Part 37

6.8K 663 49
                                    

Part 37

"ကလေး..."

" သားလေး "

    နိုးလာတဲ့ကလေးလေးက
ကျွန်တော်ကိုကြည့်ပြီး
ချက်ခြင်းထထိုင်ကာတန်းဖက်သည်။

" ကလေး! "

    Yiboဖက်ထားရာကနေခွါပြီး ကိုကိုမျက်နှာကိုကြည့်လိုက်သည်။ ပြီးတော့တောင်းပန်ဖို့ စကားပြောလိုက်ပေမဲ့

" အ..အ..အား "

ဘာအသံကြီးလဲ ဘယ်လိုဖြစ်သွားတာလဲ

" ကလေး! "

" သားလေး! "

   Yiboဘာစကားမှထွက်မလာတာကြောင့်
တုန်တုန်ယင်ယင်နဲ့ ကိုကို့ကိုကြည့်လိုက်သည်။
မျက်ရည်လည်းကျလာမိသည်။

" သားလေးဘယ်လိုဖြစ်တာလဲ "

Xiao Zhan ဝမ်နည်းစွာနဲ့
ကလေးလေးကိုဖက်ထားလိုက်သည်။

" အ...အ့..အား..အဟင့် ..ဟင့် "

   Yiboစကား​ကိုအစွမ်းကုန်ပြောချင်ပေမဲ့ ပြောလို့မရတာကြောင့် ကိုကိုနဲ့ဖက်ထားရာကနေခွါပြီး ဘေးကပစ္စည်းတွေကို ယူပြီးလွှတ်ပစ်လိုက်သည်။ 

" ကလေး..ကလေး "

မင်ဖုန်ခလုတ်ကိုနှိပ်ကာ ဆရာဝန်ကိုခေါ်လိုက်သည်။

"ကလေး "

    ဆရာဝန်တွေ ကလေးကိုဝိုင်းချုပ်ပြီး စိတ်ငြိမ်ဆေးထိုးလိုက်တာနဲ့ ကလေးအိပ်ပျော်သွားသည်

" သားလေးစကားမပြောနိုင်ဘူး "

      ဆေးရုံအုပ် မျက်နှာပျက်ယွင်းပြီး
ဥက္ကဋ္ဌဝမ်ကိုကြည့်ကာ

"Yiboစိတ်ငြိမ်သွားရင် ထပ်ပြီးစမ်းသပ်မှုလုပ်ရင် အဖြေအတိအကျသိရမှာပါ  "

" အဲ့တာဘာစကားလဲ ကျွန်တော့်ညီက အဆိုတော်လေ အဆိုတော်ကစကားမပြောနိုင်ဘူးဆိုတာ
အဓီပ္ပါယ်ရှီလား ရအောင်ကုပေးပါ  "

" အဟင့်..ဟင့် သားလေးဘယ်လိုဖြစ်သွားတာလဲ "

" မငိုပါနဲ့ ချန်းလဲ့ "

   Xiao Zhan ကလေးလက်ကိုကိုင်ပြီး သက်မဲ့စွာထိုင်နေမိသည်။ ကလေးဘယ်လိုဖြစ်တာလဲ  သူ့ကိုဘာပြောချင်တာလဲ ကလေးအရာအားလုံးကိုမှတ်မိသွားတာလား...ကလေးရောဂါက စိတ်ဆင်းရဲလို့မရတာကိုး အခုသူ့ကိုသာမှတ်မိသွားရင် စိတ်ခံစားမှုအကြီးဆုံးခံစားနေရမှာပဲ

   Xiao Zhan တွေးရင်းတွေးရင်းနဲ့
မျက်ရည်ကျလာမိသည်။

🏢🏢🏢

    Xiao Zhan ထင်တဲ့အတိုင်း ကလေးကိုစမ်းသပ်မှုပြုလုပ်လိုက်တော့ ကလေးစိတ်ခံစားမှုများပြီး မထင်မှတ်တဲ့ တိတ်လန့်မှုကြုံလို့
ယာယီဆွံအသွားခြင်းဖြစ်သည်။

" ဘာ!...ဆွံအသွားတယ်ဟုတ်လား "

" ဟုတ်ကဲ့ ပါးပါး "

"မင်းကိုလက်ထပ်ပြီးနောက်ပိုင်း
ငါ့ညီလေးအတွက် ကံကောင်းခြင်းတွေ
တစ်ခုပြီးတစ်ခုပျောက်တာပဲ "

    မင်ဖုန်စိတ်တိုစွာ Xiao Zhanကိုအပြစ်တင်လိုက်သည်။

"သားလေးအခုလို့ဖြစ်တာ Xiao Zhanနဲ့မဆိုင်ဘူး ငါ့အပြစ်ပဲ "

" ရှင်ကဘာအပြစ်လုပ်ထားလို့လဲ "

" ငါ့အခန်းထဲဝင်မယ် သားလေးနဲ့ နှစ်ယာက်တည်း စကားပြောချင်တယ် ဝင်မလာနဲ့  "

ဝမ်ရီဖုန့် Note Book နဲ့ဘောပင်ယူကာ အခန်းထဲဝင်သွားလိုက်သည်

"သားလေး! "

Yibo ပါပါးကိုမြင်တော့ ထထိုင်လိုက်သည် 

" ပါပါးတောင်းပန်ပါတယ် "

    ဝမ်ရီဖုန့်သားလေးကို စာအုပ်နဲဘောပင်ပေးလိုက်သည်

📝📝📝 ပါပါးကိုမုန်းတယ် 

ဝမ်ရီဖုန်စာကိုဖတ်ပြီး မျက်ရည်ကျလာသည်။
ထင်တဲ့အတိုင်းပဲကိုး

"သားလေးကြားသွားတာကိုး "

📝📝📝ကိုကိုက ကျွန်တော့်ကို
အစွမ်းကုန်စောင့်ရှောက်ခဲ့တာ ပါးပါးရက်စက်တယ်

" အဲ့ဒီတုန်းက သားကိုပဲပါးပါးမြင်ခဲ့တယ်..ပါးပါးသားကို သိပ်ချစ်လို့ပါ...သားကိုသိပ်ချစ်လို့ပါ  "

📝📝📝📝 ဒါပေမဲ့ ကျွန်တော့်က သေခံနီးလူနာမဟုတ်ဘူးလေ ပါပါးကိုမမြင်ချင်တော့ဘူး

     Yibo ပါပါးကို စာအုပ်နဲ့ဘောပင်ပေးလိုက်ပြီး
ပါပါးကိုကျောပေးကာ လှဲအိပ်လိုက်သည်။ 

"သားလေး ပါပါးကိုမမုန်းပါနဲ့ တခြားလူတွေပါးပါးကိုမုန်းလို့ရတယ် သားလေးတော့မမုန်းပါနဲ့ ပါပါးဘဝရဲ့ အချစ်ဆုံး အရေးပါတဲ့သူ့က သားလေးတစ်ယောက်တည်းပါ "

    Yibo ပါပါးစကားကြောင့် မျက်ရည်ကျလာမိသည်။ ဒါတွေက အိမ်မက်ဆို ဘယ်လောက်ကောင်းလိုက်မလဲ  ကိုကိုနဲ့စတွေ့ကတည်းက အခုထိအိမ်မက်ဖြစ်ရင် သိပ်ကောင်းမယ် သူ့ဘာကြောင့် ကိုကိုနဲ့ထပ်တွေ့ခဲ့ရတာလဲ ဘာကြောင့် ကိုကို့ကိုလက်ထပ်ခဲ့ပြီး နှိပ်စက်ခဲ့ရတာလဲ ဘာကြောင့် အခုမှသူအရာအားလုံး
မှတ်မိလာခဲ့ရတာလဲ

💗💗💗💗💗💗💗
🌸🌸🌸🌸🌸🌸🌸

မခွဲအတူ Where stories live. Discover now