Part 22

3.8K 172 3
                                    

1543
အပိုင်း (၂၂)
#1543

“တီ..တီ..”
ဗီဂါ တီဗွီ ကြည့်နေတုန်း ဘေးက အချက်ပေးသံ မြည်လာလို့ နားကြပ်တပ်လိုက်သည်။
“ကိုယ်တို့ရဲ့ အလှဘုရင်မလေး ဗီးနက်စ်”
“ဘာစကားလည်း”
“ဟုတ်ပါတယ်..အခုလို တန်ဖိုးကြီး သတင်းအချက်အလက်တွေ ဝေမျှ နေတာ ကိုယ်တို့ အတွက်တော့ မင်း က နတ်သမီးပဲလေ..”
“အဟွင်း..ဟုတ်ပြီ..မနေ့ကပြောတာ အဆင်ပြေလား”
“အိုး ပြေတာပေါ့.. တန်ဖိုးကြီး ပရောဂျက် တစ်ခုကို စတင် နိုင်ခဲ့ပြီ အဲဒီ့ အတွက် ဆုချချင်တယ်..”
“မလိုပါဘူး..”
“မဟုတ်ဘူးလေ...မင်းက ကုမ္ပဏီရဲ့ လျိုဝှက် အချက်အလက် တွေကို စွန့်စွန့်စားစား တဖက်လှည့်နဲ့ စွန့်လှူထားတာ မလား..ဒီ အတွက် ကိုယ် တန်ဖိုးကြီး တာ တစ်ခုခု ပြန်ပေးချင်တယ်..မင်း သိမလားတော့ မသိဘူး..ကိုယ်က အလကားရတာဆို ဘာမှ မကြိုက်ဘူး ”
“သိပါတယ်..အလကားတော့ မဟုတ်ပါဘူးရှင်..ကျွန်မ လိုချင်တာလည်း ရပါတယ်”
“ဟောဗျာ ဘာပါလိမ့်..”
“ဗီဂါ တော်တော် အကြပ်တွေ့နေပြီ..”
“ဝိုး..ဝိုး..ဝိုး....ဗီဂါ ဆိုတာ မင်းရဲ့ အလုပ်ရှင်မဟုတ်ဘူးလား”
“ဟုတ်ပါလိမ့်မယ်..ကျွန်မရဲ့ ရန်သူလည်း ဟုတ်တယ်...သူ ဒုက္ခ ရောက်ရင် ကျွန်မ ပျော်တယ်..အဓိကကတော့ သစ္စာဖောက်ခံရတဲ့ ခံစားချက်ကို သိစေချင်တာပါ…”
“အထိနာထားတဲ့ပုံပဲနော် ဘယ်လိုမျိုး ပတ်သက် ခဲ့ဖူးလည်း...”
“ရှင်တို့ အဆင်ပြေပြီလား သိချင်လို့ပါ..ဒီပုံစံ ဆို မကြာခင် သူပြိုလဲလိမ့်မယ်..ဘယ်လောက်ပဲ အင်အားတောင့် အဖက်ဖက်က တွန်းရင်တော့ ပြိုမှာပါပဲ..”
“ဒီလို ဆို မင်းမှာ တခြားအစီအစဉ်တွေရှိနေသေးတာပဲ..ကိုယ်သိလို့ရမလား..တို့က မိတ်ဆွေတွေလေ...”
“ကျွန်မရဲ့ စာမျက်နှာတွေမှာ ရှင် မပါဝင်တော့ဘူး..ဒါကြောင့် ဖုန်းနံပါတ်ကိုဖျက်ပြီး အသံဖိုင်တွေလည်း ဖျက်ပေးပါ...ခြေရာခံ စနစ်လည်း ဖြုတ်လိုက်ပါ”
“နိုး... ဗီးနက်မှားနေပြီ ကိုယ်အသံဖိုင် ထားပေမဲ့ ကြားခံစနစ် မဝင်ထားဘူး..”
“ဒါဆို..”
သစ် ဖုန်းကိုအမြန်ချလိုက်ပြီး ကဒ်ဆွဲထုတ်ခါ ရေထဲပစ်ထည့်ရင်း ရေဆွဲချလိုက်သည်။
ဘယ်သူ နားထောင်နေတာလည်း..။
သူ သိသွားပြီလား..။
သစ် အခန်းထဲ ဝင်လာတော့ သူ ရှိမနေ..
သစ် ထွက်သွားတုန်းက အိပ်ပျော်နေပါပြီ...။
ရုပ်ရှင်ခန်းဆီ ဦးတည်ပြီး သွားလိုက်တော့ ထင်တဲ့အတိုင်းပင်..။
“မောင်ရေ..မ..ဝင်လာမယ်နော်..”
“အမ်း..”
သူ သိများသွားပြီလား အတွေးနဲ့ ခြေလှမ်းနှေးနှေး ဝင်ခဲ့လိုက်သည်။
“မောင် အိပ်ပြီမှတ်တာ”
“အိပ်မရလို့...ခင်ဗျား ဘယ်ကိုသွားနေတာလည်း..ကျွန်တော် ကော်ဖီဖျော် ခိုင်းဖို့ စောင့်နေတာကြာပြီ...”
“ကော်ဖီ မသောက်နဲ့တော့လေ..”
“ဟား..ဟား...ဟိုကောင့်ကို ကြည့်စမ်း....အကောင်ကြောက်တာ ခင်ဗျား အတိုင်းပဲ...”
သစ် တီဗွီ ကို အကြည့်ရွေ့ခါ ပြုံးလိုက်မိသည်။
သစ် အကြောင်းတွေ မသိသေးလို့ အခုလိုပြောနေနိုင်တာပေါ့လေ...။
ကြာကြာရယ်နိုင်ပါ့မလား ...။
.
“တောက်...”
ဗီဂါ ကြည့်နေတဲ့ tablet ကို ဘေးခုံမှာ တင်လိုက်တာတောင် ဒေါသတွေ တောက်လောင်နေဆဲ...။
ကျော်နိုင် နဲ့ စကားပြောနေရုံ မက လက်ကလည်း ပါလိုက်သေးတာ တကယ် အမြင်ကပ်စရာ...။
ဟိုကောင်ကလည်း လာပြီး ရင် စကားပြောမှာ တစ်နာရီ ကြာသည်။
ဘာတွေ ဒီလောက် ပြောစရာ များနေလို့လည်း...။
အခန်းတံခါးအနားဆီက ခြေသံကြားရတော့  ဗီဂါ မျက်လုံးတွေကို ဖိကပ်ပြီး စောင်းအိပ်နေလိုက်သည်..။
နေ့တိုင်း ပါးတစ်ဖက် အနမ်းခံရတာလေး ကို သာယာပြီး နှိုး နေလည်း အိပ်ချင်ယောင်နေရတာ..
နေ့ရက်တိုင်း သူ့ အနမ်းနဲ့ အတူ ကြည်နူးစွာ နိုးလာရပေမဲ့...
ဒီနေ့တော့ မနက်စောစော ဒေါသတွေ လောင်မြိုက်နေရသည်..။
“မောင်...”
ကုတင်ပေါ်တက်လာပြီး အနားမှာ ကပ်ခေါ်တာသိပေမဲ့ မျက်လုံးမဖွင့်သေးပဲ ငြိမ်နေလိုက်သည်..။
“မောင်..”
ဒုတိယ အဆင့်အနေနဲ့ လက်တွေက ဆံပင်ဆီ ရောက်လာပြီး ပွတ်သပ်ရင်း ထပ်ခေါ်သည်..။
“မောင် နော် ပြီးမှ မ အဆိုး မဆိုနဲ့ တကယ်လုပ်မှာသလား..”
“ထပါဆို...”
ဗီဂါ စိတ်ဆိုးနေပေမဲ့ အသားယူ အနမ်းခံရတာလေးကိုလည်း လိုအပ်နေသေးတော့ မျက်လုံးကို စိတ်တင်းရင်း မှိတ်ထားရသည်..။
“မောင်...”
“ကျစ်...မထ..လည်းနေ...ပြီးမှ နောက်ကျတယ် မအော်နဲ့.”
အခန်းတံခါးပိတ်သံကြားတော့ နောက်ကို အလန့်တကြား လှည့်ကြည့်တာ တကယ် ထွက်သွားပြီ..။
ဒါ မနက်စောစော ဟိုကောင်နဲ့ စကားပြောပြီး စိတ်ပြောင်းသွားတာလား...
သူလုပ်နေတဲ့ အရာအားလုံးကို သိနေပေမဲ့ လွှတ်ထားရတာ ကျေနပ်သွားစေချင်လို့ပါ..။
ဗီဂါ အလုပ်နဲ့ ပတ်သက်ရင် လုံးဝ အထိအခိုက်မခံ နိုင်ပေမဲ့..သူ့ရန်ငြိုးတွေလျော့ပါးသွားအောင် သိရဲ့ နဲ့ ငြိမ်ခံပေးနေရတာ များလှပြီ။
မထင်ရလောက်အောင် အငြိုးအတေးနဲ့ အဆိပ်ပြင်းတဲ့ ခင်ဗျားကို မှ ကျွန်တော် ချစ်မိသွားတယ် ဒေါ်သစ်ရွက်ရယ်..။
ကျွန်တော်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကုမ္ပဏီကိုတောင် ဒီလောက် ဒုက္ခပေးချင်နေတာ..
ကျွန်တော်ရဲ့ နှလုံးသားကို ခင်ဗျား ပိုင်ဆိုင်ထားမှန်းသိသွားရင်
တုန့်ပြန်လာမဲ့ အကွက်တွေကို တွေးကြောက်နေမိတယ်..။
ကျွန်တော် ချစ်နေတာ ခင်ဗျား သိလို့ မဖြစ်သေးပါဘူး ။
ကျစ်...။
ဗီဂါ စိတ်တို လို့ ကိုယ်ပေါ်က စောင်ကို လွဲပစ်လိုက်ပြီး ခေါင်းအုံးပါ ဆွဲယူခါ အခန်းတံခါး၀ ဆီ ပိတ်ပေါက်လိုက်ချိန်..
“အမလေး....”
သစ် အခန်းတံခါး ဖွင့်၀င်လိုက်တော့ ခြေထောက်ကို လာထိသည့် အရာကြောင့် လန့်ပြီး ခုန်ရှောင်လိုက်ရသည်..။
“အိုး...မောင် နိုးပြီလား...ဘာဖြစ်လို့လည်းဟင်..”
ခေါင်းအုံးကို ကောက်ယူပြီး ကုတင်နားလျှောက်လာတော့ ဗီဂါ စိတ်ထဲ နောင်တရရင်း မှုန်ကြုပ်ကြုပ် ဖြစ်သွားရသည်..။
ခဏလောက် အိပ်နေရင် အခွင့်အရေးလေး ရဖို့ ...
စိတ်မရှည်တက်သူ က ပိုဆုံရှုံးတက်တယ်ဆိုတာ တကယ် လက်တွေ့..။
“အိုး..ဟား..ဟား..ကုတင်ပေါ် က ပြုတ်ကျတာလား..”
အောက်မှာရောက်နေတဲ့ စောင်ကို ခေါက်ရင်း  ရယ်ပြောလိုက်တော့ ဗီဂါ ကုတင်ပေါ် က ဆင်းပြီး ရေချိုးခန်းထဲ ၀င်လိုက်ရသည်..။
“မောင် ရေချိုးရင် မကြာနဲ့နော်....စွမ်း ဂရု က ဦးမင်းမင်း နဲ့ချိန်းထားတယ်နော်...”
“သိတယ်...မရှည်နဲ့...”
မနက် အိပ်ရာနိုးကတည်း ဟောက်ချင်နေတာ ဒီနေ့တော့ သစ်တို့ အဖို့ ရာသီဥတု မုန်တိုင်းဆင်နေတာ သေချာပြီ...။
“ဘာမှ လည်း မလုပ်ပဲနဲ့...”
သစ် ပြောရင်း သူ့ အတွက် တာဝါ နဲ့ ဆံပင်လိမ်းတဲ့ ဘူးတွေ ကို အဆင့်သင့် ယူချပေးထားလိုက်သည်..။
“ဘတ်ရုဘ် ပေး....”
“အင်း..ဒီမှာ...”
ရေချိုးခန်း မှန်တံခါး ဟ ပြီး လက်ထုတ်လာတော့ သစ် စားပွဲပေါ်က အဆင့်သင့်ချထားတဲ့ တာဝါ ကို ကောက်ယူပြီး ထည့်ပေးလိုက်သည်..။
လက်ရုတ်သွားပြီး တစ်ခဏ အတွင်း တံခါးပြန်ပွင့်လာခါ တာဝါ လည်း လွင့်ပျံ ထွက်လာတော့ အံသြရသည်..။
“ရေချိုးပြီး၀တ်တဲ့ အကျီ င်္ ...ဒါတောင် မသိဘူးလား..”
အသံမြှင့် ပြီး အပြစ်တင်တော့ သစ် အ၀တ်ခန်းကို အမြန်သွားပြီး ချိတ်ထားတဲ့ အထဲက တစ်ထည်ဆွဲထုတ်လာရသည်..။
“မိုးလင်းကတည်းက ရှာနေတာ...”
မကြားတကြားပြောနေပေမဲ့ ကြားသွားမှာလည်း စိုးလို့  မှန်တံခါးကို ခေါက်လိုက်ရပြီး..
“ရပြီ မောင်...”
လက်ထဲက ဆောင့်ဆွဲယူပြီး တံခါးကို ဆောင့်ပိတ်သွားတာ မှန် အပါးသာ ဆိုကွဲကြေကုန်မှာစိုးရသည့် အခြေအနေ...။
၀တ်စုံ အဖြူနဲ့ ရေချိုးခန်းထဲက ထွက်လာတာ သူ ကိုယ်သူ မင်းသား ထင်နေသည့်ပုံ...။
“ဒရိုင်ယာ ဘယ်မှာလည်း..”
သူ့ လိမ်းတဲ့ အလှကုန် ပစ္စည်းတွေနဲ့ ချည်း ပြည့်နေတဲ့ မှန်တင်ခုံမှ ထိုင်ချပြီး  ဒရိုင်ယာ ကို မေးတော့ ..
“ဟင်..ယူမလို့လား..ခဏ..”
“ဘာမှ အဆင့်သင့် မရှိဘူး..”
ဘယ်တုန်းက တရား၀င် သူ့ အလုပ်သမား ဖြစ်သွားမှန်းတောင် မသိပဲ သစ်မှာ သူ့ အတွက်ချည်း ပြေးလွှားနေရတာ...။
ဒါပေမဲ့ သူ့ကို စိတ်ညစ်အောင် လုပ်ခွင့်ရနေတာ ပျော်ပါသည်၊။
“ရပြီ..မောင်..”
သစ် လှမ်းပေးတော့ မယူလို့ မှန်ထဲကို ကြည့်လိုက်တာ လူကို မျက်ခုံးတွန့်ပြီး ကြည့်နေပြန်ပြီ...။
“ဘာဖြစ်လို့လည်း မောင်..”
“မှုတ်ပေး..”
“ဟင်..”
“ခင်ဗျား ဆံပင်ကို ကျွန်တော် အခြောက်ခံပေးခဲ့တာ မှတ်မိလား..အဲအတိုင်း တူအောင်လုပ်...”
သစ်  နှာခေါင်းရှုံ့ပြီး ဒရိုင်ယာ ကို ဆွဲယူခါ  အမြင်ကပ်လို့ နံပါတ်အဆုံးတင်ပစ်လိုက်သည်..။
“အ....အား..သေပါပြီ..”
နားရွက်ကို လက်နဲ့ အုပ်ကိုင်ပြီး လူပါ ငုံ့ ကျသွားတော့ သစ် မျက်လုံးပြူးသွားရပြီး..
“မောင်....ဘာဖြစ်သွားလည်း.. အရမ်းပူသွားလို့လား...”
“လွှတ်စမ်းပါ မောင်ရဲ့..ကြည့်ပါရစေအုံး..”
လက်ကို အတင်းဆွဲဖယ်ပြီး ကြည့်လိုက်တော့ နားရွက်ထိတ်ဖျားလေးက နီရဲနေတာ စိတ်မကောင်းစရာ...။
“ဆောရီးပါ မောင်ရယ်....”
အရင်လို မအော်မဆူပဲ မှန်ထဲကသာ ဆိုက်ကြည့်နေတော့ သစ် မနေတက်ဖြစ်လာရသည်..။
ယောင်ပြီး ဖမ်းကိုင်ထားမိသည့် သူ့လက်ကို လွှတ်လိုက်ပြီး တာဝါ ကို လှမ်းဆွဲရင်း..
“အရင် သုတ်ပြီးမှ အခြောက်ခံပေးမယ်..”
တာဝါ နဲ့ ခေါင်းကို ခပ်ဖိဖိ လိုက်သုတ်ပေးရင်း အမှတ်တမဲ့ မှန်ဆီ အကြည့်ရောက်သွားတော့လည်း ကြည့်နေဆဲ.
“ဘာဖြစ်လို့လည်း ဟင်..”
သစ် မှန်ထဲကို မေးငေါ့မေးလိုက်တော့မှ သူ့ အကြည့်က ရွေ့သွားခါ tab ယူပြီး လက်ညိုးနဲ့ ဆွဲကြည့်နေသည်..။
တာဝါ နဲ့ ရေသုတ်တာ ခြောက်သလောက်ရှိတော့မှ ဒရိုင်ယာ ကို နံပါတ် အနိမ့်ဆုံးထားပြီး ဆံပင် နောက်ပိုင်းတွေ ကို အပူစပေးလိုက်သည်..။
ဘီး နဲ့ တစ်ဖက်က ဆွဲပြီး ပုံသွင်းသလို လုပ်ပေးနေရင်း အရင်က အချိန်တွေကို ပြန်သတိရလာရ၏..။
“ရတယ်...ငါ့ ဟာ့ငါ လုပ်မယ်..”
“မ..ဆံပင် အရှည်ကို ဘယ်လိုလုပ် နောက်ကို မှီမလည်း..မောင်လုပ်ပေးမယ်...”
“သြော်..ခက်လိုက်တာ...ဘုန်းမင်းရယ်...”
“မခက်ပါဘူး..လုပ်တက်ပါတယ်ဗျ...”
“စကားကောင်းပြောနေတာ မစ စမ်းနဲ့...”
“ချစ်လို့ပါ..”
ပါးချိုင့်လေး ပေါ်အောင် ရယ်ပြီး ဆံပင်တွေ နည်းနည်း ချင်းစီ ကို စိတ်ရှည် လက်ရှည် ယူပြီး ဒရိုင်ယာ မှုတ်ပေးခဲ့တဲ့ ဘုန်းမင်း ဆိုတဲ့ ကောင်လေးက အခုတော့ ကျွန်း ကုလားထိုင်ကြီးပေါ်မှာ ခြေချိတ် ထိုင်ပြီး မျက်နှာထားတည်တည် နဲ့ ရှယ်ယာ စျေးနှုန်းတွေ ကြည့် နေတဲ့ ဗီဂါ ဖြစ်နေပြီ...။
“ရှေ့ပိုင်း လုပ်မယ်နော်...”
“အမ်း...”
အကြည့်မရွေ့ပဲ လက်ခံသလို ပြောတော့ သစ် ရှေ့ပိုင်းက ဆံပင်တွေကို လုပ်ရမှာမို့လို့ ဘေးဘက်ကို ရွေ့လိုက်ရသည်..။
“ဒေါ်သစ်ရွက်.”
“ဟင်..”
“ခင်ဗျား ဘာလို့ နေ့တိုင်း ခေါင်းမလျှော်တာလည်း...”
အမေးမှာတင် ကဲ့ရဲ့ စကားပါနေပြီဆိုတော့ ဘယ်လို အဖြေပေးရင် အပြောလျော့မလည်း စဉ်းစားရတာ တော်တော်နဲ့ စကားမထွက်နိုင်....။
“ဟို...အလုပ်ရှုပ်တယ်လေ..အခြောက်ခံရတာလည်း ရှုပ်တယ်..ပုံသွင်းရတာလည်း ရှုပ်တယ်...ဆံပင်ချထားရတာလည်း ရှုပ်တယ်..”
“ကတုံးတုန်းလိုက်ပါလား..မရှုပ်တော့ဘူး..”
“ကြည့် မောင် ကလေ သူများ အပြစ်အမြဲလိုက်ရှာနေတယ်...မ ဟာ့ မ ခေါင်းသုံးရက် တစ်ခါ လျှော်တာ ဘာဖြစ်လည်း ဘယ်သူ့ထိခိုက်သလည်း..”
“အနံအသက်မှ မကောင်းတာ...”
“ဟောတော့ ...ဒီလို ပြောမှာစိုးလို့ မွှေးပါပေ့ဆိုတဲ့ Hair coat တွေ လိမ်းထားတယ်လေ..တစ်ချို့တွေဆို အနားက ဖြတ်သွားတိုင်း မွှေးလိုက်တာ ပြောနေတာ မောင်မှာသာ တစ်မျိုး...”
သစ် မျက်စောင်းထိုးပြီး ဆံပင် ရှေ့ပိုင်းလေးတွေကို ဒရိုင်ယာ မှုတ်ရင်း ဖြီးနေလိုက်သည်..။
“အရင်းပိုင်းသာ မွှေးတာ အဖျားပိုင်းတွေ က မမွှေးဘူး..”
“ဟမ်...မောင် က နမ်းကြည့်လို့လား...”
ဗီဂါ စကားတွေ ကျော်ခွပြီး ပြောလိုက်တာ အခုတော့ ကိုယ့်ဒုက္ခ ကိုယ် ရှာမိသလို ဖြစ်ရသည်..။
ညတိုင်း နမ်းတယ်ဆို ခင်ဗျား ဘာပြောမလည်း.....။
မပြောနိုင်သေးပါဘူး...
ခင်ဗျားကို ကြောက်တယ်..။
“မှန်းကြည့်တာနဲ့ သိတယ်..”
“အံသြစရာ...”
အသံကို ပြောင်းပြီး ပြောလိုက်တာ လှောင်နေမှန်းသိပေမဲ့ ဆက်လည်း မပြောဖြစ်တော့ပါ...။
သူ့ကို ပြသာနာ ရှာရင်း ကိုယ့်လုပ်ရပ်တွေ့ပါ ရှာတွေ့သွားမှ ဒုက္ခ...။
“ရပြီ...တစ်ချက် ကိုင်ကြည့်လိုက်အုံး..”
ဒရိုင်ယာ နဲ့ ဘီး ကို မှန်တင်ခုံပေါ် တင်လိုက်ပြီး သူ လိမ်းနေကျ ခေါင်းလိမ်းခရင်မ်ဘူး ကို အဖုံးဖွင့်ပေးလိုက်သည်..။
“ခင်ဗျားပဲ လိမ်းလိုက်..”
“သူများလိမ်းရင် မှားကုန်လိမ့်မယ်..”
သူက သစ်လက်ကို ဆွဲယူပြီး လက်ဝါးဆွဲဖြန့်ခါ အနှစ်ဖြူဖြူတွေ လက်ထဲ ခပ်ထည့်ပေးသည်..။
“ရပြီ..လိမ်း...”
“ဟူး..နောက်ကျမယ် မောင်ရဲ့..ချိန်းထားတာလည်း ရှိတယ်..”
“အဲဒါကြောင့် အလုပ် နှစ်ခု ပြီးအောင် ခင်ဗျားကို လုပ်ခိုင်းနေတာပေါ့...ကျွန်တော့် က ခုံမှာ ထိုင်ပြီး ဇိမ်ယူနေတယ်မှတ်လို့လား..စတော့ အိတ်ချိန်းနဲ့ ရှယ်ယာ စျေး စစ်နေတာ..ဒေါ်လာစျေးကလည်း ပွိုင့် ဖိုက် ကျတာနဲ့ ရှယ်ယာစျေးက ပါ လှုပ်လာပြီ ...မနေ့က မစစ်ရသေးတဲ့ မေးလ် တွေလည်း စစ်ရတယ်...ကျွန်တော်သာ ခေါင်းရေသုတ်တဲ့ ကိစ္စ လုပ်နေရင် ဒီလို အလုပ် ငါးခု လောက်ကို ဘယ်သူ လုပ်မှာလည်း..”
‘ဟုတ်ပါတယ်...နိုင်ငံတော် သမ္မတကြီးတောင် မောင့် လောက် အလုပ်မများပါဘူး...အလုပ်လုပ်နေတာ မသိလို့ ပြောမှားဆိုမှားတာကိုဗွေ မယူပါနဲ့နော်...”
“ကျစ်.....”
သစ် နောက်ကနေ လက်ရွယ်နေတုန်း မှန်ထဲ က မော့ကြည့်လာလို့ ရယ်ပြလိုက်ရသည်..။
“မြန်မြန်လုပ်...”
“အမ်းပါ..”
သစ် လိမ်းပေးပြီးတာနဲ့ သူက ခုံက ထပြီး ဆံပင်ကို ဘီးနဲ့ ပုံသွင်းခြင်း အလုပ်ကို စတင်တော့သည်..။
သိပါတယ်..ကြာအုံးမှာ တစ်နာရီလောက်...။
ဒီနေ့ သံရုံး က ဖိတ်ထားတာ သွားတွေ့ရမှာဆိုတော့ ၀တ်စုံပြည့် နီညိုရောင်ကိုပဲ ထုတ်လိုက်သည်..။
ဖိနပ် နဲ့ ခြေစွပ်ပါ တွဲထုတ်လိုက်ပြီး အ၀တ်လဲခန်းထဲ ယူစရာ ကျန်သေးလား တစ်ခါတည်း စဉ်းစားရ၏..။
“အ၀တ်အစား တစ်ခါတည်း လဲလိုက်နော်..ပြီးမှ ကော်ဖီ သောက်ပြီး တစ်ခါတည်း ထွက်မယ်..”
“ထုတ် ပြီးပြီလား..”
လက်ထဲက ဘီးကို မချနိုင်သေးပဲ ဆံပင် သနေရင်း လှမ်းမေးတော့ အမြင်ကပ်ကပ်နဲ့ အကျီ င်္ ကိုချိတ်ကနေ ဆွဲမြှောက်ပြလိုက်ရသည်..။
ဗီဂါ မှန်ထဲက ပေါ်လာတဲ့ နီညိုရောင် ကုတ်ကို ကြည့်ပြီး အတွေးထဲ ရောက်လာတာ မနက်က ကျော်နိုင်၀တ်လာတဲ့ နီညိုရောင်တီရှပ် အကျီ င်္..
ကျစ်..ဒေါသထွက်လာတဲ့ အလျှောက် မျက်မှောင်လည်း ကြုတ်လိုက်မိသည်..။
“ခင်ဗျား မှာ အရောင်ခွဲနိုင်တဲ့ အမြင် မရှိဘူးလား..,ယူလာသမျှ အရောင်မွဲတွေ...အသုံးကိုမကျဘူး..”
“ဒီ နီညိုလေး က မောင် နဲ့ ပိုလိုက်လို့ပါ မောင်ရဲ့...ဒီ ၀တ်စုံ ဆို မ ရောက်ကတည်း က တစ်ခါမှ မ၀တ်ရသေးဘူး..ဒါလေး ၀တ်လိုက်နော်..”
ဘောင်းဘီ ခေါက်ပြီးသားကို လက်ပေါ်တင်ပြီး လှမ်းပေးတော့ ဗီဂါ ဆွဲယူ လွင့်ပစ်လိုက်သည်..။
“ဟ...ဘာလုပ်တာလည်း မောင်..”
“မ၀တ်နိုင်ဘူး..တခြား အရောင် သွားယူလာ...”
“ရစ်နေတာ မိုးလင်း ကတည်းက..”
မကြားတကြားပြောပြီး ကုတင်နား ကျနေသည့် ဘောင်းဘီ နီညိုရောင်ကို ကောက်ခါ အ၀တ်ခန်းဘက်ကို ၀င်သွားသည်..။
“ကျစ်..”
“ဒီ အရောင် ရမလား..”
အခန်း၀က နေ လက်မြှောက်ပြနေတာ အစိမ်းရင့်ရင့် အရောင်တောက်တောက်...
ရွဲ့ပြန်ပြီ...။
ဗီဂါ စိတ်မရှည်လို့ ကိုယ်တိုင်ပဲ အ၀တ်ခန်းထဲ ၀င်သွားပြီး အညိုရောင် တစ်ထည် ဆွဲထုတ်လိုက်သည်..။
“ဒါ က မမွဲဘူးလား..”
ဗီဂါ ပခုံးတွန့်ပြီး စကားပြန်မပြောပဲ အ၀တ်လဲခန်းထဲ ယူပြီး တစ်ခါတည်း လဲ၀တ်လိုက်သည်..။
“ဒေါ်သစ်ရွက်..”
‘ပြော...”
“နက်ခ်တိုင် နဲ့ နာရီ ထုတ်ထား လက်ကိုင်ပုဝါပါ တစ်ခါတည်း ခေါက်..”
ဟူး..သူများက သူ့ အိမ်ဖော်ကျနေတာပဲ အိမ်ဖော် အလုပ်ချည်းပဲ လည်း မဟုတ် စက္ကထရီ အတွင်းရေမှူး စာရင်းစစ် အကြံပေး....စတဲ့ အလုပ်ပေါင်းစုံနဲ့ ရတဲ့ လခ ကျတော့ တစ်ပြားမှကို မရှိတာ...။
သစ်ကလည်း သူ့ကို ဒုက္ခ ပေးချင်ရုံ သပ်သပ်ဖြင့် အိမ်ပေါ်တက်ပြီး ကိုယ်ပါ ဒုက္ခ ခံနေရပြီ..။
သူ ဘယ်အချိန် စီးပွားပျက်မလည်း မသိပေမဲ့ သစ်မှာ လက်ပြတ်တော့မည်။
အပြာနဲ့ အဖြူ ရောပါသည့် ပိုးပုဝါ ကို အချွန်း ဖြစ်အောင် ခေါက်ပြီး ကုတ် အိတ်ထဲ ထည့်ထားလိုက်ရသည်..။
နက်ခ်တိုင်ကို  အညိုအစင်း ပါတာ ထုတ်ပြီး နာရီကတော့ ရှာမတွေ့...။
ရှပ်အဖြူကို လက်ကြယ်သီးတပ်ရင်း ထွက်လာတော့ ကိုယ့် တာ၀န် ၀တ္တရားအရ ပြေးပြီး ကြယ်သီး တပ်ပေးရသည်..။
ကုတ် အကျီ င်္ ကို ယူပြီး လက်ထိုးဖို့ မြှောက်လိုက်တော့ မျက်မှောင်ကြုတ်ပြန်ပြီ...။
ဘာလိုပြန်တယ် မသိ..။
“၀စ်ကုတ်ကော..”
“ဟင်..လိုလား..”
“ကျစ်..”
“အင်း..ခဏလေး..မောင်...”
မလိုဘူးထင်လို့ သွားပြန်ထည့်ထားတဲ့ အညိုရောင် အကျီ င်္အပိုင်းလေးကို တစ်ခေါက် ပြန်ပြေးယူရသည်..။
“ဟိ...သေးသေးလေးနော်...ကလေး အကျီ င်္လေး ကျနေတာပဲ..ဒီလို အထပ်ထပ် ၀တ်သွားတော့ မပူဘူးလား မောင်...”
ကြယ်သီးတပ်ပေးရင်း မေးလိုက်တော့ ရှေ့က လူကို မေးငေါ့ပြပြီး...
“ခင်ဗျား တောင် လေးထပ်၀တ်ထားတာ ပူလို့လား..”
“ဟင်..”
သစ် ကြောင်တောင်တောင် နဲ့ ပြန်ငုံ့ကြည့်ပြီး ကိုယ် ၀တ်ထားတဲ့ အရေအတွက်ကို ပြန်ရေနေမိသည်..။
“နက်ခ်တိုင် ဒါ ရမလား..”
“ရတယ်..လုပ်..”
ဒေါ်သစ်ရွက် က အရပ်ရှည်သူမို့ ဗီဂါ ရဲ့ နက်ခ်တိုင်ကို ပုံစံကျအောင် အေးဆေး ချည်နိုင်တာ..အလုပ်လုပ်နေတဲ့ သူ့ကို မသိမသာ ကြည့်လိုက်တော့ နှုတ်ခမ်းမှာ ပန်းရောင် ထင်းထင်း... ဒီနေ့မှ တမူထူးခြားနေတာ ဘာကြောင့်မှန်းမသိ စိတ်တိုလာသည်..။
“တော်ပြီ..ဖယ်..”
“ဟင်..”
“ကြာတယ်...”
“အိုး..မောင်..ဒီနေ့ ဘာဖြစ်ပြန်တာလည်း..”
ဗီဂါ့ ကို ပြန်ပြီး အပြစ်တင် မေးခွန်းထုတ်နေတော့ မပြောသင့်တဲ့ ကလေးအတွေးတွေကို ထုတ်ပြောမိမှာ စိုးလို့ မျက်မှောင်ကြုတ်ပြီး...
“နာရီ ဘာလို့ မရောက်သေးတာလည်း..”
“မတွေ့လို့..”
“နက်ခ်တိုင် ပေါ်က အံဆွဲထဲမှာ ခဲရောင် ဘူး...ယူလာ...”
ဗီဂါ မှန်ရှေ့မှာ ရပ်ပြီး နက်ခ်တိုင်ကို သေချာ ချည်နေရင်း နှုတ်ခမ်း ပန်းရောင်လေးကို မြင်ယောင်တော့ မလုံမလဲ ပြုံးမိသည်..။
ဗီဂါ့ ဘ၀မှာ သူနဲ့တွေ့ခါမှ သူခိုးလုံးလုံးဖြစ်သွားရတာ...။
USBလေး တစ်ခုအတွက် သူခိုး ဖြစ်ခဲ့ရသည်။
နောက်တော့ ချစ်မိလို့
ပါးလေး ခိုးနမ်းလိုက် နဖူးလေး ခိုးနမ်း ဆံပင်လေး ခိုးနမ်း...အခု နှုတ်ခမ်းလေး ကို ခိုးနမ်းချင်လာပြန်ပြီ..။
“အင့် ရပြီ..”
“ဟ..ပစ်ချရလား..”
မှန်တင်ခုံပေါ် ကျလာသည့် နာရီဘူးကို ပျာပျာသလဲ ကောက်ယူဖွင့်ကြည့်တော့ သစ် နှုတ်ခမ်းမဲ့မိသည်..။
ပိုကို ပိုတယ်....။
ဘူးထဲက နာရီ ကို တရိုတသေ ထုတ်ပြီး လက်မှာ ပတ်ခါ လက်ချကြည့်တာ အမြင်ကပ်စရာ..
ယောင်္ကျားလေး ဖြစ်ပြီး ကြွားတက်လိုက်တာလည်း လွန်ပါရောလား..။
“ကြွားတာ မဟုတ်ဘူး.”
“ဟင်..”
သစ် စိတ်ထဲက စကားတွေ ကြားသွားတာလားလို့ မလုံမလဲဖြင့် မျက်လုံးပြူး ကြည့်မိတော့ သူ့က ခပ်တေ့တေ့ ပြုံးပြီး ကုတ် ကို ကောက်၀တ်နေသည်..။
“သွားရမဲ့ အသိုင်းအဝိုင်းပေါ် မူတည်ပြီး ၀တ်ရစားရတာ..”
“သြော်..ဟုတ်ကဲ့..”
သစ် ရွဲ့သလို ပြောလိုက်တော့ မျက်မှောင်ကြုတ်ကြည့်ပြီး အကြည့်လွဲခါ  ခြေစွပ် ၀တ်ပြန်သည်..။
“နာရီက စျေးကြီးတဲ့ ပုံ..”
“Tag Heuer သိန်း ၆၀ ကျော်တယ်..”
“ဟမ်....”
နာရီ တစ်လုံး သိန်း ၆၀ ကျော်တယ်သာပြောတယ် ဘာအမှတ်အသားမှလည်း မပါ ...။
ဒိုင်ခွက် အသေးလေး သုံးခွက်သာ ပါပြီး  သောင်းကျော်တန် နာရီ နဲ့ ဘာမှ မထူးမခြားနားပင်..။
သဌေးတွေက တုံးလွန်းပါတယ်လေ...။
“မောင်..ကော်ဖီ သောက်အုံးလေ....”
ကော်ဖီ ခွက်ကို ဘေးက ခုံ အသေးလေး ပေါ် ချပြီး ပြောလိုက်တော့ ဖိနပ်ကြိုးချည်နေတာ ဘာမှ စကားပြန်မလာ..။
“ဒီမှာပဲ သောက်လိုက်နော်...”
“မသောက်ဘူး..”
“ဘာဖြစ်လို့လည်း မောင်ရဲ့...”
“နောက်ကျနေပြီ ..ဒါတောင် မသိဘူးလား..”
ပြောလည်း ပြီး ခုံက ထခါ ထွက်သွားတော့ သစ့်မှာ သူ့ရဲ့ ပစ္စည်းတွေ ကောက်ယူပြီး ပြေးလိုက်ရသည်..။
ဒီအိမ်ကို ရောက်လာတာ သူ့ ကို ခြိမ်းခြောက်ပြီး ကလဲ့စားချေ  ဖို့..
အခုတော့ အစီအစဉ်တွေ အကုန် တလွဲ...။
“မောင်...အင့် ...”
ကားထဲ ရောက်တာနဲ့ ကားက မောင်းထွက်ပေမဲ့ သစ်မှာတော့ ပစ္စည်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ အတူ ကော်ဖီဘူး လှမ်းပေးနေတာကို သူက ငဲ့တောင် မကြည့်...။
လက်ထဲက ပစ္စည်းတွေကို ဘေးဘက်ကို ချပြီး ကော်ဖီ ခွက်ကို ကိုင်ခါ ရှေ့တိုးလိုက်ရသည်..။
“သောက်လိုက် မောင်..မနက်မုန့်မစားရင် မကောင်းဘူးဆို မောင်ပဲ ပြောပြီး..”
ဗီဂါ အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်ရပြန်သည်..။
ဆရာ၀န် က အစာအိမ် ဖြစ်မှာစိုးလို့ မနက်မုန့်စားရမယ်လို့ သတိပေးထားတာ သူ့ကို ...
ဗီဂါ က အာဏာ သုံးပြီး မနက်တိုင်း မုန့် အတူတူ စားခိုင်းထားရတာ...အခုတော့ လူကို စာပြန်သင်နေပြန်ပြီ..။
“ဒီမှာ..မောင် ကြိုက်တဲ့ ချောကလက် ကိတ် လည်း ပါတယ်...”
ဘေးက ဖော့ဘူးကို ကောက်ယူလိုက်ကတည်းက အိမ်က မုန့်ကို ဘူးထဲ အမြန်ကောက်ထည့်ပြီး ယူလာမှန်းသ်ိလိုက်သည်..။
“ဘယ်မှာလည်း ဇွန်း...”
“အယ်..မေ့ခဲ့ပြီ...”
တစ်ဖက်ကို အကြည့်လွဲသွားတော့ သစ် အိတ်ထဲကို လက်နဲ့ ဆွဲမွှေရှာရင်း ကော်ဇွန်းအသေးလေး တစ်ချောင်းရတော့ သိန်းဆုကြီးပေါက်သလို ပျော်သွားရသည်..။
“ဘုန်းမင်းရေ....အစ်မ ကို ရေဘူးလေး ပေးပါလား..”
“ဘာလုပ်အုံးမလို့လည်း..မယူနဲ့ ရှုပ်တယ်..”
မဟုတ်သေးပါဘူး..မနက် အိပ်ရာထကတည်းက ဘာကို မကျေမနပ်ဖြစ်နေတာလည်း ....။
ညက ကိစ္စ သိသွားရင်လည်း စိတ်မရှည်တက်တဲ့ သူက ချက်ချင်းကို ထုတ်မေးမှာပါ..
ဘာကို အလိုမကျတာပါလိမ့်..။
“ဒါဆို တစ်ရှုးနဲ့ပဲ သုတ်လိုက်မယ်..”
သစ် အိတ်ထဲက တစ်ရှုး ထုတ်ကို ထုတ်ပြီး ကော်ဇွန်းလေးကို အထပ်ထပ် အခါခါ ဖိသုတ်လိုက်သည်..။
“ရပြီမောင်...”
“ဒါကြီးနဲ့..”
“သန့်ပါတယ်..မောင်ရဲ့...”
မကြည်မလင်ရုပ်နဲ့ ဇွန်းကို ဆွဲယူပြီး ကိတ်မုန့်ဘူးကို လက်ဝါးပေါ်တင်ခါ တစ်ဇွန်းခပ်စားသည်..။
“အကျန်တွေလား..”
“ဒုက္ခပါပဲ...မနက်ကမှ ကျော်နိုင်လာပို့တာ နွေးနေတုန်းလေ ...”
“ စားမလား..”
သစ် ခေါင်းညိတ်ပြပြီး လက်ကမ်းလိုက်တော့ ပေးခါနီးမှာ လက်ကို ပြန်ရုတ်သွားသည်..။
“မစားနဲ့တော့..”
ကျော်နိုင် လာပို့ထားတာမို့ အရင်လို မငြင်းပဲ စားမယ်ပြောနေတာမလား...
စေတနာ မရှိတော့ပါ..။
“ကော်ဖီသောက်..”
“မသောက်တော့ဘူး..”
ကော်ဖီဘူးကို လှမ်းပေးပေမဲ့ သစ် အကြည့်လွဲပစ်လိုက်သည်..။
အမျိုးမျိုးပြောင်းလဲနေတဲ့ သူစိတ်ကို အမြင်ကပ်လို့ သစ် မကျေမနပ်ဖြင့် ကားအပြင်ဘက်ကိုသာ အကြည့်ရွေ့ထားလိုက်ရသည်..။“မန္တလေး ဟိုတယ်က စားသောက်ခန်း ပြင်တာ အခြေအနေ ဘယ်လိုလည်း..”
“ပြီးတော့မှာပါ...ဆောက်လုပ်ရေး အလုပ်သမား အဆင်မပြေလို့ ကြာသွားရတာ..”
“အလုပ်ကို ဘယ်လို လုပ်နေတာလည်း..ဟိုက အဆင်မပြေရင် ဒီ က လွှတ်လိုက်ပေါ့...အချိန်မှီ ပြီးဖို့ အဓိကလေ.. တစ်ရက်ကို ငွေ ဘယ်လောက် သူများ အိတ်ထဲရောက်နေရလည်း သိလား..”
ဖြစ်လာပြန်ပြီ တစ်မျိုး ဟိုလိုလည်း မဟုတ် ဒီလိုလည်းမရ ဘာတွေ ဖြစ်နေတာပါလိမ့်..မာရီနာ နဲ့များ ဖုန်းပြောလိုက်လို့ ရောဂါ ပြန်ထလာတာလား...ဘာလား...
“အခု ဘယ်နှစ်ရက် ရှိနေပြီလည်း..”
“သုံးရက်တည်း ရှိပါသေးတယ်..စားသောက်ခန်း ပြင်တဲ့ သုံးရက် မှာ ဟောထဲမှာ ဘူဖေး စီစဉ်ပေးပါတယ်...အခက်အခဲ အတွက် အထူးဟင်းတွေ စီမံထားပြီး လက်ဆောင်  အချိုပွဲလည်း လုပ်ထားပေးပါတယ်..ဒါကြောင့် သခင်လေး စိတ်ပူသလိုမျိုး သူများ အိတ်ထဲ ငွေမရောက်နိုင်ပါဘူး..စိတ်အေးအေးထားပါ...”
“သြော်...ကောင်းတာပေါ့..ဒေါ်သစ်ရွက် ဦးနှောက်က ပုစွန် ဦးနှောက်ထက်သာတယ်...ရွဲ့တဲ့နေရာမှာလေ...”
အကောင်းပြောတယ်ထင်လို့ ပြုံးနေမိခါမှ ရွဲ့တဲ့ နေရာဆိုတော့..အလုပ်လုပ်ချိန် ပုစွန်ဦးနှောက်လို့ ပြောချင်နေတာ မလား..။
“ရေရှည်ကို ကြည့်ရတယ်...၀န်ထမ်းအင်အားလိုတာ နေရာထိုင်ခင်း အခက်အခဲဖြစ်တာ ဒါတွေကို ဧည့်သည်က ကြိုက်တာမဟုတ်ဘူး.အဆင်မပြေတာကို မှတ်ထားပြီး နောက်တစ်ခါ ဒီဟိုတယ်ကို ဖြတ်တောင် လျှောက်မှာ မဟုတ်ဘူး..အစားအသောက်ပဲ..အပြင်သွားစားခဲ့ရင်လည်း ကိုယ်တွေဆီက စားသောက်နေတဲ့ ဖောက်သည် တစ်ယောက်လျော့မယ်...ငွေနည်းနည်းလေး မဟုတ်ဘူး..ကုမ္ပဏီ ရှယ်ယာတွေ အထိ ထိခိုက်ပြီး ဒေဝါလီ ခံရအောင် လုပ်နိုင်တာလည်း..ဖောက်သည် တစ်ယောက်ရဲ့ ပါးစပ်ပဲ..အပြောမရှိရအောင် ဘတ်စုံ အကောင်းဆုံးဖြစ်နေရမယ်..ဒါမှ ဖိုက်စတားဟိုတယ်..”
ဗီဂါ စကားလုံးတွေ အများကြီးနဲ့ ရှင်းပြလိုက်ရလို့ လည်ချောင်းခြောက်သွားပေမဲ့ သူ့ ဘက်လှည့်ကြည့်လိုက်တော့ အပြင်ဘက်ကို ကြည့်နေလိုက်တာ ဘာမှ မကြားသလို..။
ဟူး...မခန့်လေးစား လုပ်နေပုံကို  ဒေါသထွက်လို့ ကိုယ်လည်း ကျောပြန်ပေးထားလိုက်သည်..။
.
“မသစ် နေ့လည်စာ မစားသေးဘူးလား..”
“သြော်..အင်း...မောင်..အဲ...ဆရာကလည်း ပြန်မလာသေးလို့..”
“ဟို..ဆရာနဲ့ မသစ်တို့က ဘာတွေလည်းဟင်..”
“ဘာကိုလည်း..”
နောက်က ထွက်လာတဲ့ အသံကြောင့် သစ်ရှေ့က ငုဝါက လျှာလေးထွက်ပြီး ခေါင်းလေးလည်း ပုထားသည်..။
“ဟို..ဟို...ထမင်းစားဖို့ လာခေါ်တာပါ ဆရာ..သွားလိုက်ပါအုံးမယ်..”
မှန်တံခါးကို တွန်းဖွင့်ပြီး ထွက်သွားတာ စက္ကန့်ပိုင်း အတွင်း ရှေ့ က ပျောက်သွားသည်..။
“မောင် နေ့လည်စာ စားဖို့ကို ဒီမှာပဲ ပြင်ဆင် လိုက်မယ်နော်...”
“မလုပ်နဲ့ ဟိုတယ် သွားစားမယ်..”
“ဟိုတယ်သွားရင်...”
အလုပ်ရှုပ်ရမယ်..သစ်လည်း ခြေတိုရမယ်...၀န်ထမ်းတွေလည်း ဒုက္ခရောက်လိမ့်မယ် ဆိုတာကို ဘယ်လိုမျိုး လှပအောင် ပြောရပါ့မလည်း...။
“၀င်ခွင့်ပြုပါ..”
မှန်တံခါး ဖွင့်ပြီး ၀င်လာတဲ့ ကျော်နိုင်ကြောင့် သစ် အသက်ရှု ချောင်သွားရသည်..။
ဒီမှာပဲ စားရဖို့ သေချာသွားပြီမလား...။
“ဆရာ လုပ်ခိုင်းထားတဲ့ အီတလီ စားသောက်ဆိုင်ကို သွားဖို့ ကားစီစဉ်ပြီးပါပြီ..”
အိုး...အီတလီ စားသောက်ဆိုင်လား..ဟိုတစ်ခါ သစ် အရမ်းစားကောင်းခဲ့ရတဲ့ငါးကြော်ချက် ကို ပြန်မြင်ယောင်ရင်း ပါးစပ်ပင် စိုလာသလိုလို..။
“ကျော်နိုင် မင်း နေ့လည်စာ စားပြီးပြီလား..”
“ဟုတ်ကဲ့...”
“ဘယ်မှာစားလည်း..”
“ကုမ္ပဏီရှေ့က ထမင်းဆိုင်မှာပါ...”
“သြော်...”
ကိုယ်က စေတနာ မေတ္တာ ပိုပြီး နေ့လည်စာကို ဘယ်မှာစားစား သူ့ကို ခေါ်သွားခဲ့တာ ပင်ပန်းလှပါချည်ရဲ့ လို့ အော်ချင်နေတဲ့ ဒေါ်မမ သစ်ရွက်...။
“ဒီနေ့ ဒေါ်သစ်ရွက်ကို အဲ့မှာ ကျွေးလို့ရမလား...”
“ဗျာ...ဟုတ်ကဲ့...”
“ဖြစ်ရဲ့လား ဒေါ်သစ်ရွက်...”
ဗီဂါ အရသာ ရှိရှိ ပြုံးပြီး မေးလိုက်တော့ လူကို ကြည့်ပြီး မခန့်လေးစား ပြန်ပြုံးပြခါ..ခေါင်းညိတ်ရင်း...
“အင်း ဖြစ်တာပေါ့....ဒါဆို ဆရာ ခိုင်းစရာမရှိရင် သွားလိုက်ပါအုံးမယ်...”
“သွားမယ်လေ...ကျော်နိုင်.. နင်နဲ့ အတူတူ စားရတော့ မပျင်းဘူးပေါ့.. “
“ဟုတ်ကဲ့...လာပါ အစ်မ...အဲဆိုင်က မျှစ်ငါးဟင်းလည်း ကောင်းတယ်...ငရုတ်သီးစိမ်းချက်လည်း ရခိုင်ချက်လေး..အတို့အမြုံ့က ဖရီးလေ...”
“အိုး...ကောင်းတာပေါ့.ဟား..ဟား...နိုင်ငံခြား ဟင်းတွေ နေ့တိုင်းစားရတာ ငြီးငွေ့နေပြီ...”
မှန်တံခါး ပြန်မပိတ်ခင် ကြားလိုက်ရတဲ့ စကားသံတွေကြောင့် ဒေါသက ငယ်ထိပ် အထိ ပြေးတက်ချင်လာသည်..။
“ ဖြစ်တာပေါ့”
“ငြီးငွေ့တယ်...”
“နင်နဲ့ အတူတူ စားရတော့ မပျင်းဘူးပေါ့.. “
“ဒါဆို ဒီကောင် နဲ့ စားနေရတဲ့ အစားအစာတွေက ငြီးငွေ့စရာ ကောင်းပြီး ဒီကောင့် မျက်နှာကြီးက ပျင်းစရာကောင်းနေတယ်ပေါ့လေ...တွေ့ကြသေးတာပေါ့....”
ရှေ့က ကြည့်မှန်ကို လက်ညိုးထိုး ကျိန်းရင်း  တံခါးဆောင့်တွန်းဖွင့်ပြီး ထွက်လာခဲ့လိုက်သည်..။
“ဟား..ဟား...ဟုတ်တယ်...ငါလည်း အဲလို အမြဲပဲ သလား..”
“တကယ်ဆိုကွာ...ငါ့လို လှတပတ မိန်းကလေးကို ရွေးရင်တော်သေးတာပေါ့..ဟဲ..ဟဲ..ဟဲ..”
“ဟား..ဟား...ဟုတ်တယ်...ကျွန်တော်ဆိုလည်း အစ်မကို ရွေးမယ်...အစ်မ လှတာ ကျွန်တော်သိတယ်လေ...”
“ဟဲ..ဟဲ..မြှောက်သွားပြီ...အ...ခေါင်းတောင် တိုက်မိပြီ...ဟား..ဟား...”
ဗီဂါ ရယ်သံတွေကို ဆိုင် အပြင်မှာကတည်းက ကြားနေရတာ စိတ်က မသက်သာ ပဲ ဆိုင်ထဲ ၀င်ခဲ့လိုက်ရသည်..။
“ဒေါ်သစ်ရွက်..”
“ဟင်..”
“ဟာ..ဆရာ...”
“သွားစရာရှိတယ် လိုက်ခဲ့...”
“ စားသောက်ဆိုင် ကို ဆရာ ပဲ သွားလိုက်ပါ သူများ ဒီမှာစားလို့ ၀သွားပြီ...”
“..စင်တာ သွားရမယ်..”
“ဟင်..နေတအားပူ..”
“ထေလ..”
ဟိန်းဟောက်သံထွက်လာတော့ ဆိုင်ထဲမှာ စားသောက်နေသူတွေက အကြည့်တစ်ချက် ကျလာသည်..။
သစ် ထိုင်ခုံက ထပြီး သူ့ကို မစောင့်ပဲ အရင် ဆိုင်ထဲက ထွက်လာခဲ့လိုက်ရသည်..။
နိုင်စားတာက လွန်လာပြီ...ကိုယ်တိုင် သည်းခံနေရတာ အကြောင်းတရားလေးတွေ ရှိနေလို့ပါ...
သူ့ကို
မက်လွန်းလို့ ခိုကပ်နေတယ်များ ထင်နေတာလား...
ဆိုင်ရှေ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ သူ့ ကားနားမှာ ရပ်စောင့်ရင်း ဆိုင်ဘက်ကို ကြည့်လိုက်သည်။
ထွက်လာတဲ့သူ့ကို နောက်က လူတွေက စိတ်၀င်တစား လိုက်ကြည့်နေသည်..။
လမ်းဘေး ထမင်းဆိုင် သေးသေး လေးကို ၀င်လာတာ ၀တ်စုံအပြည့်နဲ့ မင်းသားလိုလို ဘာလိုလို ရုပ်ကို လိုက်မကြည့်ခံနိုင်မလား..။
ရုပ်သာ မရှိရင် ဘ၀င်ရူးကောင်ဆိုပြီး လူတွေ အမြင်ကပ်မှာ ကျိန်းသေတယ်...။
“ဒုန်း..”
ကားတံခါးကို ဆောင့်ပိတ်ပြီး ဒရိုင်ဘာနေရာ ၀င်ထိုင်တော့ သစ်လည်း သူ့ဘေးခုံ ရှေ့ခန်းမှာ ထိုင်လိုက်ရသည်..။
ကားကို အရှိန်နဲ့ မောင်းနေတာ ဘယ်ကို ဦးတည်နေတာလည်း..။
“မောင်...ဘယ်ကို သွားမလို့လည်း..”
“ဘယ် သွားသွား...”
“ကျစ်...မနက်ကတည်း က ဘာဖြစ်နေတာလည်း မောင်...မ ကို ဘာ မကျေနပ်တာလည်း..”
“ဟုတ်တယ် မကျေနပ်ဘူး..ခင်ဗျား ဘာလို့ တွေ့သမျှ ယောင်္ကျားတိုင်းကို တဟဲဟဲ လုပ်ပြီး မြူဆွယ်နေတာလည်း ..ဒေါ်သစ်ရွက်.”
စီယာတိုင်ကို ဆုပ်ကိုင်ပြီး ရှေ့ကို ဆိုက်ကြည့်ရင်း အသံမြင့်ပြီး အော်ပြောတော့ သစ် လည်း ဒေါသထွက်ရသည်..။
“ဘာ...မြုစွယ်တယ်..ဟုတ်လား...”
“.မိန်းမ အိနြေ္ဒ ခင်ဗျား မှာ လုံး၀ မရှိဘူး..”
“ဟုတ်တယ် မရှိဘူး...မောင့် ရှေ့မှာ မရယ်ရဘူးဆိုလို့ မရယ်ဘူး..အခု အလုပ်ချိန် ပြင်ပ နားနေချိန်မှာ လွတ်လွတ်လပ်လပ်နေတာကို မောင်က ဘာဖြစ်နေတာလည်း..”
“ဘာဖြစ်နေလည်း ခင်ဗျား မသိဘူးလား..”
“မသိဘူး..မာရီနာကြောင့် ဆိုရင်တော့ ဆောရီးပါ မောင်...မ လည်း မတက်နိုင်ဘူး..မောင်ချစ်တဲ့သူနဲ့ ဝေးရအောင် လုပ်တဲ့သူက မောင် ကိုယ်တိုင်ပဲ...”
“မာရီနာ ကြောင့် မဟုတ်ဘူး ခင်ဗျားကြောင့်....ခင်ဗျားကြီးကြောင့်....ဒေါသထွက်နေတာ..”
“ပြောစမ်းပါ ဘာတွေ များ လုပ်မိလို့လည်း..”
“ခင်ဗျား မနက်ကလည်း ကျော်နိုင်နဲ့ စကားပြောတာ တဟဲဟဲ..အခုနေ့လည်လည်း တဟဲဟဲ နဲ့ ဘာဖြစ်နေကြတာလည်း..”
“မ က ပြန်မေးရမှာလေ...ကျော်နိုင်နဲ့ တဟဲဟဲ လုပ်နေရုံ မကလို့ ဘာပဲလုပ်လုပ် မောင်က ကြားထဲက ဘာဖြစ်နေတာလည်း..”
သစ် ပြန်အော်ပြောလိုက်တော့ အံကြိတ်ပြီး ကားကို ဘရိတ်ဆောင့်နင်းလိုက်တာ နောက်ကားသာ ကပ်ပါလာရင် တိုက်ကုန် လောက်ပြီ...။
“အ..”
သစ့် လက်ကို သူ့ လက်တစ်ဖက်နဲ့ ဆောင့်ဆွဲချပြီး ငိုက်သွားတဲ့ မျက်နှာကို သူ့မျက်နှာ ရှေ့ကိုတိုးခါ..
“ဟင်...”
နှုတ်ခမ်းနေရာ နွေးကနဲ့ ဖြစ်သွားပြီး လက် ဆောင့်လွှတ်ခါ ကားကို ပြန်မောင်းထွက်နေတာ ဘာမှ မဖြစ်သလို...။
ကားကို လမ်းမကြီးပေါ်က ဆင်းပြီး လမ်းသွယ်ထဲကို မောင်းနေရင်း အရှိန်လျော့ခါ ရပ်ပစ်လိုက်သည်..။
သစ် ကြောင်နေရာမှ သတိပြန်၀င်လာတော့ သူ့ကို စူးစူးရဲရဲ ပြန်ကြည့်မိသည်..။

“နင်..နင်....ဘာလုပ်လိုက်တာလည်း..”
“နမ်းလိုက်တာလေ...ဒါတောင် မသိဘူးလား..တုံးလိုက်တာ...”
“တောက်..”
သစ် နှုတ်ခမ်းတွေကို ဖိသုတ်ပစ်လိုက်ရင်း မကျေနပ်လို့ တစ်ရှုးတွေ လေးရွက်လောက် ထုတ်ခါ ဖိသုတ်နေမိသည်..။
“ဖျက်လို့မရတော့ဘူး..လုပ်မနေနဲ့...”
ရုတ်တရက် မို့လို့ ဘာလုပ်မယ်မှန်း ကြိုမသိလိုက်တာ....
သိသာ သိခဲ့ရင်လေ...။
သူ့ဘက်ကို  ကြည့်လိုက်တော့ သစ် ကို ပြုံးပြီး ကြည့်နေတာ သူ မဟုတ်တဲ့ အတိုင်းပင်..။
“ဒီတစ်ခါ က အနိုင်ယူတာလည်း မဟုတ်ဘူး..လိမ်ညာ ဟန်ဆောင်တာလည်း မဟုတ်ဘူး..အပြစ်ဒဏ် ခတ်တာလည်း မဟုတ်ဘူး..”
“ဘာဖြစ်လို့လည်း သိလား...”
သူ ဘာတွေ ပြောနေတာလည်း စိတ်မ၀င်စားပဲ သစ် လက်ထဲက တစ်ရှုးနဲ့သာ အထပ်ထပ် ဖိသုတ်နေလိုက်သည်..။
“ကျွန်တော် မ ကို ချစ်လို့...”
“ဟင်..”
သစ်ရဲ့ အံသြပြီး ပြူးကျယ်ကျယ် ဖြစ်သွားတဲ့ မျက်လုံးတွေကို အကြည့်လွဲပြီး ကားကို စက်ပြန်နှိုးခါ မောင်းထွက်သည်..။
ဘာတွေ အရူး ထပြန်ပြီလည်း..။ ဘယ်လို တွေ ဒုက္ခပေးအုံး မလို့လည်း..။
နင့် ဆီက စစ်မှန်တဲ့ ချစ်ခြင်းတွေဆိုရင်တော့ ငါ အပြုံး တစ်ခုနဲ့ လက်ခံပါ့မယ် ဗီဂါ...။
အပြုံးကတော့ ဘယ်စစ်လိမ့်မလည်း..။

☆✼★━━━━━━━━━━━━★✼☆。

ဒီနေ့ ရေးနေကျထက် စာများသွားတယ်နော်..
စာရှည်တာမကြိုက်တဲ့ စာဖတ်သူလေးတွေ ဆောရီးပါ 😘

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Место, где живут истории. Откройте их для себя