိုးစားရနဲ့ အခုမှ အိမ်ကိုသွားရမှာ သားလေးအခန်း သေချာပြင်ဆင်ထားလား "
ချန်းလဲ့မေးလိုက်တော့ နှစ်ယောက်သားခေါင်းညိတ်ကာ

" ပြင်ဆင်ထားတာပေါ့ "

Yibo ကားပေါ်တက်ပြီး ကားမှန်ကိုချပြီး ပေကျင်းမြို့ရဲ့ အလှအပကို ကြည့်နေမိသည် ဒီမြို့ကို ခြေချတာနဲ့ ရင်ထဲမှာ
အမည်မသိတဲ့ခံစားမှုမျိုး ဖြစ်ပေါ်နေသည်။
ဘာပါလိမ့်

💕💕💕💕💕💕💕💕💕

မခွဲအတူ Where stories live. Discover now