Part 4

3.9K 208 3
                                    

1543
အပိုင်း (၄)
#1543

“သခင်လေး..”
“ဘုန်းမင်း အခြေအနေ ဘယ်လိုလည်း..”
“ဒီဘက်မှာတော့....”
“ဟိုကောင်လေး..ဘယ်ရောက်သွားပြန်ပြီလည်း..”
ဖုန်းကို ကပျာကယာ ချပြီး  ရေဆွဲချလိုက်ခါ အပြင်ထွက်လာခဲ့လိုက်သည်..။
ဒီ မိန်းမကလည်း ထင်ထားတာထက်ကို ပိုတုံးနေတာ တစ်ခါတစ်လေ လူမှားလိုက်ရှာမိတာလားလို့ သံသယ ၀င်လာပြီ..။
“ဘာဖြစ်လို့လည်း..နဖူးမှာ ချွေးတွေ..”
“ကောင်းပါတယ်..”
ကိုယ် နဖူးကလည်း သူ့ ကိစ္စ ...စပ်ဖြဲဖြဲ ရယ်ပြလိုက်ပြီး နဖူးက ချွေးတွေကို သုတ်ပစ်လိုက်ရသည်..။
“နင် နေကောင်းရင် ဒီနေ့ ပြန်တော့နော်...တစ်ပတ်ရှိနေပြီ..ဒီနေ့ ကြီးကြီး ပြန်လာတော့မယ်...”
“ဒေါ်သစ်ရွက် ကလည်း..ကျွန်တော့် ညတိုင်း ခေါင်းကိုက် အဖျားတက်နေတာ မသိတာလည်း မဟုတ်ဘူး..”
“အေးလေ...အဲ့ဒါကြောင့် ဆေးခန်းသွားလို့ ပြောတာလည်း ပေကပ်နေတာပဲ...”
“ကျွန်တော့်မှာ နေ အလင်းရောင်တောင် မခံရဲဘူး...လူဆိုးတွေက နေရာတိုင်းမှာ ရှိနေနိုင်တယ်...ကျွန်တော် ဒီတစ်ခါ ဆို အသက်ပါပျောက်မှာ...ကျွန်တော့် ကို ဒီမှာပဲ ဆက်နေခွင့်ပေးပါနော်...ကျွန်တော့်ကို ကယ်ပါ..ဒေါ်သစ်ရွက်ရယ်...အိမ်လခ ပေးဆိုလည်း ပေးပါမယ်..ပိုက်ဆံရှိပါတယ်...”
တောင်းဆိုလာသော မျက်နှာငယ်ပုံစံကြောင့် သစ် စဉ်းစားရခက်နေရပြီ...။
“စိတ်ညစ်လိုက်တာဟယ်...ကြီးကြီး ပြန်လာရင် ဘယ်လို လုပ်မလည်း..”
“ပြန်မှ မလာသေးတာပဲဟာ..လာတော့လည်း ကျွန်တော် ကြည့်ကြပ် ပြောပေးပါမယ်...ဒေါ်သစ်ရွက်ကို မဆူစေရဘူး စိတ်ချပါ..”
“နင့် ကို ဘယ်ကမှန်း ဘယ်သူမှန်း မသိပဲ ကြီးကြီးက လက်ခံပါ့မလား..”
“ဒေါ်သစ်ရွက် အဲလိုတော့ မနှိမ်ပါနဲ့ဗျာ...ကျွန်တော့် အိမ်မှာ အနည်းဆုံး အိပ်ယာ ကောင်းကောင်း တစ်ခု ရှိတယ်..ဒီမှာနေ့တိုင်း ခုံမှာ အိပ်ရတာ ကျောတွေလည်းအောင့်တယ်...စားဖို့ သောက်ဖို့ကလည်း မနက်ဆို ကော်ဖီ တစ်ထုတ်နဲ့ နေ့လည်စာက ခေါက်ဆွဲပြုတ် ညစာလေးပဲ ဆိုင် ထမင်းဟင်းစားရတာ...ကျွန်တော့်ဘက်က အချောင်နေချင်လို့ ဟုတ်ပါ့မလား..”
သူပြောတာလည်း ဟုတ်သလိုလို..သူ့မှာ လိုက်ဖမ်းနေတဲ့သူတွေသာ မရှိရင် ဒီလို တိုက်ခန်းမှာ ပိတ်လှောင်နေပါ့မလား...။
ယောင်္ကျားလေးဆိုတာလည်း သံဇကာ အထပ်ထပ်နဲ့ ချူပ်ထားတောင် ရိုက်ချိုးဖွင့်ပြီး လမ်းရိုးလျှောက်နေရမှ ကျေနပ်သည့်မျိုး...။
ဟူး...စိတ်တွေဆင်းရဲလိုက်တာနော်...။
တစ်ပတ်တောင် ရှိပြီ ..အိမ်က ပစ္စည်းတွေပျောက်တာ မရှိတော့ ဒီကောင်လေး စာရိတ္တကောင်းတယ် ပြောလို့ ရသည်...။
ဒါပေမဲ့ ကြီးကြီး လို လူကြီး တစ်ယောက်ကတော့ သူစိမ်း ယောင်္ကျား တစ်ယောက် အိမ်ပေါ် ခေါ်တင်ထားလို့ ခေါင်းပေါက်အောင် ခေါက်မှာ မြင်ယောင်ပါသေးသည်..။
မနက်စောစော ခေါင်းတွေ ကြိမ်းလိုက်တာနော်...။
“အေးလေ...ကြီးကြီး နေ့ခင်း ပြန်ရောက်ရင်တော့ ပွဲကြမ်းမှာပါပဲ..အဲဒါ နင် ကြည့်ပြောထား...ငါ့ ပြန်လာလို့ အဆူခံရရင်တော့ နင် သေပြီပဲ..”
သစ် ပိုက်ဆံအိတ်ထဲ ပစ္စည်းတွေ ကောက်ထည့်ရင်း ကျိန်းလိုက်သည်..။
“ဟဲ..ဟဲ...ဟုတ်ကဲ့ပါ...လုံး၀ မဆူပါဘူး...ကျွန်တော် က အသက်ကြီးကြီးတွေကို ချူပ်နိုင်ပါတယ်...”
“ဘာ...”
“ဒေါ်သစ်ရွက်ကို ပြောတာမဟုတ်ပါဘူး..အဘွားအရွယ်တွေက ကျွန်တော့်ကို  ချစ်တယ်လေ..”
“အမလေး ကြီးကြီး..က နင်သိတဲ့ အဘွားကြီးတွေနဲ့ မတူဘူး...”
“ဒေါ်သစ်ရွက် ရုံးနောက်ကျတော့မယ်လေ...”
“ဟုတ်ပါရဲ့ ဟွန်း..အိမ်မှာ မွှေ မနေနဲ့အုံး..”
“ဟုတ်..”
ခေါင်းသာညိတ်နေတာ သစ် တစ်ခါ အိမ်ပြန်လာတိုင်း အိမ်က ဘာတွေများ မပြီး ပြန်သွားပြီလည်း စိတ်ပူနေရတာ အမြဲ...။
ယုံရခက် မယုံရခက် နဲ့ စိတ်တွေ လည်း ရှုပ်ပါရဲ့...။
လှေကားတွေကို ခပ်သွက်သွက် ဆင်းလာပြီး နောက်ကျနေလို့ ဖုန်းကြိုဆက်ပြီး ညွန်ကြားနေရသည်..။
တစ်နေ့တာရဲ့ အစတိုင်းက အမြဲ ဘာလို့ နောက်ကျနေတာလည်း...
နာရိတွေက မြန်လိုက်နှေးလိုက်နဲ့ ကမ္ဘာကြီးကလည်း စည်းမဲ့ ကမ်းမဲ့ လည်ပတ်နေပြီ လားမသိ..။
.
“ကျွီ...”
“ဟဲ့...အမလေး...ဘယ်သူလည်း..”
တီဗီ ကြည့်နေတုန်း တံခါးဖွင့်သံနဲ့ အတူ ၀င်လာတဲ့ အဘွားကြီးကြောင့် ခြေထောက်ရုတ်လိုက်ရသည်..။
“မင်္ဂလာပါ ကြီးကြီး ပြန်ရောက်ပြီလား..ပေး..ပေး သားသယ်ပေးမယ်..”
“ဟေ..”
နားမလည်သလို ကြောင်တောင်တောင်ကြည့်နေသည့် မျက်လုံးတွေကို ဥပက္ခာ ပြုရင်း လက်ထဲက ကြိမ်ဆွဲခြင်းကို သယ်ပြီး မီးဖိုခန်းဘက်ယူသွားလိုက်သည်..။
“ကားနောက်ကျနေလို့ ဖြစ်မယ်...နောက်ကျနေတယ်..လမ်းမှာ အဆင်ပြေရဲ့လား ကြီးကြီး..”
“ဟေ...အေး...ဒါနဲ့..နင်က ဘယ်သူ...”
“ထိုင်ပါအုံးလား ကြီးကြီး ရယ် မောလာတာ...ရေလေးသောက်ပါအုံး..”
“အေး..”
အိမ်ထဲရောက်နေတဲ့ သူစိမ်းကောင်လေး ဘယ်သူများလည်း စဉ်းစားရင်း ဒေါ်မြအေး ခေါင်းပို မူးလာရသည်.။
ရှေ့က ရေခွက်ထဲ ရေလောင်းထည့်ပြီး လက်နှစ်ဖက်နဲ့ တရိုတသေ ကမ်းပေးလိုက်တော့ ရေခွက်ယူပြီး မော့ချလိုက်သည်..။
“ဟူး...ရင်ကို အေးသွားတာပဲ ဒါနဲ့ နင်က ဘယ်သူ...”
မေးမိခါမှ ခေါင်းကြီး ငုံ့ချပြီး ကြမ်းပြင်ကို ကြည့်နေတာ သူခိုးများလား..။
ရွက်သစ်ဝေရဲ့ သူငယ်ချင်းလား..အလုပ်တူတူ လုပ်တဲ့သူလား..ဒီဟာမလေးလည်း ဘာမှပြောမထားပါဘူး..။
“ကျွန်တော်ပြောချင်ပါတယ်...ဒါပေမဲ့ လူကြီး တစ်ယောက် စိတ်ညစ်သွားမှာ မလိုလားဘူးလေ...ပြီးတော့..
...ဒေါ်သစ်ရွက်လည်း...”
“ဘယ်သူ...ဒေါ်သစ်ရွက်ဆိုတာ...”
“မရွက်သစ်ဝေပါ...”
“သြော်..ငါ့တူမလေ..”
“ဟုတ်ကဲ့...”
“တကယ်တော့ မရွက်သစ်ဝေ နဲ့ ကျွန်တော် က ချစ်သူတွေပါ...”
“ဟေ...”
ဒေါ်မြအေး အံသြလွန်းလို့ ပါးစပ်တောင် ပွင့်ဟ သွားရသည်..။
ချစ်သူတွေတဲ့...... ဒီဟာမလေး အလိမ်ခံရပြန်ပြီလား..။
“စိတ်မဆိုးပါနဲ့ ကြီးကြီးရယ်..”
“ဒါက..”
“ကျွန်တော်တို့ အချစ်တွေ များပြိး လွန်ကုန်ကြတယ်...”
“အမလေး..”
ကိုယ့်ရင်ဘတ် ကိုယ် ဖိပြီး ခေါင်းထဲ ရိပ်ခနဲ့ ဖြစ်သွားလို့ မျက်လုံး ခဏအသာ မှိတ်ထားရသည်..။
မျက်လုံး ပြန်ဖွင့် ကြည့်လိုက်တော့ ရှေ့မှာ မျက်နှာ ညိုးလို့ ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကောင်လေးကြောင့်..
“အဲတော့....”
“အဲဒါ ဒေါ်သစ်ရွက်မှာ သစ်ဥ...အဲ....ကိုယ်၀န် ရှိသွားတယ်..”
“အမလေးလေး....”
တူမ ရဲ့ ချစ်သူဆိုတဲ့ သူ ပြောစကားကြောင့်  ဒုတိယအကြိမ် မျက်လုံး ပင် ပြာသွားရသည်..။
ဒုက္ခတွေတော့ ရောက်ကုန်ပါပြီ ရွက်သစ်ဝေ ကြီးမိုက်မကြီးရယ်...။
“လူကြား မကောင်း ကိုယ်ကျိုးတွေ နည်းကုန်ပါပြီ...”

1543Where stories live. Discover now