1543
အပိုင်း (၂၅)
#1543“ဒေါ်သစ်ရွက်...”
ဒီ နာမည် ကို မကြားရတာ ၈ရက် ကြာခဲ့ပြီ...
မယုံ နိုင်လို့ လှည့်ကြည့်လိုက်တော့ သူက ကွန်ပျူတာ ကို ကြည့်နေဆဲ...။
တကယ် ခေါ် လိုက်တာ လား..။
“...”
“ခေါ်လား..”
“အမ်း..”
“ဘာ ပြောမို့လည်း..”
သစ် ဖိုင်တွေ ပိုက်ပြီး မန်နေဂျာ ကို သွားပေးဖို့ တံခါး နား ရောက်ပြီး ခါမှ သူ့ စားပွဲ ဆီကို ပြန်လှည့်လာခဲ့ရသည်..။
“အိမ် ကို ဧည့်သည်လာမယ်...အဲဒါ နည်းနည်း စီစဉ်ပေးပါ..”
“ဘယ် နှစ်ယောက်လည်း..”
“နှစ်ယောက်လာ ဖို့ ရှိတယ်..ခုလောလောဆယ်တော့ တစ်ယောက်တည်း...”
“ယောင်္ကျားလား မိန်းမ လား..”
သူ့ က ကွန်ပျူတာ ကြည့်နေရင်း က မျက်လုံးပင့် ကြည့်တော့ သစ် လည်း မေးပင့် ပြီး အကြည့် လွဲ ထားလိုက်သည်...။
“မိန်းမ...”
“ဟမ်...ဘယ်သူလည်း..”
“မာရီနာ”
“ဟင်..”
သစ် ရင်တွေ ဆောင့်ခုန်သွားပြီး မျက်လုံးတွေ ပါ ပြူးကုန်ရသည်..။
အရင်က သူ့ အတွင်းရေးမှူး...သူ့ ကောင်မလေး...သူ့ ဇနီးလောင်း....သူ့ အချစ်ရဆုံးသူ...
အခု သူ့ အနားကို ပြန်ရောက်လာချိန် သူ့ စိတ်တွေ ပြန်ပြောင်းသွားမလား.....။
သူ့အနား ပြန်ရောက်လာရင် သစ် လုပ်ထားတာတွေ ပေါ်ကုန်မလား မသိ...။
မာရီနာ က ဒီလောက် တော်တာ ဘယ်လို လုပ်ရပါ့မလည်း..။
သစ် မျက်နှာကို သူ အကဲခတ်နေမလားတွေးရင်း ပြောစရာ စကားတွေ ပြန်ရှာနေရသည်..။
“ဟို...ဘာတွေ လိုအပ်မလည်း..”
“အများကြီး မလိုပါဘူး...ဘုန်းမင်း သိပြီးသားပဲ...ဟိုတယ် က လူ တွေပို့ပေးလိမ့်မယ်...ခင်ဗျားက နည်းနည်း ကြီးကြပ် ပေးဖို့ပါပဲ..”
“အင်း..”
ဖိုင် ကို တင်းတင်းပိုက်ထားရင်း အခန်းပြင် ထွက်လာချိန် လက်တွေ က ချွေးစို့ လာပြန်သည်..။
သူ့ ယောင်္ကျားကို လုပါတယ် ဆိုပြီး ပြသာနာတွေ ရှာရင်တော့ ဒုက္ခ ပါပဲနော်...။
သစ် စိတ်ညစ်တိုင်း လုပ်ဖြစ်တဲ့ ခေါင်းဆီ လက်ရောက်သွားပြီးမှ လက်ပြန်ချလိ်ုက်ရသည်..။
နိုင်စားတာ လွန်လိုက်တာ...။
“ဒေါ်သစ်ရွက် ခင်ဗျား လူရှေ့ သူရှေ့ ခေါင်းကုတ်တာ ကို ပြင်နော်..”
“အိုး..စိတ်ညစ်လို့ ကုတ်တာပေါ့လို့..”
“လူတွေက စိတ်ညစ် လို့ ခေါင်းကုတ်တက်တဲ့ ခင်ဗျား အကျင့် ကို သိတာမဟုတ်ဘူး..ခေါင်း ထဲ မှာ ညစ်ပတ် ပြီး အင်းဆက်တွေ ပြည့်နေတယ် ထင်ကြမှာ..ခေါင်းကို အမြဲ တစေ ကုတ်နေတာ မကောင်းဘူး ...ပြီးတော့ မျောက်တွေရဲ့ အကျင့်...”
“ဘာ...”
“...ခင်ဗျား မျောက်စိတ်များနေရင် တော့ ကုတ်ပေါ့...ဟော်မုန်းကို တားဆီးလို့မှ မရတာပဲ...”
ခေါင်းကုတ်ရင် မျောက် အနွယ်၀င် ဖြစ်မှာစိုးလို့ စိတ်ညစ် တိုင်း ခေါင်းကုတ် တက် သည့် သစ် ၀မ်းတွင်း အကျင့်လေးတောင်သူ ရအောင် ချွတ်ပစ်သည်..။
အဲဒါတွေ အမြင်ကပ်ဖို့ ကောင်းတာလေ....။
.
“ဟူး...”
“ဒါ မ အတွက် ကျွန်တော့် ရဲ့ အချစ်တဲ့လား 🎼 ...ကွယ်ရာမှာ သာတဲ့ ကျွန်တော့် အတွက်လမင်းလား.🎼.မရယ်...ကွယ်ဝှက်မထားပါနဲ့..တကယ် မချစ်နိုင်လည်း..ဟန်မဆောင်ပဲနဲ့..ဖွင့်ပြောပြီး🎼 မုန်းနိုင်တယ်...ကျွန်တော်နေရစ်ခဲ့ပါ့မယ်..မချစ်ပဲနဲ့ မြိုသိပ်လို့ နမ်းရင် မ ပင်ပန်းလိုက်မယ်..နောက်ဆုံး.🎼.”
“.....”
ဗီဂါ တော်တော် ကြာကြာ ဖုန်းကို လိုက်ရှာ လိုက်ရပြီးမှ အံဆွဲထဲက ထုတ်ခါ ကိုင်လိုက်သည်..။
“ပြောပါ ဒက်ဒီ..”
“မင်း နေမကောင်းဘူးဆို..”
“ဟုတ်ကဲ့ နည်းနည်းပါ...”
ဗီဂါ ငြင်းလိုက်ရင်း ဘယ်သူ ပြောတာလည်း ဆိုတာ တန်းသိလိုက်ပြီ..
သိလို့ကို ဆေးခန်းပြနေတဲ့ တစ်လျှောက်လုံး တားနေတာတောင် ပြန်ပြောသေးတာ..ဒေါက်တာ တို့ကိုလည်း မနိုင်ဘူး...။
“MRI ရိုက်သေးလား...”
“ဟုတ်...”
“နေစမ်းပါအုံး..ဒီ ကိစ္စ ပျောက်နေတာ ကြာပြီ..ဘာလို့ အခု မှ ပြန်ဖြစ်တာလည်း..”
“ဒက်ဒီကြောင့်လေ...”
ဗီဂါ တရားခံ စွဲရှာ လိုက်ပြီး ဒက်ဒီ့ ကို ခေါင်းစဉ်တပ်ပစ်လိုက်သည်..။
“ဘယ်လို...”
“ဟုတ်တယ်လေ...ဒက်ဒီ ရှယ်တွေလည်း ပြန်ထုတ် မာရီနာ လည်း ပြန်ထုတ်တာ ကျွန်တော် ဘယ်လောက် ခေါင်းတွေ အသုံးပြုနေရလည်း သိရဲ့လား..”
“ဒါကတော့ မင်း အပြစ်နဲ့ မင်းလေ ငါ တို့နဲ့ အဆင်မပြေ နိုင် မဲ့ မိန်းမမျိုးကို ရှာယူတာကိုးကွ...မင်း မိန်းမ အိမ်မှာ နှစ်လ လောက်တောင် နေခဲ့တယ်ဆို...”
“အင်း....ကျွန်တော် သူ့ ကို နှစ်သက်တယ်...ဒါကြောင့် ဒက်ဒီ လည်း မကန့်ကွက်ပါနဲ့..”
“အကြပ်ကိုင် ခံရတာမျိုး..”
“မဟုတ်ပါဘူး...ဒက်ဒီ က ကျွန်တော့် အကြောင်း ပိုသိပါတယ်...ကျွန်တော် ကိုယ်တိုင် သဘောကျလို့ သူ့ဆီမှာ ကပ်နေခဲ့တာ...ကိစ္စ သေးသေး လေးကို ကိုယ်တိုင် အချိန်ပေးပြီး အပင်ပန်းခံ လုပ်ခဲ့တာ သူနဲ့ အချိန် ကြာကြာ နေချင်လို့ပါ...”
“ဒါဖြင့် မာရီနာ..”
“မာရီနာ ကို အရင် က ချစ်တယ် ထင်ခဲ့တာ...ဒါပေမဲ့ မတူဘူး..ရွက်သစ်ဝေ ကို ကာကွယ်ပေးချင်တာ...ဂရုစိုက်ပေးချင်လာတာ..သူ အန္တရယ် ရှိမှာ စိုးရိမ်ခဲ့ရတယ်.. မာရီနာ ကို ဒက်ဒီ စကား နားထောင်ပြီး ချစ်ကြည့်ဖို့ ကြိုးစားခဲ့တာပါ..”
“မင်း ဟာ ကလည်း..”
“ဟုတ်တယ်...ဒက်ဒီ အဲဒါကြောင့် မ ကိုိလက်ခံပေးပါ...”
“လက်မခံ ဘူး လက်ခံတယ် ဆိုတာထက် သူ့စိတ်ဓာတ်ကို သဘောကျတယ်...မိန်းကလေး တစ်ယောက် ဆိုပြီး မပျော့ညံ ဘူး အခုလည်း မင်း စီးပွားရေးကို မြေဖြို ဖို့ ကြိုးစားနေတာ...ဟား..ဟား...ငါ တော့ အားပေးတယ်..မင်း က သူ့ ကို လှည့်စား သလို ဖြစ်ခဲ့တာကိုး..စောစောစီးစီး ကြို တောင်းပန် စည်းရုံးထားနော်...မင်း စီးပွားပျက်အောင် သူ တကယ် လုပ်လိမ့်မယ်....ဟား...ဟား....အခုလို ကျတော့ သိထားသလို မဟုတ်ပဲ တော်တော် အရည်အချင်း ရှိသားပဲ ..စင်ကာပူ အလုပ်ကိစ္စ တွေ အထိ ထောက်လှမ်း နိုင်တယ်..မင်း မိန်းမ က မင်း ထက်တော်တယ်...”
“ကျွန်တော် သိပါတယ်...”
“ဒါနဲ့ ဆေး ကုန်အောင် သောက်ပြီး ရင် ဒီကို ခဏ ပြန်လာအုံး...ဆေးထပ်စစ် ရမယ်...”
“ဒက်ဒီရယ်...ကျွန်တော် ပြသာနာ သိပြီးသား ဘာတွေ ထပ်စစ် စရာ လိုလို့လည်း..အဓိက သားငယ်လေး စိတ်ချမ်းသာအောင် သာ လုပ်ပေးလိုက် ဟုတ်ပြီလား..”
“ဟား..ဟား....မင်း အကို လည်း စိတ်ပူနေတယ် ဖုန်းဆက် လိုက်အုံးနော်..”
“ဟုတ်...ဒက်ဒီလည်း ကျန်းမာရေး ဂရုစိုက်နော်..ဘိုင်...”
ဗီဂါ ဖုန်းချပြီးတာနဲ့ ဆိပ်ကမ်း တိုင်စာ ကိစ္စ တွေ ဖြေရှင်းဖို့ ခေါင်းပြန်သုံးရပြန်သည်...။
မ တော်တော် ဆိုးတာပဲ...မ စိတ်ချမ်းသာရင် ပြီး တာပါပဲလေ....
မ..ကျေနပ်လာတဲ့...အထိ ....။
“ဆရာ....၀င်ခွင့်ပြုပါ...”
“အင်း..”
မျိုးဝေ ၀င်လာကတည်း က ငွေဆောင် ဟိုတယ် ကိစ္စ ဆိုတာ တန်းသိလိုက်လို့ အလုပ်စားပွဲ က ထလာပြီး ဆိုဖာခုံ ဝိုင်းမှာ ၀င်ထိုင်လိုက်သည်...။
“.မျိုးဝေ..မနားပဲ ဆက်လာတာလား..”
“ဟုတ်ကဲ့..ရပါတယ်..ဆရာ...”
“ရောက်လာရင်တော့ မနားရတော့ဘူး..ပြောပါအုံး..အခြေအနေလေး...”
“သီရိ ဆိုတဲ့ အမျိုးသမီး တည်းသွားတာ မှန်ပါတယ် ဆရာ...လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သူ့ အမျိုးသားနဲ့ သူ ဟန်နီးမွန်း ခရီးစဉ် ပါ....Deluxe Room မှာ နေတာ...၁၀ ရက် စလုံး အပြည့် နေပြီး ကောင်းကောင်းမွန်မွန် ပဲ ပြန်သွားတာပါ..”
“သူ့ဆီ ကို ဆက်သွယ်သေးလား..”
“ဟုတ်ကဲ့...ဖုန်းက ပြောင်းထားတာ ဖြစ်မယ်...ဆက်သွယ်လို့ မရဘူး.ဆရာ..”
“ဟူး...ဒီ သရဲ ခြောက်တဲ့ ကိစ္စ ကို သူ အရင်ပြောတာလေ...ပြီးတော့ ရေးထားတဲ့ ပုံစံ က ခု တည်းခိုထားသလို မျိုးတွေ...lobby မှာ ပန်းချီကား အစိမ်းရောင် ချိတ် ထားတာ မနှစ်ကမှ မလား..နည်းနည်းတော့ လွဲနေပြီ...ဆက်သွယ်လို့ရအောင် ကြိုးစားကြည့်လေ...”
“ဟုတ်ကဲ့...တရားစွဲချင်လား..ဆရာ..”
“ဟာ..မလုပ်ပါနဲ့ သေချာအောင် စုံစမ်းပါ..ပြီးရင် ပြန်ပြောလေ...”
“ဟုတ်ကဲ့..ဒါဆို ခွင့်ပြုပါအုံးဆရာ...”
မျိုးဝေ ထွက်သွားတော့မှ မာရီနာ နောက်သုံးရက် ကြာရင် လာတော့မှာ သတိရသည်...။
ကိုယ့်သစ်ရွက်ကလည်း အိမ်က အ၀တ်အစားတွေ လုံး၀ မ၀တ်ဖို့ ဆုံးဖြတ်ထားတဲ့ ပုံ...။
ဗီဂါ ဖုန်းကောက်ယူပြီး အဘွားကြီး ဆိုတဲ့ နာမည်ကို ခေါ်နေရင်း ပြုံးမိသည်..။
“အံမယ်...ဖုန်းတွေ ဘာတွေ ခေါ်လို့ပါလား..”
မန်နေဂျာ ဆီကနေ ပြန်လာချိန် လမ်းမှာပဲ ရှိသေး ဖုန်း၀င်လာတာ..မောင်း ဆိုတဲ့ နာမည်ကို ကြည့်ပြီး သစ် မျက်နှာ ရှုံ့မဲ့ခါ ဖုန်းကိုင်လိုက်ရသည်..။
“ဟလို....”
“.ဘယ်မှာလည်း..”
“လမ်းမှာ...”
ပြောတာကို က တလွဲတွေ....လမ်းမှာဆိုတော့ ဘယ်လမ်းရိုးမှာ သွားရှာ ရပါ့မလည်း..။
“ဘယ်လမ်းမှာလည်း..”
“ရန်ကုန် လမ်းမှာ..”
“...”
“ဆောရီး ကုမ္ပဏီ ဒုတိယထပ်လမ်းမှာပါ..”
“ဟုတ်ပြီ...မြန်မြန် ပြန်လာခဲ့ “
ဗီဂါ လက်ထဲက နာရီကို ပင့် ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့် ရုံ ပြုံးခါ
“သုံး မိနစ် အတွင်း ပြန်လာနော်...”
“ဟာ..ဆယ်မိနစ်....တူ..တူ...”
“ကတောက်....ဒေါ သထွက်လိုက်တာနော်....သုံး မိနစ်တဲ့လေ...”
သစ် ဖုန်းကို ဆုပ်ကိုင်ပြီး လှေကားဆီကို ဦးတည်ပြေးလိုက်ရသည်..။
“ဟ...အစ်မ..”
“ဆောရီး..ဆောရီး...အရေးကြီးလို့..”
ဓာတ်လှေကား အ၀ နားမှာ ရောက်နေတဲ့ သူတွေကို တိုးကြိတ်ပြီး ရှေ့ဆုံးမှာ နေရာ ယူလိုက်ရသည်..။
လှေကားထဲက လူတွေ ထွက်တာ ကုန်အောင် မစောင့်ပဲ လက်က ခလုတ်ပေါ် တင်ထားရင်း..
“ဆောရီးနော်...အရင်လိုနေလို့..”
လှေကား ကို တစ်ယောက်တည်း အပိုင်သိမ်းပြီး တက်လာတာ အကုန်လုံးတော့ ကျိန်ဆဲ နေတော့မှာပဲ...
ဒင်း နေမကောင်းလို့ အလျော့ပေးနေတာ....
အဲကောင်စုတ်လေးက တော်တော် ဒုက္ခပေးတဲ့...ဟာလေး...။
“ဟူး...ရောက်ပြီ..”
အခန်းထဲ အပြေးအလွှားရောက်လာပေမဲ့ ကိုယ်တော်လေး က မော်တောင် မကြည့်ပြန်ဘူး..
“ဘာခိုင်းစရာ ရှိလည်း..”
သစ် အမေးကို မဖြေပဲ စားပွဲပေါ်က ဖုန်းကို ကောက်ယူပြီး ချိတ်ထားတဲ့ အပေါ်ထပ် အကျီ င်္ ကို ဖြုတ်၀တ်သည်..။
အပြင်သွားမလို့လား...ဘယ်မှာ ဘာတွေ စစ်ဆေး အုံးမလို့ပါလိမ့်...။
လာပါ လို့ မခေါ်ပေမဲ့ သူ့ နောက်ကပဲ လိုက်သွားလိုက်ရသည်..။
“ကားနဲ့ သွား မလို့ လား...နေအုံး ဘုန်းမင်းကို ခေါ်..”
စကားတောင် မဆုံးသေး ကားတံခါး ဖွင့်ပြီး တက်သွားပြီမို့ သစ်လည်း သူ့ ဘေးဘက် တံခါးကို ဖွင့်ခါ ၀င်ထိုင်လိုက်ရသည်..။
“ဟိုတယ်သွား မလို့လား..”
“.....”
ရှေ့ကိုပဲ ကြည့်ပြီး ကားမောင်းနေတာ တုန့်ပြန်သံ မရှိသည့် ကျောက်ရုပ်ကြီး လိုပင်..။
ဟိုတယ် သွားတဲ့ လမ်းတွေကို ကျော်လာပြီး ပြည်လမ်းမပေါ် တက်လာတော့ ဘယ်ကိုသွားမလည်း မခန့်မှန်းတက်တော့ပါ...။
“ဟင် ဒါ လေဆိပ်ကိုသွားနေတာလား..”
သစ် အမေး တစ်ခုကို မတုန့်ပြန်ပေမဲ့ ရင်တော့ ခုန်နေရပြီ...။
မာရီနာ ကို များသွားကြိုရမှာလား....အိမ်မှာလည်း ဘာမှ မပြင်ဆင်ရသေးပါပဲ ဧည့်သည် ကို ဘယ်လိုလုပ်လည်း...။
“မာရီနာကို သွားကြိုဖို့လား..”
“...”
ဗီဂါ တစ်ချက်တွန့်ပြုံးလိုက်ပြီး ပြန်လည် မြိုသိပ်ထားရသည်...။
မာရီနာ့ ကိုချည်း အာရုံ ထဲ ထည့်ထားနေတာ...သ၀န်တိုတာလား... မချစ်တော့မှာ စိုးရိမ်နေတာလား...
၀ယ်နေကျ အကျီ င်္ ဆိုင်ကို ရောက်တော့ ခြံ၀န်းကျယ်ထဲ ချိုးကွေ့ ၀င်လိုက်သည်...။
ကားကွေ့ရင်း ဘေးကို တစ်ချက်ကြည့်လိုက်တော့ မျက်လုံးဝိုင်းနဲ့ လိုက်စပ်စုနေပြန်ပြီ..။
မာရီနာ့ အိမ်များထင်နေရောလား...မသိ...။
ဗီဂါ ကားကို မြက်ခင်းစိမ်းပေါ်မှာ ထိုးလိုက်ပြီး ကားပေါ် က ဆင်းလိုက်တော့ လိုက်မလာပြန်ဘူး..။
ဆက်လျှောက်လာတော့မှ ကားတံခါးဖွင့်သံနဲ့ အတူ ပြေးလိုက်လာမှန်းသိလိုက်သည်...။
“ရုံးလား..”
အမိုးခုံးအောက်က ကျောက်တိုင် ကြီး လေးတိုင်ကို ကြည့်ခါ သစ် မှတ်ချက်ပေးရင်း အိမ်လိုလို ရုံးလိုလို မှန်တံခါး အပြည့်ထည့်ထားတဲ့ တံခါး အကြီး နှစ်ချက် ကို စပ်စုမိသည်..။
“ဟော...ကိုယ်ကြည့်နေတာ...ဗီဂါ့ လို့ထင်တော့ ထင်သား...”
“မတွေ့တာကြာပြီနော်...မမ”
“အဟွင်း...ဟုတ်ပ...ကိုယ်က ယူ ပြန်သွားပြီ ထင်နေတာ...”
“မပြန်ရသေးဘူး..အလုပ်ကိစ္စတွေ ကျန်သေးလို့ပါ...”
အထဲက မိန်းမ တစ်ယောက် ထွက်လာပြီး သူ့ ကို ဖော်ရွေစွာ နှုတ်ဆက်လိုက်တော့
ဘယ်သူများလည်း စဉ်းစားကြည့်မိသည်..။
မာရီနာ ပုံ မြင်ဖူးနေကျဆိုတော့ မဟုတ်တာသေချာပါသည်...။
“လာရတာ အကောင်းမဟုတ်ဘူး..မမ ကို ပူဆာ စရာ ရှိလို့ပါ...”
“ဟင်..ဘာများလည်း..”
“သူ့ အတွက် အ၀တ်အစား လိုလို့ပါ...”
နောက်ဘက်မှာ ရောက်နေတဲ့ သစ် ကို လက်ညွန်ပြီး ပြောတော့ သစ် ကြောင်တောင်တောင် နဲ့ လက်နောက်ပစ်ပြီး ရပ်နေရသည်..။
“သြော်..ပွဲလား..”
“အင်း ပွဲကော...အလုပ်ကော..အိမ်ကော..အစုံပေါ့.. မမရယ်...”
“အိုကေ...လာလေ...ညီမ...”
“ရှင်...”
သူ့ ကို တစ်ချက် ကြည့်လိုက်တော့ ဘာမှ မပြောပဲ ဆိုဖာ အဖြူကြီး မှာ ခြေချိတ်ထိုင်ခါ စာအုပ် တစ်အုပ် ကောက်ကိုင်နေလိုက်ပြီ...။
တော်တော် အားကိုးရတာ..ဘာတွေ လုပ်နေမှန်းကို မသိ...။
“ကိုယ်တိုင်းမယ်နော်...ခါးကို မတ်မတ်လေး ထားပါ ညီမ...”
“ဟုတ်.”
ရှေ့က အမျိုးသမီးက အသက်အရွယ်အရ ကြီးပြီ ဖြစ်သော်လည်း မိတ်ကပ် အပြင်အဆင် နှုတ်ခမ်းနီ ရဲရဲ ကြောင့် သစ်ထက်ပင် နုနေသလိုလို...။
သူ့ ပခုံးက ပေကြိုးကို ဖြုတ်ယူပြီး ရင်ဘတ်ကို စတိုင်းယူသည်...။
အရပ်က အစ တိုင်းယူပြီး စာအုပ်မှာ မှတ်တမ်းတင်နေတာ ဘာတွေ လုပ်မလို့ပါလိမ့်...။
“ညီမ က ကိုယ်လုံးလှတာပဲ ဘာလို့ ပွပွ ကြီးတွေ ၀တ်တာလည်းကွ...”
“ရှင်...”
“အရပ်လည်း ၅ ၇ တောင် ကျော်ချင်နေတာ...စကပ်ကလည်း ပွ အကျီ င်္ ကလည်း ပွဆိုတော့ လူက လက်ပြင်ကိုင်းသလို ရင့်သလို ဖြစ်သွားတာပေါ့...”
“ဟုတ်...ကိုယ်တိုင်း မ၀ယ်ဖြစ်လို့ပါ...”
ကြိုးကို ပခုံးပေါ် ပစ်တင်ပြီး စာအုပ်ကိုင်ခါ ထွက်သွားတော့ သစ်လည်း နောက် ကလိုက်သွားရသည်..။
“ဟေး...ယူ့ ဟိုတစ်ခါ ၀ယ်သွားတဲ့ အကျီ င်္ တစ်ဆိုင်စာ က ဒီ အမျိုးသမီး အတွက်မလား..”
ထို အမျိုးသမီးက သစ် ကို လက်ညိုးထိုးပြီး ပြုံးစေ့စေ့ မေးတော့ သူကလည်း...
ဘာမှ မပြောပဲ ပြုံးရုံသာ ပြုံးလိုက်သည်။
ဟို အမျိုးသမီး က ခေါင်းညိတ်ခါ ဆက်မမေးတော့ပါ...။
အကျီ င်္ တွေ ရောင်းတာလား...ခုလောလောဆယ် အကျီ င်္ နဲ့ တူတာ ဘာမှ မရှိသည့် ဧည့်ခန်းကြီးထဲမှာ လူ သုံးယောက် ထိုင်နေရသည်..။
“မကြိုက်လို့လား..”
“မဟုတ်ပါဘူး..မမ...သူ နည်းနည်း ပိန်သွားတော့ ၀တ်ရတာ အဆင်မပြေလို့ပါ...”
“အိုး...ယူ က ဂရုစိုက်လေ..”
“ဟုတ်...ကျွန်တော် က ဂရုစိုက်ပေမဲ့ သူက မပျော်ဘူး..”
“အဟား..စပ်စုတက်တာ မိန်းမ သဘာ၀ မို့ မေးချင်ပါရဲ့ ..ယူရဲ့...”
“ကျွန်တော့် ဇနီးလောင်းပါ..”
“ဝိုး....”
ထို အမျိုးသမီးက ပါးစပ်ကို လက်နှစ်ဖက်နဲ့ ကွယ်ရင်း အံသြသလို ပြောလိုက်တော့ ...သစ် မှာ ငိုရမလိုလို...ပျော်ရမလိုလို...။
“ကဲ..လာ....ဗီဂါ့ ဇနီးလောင်းလေး ဆိုတော့ အထူးပေါ့ကွာ...ယူ့မိန်းမ ကို ဘယ်လို အမျိုးအစား ထည့်ပေးရမလည်း ..”
“မသိဘူးလေ...”
“အိုကေ...၀တ်သာ ပြလိုက်..ကိုယ်အဆင်ပြေမယ် ထင်တာတွေ ရွေးပေးမယ်..”
“ဟုတ်...”
သစ် လက်ကို ကိုင်ဆွဲပြီး ခေါ် သွားတော့ ဘယ်ကို မှန်း မသိပေမဲ့ လိုက်သွားရသည်..။
“ဟင်...အကျီ င်္တွေပါလား..”
“သြော်...ဟုတ်တယ်..ညီမရဲ့...တို့တွေက ကိုယ်ပိုင် ဒီဇိုင်းထုတ်တာလေ...ပုံစံ တစ်ခု ကို တစ်မျိုးပဲ ထုတ်တယ်...အဲ နောက်တော့ ဒီဇိုင်းတူတဲ့ အတုတွေ ရှိလာတာပေါ့လေ...ကိုယ်တို့တံဆိပ်ကတော့ ဆယ်ထည်ပဲ ရှိတာနော်...ကဲလာ...”
အ၀တ်စင် ဆီ ခေါ်ပြီး အကျီ င်္ တစ်ထည်ချင်းစီ ကို ကိုယ်မှ ကပ်ကြည့်နေသည်..။
“ဗီဂါ့ ကို ဘာနဲ့ ချူပ်လိုက်တာလည်း..”
“ရှင်..”
“ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အလုပ်ရောဂါ ကပ်နေတဲ့ မင်းသားကိုလေ...”
“အဲ...အဲဒါ....”
“အသက်က ဘယ်လောက်လည်း..”
အကျီ င်္ အနီရောင် တစ်ထည်ကို ကိုယ်မှာ ကပ်ကြည့်ရင်း မေးလိုက်တော့ သစ် တံတွေးတစ်ချက်မြိုခါ
“၂၈ ပါ...”
“အိုး..ငယ်ငယ် လေးပါလား..”
“ရှင်...”
“အိုး..ကိုယ့်ကို ကြည့်နေတော့ ကိုယ့် အသက်ကို ဘယ်လောက်ထင်လို့တုန်း..”
“ဟို...သုံးဆယ်..ကျော်...သုံး ငါး..”
“ဟိ...လက်ဆောင်ပေးသင့်နေပြီထင်တယ်...ကိုယ့် အသက်က ၅၈ပါရှင်..”
‘ရှင်...”
သစ် မျက်လုံးပြူး ပြီး မယုံနိုင် ဖြစ်နေပေမဲ့ ၃၀ ကျော် ထင်ရတဲ့ အမျိုးသမီးက အ၀တ်စင် နောက်တစ်ခုကို သွားခါ ဂါ၀န်ရှည် တစ်ထည်ထုတ်လာသည်..။
“ကျန်တာတွေတော့ မ၀တ်ချင်လည်းရတယ်...ပွဲ အတွက်က ၀တ်ပြလိုက်နော်...ဒါလေး လဲ၀တ်လိုက်....ယူ့ အမျိုးသား..စိတ်ချမ်းသာသွားအောင်လေ...”
“ရှင်..ဟုတ်...”
သစ် မငြင်းပဲ ဂါ၀န်ရှည်လေးကို အောက်ပိုင်းသိမ်း ခေါက်ကိုင်ခါ သူ ညွန်ပြသည့် အ၀တ်လဲခန်းထဲ ၀င်လာခဲ့လိုက်ရသည်..။
အမျိုးသားတဲ့လေ...ဒါ သစ် ကို သူ့ မိန်းမ အဖြစ် တရား၀င် မိတ်ဆက်ပေးတဲ့ ပထမဆုံး အကြိမ်ပေါ့လေ...။
လက်ထဲက ပိုးပြောင် ဂါ၀န်လေးကို ငုံ့ ကြည့်ရင်း စိတ်ထဲမှာ မနှစ်သက်မှုတွေ ကြီးစိုးလာသည်..။
ဘာကြောင့်မှန်း မသိခင်တော့ ၀တ်ပြလိုက်ပါ့မယ်...။
သစ် အ၀တ်လဲပြီး နောက်တံခါးကနေ တစ်ဆင့် ဧည့်ခန်းထဲ ထွက်လာပေမဲ့ သူက စာအုပ်ကိုပဲ ကြည့်နေတာ ဘယ်လို ပြောပြရမလည်း..။
လက် ပခုံးရောကျနေတာ ပြန်မတင်လို့လည်း မရ ...နေလည်း မနေတက်မို့ စိတ်က ရှုပ်လာသည်..။
“ဒီမှာ ကြည့်အုံး..”
“ဟင်..”
ဗီဂါ မဂ္ဂဇင်းထဲ ပါလာသည့် မျက်လှည့်ဆရာကြီး ဒေးဗစ် ကော်ပါးဖီး အကြောင်း ဆောင်းပါးကို စိတ်၀င်တစား ဖတ်နေချိန် ခေါ်သံ ကြောင့် မျက်လုံးပင့်ကြည့်မိသည်..။
မကြာသော အချိန်ကလေးကမှ ဆောင်းပါးထဲမှာ ဖတ်လိုက်ရသည့် မျက်လှည့်ဆိုတာ ...ရူပဗေဒ...စိတ်ပညာ..သချာင်္ နဲ့ ပူးပေါင်းတီထွင်ထားတဲ့ မှော်ပညာ တစ်ခုတဲ့
....အခု အချစ်စိတ်တွေကြောင့် မျက်လှည့်ပြသလို ပြောင်းလဲသွားသည့် ဒေါ်သစ်ရွက်က မှော်၀င် နတ်သမီးလို့ တင်စားရမလား..။
“ရပြီလား..”
“ဟ...နေပါအုံး..”
တမေ့တမော ကြည့်နေမိတာကို မိနစ်ပိုင်းတောင် မပြည့်သေး..ကျောခိုင်း ပစ်တော့ လက်ထဲ စာအုပ်ကို ခုံပေါ် ပစ်ချပြီး အမြန်ထသွားရသည်..။
“ဘာလိုသေးလို့လည်း..”
သစ် မလုံမလဲ ပခုံးကို လက်နဲ့ ကုတ်သလို ကွယ်ထားရင်း မေးလိုက်တော့ ဒင်းက နောက်ဘက် ရောက်သွားပြန်ပြီ...။
“လက်တွေဖယ် ဆံပင်တွေ ချလိုက်..”
ဆံပင်တွေကို အ၀တ်နဲ့ ငြိမှာစိုးလို့ ဟိုတစ်ယောက်က သေချာ လိမ်ညှပ်ပေးထားတာ..သူ က ချခိုင်းပြန်သည်.။
သစ် နောက်က ညှပ်ကို ဖြုတ်လိုက်ပြီး ဆံပင်တွေ ဖြည်ချတော့ သူက ဆံပင်တွေကို လက်နဲ့ သေချာ ဖြန့်ချပေးပြီး ရှေ့ကို ပြန်လာကြည့်သည်..။
“အင်း ရပြီ...”
သစ် ဂါ၀န် ကို လက်နှစ်ဖက်နဲ့ ထိန်းမ ခါ အ၀တ်လဲခန်းထဲကို ခြေလှမ်းသွက်သွက်ဖြင့် ပြန်၀င်သွားလိုက်သည်..။
“မြန်လိုက်တာ ဘာပြောလည်း.”
“ရပြီတဲ့..”
“အိုး...ဒီလောက်လှတဲ့ ပိုးသားဖန်စီ ဂါ၀န်ကို လှတယ်တောင် မပြောဘူးလား...ဗီဂါတို့ တကယ်လွန်တယ်..”
“ညီမ နောက်ထပ်ရွေးရမှာက ...ဘယ်လို စတိုင်လ်မျိုး ကြိုက်လည်း..”
“ဟို...ရုံးကို ရှပ်နဲ့ စကပ် ပဲ အ၀တ်များပါတယ်..”
“အိုကေ...”
အ၀တ်စင် နောက်တစ်ခု ကို လျှောက်သွားပြီး ရှပ် အကျီ င်္ နှစ်ထည် ဖြုတ်ယူလာသည်..။
“အိုး နေပါအုံး...ဟိုတစ်ခါ ၀ယ်သွားတဲ့ အထဲ မှာ ရှပ် အပွင့်တွေ ပါတယ်.. ကြိုက်ရဲ့လား..”
၀ယ်သွားတာ ဖြစ်နိုင်ပေမဲ့ ကိုယ့်တောင် မမြင်ဖူးသည့် ရှပ် အပွင့် အကြောင်း လာမေးနေတော့..။
“ဟို..အဲဒါ....ဟို...အပွင့်က သိပ်မကြိုက်..”
“အိုကေ...ဒါမျိုးဆိုရင်..”
ရှပ် ကော်လံ အဝိုင်းလေးမှာ ဇာလေးတွေ တပ်ထားပြီး ပုလဲကုံးလေးပါ တစ်ခါတည်း ချုပ်ထားတော့ သစ် ခေါင်းညိတ်မိသည်..။
“ဟုတ်ပြီ အကြိုက်သိပြီ...ဒါဆို အိမ်နေရင်း ဘယ်လို စတိုင်လ် မျိုးကြိုက်လည်း..”
“မြန်မာ ၀တ်စုံတွေ ၀တ်ပါတယ်..”
“နိုး..နိုး အသက် ၄၀ မှ ၀တ် အခုတော့ ဂါ၀န်၀တ်..၀တ်ရဲလား...”
“ဟို..တီရှပ် အပွ တို့ ဂါ၀န် အပွတို့ ၀တ်ပါတယ်...”
“အင်း ဒါတော့ သိပ်ရွေးစရာ မလိုပါဘူး..ပွဲတက်ကော..”
“ဟို ရင်ပြတ်တို့ ဘာတို့ မ၀တ်ရဲဘူး..”
“ဟာ..ဘာဖြစ်လို့လည်း ကိုယ်လုံးလည်း လှရဲ့သားနဲ့...”
“မ၀တ်ရဲတာပါ...”
“ဒါဖြင့် ကျောပြောင်တော့ ရတယ် မလား..”
“ရှင်...”
“ဟား..စလိုက်တာပါ အိုကေ...ပို့ပေးလိုက်မယ်နော်..”
“ဟုတ်..”
“နေအုံး ဒါ ဒီဇိုင်းသစ် ယူသွားလိုက်..”
သစ် ဘေးဘက်မှာ ချိတ်ထားတဲ့ အတွင်း၀တ်တွေ ဆီ လက်လှမ်းတော့ မျက်နှာတွေပူရသည်..။
သစ် အခန်း ပြင် ပြန်ထွက်လာတော့ ခုံပေါ် မှာ ခြေချိတ်ထားရင်း လှမ်းကြည့်နေသည်..။
“ကိုယ် အိမ်ပဲ ပို့ခိုင်းလိုက်မယ်..”
‘ဟုတ်ကဲ့..မမ..”
“ယူ့ အကျီ င်္လည်း ရပြီ ၀တ်ကြည့်ပါလား..”
ခေါင်းညိတ်ပြီး ခြေချိတ်ထားတာ ဖြုတ်ခါ အပေါ် ကုတ်ကို ချွတ်ပြီး ဆိုဖာ ပေါ် တင်ခဲ့သည်..။
အ၀တ်လဲခန်းထဲက ထွက်လာတော့ လက်ကြယ်သီး တပ်နေဆဲ...။
သူများ လိုက်လုပ်ပေးထားလို့ အ၀တ်လဲရင် ကြယ်သီးကို ပြီးအောင်ဘယ်တော့ မှ မတပ်တော့ဘူး...။
သစ် ခြေလှမ်းတွေကလည်း မရည်ရွယ်ပဲ အလိုလို သူ့ အနားဆီရောက်ရသည်..။
“ပြီးအောင် တပ်ပြီးမှ ထွက်လာပါလား..”
သစ်ပွစိပွစိ မကြားတကြား အပြစ်တင်ရင်း သူ့ကော်လံကို ချပေးခါ ရင်ဘတ်ကြယ်သီး သုံးလုံးနဲ့ လက်ကြယ်သီး အစုံ တပ်ပေးလိုက်သည်..။
“အဟား..ကြယ်သီးတပ်ပေးခိုင်းဖို့ အတွက် ရှာထားသလားပဲ ဗီဂါ ယူတို့ နှစ်ယောက်က ဒီလိုဆို တော်တော် လိုက်ဖက်တယ်...ယူက ရှည်ပေမဲ့ယူ့ မိန်းမက ခြေဖျားတောင် ထောက်စရာမလိုဘူးနော်..”
“အဲလို ဖြစ်သွားတယ်..”
“အဆင်ပြေတယ် မမ...”
“အင်း..အရင်အတိုင်း နှစ်တွဲ ထည့်ပေးလိုက်မယ်..အဖြူချည်းပဲ မလား..”
“ဟုတ်..”
အ၀တ်လဲခန်းထဲက ထွက်လာတော့ ဒီ တစ်ခါ ကြယ်သီး အစုံအလင် တပ်ပြီးသား...။
“သွားလိုက်အုံးမယ်..မမ..”
“အင်း....ခဏ...ညီမ အန်ဒါဝဲ၇် အိတ်ကျန်ခဲ့ပြီ..”
သစ် လက်ထဲ လာထည့်ပေးသည့် စက္ကူအိတ်ကို လှမ်းယူရင်း ရှက်လွန်းလို့ ခေါင်းငုံ့ယူ လိုက်သည်....။
“ဘိုင်..”
“ဟုတ်...”
သစ် ခေါင်းညိတ် နှုတ်ဆက်ပြီး ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းခါ လှေကား ထစ်ရောက်တော့...
“အ..”
“ဟာ..”
သစ် တံတောင် ကို လှမ်းဆွဲထိန်းလိုက်လို့ ပြုတ်မကျပေမဲ့ သူဆွဲလိုက်တာ သိတော့ လက်တွန့် ရုန်းမိသည်..။
သူ့ရှေ့က ခပ်သွက်သွက် လျှောက်ရင်း နောက်ကျော မလုံ သလို ခံစားရတော့ လှည့်ကြည့်လိုက်တာ ထင်တဲ့ အတိုင်း ပါးစပ်ကို လက်ခုံ ကာပြီး ရယ်နေသည်လေ...။
သစ် လှည့်ကြည့်လိုက်တော့မှ လက်ချ ခါ ဘေးဘက်က အမိုးခုံး အိမ်လေး ကို စိတ်၀င်စားသလို ရပ်ကြည့်ပြနေသည်..။
မသိတာမှတ်လို့...သူများ ဒုက္ခရောက်လေ...သူ ပျော်လေ....။
“ဟက်ချိုး..ဟ...”
ကားပေါ် ရောက်ကတည်း က နှာချေ တာ လမ်း တစ်၀က်ရောက်လာပြီ မရပ်နိုင်သေးလို့..
“နေကောင်းရဲ့လား..”
သူ့ နဖူး ဆီ လက်ရောက်သွားတော့ ကားမောင်းနေရင်း က အံသြသလို လှည့်ကြည့်ပြီး နှုတ်ခမ်းမှာ ပြုံး ရိပ်သန်းခါ ပြန်လှည့်သွားသည်..။
“ကိုယ်မပူပါဘူး..”
ဘောင်းဘီ အိတ်ထဲ ဘာတွေ ရှာနေလည်းမသိ ကားကို လက် တစ်ဖက် နဲ့ မောင်းနေသည်..။
သစ် ဘေးဘက်က ဗျူးတီးမစ် ကောင်တာ ကား ကို ကြည့်နေတုန်း လက်ခုံပေါ် လာကုတ်လို့ ကြည့်လိုက်တာ..လက်ထဲကို ဘူး အနက် ကလေး အတင်း တိုးထည့်ပေးနေပြန်သည်..။
“၀တ်ထား..”
သစ် ဘူးကို ယူပြီး ဖွင့်ကြည့်လိုက်တော့ တစ်ပွင့်တည်းသော စိန်လေးနဲ့ တန်ဆာ ဆင်ထားသည့် နှစ်ပင်လိမ် လက်စွပ်ကလေး......
ဒါမျိုး တွေ့ဖူးပါတယ်..ဘယ်မှာ ပါလိမ့်...
သူ့ လက်ဆီ အကြည့်ရောက်သွားမှ သစ် မှတ်မိတော့သည်..။
လက်စွပ် ဆင်တူ ၀တ်ပြီး ဘာတွေ လိမ်အုံးမလို့ပါလိမ့်..။
သစ် လက်စွပ်ကို ထုတ်ပြီး လက်ခလယ်မှာ ၀တ်ဖို့ ရွယ်လိုက်ချိန် ဆက်ခနဲ့ ဆွဲယူပြီး လက်သူကြွယ်မှာ အတင်းထိုး ၀တ်ပေးသည်..။
ကား ကို အရှိန် ပြန်တင် မောင်းခါ ဆလွန်း တစ်ခုရှေ့မှာ ကားကို တိုးရပ်ပြန်သည်..။
“ဘာလုပ်မလို့လည်း...ဒီနေ့ ဦးစိုးအောင် နဲ့ ချိန်းထားတယ်လေ...”
သစ် စကားကို မတုန့်ပြန်ပဲ ဆင်းသွားတော့ သစ်လည်း နောက်က လိုက်သွားရပြန်သည်..။
“ဟယ်..ဗီဂါ...ပြန်လာတာလား..”
“မပြန်ရသေးတာ...ဆံပင် ပုံပြောင်းချင်လို့ အစ်မ..”
‘ထိုင်လေ...”
“ကျွန်တော် မဟုတ်ဘူး..ကျွန်တော့် ဇနီးလောင်းပါ..”
ဒီ ဇနီးလောင်းဆိုတာချည်းပဲ လိုက်ပြောနေတော့တာ...
ကိုယ်၀တ်စားထားတာ သူ့ ၀န်ထမ်း ပုံစံသာ...။
သစ်မှာ ခေါင်းကုတ်ရမလိုလို မျက်နှာကွယ်ရမလိုလို ဖြစ်နေသည်..။
“တကယ်...”
“အင်း...”
“နေပါအုံး...မိဘပေးစားတာလား..ကိုယ်တိုင်ရှာဖွေ..”
“ကိုယ်တိုင် အိမ်တိုင်ရာရောက် ရှာဖွေ ထားရတာပါ...”
“တော်တယ်ကွာ..”
“ထိုင်လေ...ညီမ..”
“ဟုတ်..”
သစ် ခုံမှာ ထိုင်လိုက်တော့ ဆံပင် တစ်ခေါင်းလုံး ကောက်ထားတဲ့ အမျိုး သမီးက သစ် ဆံပင်ကို လက်နဲ့ ကိုင်ကြည့်သည်..။
“ဆံပင်ကပါးတော့ မဖြောင့်ပါနဲ့ အစ်မ...ပွဲတက် အလိတ်မျိုးလေး လုပ်ပေးပါ....”
“အင်း...”
“မျက်နှာ လုံးတော့ နားသယ်စလေးတွေကို အခွေလေး လုပ်ပေးရင် ပိုကောင်းမယ်နော်..နောက်ပိုင်းက ချရင် ကျောလယ်လောက် ဆိုတော့ အောက်ပိုင်းမှာ လှိုင်းပိုထည့်ရမယ် ထင်တယ်..”
“အမလေး ဗီဂါ ရယ် နင်လာလုပ်လိုက်ပါလား....”
ဆံပင်ညှပ်မဲ့သူ ပြောစရာ ဖြစ်တော့မှ ခြေချိတ်ထိုင်ပြီး စာအုပ်တစ်အုပ်ကို ဆွဲယူကြည့်သည်..။
“ရှေ့ဆံပင်လေးတွေ တိပြီး နောက်ကို သုံးဆင့် ညှပ်..”
‘ဟာ...မညှပ်ဘူးနော်...လုံး၀မရဘူး..ကတ်ကြေး မပါနဲ့..”
‘ဟယ်..ဒါဆို...ဘယ်လို ပုံသွင်းမလည်း..”
“အစ်မ လုပ်တက်ပါတယ်...”
“အမလေးနော်....စိတ်ညစ်လိုက်တာ ပင်ပန်းအုံးမယ်....နင် ကလေ...”
သူ့ ကို လက်ညိုးထိုး ပြောတာတောင် ပခုံးတွန့် ပြပြီး မခန့်လေးစား စာအုပ်ဖတ်နေပေမဲ့ သစ်မှာ ကြားထဲက အားနာနေရသည်..။
ခေါင်းလျှော်ပြီးတာနဲ့ လူက မျက်လုံးစင်းလာပြီ...။
သစ့် ခေါင်းကို ကိုင်နေကြတော့ ပိုလို့ အိပ်ချင်လာခါ မျက်လုံး က ဘယ်လို ပြူးထားထား ပ်ိတ်ကျသာ သွားသည်..။
“အို..”
“ဟင်..”
ဗီဂါ ဖက်ရှင် စာအုပ် ဖတ်နေချိန် ရှေ့က အစ်မ အသံကြောင့် မော့ကြည့်လိုက်တော့ ခေါင်းဆိုက် အိပ်ပျော်နေပြီ..။
စာအုပ်ကို ဘေးမှာ ချပြီး ဆံပင်ညှပ်ခုံ အနားဆီလျှောက်သွားလိုက်ရသည်..။
“တကယ် အိပ်ပျော်နေတာ...ကောင်မလေး ကို ခေါ်လိုက်မယ်..”
“နေပါ ကျွန်တော် ကိုင်ပေးမယ်..”
“ဟယ်...မဟုတ်တာ..”
“ရပါတယ်..”
ဗီဂါ နားထင် နေရာကို လက်နှစ်ဖက် နဲ့ ဆွဲယူပြီး ထိန်းကိုင် ပေးထားလိုက်သည်..။
မျက်တောင်ဖျားလေးတွေ အလွှာချပ် တစ်ခုလို ဖြစ်နေခါ အိပ်ပျော်နေတာတောင် မျက်ခုံးက တွန့်ချင်နေသည်..။
နှုတ်ခမ်း ပါးကို နှုတ်စွာတဲ့ သူတွေ ပိုင်ဆိုင်ထားတက်ပေမဲ့...မ ကျတော့ ရယ်ဖို့ပဲ အသုံးပြုနေတာမလား..။
ဒီ မျက်နှာလေး ကို ဘယ် အချိန်ကတည်း က စွဲလမ်းခဲ့မိတာပါလိမ့်...။
မ အိမ်ပေါ်ရောက်လာတာ အလုပ်ကိစ္စပေမဲ့ မရဲ့ သနားတက်လွန်းတဲ့ စိတ် နဲ့ ရိုးသားဖြူစင်တဲ့ စိတ်ကြောင့် ပိုချစ်မိတာ ဖြစ်မည်..။
ဗီဂါ ရောက်သွားတဲ့ ညက ဆေးမပါပဲ ခေါင်းကိုက်ပြီး ကြောက်နေခဲ့တာ... နဖူးပေါ်ရောက်လာတဲ့ မ ရဲ့ လက်ကတစ်ဆင့် ဝေဒနာတွေ သက်သာ ကုန်ရသည်..။
ဟုတ်တယ်...အဲဒီ့ အထိအတွေ့က စလို့ ရင်ခုန် မိသွားတာပါ ...
ချစ်ပါတယ် လို့ ပြောလိုက်တဲ့ အကြိမ်တိုင်းမှာ မုသား မပါခဲ့ပါဘူး မ ရယ်..။
ဆံပင်လုပ်တာ ရှေ့ပိုင်း ရောက်လာတော့ ဗီဂါ ဘေးဘက်ကို သွား လိုက်ရသည်..။
“ကြာနေပြီ ရလား..”
“အင်း...လုပ်ပါ...”
“ရှေ့မှာ ထိုင်လိုက် .”
“အင်း..”
“အ...”
သစ် နားထဲ စကားသံလိုလို ကြားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တာ မျက်နှာရှေ့မှာ သူ ဖြစ်နေသည်..။
အိမ်ပြန်ရောက်သွားပြီလား..။
သစ် ဘေးကို လက်ဖောင်းဖောင်းလေး ရောက်လာတော့ ကြည့်လိုက်တာ ဆူးလိတ် ကိုင်ထားတဲ့ ကောင်မလေးက ပြုံးစေ့စေ့ ရုပ်လုပ်နေသည်..။
သူ ဘာလုပ်တာလည်း...
“ကဲ...ရပြီ..ဗီဂါ လက်ကို massage ပေးလိုက်..”
“ရတယ်..”
“နာရီ၀က်လောက် ကိုင်ထားရတာ ညောင်းနေမှာပေါ့..”
“မညောင်း ပါဘူး..အစ်မ...”
“ညီ မ ခေါင်းလျှော်ပြီးရင် ပြီးပြီနော် သိလား..”
“ဟုတ်...အိပ်ပျော်သွားတယ်...”
“သူများတွေ များ အားကျလိုက်တာ ဆံပင်ပြင်ရင်း အိပ်ပျော်လည်း အေးဆေးပဲ...”
သစ် နားမလည် လို့ မှန်ထဲ ကြည့်လိုက်တော့ စာအုပ်ကို မြှောက်ကိုင်ပြီး ကွယ်ထားတာ ရယ်နေတာ မလား..။
“ အစ်မ လာပါ...”
ကောင်မလေး တစ်ယောက်ခေါ် တဲ့ ဆီ လိုက်သွားပြီး ခေါင်းလျှော်ဖို့ လုပ်ရသည်..။
“အစ်မ အိပ်ပျော်နေတာ ချစ်စရာလေး..”
“ဟမ်..”
သစ် မျက်လုံး စုံမှိတ်ထားရာက ဖျက်ကနဲ့ ဖွင့်သွား ရသည်...။
“ဟို အစ်ကို က လေ အစ်မ ခေါင်းကို ကိုင်ပေးထားပြီး ပြုံးနေတာပဲ..တော်တော် ချစ်လို့ဖြစ်မယ်နော်...”
“အဲဒါ...”
သစ် အိပ်ပျော်နေတာ ကို သူက ကြည့်ပြီး ရယ်နေတာ...
လူကို အရှက်ခွဲတာ ..အခုတော့ ကောင်မလေး ပေါက်စတွေတောင် လှောင်ကုန်ကြပြီလေ...။
“သမီးတို့ ကိုရီးယားကားထဲက မင်းသား မင်းသမီး ထိုင်ကြည့်နေသလိုပဲသိလား ဟီး..”
“သူ ကိုင်ထားရတာလား...”
“အင်းလေ...သမီးတို့ကိုင်မယ်ဆိုတာ လက်မခံဘူး အစ်မ ခေါင်းကို ထိန်းကိုင်ထားရတာပေါ့...နာရီ၀က်လောက်ကြာတယ်..လက်တွေ ညောင်းကုန်ပြီလား မသိဘူး...တော်တော် ကြင်နာတဲ့ အစ်ကိုကြီး..သမီးတို့ ဒါမျိုး ကို ရုပ်ရှင်ထဲပဲ မြင်ဖူးတာ....”
“အဟား...အဲလိုပဲ..”
ကောင်မလေး စကားကို ထောက်ခံသလို ဖြစ်သွားပေမဲ့...ဘာကို ရည်ညွန်းဆိုလိုက်မိတာလည်း ကိုယ်တိုင်သာ သိပါသည်..။
တစ်ချိန်က သူ့ အကြင်နာ အယုအယ တွေကို အချစ်စစ်ရဲ့ သင်္ကေတ လို့ အထင်မှားခဲ့ရသည်..။
အခုတော့...။
“ရြ့ပီ အစ်မ...အခြောက်ခံပေးမယ်နော်..”
သစ် ဆံပင်ကို တာဝါ ပတ်ပြီး ထွက်လာတော့ သူ က စာအုပ်ကနေ တစ်ချက် မျက်လုံး ပင့်ကြည့်သည်..။
လူတကာရှေ့မှာတော့ ချစ်တက်သူကြီးပေါ့လေ....
သစ်ရဲ့ အိမ်မက်ထဲက စိတ်ကူးယဉ် မင်းသားလေးလိုပါပဲ...အလိုလိုက် အကြိုက်လိုက်...စေလိုရာစေ ပုံစံ မျိုး...။
လက်တွေ့မှာတော့ အတိတ်ဆိုးတွေကြောင့် သူ က သစ် အတွက် ဘီလူးခေါင်းနဲ့ မင်းသား...။
“ဒါ မ အတွက် ကျွန်တော့် ရဲ့ အချစ်တဲ့လား ...ကွယ်ရာမှာ သာတဲ့ ကျွန်တော့်🎼 အတွက်လမင်းလား..မရယ်...ကွယ်ဝှက်မထားပါနဲ့..တကယ် မချစ်နိုင်လည်း.🎼.ဟန်မဆောင်ပဲနဲ့..ဖွင့်ပြောပြီး မုန်းနိုင်တယ်...ကျွန်တော်နေရစ်ခဲ့ပါ့မယ်..မချစ်ပဲနဲ့ မြိုသိပ်လို့ နမ်းရင် မ ပင်ပန်းလိုက်မယ်.🎼.နောက်ဆုံး..🎼”
ဖုန်းသံ မြည်လာချိန် မှန် ထဲက မျက်၀န်း နှစ်စုံ အကြည့်တွေ ကျလာတော့ ဗီဂါ အိတ်ထဲက အမြန်ထုတ်ပြီး ကိုင်လိုက်ရသည်..။
“ဆရာ..ကျွန်တော် မျိုးဝေပါ..”
“အင်း..ပြော...”
“ဟို ငွေဆောင် ကိစ္စ သိရပြီ ဆရာ...သီရီ ဆိုတဲ့ အကောင့် က ဧည့်သည် အကောင့် မဟုတ်ဘူးဆရာ..အကောင့်တုပါ...ခရီးသွား ဘလော့ဂါ ပုံစံလို လုပ်ထားတာ အားလုံးကလည်း ကော်ပီတွေပါပဲ...ဟိုတယ်ကိုပဲ ပစ်မှတ်ထားပြီး မှတ်ချက် ဆိုးဆိုးတွေ ပေးနေတာပါ ဖစ်ရှယ် ၀က်ဘ်ဆိုဒ် တွေမှ ရီဗျူး ပို့စ်တွေက အဆိုးဘက်ကချည်းပဲ ဆရာ...”
တော်တော် ဆိုးဝါးပါလား...ဟိုတယ်ကို သရဲခြောက်ပါတယ် ဆိုတာ တစ်မျိုး..၀န်ဆောင်မှု မကောင်းဘူးဆိုတာ တစ်မျိုး..အစားအသောက်ပိုင်းကို တစ်မျိုး အမျိုးမျိုး ဝေဖန်နေတာ တရားစွဲသင့်နေပြီ...။
ဗီဂါ ဒေါသထွက်လို့ စိတ်အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်ပြီး
“ဘာသိသေးလည်း..”
“ကျွန်တော် နောက်ကွယ်က ကြိုးကိုင်တဲ့သူ သိရအောင် အကောင့် ပိုင်ရှင်ကို စုံစမ်းခဲ့ပါတယ်...”
“ သိပြီလား.”
“ဟုတ်ကဲ့...”
“ဘယ်သူလည်း..”
“ဟို...ဟို...အဲဒါ......အစ်မ...ရွက်သစ်ဝေပါ “
ဗီဂါ တွန့်ကုတ်နေတဲ့ မျက်ခုံး ပြန်ကျသွားပြီး မော့ကြည့်လိုက်တော့ မျက်လုံး ဝုိင်းတွေ နဲ့ အကြည့်ဆုံသွားပြီး နှုတ်ခမ်းတစ်စုံ မှာ ပြုံးရိပ်တင်သွားရသည်..။
“အင်း..ရပြီ...”
ဖုန်းချပြီး ရှေ့ မှန်ထဲ သေချာ ကြည့်လိုက်တော့ ဆံပင် ပုံစံ တစ်မျိုးလေးနဲ့ ပိုလှသွားသလိုပင်...။
မ မှာ အရမ်းတော်တဲ့ အရည်အချင်းတွေ ရှိတယ်..။
ဒါကို မောင့် ကို လက်စားချေဖို့ အတွက်ချည်း ချသုံးနေတော့ မှာလား မရယ်..။
အရည်အချင်းတွေ ရှိပေမဲ့ မ ပေါ့ဆတော့ မောင် ပြန်သိရတယ်လေ....။
မ ရဲ့ ရန်ငြိုးတွေ ကျေမဲ့ တစ်နေ့ကို မောင် စိတ်ရှည်လက်ရှည်နဲ့ စောင့်နေပါ့မယ်...။☆✼★━━━━━━━━━━━━★✼☆。
နောက်ကျသွားတယ် ဆောရီးပါ 😁🙏
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

YOU ARE READING
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...