Part 2

7.3K 252 2
                                    

1543
အပိုင်း (၂)
#1543

“What Happen...”
“We have a  Problem..”
“Where Dad...”
“...”
သူတို့ အလုပ်မအားတဲ့ကြားက  လက်ညိုး ညွန်ပြတဲ့ အစည်းအဝေး ခန်းမဘက်ကို သာ ခပ်သွက်သွက် လျှောက်လာလိုက်ရသည်..။
“Dad...”
“Not Now...”
“OK...Sorry...”
တံခါးကို သေချာ ပြန်ပိတ်ပြီး  အ၀ မှာ ရပ်ရင်း နှုတ်ခမ်းပါ ကိုက် ထားမိသည်..။
ဘာတွေ ဒီလောက် ဒေါသ ထွက်နေပါလိမ့်...။
ဗီဂါ နံရံ ကို မှီရပ်သား ဘောင်းဘီ အိတ်ထဲ လက်နှိုက်ပြီး ဖြစ်နေနိုင်တာတွေ စဉ်းစား ကြည့်မိသည်..။
ပြသာ နာတက်စရာ အကြောင်း တစ်ခုမှ လည်း စဉ်းစားလို့ မရသည့် အခြေအနေ...။
ဟိုတယ် လုပ်ငန်းကလည်း သူ့ဟာသူ လည်ပတ်နေတာပဲ...။
မြန်မာ နိုင်ငံက အလုပ်တွေမှာ များ ပြသာနာ တက်နေလို့လား...။
အစည်းအဝေး ခန်းမ ထဲက အန်ကယ် ဂျိုးဇက် နဲ့ အတူ လူ ငါးယောက်လောက် ထွက်သွားတော့မှ ဒက်ဒီ့ ရဲ့ သက်ပြင်းချသံ ကြားလိုက်ရသည်..။
“ဒေါက်..ဒေါက်...”
“၀င်ခဲ့..ဗီဂါ...”
ဗီဂါ တံခါးဖွင့် ၀င်လိုက်တော့ ဒက်ဒီ့ ကုလားတိုင်မှာ ခေါင်းလှန်ပြီး မျက်လုံး စုံမှိတ်ထားသည်..။
“ဘာ ပြသာနာရှိလို့လည်း..ဒက်ဒီ..”
“ဂျိုးဇက် ကုမ္ပဏီ ဆေးသုသေတန လုပ်ထားတဲ့ ဒယ်လ်တာ တွေ အဟက်ခံလိုက်ရတယ်..”
“ဟမ်...ဘယ်တုန်းကလည်း..”
“ည..”
“အုး..သူတို့ လုံခြုံရေးကလည်း...ပေါ့လိုက်တာ...”
“ဟူး..ဒီလိုပဲပြော ရတော့မယ်..”
ဒက်ဒိ က ကုလားထိုင် ကို တစ်ပတ် လှည့်လိုက်ပြီး ဘောပင် ကောက်ခါ လက်လှည့် ကစား နေသည်..။
“တစ်ယောက်ယောက် ငှားပြီး ပြန်ယူလိုက်ရင်ကော..”
“မရဘူး.ဖျက်ပြီး ယူသွားတာ...တစ်ခုပဲ ရှိတော့တယ်....ကံကောင်းတော့ ဒလ်ယ်တာ Run  ချိန်မှာ တည် တစ်နေရာ တစ်ချက်ပြသွားတယ်...”
“အိုး..ကောင်းတာပေါ့...ဘယ်နေရာလည်း...”
ဒက်ဒီ က သူ့ရှေ့က ပရောဂျက်တာ ဘေး ခလုပ် ကို  နှိပ်လိုက်ချိန် ပေါ်လာတာ မြေပုံ တစ်ခု...။
အနီ စက်ကလေးကို တဖြည်းဖြည်း ချဲ့သွားရင်း...
“ရန်ကုန်...”
“ရက်စ်..”
“ဘယ်လို ဖြစ်နိုင်မှာလည်း..”
“ငါလည်း မမှီဘူးဖြစ်နေတယ်...တစ်ခု ရှိတာ..သူတို့က အဖွဲ့နဲ့ ဖြစ်ဖို့များတယ်...ဒီဘက်က စံု့စမ်းပြီးသလောက်တော့ IC1101 ဆိုတဲ့ အဖွဲ့ ရှိတယ်..”
“အဲတာ...”
“အဖွဲ့၀င်တွေက နိုင်ငံမတူဘူး..ဘောလုံး ကစားသလိုပေါ့ကွာ..အာရုံပြောင်းအောင် လုပ်ဖို့ လွယ်တယ်...ကိုယ်ပိုင် နက်ခ်ဝေါ့ပိုင်းတွေလည်း တူတူပဲ...မြန်မာ နိုင်ငံက ဒါမျိုး ဆိုက်ဘာ ဥပဒေ ရှိရဲ့လားတောင် မသိဘူး..ဒီတော့ မထင်လောက်တဲ့ နိုင်ငံ ကို အသုံးချလိုက်တာပဲ...”
“ဒါပေမဲ့ သူတို့လူ ရှိလို့ပေါ့..”
“မသေချာဘူး..ဒါပေမဲ့ ဂျိုးဇက်ကတော့ တော်တော် စိတ်ပူနေတယ်..သူ့ ဆီက အချက်အလက် ယူပြီး အရည်အသွေးမမှီတဲ့ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီ တွေ ရှိတယ်လို့ ပြောတယ်.....”
“ဒီ အခြေအနေ ဆို ရန်ကုန်မှာပဲ ရှိသေးတာပဲ စိတ်သိပ်မပူပါနဲ့လို့ ပြောလိုက်ပါ..ကျွန်တော် စုံစမ်းကြည့်ပါအုံးမယ်..”
“အိုကေ....”
ဒက်ဒီ ဆီက ပြန်ထွက်လာတော့ တာ၀န် တစ်ခုက တိုးလာပြန်ပါပြီ...။
ဟူး...။
“Are You Ok Sir..”
အလိုက်သိတက်လွန်းတဲ့ လက်ထောက်မလေး မာရီနာ က လက်ထဲက ကော်ဖီ ဘူးနဲ့ ဖိုင်ထပ်ကို ချရင်းမေးလိုက်တော့ ဗီဂါ သဘောကျစွာ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်..။
“Sir...”
“Yes..”
“ Here.”
ရှေ့ကို ရောက်လာတဲ့ လေယာဉ် လက်မှတ်ကို ကောက်ယူပြီး ကြည့်လိုက်တော့ စိတ်က မောလာရသည်..။
“Take care..”
“You too...”
လက်ထောက် မက ရည်းစား မကျသည့် မာရီနာ က လည်ပင်းကို သိုင်းဖက်ပြီး  ပါးကိုနမ်းခါ နှုတ်ဆက်သွားတော့ ပိုမောရသည်..။
ဆံပင် ရွှေအိုရောင် အခွေ အလိတ် ကလေးတွေ နဲ့ ကိုယ်နေဟန်ထား စမတ်ကျတဲ့ လက်ထောက်ကလေး နဲ့ ခွဲရမှာတော့ စိတ်ထဲ လွမ်းချင်ချင်...။
အပြုံး တစ်ခုနဲ့ အတူ နူးညံ့ ညင်သာတဲ့ အပြောလေးတွေက ဖြူစင်တဲ့ မျက်နှာလေးနဲ့ ပိုလိုက်ဖက်သည်..။
မာရီနာ ကို ချစ်ခွင့် ပန်ဖို့ထက် လက်ထပ် ခွင့် တောင်းနိုင်ဖို့သာ ဦးစားပေးစဉ်းစား ထားသလို ဒက်ဒီ နဲ့လည်း တိုင်ပင်ပြီးသားမို့ အားလုံး အိုကေနေပါပြီ...။
ပြန်လာပြီး တာနဲ့ မာရီနာ ကို ချစ်ခွင့်ပန်ပြီး ပရပို့စ် လုပ်လိုက်တော့မည်...။
စားပွဲ အံဆွဲထဲက စိန်လက်စွပ် ကလေးကတော့ ဖုန်တောင် တက်ချင်နေပြီ..။
ဗီဂါ လက်စွပ် ဘူးလေးကို ထုတ်ကြည့်ပြီး အနာဂတ်ရဲ့ သာယာလှပတဲ့နေ့ အကြောင်း စိတ်ကူးယဉ် ပုံဖော် ကြည့်မိသည်..။
“.ဒက္ဒီ..”
“မင်း..ဟိုရောက်ရင် ဖုန်းပြန်ဆက်နော်...အိမ် သစ်မှာပဲ နေဖို့ စီစဉ်ထားတယ်...အိမ်ဟောင်း သံရုံးကို ပေးထားတယ်..”
“ဟုတ်ကဲ့..”
“အိုကေ...ဘိုင်..”
“ဘိုင်..ဒက်..”
ဗီဂါ ဖုန်းချပြီး မျက်မှန် ပြန်ကောက်၀တ်လိုက်ခါ လော့ဂတ်ကို ဆွဲထုတ်လာလိုက်သည်..။
အသုံးအဆောင် ပစ္စည်းသာဆို သယ်နေစရာ မလို အခုက အဲလက်ထရောနစ်  ပစ္စည်းတွေ သီးသန့် သယ်လာရသည်..။
“Mr.Vega.”
“Yes..”
“Welcome ...”
လေယာဉ်မယ်လေး ဦးဆောင်ခေါ်သွားတဲ့ သီးသန့် နေရာကို  လိုက်သွားရသည်..။
သုံးနာရီကျော် လေယာဉ် စီးပြီးတဲ့ နောက်တော့ မြန်မာလေဆိပ်ကို ဆိုက်ရောက်ရ၏..။
“တော်တော် ပြောင်းလဲ သွားတာပဲ...”
အိတ်ကို လေယာဉ်ကနေ အိမ်ကို တန်းပို့ပေးဖို့ မှာထားလို့ အထွက်မှာ ကိုယ်ချည်း သပ်သပ် ဖြစ်နေရသည်..။
“ဝူး..”
“အကို ..ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်လို့ရမလား..”
“ခင်ဗျာ..”
“မော်ဒယ်..လင်း...မလား..”
“မဟုတ်ပါဘူး..”
ဗီဂါ ပြောလိုက်ပြီး သေချာအောင် မျက်မှန်ပါ ချွတ်ပစ်လိုက်ရသည်..။
“သြ...ဆောရီးနော်...အလင်း ထက် ပိုချောတယ်...”
“ဟမ်...”
“သွားပြီနော်..တာ့တာ...”
“ဟုတ်ကဲ့..”
လက်ပြနှုတ်ဆက် သွားတဲ့ ကောင်မလေးတွေကို လက်ပြန်ပြ ပြီး ခပ်သုတ်သုတ် ထွက်လာခဲ့ရသည်..။
မြန်မာနိုင်ငံက  ကောင်မလေးတွေ ပိုရဲ လာသလို ပင်..။
“မစ္စတာ ဗီဂါ..”
“ဟေ့..ဘုန်းမင်း...”
“ဟဲ..ဟဲ...ဟုတ်ပါတယ်...ခင်ဗျာ...”
လူ မမြင်ခင် သွားကို အရင်မြင်ရအောင် ရယ်ပြနေတဲ့ ဘုန်းမင်းကို  ဗီဂါ ပခုံး ဖက်ပစ်လိုက်ပြီး...
“တွေ့တာနဲ့ စပ်ဖြဲဖြဲ ...”
“ဟီး..ပျော်လို့ပါ...မတွေ့ရတာ လေးနှစ်ကျော်တောင် ရှိပြီနော်..သခင်လေး..”
“ဟုတ်တယ်...မင်းကတော့ ဒီအရပ် ဒီအရွယ်ပဲ...”
“သခင်လေးကတော့ တော်တော် ရှည်လာတယ်..”
“ဘာ..”
“လူလည်း တော်တော် ချောလာပါတယ်...”
“ဟား..ဟား..ဟုတ်ပါပြီ....သွားမယ်လေ..ကား ဘယ်မှာလည်း..”
“ဒီမှာပါ သခင်လေး..”
“အိုး..ဆက်ဖ် အဟောင်းကြီး...ကားကောင်းကောင်း တစ်စီးတောင် မချန်ထားဘူး...ဒက် ကတော့ လွန်တယ်ကွာ....”
“လာပါ သခင်လေးရယ်..”
တံခါးဖွင့် ကြိုနေလို့သာ တက်ခဲ့လိုက်ရတာ ဒက်ဒီကိုတော့ သိပ်မကျေနပ်ချင်...။
“တော် သေးတာပေါ့ အိမ်က အိမ်နဲ့ တူသေးလို့..”
“အမလေး..အိမ်မဟုတ်ပါဘူးဗျာ..နန်းတော် ကြီးပါ...”
“ရှေ့မှာ ရေပန်းဥယျာဉ် လုပ်ထားတာ လမ်းသွားလမ်းလာတွေတောင် တံခါးက ချောင်းကြည့်ကြတယ်..”
“သန့် ရှင်းရေး ၀န်ထမ်းတွေချည်း ထားရတာ နည်းတာ မဟုတ်ဘူး...”
“ကဲ.. ခဏနားမယ်...ပြီးရင် သူခိုး အကြောင်းတွေ သိချင်တယ်...စုံစမ်းထားပေး..”
‘ရက်စ်ဆာ...”
ဘုန်းမင်း အလေးပြုပြီး အခန်းတံခါးပိတ်ခါ မီးဖိုဆောင်ကြီး ဘက်ကို လျှောက်လာခဲ့လိုက်သည်.။
“အမလေး...ကို ဘုန်းမင်းတို့ .သူ့ သခင် ပြန်လာတော့ မြောက်ကြွနေတာပဲ..”
“အေးလေ...မဟုတ်ရင် ငါ ပျင်းနေတာဟ.....နင် တို့  အလုပ်မခိုနေနဲ့ မြန်မြန်လုပ် သခင်လေး ဗိုက်ဆာတယ်ဆိုရင် ခက်လိမ့်အုံးမယ်...”
“ဟုတ်ပါပြီရှင်...”
ဘုန်းမင်း စိတ်ကလေး သာယာ ကြည်နူးစွာဖြင့် အိမ်ရှေ့ ရေကန်ကြီး ကို တစ်ချက်သွားကြည့်သည်..။
ဟုတ်ပါတယ်...ဒီလို ရေကန်မျိုး အရင် အိမ်ဟောင်းမှာလည်း ရှိခဲ့ဖူးသည်...။
ဒီရေကန်ကြီး ထဲ ၀င်ဆေးရင်း အရပ်မမှီ ရေနှစ်သည့် ဘုန်းမင်းကို သခင်လေးသာ အချိန်မှီ မကယ်ရင် အခုလောက်ဆို ဘယ်ဘုံဘ၀ ရောက်နေမည်ကို မတွေးဝံ့စရာပင်...။
“ဘုန်းမင်း..”
“ဗျာ..”
“ငါ ရှာခိုင်းထားတဲ့ အချက်အလက်တွေ ရပြိ လား..”
“ဟုတ်ကဲ့...ဒါပေမဲ့...”
သခင်လေးက မျက်မှောင်ကြုတ် လက်ပိုက်ပြီး နံရံ မှာ ပခုံးမိခါ
“ဒါပေမဲ့ ရဲ့ နောက်မှာ မရသေးပါဘူး ပါလာမှာမလား..”
“မဟုတ်ပါဘူး..မဟုတ်ပါဘူး..သခင် လေးက ခရီးက ရောက်ခါစ ကို ဘာလို့ လောနေတာလည်း မနက်ဖြန်လည်း လုပ်လို့ရတယ်လေ...သခင်လေးရဲ့...”
“မဖြစ်ပါဘူးကွာ...ငါ့ နှလုံးသားက စင်ကာပူမှာ ကျန်ခဲ့ပြီ...”
“ဗျာ..”
“မင်းကလည်း အလန့်တကြား..”
“သခင် လေး ကျန်းမာရေးမကောင်းလို့ နှလုံးစက် တပ်ထားရတာ ကျွန်တာ် မသိဘူးရယ်..အဖြစ်ဆိုးလိုက်တာ သခင်လေးရယ်..”
“ဟာကွာ...ငါ့ချစ်သူ ကို ထားခဲ့ရတယ်လို့ ပြောနေတာကွ...ကျစ်...ဖိုင်တွေပေး မြန်မြန်..”
သခင်လေးက ကုလားထိုင်ကို တစ်ပတ်လှည့်ပြီး လက်ဖြန့် တောင်းတော့ ဘုန်းမင်းလည်း မနေနိုင်တော့လို့ ဖိုင်လိုက်ပေးလိုက်ရသည်..။
“သေချာရဲ့လား..”
ဖိုင်ကို ဆွဲလှန်ပြီး ဓာတ်ပုံကြည့်ပြီးတာနဲ့ ဒီမေးခွန်းချည်းပဲ ထွက်လာတာမှာ ကြိုသိနေသည်..။
“ဟုတ်ကဲ့...”
ဘုန်းမင်း ခေါင်းညိတ်ပြီး အဖြေပေးတော့ သခင်လေးရဲ့ မထူမပါးပဲ ခပ်ထင်းထင်း ဖြစ်နေသည့် မျက်ခုံးတွေ တွန့်တက်ခါ စာရွက်တွေ ကို ထပ်လှန်ကြည့်သည်..။
ဆံပင် ပုံသွင်းထားတက်ပေမဲ့ ရေချိုးပြီးစမို့ နဖူးပေါ် ဟိုတစ် ဒီတစ်စ ဝဲကျနေပုံကိုသာ နွဲ့လေး မြင်ရင် ရူးသွားမည်ထင်သည်..။
“ဟဲ့...ဘုန်းမင်း..နင့် သခင်လေးက ချောလိုက်တာမှုံလို့ဟယ်...မင်းသားအတိုင်းပဲနော်..နှာတံမြှင့်မြင့် အကြည့်စူးစူးတွေ က ရင်ခုန်ချင်စရာ..နိုင်ငံခြားမှာ အနေကြာလို့ လား မသိဘူး..မျက်လုံးက နီညိုဘက်ကိုတောင် ကူးနေပြီ...”
“အသားဖြူတာကလည်း မိန်းကလေး တောင် ရှုံးရမယ်နော်..”
ပန်းကန်တွေ ရေသုတ်ရင်း မိငယ်နဲ့ နွဲ့ က ဘုန်းမင်းကို မပြတ်တမ်း လက်ကုတ်ပြီး မေးလိုက် ပြောလိုက် ရူးကုန်ကြပြီလေ...။
“ဟေ့ကောင်..ငါပြောနေတယ်လေ..”
“ဘယ်ပြောတာလည်းဟင်..”
“ကြောင်တောင်တောင် နဲ့ကွာ...မင်းတွေ့ဖူးလားလို့..”
“ဟုတ်ကဲ့ နှစ်ခါ တွေ့ဖူးပါတယ်...တစ်ခါက.....”
ဘုန်းမင်း သခင်လေး စုံစမ်းခိုင်းတဲ့ အတိုင်းနေရပ်လိပ်စာ စုံစမ်း ပြီးတဲ့နောက်နေ့ မှာ သူ့နောက်ကို ကားနဲ့ နောက်ယောင်ခံလိုက်ရသည်...။
စကားပြောကြည့်ထားဆိုသောကြောင့်...
“မင်္ဂလာပါရှင်...ဗျူးတီးမစ် ကောင်တာမှ ကြိုဆိုပါတယ်...ဘာများ လိုအပ်ပါသလည်းရှင်..”
ကောင်တာ က ကောင်မလေးက နူးညံ့ ညင်သာ စွာနဲ့ ကြိုဆိုနေပေမဲ့ ကိုယ် စကားပြောရမှာ သူမှ မဟုတ်တာ...
“ဟို..အစ်မကြီးကိုပါ..”
“ရှင်..”
“သြော်..မှားလို့..ဟို တစ်ခါက ဟို အစ်မကြီး ပြပေးတာ ကောင်းလို့ပါ..”
“ရှင်...”
“သြော်...ပစ္စည်းပြတာလေ...ဟာ...
ခေါင်းလျှော်ရည်ပြောတာပါ...”
“ဟုတ်ကဲ့...မရွက်သစ်ဝေရေ..ဒီမှာ ပစ္စည်းလေးပြပါအုံး..”
“ဟမ်...ငါလား..”
စကပ်ဒူးအုပ် နဲ့ မလိုက်အောင် အရပ်ကလည်း ရှည်လိုက်တာ ဒီကြားထဲ ဒေါက်မြှင့် က စီးထားတော့ သာပိုလို့ ရှည်နေသည်..။
“ကောင်လေး ဘာယူမလည်း..”
“ခေါင်းလျှော်ရည်ပါ..”
“အိုး.ခေါင်းလျှော်ရည်လား..လာ..လာ...လာ.
..ဒီဘက်လာ...အေးဆေး ပြပေးမယ်..”
လူကို ဆွဲလား ရမ်းလား လုပ်ပြီး ခေါင်းလျှော်ရည် ဘူးတွေ တင်ထားတဲ့နေရာကို ခေါ်သွားသည်...။
“ဟား..ဟား...ကောင်လေးက လည်း ပုတယ်နော်...လူပု စိတ်တိုဆိုတာ ရှိထားတော့...ဒီမှာဂျက်စမင်နံ့ သင်းသင်းလေး သုံးကြည့်ပါလား..အဟား...လန်းဆန်းသွားမယ်..
.သြ...သြ...ဒီမှာ လီမွန်နံ့လေးက စိတ်ကို ကြည်လင်စေတယ်...ဗီတာမင်စီ ပါလို့ ပိုကောင်းတယ်...အဟက်.ဟက်...သြ..နေပါအုံး...ဒါလေးက အသစ်ထုတ်ထားတဲ့ ဖော်မန်းလေ...အနံ့လေးကို ရှုကြည့်လိုက် ညို့အားပြင်းတဲ့...ချာလီ ရေမွှေးနံ့လေး ဒါလေးသာ သုံးသွားလို့ကတော့..အားပါး...တစ်နေ့ကုန် ကောင်မလေးတွေ ဝိုင်းလည်နေမှာသလား...ဟား..”
“ဟိ...ဟား..ဟ....ကျွန်တော် မ၀ယ်သေးပါဘူး..”
“တေနာလေး..”
“ခင်ဗျာ..”
“သြ..တင်နာနံ့လေးလည်း ရှိတယ်လို့ပါ...နောက်လည်း လာလည်နော်..”
“ဟုတ်ကဲ့...”
“ကျွန်တော် ပြန်ပြေးလာတာ မြန်ပေလို့..မဟုတ်ရင်..ကျွန်တော်လည်း မောင် ဟား..ဟား..ဖြစ်တော့မလို့သလား..”
“ဟား...ဟား...မင်းပြောပုံအရဆို..ဒီ မိန်းမက အပျိုကြီး အရူးမပေါ့...”
“ဟုတ်ပါတယ်...သခင်လေးရယ်...တစ်ခါက အဝေးက လိုက်ကြည့်တာပါ နောက်တစ်ခါကတော့ ပြေးရတာ တန်းလို့..”
“ဒီပုံစံ ဆို လိုက်ကပ်ဖို့ ခက်ပြီကွ...ငါ့ အထင် အထူးတန်း အဆင့်ပဲ...တစ်ချို့ ဟက်ကာတွေက လုံခြုံမှုရှိအောင် ပုန်းနေပေမဲ့..တစ်ချို့ကျတော့ လော အရ...မကြောက်ကြဘူး..တူး လိုက်ဖ် တူး တိုက်ဖ် ပုံစံ မျိုးနေကြတယ်...သူလည်း ဒီလိုပဲနေမှာ...ပေါကြောင်ကြောင် အသက်ကြီးကြီး မိန်းမ ကြီး ကို ဘယ်သူက ဟက်ကာလို့ထင်မှာလည်း..မဆိုးပါဘူး..တို့ ပြိုင်ဘက်က ပြိုင်ဘက် အရည်အချင်း ရှိတယ်...”
“ဒါ ဘာလုပ်တဲ့ ကုမ္ပဏီလည်း...”
“ခေါင်းလျှော်ရည်နဲ့ ရေချိုးဆပ်ပြာရည် ထုတ်တဲ့ ကုမ္ပဏီပါ...”
“သြော်...အေးပေါ့လေ...ငွေကြေး အခက် အခဲဖြစ်လို့နေမှာပေါ့...အသက်က ၂၈ နာမည် က ရွက်သစ်ဝေ ပညာအရည်အချင်း ..ဘာလည်း...ဒါ..၀ဇီ.”
“ဝိဇ္ဇာပါသခင်လေးရဲ့ မပေါင်းတက်လို့...”
“ဖြစ်ရမယ်...နေပါအုံး...IT နဲ့ ပတ်သက်ပြီး ဘာဘွဲ့မှလည်း မရှိပါလား...”
“ဟုတ်ကဲ့....ကျွန်တော်လည်း မယုံလို့ လိုက်စုံစမ်းပါသေးတယ်...ကွန်ပျူတာဆို အိတ်စဲ ပဲ သိတာတဲ့...ကျွန်တော့် အထင် လူသိမခံချင်လို့ တမင် ဖျောက်ထားတာပဲ ဖြစ်မယ်..”
“ဟုတ်ရင်လည်း ဟုတ်မှာပေါ့..”
သခင်လေးက ခေါင်းညိတ်ထောက်ခံပြီး စာရွက်တွေကို ထပ်လှန်ကြည့်သည်..။
“တို့တွေ စုံစမ်းနေတာ ကြာနေပြီ..ဒလ်တာတွေကလည်း သူဆီက ဘယ်မှ မရွေ့သေးဘူး...ဆိုတော့...ဒုတိယနည်းကို သုံးရတော့မယ်..”
“ဘာနည်းလည်း..သခင်လေး..”
‘သူ့ဆီက ဒလ်တာတွေ ပြန်ဟက်မရမှတော့ လူကို ဟက်မယ်..”
“ဗျာ..”
“ဟုတ်တယ်...မင်းက တစ်ဆင့်ပြန် ဟက်ရမယ်..”
သခင်လေးက ဘုန်းမင်းကို လက်ညှိုး ညွန်ပြီးပြောလိုက်တော့ ခေါင်းကြီးသွားရသည်။
“ဗျာ...ကျွန်တော် က ဘယ်လို ဟက်မလည်းသခင်လေးရဲ့...ကျွန်တော် မလုပ်တက်ဘူး..”
“လွယ်ပါတယ်..ငါ သင်ပေးတဲ့ အတိုင်းသာ လုပ်..”
“ဖြစ်ပါ့ မလား သခင်လေးရယ်...”
ဘုန်းမင်း တလွဲဖြစ်တက်တဲ့ ကိုယ့်အကြောင်း ကိုယ်သိလို့ ထပ်မေးမိသည်။
“ဖြစ်ရမယ် ..”
“ကျွန်တော့် အထင်တော့ ဒါလည်း ခိုးမှုပါပဲ..ရဲနဲ့ ပေါင်းပြီး..”
“မဖြစ်ဘူး...ဘုန်းမင်း...တစ်ခုခုကို လန့်ပြီး ဒလ်တာတွေကို ဖျက်ဆီးလိုက်ရင် တို့ဆီ မှာ ဘာမှ ကျန်မှာ မဟုတ်ဘူး...အနုရမလား..အကြမ်းရမလား ကတော့ မကြာခင် သိပါလိမ့်မယ်...သူ့ဆီမှာ ရှိနေတာ တစ်ခုတည်းသော အချက်အလက်တွေပဲ..ဒီတော့ ဒီ ကိစ္စကို ဂရုတစိုက်လုပ်ရမယ်...”
“ကဲ..သခင်လေး အမိန့်တော်မြတ်အတိုင်းပါ... ဘာလုပ်ရမယ်သာပြော..”
“ငါ စုံစမ်းခိုင်းထားတာ ရရင် ထပ်ပြောမယ်...”
“ရက်စ်ဆာ...”
ဘုန်းမင်း ခေါင်းညိတ်ပြီး သတိလုပ်လိုက်တော့ သခင်လေးက ပါးချိုင့်ပေါ် အောင် ရယ်ပြန်သည်..။
လူက မင်းသားရှုံးလောက်အောင် ချောပြီး အရည်အချင်းကလည်း..
ငယ်ငယ်ရွယ်ရွယ် နဲ့ အလုပ်တွေကို ဦးဆောင် နိုင်လောက်အောင် တော်ပါသည်...။
.
“ဟလို...ကြီးကြီး..”
“ဟဲ့...မိရွက်သစ်ဝေ..ညည်း မစောင့်နိုင်လို့ ငါ ကားဂိတ်ဆင်းသွားပြိဟဲ့..”
“ဟယ်..မေ့ပြန်ပြီ...သူများ အခု လာခဲ့လိုက်မယ်..”
“နေတော့ ကားပေါ်တောင် ရောက်နေပြီ နင် ရုံးဆင်းရင် အိမ်စောစောပြန်နော်..တံခါးတွေ လုံခြုံအောင်ပိတ်အုံး ပြန်ရောက်ရင် ဖုန်းခေါ် အုံးနော်...မနေရဲရင် နင့် သူငယ်ချင်း တစ်ယောက် ခေါ်အိပ်ဟဲ့..”
“အမလေး...ကြီးကြီး ရယ်...သူများ မကြောက်ပါဘူး...စိတ်ချသွား..စိတ်ချသွား..”
“စိတ်ချသွားဆိုပြီး လင်နောက်လိုက်မသွားနဲ့အုံး..”
“သစ် က မိန်းမ ယူမှာပါ...”
“ဒါပဲ..ဒါပဲ...”
ကြီးကြီး ဖုန်းချသွားတော့မှ သစ် ဒီနေ့ ထုတ်တဲ့ စာရင်းတွေ ပြန်ထည့်ပြီး ပစ္စည်း လက်ကျန်တိုက်စစ်နေရသည်..။
“မသစ်တို့ ပြန်မယ်ဆို  ပစ္စည်းဘုံးတွေ သေချာပြန်ထည့်အုံးနော်...ဟိုနေ့က အပြင်မှာ ထားခဲ့တာ မှူးက ဆူတယ်..”
“ဟဲ..ဟဲ..မေ့သွားလို့ပါ ငါ့ညီမရယ်..ဒီတစ်ခေါက်မေ့ဘူး..စိတ်ချနော်..”
“ဟုတ်ပါပြီ..ဟုတ်ပါပြီ...သွားပြီ....တာ့တာ...”
ကောင်မလေးတွ ပြန်သွားလည်း သစ်မှာ မပြန်ရသေးပဲ စာရင်းလုပ်ရတုန်း...ညနေ ၆နာရီက ကျော်တောင်နေပြီ...။
“တော်ပါပြီ...ဆူလည်း ခံလိုက်ပါတော့မယ်...”
သစ် ပစ္စည်းဘုံးတွေကို သယ်ပြီး ပစ္စည်းထားတဲ့ အခန်းထဲ ပြန်ရွေ့ရသည်..။
“ဟူး..”
လမ်းမပေါ်ရောက်တော့ ကောင်းကင်က အလင်းပျောက်လို့ အမှောင်ဘက်ကိုတောင် ကူးနေပြီလေ....။
“အမေ့....ဟာ..လူမမြင်ဘူးလား..”
“ဆောရီးပါ ...ဆောရီးပါ....”
“ဟေ့ မပြေးနဲ့...”
“ဟမ်..သူခိုးလား...ဟိတ် မပြေးနဲ့..”
ဦးထုတ် ဆိုက်စောင်းထားတဲ့ သူကို သစ် လက်ကို ဆောင့်ဆွဲ ထားလိုက်သည်...။
“မဟုတ်ဘူး..လွှတ်...”
“မလွှတ်ဘူး...မိပြီ...”
“ဟာ...သေတော့မှာပါပဲ........”
သစ် လက်ထဲက ဆောင့်ရုန်းထွက်ပြေးသွားတဲ့သူကို ခပ်လှမ်းလှမ်းမှာ တစ်ယောက်က ရိုက်ချလိုက်တာ ခွေကနဲ့ လဲကျသွားသည်..။
“ဟာ..ဘာလို့ ရိုက်တာလည်း..”
သစ် ပြေးသွားပြီး ကြည့်လိုက်တော့ မီးတိုင်အောက်မှာ ကွေးကွေးလေး လဲကျနေပြီး ဘေးက လူ နှစ်ယောက်က ရပ်ကြည့်နေသည်..။
“နင် တို့ သူခိုးဆိုလည်း အဲလောက်မရိုက်သင့်ပါဘူး....”
“ဟာ...ဒီ ကောင်မ က တစ်မှောင့်...”
သစ် မျက်လုံးထဲ ပြာခနဲ့ ဖြစ်သွားပြီး မှောင်ကျသွားရသည်..။
“ဟ..ဘယ်ရောက်နေတာလည်း...ဘယ်သူလည်း...”
အသံ တစ်ခုနဲ့ အတူ နိုးလာပြီး  လက်မောင်းတွေလည်း နာကျင်ခါ လက်တွေလည်း တုတ်နှောင် ခံထားရသည်..။
“နင်..နင်..”
“ဟမ်...ခင်ဗျား...”
“ငါတို့ ကို ဘယ်သူ ဖမ်းထားတာလည်း..”
ထိုင်လျက်သားကို လက်ပြန် ကြိုးတုတ်ပြီး ခြေ ထောက်တွေပါ ပူးချည်ထားတော့ လူနှစ်ယောက်က ပူးကပ်ထိုင် နေရသည်..။
“မသိဘူး...ခင်ဗျားက ဘယ်သူလည်း..”
“ဟိတ်...တိတ်တိတ်နေကြစမ်း..”
ဂိုဒေါင်လို ခပ်ကျယ်ကျယ် အခန်းထဲမှာ အိတ်တစ်ချို တွေ့ပေမဲ့ ဘာအိတ်တွေ ဆိုတာ ဝေခွဲရခက်သည်..။
မီးရောင် လင်းထိန်သွားခြင်းနဲ့ အတူ အသံလာရာကို ကြည့်လိုက်တော့ မျက်နှာဖုံးနဲ့ လူတစ်ယောက်က လူမိုက်ပုံစံ ၀တ်စုံနက်မဟုတ်ပဲ...ပုဆိုးကွက်စိတ်နဲ့ တီရှပ် တစ်ထည် ၀တ်ထားပြီး လက်ထဲမှာ ဘေ့စ်ဘောရိုက်တံကိုင်ထားတာ အတော် ကိုးရိုးကားယား နိုင်လှသည်..။
သစ် ရယ်ချင်ပေမဲ့ နှုတ်ခမ်းဖိရင်း မျက်နှာပိုးကို မနည်းသက်နေရသည်..။
“မင်းတို့ နှစ်ယောက် ထဲက ဟက်ကာ ဗီအန် ဆိုတာဘယ်သူလည်း..”
“ဟင်..ဟက်ကာဆိုတာ ဘာလည်း..”
သစ်မေးလိုက်တဲ့ မေးခွန်းရဲ့ အဖြေကို  ပါးတစ်ချက်ရိုက်ခံလိုက်ရလို့ ထူပူသွားရပြီး ကြောက်စိတ်တွေ ၀င်လာရသည်..။
“ဟေ့ ပါးစပ်က ပြောကြလေဗျာ....ကျွန်တော် မဟုတ်တာတော့ သေချာတယ်..ကျွန်တော်လည်း စာရင်းရှင်းချင်လို့ သူ့ကို လိုက်ရှာနေတာ..သူ့ကြောင့် ကျွန်တော်လို ဟက်ကာပေါက်စ ပြေးပေါက်မှားရတာ...သူ့တည်နေရာကို  လိုက်ရှာနေတုန်း ခင်ဗျားတို့က ဇွတ်လိုက်လို့ပြေးရတာပါ...”
“နင်ကကော...”
သစ် ရဲ့ ခေါင်းကို ဘေ့စ်ဘောရိုက်တံနဲ့ တွန်းလိုက်လို့ ရိုင်ပြီး ခွေကျသွားသည်...။
“ငါ မသိဘူး..ဟက်ကာ ဘာမှန်းတောင် မသိဘူး..”
“ဒီမှာ အဒေါ်ကြီး ၀န်ခံလိုက်စမ်းပါဗျာ...ခင်ဗျားကြောင့် ကျွန်တော်ပါ ဒုက္ခရောက်နေရတာ...”
“ငါ မသိပါဘူးဆို...”
“ခင်ဗျား မဟုတ်ရင် ဘာလို့ ဒီရောက်နေတာလည်း..ဒီလူတွေက ဦးနှောက်မရှိလို့ ဖမ်းခေါ်လာတာလား..”
“ဟေ့..တိတ်ကြစမ်း..နားညီးတယ်...ငါတို့ အချိန် ဆယ်မိနစ်ပေးမယ်...ဘယ်သူဘယ်ဝါဆိုတာ ထပ်မမေးဘူး.... တို့တောင်းတဲ့ ဒလ်တာပေးမလား...နှစ်ယောက်စလုံး အသတ်ခံမလား..စဉ်းစားထားကြ...”
တံခါးကြီး ဂျုံးခနဲ့ ပိတ်သွားတော့ သစ် စိတ်ညစ်လွန်းလို့ ခေါင်းတွေသာ တပြင်းပြင်းကုတ်ပစ်ချင်ပေမဲ့ လက်တွေက တုတ်နှောင်ခံထားရသည်..။
“ပေးလိုက်ပါဒေါ်ကြီးရာ...ကျွန်တော် အသက်ငယ်ငယ်လေး ရှိသေးတာ အသေမခံနိုင်ဘူး.”
“ဟာ..မသိတာကို ဘာပေးရမှာလည်း..”
“အဒေါ်ကြီးမှန်း ကျွန်တော်သိပါတယ်...မပေးရဲရင် ကျွန်တော် ပေးမယ်..ပေး..”
“ကျစ်...ငါ မဟုတ်ဘူးဟဲ့...ငါမဟုတ်ဘူး..”
သစ် ဒေါသထွက် လာလို့ အသံမြှင့်အော်မိသည်။
“ဒါဆို ဗီးနက်စ် ဆိုတဲ့ ကဝေမ က ကျွန်တော်လား...”
“ဘာလည်း..”
“သူတို့ ဒလ်တာတွေကို ယူသွားတာ ဗီးနက်စ်ဆိုတဲ့ ဟက်ကာမ..”
“နေပါအုံး ဟက်ကာဆိုတာ အမမှန်း  ဘာလို့ အတက်သိလည်း..အထီးမဟုတ်တာ..သေချာရင် နင် က ဘာလို့ ဒီရောက်နေလည်း..”
“ဘယ်..အရူးကောင်မှ ဗီးနက်စ်လို့ မပေးဘူး...အဓိပ္ပါယ်က အချစ်နတ်သမီးတဲ့ဗျ....အဒေါ်ကြီးက တုံးလိုက်တာလွန်ပါသကော..”
နားထဲကြားရတာ အတော် ခါးသပ်နေပြီမို့ ဘယ်လိုအခြေအနေ ဖြစ်ဖြစ် သည်းမခံနိုင်တော့ပါ.။
“ဟေ့ ဒီမှာ ...ငါ့ကို အဒေါ်ကြီး ..အဒေါ်ကြီး မခေါ်နဲ့..”
“ဘာမဟုတ်တာကို ပြောမနေပါနဲ့ ဒလ်တာ ကိစ္စသာပြောစမ်းပါ..”
“ဒလ်တာ ငါ့ကိစ္စ မဟုတ်ဘူး..အဒေါ်ကြီးဆိုတာ ငါ့ကို စော်ကားနေတာလေ..”
“ဟာ..အသက်ကြီးလို့ အဒေါ်ကြီးခေါ်တာ ခင်ဗျားက အခေါ်မခံချင်ရင် အသက်မကြီးအောင်နေပေါ့ဗျ...”
“ခွေးသူတောင်းစားလေး...လူလိုပြောမရဘူး..”
“ဘာ..ခင်ဗျားနော်...ကျွန်တော့် အမေ အရွယ်မို့လို့သိလား..”
“အောင်မယ်...ငါ့ က နင့်အမေ အရွယ်..ဟုတ်လား..ဟား..ဟား..ဟား...အံသြစရာ...ငါ့ အရွယ်မိန်းမမှာ နင့် အရွယ်သားရှိရင်...အပျိုမဖြစ်ခင်ကတည်းက လင်ယူစောခဲ့လို့နေမှာသလား..”
“ဟာ..ခင်ဗျား..မမက်ရိုင်းနဲ့နော်...”
“နင် အရင် စရိုင်းတာလေ....စပလိမ်မျက်ခွက်နဲ့..ဝဲစားရုပ်..”
“ဇွတ်နုချင်ပေမဲ့ ဓားမတိုးတော့တဲ့ ဘူးမျိုးမကြီး..”
“ဟဲ့မသာလေးရဲ့..”
သစ်ပြောနေရင်း ဆိုနေရင်း ဒေါသတွေ အလိတ်လိတ်ထွက်လာလို့ ပခုံးကို ပစ်တိုက်လိုက်သည်..။
“အား...ခင်ဗျားလက်မပါနဲ့နော်..”
“ဟိတ်...ပြီးပြီလား..”
အပြင်က အော်သံကြားတော့မှ သစ်အသိတွေ ပြန်၀င်လာပြီး ရန်ဖြစ်တာ ရပ်လိုက်ရသည်..။
“ရှုး..တိုး..တိုး....ငါတို့ ထွက်ပြေးဖို့ အပေါက်ရှာရမယ်...”
“ဒီမှာ..ဘယ်လို အပေါက်ရှိမလည်း..”
“ဂိုဒေါင်တိုင်းမှာ နှစ်ပေါက်ရှိတယ်...ခုံလိုက်ရှာကြည့်...”
သစ်ပြောရင်း မျက်လုံးတွေကို ဝေ့ကစားလိုက်တော့ ခုံနှစ်လုံးချထားတာ တွေ့ရသည်..။
“ရပြီ...ထ..ထ...လမ်းလျှောက်မရဘူး.. ခုန်သွားရမယ်..”
“ဟမ်...”
သစ် ထလိုက်တော့ ဟိုသတ္တဝါလေးပါ လိုက်ထပေးရတော့သည်..။
“ခုန်လေ...မြန်မြန်...”
“အမ်းပါ...”
လူငယ် ဖြစ်ပြီးလေးလိုက်တာ..သစ်မှာသာ ခုန်နေတာ သူက ခိုလိုက်နေတာ လွယ်လွယ်ကူကူ ခရီးမပေါက်နိုင် ဖြစ်ရသည်...။
“နင် နေခဲ့ချင်လား..”
‘ဟင့်အင်း..”
“ဒါဆို မြန်မြန်ခုန်...”
ခုံဘေးနားက တံခါးသေးသေးလေးကို လက်လှည့်ဖွင့်တာမရတော့ ကိုယ်နဲ့ တိုက်ကြည့်တာလည်းမရဖြစ်နေပြန်သည်..။
“ဟဲ့ ကောင်လေး...အံဆွဲဖွင့်ကြည့်စမ်း ဘာတွေ့လည်း...”
အံဆွဲဖွင့်သံနဲ့  အတူ ဘာတွေ ပြောလာမလည်း နားစွင့်ထားမိသည်..။
“ကတ်ကြေး...ဘောပင် စာအုပ်..”
“ကတ်ကြေး..ယူ မြန်မြန်...”
“ရပြီ..”
“ဟဲ့...ကြိုးကို ဖြတ်လေ..”
“သြော်..အင်း..”
လက်ကြိုးတွေကို အရင်ဖြတ်ပေးပြီင်္းတော့ လွတ်တော့မှ ခြေထောက်ကြိုးတွေကို ဖြည်ရသည်..။
“ရပြီ..တံခါးရပြီ....ငါ တို့ လမ်းခွဲပြေးမယ်..”
“နေပါအုံး လမ်းသိလို့လား..”
သစ်လက်ကို ဆုပ်ကိုင်ပြီး မေးတော့ ခေါင်းရမ်းပြရင်း..
“မသိဘူး..ဇွတ်သာပြေး.....လမ်းဆုံးရင် ရွာရောက်တယ်တဲ့..”
“လမ်းဆုံးရင်သင်္ချိုင်းကုန်းလည်း ရောက်တက်တယ်...”
“ဘာပဲဖြစ်ဖြစ်...သွားပြီ....”
“ဒလ်တာ...”
“လုပ်ပြန်ပြီ..မသိပါဘုးဆို..”
“ဟ...နေအုံးလေ...”
သစ် တားနေတဲ့သူ့လက်ကို လက်ဖြုတ်ချပြီး နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်သတ်မှတ်ပြီး ခြေဦးတည်ရာ ပြေးထွက်လာခဲ့လိုက်သည်..။
ဆယ်မိနစ်ကျော်ကျော် ကွန်ကရစ်လမ်းမ အတိုင်း
ပြေးလိုက်ပြီး မကြာခင် ကားသံတွေကြားရလို့ မှန်းပြီးဆက်ပြေးတော့ လမ်းမကြီးကို မြင်လာရသည်..။
“ဟူး..”
တက္ကစီ ကားပေါ်ရောက်တော့ သက်ပြင်းချခြင်းနဲ့ အတူ ဟိုကောင်လေးကော လွတ်ရဲ့လား လို့ တွေးမိသေးသည်..။

☆✼★━━━━━━━━━━━━★✼☆。

ဒေါ်စပိုက်ကာတို့ ရေးပြီးဆို အဲလိုမျိုးတွေပေါ့..။
ဘာမှန်းကိုမသိတာ..။😅
အပိုင်း ၂ ကျ ဘာရေးရမှန်းသိတော့ဘူး
သူများသိပ်စိတ်ညစ်တယ်..။😅
ဇာတ်လမ်း နာမည်ကြီး က လည်း လွဲနေသလိုလို😅
ဇာတ်လမ်းမကောင်းတာသိပေမဲ့ ဖတ်ပေးကြပါအုံးလို့..။

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Onde histórias criam vida. Descubra agora