Part 3

4.7K 236 1
                                    

1543
အပိုင်း (၃)
#1543

"ဟင်”
တီးလုံးသံ တိုးလျလျလေးကနေ တဖြည်းဖြည်း ကျယ်လောင်လာတော့မှ အိမ်မက်မဟုတ်ဘူးဆိုတာ သတိရပြီး ငုတ်တုတ်ထထိုင် လိုက်ရသည်..။
“ဟူး..တော်ပါသေးရဲ့...”
ကြီးကြီး မရှိရင် နှိုးမဲ့သူ မရှိတော့ ဖုန်း ကို အလမ်း လေးခါ တောင် ပေးခဲ့ရတာတောင် အလုပ်ချိန်က ကပ်နေပြီ..။
“အကျီ င်္ အရင် ထုတ်ထားရမယ်..”
“နေပါအုံး....အောက်ခံစကပ် ဘယ်ရောက်သွားလည်း..”
ဘီဒို အောက်ဆုံးထိ လိုက်ရှာလည်း မတွေ့ နောက်ကျရတဲ့ကြားထဲ စိတ်က ရှုပ်လာရသည်..။
ကုတင်အောက်ကို ငုံ့ကြည့်လိုက်မှ ဒင်းက ထောင့်ကပ်နေသည်..။
“ကုန်ပါပြီ..မီးပူထိုးပြီးသားတွေ အထပ်လိုက် ပြုတ်ကျနေတာပဲ စိတ်ဆင်းရဲလိုက်တာ...”
အ၀တ် အထပ်လိုက်ကို ဖွဖွလေးကောက်ယူပြီး ပုံမပျက်အောင် ထိန်းကိုင်ခါ ဘီဒိုထဲ ထည့်လိုက်ရသည်..။.
“အပြစ်မမြင်ပါဘူး...ချစ်ချင်တာပဲ သိတယ် အိုး.🎼.”
“ဟလို...”
“အေး..အေး...အစ်မထွက်လာနေပြီ..ဘယ်စျေးမှာလည်း..လိုက်လာခဲ့မယ်နော်....အေးပါ တကယ်လမ်းပေါ်ရောက်နေပြီ...”
ဖုန်းချပြီး နှုတ်ခမ်းကို စိတ်တိုင်းကျ မဲ့ရွဲ့ ပစ်လိုက်သည်...။
အလုပ်တူတူ လုပ်နေတာ သုံးနှစ်ကျော် လာပြီ ဒင်း တို့တွေက ခုချိန် ထိ နိုင်စားကြတုန်း...။
အရင်ထက် စာရင် စျေးရောင်းတက်လာပါပြီ..စျေးကွက် အခြေအနေတွေလည်း အကြံပေးလို့ရသလို..
အဖွဲ့ချူပ်ကလည်း နည်းနည်း လူရာသွင်းလာပြီမလား..
“ငါကွ...ရွက်သစ်ဝေ...”
မှန်ထဲက ပုံရိပ်ကို တရား၀င် ချီးမွန်းပြီး ပိုက်ဆံအိတ်ကို ကောက်လွယ်လိုက်ရသည်...။
လမ်းမှာပဲ ကော်ဖီ တစ်ခွက် နဲ့ ပြီးရတော့မယ့် မနက်စာကြောင့် ကြီးကြီး ကို သတိရမိသည်..။
ဖုန်းဆက်ရင်လည်း တစ်နာင်္ရီလောက်ကြာမှာဆိုတော့ ပြန်လာမှ ဆက်တော့မယ်လို့ တွေးပြီး ဖုန်းပြန်ထည့်ရပြန်သည်..။
လမ်းကို မပြေးရုံ တမယ် လျှောက်နေရသလို ဘေးပတ်၀န်းကျင် က လူဆိုးတွေကို လည်း ကြောက်ရသေးသည်..။
သစ် ပါးလေး ည က ရေခဲ ကပ် အိပ် တာတောင် မနက်တော့ ခပ်ဖောင်းဖောင်းလေး ဖြစ်နေတုန်း ပဲ မလား...။
မင်းမဲ့ တိုင်းပြည်ကျနေရောပဲ...။
“နောက်ကျလိုက်တာ မသစ်ရယ်...”
“ဟီး...ဟုတ်တယ်နော်....လာ..လာ...”
ပစ္စည်းဘုံးတွေကို နိုင်သလောက် ချပြီး ကိုယ်ပဲ အရင် စျေးထဲ ၀င်လာလိုက်သည်..။
“ဟေး...ဦးကျော်ကြီး ...ည က ဘယ်လိုလည်း..”
“ရှုံးနေ့ဟေ့...”
“ရှုံးလည်း ဘာဖြစ် ကိုယ့် အသင်းကိုအမြဲ အားပေးမှ ပရိသတ် ပီသတာပေါ့ ..”
“ဟုတ်တယ်...ဒီ တစ်ခါတော့ နင် မှန်တယ် ရွက်သစ်..”
“ဟီး..ဟီး....ဟိ....”
သစ် စပ်ဖြဲဖြဲ ရယ်ပြပြီး စျေး လူကြီး ကို မျက်နှာချိုသွေးလို့ စျေးထောင့် အပင်အောက် မှာ ရပ်လိုက်ရသည်..။
“ခုဆိုရင်ဖြင့် ကျွန်မတို့ ကုန်ပစ္စည်း အသစ်လေးနဲ့ မိတ်ဆက်ပေးပါမယ်...ဒီ ဆပ်ပြာရည်လေးက မိန်းမ ကို ချစ်တဲ့ ယောင်္ကျားသားတွေ အတွက် သီးသန့် ထုတ်ထားတာပါ...”
ဘုံးထဲက ဆပ်ပြာရည် အတွဲလိုက်ကို ဆွဲထုတ်ပြီး ထက်ထက်မိုးဦးပုံစံ ပခုံးမှာ တင်ပြလိုက်ရသည်..။
“ဘယ်လို မျိုး မို့လို့လည်း အစ်မရဲ့...”
စျေးဆွဲခြင်း ကိုင်ထားတဲ့ တစ်ယောက်က မေးခွန်းစလာတော့ သစ် ဟန်ပါပါ ပြုံးလိုက်ရသည်..။
ကိုယ်ကလည်း ဒီ ဂွင်ကို စောင့်နေရသည်ပဲလေ...။
“ဒီလိုပါ ယောင်္ကျားတော်တော်များများက ဘီယာ..အရက် ကို စွဲလမ်း နှစ်သက်ကြတယ်..မသောက်ရ မနေနိုင်အောင် ကို ချစ်ကြတာ...အဲ..မိန်းမများကျတော့ အမုန်းဆုံး အရည်က ဒီသေရည်ပဲ...ဒါကလည်း ယောင်္ကျားကို ချစ်လို့ အသေစောမှာစိုးလို့ တားမရလို့ ဒီသေရည်ကို ပိုမုန်းကြတာမလား..”
“ဟုတ်တယ်..ဟုတ်တယ်..”
“ဒင်း ကို စိတ်ပူလို့..”
“ဟုတ်ပ စေတနာကို နားကို မလည်ဘူး..”
သုံးလေး ယောက်လောက် ဝိုင်း၀န်း ထောက်ခံလိုက်တော့ သစ် ခေါင်းညိတ်လိုက်ပြီး..။
“ဒါပေမဲ့ တစ်ချို့ ယောင်္ကျားတွေက မိန်းမကိုစိတ်ချမ်းသာစေချင်တယ်..အိမ်ပြန်လာရင် ငရုတ်ကျဉ်ပွေ့စာတို့ သနပ်ခါးတုံးတို့လည်း ကြောက်ရတာပေါ့လေ...”
“ဟား....ဟား....”
“ဒီတော့ ဘယ်လို လုပ်မလည်း...အမြဲ သောက်လေ့ မရှိတဲ့ ယောင်္ကျားဆို ပို ခေါင်းခဲရတယ်....ဒီ အရည်အနံ့ကို မိန်းမက သိတာနဲ့ ကန်ချမှာမလား...မိန်းမတွေကလည်း သူ့စကား နားမထောင်လို့ စိတ်ဆိုး စိတ်ညစ်ရပြန်..ဒီတော့ ကျွန်မတို့ က နှစ်ဖက် စလုံး အဆင်ပြေရအောင်...ကွာရှင်းစာချူပ်တွေ လျော့ချချွေတာလို့ရအောင်.ယောင်္ကျားထု ကြီး အတွက် ရည်ရွယ်ပြီး ပြင်သစ် နှင်းဆီ နဲ့ ဖော်စပ်ထားတဲ့ အနံ့ပြင်းပြင်း ဆပ်ပြာရည်လေးနဲ့ ရေချိုးလိုက် ဒီ အနံ့လေးကြောင့် ကန်ချဖို့နေနေသာသာ အနားက မခွါနိုင်အောင် ဖြစ်ကြမှာ သလား...”
“ဟာဗျာ..မဟုတ်သေးပါဘူး..မူးနေပါတယ် ဆိုမှတော့ ရေဘယ်လို ချိုးမလည်း..”
ယောင်္ကျားတစ်ယောက် က ဆွဲခြင်း ကိုင်ရက်သား အဆို တင်သွင်းလာတော့...။
“ဟိ..ဒါကတော့...အကိုရယ်...ဘက်စုံသုံးအနေနဲ့ ဆောင်သာထား...သောက်ခါနီး ဖောက်ထည့်ပြီး တစ်ချက်ထဲ မော့ချလိုက်ရုံ ပါပဲ...ဟဲ..ဟဲ....”
“ပါးစပ်ကတော်တော် မွှေးသွားမှာ သလား..”
မိန်းမကြီး တစ်ယောက်က သူ့ မုန့်ဗန်းကို ယပ်ထောင်ခပ်ပြီး ဝေဖန်လာတော့...
“ဟိဟိ...အစာအိမ် ဆေးပြီးသားဖြစ်တာပေါ့..”
“ဟား..ဟား...”
“ကဲ..ကဲ..အညွန်းကောင်းနေတာ...ကောင်မလေး အန်တီ့ ကို တစ်တွဲ ပေး...ဘယ်လောက်လည်း...”
“အို..ကျေးဇူးတင်ပါတယ်...တစ်တွဲငါးရာတည်းပါရှင်...ပရမိုးရှင်း ကာလ မို့ ၂ထုတ် အပိုပါတယ်...၁၂ ထုတ် ပါတာနော်...တန်မှတန်ပဲ...”
“အပို နှစ်ထုတ် က အတွဲတိုင်း ပါတာလား...”
“ဟုတ်ပါတယ်...ဆပ်ပြာရည် အတွဲတိုင်းမှာ ပါတာပါ လူအတွဲမှာတောင် အပိုထည့်မရဘူးနော်...တန်လွန်းပါတယ်...”
“ဟား..ဟား....ပေးပါ တစ်ထောင်ဘိုး နှစ်တွဲ..”
သစ် အပြောလေးတွေကြောင့် စျေး၀ယ်သူတွေက ရယ်မောပြောဆို ပြီး ၀ယ် သွားတာ တစ်ဘုံးကို ခဏလေးနှင့် ကုန်သွားရသည်...။
အရင် ရွက်သစ်ဝေ ထက် အရည်အချင်းတွေ မြင့်လာလို့သာ အခုလို ဖြစ်လာရတာ မဟုတ်ပါလား...။
“ဟွန့်...မသာလေး ကျေးဇူးတွေ အများသား...”
“ဟမ်...မသစ် ဘယ်သူ့ကိုကျိန်ဆဲနေပြန်ပြီလည်း..”
“ဟုတ်ပါဘူး...ပြီးရင် တို့ ဘယ်စျေးကို ရွေ့ကြမလည်း..”
“မနက်စျေးချိန်က ကုန်ပြီ ဆိုတော့ ကောင်တာတွေကို သွားရမယ်...”
“ဟုတ်ပြီ..ဘုံးတွေ အစ်မ သယ်ခဲ့လိုက်မယ်..”
“ဟိ...ကျေးဇူး...”
ကြည့်ပါလား..သူများနောက်ကျလို့ ဘုံးလေးတွေ တင် တုန်းက တော့ မျက်နှာတွေက ရှစ်ခေါက်ချိုးတွေ....စိတ်ဓာတ် က အဝီစိ ရောက်နေတဲ့ ဟာမလေးတွေ...ရုပ်ကလေးချောသလောက် အပုတ်ကောင် ရုပ်ဆောင်နေကြတဲ့ဟာတွေ....။
“အစ်မ ရလား..”
“အေး...အေး...ရတယ်..ညီမလေး...”
သစ် ပွစိပွစိ ရေ၇ွက်ရင်း ကတ်ထူဘုံးတွေကို ကားပေါ် ပြန်တင်ပေးလိုက်ရသည်..။
“မသစ်ရေ...ဆရာခေါ်နေတယ်..”
“သြော်...အေး....လာခဲ့မယ်..”
သစ် ပစ္စည်း စာရင်းတွေ ထည့်ပေးနေတုန်းခေါ်ပြန်တော့ စာရင်းကို ရောက်တဲ့နေရာ သေချာ မှတ်ခါ ရုံးခန်းကိုသွားရသည်..။
“ဟေး...သစ်...လာကွာထိုင်...”
“ဟုတ်ကဲ့...”
ရုံခန်းခေါ်ခံရတိုင်း ထိုင်ခွင့် မရခဲ့သည့် ထိုင်ခုံမှာ ထိုင်ပါဆိုတော့ သစ် အံသြရသည်..။
အိမ်က ထိုင်ခုံလောက်တောင် မနူးညံတော့ ထိုင်ရပေမဲ့ ထူးပြီး မပျော်မိပါ..။
“မနက် က ၈ဘုံးတောင် ရောင်းရတယ်ဆို..”
“ဟုတ်ကဲ့...”
“တော်တယ်ကွာ...ပစ္စည်းသစ် ကရော ဘယ်လိုနေလည်း..”
“ အသစ်အဆန်းဆို လူတွေက ပိုစိတ်၀င်စားကြပါတယ်...ဒါပေမဲ့ ရိုးမသွားခင် အသစ် တစ်ခု ကြိုလုပ်ထားသင့်တယ်လို့ ထင်ပါတယ်..”
“တော်ပါပေတယ်...ရွက်သစ်ဝေ...မင်းကို ရာထူးတိုးပေးမယ်...အရောင်း၀န်ထမ်းကနေ အရောင်းမြှင့်တင်ရေး အဖွဲ့ ခေါင်းဆောင် ဖြစ်သွားပြီ...”
“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်..ဆရာ...”
“ဘယ်လို လည်း ကွ ရာထူးတိုးတော့ ညကျ တစ်ခုခု လိုက်မကျွေးချင်ဘူးလား..”
“ကျွေးချင်ပါတယ်..ဆရာ....ဒါပေမဲ့ အရောင်းမြှင့်တင်ရေး တာ၀န်ခံ ဖြစ်သွားတော့ အလုပ်တွေ ပိုလုပ်ရမှာမို့လို့ အချိန်မဖြုန်းချင်လို့ပါ...”
“သြော်..အေး...ဟုတ်တာပဲ...”
“သွားတော့မယ်နော် ဆရာ...”
“အေး..”
တစ်ချိန်က ကိုယ့်ကို ပြောထားတဲ့ စကားနဲ့ ပြန်အနိုင်ယူရတာ အရသာ ရှိလိုက်သည် ဖြစ်ခြင်း..။
“အစ်မ ဆရာက ဘာပြောတာလည်း..”
“ရာထူးတိုးတာ...အခု အဖွဲ့ခေါင်းဆောင် ဖြစ်သွားပြိ...”
“ဟယ်..တကယ်...၀မ်းသာပါတယ်..အစ်မ...”
အားလုံးကိုယ်စီ ၀မ်းသာပါတယ်ပြောနေပေမဲ့ စိတ်ထဲက စကားသံတွေကို လည်း ခန့်မှန်းလို့ တက်နေပါပြီ...
“ဒီလို အသက်ကြီးကြီး မိန်းမကိုများ အဖွဲ့ခေါင်းဆောင်တဲ့..”
“ဆရာနဲ့ ဘယ်လို ပတ်သက်ပြီး ရာထူးတိုးရတာလည်း မသိ..”
“ဟုတ်မယ်..အပြန်နောက်ကျရင် တူတူ ပြန်တာ တွေ့တယ် သလား..”
“အိမ်ပြန်တာလည်း ဟုတ်ချင်မှ ဟုတ်မှာ...”
“အမလေး ကြည့်နေပါ...သူ က ဘယ်လောက်ကြာကြာ အပင်ပန်း ခံနိုင်မှာမို့လို့လည်း..”
“အရောင်းကျဖို့ မြင်ယောင်သေးတယ်..”
စိတ်ကူးထဲက စကားလုံးတွေ ကို ကြားယောင်ကြည့်ပြီး အကုန်လုံးကို ရယ်ပြခါ ပစ္စည်း စစ်ဖို့ ပြန်၀င်လာရသည်..။
“အစ်မရေ...မနက်ဖြန် ဘယ်ကိုသွားရမလည်း..”
“အစ်မ မလိုက်ရတော့ဘူးလေ....ကောင်တာ ဘက်ကို စောင့်ကြည့်ရအုံးမယ်....ညီမတို့ လုပ်နိုင်မယ်ဆိုတာ သိပါတယ်..ဖိုက်တင်း..”
အောင့်သပ်သပ် အီလည်လည် ပြုံးပြပြီး ကျောခိုင်းလမ်းခွဲလိုက်တော့မှ သစ် အားရအောင် ရယ်မိသည်..။
ကြီးကြီး မရှိတော့ ရွက်သစ်ဝေ တို့ အသုံးတည့်ပြီး ရာထူး တိုးသွားတာ ကြွားလို့မရတာ နာလိုက်တာ....
အိမ်ရောက်တာနဲ့ ဖုန်းဆက် ရတော့မည်...။
“အမလေး...ဘာကြီးတုန်း...”
ကိုယ့်အတွေးနဲ့ ကို တက်လာပြီး တံခါးသော့ရှာရင်း ခလုတ်တိုက်မိမှ လန့်အော်ပြီး နောက်ပြန်ဆုတ်ရသည်..။
“အဒေါ်ကြီး ပြန်လာပြီလား..”
“ဟမ်..နင်...နင်....”
အခန်းတံခါးကို မှီပြီး လက်ကို ဗိုက်ပေါ်ပိုက်ပြီး  ဒူးထောင်ထိုင်နေတာ ဒင်း အိမ်ကို ဘယ်လိုသိသွားပါလိမ့်...။
“ဒီမှာ အဒေါ်ကြီး ပိုက်ဆံအိတ် လာပို့တာပါ”
လက်မြှောက်ပေးနေတဲ့ ပန်းရောင် ပိုက်ဆံ အိတ်ကို ဆက်ကနဲ့ ဆွဲယူပြီး အထဲက ပိုက်ဆံ နဲ့  ပစ္စည်းတွေ စစ် ကြည့်လိုက်သည်။
ဒီကောင်လေး စာရိတ္တ တော့ မဆိုးပါဘူး....။
“ကျေးဇူးပဲ ဖယ်အုံး..သြော် ပိုက်ဆံအိတ် လာပေးလို့ ရော့ ၂ထောင်ယူ ဆုချတာနော်..”
သစ်လှမ်းပေးသည့် နှစ်ထောင်ကို မယူပဲ မော့ကြည့်နေတော့ ဘာပြောချင်လို့ပါလိမ့်..။
“ကျွန်တော့် ကို ကူညီပါ ဒေါ်ကြီးရယ်..”
“ဟမ်..မကူညီ ပါဘူး..နင့်နောက်မှာ လူဆိုးတွေ ပါလာအုံးမယ်..”
“ဟုတ်ပါတယ်...ဟက်ကာချင်းကူညီတာပဲ...ကျွန်တော့်ကို ပစ်မှတ်ထားနေလို့ပါ..”
“ဟယ်..ဘာတွေလည်း...နင်ပြောနေတာ ငါ ဘာတစ်ခုမှ မသိဘူး..ဖယ်..ဖယ်...”
“ကူညီပါ ဒေါ်ကြီးရယ်...မနေ့ကတုန်းက ကျွန်တော် အိမ်ကို သူတို့သိသွားတယ်...အခုလည်း  လိုက်လို့ ပြေးရတာ ခြေထောက်တွေ ပေါက်ပြဲကုန်ပါပြီ..”
ခြေထောက်ကို ရှေ့ကို ထုတ်ပြတော့ ခြေခုံမှာ ဒဏ်ရာ တစ်ခုဖြစ်ပြီး သွေးတွေလည်း စို့နေသည်..
“ဖယ်..ဖယ်..မကူညီနိုင်ဘူး...ရဲတိုင်လိုက်ပေါ့့ ငါတောင် ရဲတိုင်ဖို့ စီစဉ်ထားတယ်..မအားသေးလို့..ဖယ်...”
လူသားချင်း မစာနာ ဘူးပဲ ပြောပြော...အသည်းနှလုံး မရှိသူပဲ ဖြစ်ဖြစ် ဒီလိုမျိုးတော့ လက်မခံနိုင်ပါ..။
အိမ်မှာ ကြီးကြီးလည်း မရှိတော့ တစ်ယောက်တည်း..လူကောင်းမှန်းမသိ လူဆိုးမှန်းမသိ နဲ့ လက်ခံပြီးခါမှ သူခိုး ဓားပြ ဖြစ်နေရင် ဒုက္ခ...။
သစ်တံခါးကို ဆွဲဖွင့်ပြီး ၀င်ခါ ပြန်ပိတ်ဖို့ ပြင်တော့ လက်နဲ့ ခံထားပြီး မျက်နှာငယ်နဲ့ မော့ကြည့်နေသည်..။
“သားသမီး ချင်း ကိုယ်ချင်းစာတဲ့ အနေနဲ့ ကူညီ ပါ ဒေါ်ကြီးရယ်...”
“ဟဲ့..သားသမီးလည်း မရှိဘူး..ဒေါ်ကြီးလည်း မဟုတ်ဘူး..တွေ့သမျှ ကူညီရအောင် ကူညီပါရစေ လုပ်နေတာ မဟုတ်ဘူးဟဲ့...ကြွ..”
သစ် တံခါးကို စောင့်ပိတ်လိုက်ပြီး ဖိနပ်ကို ဖြစ်သလို ချွတ်ခါ အိမ်ထဲ၀င်လာခဲ့လိုက်သည်..။
ဘယ်လို သတ္တဝါမှန်းကို မသိဘူး..။
ကိုယ်လုံးပေါ် မှန်ထဲ သေချာ ပြန်ကြည့်ပြီး မျက်မှောင်ကြုတ်မိသည်..။
နေပူပူထဲ အလုပ်လုပ်ရတာ တစ်မျိုး စိတ်ဖိစီးမှုတွေကြောင့် အရေးကြောင်းတွေ ပေါ်ကုန်ပြီထင်တယ်...။
မျက်နှာကို လက်နဲ့ ကိုင်ကြည့်ပြီး နှုတ်ခမ်းတွန့်ခါ
“ငါ ဒီလောက် မအိုသေးပါဘူး..နွားလေးက မျက်မှန်လိုနေတာ...ကူညီချင်စိတ်တောင် ပျောက်သွားပြီ...”
အ၀တ်အစားလဲပြီး စားဖို့သောက်ဖို့ စီစဉ်ရင်း ကြီးကြီး ကို သတိရလာပြန်သည်..။
“ဟလို..ကြီးကြီးလား..”
ဖုန်းကို ပခုံးနဲ့ ညှပ်ထားပြီး တစ်ဖက်က ဆန်ရေဆေးနေရသည့်ဘ၀...။
“ကြီးကြီး ပြန်မလာသေးဘူးလား..”
“ဟာ...တစ်ပတ်တောင် ဘယ်လို ဖြစ်မလည်း...ဒီမှာ သူများ တစ်ယောက်တည်းရယ်...”
“စိတ်ချတယ်ပေါ့လေ...”
“ဟုတ်ကဲ့ပါ ထမင်းစားမလို့ လုပ်နေတာ..”
“သြော်..ကြီးကြီး...သစ် ဒီနေ့ ရာထူးတိုးတယ်..သလား...”
“အား..အလုပ်ပြုတ်ရာထူး ဟုတ်မလား...အထင်သေးလိုက်တာ....အဖွဲ့ခေါင်းဆောင် ဖြစ်တာပါရှင်...”
“ဟုတ်...အင်း...ဒါပဲနော်..”
ဖုန်းချပြီးခါမှ ရေခဲသေတ္တာ ဖွင့်ကြည့်လိုက်တော့ ပြသာနာက စလာသည်..။
မနက်က နွှေးဖို့ မေ့သွားသည့် ဟင်းတွေက သိုးနံ့တောင်ထွက်နေပြီလေ...
ဒီညတော့ ငတ်ပြီ...။
သစ် ထမင်းအိုးတော့ တည်ခဲ့လိုက်ပြီး အောက်ထပ် က ထမင်း ဟင်း ပို့ ပေးတဲ့ ဆိုင်ကို ဖုန်းဆက် လိုက်သည်..။
အခုချိန် အပြင်လည်း မထွက်ရဲတော့ပါ...ဘယ်လို ဖြစ်ပြီး ရန်သူပေါနေပါလိမ့် မိသစ်ဝေရယ်...။
“တင်..တောင်..”
ပိုက်ဆံ ကိုင်ပြီး သေချာ ချောင်းကြည့်လိုက်တော့ ကေသွယ့် ကိုတွေ့မှ  သစ် တံခါးဖွင့်ပေးရဲသည်..။
“ကြီးကြီး ပြန်မရောက်သေးဘူးလား..”
“အေး..”
“လိုတာရှိ ဖုန်းဆက်နော်..အစ်မ..သတိနဲ့နေအုံး..”
“အေးပါ..”
ဟင်းဘူး နှစ်ဘူးကို ယူခါ အိမ်ထဲ ပြန်၀င်ပြီးခါမှ ကြက်သီးက ထလာရသည်..။
စျေး၀ယ်သူကို ခြိမ်းခြောက်သွားလိုက်တာ နောင်တစ်ခါ မ၀ယ်ချင်တော့လောက်အောင်ပင်..။
“ဟိုကောင်လေး ပြန်သွားပြီလား..”
ဘူးတွေကို စားပွဲပေါ် တင်ခဲ့ပြီး  တံခါး၀ကို ပြန်ထွက်လာခဲ့လိုက်သည်..။
အပေါက်က ချောင်းတာ ဘယ်သူမှလည်း မတွေ့...သူရှိနေရင် ကေသွယ် လာတုန်းက မေးမှာပေါ့...။
တံခါးဟပြီး ခေါင်းထုတ်ကြည့်လိုက်တာ ဘယ်သူမှ မရှိတာ သေချာသွားတော့ အပြင်ထွက်ပြီး အောက်ထပ် ငုံကြည့်လိုက်သည်..။
အပေါ် ဘက် လှေကားကို တစ်ချက်သွားကြည့်တော့
“အမလေး..ငုတ်တုတ်..”
“ဟုတ်ကဲ့...ခြေထောက်နာနေလို့ ထိုင်နေတာပါ..”
ကိုယ့်ဟာ့ကို ယောင်အော်တာကို သူက အဖြေပြန်ပေးနေတော့ စိတ်တိုရတော့သည်..။
“ပြန်တော့လေ...”
“မပြန်ရဲလို့..”
“ဟာ..ရဲတိုင်လိုက်ပေါ့...”
“ရဲတိုင်ရင် သတ်ပစ်မယ်တဲ့...”
“ဟင်..”
“ဟုတ်တယ်...တကယ်သတ်ကြလိမ့်မယ်...”
သစ် စိတ်တွေရှုပ်လို့ ခေါင်းကုတ်ပြီး ဆံပင်တွေကို သပ်တင်လိုက်ရသည်..။
သူ့ ခြေထောက်ကို အကြည့်ရောက်တော့ သွေးတွေ စီးကျနေပြီ..။
“ဟယ်..သွေးတွေ...”
“တော်တော်နာနေပြီ...”
ငိုမဲ့မဲ့လေးပြောတော့ စိတ်ထဲ သနားသလို ရှိလာပြီး..
“လာ..ခဏတော့နားပေါ့..”
“ကျေးဇူးတင်ပါတယ်..”
“အား...”
သူ့ဟာသူ အမြန်ထပြီး ပြန်ထိုင်လိုက်တော့ သစ် မျက်လုံးပြူးပြီး အနားပြေးသွားလိုက်ရသည်..။
“ရရဲ့လား..”
“ဟုတ်...”
ပတ်၀န်းကျင်ကို ဘယ်တုန်းကမှ ဂရုမစိုက်ပေမဲ့ ဒီလူက ကိုယ့်ကို အန္တရယ် ပြုလုပ်နိုင်လား ဆိုတာ တွေးကြည့်မိသည်...။
ဒဏ်ရာကြီးနဲ့ ဘာမှ မလုပ်လောက်ပါဘူးလို့ သက်သာသလိုတွေးပြီး အိမ်ထဲ ခေါ်လိုက်ရပြီ..။
“ထိုင်လေ...”
“ရပါတယ်...အောက်မှာပဲ ထိုင်ပါမယ်..”
“ဒဏ်ရာနဲ့ အပေါ်မှာ ထိုင်ပါ....ငါ ဆေးဗူးသွားယူအုံးမယ်..”
“ဟုတ်ကဲ့...”
သစ် ဘီဒိုဘေးက အ၀တ်တန်းအောက်ကို ခေါင်းတိုးပြီး ဆေးဘူး ရှာနေရသည်..။
ဒီအခန်းလည်း ရံု့းပိတ်ရက်ကျ ရှင်းထားအုံးမှပါလေ...။
“အင့် ထည့်တက်လား..”
“ဟုတ်ကဲ့...”
“ဘာစားထားလည်း..”
လူပုံကြည့်ရတာ ပျော့ခွေနေလို့ မေးလိုက်တော့ ခေါင်းသာ ရမ်းပြသည်..။
“ဆေးထည့်ပြီး ထမင်းစားပြီးမှ ပြန်ပေါ့...”
“ဒေါ်ကြီး တစ်ယောက်တည်းလား..”
“မဟုတ်ဘူး...ငါ့ ယောင်္ကျား အလုပ်က ပြန်မလာသေးဘူး..”
ကုသိုလ်ရမရ မသေချာခင် မုသားက သုံးနေရပြီ..။
“သြော်...သူပြန်လာရင် ကျွန်တော် ခွင့်တောင်းပြီး တစ်ညလောက် အိပ်ပါရစေ...”
“မရဘူး..”
“ဘာဖြစ်လို့လည်း..ကူညီပါဗျာ...”
“သူက လူစိမ်းတွေ လက်မခံဘူး..”
“အား..ဗိုက်ထဲက အောင့်လိုက်တာ...”
မျက်နှာ ရှုံ့မဲ့ ညီးတွားရင်း အော်လိုက်တော့ သစ် ပျာပျာသလဲဖြစ်သွားရခါ...
“ဘာဖြစ်တာလည်း...အိမ်သာ..”
“မဟုတ်ဘူး...အစာအိမ်အောင့်တာပါ..”
“ဒါဆို တစ်ခုခု စားရမယ်လေ...ဘာမှ မစားထားလို့ဖြစ်မယ်..နေအုံး..”
ထမင်းဆို အဆင်ပြေပါ့မလား မသိတော့ ရေနွေးယူပြီး ကွေကာအုပ်ဖျော်ပေးလိုက်ရသည်..။
“ပူတယ်...ဇွန်းနဲ့ နည်းနည်းချင်းစီ ခပ်သောက်..”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်...”
“မနေ့က နင် လွှတ်သွားတယ်မလား..”
“ဟုတ်တယ်...လွှတ်သွားပေမဲ့ သူတို့က ကျွန်တော့် အိမ်ကိုသိတော့ ကြိုရောက်နေတယ်..”
“နင်ကလည်း ရဲတိုင်လိုက်ပြီးရော..”
“သတ်ပါမယ်ဆို..”
ကွေကာအုပ် ခွက်ကို ဇွန်းနဲ့ အဆက်မပြတ်ခပ်သောက်ပြီး စိတ်မရှည်သလို ပြောတော့ သစ် မျက်မှောင်ကြုတ်မိသည်..။
“ဒီကို လိုက်လာရင် ဘယ်လိုလုပ်မလည်း..”
“သူတို့က အဒေါ်ကြီး ကို သံသယ မ၀င်တော့ဘူး ကျွန်တော့်ကိုပဲ စွပ်စွဲနေတာ..ကျွန်တော်လည်း ဘာမှ မသိပါဘူးဗျာ...”
“တော်ပါသေးရဲ့ ငါလွတ်သွားလို့..”
“အဒေါ်ကြီးကြောင့် ကျွန်တော် အခုလို ဖြစ်ရတာလေ..”
သစ် စေတနာ စိတ်လေးပျောက်ပြီး ဒေါသရောက်ခါ အသံမြှင့်ရင်း
“ငါ နဲ့ ဘာဆိုင်လို့တုန်း..”
“အဒေါ်ကြီး ယူထားတာတွေသာ ပြန်ပေးလိုက်ရင် အခုလောက်ဆို ကိစ္စက ပြီးပြီ..”
“ငါ မသိပါဘူးဆို...နေအုံး ငါ့ကို အဒေါ်ကြီး မခေါ်နဲ့ ငါ့ အသက်က ၂၈ ပဲ ရှိသေးတာ...”
“ကျွန်တော်နဲ့ အသက်တော်တော် ကွာတာပဲ..ကျွန်တော်က..၂၄...ဒေါ်ကြီး နာမည် ဘယ်လိုခေါ်လည်း..”
“ဒေါ်ရွက်သစ်ဝေ...အဲ...မရွက်သစ်ဝေဟဲ့...”
“ကျွန်တော့် နာမည် က ဘုန်းမင်းပါ..”
“ဘုန်းမင်း..တဲ့...နာမည်ကြီးကလည်း..”
“ဒေါ်ကြီး နာမည်ကကော...ရွက်သစ်ဝေတဲ့ လူမမြင်ဘူး သစ်ပင်တွေချည်း မြင်နေတယ်..”
“စကားမရှည်နဲ့ အခုချိန်မှာ ငါက နင့်ရဲ့ ကျေးဇူးရှင် စားစရာ ရှိတာ မြန်မြန်စားပြီးရင် ကြွ..”
“ဒေါ်ကြီး ကို ကျွန်တော်တွေ့ဖူးတယ်လေ...ကောင်တာမှာစျေးရောင်းတုန်းက လာ၀ယ်ဖူးတယ်..”
“၀ယ်သူ အများကြီး ငါ က ဘယ်လို မှတ်မိမလည်း...ကုန်ပြီလား..”
ခွက်ကို ကြည့်လိုက်တော့မှ လက်ကွယ်ပြီး ငုံ့သောက်ပြသည်.။
“ကျွန်တော့်ကို  တစ်ညလေးတော့ လက်ခံပေးပါ ဒေါ်ကြီးရယ်...”
“ငါ တစ်ယောက်တည်းရယ် မဖြစ်ဘူး..”
“ဟမ်..စောနက ယောင်္ကျား ပြန်.”
သစ်တို့ လိမ်တာကျွမ်းကျင်ပြီး ချက်ချင်းကို ပေါ်သွားတော့သည်။
“လိမ်တာ...နင်လည်း လူကောင်း ပုံစံပါပဲ...ငါ့ ကြီးကြီးက နယ်ကို ခဏပြန်သွားလို့ ဒီညတော့ ငါ တစ်ယောက်တည်း အိပ်ရမယ်...”
“ကျွန်တော် တူတူ အိပ်မယ်လေ...”
“ဘာ..”
“ဟို..ဒီလိုပါ ဒေါ်ကြီး တစ်ယောက်တည်းဆို အန္တရယ် များတာပေါ့ ကျွန်တော် ဒီခုံမှာ စောင့်အိပ်ပေးပါမယ်...ဒေါ်ကြီးကို ပြစ်မှားလိုစိတ်လည်း မရှိပါဘူး..ငရဲကြီးပြီး မိုးကြိုးပစ်မှာကြောက်လို့ပါ...ပြီးတော့...”
သစ် တစ်ကိုယ်လုံးကို အပေါ်အောက် ၇ခေါက်လောက်ကြည့်ပြီးမှ...။
“ဒေါ်ကြီးသာ မိန်းမ ၀တ်စုံ ၀တ်မထားရင် ယောင်္ကျားလေး ဘော်ဒီမျိုး ဆိုတော့...”
“တော်စမ်း...ပြန်တော့...”
“အား...နာလိုက်တာ...”
ပြောလိုက်ခါမှ မျက်နှာ ရှုံ့မဲ့ပြီး ခုံပေါ် လဲကျသွားတာ အကယ်ဒမီတွေ မလား..။
လူဆိုး ပုံစံ မရှိပေမဲ့ ဒီ တစ်ညတော့ ဒီမှာ ပေကပ်နေမည့်ပုံပင်..။
“ဟဲ့....ဘာဖြစ်တာလည်း..”
“အား....သေတော့မယ်...”
သစ် အနားကို တိုးသွားလိုက်ရင်း နဖူးက ချွေးစေးတွေ ပြန်နေတာ တွေ့တော့ မျက်လုံးပြူးသွားရသည်..။
“ဟဲ့ ကောင်လေး...ဘယ်နား နာတာလည်း..”
“ကျွန်တော် ဖျားပြီထင်တယ်..”
“ဟမ်..”
နဖူးကို ကပျာကယာ စမ်းကြည့်လိုက်တော့ တကယ် ပူခြစ်နေတာ ...။
နေကောင်းသူ တစ်ယောက်လို စကားပြောဆိုနေနိုင်တာ အံသြရသည်..။
“အိုး...ဒုက္ခပါပဲ..နေပါအုံး..ဆေး ရှာ ရမယ်..”
“ချမ်းလို့ပါ ဒေါ်သစ်ရွက်ရယ်...ကျွန်တော့်ကို ကယ်ပါ..”
“ဒုက္ခပါပဲ လူစင်စစ် က သစ်ရွက် ဖြစ်ရပြန်ပြီ..နေအုံး...ငါ စောင်ယူပေးမယ်..”
မနေနိုင်တဲ့ စေတနာ မွေးရာပါကြောင့်
သစ် အခန်းထဲ ၀င်ပြီး စောင် ယူခါ အနွေးထည် တစ်ထည်ပါ ကောက်လာခဲ့လိုက်သည်..။
“အင့် ..ဒါပါ၀တ်...နေပါအုံး...စောင်ခြုံနေနော်...ငါ ဆေး လိုက်ရှာ လိုက်အုံးမယ်...”
“ဟုတ်ကဲ့....ကျေးဇူးတင်ပါတယ်..ဒေါ်သစ်ရွက်..”
“မလိုပါဘူး..ဘုန်းရွက် ရယ်...အဲ ဘုန်းမင်းရယ်...နေ...လှဲနေ...”
ကြီးကြီး ဆေးထားသည့် မီးဖိုခန်း ဘီဒို အကုန်လုံးကို ဆေးတွေ မွေ ပတ်ရှာနေရတာ ဘယ်မှာမှ မတွေ့...။
ရေခဲသေတ္တာ အပေါ်က ဘူးထဲ လက်မွှေရှာမှ ဆေး တွေ့တော့သည်..။
“ကောင်လေး...နင် ...ဘာစားချင်လည်း..ဆေး သောက်ရမယ်...”
“မစားတော့ပါဘူး ဆေးပဲပေးပါ...”
“ဟဲ့..အစာအိမ်ရှိတယ်ဆိုရင် ဆေးကို အရမ်း..”
သစ် စကားမဆုံးသေးခင် လက်ထဲက ဆေးကို ဆွဲယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီ..။
“သြော်...ဒုက္ခပါပဲ..ရေသောက်စမ်း..”
သစ် ရေခွက် အမြန်ယူပြီး လက်ထဲ ထိုးထည့်ပေးလိုက်တော့မှ တရှိန်ထိုး မော့ချလိုက်သည်..။
“ပြန်လှဲနေ..”
“ခေါင်းကိုက်တာ ပွင့်ထွက်တော့မယ်...”
“အေးပေါ့...အပူကျသွားရင် သက်သာမှာပါ...”
“ဒေါ်သစ်ရွက်.ကျွန်တော့်ကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်နော်...”
“ဟ..ကျေးဇူးတင်ရင် ဒေါ် သစ်ရွက် ခေါ်နေတာကို အရင်ပြင်စမ်းပါ..”
သစ် စိတ်မရှည်လွန်းလို့ ခပ်စပ်စပ် အော်လိုက်ရင်း စောင်ကို ပခုံးထိ ဆွဲခြုံပေးလိုက်တော့ ပြုံးစေ့စေ့ ရုပ်ဖြင့်..
“ဒေါ်သစ်ရွက် ကလည်း...ကျွန်တော်က ကျေးဇူးတင်လွန်းလို့ တင်စားပြောတာပါ...သစ်ပင် ဆိုတာ လူတွေကို သိပ်အကျိုးပြုတယ်လေ...လူမှ မဟုတ်ဘူး...ကမ္ဘာမြေပေါ်မှာ အသုံး၀င်ဆုံး အလိုအပ်ဆုံးက သစ်ပင် သစ်ရွက် ပဲ..”
“စကားတက်တိုင်း လျှောက်ရွှီး မနေနဲ့ ကန်ထုတ်မခံချင်ရင် အေးဆေး မျက်လုံးမှိတ်အိတ်လိုက်တော့...”
“ဟုတ်ကဲ့ပါ....”
မျက်တောင်တွေ ပိတ်ချလိုက်တော့ ယပ်တောင်လေး နှစ်ရွက် ဖြန့်ကပ်ထားသလို..
အား...ငါ ဘာတွေ လျှောက်တွေးနေပါလိမ့်..
သစ် ခေါင်းကို ခါရမ်းလိုက်ပြီး ဗိုက်ဆာလို့ မီးဖိုခန်းဘက် ကို ထမင်းစားဖို့ ၀င်လာခဲ့လိုက်သည်..။
“အား...”
“ဟင်...ဘာဖြစ်တာလည်း..”
“မဖြစ်ဘူး..အိပ်...အိပ်...”
သစ် ပြန်အော်လိုက်ပြီး ထမင်းအိုးကို မကျေမနပ် ကြည့်မိသည်..။
တည်ထားတာ နှစ်နာရီင်္ ရှိပြီ ခလုတ်နှိပ်ဖို့ မေ့သွားလည်း ကိုယ့်ဟာကို အလိုက်သိပြီး ချက်ထားပါလား...။
ဗိုက်ဆာ ပါတယ်ဆိုခါမှ စောင့်ပါတော့ ..။
သစ် စာရင်းတွေ ထိုင်လုပ်ရင်း မီးဖိုခန်းမှာပဲ ထမင်းအိုးစောင့်နေလိုက်သည်..။
“ဂျောက်..”
ထမင်း အိုး ဆီ က အသံက ကိုယ့်နားထဲ ချစ်ရတဲ့ ဂျက်စတင်ဘီဘာ အသံထက် ချိုနေတာ..။
“အအေး ခံထားပြီး ဟင်းတွေ အရင်ချမယ်...”
ထမင်းကို အအေးခံထားပြီး..ဟင်းပန်းကန်တွေ တစ်ခါ ပြန်ချလိုက်သည်..။
ထမင်းစားနေရင်း ဟိုကောင်လေး ဗိုက်ဆာနေမလားတွေးမိတော့ ဟင်း တစ်၀က်ကို သပ်သပ် ဖယ်ထားလိုက်ရသည်..။
စားသောက် သိမ်းဆည်းပြီး အိမ်ရှေ့ဘက်ရောက်တော့ နဖူး စမ်းကြည့်လိုက်တာ အပူတော်တော် ကျသွားပြီး အိပ်တောင်ပျော်နေပြီ...။
သစ် အခန်းပြင် ဘက်မှာ ခိုးသွားနိုင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို လိုက်ကြည့်မိသည်..။
ဒိတ်အောက်နေသည့် ဘုံး တီဗီကြီးတော့ ခြေထောက်နာနေရဲ့သားနဲ့ သယ် ပြေးမယ်မထင်ပါဘူး..။
ခုံပေါ်က အရောင်းမြင့်တင်ရေး  စာအုပ်လည်း သောင်းကျော်ပေမဲ့ မယူသွားလောက်ပါဘူး..။
စိတ်ထဲသံသယတွေများလာလို့ အိမ်ရှေ့တံခါးကို သော့ခတ်ပိတ်ထားလိုက်သည်..။
ပစ္စည်းခိုးပြီးရင်တောင် သွားဖို့ အပေါက် မရှိတော့ဘူး..။
ကျေးဇူးရှင် ကိုတော့ ရန်မရှာလောက်ပါဘူးလို့ သက်ညှာစွာတွေးပြီး..ပြန်ကြည့်လိုက်တော့ အိပ်ပျော်နေတာ နှစ်နှစ်ခြိုက်ခြိုက်...။
ရုပ်ကလေးက ချော ပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လူဆိုးလက်က ပြေးနေရတာ သနားစရာလေး..။
“ဟိုး..သနားပြန်ပြီ..”
ကိုယ့်ကိုယ့် ကို သတိပေးပြီး စောင်ဆွဲထပ်ခြုံပေးလိုက်ခါ အခန်းထဲ၀င်ပြီး လော့ချလိုက်သည်...။
ကြီးကြီး ကမှာထားတယ်...လူရိုးဆိုတာ သချိုင်းကုန်းမှာပဲ ရှိတယ်တဲ့လေ..။

☆✼★━━━━━━━━━━━━★✼☆。

နောက်ကျသွားတယ်
ဆောရီးပါ 🙏
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Tahanan ng mga kuwento. Tumuklas ngayon