Part 11
အပတ်စဥ် တနင်္ဂနွေနေ့တိုင်း Xiao Zhan
Yiboအိမ်ကိုသွားပြီး Yiboကျန်းမာရေးကို စမ်းသပ်စစ်ဆေး ကုသနေကျဖြစ်သည်။ သူလာတဲ့အခါတိုင်း Yibo ဘာစကားမဆိုနိုင်အောင် သူကိုမျက်လုံးဝိုင်းဝိုင်းနဲ့ အမြဲတမ်း စိုက်ကြည့်နေတက်သည်။ Yiboဘာကြောင့် သူကိုအဲ့လိုကြည့်မှန်း သူမသိပေမဲ့ ကလေးမျက်လုံးပြန်မြင်ပြီး သူကိုကြည့်နေတာကို
သူနှစ်သက်သည်။" Xiao Zhan ငါ့ညီကပြောတယ် Yiboက အရင်တုန်းကကိစ္စတော်တော်များများကို မမှတ်မိဘူးတဲ့ "
Yu Bin ပြောတာကို ကျွန်တော့်မတုံ့ပြန်ပဲ ထမင်းပဲဆက်စားနေလိုက်သည်။
" အိမ်ကထွက်သွားပြီး ဘယ်လိုဖြစ်သွားပါ့လိမ့်
ဘာပဲဖြစ်ဖြစ် မိဘရင်းနဲ့တွေ့သွားလို့တော်သေးတယ် "" အင်း "
Xiao Zhan ထမင်းစားပြီး ဧည့်ခန်းထဲထိုင်ကာ TVဖွင့်လိုက်သည်။
" ကျွန်တော့်ပြန်လာပြီ "
အားယွမ်ပြန်လာလာချင်း မီးဖိုချောင်ကိုဝင်ပြီး ရေခဲသေတ္တာကိုဖွင့်ကာ ရေသောက်လိုက်သည်
" ညစာ ?? "
Yu Bin ပန်းကန်ဆေးရင်ညီဖြစ်သူကိုမေးလိုက်သည်
"စားပြီးပြီ အစ်ကို...ဒါနဲ့ အစ်ကို Xiao Zhanကညစာစားပြီးတိုင်း အမြဲတမ်း Yiboကို TVမှာ ဖွင့်ကြည့်တယ် တွေ့ချင်ရင် တစ်ခေါ်က်လောက် သွားတွေ့တာ မဟုတ်ဘူး "
" နိုင်ငံကျော်တစ်ယောက်ကိုတွေ့ဖို့လွယ်တယ်များမှတ်နေလား "
" အဲ့ဒါတော့ဟုတ်သား ကျွန်တော့်တောင် Dancerတစ်ယောက်အနေနဲ့ Yiboကိုတွေ့ဖို့မလွယ်ဘူး တခြားအဆိုတော်နောက်ပဲ လိုက်ကနေရတယ် "
Yu Bin ကော်ဖီဖျော်ကာ ဧည့်ခန်းထဲမှာTVကြည့်နေတဲ့ Xiao Zhanကိုပေးလိုက်သည် အားယွမ်ကတော့ ပင်ပန်းလို့ အခန်းထဲ တန်းဝင်သွားသည်။
" TVလည်းပေါက်ထွက်သွားအုန်းမယ် မင်း Yiboကို TVအစီစဥ်မှာလာရင်TVမှာကြည့် TVမှာမလာရင် Yiboခွေထိုးကြည့်နဲ့ အခုမှ အဲ့ကလေးကို မျက်စီအောက်က အပျောက်မခံတော့တာလား "
" အင်း အရင်တုန်းက Yiboကလွဲရင် အကုန်ငါပိုင်ဆိုင်ချင်တယ် အခုတော့ တခြားဥစ္စာတွေထက် Yiboကိုပဲ တွေ့ချင်တယ် ငါတစ်ခါမှ အိမ်ကိုစောစောပြန်မလာခဲ့ဖူးဘူး အိမ်မှာကလေးစောင့်နေပါ့လားဆိုပြီး ဘယ်တော့မှမတွေးခဲ့ဘူး ပိုက်ဆံရှာပြီး ကျောင်းတက်ဖို့ ဆရာဝန့်ဖြစ်ဖို့ပဲတွေးခဲ့တယ် အဲ့ဒါကြောင့်ငါပြန်လာချင်တဲ့အချိန်မှ ပြန်လာခဲ့တယ် အလုပ်တွေကိုပဲဖိလုပ်ခဲ့တယ် ညရောက်နေပြီ ဘယ်နှစ်နာရီထိုးပြီလဲ ကလေးဗိုက်ဆာနေပြီလား ဘယ်တော့မှမတွေးခဲ့ဘူး ညတော်တော်နက်ပြီး ငါပြန်လာတဲ့အချိန်မှ ကလေးကညစာကိုစားရတယ် "
" Yiboကမင်းနောက်ကျလို့
တစ်ခါမှအပြစ်မတင်ခဲ့ဘူးလေ "" အဲ့ဒါကြောင့် အဲ့ဒါကြောင့်ငါပိုခံစားနေရတာပေါ့ အခုကလေးမိဘမောင်နှမတွေက ဘယ်သူမှကလေးကို ငါ့လိုဆက်ဆံမှာမဟုတ်ဘူး "
" အဲ့ဒါကမင်းမိဘကြောင့်..."
" တကယ်တော့အဲ့ဒါကလေးနဲ့ ဘာမှမဆိုင်ပါဘူး
ငါအရမ်းနောင်တရတယ် ကလေးကိုငါ့ဘယ်လိုတွေ ဆက်ဆံခဲ့မိပါလိမ့် "" ပြန်မတွေးပါနဲ့တော့ ကလေးပျောက်သွားကတည်းက မင်းလည်းတစ်ရက်မှမပျော်ရွှင်ခဲ့ရဘူး အခုဆိုမင်းက
လုံးဝမရယ်တက်တဲ့ ခံစားချက်ကင်းမဲ့တဲ့
သူတောင်ဖြစ်နေပြီ "📲📲📲📲📲
Xiao Zhan စကားပြောရင်း
ဖုန်းလာလို့ကိုင်လိုက်သည်။" ဟဲလို ဆေးရုံအုပ် "
" မနက်ဖြန်ညနေ Wang Yibo
သြစတေးလျားခရီးစဥ်ရှီတယ် အလွန်ဆုံးငါးရက်တစ်ပတ်ပဲကြာမှာဆိုပေမဲ့ ဟိုမှာအရမ်းအေးတော့ ဥက္ကဋ္ဌက ဆရာဝန်ကိုပါ လိုက်ခဲ့စေချင်တယ် အဲ့ဒါ ကောင်လေးသဘောက ဘယ်လိုလဲ "" ကျွန်တော့်လိုက်ပါမယ် "
" သေချာလား "
" ဟုတ်ကဲ့ "
Xiao Zhan ဖုန်းချလိုက်ပြီး
" တပတ်လောက်အရေးပေါ်ခရီးအစီအစဥ်ရှီတယ် "
" ဘယ်ကိုလဲ "
Xiao Zhan ဘာမှမပြောပဲ အခန်းထဲဝင်သွားသည်
" ဘယ်ကိုမို့လို့ TVဆက်မကြည့်တာလဲ "
Yibo ထက်အရေးကြီးတဲ့အလုပ်ပေါ်လာတော့လည်း Yiboကို ခဏမေ့နိုင်တာပေါ့
Yu Bin လည်း TV ပိတ်ကာ အိပ်ခန်းထဲ
ဝင်လိုက်သည်။💓💓💓💓💓💓💓💓💓💓💓💓💓💓💓💓💓💓💓💓