Part 29
Yibo နိုးနိုးချင်းထထိုင်လိုက်တော့
ခေါင်းက မတရားထိုးကိုက်လာသည်။" အား... "
ဘေးကိုကြည့်လိုက်တော့ စားပွဲပေါ်မှာ မှောက်ရပ်အိပ်ပျော်နေတဲ့ အစ်ကို့ကိုတွေ့ရသည်။ ရေနွေးဇလုံလည်း တွေ့ရသည်။ သူအဝတ်အစားကိုငုံကြည့်လိုက်တော့လည်း အစ်ကိုလဲပေးထားတာ တွေ့ရသည်။
" အစ်ကို "
Yibo အိပ်ပျော်နေတဲ့ Xiao Zhanပါးကိုထိလိုက်ရင်း မျက်ရည်ကျလာသည်။ Xiao Zhan လှုပ်လာလိုက်တာနဲ့ မျက်ရည်ကိုသုတ်ပြီး ကုတင်ပေါ်ပြန်လှဲလိုက်သည်။
" ကလေး နိုးပြီလား "
" အင်း "
" ဘယ်လိုနေသေးလဲ "
" ခေါင်းကိုက်တယ် "
" ကလေးဘာစားချင်လဲ
ကိုယ်ချက်ချင်းလုပ်လိုက်မယ်
ခဏပဲစောင့်နော် "" ကျွန်တော့်ခေါင်းကိုက်ပါတယ်ဆို "
" အဲ့ဒါကြောင့် တစ်ခုခုစားစေချင်တာ
အစာရှီမှ ကလေးဆေးသောက်လို့ရမှာပေါ့ "" အရင်တုန်းက ကျွန်တော့်အတွက် တစ်ခုခုချက်ပေးဖူးလား အခုလိုမျိုးပဲ အရင်တုန်းကကြင်နာပေးဖူးလား "
" မချက်ကျွေးခဲ့ဖူးဘူး"
" ထင်သားပဲ ခင်ဗျားကျွန်တော့်ကိုမုန်းပြီး ဘယ်လောက်တောင် နှိပ်စက်နေခဲ့မလဲ "
"ကိုယ့်တောင်းပန်ပါတယ်
အခုရောကြေးအိုးစားမလား
ကိုယ်လုပ်လိုက်မယ် "Yibo ခေါင်းညိတ်လိုက်တာနဲ့ Xiao Zhan ထရပ်လိုက်တော့ ခြေထောက်ခွေကာကျသွားသည်။
" ဘာဖြစ်တာလဲ "
" ဘာမှမဖြစ်ပါဘူး ကလေး "
Xiao Zhan ပိုက်ဆံအိတ်ယူကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
📲📲📲📲
Yibo ဖုန်းလာတာနဲ့ ချက်ခြင်းကိုင်လိုက်သည်
"ယင်းရှောင် ငါ့ဒီနေ့ "
" ကျွန်တော့်အားယွမ်ပါ "
ယွမ်လေးဆိုတာနဲ့ Yibo ဖုန်းနံပတ်ကိုပြန်ကြည့်ကာ
" ဘာကိစ္စလဲ "
