Part 3
" ကောင်လေးက မျက်မမြင်လား "
ဆိုင်မန်နေဂျာ ဝမ်းလေးကို သေချာကြည့်ပြီး
မေး၏ ။" မျက်စီမမြင်ဘူးဆိုပေမဲ့ သီချင်းကောင်းကောင်းဆိုတက်ပါတယ် ဒီတစ်ညတော့ စမ်းကြည့်ပါ "
" အေးလေ ရုပ်ရည်ကလည်းချောတယ်ဆိုတော့ အဆင်ပြေမှာပါ "
ကလေးလေးကို ထိုင်ခုံမှာထိုင်ခိုင်းပြီး
ပေါင်ပေါ် ဂီတာတင်ပေးလိုက်သည်" ကလေးမကြောက်နဲ့နော် ရဲရဲသာဆို
စိတ်မလှုပ်ရှားနဲ့ "" မင်းကလည်းဝမ်လေးက
ဘာမြင်ရလို့ဘာကြောက်ရမှာလဲ "Yu Binဆိုတော့ ကျွန်တော်ပြုံးကာ
ခေါင်းကုတ်လိုက်သည်။ ကလေးထက်ပို၍ စိတ်လှုပ်ရှားသည့်ဆိုလည်း မမှားပေ။" ကိုကို ကျွန်တော့်ကိုစိတ်မပူပါနဲ့ "
ကလေးကို စင်ပေါ်မှာထားပြီး ကျွန်တော်နဲ့ Yu Bin, အားယွမ့်တို့သုံးယောက်ကတော့ စားပွဲထိုးနေကျသည် ကလေးသီချင်းဆိုသံကို လာရောက်တဲ့သူတွေ စီးမျော့သွားပြီး ပထမညတင်မှာတင် ကလေးမုန့်ဖိုး အများကြီးရသည် ကံကောင်းချင်တော့ စားသောက်ဆိုင်ပိုင်ရှင် ရောက်လာပြီး ကလေးကိုတွေ့သွားပြီး ဆိုင်ပိုင်ရှင် ဆောင်းယွင်ရှန့်က ကလေးနဲ့ ကျွန်တော့်တို့ကို ညစာ ဆိုင်မှာ အလကားကျွေးသည် ကလေးကိုလည်း
ဆိုင်ရဲ့အဆိုတော်အဖြစ် အလုပ်ခန့်အပ်လိုက်သည်🏠🏠🏠🏠🏠🏠🏠
" ဝမ်လေး ပင်ပန်းနေပြီလား "
" မပန်းပါဘူး ကိုကို "
" ကိုကိုရေချိုးပေးမယ် ရေချိုးပြီးမှ အိပ် "
" ဟုတ်ကဲ့ ကိုကို "
ကလေးကို ရေချိုးပေးလိုက်ပြီး
ညဝတ်အင်္ကျီ ဝတ်ပေးလိုက်သည်" ကိုကို ကျွန်တော့်ရုပ်က ဘယ်လိုမျိုးလဲ "
" အထူးအဆန်း မမေးဖူးတာတွေမေးနေပါ့လား ကလေးလေးရဲ့ "
" ကျွန်တော့် သီချင်းဆိုတာ တစ်ပတ်ပဲရှီသေးပေမဲ့ လူတွေနဲ့ ဆက်ဆံရတော့ ဘယ်လိုကောင်းမှန်းမသိဘူး...ဟီးဟီး...ပြီးတော့ လူတွေက ကျွန်တော့်ကို ချောတယ်တဲ့ ကျွန်တော့်ကိုယ့်တိုင်တောင် မမြင်ဖူးတဲ့ ကျွန်တော်ရုပ်ကို သူတို့က ချီးကျူးနေတယ် ဒါပေမဲ့ ကိုကိုကတော့ ကျွန်တော့်ရုပ်ကိုဘယ်လိုမှ မဝေဖန်ဘူးနော် "
" ကလေး စိတ်မကောင်းဖြစ်နေလား မျက်စီမမြင်တာကို "
" ကိုကိုဆရာဝန်ဖြစ်ရင် ကျွန်တော့်မျက်စီ
ပြန်မြင်အောင်ကုပေးပေါ့ ဒါပေမဲ့ ဒီဘဝကို ကျွန်တော်နေသားကျနေပြီ ကျွန်တော့်အတွက် ကိုကိုစိတ်မကောင်းမဖြစ်နဲ့နော် "သိတက်လွန်းတဲ့ အငယ်လေး ကျွန်တော့်ကို သူအစ်ကိုအမှတ်နဲ့ ခင်တွယ်နေသည်။ ကျွန်တော်ကတော့ သူကိုခိုးလာတာကို သူသိရင် ကျွန်တော့်အပေါ် ဒီလိုကောင်းနိုင်အုန်းပါ့မလား..ဘာပဲဖြစ်ဖြစ် ဒီအဖြစ်မှန်ကို ငယ်လေးတသက်လုံး မသိစေရဘူး..လုံးဝမသိစေရဘူး
" ကိုကို..ကိုကို ကျွန်တော့်အနားမှာရှီလား "
" ရှီတယ်ကလေး "
" အဲ့ဒါဆို ကျွန်တော့်ခေါ်နေတာကိုး ဘာလို့ပြန်မထူးတာလဲ..ကျွန်တော့်စကားကြောင့် ကိုကိုစိတ်ညစ်သွားလို့လား "
" ကိုကိုဘာမှမဖြစ်ပါဘူး ကလေးအိပ်တော့နော်
ကိုကို စာကျက်ရအုန်းမယ် "" ဟုတ်ကဲ့ ကိုကို "
ကလေးလေး မျက်စီမှတ်ပြီး အိပ်သွားသည်။ ကျွန်တော့်ဒီည စာကျက်လို့မရပါ ကလေးပေါ်ကျူးလွန်ထားတဲ့ အပြစ်တွေကို မြင်လာတယ် ကလေးကတော့ မျက်မမြင်ဘဝနဲ့ ပညာသင်ခွင့်မရခဲ့ဘူး ကျွန်တော့်ကတော့ အတ္တကြီးစွာ တစ်ယောက်တည်း ပညာသင်ပြီး ဆရာဝင်ဖြစ်ဖို့ ကြိုးစားနေသည် တကယ်လို့ ကလေးကို သူမိဘလက်ထဲကနေ မခိုးခဲ့ရင် ကလေးက မျက်စီပြန်မြင်နိုင်ပြီး အခုဆို တခြားလူငယ်လေးတွေလို့ ထူးချွန်သောကလေးလေး ဖြစ်နေမှာ ကျိန်းသေသည် မတက်နိုင်ဘူး နောက်ပြန်ဆုတ်လို့မရတော့ဘူး အရာအားလုံးကို
ကလေးပြန်မမှတ်မိဖို့ပဲ ဆုတောင်းရတော့မှာပဲ❤️❤️❤️❤️❤️❤️❤️