1543
အပိုင်း (၁၆)
#1543“ဒေါ်သစ်ရွက် လာအုံး..”
အောက်ဆုံးထပ် က အခန်းတစ်ခန်းကို သတိရတာနဲ့ အော်ခေါ်လိုက်သည်..။
ဒုက္ခမပေးရတာကြာနေပြီလေ...ဒါကြောင့် အခုတလော ပညာပြနေတာ....။
“ပြော..ဘာလည်း...”
မျက်နှာစူပုတ်ပုတ်နဲ့ အနားရောက်လာပြီး စိတ်မရှည်သလို မေးတော့ ဗီဂါ မျက်မှောင်ကြုတ်ရင်း...
“ဘာဖြစ်တာလည်း..”
“ဖန်ခွက်တိုက် ဆိုလို့ လုပ်နေတယ်လေ....အဲဒါကို ဘာလို့ ခေါ်လည်း...”
“ဒီ အခန်းရှင်းထား...”
အခန်းထဲကို လက်ညိုးထိုးပြလိုက်တော့ ခေါင်းစောင်းကြည့်ပြီး...
“အမလေး...ဒီ တစ်ခန်းလုံး...”
“အင်းလေ...”
“မောင်ရယ်..အခန်းကိုလည်း ကြည့်ပါအုံး...အမှိုက်ပုံကြီး ...မ ဘယ်လိုရှင်းနိုင်မလည်း..”
“ခင်ဗျားပြောတော့ လောကမှာ ခင်ဗျားလောက် ဇွဲကြီးတဲ့သူ မရှိဘူးဆို...”
“မောင်က ဒါကို မကျေနပ်လို့ ခိုင်းတာလား..”
“ခင်ဗျား ပြောခဲ့တဲ့ စကားမေ့နေမှာစိုးလို့ သတိပေးတာ...ဇွဲဆု ရထားတဲ့ ဒေါ်သစ်ရွက် ကြီး ရှင်းလိုက်ပါ..”
ဗီဂါ ပြောပြီး ကျောခိုင်းထွက်လာတော့ နောက်ကနေ ပြေးလိုက်လာပြန်ပြီ..။
မကြီးမငယ်နဲ့ ပြေးလွှားနေတာ...သူ့ကိုယ်သူ ဆယ်ကျော်သက်များ မှတ်နေလား မသိဘူး...။
“မောင်...ခဏ..ခဏ...”
“ပြော..”
“မ..ဒီအခန်းကို ရှင်းနိုင်ရင် မောင် ဘာပေးမလည်း..”
“ဘာလို့ပေးရမှာလည်း...”
“မောင်ကလည်း ဆုချသင့်တာပေါ့...ယောင်္ကျားလေးတောင် နှစ်ယောက်လောက်ရှင်းယူရမှာကို မ တစ်ယောက်တည်းရှင်းရမှာလေ...”
ဗီဂါ စဉ်းစားကြည့်လိုက်တော့ သူ ပြောတာ ဟုတ်နေသလိုလို...
သေချာတာတော့ ဒီနေ့ တစ်ရက်တည်း ဘယ်လိုမှ မပြီးနိုင်ပါ...။
“ပြောကြည့်လေ...”
“မ ရဲ့ လပ်တော့ပ်လေးလေ...ဟဲ..ဟဲ...”
“မရဘူး..”
“အဲဒါဆို မရှင်းနိုင်ဘူး...”
ခပ်ပြတ်ပြတ်ပင် ပြောပြီး ကျောခိုင်းထွက်သွားတော့ ဗီဂါ အကြံထုတ်ရင်း စာအုပ်ထဲက ဖိတ်စာကဒ်ကိုတွေ့မှ သတိရတော့သည်..။
“...နေအုံး..”
“ဘာလည်း..”
နောက်ပြန်လှည့်မလာလို့ ဗီဂါပဲ အနားရောက်အောင် လျှောက်သွားလိုက်ပြီး..
“ဒီမှာ...”
“ဘာလည်း..အဲဒါ...”
“ဧည့်ခံပွဲဖိတ်စာ...ခင်ဗျားက ကျွန်တော်နဲ့ တူတူ ပွဲတက်ချင်တာမလား...ည၇ နာရီမတိုင်ခင် အဲ့အခန်းရှင်းပြီးသွားရင်...ခေါ်သွားမယ်...”
“ဟယ်..တကယ်လား...ရုပ်ရှင်တွေထဲကလို အလှတွေပြင် လက်ချင်းချိတ်ပြီး တက်ရမှာလား ဟင်..”
ဗီဂါ ခေါင်းမညိတ်ခင် သူက အရင် ခေါင်းညိတ်ပြီး အခန်းဘက်ကို ပြန်လျှောက်သွားပြီ..။
အပြောင်းအလဲကလည်း မြန်လိုက်တာ....။
ဘယ်သူက မင်းသမီးလို ပွဲတက်ရမယ် ပြောမိလို့လည်း...။ပြီးပါစေအုံး...။
သစ် အခန်းထဲရောက်တာနဲ့ ဖုန်တက်နေတဲ့ ခုံအစုတ်တွေကို အရင် ဆွဲရသည်.။
ထပ်ထားတဲ့ ဘာမှန်းမသိတဲ့ အထုတ်တွေကို အခန်းထောင့်ဘက် စင်ပေါ်မှာ သွားတင်ပြီး ပင့်ကူလည်း ရှာကြည့်ရသေးသည်..။
ပြတင်းပေါက်တွေကို ဖွင့်လိုက်တော့ ရှင်းစရာက ထင်ထားတာထက် ပိုများနေသည်..။
“ဟူး..သပ်သပ် ညစ်တာလေ...”
သူ့ကို ဒါလေးပြောမိတာ အမှတ်ကလည်း ကြီးလိုက်တာ...သပ်သပ် ကလဲစားချေနေတာ သိသားပဲ..။
ဟိုနေ့က ကြီးကြီး နဲ့ ဖုန်းပြောပြီး သူ့ ကို မေးလွန်းအားကြီးလို့ ဖုန်းထိုးပေးလိုက်မိတာ...။
ကြီးကြီး ကိုတော့ စကားကောင်းကောင်း ပြန်ပြောပေးပါတယ်...ဖုန်းချပြီးတာနဲ့ သစ့်ဆီ ကို မျက်တောင့်နီ ကြီးရောက်လာသည်..။
“ကြီးကြီး က မ နဲ့ မောင် အရင်အတိုင်းပဲ ထင်နေတာ..”
“မဟုတ်တော့ဘူး ဆိုတာ ပြောပြလိုက်..”
“ပြောလို့မရပါဘူး..ကြီးကြီး ကလူကြီးလေ...စိတ်မကောင်းဖြစ်သွားရင် မကောင်းဘူး...”
“ခင်ဗျား နဲ့ ကျွန်တော် အရင် အခြေအနေ အတိုင်း ဘယ်တော့မှ ပြန်မဖြစ်ဘူးနော်..”
“ဘာလို့ မဖြစ်ရမလည်း...မ ရ အောင် ပြန်လုပ်မှာ...”
“ဟား..ဟား...ဒီအိမ်က ပြန်ပြေးရလိမ့်မယ်..”
“ဝေးပါသေး...ရွက်သစ်ဝေ တို့ က ဘာအရာကိုမဆို အစအဆုံး တာ၀န်ယူနိုင်တယ်...ဒါလုပ်မယ်ဆို ပြီးမြှောက်အောင် လုပ်နိုင်တယ်...အရောင်း၀န်ထမ်းတွေထဲမှာ ဇွဲကောင်းလွန်းလို့ ဇွဲဆုတောင် ရထားတာ..”
“အဲဇွဲဆုကြီး ပိုက်သာထား....လိုအပ်လာလိမ့်မယ်...”
အဲနေ့ကတည်းက ထင်တော့ထင်သား...အကြံစုတ် ညဏ်စုတ်တွေနဲ့ လူကို ဒုက္ခပေးတော့မယ်လေ...။
သစ် စက္ကူဘုံးတွေကို စင်ပေါ်ရွေ့နေတာ တော်တော်ကြာနေပြီး တစ်၀က်တောင် မကုန်သေး...။
စက္ကူဘုံး တစ်ခုကို မရင်း အောက်ခံ စက္ကူပွင့်သွားတော့ ထွက်ကျလာတာ ဘောလုံး တွေ...။
သစ် နောက်တစ်ပုံးကို ဖောက်ပြီး ကြည့်လိုက်တော့ မွေးနေ့ပွဲမှာ သုံးတဲ့ ဦးထုတ်လေးတွေ...။
တစ်ယောက်ယောက် မွေးနေ့ အတွက် ၀ယ်ထားပြီး မသုံးဖြစ်တာတွေလား...။
ဘယ်သူ့ မွေးနေ့များလည်း..။
သစ် ကြာကြာ မစဉ်းစားလိုက်ရပဲ မျက်လုံးထဲ ပေါ်လာတာ သူ့ ချစ်သူ ကောင်မလေး...။
ဟုတ်တာပေါ့..အဲဒါကြောင့် မကျေနပ်လို့ ဒီအခန်း အစုတ်ကြီးကို သေချာ ရှင်းခိုင်းနေတာ....။
သူ့ချစ်သူကို ဘယ်လောက် တန်ဖိုးထားပြီး ဘယ်လိုတွေ စီစဉ်ထားကြောင်း သူများ သိအောင်လေ...။
“အထင်ကို မကြီးတာ...သူခိုးလေး...”
သစ် ပွစိပွစိရေရွတ်ပြီး စက္ကူဘုံးတွေကို သေချာ မှတ်ပြီး စင်ပေါ်မှာ စီထားလိုက်သည်..။
“ဒေါ်သစ်ရွက်...”
အလုပ်က ပြန်လာကတည်းက လုံး၀ မတွေ့သေးတာ ခေါ်တော့လည်း အရင်လို အနားပြေးမရောက်လာ...။
ဗီဂါ စကားပြောစက်ကို ကောက်ပြီး အသံကျယ်ကျယ် ထပ်အော်လိုက်ပြီး ခဏစောင့်နေလိုက်သည်..။
တစ်အိမ်လုံး ဘယ်သူမှ မရှိတာ သိတော့ ဘယ်ချောင်မှာ ဘာဖြစ်နေပြီလည်း တွေးရင် ဧည့်ခန်းထဲက ထွက်လာခဲ့ရသည်..။
“ဒေါ်သစ်ရွက်...”
ဒီလောက် အနားကပ် ခေါ်လိုက်တာတောင် မကြားချင်ယောင်ဆောင်နေသေးတာ မကျေနပ်လို့ အထဲ ၀င်ပြီး ကြည့်လိုက်တော့မှ ဗီဂါ အိုင်ပေါ့ ကို နားကြပ်ထိုးပြီး အခန့်သား...။
“မောင် ပြန်ရောက်ပြီလား..”
“အမ်း...ကျွန်တော် ခေါ်နေတာ အသံ၀င်နေပြီ..”
“ဘာခိုင်းမို့လည်း.”
“ခေါင်းလျှော်ဖို့..”
“ဒီနေ့တော့ လုပ်မပေးနိုင်ဘူး...ဒီမှာ အလုပ် မပြီးသေးဘူး...”
“ပြီးမှ ဆက်”
“မရဘူး..မရဘူး..ဒါပြီးမှ ကျန်တာတွေ လုပ်နိုင်မယ်..”
တစ်ကိုယ်လုံး ချွေးတွေနဲ့ အတူ တကယ်ကြိုးစားလုပ်နေတာတောင် တစ်၀က် မပြီးသေးတာ ဘယ်လိုမိမလည်း..။
ဗီဂါ နှုတ်ခမ်းမှာ အပြုံးတစ်ခုတင်သွားပြီး ပြန်ထွက်လာခဲ့လိုက်သည်..။
ပွဲက ၇ နာရီ ဆိုပေမဲ့ ၆နာရီ မှာ အလုပ်စားပွဲက ထပြီး အ၀တ်ခန်းကို ၀င်သွားလိုက်ရသည်..။
အောင်မြင်ကျော်ကြားနေတဲ့ ယောင်္ကျားတိုင်းမှာ ဖက်ရှင်အမြင်ရှိတဲ့ ဇနီးကောင်းလိုအပ်တယ်ဆိုပဲ...
မိန်းမ ထုတ်ပေးတဲ့ အကျီ င်္ ၀တ်တဲ့ ဘခမ်းကို အဲဒါကြောင့် စမတ်ကျနေတာတဲ့...
ပေါက်ကရ အကုန်တွေးပြီး တဟဲဟဲ နဲ့ ပြောပြတာ စိတ်တိုင်းမကျပေမဲ့ ဦးနှောက်ကတော့ အကုန်မှတ်မိနေသည်..။
“ခုကျတော့ကော....”
တာ၀န်ကျေလွန်းလို့ ဒေါ်သစ်ရွက်ဗစ်တိုးရီးယား ဘယ်ကမ္ဘာကြွနေလည်း...။
ဗီဂါ့ ဇနီးဆိုတာ လူတွေသိအောင် ကြိုးစားချင်နေတဲ့ ရည်ရွယ်ချက်ကို တွေးမိရင်း အကြံ တစ်ခု ရခဲ့သည်..။
ဗီဂါ့ ရှေ့က ချိတ်ထားတဲ့ အ၀တ်အစားတွေကို ဆောင့်ဆွဲဖြုတ်ပြီး လွင့်ပစ် လိုက်သည်..။
ပွဲတက်ဖို့ ၀တ်စုံပြည့်ထုတ်ပြီး စက္ကထရီ ၀တ်မှုံ့ ဆီကို ဖုန်းဆက်ပြီး အဆင့်သင့် ပြင်ခိုင်းထားလိုက်သည်..။
အားလုံး အဆင့်သင့်ပြင်ပြီး ထွက်လာတော့ အခန်းရှေ့ရောက်ချိန် အကြည့်တစ်ချက် ရောက်သွားမိပေမဲ့ ခေါင်းထဲက ထုတ်ပြီး ဆက်လျှောက်လာခဲ့လိုက်သည်..။
“ဟူး လက်လည်း ပြုတ်ပြီ...”
သစ် လက်တွေကို ကွေးလိုက် ဆန့်လိုက်လုပ်ရင်း အခန်းထဲပြန်ရောက်တော့ ရေအရင် ချိုးလိုက်သည်...။
အ၀တ်အစားကလည်း ပါလာတဲ့ ပွဲမတင့်တာတွေ ပဲ ရှိတာ ဘယ်လို လုပ်မလည်း...။
သစ် အခန်းထဲက ပြန်ထွက်လာပြီး သူ့အလုပ်ခန်းဘက်ကို ၀င်လာခဲ့လိုက်သည်..။
“ဟင်..ဒီမှာလည်း မရှိဘူး...”
အ၀တ်ခန်းထဲ ၀င်သွားတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အ၀တ်တွေနဲ့ အတူ သစ် တစ်ခုခုကိုသတိထားလိုက်မိသည်...။
“တောက်....လိမ်ပြန်ပြီ...”
သစ် အိမ်ထဲက ထွက်လာပြီး ခြံစောင့် အခန်းကို ဘဲလ်တီးလိုက်တော့ ခြံစောင့် ဦးလေးက ထွက်လာသည်..။
“ဦးလေး..မောင့် ကို တွေ့မိလား..”
“အေး...ကားနဲ့ ထွက်သွားတယ်လေ..သမီး..”
“သြော်...ဟုတ်...”
အိမ်ထဲရောက်တော့ ကြံရမရဖြစ်ရင်း ခံပြင်းဒေါသထွက်ရသည်...။
ဘယ်ကိုသွားလည်း မသိပဲ ဘယ်လို လိုက်ရမလည်း...။
“ဟုတ်ပြီ...ပန်းနု...”
သစ် အိမ်ဖုန်းကို ကိုင်ပြီး နံပါတ်တစ်ခုကို ခပ်သွက်သွက် နှိပ်လိုက်သည်...။
“ဟလို..”
“ဟလို..ပန်းနုလား....အစ်မ သစ်ဝေ ပါ..”
“သြော်..ဟုတ်ကဲ့...”
“ဒီနေ့ မောင် တက်ရမဲ့ ပွဲက ဘာမှာလည်းဟင်..”
“ဘာဖြစ်လို့လည်း..”
မေးတာမဖြေပဲ ပြန်မေးနေတော့ ဒေါသဖြစ်ရပေမဲ့ စိတ်ကို အတက်နိုင်ဆုံး ငြိမ်အောင်ကြိုးစားခါ...။
“ဟဲ..ဟဲ...ကဒ် ဖျောက်လိုက်မိလို့..”
“သြော်....အန်ကယ် ဦးစိုး၀င်းတို့ ခြံထဲမှာပါ....”
“အဲဒါ ဘယ်နားမှာလည်း..ဟင်..”
“ဆရာသိပါတယ်...”
“ဟဲ..ဟဲ...ဒေါသထွက်နေတော့ အတိအကျ ပြောရမယ်လေ..သိတယ်မလား..အ၀တ်အစားတွေလည်း လွင့်ပစ်လို့ ကုန်ပြီ...”
“သြော်..အင်း...၈မိုင်မှာပါ.”
“အိုကေ....သင့်ခ်ယူ..”
သစ် ဖုန်းချပြီးတာနဲ့ အိမ်ထဲက ထွက်လာခဲ့လိုက်ပြီး လမ်း၀ ထိထွက်ခါ ကားတားလိုက်သည်..။
“သြော်..သြော်..ဒီအိမ်ပါ...”
ကားသမားက လိုက်ရှာပေးရတာ စိတ်မရှည်တော့မှန်းသိနေတော့ ခြံ၀င်းထဲရပ်ထားတဲ့ ကားတွေထဲမှာ သူ့ကားကိုတွေ့လိုက်ကတည်းက သစ်အော်ပြီး သတိပေးလိုက်သည်...။
“တော်သေးတာပေါ့...”
“အဟဲ...ကျေးဇူးတင်တယ်နော်..မောင်လေး...ဘယ်လောက်လည်း..”
“တစ်သောင်းခွဲ..”
စျေးကြီးလိုက်တာ...မတက်နိုင်ဘူး..ဒီလောက်လိုက်ရှာပေးထားတာပဲလေ တန်ပါတယ်...။
သစ် ကားခ ပေးပြီး ကားပေါ်က ဆင်းလာတော့ ခြံတံခါး၀ မှာ လူ နှစ်ယောက်ရပ်နေသည်..။
“ဘယ်သူလည်း..”
“ဟင်...ဟဲဟဲ...အထဲသွားမလို့ပါ အစ်ကိုကြီး..”
သစ် မျက်နှာချိုသွေးပြီး ပြောလိုက်ပေမဲ့ ထိုလူနှစ်ယောက်ရဲ့ မျက်နှာတင်းတင်းက လျော့မသွား...။
“အထူးဧည့်သည်တွေဖိတ်ထားတာ...မင်းက ဘယ်သူလည်း..”
“ဟို...ကျွန်မက မစ္စတာဗီဂါ့ရဲ့ ဇနီးပါ...”
“အဟား..ဟား....တော်တော်လာတဲ့ မိန်းမပဲ...”
“ဟား..ဟား...အေးလေ...ဗီဂျီ ဂရု က ဗီဂါ့ရဲ့ ဇနီးတဲ့..ဦးနှောက် ကပုံမှန် မဟုတ်ဘူးနဲ့ တူတယ်...”
“နင်တို့နော်..စကားပြောတာ ကြည့်ပြော...ငါလက်မပါချင်ဘူး...ငါ့ယောင်္ကျားအထဲမှာ ရှိတယ်...ဟိုမှာ ကားအနက်က သူ့ကား..”
“သြော်..သြော်...ကျွန်တော်တို့က လွန်တာလား..ခင်ဗျားပုံစံလည်း ပြန်ကြည့်အုံးလေ..”
သစ် ကိုယ်ပေါ် ငုံ့ကြည့်လိုက်တော့ ရေလဲထဘီနဲ့ အိမ်နေရင်းတီရှပ် အဖြူ...အိုး..သေပါပြီ...။
ရောက်မှတော့ မထူးပါဘူး..ဒင်းကို အရှက်ခွဲပြီး ပြန်ဖို့ အခွင့်အရေး ရတာပေါ့လေ...။
“ဖယ်ပေးပါ...”
“နေအုံး...မ၀င်နဲ့...နိုင်ငံခြားသား ဧည့်သည်တွေလည်း ရှိတယ်..ခင်ဗျား သေချာရင် နာမည်ပြောလိုက် ကျွန်တော်တို့ မေးပေးမယ်...”
“ရွက်သစ်ဝေ...”
“ဘာ...”
“ရွက်သစ်ဝေ...ရွက်သစ်ဝေ..ဟဲ့..နကန်းရဲ့...”
“အိုး...တိုးတိုး...ကျစ်..”
တစ်ယောက်က မျက်မှောင်ကြုတ်ပြီး အထဲ ၀င်သွားတော့ ကျန်ခဲ့တဲ့ တစ်ယောက်က ခြေထောက်ကို ချဲဖြင့် ပိတ်ရပ်နေတာ...မသိရင် သူခိုး၀င်မှာ ကျနေရောပဲ..။
“အန်ကယ် ကတော့ ဗီဂါ့ကို အမြဲပြတယ်..”
“...ဟုတ်ကဲ့...ကျွန်တော်ကလည်း ဝါသနာပါလို့ပါ ..”
ဗီဂါ လက်ထဲက အစိမ်းရောင် ကျောက်တုံးလေးကို ပတ်လည် ကြည့်ပြီး ပြုံးရင်း အဖြေပေးလိုက်သည်..။
“ဒါဆို မန္တလေးတက်ခဲ့လေ...အရိုင်းတုံး ကောင်းကောင်းတွေ ချန်ထားသေးတယ်..”
“ဟုတ်ကဲ့..အချိန်ရရင် လာခဲ့ပါမယ်...”
“ဗီဂါ က ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးထဲ ၀င်လိုက်တာ နာတယ်ကွာ....လူငယ်ဘ၀က ပြန်မရဘူးကွ...”
“ကျွန်တော်လည်း နောင်တရချင်နေပြီ...”
“ဟား..ဟား...အချိန်မှီသေးတယ်နော်....”
“အဟွင်း..”
“မစ္စတာ ဗီဂါ...”
နာမည်ခေါ်ပြီး စားပွဲဝိုင်းကို လျှောက်လာတဲ့ ၀တ်စုံပြည့်နဲ့ လူတစ်ယောက်ကို တစ်ဝိုင်းလုံး စိတ်၀င်တစားကြည့်နေသည်..။
“မစ္စတာ....ရွက်ဝေသစ် ကို သိလား ခင်ဗျာ..”
“ဟင်..”
ဗီဂါ မျက်မှောင်ကြုတ်လိုက်တော့ ထိုလူက ပျာပျာသလဲ ပုံစံဖြင့် လက်ကာပြခါ ..
“ကိစ္စမရှိပါဘူး...လူမှားသွားတာ ဖြစ်မယ်.. ခြံ၀မှာစောင့်နေလို့ပါ...”
“မှုံ သွားကြည့်လိုက်ပါမယ်..ဆရာ..”
ဘေးက စက္ကထရီ ၀တ်မှုံ က အလိုက်တသိ အပြုံး တစ်ခုနဲ့ အတူ ပြောပြီး ထွက်သွားတော့ စားပွဲဝိုင်းက ပြန်လည် အသက်၀င်သွားရသည်..။
“ဟင်...အစ်မ..”
အိမ်ကို သုံးလေးခါ လိုက်လာလို့ သစ် မျက်မှန်းတန်းမိနေတဲ့ သူ့ အတွင်းရေးမှူး ၀တ်မှုံကို ခေါ်လာတာပဲ...။
ဂါ၀န် နီညိုနဲ့ သူ့ရဲ့ စက္ကထရီပဲ ထွက်လာပြီး သစ် ကို အံသြသလို ကြည့်နေတော့ ဒေါသပိုထွက်ရသည်..။
လူကို လိမ်ပြီး ခိုင်းခဲ့တာ...ဒင်းက စက္ကရီ ချောချောလေးကို လှလှပပဆင်ပေးပြီး ပွဲတက်နေတာ ရမလား..။
“ဘယ်မှာလည်း မောင်...”
သစ် မျက်နှာထားတင်းတင်း နဲ့ မေး လိုက်တော့ ကောင်မလေးက ပြောမဲ့ စကားကို သေချာစဉ်းစားနေသေးသည်..။
“မောင် ဘယ်မှာလည်းလို့..”
“ဟို..အထဲမှာ စကားပြောနေပါတယ်..”
“ငါနဲ့ အတူ သွားဖို့ပြောထားပြီး...”
“သြော်..ဟုတ်ကဲ့..အလုပ်အကြောင်းတွေလည်း ပြောရမှာဆိုတော့ မှုံ့ကို ခေါ်လိုက်တာပါ....ဒီလို လုပ်ပါလား..အစ်မ ကားထဲမှာ ခဏစောင့်နေပါလား..”
သစ် ခေါင်းညိတ်ပြီး ခြံထဲ ၀င်ဖို့လုပ်တော့ လက်ကို ကိုင်ပြီး..တောင်းပန်နေတဲ့ မျက်နှာ ငယ် ပုံစံလေး လုပ်ပြခါ
“ဒီမှာခဏ စောင့်နော်..ကားထုတ်လာခဲ့မယ်..”
“ဘယ်လို..”
“အထဲမှာ လူတွေများနေလို့ပါ..ခဏပါပဲ..”
၀တ်မှုံ ပြန်၀င်သွားတော့ ဟို လူနှစ်ယောက်က သစ်ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေဆဲ...မသိရင် ကိုယ်ကပဲ လိမ်နေသလိုလို...။
ကားထွက်လာပြီး သစ်ဘေးမှာ ရပ်လိုက်တော့ သစ် ကားပေါ် တက်ထိုင်လိုက်ရပေမဲ့ စိတ်ထဲမှာ နည်းနည်းမှ မကျေနပ်...။
ကားမီး မှိတ်ထားလို့ ကားမှန်ကနေ ခြံထဲကို လှမ်းမြင်နေရသည်..။
၀တ်မှုံကို သတိထားပြီး ကြည့်နေလိုက်တော့ သူ ထိုင်နေတာကိုပါ တွေ့လိုက်ပေမဲ့ ရင်ဘတ်ထဲ ဒေါသတွေ ပြည့်လာပြန်ပြီ...။
ဆယ့်ငါးမိနစ်လောက်ကြာပြီးမှ သူကော ၀တ်မှုံ့ ကော ထိုင်ခုံက ထပြီး စားပွဲဝိုင်းက လူတွေကို လက်ဆွဲနှုတ်ဆက်သည်..။
“ဟွန့်...အတွင်းရေးမှူးတွေကိုပဲ မယားဖြစ်စေချင်နေတဲ့ ပုံ....”
သစ့် အပြောကြောင့် ရှေ့ခန်းက ဒါရိုင်ဘာ က မှန်ထဲက တစ်ဆင့် လှမ်းကြည့်နေသည်..။
သစ်တို့က အလိုက်ကန်းဆိုးမသိတဲ့ မိန်းမကြီးပေါ့လေ...။
“ဟူး..”
ကားထဲရောက်ကတည်းက သက်ပြင်းချလိုက်တော့ ကားက စထွက်တော့သည်...။
သူက သစ့်ဘက်ကိုလည်း မကြည့် စကားလည်း မပြောသလို အပြင်ဘက်ကို သာ ငေးကြည့်ပြီး လိုက်လာတာ...တကယ် မတွေ့လို့လား..။
“မောင်...ဘာလို့ မ ကို ထားခဲ့တာလည်း..”
“....”
“ဟို...အလုပ်ကိစ္စ ပြောရမှာမို့ မှုံ လိုက်လာတာပါ...”
‘ငါ နင့်ကို မမေးဘူး ပါးစပ်ပိတ်ထား..”
သစ် စိတ်တိုလို့ ပိတ်အော်ပစ်လိုက်တော့ သူ့က သစ် ဘက် ကို တစ်ချက်လှည့်ကြည့်ပြီး လမ်းဘက် ပြန်ကြည့်နေသည်..။
“အင်းပေါ့လေ...အရူးလုပ်ရတာ အရသာတွေ့နေတာမလား...သစ်တို့က နထုံနအ ရူးကြောင်ကြောင်ဆိုတော့လေ...စက္ကထရီလောက်တောင် ဆွဲဆောင်မှု မတက်ဘူးရယ်...”
“ရှင်..”
“ဆရာ..မှုံ့ အိမ်ကို တက္ကစီ နဲ့ပဲ ပြန်ပါ့မယ်...ဒီနားမှာ ချပေးလိုက်ပါ...”
“ဟုတ်လို့ မျက်နှာချင်း မဆိုင်ရဲအောင် ဖြစ်နေတာလား..၀တ်မှုံ..”
“ခင်ဗျား ပါးစပ်ကို ပိတ်ထား...ငါတို့ကို အိမ် အရင်ပို့ပေး..”
“ဟုတ်ကဲ့...”
အိမ်ကို ဆယ်မိနစ် အတွင်းရောက်လာပြီး ကားပေါ်က ဆင်းတော့ အိမ်အ၀င်လမ်းပေါ်က ပန်းအိုးတွေကို ဆောင့်ကန်ပြီး အိမ်ထဲ၀င်သွားသည်..။
“ဖြစ်နေတာ နွားသိုးကြိုးပျက်..”
သစ်ပွစိပွစိ ရေရွတ်ရင်း သူ့ နောက်က လိုက်၀င်သွားလိုက်တော့ ဧည့်ခန်းက အလှတင်ထားတဲ့ ပန်းအိုးက တံခါး၀မှာ ရောက်နေတာ...တော်တော်ကောင်းတဲံ့ ပန်းအိုးမို့ လွယ်လွယ် မကွဲတာ နေမှာပါ..။
“မောင်..”
“ခင်ဗျား ပါးစပ် ပိတ်ထားရင် ကောင်းမယ်..ခင်ဗျား နေရာမှာ ယောင်္ကျား တစ်ယောက် ဆိုရင် ကောင်းကောင်းထိုးမိပြီ....”
“အခုလည်း လုပ်လေ..ဘာကို တွန့်ဆုတ်နေတာလည်း..”
“အဖေ တစ်ယောက်တည်း ပျိုးထောင်ခဲ့ရပေမဲ့ အဆင့်အတန်းရှိတဲ့ သူ တစ်ယောက်လို နေဖို့ အမြဲဆုံးမခဲ့တာ...မိန်းမ ကို ရိုက်တာ လူရမ်းကား အလုပ်..”
သူပြောလိုက်ပုံကဘသစ်မှာ မိဘ မရှိ သင်ပြသူ မကောင်းလို့ အဆင့်အတန်း မရှိတာပေါ့လေ..။
“လူယဉ်ကျေးကြီး မို့လို့ မိန်းမယူပြီးမှ ပစ်ပြေးတာလား..”
“တောက်...ဝုန်း...ဒုန်း..”
ဘေးက သစ်သားခုံပုလေး ကို ဖိနပ်ထိပ်နဲ့ ပိတ်ကန်လိုက်တာ ဘယ်လောက်အားလည်း မသိ..အခန်းတစ်ခုလုံး ဆူညံ သွားရသည်..။
သစ် စိတ်တွေ မွန်းကြပ်လှောင်အိုက်လာလို့ အခန်းပြင် ထွက်ခဲ့လိုက်သည်..။
ဟုတ်ပါတယ်...လူရမ်းကား မဟုတ်ပေလို့ပဲ....။
.
“ကလင်...ကလင်...ကလင်....”
“ဟလို ..”
“ဟဲ့...မိသစ်ဝေ ရယ်...နင့် ဖုန်းက ဘယ်ရောက်သွားလို့တုန်း..”
ကြီးကြီး ဖုန်းမှန်း သိလိုက်တော့ သစ် မျက်နှာမှာ အပြုံးပြောင်းသွားပြီး ဖုန်းခုံ ဘေးက ဆိုဖာမှာ ထိုင်လိုက်သည်..။
“သြော်..ကြီးကြီး ပျောက်သွားလို့ပါ ကြီးကြီးရဲ့...သူများ ပေးထားတဲ့ ဒီနံပါတ်ကိုပဲ ဆက်လေ...”
“အရင် နံပါတ်ပဲ အလွတ်ရတာ..ဒီစာရွက် ပျောက်လို့ ရှာလိုက်ရတာ ပြောမနေနဲ့..”
“ကြီးကြီး နေကောင်းရဲ့လား..”
“အေး..နင်တို့ကော...ကောင်းကြလား..”
“မကောင်းပါဘူး ကြီးကြီးရယ်..”
“ဘယ်လို..”
သစ် စကားပြောမှားမှန်း သိလို့ ဘယ်လို ပြန်ပြင်ရမလည်း စဉ်းစားရင်း...
“သြော်...ဒီလို ပါ ကြီးကြီး ကို သတိရတယ်လို့ ကြီးကြီး အိမ်မှာ ဘယ်သူ အိပ်လည်း..”
“နင့် အစ်မကြီး အိအိ နဲ့ စုလေး တို့ လာအိပ်တယ်...”
“သြော်..တော်သေးတာပေါ့...”
“အင်း ငါ့ကို စိတ်မပူပါနဲ့...ငါက နင့်ကို စိတ်ပူနေတာ..”
“မပူပါနဲ့ သူများ နေကောင်းပါတယ်...”
“ဟဲ့....ရန်ဖြစ်သတ်နေကြမှာ စိုးတာ မိသစ်ဝေရဲ့...နင် ဘုန်းမင်းကို သိပ်မနိုင်နဲ့နော်...ကိုယ်က အကြီးပဲ သမီးရယ်...သူ က အရာရာ လျော့ပေးနေတာ သိတက်ပေါ့ကွယ်...ခုခေတ်က ဒီလို ယောင်္ကျားမျိုးရှားနေပြီ..ဘုန်းမင်းက ငယ်လည်းငယ် ချောလည်းချောရယ်..ဒါကို နင် က ပြုစုဖို့ ကြင်နာဖို့ နေနေသာသာ ဘုကလန့်ချည်း လုပ်နေတော့မှာလား ..စိတ်ညစ်ပါတယ်နော် ကျန်ခဲ့မှာ မြင်ယောင်ပါသေးတယ်..
မိသစ်ဝေရယ် ...”
ကြီးကြီး က မပြောပြပဲ သိနေတာလား...ဒင်း ဖုန်းဆက်ပြီးများ တိုင်လိုက်တာလား လျှောက်တွေးရင်း သစ် ကိုယ့်ဖက်က ကာကွယ်ဖို့ အသင့်ပြင်ထားရသည်..။
“အဟား..ဟား...သူများက ဘာလို့ ပြုစုရမှာလည်း ကြီးကြီးရဲ့..သူများက သူ့ရဲ့ တရား၀င် ဇနီးလေ..စာချူပ်စာတန်းနဲ့ ပိုင်ထားတာ...တွေ့ရာလူဆီ ပါသွားရအောင် လမ်းဘေး ရေအိုးစင်က သောက်ရေခွက်ကြီးမို့လို့လား....ယူသွားပါစေအုံးတော့..နာမည်ထိုးပြီးသားကြီးပဲဟာ.. ဘယ်ပြေးလွတ်မလည်းလို့..ယူသွားတဲ့ သူကကော ရေသောက်တိုင်း လိပ်ပြာလုံမတဲ့လား.. မထင်ပေါင်..”
“မိသစ်ဝေ...”
“ရှင်..”
“ရူးကြောင်ကြောင် အပြောတွေ တော်စမ်း...ငါလို ချင်တာ နင်တို့ အိမ်ထောင်ရေး အဆင်ပြေပြီး နင် ဇနီး ပီသ ဖို့ပဲ...နင် ချည်းပဲ အပြောခံရမှာ မဟုတ်ဘူး..ငါ မဆုံးမလို့ ဆိုတာ က ပါလာမယ်...ဘုန်းမင်း ငါ့ ကို တစ်ခု တိုင်ကြည့်..သူ မထားခဲ့ခင်...နင့်ကို ငါ အရင်ထားခဲ့မယ် သိလား.”
“နေပါအုံး..ကြီးကြီး က ဘယ်သွားမလို့လည်း..”
‘သချိ င်္ုင်း ကုန်းဟေ့..သချိ င်္ုင်းကုန်းဟဲ့...”
“အို..ဖွဖွ...လွဲပါစေ...ကြီးကြီးကလည်း..”
“ဒါပဲ ငါ့စိတ်ထဲ ညီးတို့ အဆင်မပြေဘူးပဲ ထင်နေလို့ ဖုန်းဆက်လိုက်တာ...ဒါပဲ...”
“ကြီးကြီး ကျန်းမာရေး ဂရုစိုက်နော်...ကြီးကြီး တစ်ခု ဖြစ်ရင် သူများ ဘုန်းမင်းကို သတ်ပစ်မယ်..”
“ဟဲ့..”
“ဒါပဲ..ဒါပဲ...”
သစ် အရင် ဦးအောင် ဖုန်းချလိုက်ပြီး ကြီးကြီး ကို စိတ်ပူမိပြန်သည်..။
လွမ်းတယ်..ကြီးကြီးရယ်..ခေါင်းခေါက်မခံရတာ ကြာလို့လား မသိဘူး အရာရာ မေ့ချင်နေပြီ..။
အလုပ်တွေ ပြီးရင်း သောင်ယံရွာကို အပြီး ပြန်လာခဲ့ပါမယ်..။
သစ် အတွေးတွေနဲ့ အတူ မီးဖိုဆောင်ထဲ ၀င်ပြီး လုပ်စရာရှိတာ ရှာကြံ လုပ်နေလိုက်သည်..။
.

YOU ARE READING
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...