Part 30

5.9K 551 31
                                    

Part 30

   Yibo ဆေးသောက်ပြီး အိပ်ပျော်သွားသည်။
တရေးနိုးတော့  အိမ်ကတိတ်ဆိတ်နေတာကြောင့် Xiao Zhanအခန်းထဲဝင်ကြည့်တော့

"ကလေး...ကိုကိုနားကထွက်မသွားပါနဲ့...ကလေး "

    ယောင်နေတဲ့ Xiao Zhanကြောင့်
နဖူးကိုစမ်းကြည့်လိုက်တော့
ကိုယ်တွေပူကျစ်နေသည်။

" အား...ကိုယ်တွေပူကျစ်နေတာလဲ
မီးခဲတုံးကျနေတာပဲ "

     Yibo ဘယ်လိုလုပ်ရမှန်းမသိတာနဲ့ 
ရေခဲသေတ္တာထဲက ရေခဲနဲ့ ရေနွေးအိတ်ကိုယူကာ

" ဘာလိုလုပ်ရတာလဲ...ဘာလိုအပ်သေးလဲ "

    Yibo စဥ်းစားရင်း သူ့အခန်းထဲကရေနွေးဇလုံကို သွားအမှတ်ရသည်။ အပေါ်မြန်မြန်တက်ကာ ရေနွေးဇလုံကိုသွားယူပြီး ရေနွေးဓာတ်ဘူးထဲက ရေနွေးကို အမြန်ထည့်ရင်း

"'အား...ပူလိုက်တာ "

    အပူလောင်သွားတဲ့သူလက်ကိုဂရုမစိုက်အား
ရေနွေးဇလုံ ရေခဲ အပူအိတ်ကိုယူပြီး အပေါ်တက်လာလိုက်သည်။ ရေနွေးဝတ်ကို အစ်ကို့နဖူးပေါ်ကိုတင်လိုက်ပြီး  အစ်ကိုလက်ကိုကိုင်ကြည့်တော့

" ပူကျစ်နေတာပဲ ဘာလို့ဖျားတာလဲ
ကျွန်တော့်ဘာမှမလုပ်တက်ဘူး  "

  ရိပေါ်တခြားသူကိုမပြုစုဖူးပေ။
သူ့ကသာပြုစုခံခဲ့ရတာဖြစ်သည်။

📲📲📲📲

" ပါပါး...အဟင့်....အဟင့်  "

ဖုန်းထဲက သားလေးငိုသံကြောင့်
ဝမ်ရီဖုန့်လန့်သွားသည်

" ဘာလို့ငိုတာလဲ သားလေး ဘာဖြစ်လို့လဲ "

" အစ်ကိုနေမကောင်းဘူး ကိုယ်တွေပူကျစ်နေတာပဲ အရမ်းပူကျစ်နေတာ ကျွန်တော့်ဘာမှမလုပ်တက်ဘူး "

" ပါပါး ဆရာဝန်ခေါ်ပြီလာခဲ့မယ်
သားလေးစိတ်အေးအေးထားနော် "

ဝမ်ရီဖုန့် ရုံးခန်းကအထွက်

" ပါးပါး ကျွန်တော့်ပြောစရာရှီလို့ "

" အိမ်ရောက်မှပြော သားကြီး ပါးပါးသွားစရာရှီလို့  "

   သားကြီးဝမ်မင်ဖုန့်ကိုပြောခဲ့ပြီး ဆရာဝန်ကိုဖုန်းဆက်ကာ Driverကို ချစ်စံအိမ်သို့
မောင်းခိုင်းလိုက်သည်။ 

မခွဲအတူ Where stories live. Discover now