Part 24
"သားလေး ဘယ်သွားမလို့လဲ "
" ဒီနေ့ အစီအစဥ်တွေရှီတယ် "
" ဟုတ်လားယင်းရှောင် "
"ဟုတ်ကဲ့ "
ယင်းရှောင်က ခေါင်းညိတ်ကာဆိုလိုက်သည်။
" ပါးပါးလည်းလိုက်ခဲ့မယ် "
" လိုက်ခဲ့ပါပါပါး ကျွန်တော့်ပါပါးသဘောမတူတဲ့အရာကို လုပ်မှာကြောက်နေတယ်မဟုတ်လား "
Yibo ပြောပြီးကားပေါ်တက်ထိုင်လိုက်သည်
ဒေါ်ချန်းလဲ့ သူ့သားမပျော်ရွှင်တာကိုကြည့်ပြီး ဝမ်းနည်းနေမိသည်။"သားလေး ဘာလို့အသေးအဖွဲ့အစီအစဥ်ကအစ လက်ခံလိုက်ရတာလဲ ပွဲတွေက ဆက်နေတာပဲ "
" ကျွန်တော့်လုပ်နိုင်ပါတယ် ပါပါး "
ပွဲအစီအစဥ်တွေဆက်တိုက်လက်ခံပြီး သားလေးအိပ်ရာပေါ်လဲသွားသည်။ ပင်ပန်းလို့နေမကောင်းရင်
ခဏလေးပဲနားပြီး ဆက်လက်ပြီး ပွဲလက်ခံသည်။
အရယ်အပြုံးမရှီ မပြုံးပျော်တော့တဲ့ သားလေးကို ကြည့်ပြီး ဥက္ကဋ္ဌဝမ်နဲ့ ဒေါ်ချန်းလဲတို့ အရမ်းစိတ်ညစ်လာသည်။" ရှင့်သားလေးကို ပြန်တွေ့တုန်းက
ကတိပေးထားတာ မေ့သွားပြီလား "ဒေါ်ချန်းလဲ သူယောက်ကျား ကုမ္ပဏီက ပြန်လာလာချင်းပြောလိုက်သည်
" မမေ့ပါဘူး ကိုယ့်သားလေးကို အစွမ်းကုန်ချစ်ပြီး အလိုလိုက်ခဲ့တာပဲ မဟုတ်လား "
" သားလေးကလည်းရှင့်စကားကိုနားထောင်ပြီး အရမ်းလိမ္မာခဲ့တယ်မဟုတ်လား အခုသားလေးကျွန်မတို့မသိအောင် ဒေါက်တာကိုခိုးတွေ့တယ်ဆိုမှတော့ သူအရမ်းချစ်လို့ပဲပေါ့ သူအရမ်းချစ်ရတဲ့သူကို ဆုံးရှုံရရင် သားလေးပျော်ရွှင်နိုင်တော့ပါ့မလား "
"သားလေးက သူ့ကိုကို့ကိုလည်း အရမ်းချစ်တာ
မင်းမေ့သွားပြီလား ""အစ်ကိုတစ်ယောက်လို့ချစ်ခဲ့တာပါ သားလေးမင်ဖုန့်ကို ကျွန်မတို့သားအဖြစ်မွေးစားခဲ့တာပါ
သားမက်အနေနဲ့ မဟုတ်ဘူး ရှင်ပြန်စဥ်းစားပါ "ဒေါ်ချန်းလဲ့ပြောတာကို ဝမ်ရီဖုန့်စဥ်းစားလိုက်ပြီး သားလေးအခန်းထဲကို ဝင်လာလိုက်သည်