Part 15
ဒီနေ့လည်း အိမ်မှာ Xiao Zhan တစ်ယောက်တည်းကျန်ခဲ့သည်။ သူတောင်မနိုးသေးဘူး ကလေးရိုက်ကွင်းသွားရပြန်သည်။
ကလေးအောင်မြင်ပြီး ချမ်းသာလာရင် သက်သက်သာသာနဲ့ ဇိမ်ရှီရှီနေရမဲ့မှတ်နေခဲ့တာ
အခုတော့ ဇိမ်ရှီရှီနေရပေမဲ့အောင်မြင်လာတာနဲ့အမျှ ပင်ပန်းစွာကြိုးစွားနေရတဲ့ ကလေးကိုကြည့်ပြီး
ဒီအလုပ်ကိုတောင် ဆက်မလုပ်ခိုင်းစေချင်တော့ဘူး ဒါပေမဲ့သူက ကလေးနဲ့ဘာမှမဆိုင်တော့တဲ့သူ တားပိုင်ခွင့်မရှီတဲ့သူ ဖြစ်သွားပြီလေ။" ဟင်းနံကမွှေးလိုက်တာ ဗိုက်တောင်ဆာလာပြီ "
ကလေးပြန်လာရင်စားဖို့ Xiao Zhan စျေးဝယ်ထွက်ပြီး ချက်ပြုတ်ထားခြင်းဖြစ်သည်။ တကယ်တော့ ချက်ပြုတ်တဲ့အလုပ်ကသူမလုပ်ချင်ဆုံးနဲ့
သူမလုပ်ခဲ့တဲ့မရာပဲဖြစ်သည်။ ကလေးကိုစားချင်စေလို့သာသူချက်ပြုတ်နေရချင်းဖြစ်သည်"ဒေါက်တာကိုတော့ကျေးဇူးတင်သွားပြီ "
ယင်းရှောင်ရောကလေးပါ ဗိုက်အရမ်းဆာလာတာကြောင့် ထမင်းခူးပေးလိုက်သည်။ ပြီးတော့ဟင်းရည်အိုးကို စားပွဲအလည်မှာချလိုက်တော့
"၁၂မျိုးဟင်းရည်ပဲ Yiboအရမ်းကြိုက်တယ်မဟုတ်လား "
" အင်း..ယင်းရှောင် "
Yiboကဟင်းတွေကို ကျွန်တော်ပန်းကန်ထဲ
ထည့်ပေးနေတာကြောင့်" ရပါတယ်ဗိုက်ဆာတယ်ဆို များများစား "
" ဟုတ်ကဲ့ အစ်ကို "
Yibo ကျွန်တော်ချက်တဲ့ဟင်းကိုအားရပါးရစားနေတော့မြင်တော့ ကျွန်တော်ပျော်သည်။ အရင်တုန်းကဒီကလေးလေးကို ကျွန်တော့်တစ်ခါမှ မချက်ကျွေးဖူးဘူးပဲ
" ယင်းရှောင် ထမင်းထည့်ပေးဦး "
Yibo သူပန်းကန်လုံးကို ယင်းရှောင်ကိုပေးပြီး
တောင်းဆိုလိုက်သည်။"အများကြီးမစားနဲ့လေ အစာမကြေဖြစ်မယ် "
" စားပါစေ "
Yiboဆီကပန်းကန်လုံးကိုယူပြီး Xiao Zhan ထည့်ပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ် အစ်ကို "
