Part 15

3.1K 162 3
                                    

1543
အပိုင်း (၁၅)
#1543

“ဘယ်လိုလည်း မောင်..”
“အချိုပေါ့တယ်...”
“သြော်...သကြားမေ့သွားတာ...”
ကော်ဖီ ပန်းကန်ကို လှမ်းယူပြီး သကြားခဲ ထည့်ပြီး ဇွန်းနဲ့ သေချာဖြည်းဖြည်းမွေရင်း သစ် စိတ်ကို ဆွဲဆန့်ထားရသည်..။
“အင့် ရပြီ မောင်..”
ကော်ဖီ ရှေ့ရောက်လို့ တစ်လုပ် ပဲ သောက်ပြီး ခေါင်းရမ်းပြန်ပြီ..။
“ဘာလို လို့လည်း မောင်...”
“အချိုများတယ်...”
သစ် အတက်နိုင်ဆုံး ပြုံးပြီး ခေါင်းညိတ်ခါ ပန်းကန် ပြန်ယူပြီး ရေနွေး နည်းနည်း ထပ်ဖြည့်ပေးလိုက်သည်...။
“သောက်ကြည့်ပါအုံး..”
ကော်ဖီခွက်ကို သူ ယူလိုက်ချိန် သူ့ နှုတ်ဖျားက ဘယ်လို အကြောင်းအရာတွေ ထွက်လာအုံးမလည်းတွေးရင်း သစ် စိတ်တို နေရသည်..။
မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားပြီး လျှာပါ ပြူတစ်တစ် လုပ်ပြခါ
“တအား ပူနေတယ်..”
“သြော်..အင်း...အအေးခံပေးမယ်..”
ကော်ဖီ ခွက်ကို ယူပြီး ရေခဲ ချိုင့်ထဲ ခဏထည့်ထားရင်း သူ့ မျက်နှာကို အကဲခတ်ကြည့်မိသည်...။
တမင် လုပ်နေတာများလား...ဘာကို မကျေနပ်ပြန်ဘူးလည်း မသိ...။
ညဆို သူက သစ်ကို ကုတင်မှာ မအိပ်စေချင်... သစ် ကလည်း သူမကြိုက်မှန်းသိလို့ မရမက ကို တိုးတက် အိပ်တာ ဒါကို တေးပြီး သင်ခန်းစာ ပေးနေတာ များလား...။
“ဟဲ..ဟဲ...ရပြီ မောင်..”
ကော်ဖီ ပန်းကန်ကို လှမ်းယူပြီးတော့ ဇွန်းဖျားနဲ့သာ ခပ်သောက်ပြီး မျက်ခုံးတွန့်ပစ်သည်..။
“ဘာဖြစ်လို့လည်း..”
“တအားအေးသွားပြီ...”
“အို...ဒီခွက်တော့ ထားလိုက်ပါတော့ လိုတာများနေပြီ..မ အသစ် ထပ်ဖျော်ပေးမယ်နော်..”
“အမ်း...”
သစ် ကော်ဖီ အသစ် တစ်ပန်းကန် ထပ်ဖျော်ပေးလိုက်ပြီး မီးဖိုဆောင် ကို ပြန်ထွက်လာခဲ့လိုက်သည်..။
အနားမှာရပ်နေသရွေ့ တစ်ခုပြီး တစ်ခုရစ်နေတော့မှာလေ....။
“အဟား..ပြေးတာ တန်းလို့...”
ကော်ဖီ ပန်းကန်ကို လက်ထဲက ချပြီး ဗီဂါ ရယ်နေမိသည်..။
ဒေါ်သစ်ရွက်တို့ တော်တော် စိတ်ရှည်တက်တာပဲ...
ဒီနေ့မနက်ပိုင်း အလုပ်ကိစ္စ ချိန်းထားတာ မရှိတော့ တစ်နေကုန် အိမ်မှာနေပြီ ဗီဂါ့ အကြောင်းပြရသေးတာပေါ့လေ...။
ခြေချိတ်ထိုင်ရင်း ဘေးက Tab ကိုကောက်ပြီး ကင်မရာဖွင့်လိုက်တော့ မီးဖိုဆောင်မှာ ဘာတွေ ချက်ဖို့ စီစဉ်နေတာလည်း မသိ..။
ကော်ဖီ ကို အေးဆေး ထိုင်သောက်ရင်း ဘယ်လို ဒုက္ခပေးရင် ကောင်းမလည်း စဉ်းစားနေမိသည်..။
“ဒေါ်သစ်ရွက် အခန်းထဲ ခဏ လာပါ...”
ငါးကင်ဖို့ စီစဉ်နေချိန် အသံထွက်စက်က အော်သံကြားရတော့ ငါးကို ပန်းကန်တစ်ခုနဲ့ အုပ်ပြီး မီးဖိုဆောင်က ထွက်လာခဲ့ရသည်..။
အခန်းထဲရောက်တော့လည်း ရှိမနေပြန်...ဘယ်ကြွသွားပြန်ပြီလည်း..။
“မောင်..”
“ရေချိုးခန်းမှာ..”
ရေချိုးခန်းထဲမှာဆိုတဲ့ အသံကြောင့် ရင်ထဲထိတ်သွားရသည်..ဘာတွေ ကြံစည်နေပြန်ပြီလည်း မသိ...။
သစ် မဝံ့ မရဲ ဖြစ်နေပေမဲ့ မျက်နှာထားပြင်ရင်း ရေချိုးခန်းထဲ ၀င်သွားလိုက်သည်..။
ရေချိုးကန်ထဲ အကျအန ပက်လက်လုပ်ပြီး စာအုပ်တောင် ဖတ်နေလိုက်တာ လွဲနေတာ တစ်ခုထဲ..
ရေချိုးကန်ထဲမှာ ရေမရှိသလို အ၀တ်အစားတွေလည်း မချွတ်ပဲ ဒီတိုင်း ၀င်အိပ်နေတာ.....
ရူးများသွားတာလား...။
“မောင်...ဘာလုပ်နေတာလည်း..”
“ခေါင်းလျှော်ချင်လို့ “
“ဟမ်...အခုလား..”
“အမ်း..”
စကားကို ပြီးစလွယ်ပြောပြီး စာရွက်တစ်ရွက်လှန်ခါ အာရုံစိုက်ဖတ်ပြနေတော့  သစ် ခေါင်းလျှော်ပေးဖို့ ပြင်ဆင်ရတော့သည်..။
“မောင်...ရေကူးကန် အခန်းမှာ ခေါင်းလျှော်ခုံ ရှိတယ်လေ...အဲမှာဆို အဆင်ပြေတယ်..”
“ဒီမှာပဲ လုပ် ပါ...အချိန်မရှိဘူး..”
သစ် နှုတ်ခမ်းမဲ့ပြီး ခုံပုလေး ယူခါ သူ့ ခေါင်းရင်းမှာ ထိုင်လိုက်ရသည်..။
“ရှန်ပူက ပူရှိန်းနံ့ကို သုံးနော်...”
“ဟုတ်ကဲ့ပါရှင့်..”
သစ်ရွဲ့ပြီးပြောရင်း ခေါင်းလျှော်ရည်ဘူးရှာနေတုန်း လက်ထဲပါလာသည့် ပုလင်းကို ငုံ့ကြည့်လိုက်တော့ မြေ့ုပီး ကိုင်လာတဲ့ ငံပြာရည်ဘူးဖြစ်နေသည်..။
ဟား..ဟား...ပူရှိန်းနံ့လေး...။
သစ် ခေါင်းလျှော် ရည် ဘူးတွေကို သေချာလိုက်ကြည့်ပြီး ပူရှိန်းနံ့ ပါတာလေး ယူလိုက်သည်..။
“မောင်..ခေါင်းရေစွပ်မယ်နော်..”
“အမ်း..”
ရေပန်းနဲ့ လုပ်ရင် သစ်ပါ ရေစိုမှာ စိုးလို့  ရေဖလားထဲက ရေကိုလက်နဲ့ယူပြီး လိုက်သပ်ပေးနေရသည်..။
ဆံပင်ကလည်း ထူလိုက်တာ...လဲလို့ရရင် ကောင်းမှာပဲ...သူ့ဆံပင်တွေ ထူသိပ်သလောက်..
သစ် ဆံပင်က အဖျားရှုးပြီး စုစည်းရင် အကြွေစေ့ အဝိုင်းလောက်သာ ရှိသည်..။
ကျောလယ်ထက် တစ်ခါမှ အရှည်မထားပေမဲ့ ဆံပင်က သန်လည်း မလာပါ...။
“မောင် ဆံပင်တွေက ထူတယ်နော်...ကံကောင်းလိုက်တာ...”
“ရုပ်ရည် နဲ့ လိုက်ဖက်တဲ့ ဆံပင် ရှိတာ သဘာ၀ပဲလေ..”
သစ် လက်ထဲက ဖလားနဲ့ ခေါင်းခေါက်ပစ်ချင်တဲ့ စိတ်ကို မြိုသိပ်ထားရသည်..။
ပြောလိုက်ရင် သူ့ဘက်က အသာစီး...။
“မောင်...သူများ လိမ်လိမ်မာမာ စကား နားထောင်ရင် လပ်တော့ပ် ပြန်ပေးမယ်ဆို..”
“အင်း..”
“မပေးသေးဘူးလား..”
“စောင့်ကြည့်နေဆဲ..”
သစ် ဒေါသထွက်လို့ လှန်မော့ထားသည့် မျက်နှာကို ဆပ်ပြာတွေနဲ့ သုတ်ပစ်ချင်စိတ်တွေ  တဖွားဖွား ပေါ်လာသည်..။
စိတ်ကို မြိုသိပ်လို့ ရေပန်းအသေးကို ဖွင့်ပြီး ခေါင်းကို ရေဖြန်းနေချိန် လက်တစ်ဖက် က နဖူးက စီးကျမသွားအောင် သတိထားပြီး သပ်ချနေရသည်..။
ရေစိုသွားတော့မှ  ခေါင်းလျှော်ရည် တွေ လက်ဝါးထဲ လောင်းထည့်ပြီး သေချာလျှော်ပေးရသည်..။
ဆပ်ပြာတွေ ထွက်လာတော့ လက်နဲ့ ဖွဖွ လေး လိုက်နိပ်ပေးရင်း မျက်လုံး စုံမှိတ်ဇိမ်ခံနေတဲ့ သူ့မျက်နှာဆီ အကြည့်ရောက်သွားသည်...။
အတူတူပါပဲ...ဒါပေမဲ့ မတူဘူး...သစ် အိမ်ကို လာတဲ့ ဘုန်းမင်းက အမြဲ ပြုံးနေတက်ပြီး..အခု ဗီဂါက အမြဲစူပုတ်နေတာ....။
“ချစ်တယ်..မရယ်...”
“အ..အ....သေပါပြီ...”
သစ် အတိတ်ဆီသွားနေတဲ့ အတွေးကြောင့် လက်က အားပါပြီး တပြင်းပြင်း ကုတ်ချပစ်လိုက်တာ သူက မျက်လုံးဖွင့်ပြီး အော်တော့သည်...။
“ဟဲ..ဟဲ..ဆောရီး မောင်..သေချာ သန့်ရှင်းသွားအောင်ပါ...စေတနာနဲ့ပါ မောင်...”
“တအားမကုပ်နဲ့ ကျွန်တော့်ခေါင်းက သန့်ပြီးသား...တစ်ချို့ဆို တစ်လ တစ်ခါ ခေါင်းမလျှော်ဘူးလေ...သူတို့ကိုသာ အခုလို ကုတ်ပေးသင့်တာ...”
သူများကို စောင်းပြောနေတာ သိသားပဲ ဆံပင်ရှည်နဲ့ နေ့တိုင်းခေါင်းလျှော်နေရင် သေဖို့ပဲ ရှိတယ်..ခြောက်အောင်လုပ်ဖို့လည်း ခက်...ကျောလယ် ဆံပင်ကို ရေစက်စက်နဲ့လည်းမနေတက်လို့ သုံး၇က်တစ်ခါလောက်သာ လျှော်ဖြစ်တာ...ဒါကို ကိုဖိုးသန့်က ဘယ်လို မှတ်ထားလည်းမသိ...သူ့ပါးစပ်ထဲမှာ သူများ အပြစ်တွေချည်းသာ...။
အမြင်ကပ်တာတွေ ဒီဂရိမြင့်လာတော့ လက် က ငံပြာရည် ပုလင်းဆီရောက်ပြီးသား..။
“မောင်..မျက်လုံးမှိတ်ထားနော်...နောက် တစ်ထပ်လျှော်ပေးမလို့..”
“အမ်း..”
ခေါင်းလျှော်ရည်တွေ စင်အောင် ရေလောင်းချပစ်လိုက်ပြီး ရေတွေ စင်အောင်သုတ်ပြီးမှ လက်ထဲငံပြာရည်ပုလင်းမှောက်ချပြီး ခေါင်းက ဆံပင်တွေကို လိုက်သပ်ပေးလိုက်သည်..။
“အ..မောင်...ဆံပင် သိပ်မခြောက်သေးဘူး..တာဝါ ပတ်ပေးခဲ့မယ်နော်..”
“အမ်း..”
ခေါင်းကို တာဝါနဲ့ထုတ်ပြီး ဆံပင်ကို ငံပြာရည်ဖြင့် ပေါင်းပေးခဲ့ခါ အခန်းထဲက ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည်..။
“ဘာ အနံ ကြီး ပါလိမ့်..”
ဗီဂါ နှာခေါင်း ရှုံ့ပွပွ လုပ်ပြီး အနံ့ခံကြည့်ရင်း ခေါင်းထောင်လာရသည်..။
ရေချိုးခန်းထဲ ဘယ်လို အနံကြီး ရောက်လာပါလိမ့်...။
စာအုပ်ပိတ်လိုက်ပြီး ရေချိုးကန်ထဲက ထွက်ခါ အနံဘယ်က လာသလည်း စုံစမ်းစစ်ဆေးနေရသည်..။
အကျီ င်္တွေ ငုံနမ်းကြည့်တော့လည်း သိပ်မသေချာ..လက်ကို နမ်းကြည့်တော့လည်း ဟုတ်သလိုလို မဟုတ်သလိုလို...။
ဗီဂါ စိတ်ရှုပ်စွာ ကြွေကန်မှာ လက်ဆေးရင်း မှန်ထဲ အကြည့်ရောက်တော့ တာဝါကို အရင်ဆုံးသတိထားမိသည်..။
တာဝါကို ဆွဲဖြုတ်ပြီး အားပါးတရ ရှုကြည့်မိတာ...
“အော့....”
တာဝါကို လွင့်ပစ်လိုက်ပြီး ခေါင်းကို ရေပိုက်အောက်ကို အမြန်ထိုးထည့်လိုက်ရသည်..။
ခေါင်းလျှော်ရည် အနံ့ပြင်းတာနဲ့ ပန်းနံ့တွေပါ ပေါင်းပြီး လောင်းချခါ ပြန်လျှော်နေရရင်း တရားခံကို အစိမ်းလိုက်ဝါးစားချင်လာသည်..။
“ဒေါ်သစ်ရွက်...ဒေါ်သစ်ရွက်...ကျွန်တော်ကောင်းတောင်...ခင်ဗျား ဆိုးချင်နေတာ...တွေ့မယ်..”
သွားကြားစေ့လေသံနဲ့ ကျိန်းပြီး ဆံပင်တွေကို ခပ်နာနာ ကုတ်ပြီးလျှော်နေတာ..
“အ..အ....သေပြီ...စပ်လိုက်တာ...”
ခေါင်းငုံ့ပြီး လျှော်တော့ ဆပ်ပြာတွေက နိမ့်ဆင်းပြီး မျက်လုံးထဲ ၀င်ကုန်တာ...မျက်လုံးစပ်သလို ဦးနှောက်တွေပါ စပ်ကုန်ပြီ...။
မျက်နှာသစ်ပြီး ခေါင်းကို ဆပ်ပြာကုန်အောင် ရေလောင်းခါ  တာဝါ အသစ်တတစ်ထည်ထုတ်ပြီး ရေသုတ်ရင်း မီးဖိုဆောင် ဘက် လျှောက်လာခဲ့လိုက်သည်..။
“ဒေါ်သစ်ရွက်..”
“ဟင်..မောင်...ဘာဖြစ်လို့..ဒီအထိ..”
“ခင်ဗျား..ခေါင်းလျှော်ရည်က ဘာတံဆိပ်လည်း..”
“ဂျစ်တူးလေး...ငါးငံပြာရည်ပါမောင်..အဲ...မှားလို့ မသိဘူးလေမောင်ရဲ့..မောင့် ဘီဒိုထဲက တွေ့တာနဲ့ လျှော်ပေးတာလေ..အစိမ်းရောင်ဘူးလေး..”
“ဒါဆို ဒါက ဘာလည်း..”
သစ်လက်ထဲ ရောက်လာတဲ့ အိုင်ပတ်ကို ယူပြီး ကြည့်လိုက်တော့ ငံပြာရည် ပုလင်းလိုက် လက်ဝါးထဲ လောင်းထည့်နေတာ အတိအကျ...
“ဟယ်...မောင်..ရေချိုးခန်းထဲလည်း..ကင်မရာတပ်ထားတာလား..”
“အိမ်သာထဲပါ တပ်တယ်...ကျွန်တော့်အိမ် ကျွန်တော့်သဘော...”
မျက်နာနီနီ နဲ့ နှာခေါင်းတွေပါ နီပြီး ပြောနေတော့ သစ် ရစ်နေလို့မကောင်းတော့တာနဲ့...
“မောင်ရယ်...သူများလည်း စောနက မှ သိတာပါ...”
“ဘာကို မသိတာလည်း..”
“ငံပြာရည်တွေ နဲ့ ခေါင်းလျှော်ပေးမိတာလေ....သူများ အပေါ်တက်လာတော့ လက်ထဲပါလာတာ သတိမထားမိလိုက်ဘူး..ဘေးက ချထားတဲ့ ပုလင်းတွေနဲ့ ရောပြီး ထည့်မိတာပါ မောင်ရယ်..”
“ဟား..ဟား...ထူးဆန်းလိုက်တာ..”
“မလှောင်ပါနဲ့ မောင်ရယ်..မ... မှတ်ဥာဏ်အားနည်းပြီး ခဏခဏ မေ့တက်တာ မောင်လည်း သိပါတယ်...”
“ကျစ်...”
သူ့ဆီက ဘာစကားမှ ထပ်မလာတော့ပဲ ကျောခိုင်းပြီး ခြေလှမ်းကြဲနဲ့ ထွက်သွားတော့မှ သစ် ခေါင်းငုံ့ပြီး အားရအောင်ရယ်လိုက်သည်..။
မိန်းမ မာယာ သဲကိုးဖြာ...တစ်ဖြာ ကုန်အောင် မသုံးရခင် အိုသွားကြတာချည်းပါပဲ...မောင်ရယ်....အဟက်...။
.
ဗီဂါ အခန်းထဲ ပြန်ရောက်တော့ ဒက်ဒီ ဆီ ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်ရသည်..။
မဟုတ်ရင် ဦးဟိန်းမိုး တော်တော် စိတ်ဆိုးတော့မှာ သေချာနေပြီ..။
“ဟလို...ဒက္ဒီ...”
“အင်း ပြော..”
“အန်ကယ် ဟိန်းမိုး က ဒက်ဒီ နဲ့တွေ့ ပြီး လုပ်ငန်း ကိစ္စ ဆွေးနွေးချင်တယ်တဲ့...အဲဒါ..”
“ငါ လာရမယ် ဆိုပါတော့..”
“ဟုတ်...”
“မင်း တို့ ဘယ်လိုလည်း..”
“ဗျာ...”
“ငါ လာရင် မင်း နဲ့ အတူ ဘေးကနေ သူ လိုက်ရမယ်..မင်း က မိန်းမ ယူပြီး တရား၀င် ချမပြရဲသေးဘူးလား ..
VG ဂရု က ဥက္ကဌ နဲ့ အတူ လူတွေ ရှေ့ တွဲပြီး ထွက်လို့ရပြီလား မေးနေတာ...”
“အဲဒါ..ဟို..ကျွန်တော် မအားသေးလို့..ပြီးတော့...သူ့ဘက်ကလည်း..”
“ဗီဂါ ငါ မေးတာ မေးခွန်း တစ်ခုတည်း အဖြေ တစ်ခုပဲ လိုချင်တယ်..”
“မရသေးဘူး..ဒက်ဒီ...”
“အိုကေ...ကြိုးစားလိုက်အုံး...”
“ဒက္ဒီ...ဟလို...ဟလို....”
ကျစ် အလုပ်ကိစ္စ ထဲကို ဘာလို့ ဒီ အမှားပဲ ဆွဲထည့်နေတာလည်း မသိဘူး...။
ဒက်ဒီ အခုလို လုပ်လေ ဗီဂါ အလုပ်တွေ ပိုအခက်တွေ့လေ....ဒေါ်သစ်ရွက် ကို ဘယ်သူကများ ပြောင်းလဲပေးနိုင်မှာလည်း...
“ဒေါ်သစ်ရွက် အခန်းထဲ လာအုံး..”
“ဟူး...ဟုတ်ကဲ့ လာပါပြီ ကိုယ်တော်လေး...”
သူ့ စာအုပ်ခန်းထဲ က တွေ့ခဲ့တဲ့ စာအုပ်တွေ ယူဖတ်နေတုန်း ခေါ်တော့ စာအုပ်ကို ဆောင့်ပိတ်ပြီး ထလာခဲ့ရသည်..။
ဒီနေ့ ဘာလို့ အလုပ်မသွားတာပါလိမ့်...
သပ်သပ် ဒုက္ခပေးချင်လို့ကို မသွားတာနေမှာ...
သစ် အခန်းထဲ ရောက်သွားတော့ ရှိမနေလို့ အလုပ်ခန်းဘက်ကို တစ်ခါ သွားကြည့်ရပြန်သည်..။
အိမ်နေရင်းတောင် တီရှပ် အကောင်းစားနဲ့ ဘောင်းဘီ ရှည် ၀တ်ပြီး  ရှိုးထုတ်နေတာ သူ့ကိုယ်သူ မင်းသားလို့ ထင်နေတဲ့ပုံ...။
ဆံပင် ကို ပုံမသွင်း ဘာမှမလိမ်းပဲ လှန်တင်ထားတော့ နဖူးရှေ့ကို တစ်ချို့ပြန်ကျနေသည်..။
ဘဝပေးကံကောင်းတယ်ဆိုတာ သူ့လို လူမျိုးကို ပြောတာဖြစ်မည်..။
ပိုက်ဆံလည်း ချမ်းသာ စီးပွားရေးမှာတော် အသက်ငယ်ငယ် ရုပ်ကချောချော
သုံးစားမရ ပြင်ဆင် စရာ ကျန်နေတာဆိုလို့ စိတ်ဓာတ်ကလေး တစ်ခုတည်းရယ်..။
သစ် မှန်တံခါးကို တွန်းဖွင့်ပြီး ၀င်သွားမိခါမှ သခင်လေး က ဖုန်းပြောနေမှန်း သိတော့သည်..။
“Do You understand what I mean.?
How Long have You known?
No...No....Everything is going well.We haven’t  any ploblems..
It wasn’t your fault .
She never thinks about other people...
I can’t understand why she’s being so selfish..
Yah..I meant to call you last night , but I forgot..
Ok see you soon...bye....”
ဗီဂါ ဖုန်းချပြီးတော့ ထိုင်နေရာက မျက်လုံးပင့် ကြည့်လိုက်တော့ လူကို မကြည်သလို ဆိုက်ကြည့်နေပြန်တာ ဘာဖြစ်တာလည်း..။
“ဘာဖြစ်လို့လည်း..”
“မ က မေးရမှာလေ...မောင် ဘယ်သူ နဲ့ ဖုန်းပြောနေတာလည်း..”
ဗီဂါ မျက်ခုံးပင့်လို့ အံသြရင်း ဘာလို့ ဒီိလို စပ်စုနေတာလည်း တွေးကြည့်မိသည်..။
မိန်းမ ဆိုပြီး စစ်ဆေးရေးဆင်း အာဏာ ပြချင်နေတာလား....ရပါလိမ့်မည်...။
“မာရီနာ မလား..”
“ဟုတ်တယ်..”
ဗီဂါ မျက်နှာ တည်တည် ထားပြီး ခြေချိတ်ပြင်ထိုင်ခါ Ipad နှိပ်နေလိုက်တော့ ဘေးနားကို ကွေ့ပတ် ၀င်လာသည်..။
ဗီဂါ မျက်လုံးပင့် ထပ် ကြည့်တော့ ခါးထောက်နေတာ စျေးထဲမှာ ရန်ဖြစ်တက်တဲ့ မိန်းမကြီးတွေ စတိုင်လ်မျိုး..
“ခင်ဗျား ဘာဖြစ်နေတာလည်း..”
“အဲဒါ မ က ပြောရမှာလေ...မောင့် မယားငယ်ကို မယား မကောင်းကြောင်းပြောနေတာ မရှက်ဘူးလား..ဟိုဟာမ ကလည်း မြှောက်ထိုးပင့်လုပ်နေတာမလား..အဲဒါမျိုး စိတ်ဓာတ်ပိုင်ရှင်ဆို.. ဂုတ်ချိုးသတ်ပစ်ချင်တယ်...သိရဲ့လား..”
“ဟ...ခင်ဗျား ရိုင်းလှချည်လား...”
“ရိုင်းတာက သူများ မဟုတ်ဘူး..မောင့်ရဲ့ မယားငယ်...မောင်ကလည်း အလိုတူ အလိုပါ မယားငယ် အကြိုက်လိုက်ပြီး...ကျွန်တော့် မိန်းမ က တခြားလူအတွက် ဘယ်တော့မှ မစဉ်းစားတက်ပါဘူး..တစ်ကိုယ်ကောင်းသမားကြီးပါ...ဆိုပြီး အတင်းပြောနေတာ မောင် မရှက်ဘူးလား..”
ပုံမှန်ဖုန်းပြောတာကို ရန်လုပ်ရင်တော့ ဗီဂါ ဒေါသထွက်မိပြီး တစ်ခုခု ပါ လုပ်မိမှာ မလွဲ...။
အခုကတော့ ထူးခြားနေပြီ..။
“နေစမ်းပါအုံး...ခင်ဗျား အင်္ဂလ်ိပ် ရလား...”
“ဟမ်...”
ဗီဂါ့ အမေးကြောင့် မျက်နှာ ပျက်သလို ဖြစ်သွားခါ တစ်ချက်ကြောင်သွားပြီးမှ မေးပင့်ရင်း
“အဲဒါ ဘယ်သူ ဖြစ်ဖြစ် နားလည်တယ်...”
“ဒါပေမဲ့...”
“ဘာလည်း မောင်က ကုန်းဘောင်ခေတ်ရောက်နေတယ် မှတ်နေတာလား..အထင်သေးလိုက်တာလည်း လွန်ကရော...”
“Why does you complain all the time..?
“Shut up...If You say about our problem...I will kill both...”
“ဟား..ဟား..”
လက်ညိုးထိုး ကျိန်းပြီး အခန်းထဲက ခြေဆောင့် ထွက်သွားတာ ကို ကြည့်ရင်း ဗီဂါ အော်ရယ်နေမိသည်..။
အင်္ဂလိပ် တက်တယ်ပြောရင် ဘာဖြစ်မှာစိုးလို့ လိမ်ညာ ဖုန်းကွယ်ချင်နေတာလည်း...။
ဘာပဲ ဖြစ်ဖြစ် ခြိမ်းခြောက် သွားပြန်ပြီ...
ကော်ဖီ ဖျော်ခိုင်း မလို့ ခေါ်မိတဲ့ ယောင်္ကျားဖြစ်သူကို သတ်ဖို့ အထိပါ ခြိမ်းခြောက်သွားတာ ကြောက်စရာ..။
ဗီဂါ ခေါင်းရမ်း ရယ်ရင်း လပ်တော့ပ်ဆီ အကြည့်ပြန်ရွေ့လိုက်ရသည်..။
မာရီနာ နဲ့ ဖုန်းပြောနေတာ မှ မဟုတ်တာပဲ...။
ဒါကို သူ့ အကြောင်းအတင်းပြောနေပါတယ်ဆိုပြီး ပေါက်ကွဲရင်း သိခွင့်ရလိုက်တဲ့ သူ့ရည်အချင်း တစ်ခု ကို ကျေးဇူးတင်ရမည်..။
.
“အစ္မ..”
“ဟယ်...ဘိုကေ...ရောက်ပြီလား.”
“အဟဲ...အစ်မက ဘိုကေလို့ပဲ ခေါ်နေတော့ ကျွန်တော်လည်း ဆံပင် ပြန်မပြင်ချင်တော့ဘူး..”
“တကယ် လှပါတယ်ဟဲ့..နင်နဲ့ လိုက်တယ်...ဟစ်တလာ နောက်လိုက်နဲ့ တူတယ်..ဟား.ဟား...”
“ဟာ..အစ်မ ကတော့ လုပ်ပြီ...”
အောင်ကျော် ဆံပင်ညှပ်လာတဲ့ နေ့က စလို့ သစ် ပါးစပ်ထဲ ဘိ်ုကေလို့ စွဲသွားတော့တာ ပြင်မရတော့ပါ...။
“ချိုင့်ကလည်း ငါးဆင့် နှစ်လုံးတောင် စားတာက တစ်တို့လေး ကိုပဲ..”
“ဆရာ ကြိုက်မဲ့ ဟာတွေ မှန်းထည့်ပေးရတာလေ....ဒါတောင် မ ပန်းနုက ဆရာ မကြိုက်မှာ စိုးရိမ်နေတာ...ဒီနေ့ အိမ်မှာပဲ မနက်စာစားမယ်ဆိုလို့ အကုန်လုံးပျာသွားတယ်...”
“နင်တို့ဆရာကလည်း ကြီးကြီးကျယ်ကျယ်တွေ လုပ်နေတာ..”
“အခုတော်သွားတာပါတဲ့...မပန်းနုရဲ့ ဆရာမ ခေတ်ကဆိုရင် ပေါင်မုန့်က အစ အိမ်မှာပဲ လုပ်ကျွေးရတာတဲ့..”
“အခုလည်း ဟိုတယ်က ကိတ်ပဲ စားတာပဲဟာ...ဘာမှ မထူးဘူး..”
“ဟိ..ဆရာကို ပြန်ပြောရဲတာ အစ်မ တစ်ယောက်ပဲရှိတယ်...”
“ငါ က သူ့ထက် လေးနှစ်ကျော်တောင် ကြီးတယ်လေ...ဟား..ဟား...”
“မထင်ရဘူးနော်...အစ်မ က နုလို့ဖြစ်မယ်..”
‘နင်တို့ဆရာက ရင့်ထော်နေတာ...အမြဲစူပုတ်နေပြီး..ဟလို....တစ်ယောက်လာစမ်း...ဘုန်းမင်း...ကျွဲကြီး...နွားကြီး...ဘလာဘလာ...အာပလာ...”
“ဟား..ဟား...အစ်မရယ်....ဆရာတွေ့သွားမှဖြင့်...”
“ဟား..ဟား.....မကြောက်ပါဘူး...”
“အစ်မက အဲလို ပျော်တက်လို့ နုနေတာဖြစ်မယ်..”
‘ဟား..ဟား...ငါ့မောင်လေးကို မုန့်၀ယ်ကျွေးသင့်နေပြီ...”
သစ့်ကို နုတယ်ပြောတော့ လူက နည်းနည်း မြှောက်သွားပြီး စိတ်ထဲက သဘောတွေကျ မနောတွေခွေ့လာရသည်..။
“စားချင်လို့ မဟုတ်ပါဘူး..”
“အ...ကျွန်တော်ပြန်တော့မယ်..ဟိုတယ်က ကားနဲ့ လာခဲ့ရတာ..”
“သြော်..အေး...တာ့တာ..ဘိုကေ...ဟဲဟဲ...သူများ စိတ်ချမ်းသာအောင်ပြောတက်လို့ ဘိုမလေးနဲ့ ညားပါစေ..”
‘ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျ...”
ဘိုကေပြန်သွားတော့မှ ချိုင့်တွေ ဖြုတ်ပြီး ဟင်းတွေကို စပ်စုကြည့်ရသည်..။
အကုန်လုံးလိုလို သစ် မသိတဲ့ ဟင်းမျိုးတွေ...ဒါတွေကို သူ တစ်ယောက်တည်း ဘယ်လိုအကုန်စားမှာလည်း...မကုန်ရင်တော့ ကျွဲ ကြီး နဲ့ ဗလကြီး လည်းကျွေး ခြံစောင့် ဦးလေး လည်းကျွေးရမယ်...လွင့်ပစ်နေရတာ သမျောစရာ...။
“တော်တော်ရွနေတာ..”
ဗီဂါ လပ်တော့ပ်ကို ကြည့်ရင်း သတိမထားမိခင် မျက်မှောင်က ကြုတ်ပြီးသားဖြစ်သွားရသည်...။
ဟိုတယ်က ထမင်းလာပို့တဲ့ ကောင်ကို ပခုံးပုတ်ပြီး စကားပြောနေတာ..
ဘာများ ဒီလောက် ရယ်စရာ ပါနေလို့လည်း..မိန်းကလေးဖြစ်ပြီး အိနြေ္ဒလည်း မရှိဘူး..။
အသက်အရွယ်နဲ့ လိုက်ဖက်အောင် လူရိုသေအောင်လည်း မနေတက်ဘူး...
ဒါနဲ့များ...ဗီဂါ့ ဇနီးသည် ဘွဲ့ ခံယူချင်သေးသည်...။
ကျစ်...ဟိုကောင်ကလည်း..မျောက်သွားဖြဲ ရုပ်...။
လပ်တော့ပ်ကို ဆောင့်ပိတ်ချလိုက်ပြီး ရေကန်ကို ကြည့်ရင်း  အကြံတစ်ခုရသွားသည်..။
“ဒေါ်သစ်ရွက်...ရေကူးကန်ဆီလာပါ..”
ချိုင့်ထဲကဟင်းတွေ ပန်းကန်ထဲ စီထည့်နေချိန် အသံထွက်လာပြန်တော့ စိတ်ရှုပ်ရ၏..။
“ဘာဒုက္ခပေးအုံးမလို့လည်း မသိဘူး..”
သစ် ပွစိပွစိ ရေရွတ်ရင်း လုပ်လက်စတွေချထားခဲ့ခါ ရေကူးကန်ဘက်ကို သွားရပြန်သည်..။
အပေါ်ပိုင်း ဗလာကျင်းနဲ့ အတူ ခေါင်းမှာတော့ ခေါင်းစွပ် တစ်ခုတပ်ထားပြီး ဘောင်းဘီ ဒူးကျ နဲ့ အကျအန ထိုင်နေသည်..။
သစ် အကြည့်ခပ်လွဲလွဲဖြင့် အနားကို လျှောက်သွားလိုက်ပြီး
“ဘာခိုင်းမလို့လည်း..မောင်..”
“မခိုင်းပါဘူး...စောင့်ခိုင်းမလို့..”
“ဟမ်..”
“ရေကူးတာ စောင့်ကြည့်ခိုင်းမလို့လေ..”
“လိုလို့လား မောင်ရယ်..”
“လိုတာပေါ့ ရေနစ်တာတို့ ဘာတို့ဆို ဘယ်လို လုပ်မလည်း..”
“သူများလည်း ရေမကူးတက်ဘူး...”
ဗီဂါ ပြုံးလိုက်ပြီး  လက်နှစ်ဖက် ရှေ့သို့ ဆန့်တန်းခါ ရေထဲကို ဒိုင်ဗင်ပစ်ထိုးချလိုက်သည်..။
“ဟ..မောင်..ဒုက္ခပါပဲ...”
‘ထိုင်စောင့်နေ...”
သစ် နှုတ်ခမ်းမဲ့ပြီး ခုံမှာ ခြေပစ်လက်ပစ်သာ ထိုင်ချလိုက်ရသည်..။
ဘာတွေ ခိုင်းမှန်းကို မသိဘူး..တစ်ခုပြီး တစ်ခု...။
အကြည့်လွဲထားတဲ့ ကြားက ရေကူးနေတော့ သစ်ရှေ့ကို ရောက်လာလိုက် ကျော်သွားလိုက် မျက်လုံးထောင့်နား ပုံရိပ်က ကပ်လာလိုက်ဖြစ်နေသည်..။
ရှေ့က ဖြတ်ကျော်ပြီး ကူးသွားချိန်ဆို ကျောပြင် ဖြူုဖူက ရေကြည်ထဲမှာထင်းပြီး လက်လှုပ်တိုင်း ပခုံးနဲ့ လက်ပြင်နေရာ ကြွက်သားတွေက လှုပ်နေတာ .....အိုး...
သစ် စိတ်၀င်တစားလိုက်ကြည့်နေချိန် သူက ရပ်လိုက်ပြီး လှည့်ကြည့်တော့ အမြန် အကြည့်လွဲလိုက်ရသည်..။
ရှေ့က ရေပုလင်းကို ဆိုက်ကြည့်နေပေမဲ့ မလုံမလဲဖြစ်ရင်း ခေါင်းကိုသာ ကုတ်နေမိသည်..။
“ဒေါ်သစ်ရွက်..”
“ဟင်..”
“ဘာတွေ့လို့လည်း..”
“ဟင်...သူများ ဘာမှ မကြည့်ပါဘူး..မတော်တဆ ပခုံးကိုပဲ ကြည့်မိတာ...အဲ...အမှတ်တမဲ့ တွေ့တာ..”
“ဘာတွေပြောနေတာလည်း..ခုံအောက်ကို ကြည့်နေတာ ဘာတွေ့လို့လည်းလို့..”
“သြော်..အမ်း...ပုရွက်ဆိတ်တွေ..အများကြီး..တစ်ချို့တွေက ကိုယ်တိုင် သန့်အောင်နေပေမဲ့ စိတ်ဓာတ် ညစ်ပတ်တယ်လေ...စားပြီး အောက်ချတော့ ကြမ်းပြင် ညစ်ပတ်ကုန်ပြီ..”
ဗီဂါ  ရေကူးနေတာကို ခိုးကြည့်နေမှန်းသိလို့ မေးမိခါမှ ကိုယ်က စိတ်ညစ် ပတ် ဖြစ်ရပြန်ပြီ...။
ဘာမှထပ်မပြောတော့ပဲ ရေထဲ ပြန်ဆင်း လိုက်သည်..။
ရေမကူးတက်တာ သေချာရဲ့လား..ဒေါ်သစ်ရွက်...။
ခင်ဗျားနဲ့ ပတ်သက်တိုင်း ယုံနိုင်ဖို့ ခက်လောက်အောင် ခင်ဗျားမှာ ကြောက်စရာကောင်းတဲ့ လျှိုဝှက်ချက်တွေ ရှိနေတက်တယ်လေ...။
ဗီဂါ ရေထဲမှာ ခပ်နေတဲ့ ခြေထောက်ကို ရပ်လိုက်ပြီး..လက်ကိုမြှောက်လိုက်သည်..။
“အ...အ...ကြွက်တက်နေပြီ...”
“အား...”
“ဟင်..”
သစ် သူ့အော်သံကြောင့် ခုံပေါ်က အမှိုက်တွေ သိမ်းနေလက်စနဲ့ မျက်လုံးပြူးသွားရသည်..။
“မောင်...မောင်...ဘာဖြစ်တာလည်း...”
“ဝူး....အ....ကယ်ပါ...”
“ဟင်...ရေနစ်ပြီလား...ကူးလာ...မောင်...ဒီနား ကူးလာခဲ့...”
သစ်ရေကန်စပ်ကို သွားပြီး လက်ပြနေပေမဲ့ သူ့ နေရာမှာ လက်ပဲပြနေတာ မရွေ့လာ...။
ဘယ်လိုလုပ်မလည်း...သစ်လည်းရေမကူးတက်ဘူး..။
ဖုန်းကိုသတိရပြီး ပြေးယူလိုက်တော့ နေရာမှာ ရှိမနေ...အောက်ဆင်းခေါ်ဖို့ကလည်း...
“မောင်...မောင်...တက်လာပါ...ကူးလေ...မောင်..”
“မရတော့ဘူးလား...ဒုက္ခပါပဲ...”
သစ်ကြံရာမရဖြစ်ရင်း ရေကန်ကိုသာ ပတ်ပြေးနေတာ တော်တော်ကြာလာတော့ သူ့ လက်က တစ်ဖြည်းဖြည်း မြုပ်လာနေပြီ...။
“ဟင့်အင်း..မဟုတ်ဘူး..”
သစ် ဘာမှ စဉ်းစားချိန် မရှိပဲ ရေထဲကို ခုန်ဆင်းလိုက်တာ နိမ့်နိမ့်လေးထင်ခဲ့ပေမဲ့ ခဲတစ်လုံးလို မြုပ်ကျသွားသည်...။
ရေမကူးတက်တော့ အပေါ်ကို ဘယ်လို ပြန်တက်ရမလည်း...အသက်ဘယ်လို ရှုရမလည်း လျှောက်စဉ်းစားနေရချိန် အတွင်း မွန်းကြပ်လာသည်..။
“မောင်...”
သူ ဘာဖြစ်သွားပြီလည်း...မောင် မသေရဘူးနော်...။
ဗီဂါ ရေထဲက ပြန်ခေါင်းဖော်လိုက်တော့ ရေထဲ ပလုံနဲ့ ပြုတ်ကျလာတဲ့ ဒေါ်သစ်ရွက်ကို တွေ့လိုက်ရသည်..။
ဒါလား ရေမကူးတက်တာ...အဲလို လိမ်တာတွေကို မုန်းတာ...။
ဗီဂါ ခေါင်းမော့ပြီး  ရေခါရင်း အချိန်တွေ ရေတွက်နေမိတာ မိနစ်ပိုင်းဖြစ်လာပြီ...။
“ဝုန်း...”
ရေထဲကို တစ်ရှိန်ထိုး ကူးသွားပြီး ပွေ့ခေါ်လိုက်တော့ ခွေခွေလေးပဲ ပါလာသည်..။
ရေကန်ဘောင်ပေါ်တင်ဖို့ အတော်ကြိုးစားလိုက်ရပြီး အသက်ရှိသေးရဲ့လားစမ်းသပ်ရသည်..။
“ဟူး..တော်ပါသေးရဲ့...”
“ဒေါ်သစ်ရွက်...ဒေါ်သစ်ရွက်...ဟေ့...ဒေါ်သစ်ရွက်....”
ပခုံးကို လှုပ်ပြီး ခေါ်လိုက်တော့ ရေတွေပါးစပ်ထဲက ထွေးပြီး မျက်လုံးမှေးမှေးပွင့်လာသည်..။
သေချာ ဆွဲထူပေးပြီး ထိုင်ခိုင်းလိုက်တော့ ကိုင်ထားတဲ့ လက်ကို မလွှတ်သေးပဲ...
လက်တစ်ဖက်က ပါးကိုကိုင်ခါ..
“မောင်..မောင်...တော်ပါသေးရဲ့...ဘာမှ မဖြစ်လို့...မောင်ရယ်...”
“မ က မောင် တစ်ခုခု ဖြစ်ပြီ ထင်နေတာ...”
“ခင်ဗျားက ရေမကူးတက်ပဲ ဘာလို့ ဆင်းကူးတာလည်း..”
‘အိုး..သူများဆင်းကူးတာ မဟုတ်ပါဘူး..မောင်ရေနစ်တာကို ခေါ်ဖို့ ဆင်းလိုက်တာ...အဟမ်း...ရေက အပေါ်က..အဟွတ်.. ကြည့်တုန်းက တိမ်သလိုပဲ အောက်ကျတော့ အနက်ကြီးပဲ...”
အသံပျပျ နဲ့ ပြောနေတော့ သူ တကယ် ရေမကူးတက်မှန်း သိလိုက်ပြီး ဗီဂါ မေးငေါ့ပြခါ..
“စိုကုန်ပြီ အ၀တ်သွားလဲ...”
“အင်း...မောင်ရော...”
“ခင်ဗျားပြီးမှ...”
“အင်း...မြန်မြန် လဲလိုက်မယ်နော်..”
ရေစို၀တ်တွေနဲ့ ထွက်သွားတော့ အောက်ခင်းမှာ ကျန်ခဲ့တဲ့ ရေတွေကို ကြည့်ရင်း ရေနစ်ခံပြီး ကယ်ချင်တဲ့စိတ်ကို ဘယ်လို သတ်မှတ်ရမလည်း...။
ဘာမှ တွေးမရခင် ဗီဂါ ရဲ့ စိုးရိမ်စိတ်နဲ့မြန်နှုန်း မြင့်နေတဲ့ နှလုံးခုန်သံ တွေ ကို ငြိမ်ကျသွားအောင် ကြိုးစားနေရသည်..။
တစ်ခုခု သာ ဖြစ်သွားရင်လေ.......။

☆✼★━━━━━━━━━━━━★✼☆。

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Место, где живут истории. Откройте их для себя