Part 28
Xiao Zhan အိမ်ကူမခေါ်ရပဲ အိမ်အလုပ်တွေအကုန်လုပ်ရသည်။ ကလေးရဲ့မိဘလွှတ်ပေးတဲ့ အလုပ်သမားတွေလည်း ကလေးက လွတ်လွတ်လပ်လပ်နေချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြန်လွှတ်သည်။ တကယ်တော့ ကလေးက
ကျွန်တော့်ကို ခိုင်းစားနေချင်နေတာပဲ
ကလေးစိတ်ကြိုက်ကျွန်တော်
ဘာလို့မလုပ်ပေးနိုင်ရမှာလဲ" ကလေး ညစာဘယ်လိုနေလဲ "
" မဆိုးပါဘူး "
ညစာစားနေတဲ့ ကလေးကိုကြည့်ပြီး မေးလိုက်သည် ကျွန်တော့်ကသူစားနေတုန်း သူကို့ယပ်ခပ်ပေးနေရသည်။
" ကလေးအခုတလော အလုပ်များတယ်နော် "
" အင်း တစ်ကိုယ်လုံးညောင်းကိုက်နေတာပဲ "
"ကိုယ်လာနှိပ်ပေးပါမယ် "
ထမင်းစားပြီး ကလေးအပေါ်တက်သွားသည် ကျွန်တော့်ကလေးစားထားတဲ့ပန်ကန်တွေဆေးပြီး အိမ်ပေါ်တက်လာလိုက်သည်။
ဒေါက်..ဒေါက်
" ကလေး ကိုယ်ဝင်ခဲ့မယ်နော် "
ကျွန်တော့်အခန်းထဲဝင်တော့ ရေချိုးခန်းထဲက
ရေသံကြားနေရသည်" ကလေးရေချိုးနေတာပဲ "
Xiao Zhan ကလေးအတွက် ညဝတ်ဖို့ အဝတ်အစားထုပ်ပေးထားလိုက်သည်။
" ကလေး "
ကျွန်တော်အခန်းထဲပြန်ဝင်လာတော့ ကလေးအိပ်ပျော်နေသည်။ ကလေးအခုတလော နားရက်မရှီ အစီအစဥ်တွေပြည့်နေသည်။အိမ်ပြန်ရောက်လာရင်ပင်ပန်းတာနဲ့ တန်းအိပ်ပျော်သွားတာများသည်
" ကိုယ့်ကိုမမြင်ချင်လို့များ
အဲ့လောက်ပင်ပန်းခံနေတာလား "Xiao Zhan ကလေးကိုဆေးလိမ်းပေးပြီး
စောင်ခြုံပေးလိုက်သည်။🏩🏩🏩🏩🏩
" ကလေး ညနေစောစောပြန်လာပါ Yu Binတို့နဲ့ ညစာစားဖို့ချိန်းထားတယ် "
" သူ့အိမ်မှာလား "
" အင်း "
" ကောင်းပြီလေ ညစာစားပြီး ကလပ်လည်းသွားမယ် "
" Night Clubလား မဖြစ်ဘူးကလေး
မသင့်တော်ပါဘူး "" ဘယ်သူနဲ့မသင့်တော်တာလဲ
ခင်ဗျားလို့ဆရာဝန်နဲ့
မသင့်တော်တာလား "
