1543
အပိုင်း (၇)
#1543“ဟင်...ဒါတွေက...”
“အိုး...အဲဒါ...”
သစ်မှာ ဖွတ်လို့လည်း မမှီ ငြင်းလို့လည်း မရသည့် အခြေအနေဖြစ်သွားတော့ စိတ်ညစ်လာတာနဲ့ ခေါင်းကိုသာ ကုတ်မိတော့သည်..။
“မောင် မေးနေတယ်လေ...”
“ဟို...ဟို...အိုး...ဒါတွေ မောင်လည်း သိသား..”
“သိတယ်...ဒါပေမဲ့ မ ကို ထပ်မေးနေတာ...”
“ဟုတ်ပါတယ်..”
WPS Cracking လုပ်နေတုန်း သူခိုးလူမိတော့ မဟုတ်ပါဘူး ငြင်းရင်လည်း စိတ်ဆိုးတော့မှာ သေချာနေသည်လေ...။
“ဘာကို ဟုတ်တာလည်း..”
“ဟာ...မောင်ကလည်း...သူများစိတ်ညစ်အောင် မလုပ်စမ်းပါနဲ့...”
“လာ ထိုင်..”
သစ် လက်ကို ဆွဲယူပြီး ကုတင်ပေါ်မှာ ထိုင်ခိုင်းတော့ စိတ်ပျက်လွန်းလို့ အရုပ်ကြိုးပျက်ထိုင်ချ လိုက်ရသည်..။
“ဗီးနက်စ် က မ မလား..”
“ဟင်..”
“ဟုတ်တယ်မလား...မလိမ်ပါနဲ့နော် မောင့်ကို မယုံကြည်သလို ခံစားရလို့ပါ...”
မောင် စိတ်ဆိုးမှာ ကြောက်လို့ သစ် ခေါင်းကို ခပ်လေးလေးသာ ညိတ်ပြလိုက်ရသည်..။
“...ဘာလို့ လိမ်တာလည်း.မရယ်...”
“အဖမ်းခံရမှာ ကြောက်လို့ပေါ့..”
“မ လုပ်နေတာတွေ ဘလက်ခ် ဘက်ကို ရောက်နေတာ သိလား...တခြားနိုင်ငံမှာဆို ပြည်ပြေးနေရလောက်ပြီ...ဒီမှာလည်း မတိုင်သေးလို့ တိုင်လို့ကတော့ မ ပြေးလွတ်မှာ မဟုတ်ဘူးနော်..”
“အိုး...မောင်ကလည်း သူများ ကြောက်နေရတဲ့ ကြားထဲ ထပ်မခြောက်ပါနဲ့တော့နော်..”
“ဟင်း...”
မောင့်ရဲ့ သက်ပြင်းချသံကြောင့် သစ် မောင့် ပခုံးကို ခေါင်းစောင်းမှီ ထားလိုက်သည်..။
“မောင် သိလား..”
“ဘာကိုလည်း..မ သူခိုးမလေးဆိုတာကို လား..”
“အိုး...အဲလို မပြောပါနဲ့...မောင်ရဲ့...ဒီ Data တွေကို သယ်လာတာ နယ်စပ်က ကောင် ....
သစ် ကို ပြောတုန်းက လုံခြုံရေး ကုဒ်ထည့်ပေးဖို့နဲ့ စစ်ကြည့်ဖို့ပဲ...ဒါက နာရီ ပိုင်း အတွင်းပြီးသွားတယ်...ဒါပေမဲ့ ဒီကောင် ကားတိုက် ခံလိုက်ရတော့ သူများဆီမှာ ဒီဒုက္ခကြီး သောင်တင်သွားရတာ..သူများက ဘာတွေ ဘယ်က ဘယ်လို ခိုးလာမှန်းတောင် မသိဘူး..”
“မသိလို့ ခိုးဖွင့်ကြည့်သေးတယ်လေ...”
“အိုး..ဒါက သစ်တို့ အလုပ်လုပ်ရင် သူများ ပါဆင်နယ် ဘယ်တော့မှ ဖွင့်မချဘူး..အဲနေ့တုန်းကလည်း မီးဖိုခန်းရောက် နေတုန်း ကွန်ပျူတာ အသံထွက်နေလို့ ဆိုပြီး ကြီးကြီး က ၀င်ပိတ်ရင်း ဖွင့်မိသလိုဖြစ် သွားတာ..သူများ က အဲလောက်တုံးပါ့မလား..”
“မသိဘူးလေ..အမြဲ အရာရာကိုမေ့နေတက်တာ မေ့ပြီး ဖွင့်မိတာလည်း ဖြစ်နေနိုင်တာပဲ..”
“အိုး..မောင်ကလည်း သူများဆို အထင်သေးလိုက်တာလွန်ရော...ရုံးက ဆရာနဲ့ တစ်ပုံစံတည်းပဲ..”
သစ် စိတ်တိုလာလို့ လက်မောင်းကို လိမ်ဆွဲပြီး ပြောလိုက်တော့ မောင်က အော်ရယ်သည်..။
“မ ဒါတွေ လုပ်နေတာ.. ဘယ်လောက်ကြာပြီလည်း...”
“တစ်နှစ်ကျော်ပြီ....”
“မ လို လူမျိုး က ဒါတွေ လုပ်တက်တာ တကယ် မထင်ရဘူးနော်...”
“မထင်ရအောင်ပဲနေတာလေ.. ကိုယ့်အရည်အချင်းဆိုတာ..
တခြားလူတွေသိဖို့ထက်...ကိုယ်တိုင်သိဖို့ အရေးကြီးတာမလား...”
“ဟား..ဟား...ဟုတ်တာပေါ့...”
“ဒါနဲ့ ဒီ Data တွေက စင်ကာပူက ဆေးဝါးသုတေသနတွေ မ ရဲ့..အရည်အသွေးမမှီတဲ့ ဆေးထုတ်နေတဲ့ တရားမ၀င် စက်ရုံက ခိုးခိုင်းလိုက်တာ....မ ဆီမှာ ထားရင် အန္တရယ်များတယ်...သူတို့ကို ပြန်အပ်လိုက်ပါလား..”
“အပ်ရဲပါဘူး..တော်ကြာ ဆုတော်ငွေမရပဲ ခိုးမှုနဲ့ကြိမ်ဒဏ်ကျမှ ဟုတ်ပေ့ ဖြစ်နေမယ်..”
“ဒါဆို မောင် အပ်လိုက်မယ်လေ..”
“မရဘူးမောင်ရဲ့...သူများက ငွေလက်ခံပြီးမှ လုပ်ထားတာ...သူတို့ လာယူတဲ့ အခါ အခုလိုလုပ်တာသိရင် သစ်ကို အပိုင်းပိုင်းလုပ်ပြီး ခွေးစာကျွေးပစ်လိမ့်မယ်..သိရဲ့လား..”
“လက်ထဲထားတော့ကော အန္တရယ် မရှိတော့ဘူးလား..”
“မောင်...”
သစ် ကုတင်ပေါ်က ထလိုက်ပြီး မောင့်လက်ကို ဆွဲထူတော့ မောင်က ပေထိုင်နေသည်..။
“ထပါ မောင်ရယ်...ပြစရာ ရှိလို့ပါ..”
အတင်းဆွဲထူပြီး လေသံပျော့ပျော့ နဲ့ ပြောတော့မှ မောင်က လေးကန်စွာ ထလိုက်လာသည်..။
“ဟိုမှာတွေ့လား..”
“ဘာလည်း...”
သစ် က မှန်တံခါးကို လက်ညိုးထိုးပြပေမဲ့ မောင်က မီးဖိုကို ကြည့်ပြီး ဘာလည်း မေးနေပြန်ပါပြီ...။
“မှန်မှာ မောင်ရဲ့..”
“ဟင်..”
မောင်လည်း တွေ့ပြီး မျက်လုံးပြူးခါ သစ်ကို ပြန်လှည့်ကြည့်တော့ ခေါင်းညိတ်၀န်ခံလိုက်ရသည်..။
“ဟုတ်တယ်...ဒါ သူများတို့ အဖွဲ့ IC1101 ....အဖွဲ့၀င် နည်းနည်းနဲ့ နိုင်ငံစုံ ပဲ..ဒီမှာဆို ၅ယောက်ပဲ ရှိတာ.လူဦးရေ သန်း ကျော်ထဲ သူများကို.. .ဘယ်လို သိသွားပါလိမ့်...”
“ဟုတ်တယ်....မရဲ့ security က တော်တော် မြင့်တာ ဆိုတော့လေ...”
“မသိတော့ဘူး..ဒါပေမဲ့ ကြောက်တယ်..မောင်ရယ်...”
မောင်က သစ် လက်ကို ဆုပ်ကိုင်ပြီး ပါးချိုင့်လေးတွေ နစ်၀င်သွားအောင် အားပေးသလို ပြုံးလိုက်ခါ
“ဒါလုပ်တဲ့ကောင်က ဒုက္ခပေးချင်တာ မဟုတ်ဘူး..သူတို့ သိနေတယ်ဆိုတာကို ပြချင်ရုံ သပ်သပ်ပါ..”
“မောင်က ဘယ်လိုသိ..”
“ဟော..ဒီလောက် နီးကပ်နေပြီး ဘာမှ လုပ်မသွားတာပဲကြည့်လေ...”
“ဒါလည်း..ဟုတ်တာပဲ..ဒါပေမဲ့ မလုံခြုံတော့ သလိုပဲ..”
“ကဲထားတော့ ထမင်း မစား၇သေးဘူးမလား..”
“ဟုတ်တယ်...ထမင်းအိုးတည်နေရင်း...အိုး အခု ပြန်တွေးကြည့်ရင် မီးဖိုခန်းထဲတောင် မလာရဲတော့ဘူး..”
သစ် ပြန်ထွက်ပြေးဖို့ လုပ်တော့ မောင်က လက်ကိုဆွဲယူပြီး ခုံမှာ ပခုံးဖိခါ ထိုင်ချခိုင်းသည်..။
“မောင် စားဖို့ တစ်ခုခု လုပ်လိုက်မယ်...ခဏစောင့်..”
“အိမ်ရှေ့ခန်းမှာ..”
“ဒီမှာပဲထိုင်စောင့်...”
“ဟူး..”
သစ် သက်ပြင်းချလိုက်ပြီး..မောင့်ကို ကြည့်လိုက်တော့ မောင်က ကျောခိုင်းလျက်သား အေ့ပရွန်ကြိုးကိုသေချာ နေရာကျအောင်ချည်နေသည်..။
မီးဖိုခန်းမှာ အေ့ပရွန် ထားပေမဲ့ အဲဒီ ခါးစည်း၀တ်ကို ဘယ်သူမှာလည်း မ၀တ်ဖြစ်ပါ...မောင်လာခါမှ အသုံးတည့်ပြီး မီးဖိုခန်း ၀င်တိုင်း အပြာကွက် အေ့ဘရွန် တစ်ထည် ၀တ်လို့ ချက်ပြုတ်တက်သည်..။
“မဟုတ်သေးပါဘူး..”
ကြိုးက တစ်ဖက်တို တစ်ဖက်ရှည် ဖြစ်နေတာကို ညီအောင် ချည်ရင်း အလိုမကျတွေ ဖြစ်နေတော့ သစ် နောက်ကနေ ရယ်မိပြီး ကြောက်စိတ်တွေလျော့သွားရသည်..။
“မောင်ကလည်း ချည်လို့ရရင်တော်ရောပေါ့..”
“ဒီဘက်က ရှည်နေတာ..”
“အိုး...သူများဆို ကြိုးတောင် မချည်ဖြစ်ဘူး..”
“အဲလို ပေါ့ပေါ့ဆဆ နေပြီး မတိမကျလုပ်လို့ အခုလို ဖြစ်နေတာ...”
“အောင်မယ်...စပြီး အပြစ်တင်ပါတော့မယ်..”
“အပြစ်ပြောတာ မဟုတ်ပါဘူး...မ အားနည်း ချက်ကို ထောက်ပြတာပါ ..ရန်သူသာ မ အားနည်းချက်ကို သိသွားရင် မောင့်လို ထောက်ပြမှာ မဟုတ်ဘူးနော်..”
ဒယ်အိုးကို မီးဖိုပေါ် တင်ပြီး ဆီထည့်ခါ ကြက်သားတွေကို တုံးပြီး ရေနဲ့ ထည့်ပြုတ်နေတာ ဘာတွေ ဖြစ်လာမလည်းတော့ မသိ..။
“မောင် ကြောက်လို့လား..”
“မကြောက်ပါဘူး..”
“မကြောက်ရင် သူများ အခန်းထဲ ခဏ သွားလိုက်အုံးမယ်..”
“အိုကေ...ပြီးရင် ခေါ်လိုက်မယ်..”
“အင်း..”
“မောင် ကြောက်ရင် အော်လိုက်နော်..”
“ဟား..ဟား..ဟုတ်ပါပြီ..”
မောင် အော်ရယ်တော့ သစ်လည်း ရယ်လိုက်ပြီး အခန်းထဲ ၀င်လာခဲ့လိုက်သည်..။
အိမ်မှာ မောင် မရှိချိန်လေး လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်တာ ကံကောင်းလို့ အသက်မပျောက်တယ်...ဟူး...။
“ကဲ ရပြီ...”
“ဟင်..”
ထပ်မိပြန်တော့ ဘာတွေ ပြေးဖုံးလို့ ဖုံးရမှန်းမသိ.. လိမ်ထားတာ မဟုတ်လို့ အသက်ရှုတော့ ချောင်ပါသည်..။
မောင် က လက်ထဲက ပန်းကန်ကို ကုတင်ပေါ်ချပြီး သစ်ဘေးနားမှာ လာရပ်သည်..။
“Hashing လုပ်နေတာလား..”
“အမ်း..”
“တစ်ခုပြီး တစ်ခုပါလား မရယ်..”
“မောင်မသိပါဘူး..လုံခြုံရေး စနစ်ဆိုတာ ရှိကို မရှိတာ..မသိတဲ့ သူနဲ့ သိတဲ့သူပဲကွာတယ်...ပိုသိတဲ့လူက ပိုဖောက်နိုင်တယ်..”
“ဟူး..”
မောင်က သက်ပြင်းရှည်ချပြီး ကုတင်ပေါ် ပစ်လှဲချလိုက်တော့ သစ် ပြုံးလိုက်မိသည်..။
“မ..”
“ဟင်..”
“ကြီးကြီးက ပြောတယ်..မ က အရမ်းမေ့တက်တယ်တဲ့..ကိုယ်ပိုင်ကုဒ်တွေ ဘယ်လိုမှတ်လည်း..”
“ကြီးကြီး ကလေ...သူများဆို အစကတည်းက အထင်မကြီးတာ..”
“မောင်လည်း သိသားပဲ ..”
“ဘာသိတာလည်း..”
သစ် မခံချင်စိတ်နဲ့ အသံမြှင့်ပြီး အော်မိတော့ မောင်က မျက်နှာကျက်ကို ကြည့်ပြီးရယ်နေသည်..။
“မောင် စရောက်တဲ့နေတုန်းက မ ကိုယ်တိုင် သော့ခတ်ပြိး သော့ပျောက်လို့ ရုံးတစ်ရက် ပျက်သွားရတယ်လေ..”
“အဲဒါ..”
“ကျန်သေးတယ်...မိတ်ကပ်လိမ်း အကျီင်္ လှဲပြီး ရေလဲ ထဘီကြီးနဲ့ အောက်ဆင်းသွားသေးတယ်မလား..”
“အိုး..အဲဒါ ကြီးကြီးလောလို့..”
“မဟုတ်ပါဘူး..ရှိသေးတယ်..ထမင်းစားပြီးတာကို မေ့ပြီး မောင် က မကောင်းတက်လို့ စားဖို့ခေါ်တော့ တစ်ခါ ထပ်လာစားသေးတယ်လေ...တကယ်အံသြတယ်...အချိန် ခဏလေး အတွင်း မ ထမင်း နှစ်ခါစားနိုင်တာ မ လူမှ ဟုတ်ရဲ့လား.ဟမ်..”
“အား...လူမို့လို့ ထမင်းစားတာပေါ့လို့..”
“ကဲ ဒီလောက်မေ့တက်တဲ့ မ က ဘယ်လိုများ ဒီအလုပ်ကို လုပ်လည်း မောင်လည်း မစဉ်းစားတက်ဘူး..ပြီးတော့ မ အတွက် အန္တရယ် များတာပေါ့..”
“သူများလည်း မေ့တက်တာ သိပါတယ်...အဲဒါကြောင့် မိန်းနံပါတ်ကို ဘယ်ဘက်ရင်မှာ တက်တူးထိုးထားတယ်...”
“ဝါး...ထောင်မြေပုံ ကို တပ်တူးထိုးထားတဲ့... Prisionbreak ရုပ်ရှင်ထဲက လိုမျိုး လား..”
“အဟက် ဟုတ်တယ်...အဲတုန်းကတော့ တကယ်ရူးသွပ်တာ..”
သစ် အရင်တုန်းက အချိန်တွေကို ပြန်တွေးမိပြီး ကိုယ့်ကိုယ်ကို အရုးတစ်ယောက် အဖြစ်သာ မြင်လာရသည်..။
“ဒါနဲ့ မ အမြဲ သုံးနေတဲ့ နံပါတ် 143 ကို မောင် သိနေတယ်နော်.ဟဲ..ဟဲ..ပြန်ပြောင်းထားအုံး..”
“ဟိ...မောင် သိတော့ကောင်းတာပေါ့...”
“ဟား...ဘာ အဓိပ္ပါယ် မို့လို့လည်း...”
“143 I Love You လေ..”
“အိုး...စိတ်ကူးယဉ်တက်လိုက်တာ မရယ်...”
I love You ဆိုကာမှ စိတ်ကူးယဉ်တက်တယ်တဲ့လေ..သူကမှ ငတုံးလေး...။
“မ က ဘာလို့ ဒီ အလုပ်ကို စိတ်၀င်စားနေတာလည်း.”
“ဒါကလေးကြောင့်လေ...အဲ မသာလေးကြောင့်ပေါ့..”
“အမျိုးမျိုးပဲ ဘယ်က ကလေးလည်း..”
မောင့်ရဲ့ အလိုမကျတဲ့ မျက်နှာ စူပုတ်ပုတ်ကလေးကို ကြည့်ပြိး အသည်းယားလာလို့ ခုံက ထလာပြီး ကုတင်မှာ ချိတ်ထိုင်လိုက်မိသည်..။
“အရင်က အချစ်ရဆုံးသူလေ...သူက မ အကောင့်နဲ့ သူ့ကောင်မ ကို စကားတွေပြောပြီး ပျော်နေတာ...သူများ အဲတုန်းက ဖေ့ဘွတ်တောင် ဘာမှန်းသိတာ မဟုတ်ဘူးလေ..”
“အဲတော့..”
“ဒေါသထွက်လာပေါ့...ကိုယ့်ကို အရူးလို့ ထင်ပြီး ဟားနေကြတာလေ..လမ်းခွဲလိုက်ပြီး မကျေနပ်ဘူး...တစ်ခုခု ပြန်လုပ်ချင်နေတာ အဲတော့ ဖေ့ဘွတ်စာအုပ်ကလေးတွေ လိုက်ရှာ အဲဒီထဲက အကောင့် လုံခြုံရေးတွေ ဘာတွေ တွေ့တော့ လျှောက်စမ်းနေရင်း ဘူးသီးမ အကောင့်ကို ရလိုက်တယ်..အဲတုန်းက သစ်မှာ ပျော်လည်းပျော် ကြောက်လည်းကြောက်သိလား..၂၀၁၃ ဆိုတော့လည်း လုံခြုံရေးပိုင်းတွေ သိပ်မသိသေးဘူးလေ..လွယ်တာပေါ့.....ဟီး...
သူခိုး အလုပ်က မကောင်းပေမဲ့ အရသာ ရှိလိုက်တာ မပြောပါနဲ့တော့ မောင်ရယ်...ဘူးသီးမ ကောင်လေးတွေနဲ့ ပြောထားတာတွေကိုလည်း ပပ်ပလစ်နဲ့ ချပြလိုက်တာ အိုး ပြသာနာတွေ တက်ပြီး သူလည်းလည်း ကွဲရော...နောက်ပိုင်းတော့ ဒီလို မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်..”
မောင် က ကုတင်ပေါ်မှာ ပက်လက် အိပ်နေရာ ကနေ ထထိုင်ပြီး သစ် ပါးကို ပုတ်ခါ
“ဒါဖြင့် မ က ဦးထုတ်ဖြူလား..ဦးထုတ်နက်လား..”
“ဟိုမှာလေ...ဦးထုတ်ပြာ..”
နံရံမှာချိတ်ထားတဲ့ ဦးထုတ်ကို လက်ညိုးထိုးပြီး ပြလိုက်တော့ မောင်က မျက်နှာ ရှုံ့မဲ့ခါ ခေါင်းမော့ပစ်လိုက်သည်..။
“စားတော့မယ်နော်..”
အရောင်နီလေးသမ်းနေသည့် ထမင်းကြော်ပန်းကန်ကို ကောက်ယူပြီး ဗိုက်ဆာနေလို့ ဇွန်းနဲ့ မြန်မြန် ခပ်စားလိုက်ရသည်..။
“ဒါလား..”
USB တစ်ခုကို ကောက်ပြတော့ ဘာမေးတာလည်း သဘောပေါက်လို့ သစ် စားလက်စက ခေါင်းညိတ်ပြလိုက်ရသည်..။
“လုံခြုံအောင် သိမ်းထားတာပဲနော်.”
“တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို တန်ဖိုးထားရင် လွယ်လွယ်လေး ပျက်စီးတက်တယ်...”
“လုပ်ပြန်ပြီ စည်းကမ်းမရှိတဲ့ အတွေးတွေလေ..”
“ဟီး...ဟုတ်တယ်...”
သစ် ခေါင်းညိတ်၀န်ခံပြီး ပူပူနွေးနွေးလေးနဲ့ စားကောင်းသည့် ထမင်းကြော်ကိုသာ ခပ်သွက်သွက် စားနေလိုက်သည်..။
“ပြီးပြီ...ဘယ်မှာ သိမ်းတာလည်း..”
“ထဘီ ထည့်တဲ့ ဘုံးထဲမှာ...”
“ဟမ်...”
“ဟုတ်တယ်...”
သစ် ခေါင်းညိတ်ပြီး ထပ်ပြောလိုက်တော့မှ မောင်က မျက်မှောင်ကြုတ်ခါ ပစ္စည်းတွေကို ဘုံးထဲ သွားထည့်သည်...။
“အိပ်တော့မယ်..”
မောင်က သူ့နေရာလေးမှာ အခင်းခင်းပြီး ခေါင်းအုံးချရင်း ပြောတော့ သစ် ပန်းကန်ကို ခုံပေါ်တင်လိုက်ပြီး ရေသောက်လိုက်သည်..။
“မောင် ဘယ်သွားနေတာလည်း..”
“အိမ်ပြန်တာပေါ့..ခင်ဗျားက ပါးရိုက်ပြီး မောင်းထုတ်တာကိုး..”
“ဆောရီးပါမောင်ရယ်...သူများက အဲလိုပဲ စကားနားမထောင်ရင် သိပ်မုန်းတာ...”
“အမိန့်မနာခံရင် မကျေနပ်တာပါ...”
“မောင့်ကို အဲလို သဘောမထားပါဘူး မောင်ရယ်..”
“ထားလိုက်တော့...အဲ့အကြောင်းပြန်ပြောရင် အိမ်ပြန်ချင်လာပြီ...”
“မလုပ်ပါနဲ့...”
သစ် ကုတင်ပေါ်က ဆင်းပြီး မောင့် အိပ်ယာ အနားကို လျှောက်သွားချိန်..
“ဟေး..နောက်ဆုတ်...အိုး..မ...တက်မနင်းနဲ့လေ မရဲ့ တွန့်ကုန်ရင် မောင် မအိပ်တက်ဘူး..”
“အိုး...ဦးစည်းကမ်းကြီးပဲ..”
သစ် မျက်စောင်းထိုး ပြီး ကုတင်ပေါ် ပြန်တက်ခါ လှဲအိပ်ပစ်လိုက်သည်..။
“မ...သွားတိုက် မျက်နှာသစ်အုံးလေ...”
“မနက်မှ..”
“ဟာ.ခုပဲ စားသောက်ထားတယ်လေ...”
“ဒီနေ့ ပင်ပန်းနေလို့ မနက်မှ ပေါင်းတိုက်လိုက်မယ်...”
“အော့...ညစ်ပတ်လိုက်တာ...”
သစ်ရယ်ကြဲကြဲလုပ်ရင်း မျက်နှာပြောင်တိုက်ခါ စောင်ဆွဲခြုံလိုက်တော့ ရွံလို့ထင်ပါရဲ့ ကျောခိုင်းသွားသည်..။
“ဘယ်မှာလည်း..”
“..ခုဆင်းလာခဲ့မယ်...ပစ္စည်းတွေရောလား..”
ဘီဒီုရှေ့မှာ ချိတ်ထားတဲ့ USB ကိုဖြုတ်ပြီး အိမ်တံခါးကို အသံမကြားအာင်ဖွင့်ခါ ဆင်းလာခဲ့လိုက်သည်..။
မနက်လေးနာရီမို့ လမ်းထဲမှာ တိတ်ဆိတ်နေပြီး လေကလည်း သန့်ရှင်းအေးမြနေသည်..။
ကားပေါ်တက်ပြီးတာနဲ့ တံခါးပြန်ပိတ်ခါ မောင်းထွက်လာတာ သုံးလမ်းကျော်မှာ ကားပြန်ရပ်လိုက်သည်..။
“ဘုန်းမင်း..ပေး..”
“မရဘူး ...သခင်လေး..”
“မင်း လုပ်နိုင်တာ ဘာရှိလည်း...”
ဘုန်းမင်းလက်ထဲက USB ကို ဆွဲယူပြီး သီးသန့် လက်ပ်တော့ပ်မှာ ချိတ်လိုက်သည်..။
လုံခြုံရေး ကုဒ် ဖြည်တဲ့ ဆော့ဝဲလ် ထည့်ထားပေမဲ့ အရာမထင်...။
ဗီဂါ ကိုယ်တိုင်လည်း နာရီ၀က်လောက်ကြာအောင် ကြိုးစားပြီးမှာ ဘုန်းမင်း စကားကို လက်ခံလိုက်ရသည်..။
“ဟုတ်တယ်..မရဘူး..ကုဒ် ရမှ ဖြစ်မယ်..”
“ဘယ်လို လုပ်မလည်း သခင်လေး..”
“အလုပ် မပြီးသေးဘူးကွ.”
“ဟူး...ကျွန်တော်လည်း သေတော့မယ်...သခင်လေးရယ်...”
“တောက်...ဒီ...တစ်ခု မွေနေလို့...အချိန်တွေ ကုန်နေတာ...”
“ဒက်က သူ့ကို ရဲလက် အပ်ခိုင်းနေပြီ...”
“မလုပ်ပါနဲ့သခင်လေးရယ်...အဲလိုတော့ မလုပ်ပါနဲ့.. .ကျွန်တော် သိရသလောက် သူက တရားခံ အစစ် မဟုတ်ပါဘူး...”
“မင်းလည်း မရတော့ဘူး..ဘုန်းမင်း...”
“အချိန်မရှိဘူး မြန်မြန်ကြွ...”
ကားကို အရှိန် တင်မောင်းရင်း တိုက်အောက်ကို ထိုးရပ်လိုက်ချိန် ၅နာရီ ထိုးတော့မည်..။
USB ကို ဆွဲဖြုတ်ပြီး လက်ပြခါ လှေကားတွေကို ပြေးတက်လာခဲ့ရသည်...။
ဒီပုံဆို သေမှာပဲ.. သူခိုးဖမ်းဖို့ ကြိုးစားပေးနေရင်း အခုတော့ ကိုယ်က သူခိုးလုံးလုံး ပြန်ဖြစ်နေပြီမလား...။
အိမ်တံခါးကို အသံမမြည်အောင် ပြန်ပိတ်ပြီး အခန်းထဲရောက်တော့ အိပ်တုန်းမို့ တော်ပါသေး...။
ကိုယ့် အိပ်ယာကို ပြန်ပြီး ပုံစံ မပျက်အိပ်နေလိုက်ပေမဲ့ အသက်ရှုသံတွေ ပြင်းထန်နေဆဲ...။
.
“ဝါး...”
မျက်လုံးမပွင့်အောင် အားရပါးရ သမ်းပြီး လက်နှစ်ဖက်ဆန့်တန်းရင်း မီးဖိုခန်း ၀င်လာတော့ လှည့်ပြီး ပြုံးပြလိုက်ရသည်..။
“နိုးပြီလား မ..”
“အင်း ဘာတွေ လုပ်နေတာလည်း မောင်...”
“မ စားဖို့ ကြာဇံချက် လုပ်ထားတယ်...”
“အိုး...မောင် ပင်ပန်းနေမှာပေါ့..”
“ရပါတယ်..”
“မောင် ညက လည်း အိပ်ရေးပျက်ထားတယ်လေ..”
“ဟင်..”
မောင်က မျက်လုံး အပြူးသားနဲ့ လှမ်းကြည့်နေတာ ရယ်ချင်စရာ ပုံစံမို့ သစ် ဟက်ကနဲ့ တစ်ချက်ရယ်လိုက်ပြီး..
“ဘာဖြစ်နေတာလည်း မောင်ရဲ့...မောင် တွိုင်လိုက်၀င်တုန်းကလေ...အခန်းထဲမှာ မ တစ်ယောက်တည်း ကြောက်လို့ စောင်ခေါင်းမြိးခြုံနေရတယ်..”
“သြော်..အင်း...”
“မြန်မြန်လုပ်ပြီး အအေးခံထားနော် ဒီနေ့ နောက်ကျနေလို့..”
“ဟုတ်ကဲ့ပါ...”
မောင်က ရွဲ့သလို ခေါင်းညွတ်ပြီး ပြောတော့ သစ် ပြုံးရင်း ရေချိုးခန်းထဲ ၀င်လိုက်သည်..။
“အို...မောင်...”
“သိနေတယ်..တာဝါ မေ့ခဲ့ပြန်ပြီ မလား..”
“အင်း...”
“ရော့..”
တာဝါကို သစ် ပခုံးပေါ် လွှားတင်ပြီး ကျောခိုင်းထွက်သွားတော့မှ သစ် ရေချိုးခန်းထဲ ပြန်၀င်ပြီး မပြီးသေးတဲ့ အ၀တ်လဲခြင်း ကိစ္စ အဆုံးသတ်ရသည်..။
“မောင် ကြာဇံချက်က မွှေးလိုက်တာ...မှန်မှန်ပြော မောင့်ရဲ့ ကာဗာ လိုက်ဖ် က ချက်ဖ် မလား..”
“ဟား..ဟား...မဟုတ်ပါဘူး.မရယ်....”
“...မောင်က တစ်ယောက်တည်းနေတာလား..”
“အမ်း..သောက်အုံး..အေးကုန် မယ်..”
မောင်က ပြုံးရင်း ပန်းကန်ထိုးပေးတော့ သစ် ခပ်သွက်သွက်သောက်ပြီး ရုံးသွားဖို့ ပြင်ဆင်ရပြန်သည်..။
“မ ညနေ စောစောပြန်လာနော်...”
“အင်းပါ...လိမ်လိမ်မာမာနေနော်...မွှေမနေနဲ့...”
“ဟုတ်ကဲ့ပါ..”
သူ့ပါးလေးကို လက်နဲ့ ပုတ်ပြီး ဖိနပ်ထိုးသွင်းခါ အိမ်က ထွက်လာခဲ့ပေမဲ့ လှေကားရောက်တာနဲ့ ခြေလှမ်းက သွက်ရတော့သည်..။
စိုးပြည့်သာ ရွဲ့ပြီး အလုပ်မလာရင် မိသစ်ဝေတို့ ဒုက္ခကို လှလှ နဲ့တွဲတွေ့တော့မှာလေ...။
“ရောက်ပြီလား မသစ်...”
“အေး...ညီမလေး....”
“မနေ့က စိုးပြည့် ရိုင်းသလို ဖြစ်သွားတာ တောင်းပန်ပါတယ်..”
“မဟုတ်တာ...အစ်မလည်း လွန်သွားတယ်...အစ်မ ကတောင်းပန်ရမှာ..”
“မဟုတ်ပါဘူး.စိုးပြည့်..”
“ရော်..ခက်လိုက်တာ..”
“ဟီး..ဟီး..”
နှစ်ယောက်စလုံး ပြိုင်တူ ရယ်ြ့ပီးနောက်မှာတော့ ကမ္ဘာမြေကြီး ငြိမ်းချမ်း သွားတော့သည်..။
“ဟေး..သစ်...စိုးပြည့်က မွေးနေ့ မို့ ကျွေးတာ လိုက်ခဲ့ရမယ်နော်..”
“လိုက်မှာပေါ့..”
ညနေ ရုံးဆင်းချိန်မှ ကပ်ပြောလိုက်တော့ သစ် ဘယ်လိုမှ ငြင်းမရပဲ လိုက်ခဲ့ရတော့သည်..။
“မသစ် အင့်..”
လက်ထဲရောက်လာတဲ့ ခွက်သေးသေးလေးကို မော့ချပြီး အာလူးကြော်စားလိုက် အသုတ်တွေစားလိုက် အလုပ်များနေရသည်..။
“မွေးနေ့က စလို့ ပျော်ရွှင်ပါစေ...ညီမလေး..”
“ဟုတ်...စားပါမမ..”
“အေ့ သစ် ရဲ့ ဒီဘက်ကို လာပါကွ..”
“ဟုတ်ကဲ့..”
“ခဏလေး ဓာတ်ပုံ ရိုက်ရမယ်...”
မန်နေဂျာဘေး ၀င်ထိုင်မိတော့ အသားယူဆွဲဖက်တာကို ခံလိုက်ရတာ စိတ်ထဲမှာ ခံပြင်းပေမဲ့ ပြုံးပြနေရသည့် ဘ၀...။
ဓာတ်ပုံရိုက်နေချိန် နောက်ကနေ ခါးကို လက်ဝါးနဲ့ ပွတ်သပ်နေတော့ ဒေါသထွက်ခါ ပါးတွေချည်း လှိမ့်ရိုက်ပစ်ချင်ပေမဲ့ မြိုသိပ်ခါ ထိုင်နေရသည်...။
ဓာတ်ပုံရိုက်ပြီးတာနဲ့ နေရာက ထလိုက်တော့ အားလုံးက မော့ကြည့်ပြန်၏..။
“ပြန်တော့မယ်...နောက်ကျ လို့ မဖြစ်လို့ပါ...”
“နေပါ ကိုယ် လိုက်ပို့မယ်..”
‘မဟုတ်ဘူး..အိမ်က လာခေါ်မယ်...”
“ြေ့သာ်..သြော်...”
မန်နေဂျာကို ခပ်ပြတ်ပြတ် လေသံနဲ့ ပြောလိုက်တော့ ဒင်းက ခေါင်းညိတ်ပြီး လက်ခံသည်..။
“သွားပြီနော်..ညီမလေး...အရမ်းနောက်ကျအောင် မနေနဲ့နော်..”
“ဟုတ်...”
စိုးပြည့် ကို သတိပေးပြီး ပြန်လာရပေမဲ့ သစ် စိတ်ထဲမှာတော့ စိတ်မချခြင်းတို့ ကြီးစိုးနေရသည်..။
“ဒေါက်...ဒေါက်...”
တံခါးခေါက်ပြီး မိနစ်ပိုင်း ကြာမှ လာဖွင့်တော့ ဒီကောင်လေး ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေပြန်ပြီလည်း..။
“အ..မ...ဟာ...နောက်ကျလိုက်တာ...”
“အမ်း..”
“ဘာဖြစ်လို့နောက်ကျနေတာလည်း....”
“ရုံးက ကောင်မလေး မွေးနေ့.စားသောက်နေလို့...”
“ဟာ...မောင် က အိမ်မှာ အမျိုးမျိူးတွေ ချက်ထားတာ...”
“မနက်စားမှာပေါ့ မောင်ရဲ့..မနက် စားမယ်လေ...စိတ်မဆိုးပါနဲ့ မောင်ရယ်...နော်...နော်လို့..”
ချွဲနွဲ့ပြီး ပြောလိုက်တော့ မောင်က ဘာမှ ပြန်မပြောပဲ သစ်ခါးကို ဖက်ပြီး အခန်းထဲအထိ လိုက်ပို့ပေးသည်..။
“အ၀တ်အစားလဲပြီး မှ အိပ်နော်..”
“အင်း..”
သစ် အ၀တ်အစားလဲ လိုက်ပြီး မအိပ်ချင်သေးလို့ မီးဖိုခန်းဘက်လျှောက်လာတော့ မောင် က ဟင်းပန်းကန်တွေ ပြန်သိမ်းနေပြီ..။
“ဟင်..မောင် ထမင်း မစားဘူးလား..”
“ဝြပီ...”
“အိုး..စိတ်ကောက်တာလား..မောင်ရဲ့...
ကလေးလည်း မဟုတ်ပဲ..”
“ကလေးက စိတ်မကောက်တက်ဘူး..”
“သြော်...ဒါဆို မောင်က လူကြီးပေါ့လေ....”
မောင်က မှုန်ကြုပ်ကြုပ် မျက်နှာထားကနေ မော့ခါ သစ်ကို မျက်စောင်းထိုးပြီး လုပ်စရာ ရှိတာတွေ ဆက်လုပ်နေသည်..။
“မ.”
“အင်...”
“လုံခြုံရေးကုဒ်က များရင် မှတ်ရခက်လား..”
“မခက်ပါဘူး...သူများကတော့ တစ်လုံးတည်းကို အများကြီး ရိုက်လိုက်တယ်..ဟဲ..ဟဲ..”
“ဟာ လွယ်တာပေါ့ မရဲ့...ဘယ် လုံခြုံမှု ရှိမလည်း..”
“ဟာ..မောင်ကလည်း ညံ့လိုက်တာ..ဂဏန်းတစ်လုံးတည်း သုံးတာ မောင်ပဲသိမှာလေ...နံပါတ် နှစ်ဆယ်ဆို ရှာပါလေရော...”
“ညဏ်ကြီး ရှင်ပါပဲ မရယ်...”
“ဟီး..ခုတော့ ၀န်ခံ ရပြီမလား..”
“သွား အိပ်တော့လေ..”
“တစ်ယောက်တည်း ကြောက်လို့...”
မောင်က သစ် စကားကြောင့် ပြုံးရင်း အေ့ပရွန်ကို ကြိုးဖြုတ်ခါ ချွတ်လိုက်ပြီး အနားရောက်လာသည်..။
“ကဲထ...”
“ပြီးပြီလား..”
“အင်း..”
သစ် စားပွဲကို လက်ထောက်ပြီး ထရပ်လိုက်တော့ မောင်က ၀င်ထိန်းပေးပြီး လက်ကို တွဲခါ အခန်းထဲ ခေါ်လာသည်..။
“မ မိန်း နံပါတ် ဘယ်လောက်လည်း..”
“ပြောဘူး..”
“ဟုတ်ပြီ အိပ်တော့...”
“အင်း....ဒုတ်..အား...”
သစ် ကုတင်ပေါ်လှဲချလိုက်တာ တန်းနဲ့ ခေါင်းရိုက်မိပြီး ပိုမူးသွားရသည်..။
“ဟာ..မ....ဘာဖြစ်သွားလည်း..”
“ခေါင်း..”
“ဟင်..”
မောင်က ပျာပျာသလဲ ပြန်ထိုင်ပြီး ခေါင်းကို လိုက်စမ်းကြည့်ခါ လက်ဝါးဖိ ပွတ်ပေးသည်...။
မောင် လက်ထိပ်တွေက တဖြည်းဖြည်း လည်ဂုတ်ကို ဆင်းလာပြီး ပခုံးပေါ်လည်းရောက်လာပြန်ပြီ..။
“မောင်..ခေါင်းလေ...မောင်ရဲ့..မောင်က ပိုမူးနေပြီလား..ဟား...ဟား...”
“အင်း...မူးတယ်..မရယ်...အချစ်မူးပဲ...”
“အို..”
သစ် လည်ဂုတ် နွေးကနဲ့ ဖြစ်သွားပြီး ပခုံးက အကျီ င်္လက်က လက်မောင်းထိပ် ထိ လျော ကျသွားသည်..။
ဒါ ....။
မောင့် အနမ်းဆိုတာ သိလိုက်ကတည်းက သစ် ကြက်သီးတွေ ဖြန်းကနဲ့ ထသွားရသည်..။
“ချစ်တယ်...မရယ်..”
“အို...”
သစ်လက်ကို ဆွဲချလိုက်တော့ သူ့ ရင်ခွင်ထဲပြိုကျသွားရသည်..။
ပခုံးသား နေရာမှာ တစ်ခါ အနမ်းတစ်ခု ကျလာတော့ သစ် နှလုံးသွေးတွေလည်း တဒိန်းဒိန်းဆောင့်ခုန်လာသည်..။
စပန့် ဂါ၀န် လက်ဖောင်းလေးက မောင့်ရဲ့ ကြမ်းတမ်းလှတဲ့ အပြုအမူကြောင့် လက် အဆက်နေရာက ပြုတ်ထွက်သွားရသည်..။
“မောင်...လွတ်ပါ..”
“ဟင့်အင်း...”
“မောင်..”
အနမ်းတွေကို ရပ်တန့် လိုက်ပြီး ခေါင်းငုံ့ကြည့်နေတော့ သစ် ကတုန်ကယင် ဖြစ်ပြီး ငိုချင်လာရသည်..။
မဟုတ်သေးပါဘူး...မောင် ဘာတွေ ဖြစ်နေတာလည်း..။
“မောင်..”
လက်ကိုင်ပုဝါ ခေါက်ရက်သားတစ်ခုကို သစ် နှာဝတေ့လိုက်တော့ အိပ်ချင်လာတာနဲ့ အိပ်ပျော်သွားရသည်..။
“... မဟုတ်တော့ဘူး...မဟုတ်သေးပါဘူး...”
ဒေါသနဲ့ အတူ နံရံ ကို လက်သီးနဲ့ ထိုးပြီး ရည်ရွယ်ချက်မေ့ခါ စည်းချက် မမှန်ဖြစ်နေတဲ့ ရင်ခုန်သံတွေကို ရပ်တန့် ပစ်လိုက်သည်..။
ရင်ဘတ်ပေါ်လုလု ဖြစ်နေတဲ့ အကျီ င်္ကို ပြန်ဆွဲမတင်ပေးလိုက်ပြီး အိပ်ပျော်နေတဲ့သူ့ ကို ငေးကြည့်နေမိသည်။
ကျွန်တော် ဘယ်လို လုပ်ရမလည်း ဒေါ်သစ်ရွက်ရယ်...။
ဒီလိုမှ မလုပ်ရင် ဒေါ်သစ်ရွက် အဖမ်းခံရလိမ့်မယ်..။
ဖုန်းက မက်ဆေ့ ဝင်လာတော့ ကုတင်က ထရပ်ခါ
လက်ထပ်စာချူပ် ရှာပုံတော် ဖွင့်ရပြန်သည်..။
ပိုက်ဆံအိတ်အစ အ၀တ်ဘီဒို အ၀တ်ခြင်း ရေခဲသေတ္တာပါ မကျန် ရှာပေမဲ့ မတွေ့..
နာရီကြည့်တော့ နှစ်နာရီလောက်ကြာနေပြီ မို့ USB ယူခါ ထွက်လာခဲ့လိုက်သည်...။
“ .....”
“မြန်မြန်...”
“ရလား...”
“ဒီမှာထည့်...”
USB လျှိဝှက်ကုဒ်ကို 7 ချည်းရိုက်ထည့် ပေးလိုက်တော့ ပွင့်သွားသည်..။
လူတိုင်း အတွက် လက်ကီး နံပါတ်ဖြစ်ပေမဲ့ တစ်စုံတစ်ယောက် အတွက် ဒဏ်ရာ ရစရာ နံပါတ်ဖြစ်သွားရတာ စိတ်မကောင်းပါဘူး...ဒေါ်သစ်ရွက်ရယ်.....။☆✼★━━━━━━━━━━━━★✼☆。
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

CZYTASZ
1543
Romans"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...