Part 11

3.5K 190 3
                                    

1543
အပိုင်း (၁၁)
#1543

“ဟ..ဘာတွေပါလိမ့်...”
သူ့ဘေးမှာ ၀တ်စုံ ပြည့် နဲ့ လူ နှစ်ယောက် ရံပြီး ရပ်နေတာ သစ် အံသြသွားရသည်..။
စားပွဲဝိုင်းမှာ ကော်ဖီခွက်ကို ကိုင်ခါ သောက်နေရင်း မျက်လုံးပင့်ကြည့်တော့ သစ်လည်း ဂရုမစိုက်သလို ၀င်ထိုင်လိုက်သည်..။
“အစ်မ..ဘာစား..”
“နန်းကြီးသုပ်..”
“အဟွတ်..”
ကော်ဖီတွေ ဖိတ်သွားတော့ ၀န်ထမ်းကောင်မလေးတွေ ပျူးတူးပျာတာ ဖြစ်သွားပေမဲ့ သူ့ဘေးက လူသန်ကြီး နှစ်ယောက်ကြောင့် အနားမသွားရဲ....။
သူကတော့ ကော်ဖီ ဖိတ်ရင်း စင်သွားတဲ့ သူရဲ့ GUCCI အကျီင်္ပေါ်က ကျားသစ်ရုပ်ကို တစ်ရှုးနဲ့ သုတ်နေသည်..။
“ပေကုန်လို့လား..မောင်..”
ဘာစကားမှ ပြန်မပြောပဲ တစ်ရှုးကို ချပြီး  ကြက်ဥကို ဇွန်းနဲ့ ခပ်စားပြန်သည်..။
“သူတို့က ဘယ်သူတွေလည်း မောင်..”
“အဟွင်း...ကျွန်တော့် bodyguard တွေ...24hr ရှိမှာလေ...”
အောင်နိုင်သူလို ငါးခူပြုံးဖြင့် ပြောလိုက်တော့ သစ် ဟက်ကနဲ့ ရယ်မိသည်..။
ယောင်္ကျားလေး ဖြစ်ပြီး ကြောက်တက်လိုက်တာလည်း လွန်ပါရောလား...။
“မောင့် သက်တော်စောင့်တွေကလည်း..
မောင့်ထက်တောင် သားနားသေး..”
“ဘာ..”
မျက်ခုံးကြုတ်ပြီး ဆိုက်ကြည့်တော့ သစ် ပခုံးတွန့်ပြီး ရှေ့က ကော်ဖီခွက်ကို ကောက်ယူလိုက်သည်..။
“မောင့် သက်တော်စောင့်တွေ ဝတ်ထားတာ ၀တ်စုံပြည့်  မောင် ၀တ်ထားတာ Gucci သုံးထောင်တန်လေ...”
“ခြီ..”
၀န်ထမ်းကောင်မလေး ခြောက်ယောက် ဆီက ရယ်သံထွက်လာပြီး ပြန်တိတ်သွားတော့ သစ်လည်း ရယ်မိသည်..။
“ဒေါ်သစ်ရွက်...”
“ဟင်..”
“ပြီးရင် အခန်းထဲ လာခဲ့..ပြောစရာ ရှိတယ်..”
“ဘာလည်း..မောင့် အကျီ င်္ကို ဒေါ်လာစျေးနဲ့ ပြန်ထွက်ပြီး စျေးပြောပြမလို့လား..”
“ဟဲ..ဟဲ..ကျွန်တော်သိပါတယ်..အစ်မရဲ့..ဆရာ အကျီ င်္ က ဆယ်သိန်းကျော်မယ်နော်..ဆရာ...”
ဘုန်းမင်းဆိုတဲ့ ကောင်က အလိုက်မသိ ၀င်ပြောမှုကြောင့် သူ့ရဲ့ ရန်လိုနေတဲ့ မျက်လုံးက သစ်ဆီကနေ ရွေ့သွားသည်...။
“ဟီး...ကျွန်တော်...ကားသွားဆေးလိုက်အုံးမယ်...ဆရာ...”
တစ်ချိုးတည်း လစ်ပြေးတော့မှ ကော်ဖီခွက် အသစ်ကို ကောက်ယူပြီး သူ လည်း ထွက်သွားသည်..။
သက်တော်စောင့်ဆိုတဲ့ စူပုတ်ပုတ် မျက်နှာနဲ့ လူတွေကလည်း သူနောက်ကပဲ လိုက်ပြီး ထွက်သွားတော့ သစ် မျက်စောင်းထိုးပြီး ကော်ဖီကို မော့ချလိုက်တာ လျှာအပူလောင်သွားရသည်..။
“အ..အ...ပူလိုက်တာ..”
“အစ်မ...ဒီမှာ..ရေ...”
ရေခွက်လှမ်းပေးလို့ အမြန်သောက်ချလိုက်ြ့ပီး စိတ်ထဲ ဒင်းလေးကို မကျေနပ် စိတ်က ပိုသာတိုးလို့လာရသည်..။
“ပြော...ဘာပြောမှာလည်း..”
“ထိုင်ပါအုံး...”
ရောက်ခါစက ခေါင်းတစ်ပတ်လည် ကြည့်ခဲ့ရတဲ့ ခမ်းနားတဲ့ ဧည့်ခန်းထဲမှာ ဒင်းက အခန့်သား ထိုင်နေတော့ သစ်လည်း သူ့ရှေ့က ခုံမှာ ပစ်ထိုင်လိုက်သည်..။
“ခင်ဗျား ဘာဖြစ်ချင်တာလည်း...ကွာရှင်းဖို့ အတွက်လျော်ကြေးလိုချင်တာဆို ကြိုက်သလောက် ပြောပါ ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်...”
“မလိုပါဘူး...ငါ မကွာရှင်းချင်ဘူး..အသက်ကြီးမှ တစ်ခုလပ်လည်း မဖြစ်ချင်ဘူး..”
“ကျွန်တော်တို့ လူသိရှင်ကြား လက်ထပ်ထားတာမှ မဟုတ်တာ...”
“ဒါပေမဲ့ လက်ထပ်ထားတာ နင်ရယ် ငါရယ်..ကြီးကြီးရယ်..သိတယ်လေ...”
သခင်လေးဆိုတဲ့ ခွေးလေးက ခြေချိတ်ထားတာကို ဖြုတ်ပြီး နှုတ်ခမ်းမှာ မဲ့ပြုံး တစ်ခုတင်ပြီး..
“ကျွန်တော် သဘောပေါက်ပြီ...ခင်ဗျားက ယောင်္ကျား မရှိပဲ မနေနိုင်တော့တာ...”
“ဘာ....တောက်..”
သစ် ဒေါသနဲ့ အတူ လက်ရွယ်ပြီး သူ့ အနားရောက်သွားပေမဲ့ သူ့ရှေ့ကို လူနှစ်ယောက်က ရောက်လာပြီ သစ်လက်ကို ပုတ်တုတ်လိုက်တာ လက်ဆစ်တစ်ခုလုံး ထုံကျဉ်သွားရသည်..။
“ဟ..ငါမပြောပဲ မထိနဲ့...”
သူ့ဘေးက လူ နှစ်ယောက်ကို ဟောက်လိုက်ပြီး သစ် ကို ကြည့်ခါ အသံ လျော့လိုက်သည်။.
“ပြန်ထိုင်ပါ...ဖြစ်နိုင်တာကို စဉ်းစားမိတာလေ...”
သစ် လက်ကောက်၀တ်ကို ကိုင်ထားတဲ့ ဘယ်လက်ကို ဖြုတ်ချပြီး ဘာမှ မဖြစ်သလို ဟန်ဆောင်ပြုံးရင်း ခုံမှာ ပြန်၀င်ထိုင်ရသည်..။
“ကောင်းပြီ... ကျွန်တော့် မိန်းမ ဖြစ်ဖို့ဆိုတာ လုံး၀ မတန်ပေမဲ့....မှားယွင်းထားတဲ့ လက်ထပ်မှုကြီးကြောင့် ဒီမှာ ဆက်နေခွင့်ပေးမယ်..ခင်ဗျား က တစ်ခုလပ် မဖြစ်ချင်ရုံဆိုတော့ ဒီအိမ်ရဲ့ သခင်မ အဖြစ်တော့ စံစားနေလို့မရဘူးပေါ့.. ကျွန်တော့်ကို ရိုရိုသေသေ ဆက်ဆံပါ..ခင်ဗျားလည်း မြန်မာမိန်းကလေး ဆိုတော့ ကိုယ့်ယောင်္ကျားကို ဘယ်လို ရိုသေသင့်လည်း.. သိမယ်ထင်တယ်..ဒီတော့......”
“ဘာလည်း..ပြောစရာရှိတာ ရှင်းရှင်းပြောစမ်းပါ..”
သစ် အသံမြှင့် အော်လိုက်တော့ လန့်သွားသလို မျက်တောင် ပုတ်ခတ်ပြီး မျက်နှာ တည်လိုက်ခါ...။
“အိမ် အလုပ်တွေ ခင်ဗျား လုပ်ရမယ်..ကျွန်တော့် အလုပ်လည်း ခင်ဗျား လုပ်ရမယ်..”
“ဒါ သပ်သပ်..”
“ဟိုး...ခင်ဗျား အိမ်မှာ ကျွန်တော် နေခဲ့တဲ့ အတိုင်းပဲပေါ့လေ...အဟွင်း..”
ကုပ်ဖဲ့ချင်စရာ ကောင်းလောက်အောင် ကို ပြုံးပြီး ပြောနေတာ သစ် စိတ်ထဲ ကျိန်ဆဲ နေမိသည်..။
“ဘုန်းမင်း..”
“ဟုတ်ကဲ့..ဆရာ...”
“၀န်ထမ်းတွေ အကုန်လုံးကို ဟိုတယ် ပြန်ပို့လိုက်...”
“ဗျာ...”
“ဟေး..ဟေး...နေအုံး...ဘာလုပ်ရမှန်းမသိပဲ ဘယ်လို လုပ်မလည်း..”
သစ် ၀င်ပြောလိုက်တော့မှ သူ က ခေါင်းညိတ်ပြပြီး...ဒုတိယ ဘုန်းမင်း ဘက် ကို ပြန်လှည့် သွားသည်။
“ဟုတ်ပြီ ၇ရက် ထားမယ်...တစ်ပတ်ပြည့်ရင် ၀န်ထမ်းတွေ အားလုံးကို ဟိုတယ် ပြန်ပို့လိုက်..”
“ဟုတ်ကဲ့..”
လက်ပိုက်ထားတာ ကို ဖြုတ်ခါ ခြေထောက် ပြင်ထိုင်လိုက်ရင်း သစ်ဘက်ကို လှည့်ကြည့်ပြီး မေးပင့်ခါ.
“တစ်ပတ် အတွင်း တက်အောင် လုပ်ထား..”
“ဟုတ်ကဲ့ပါ သာလေး..”
“ဘာ..”
“မောင် ကလည်း..သခင်လေး ခေါ်ကြည့်တာကို စိတ်ဆိုးစရာလား..”
ဗီဂါ သေချာ မကြားလိုက်လို့ ပြန်ပြောစရာ စကားမရှိပေမဲ့ ဘုန်းမင်းကတော့ နှုတ်ခမ်းဖိပိတ်ပြီး ရယ်နေသည်..။
“သွားလေ...အခုကတည်းက သင်ထား..”
“ဟုတ်ကဲ့ပါ..မောင့် သဘောပါပဲ...သြော်..မောင်...ခါးနာသေးလား..”
“မနာဘူး..”
‘တော်သေးတာပေါ့....ညက အော်နေရတာ...မ က ခါးကျိုးပြီတောင်ထင်..မောင်က လည်း နုတာကိုး...ဟိ...”
ဘုန်းမင်း ရုပ် စပ်ဖြဲဖြဲ ဖြစ်သွားကတည်းက ထင်ချင်တာ ထင်ပြီး တွေးချင်တာ တွေးနေပြီမှန်းသိလိုက်သည်..။
ဧည့်ခန်းထဲက ထွက်သွားတော့မှ  အသက်ရဲရဲ ဝံ့ဝံ့ ရှုနိုင်ပြီး ခါးကို လက်နဲ့ ပြန်စမ်းကြည့်မိသည်..။
မကျိုးတာတော်ပါသေး...။
ပြန်တွေးကြည့်တိုင်း အိမ်မက်လိုလို တကယ်လိုလို လေထဲ မြောက်သွားရတဲ့ အခိုက်အတန့်ကို မယုံနိုင်သေး..။
တကယ်များ ပိန်သေးနေလို့လား...။
တီရှပ် အကျီ င်္ ကို ဆွဲ ချွတ်ပြီး ရှေ့ မှန်နံရံ မှာ ကြည့်လိုက်ရသည်..။
လေ့ကျင့်ခန်းလုပ်ထားလို့ အဖု အထစ်တွေတောင် ရှိနေတာပဲ....။
သူ့လို ပိန်ပိန်ပါးပါးလေးက ဗီဂါလို ယောင်္ကျားတစ်ယောက် ကို ကိုင်ပေါက်နိုင်တာ ဟုတ်ပါ့မလား...။
“ဆရာ..”
“အင်း..”
“ဖုန်း..”
ဘေးက ကျွဲကြီး က လက်နှစ်ဖက်နဲ့ ဖုန်းလှမ်းပေးတော့ ဗီဂါ မှုန်ကြုပ်ကြုပ်ဖြင့် ဖုန်းယူလိုက်သည်..။
“ဟလို...ဒက်...”
“မင်း...မာရီနာ ဆီကို ဖုန်းတွေဆက်နေတယ်ဆို..”
“ဟုတ်တယ်...သူနဲ့ ကျွန်တော် စကားပြောစရာ ရှိလို့ပါ...”
“မလိုတော့ဘူးလို့ ထင်တယ်..”
“ဒက်...”
“င်္ဗီဂါ .....မင်းဘ၀ ကို မင်းစိတ်ကြိုက် ခြယ်လှယ်ခွင့် ပေးထားတယ်...ဒါပေမဲ့ ကိုယ် က မင်းအဖေနော်...အခုလို မာရီနာ ဖုန်းဆက် အသိပေးသလို ပြောလာတော့ အဖေတစ်ယောက်အနေနဲ့ တားရလိမ့်မယ်...”
“ဒါပေမဲ့...”
“အလုပ်တွေ သေချာ ဂရုစိုက် လုပ်ပါ...”
“ဟုတ်...ဒက်ဒီ...ကျွန်တော့် ကို ခွင့်မလွှတ်သေးဘူးလား..”
“ဟား..ဟား..မင်း လုပ်ထားတဲ့ အပြစ် က သေးသေးဆိုတော့လေ...”
“ကျွန်တော် တော်တော် ကြပ်နေပြီ..စင်တာ ကိုလည်း ရပ်ပစ်လိုက်ရမဲ့ အနေအထားရောက်နေတယ်...ဒီလို စိတ်အမျိုးမျိုး ပြောင်းတက်ရင် အစကတည်းက ဒက်ဒီ တို့ မပါသင့်ဘူး...”
“အစကတော့ မာရီနာ လို အရည်အချင်းရှိတဲ့ မိန်းမ နဲ့ လက်ထပ်မှာ ဆိုတော့ လက်ဖွဲ့ အနေနဲ့ ထည့်ပေးတာပါ...အခု မင်းယူတဲ့ မိန်းမ က အရည်အချင်း ရှိလား...ကိုယ် စုံစမ်းရသလောက်တော့ စိတ်တောင် မှန်ရဲ့လား မသိဘူး..”
“အဲလို မပြောပါနဲ့ ဒက်ဒီ...သူ့မှာလည်း အရည်အချင်းရှိပါတယ်..သူ့ကို ချစ်တယ် ပြောပြီး လက်ထပ်ဖို့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ...ဘယ်လိုပဲဖြစ်စေ ကျွန်တော် သူ့ကိုချစ်တယ်....စင်တာ ကိစ္စ ပြီးတာနဲ့ ကျွန်တော် သူနဲ့ လူသိရှင်ကြား လက်ထပ်ပွဲ လုပ်မယ်...”
“မင်း ချစ်လို့ လက်ထပ်ပွဲ လုပ်ဖြစ်ရင်တောင် ငါ မလာ နိုင်ဘူးနော်...ငါ့ ချွေးမ က ငါ့ သားနဲ့ လိုက်ဖက်တဲ့ အရည်အချင်း ရှိနေရမယ်...အဆင့်အတန်း မျိုးရိုး ကို ရွေးပြောတာ မဟုတ်ဘူးနော် သူ့ ကိုယ်ပိုင် အရည်အချင်း တစ်ခု လိုတယ်...မင်း မိန်းမ မှာ မင်းနဲ့ လိုက်ဖက်တဲ့ အရည်အချင်း ရ်ှိလာအောင် မင်း ပြုပြင်ပေးပေါ့လေ...ဘာဖြစ်လို့လည်း ဆိုတော့ Ready  ရှိနေတာ မာရီနာကို မင်း ကျောခိုင်းခဲ့တာပဲမလား...ဒီတော့ မင်း မိန်းမမှာလည်း မာရီနာ လို အရည်အချင်း ရှိလာတဲ့ တစ်နေ့ လစ်လပ်နေတဲ့ ရွက်သစ်ဝေ ဖခင်နေရာကနေ ပွဲတက်ပေးမယ်...Good Luck My Son...”
ဒက် က သူလိုချင်တာတွေ ပြောပြီး ဖုန်းချသွားတာ ဘယ်လို နားလည်ရမလည်း..။
မာရီနာ ဘယ်တုန်းက ဖုန်းဆက်တာလည်း ဘာတွေ ပြောလို့လည်း ဆိုတာ ထည့်မပြောသွား...။
တကယ်တော့ အလုပ်ကိစ္စ အတွက် ဖုန်းဆက်နေရခြင်း သပ်သပ်ပါ....။
ဗီဂါ ဘ၀ မှာ ဘယ်တုန်းကမှ အခက်အခဲ ဆိုတာ မရှိခဲ့ပေမဲ့ အခုတော့ ကူရာမဲ့ ဘ၀ကိုရောက်နေရပြီ....
မ ကို ပြောင်းလဲ ပေးဖို့ဆိုတာ...သူ ကလည်း လက်ခံအုံးမှ..ကိုယ့် ကို  မုန်းနေတဲ့ သူ ကို ဘယ်လို ပြောင်းလဲ ပေးရမလည်း....။
မ ရဲ့ မခံချင်စိတ်ကို အသုံးချရမှာပဲ...။
အတွေးစ မပျက်ခင် အန်ကယ် မိုး က ဖုန်းဆက်ခေါ်တော့   ကိုင်လိုက် ရပြန်သည်..။
“ပြောပါ..အန်ကယ်..”
“ဗီဂါ မင်းတော့ ပြသာနာပဲ...မင့် အဖေ ရဲ့ ရှယ် ကို မင်း ပြန်၀ယ်လိုက်တယ် ဆိုတော့ မန်းလေး နိုင်ဦး ကလည်း ပြန်ရောင်းချင်နေတယ်...”
“ဗျာ.”
“ဟုတ်တယ်...သူတို့ က မင်းအဖေရဲ့ ဝိတ်ကို ယုံတာလေ..မင်းကိုတော့ ကလေးလိုပဲ သတ်မှတ်ထားတာ မလား...သိပ်ပြီး မရဲဘူး ဖြစ်နေတာပေါ့ကွာ..”
“မဟုတ်ဘူး..ကျွန်တော် သေချာ..”
“လူငယ်ဆိုတော့ မစဉ်းစားပဲ ဆုံးဖြတ်ချက် ချလိုက်မှာကို တွေးပူနေတယ်...အသည်းအသန် ရောင်းထုတ်ချင်နေတာနော်..”
“ရပါတယ်...ကျွန်တော် ပြန်၀ယ်တာပေါ့လေ...ကျွန်တော် ပိုင်ဖြစ်သွားတော့လည်း ကောင်းတာပါပဲ...အန်ကယ့် အကူအညီတော့ လိုတာပေါ့...အန်ကယ် သိတဲ့ အတိုင်းပဲ..ဒက်ဒီ နဲ့ နောက် အစုတစ်ယောက် ဆီက ပြန်၀ယ်ထားရတာ မကြာသေးတော့ ...”
“အိုကေ...ကိုယ် သဘောပေါက်ပါတယ်..ငွေ ကိစ္စ နောက်မှ ပြောတာပေါ့ကွာ..တကယ်လို့  နိုင်ဦး ဆီက အန်ကယ် ၀ယ်လိုက်မယ်ဆိုရင် ဖြစ်လား..”
“မစွန့်စားချင်ပါနဲ့ အန်ကယ်..စင်တာ ကိစ္စ က မှုံ၀ါးဝါးဖြစ်နေပါပြီ...ငွေ ကိစ္စ ကို ကျွန်တော် စင်ကာပူ က ပြန်လာရင် ထပ်ပြောပါမယ်...အခုလို ကူညီတာ ကျေးဇူးတင်ပါတယ် အန်ကယ်...”
ဗီဂါ ဖုန်းချလိုက်ပြီး ဒေါသ နဲ့ မခံ ချင်စိတ်တွေ ဆောင့်တက်လာရသည်..။
အခုတော့ ဘယ် ဘဝရောက်ပြီလား..
ဒက်ဒီ မထင်လောက်အောင်ကို ရက်စက်တယ်.. ။
စီးပွားရေး နဲ့ ကိုယ်ရေး ကိုယ်တာ ရောတက်တဲ့ မာရီနာ ကိုလည်း မကျေနပ်...။
ဘာမှ မစဉ်းစားပဲ ဒက်ဒီ ဆီကို ဗီဒီယို ပို့ ခြိမ်းခြောက်သည့် ဒေါ် မမ သစ်ရွက် ကို လည်း ဒေါသဖြစ်ရသည်..။
.
“ဟူး.....တစ်ကိုယ်လုံး နာနေတာပဲ...”
သစ် အခန်းထဲ ရောက်တာနဲ့ ကုတင်ပေါ် ကန့်လန့်ဖြတ်လဲချလိုက်ပြီး လက်တွေကို ဆန့်တန်းပစ်လိုက်သည်..။
၀န်ထမ်းတွေကို သူ့အလုပ်တွေ လုပ်တက်အောင် သင်ပေးပါလို့ ပြောလိုက်မိတာ...
သွားတိုက်ဆေး ထည့်တာက အစ အချိုတည်းတဲ့ မုန့်အထိ အားလုံး သင်ရမယ်တဲ့...။
ဒီလောက်များပြားလှတဲ့ ဝေယျ၀စ္စတွေကို တစ်ပတ်တည်းနဲ့ ဘယ်လို သင်လို့ တက်မလည်း သစ်လည်း မစဉ်းစားတက်တော့ပါ...။
လိုအပ်ရင်တော့ သင်ရမှာပဲ တက်သလောက်ပေါ့လေ....။
“ဘုတ်..”
“ဟင်..”
သစ် ကုတင်ပေါ်က ခေါင်းထောင်သွားရပြီး အ၀တ်အစားထားတဲ့ အခန်းဘက်က အသံကို နားစွင့်နေမိသည်..။
ဘယ်သူပါလိမ့်...သူ ပြန်လာတာလား... ဒါဆိုရင်တော့ တခြား အခန်းမှာ သွားအိပ်ဖို့ စီစဉ်နေတာပဲ ဆိုတာ သိလိုက်ပြီး အမြန်ထ လာခဲ့ရသည်..။
“ဟင်..မောင်...”
သစ် ကို မြင်တာနဲ့ အလိုမကျစွာ မျက်ခုံးတွန့်ပြီး ခရီးဆောင်အိတ်ထဲကို အကျီင်္တွေ ထိုးသိပ်ထည့်နေသည်..။
“ဘာလုပ်နေတာလည်း မောင်...”
“ခင်ဗျား ပါးစပ်ကို ပိတ်ထား....ကျွန်တော် လူသတ်ချင်နေတယ်...လူသတ်ချင်တာ မဟုတ်ဘူး..ခင်ဗျားကို သတ်ချင်နေတာ..”
သစ် ကို လက်ညိုးထိုးပြီး အော်ပြောလိုက်တော့ မျက်ခုံးပင့်မိပြီး..
“အွင့် သူများ ဘာလုပ်လို့လည်း..”
“ခင်ဗျားမွှေ လို့ ဒက်ဒီ ကျွန်တော့်  ကို စွန့်ပစ်လိုက်ပြီ ..လက်ထပ်ဖို့ လုပ်ထားတဲ့ အရည်အချင်းရှိတဲ့ ချစ်သူကလည်း မုန်းသွားပြီ...”
“သြော်..ဒါလား..ဒါကတော့ မောင် မှားတာလေ...မိန်းမရှိရဲ့သားနဲ့ ဘာလို့ ရည်းစားထားလည်း...”
“ခင်ဗျား....ပိတ်ထား..”
“ပြောစရာကျန်သေးတော့ ပိတ်လို့မရဘူး..မောင် အခု အိတ်ထည့်နေတာ ဘယ်သွားဖို့လည်း..”
“စင်ကာပူ ပြန်ရမယ်...မာရီနာကို ရှင်းပြရမယ်...”
သစ် အလိုမကျမှုကြောင့် မျက်ခုံးတွန့်တက်သွားရပြိး စိတ်ထဲမှာ လည်း မကျေနပ်ချက်တွေ တိုးလာရသည်..။
“မရဘူးမောင်...မောင်သွားလို့မရဘူး..”
“ကျွန်တော့်ကို တားပိုင်ခွင့် ဘယ်သူမှ မရှိဘူး..”
“မောင့် မိန်းမ မှာတော့ ရှိတယ်လေ...ယောင်္ကျား မယားငယ်ထားတဲ့ ကိစ္စ ကို တားခွင့်ရှိတယ်..”
“အား..ခင်ဗျား မပြောနဲ့...”
“ဝုန်း....”
ဘေးမှာ ထောင်ထားတဲ့ အ၀တ်စင် တစ်ခုလုံးကို ကန်ချလိုက်လို့ အ၀တ်တွေနဲ့အတူ စင်ပါ ပြိုကျလာချိန်
သစ် ပြေးရှောင်လိုက်ရသည်..။
“မောင် အိမ်ကနေ ထွက်သွားရင်...မျက်စိအောက်ကနေ ပျောက်သွားရင် ဝေးဖို့ အကြောင်းတွေ ဖန်တီးလာရင် ဗီဒီယိုတွေ ကို အင်တာနက်ပေါ် ဖြန့်လိုက်ပြီပဲ..”
“ခင်ဗျား....”
အနားကို တစ်ရှိန်တိုး ရောက်လာပြီး လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ခါ ရွယ်ထားရင်း နှုတ်ခမ်းတွေက တစပ်စပ်တုန်ခါ မျက်လုံးကလည်း မီးတောက်တော့မည် ထင်ရသည်..။
“လက်ချပါ...”
ဘယ်လောက် ဒေါသ ထွက်ထွက် ချစ်ရတဲ့ မိန်းကလေးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ဖို့ မသင့်ဘူးလို့ သတ်မှတ် ပြီး ဗီဂါ လက်ကို ပြန်ချခါ အခန်းထဲက ခြေလှမ်းကြဲတွေနဲ့ ပြန်ထွက်လာခဲ့လိုက်သည်..။
“ဆရာ...”
“လိုက်မလာနဲ့..”
“ဟုတ်ကဲ့...”
ထုတ်ပြီးသားကားပေါ်တက်ခါ အကြမ်းပတမ်း မောင်းကွေ့တက်လာတော့ ခြံတံခါးကို အချိန်မှီ ပြေးဖွင့်ထားကြသည်..။
စိတ်တွေ မွန်းကြပ်လွန်းလို့ ထိုင်နေကျ သူငယ်ချင်း တစ်ယောက် စားသောက်ဆိုင် ကို ဦးတည်လာခဲ့လိုက်သည်..။
“ဟေး..ဗီဂါ...မင်း မပြန်သေးတာလား...ပြန်လာတာလား..”
“ကားမောင်းလာတာပါကွာ...”
“ဘာဖြစ်လို့ ဒီလောက် သုန်မှုန်နေတာလည်း..”
“မိန်းမ တစ်ယောက် ခြိမ်းခြောက်တာ ကို ခံနေရလို့...”
ရှေ့က မီးအိမ်ကို လက်နဲ့ခေါက်ပြီး ပြောလိုက်တော့ စိုးနိုင်က ဘာကို သဘောကျမှန်းမသိ အော်ရယ်နေသည်..။
“ဘာလို့ ဒီလောက် ရယ်နေတာလည်းကွာ...ငါ ဒေါသထွက်နေတာ..”
“မင်း ကို ခြိမ်းခြောက်လို့ ရကတည်းက မင်း လွန်ထားတာ ရှိလို့ပေါ့ကွ...”
“ဟုတ်တယ်...မှားတယ်.”
“ဘယ်လိုမိန်းမမျိုးသွားပတ်သက်မိလို့လည်း...”
“ငါနဲ့ လုံး၀ စရိုက်မတူတဲ့ မိန်းမ...”
ဗီဂါ ပြောရင်း ရှေ့က ရေခွက်ကို ယူသောက်လိုက်တာတော့ ရေတွေက ခါးတူးသွားလောက်အောင်
ချစ်ရတဲ့ မိန်းမ....။
“ဒီလို မိန်းမ ဆိုရင်တော့ မင်းကို မက်တာမဟုတ်လောက်ဘူး...ပိုင်ဆိုင်တာတွေ ဘာတွေများလား..”
“ခုလောလောဆယ်တော့ မသိသေးဘူး...ငါကွာ....အိမ်ပြန်ရမှာ စိတ်ညစ်တယ်...အိမ်မပြန်လို့လည်း မရဘူး..အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်လို မရအောင်ကို ငါ့ ကို ဖမ်းချူပ်ထားတာ...ငါတော်တော် စိတ်ညစ်နေတာကွာ...”
“ဟား..ဟား..မင်းကို.ပိုင်လှချည်လား..”
“စိုးနိုင် ငါ့ နှာခေါင်းကို ကြည့်စမ်း..”
ဗီဂါ ခေါင်းမော့ပြတော့ စိုးနိုင်က ကြောင်တောင်တောင်န ဲ့ မော့ကြည့်ပြီး ခေါင်းရမ်းရင်း..
“ဘာမှ မတွေ့ပါဘူး..”
“မင်း မမြင်ရတဲ့..ကြိုးရှိတယ်...”
“ဟေ..”
“နှာဖါးကြိုးဆိုလား..ဘာလား..”
“ဟား..ဟား..ငါ့ကောင်ရဲ့...အကောင်းမှတ်လို့...”
ဗီဂါ့ ဒေါသတွေက စိုးနိုင်နဲ့ ထိုင်ပြီးစကားပြောလိုက် ဟာသဖောက်လိုက်ဖြင့် အတန်ငယ် တော့ လျော့ကျသွားရသည်..။
“တီ္...တီ...တီ”
“ဖုန်းလာနေတယ်..”
စိုးနိုင်က ဖုန်းကို ကောက်ကြည့်ပြီး ဗီဂါ့ ကို လှမ်းပြောတော့ ခေါင်းလွဲ ပစ်လိုက်သည်...။
“တီ...တီ...တီ...”
“ဟလို...”
“မောင်...ဘယ်မှာလည်း...ပြန်မလာသေးဘူးလား...မ...ထမင်းစားဖို့ စောင့်နေတယ်...”
“မောင်မအားလို့...မောင့်ရဲ့ မောင် ကိုယ်စားပြောနေတာပါ....ထမင်း စား မစောင့်ပါနဲ့ မ...”
“ဟင်...ဘယ်သူလည်း..”
စိုးနိုင်က ဖုန်းချပြီးတာနဲ့ ဗိုက်နှိပ်ပြီး တစ်ချက်မှ မနားပဲ ရယ်နေတာ မပြီးနိုင် ....။
“တော်ပါတော့..ကွာ...”
“စကီလေး...မှတ်လို့..ချူတယ်ထင်နေတာ...မ..တဲ့...ဟား..ဟား...”
“အရမ်းမွှေတာ မင်း မသိဘူးနော်..အမွှေစိန်လေး...”
“မင်း က ဘာလို့ သွားပတ်သက်လည်း..”
“ငါ မဟုတ်ပါဘူးကွာ...ဟို မသာ ဘုန်းမင်း မွှေတာ...”
“ဘာ..ဘုန်းမင်း ဇယားက မင်း လာငြိတာလား...”
“ဟူး...မဟုတ်ဘူးကွ...”
ဘုန်းမင်းကို လွတ်ပြီး ဒေါ်သစ်ရွက် ကို စောင့် ကြည့်ခိုင်းတဲ့ ညနေ ပိုင်း ...
“သခင်လေး..ကျွန်တော်...ကျွန်တော်..မလုပ်ရဲဘူး..”
“ဟာကွာ...သွားစမ်းပါ ဘာဖြစ်နေတာလည်း..မင်း ယောင်္ကျား မဟုတ်ဘူးလား..”
“ဟုတ်ပါတယ်...သခင်လေးရယ်..ဒါပေမဲ့...ဝါးလုံးကြီး နဲ့ အရိုက်ခံရမှာတော့..”
“အတုကြီးကွ..”
ဗီဂါ စိတ်မရှည်လို့ အော်ပစ်လိုက်ပေမဲ့ ဘုန်းမင်းကတော့ ကားခုံကို လက်နှစ်ဖက်ဆုပ်ကိုင် ပြီး လုံး၀ မဆင်းတော့ဖို့ ဆုံးဖြတ်ထားသည့်ပုံ...။
“ဟာ...ဟိုမှာ..အဒေါ်ကြီး လာနေပြီ...”
“သခင်လေး...ကျွန်တော်...”
“ဟာ..ဆင်းစမ်း..ဘုန်းမင်း..”
“မသွားပါရစေနဲ့...”
ဒေါ်သစ်ရွက် တိုက် အနားကိုရောက်ခါနီးပြီမို့ ဗီဂါ အပေါ် အကျီီ ဆွဲချွတ်ပြီး တီရှပ်နဲ့ပဲ ပြေးဆင်းသွားလိုက်သည်..။
“ဟေ့ကောင်တွေ...စမယ်...”
“သခင်လေးလား...ဟိုကောင်...”
“လိုက်..”
ဗီဂါ အော်ပြီးပြေးတော့ ဟိုသုံးကောင်လည်း ယောင်တောင်တောင် ပြေးလိုက်ကြရင်း ဘုန်းမင်း ဘ၀ ရောက်သွားခဲ့ရတာ မလား...။
“ဟ..ဗီင်္ိဒီယို တင်လိုက်မယ်ဆိုတာ ဘာလည်းကွ..”
“ဟင်..”
စိုးနိုင်က ဗီဂါ့ ဖုန်းကို  ကြည့်ရင်းပြောလိုက်တော့ အတွေးစတွေ ပျက်ပြီး လန့်ဖျပ်သွားရသည်..။
“ငါ ပြန်တော့မယ်..”
“ဟာ..တကယ်ကြီး မင်း ခြိမ်းခြောက်ခံနေရတာလား..”
“ဟုတ်ပါတယ်ဆို...”
ဗီဂါ ဖုန်းယူပြီး ထလိုက်တော့ စိုးနိုင်က ပါးစပ်အဟောင်းသားဖြင့် လိုက်ကြည့်နေတာ မျက်လုံးကလည်း ပြူးလို့..။
“ချွမ်း...”
လက်ထဲက သော့ကို နံရံဆီ ပစ်ပေါက်လိုက်ပြီး အပေါ်ထပ် ကုတ်ကို ပါ ဆွဲချွတ်လွှင့်ပစ်လိုက်တော့ ၀န်ထမ်းကောင်မလေးတွေ ခေါင်းကိုယ်စီ ငုံ့ထားပေမဲ့ သစ် ခေါင်းမော့ပြီး ခြေချိတ်ထိုင်နေရင်း သူ့ ဘက်ကို လှည့်ကို မကြည့်...။
ထိုင်ခုံကို လက်တစ်ဖက်တည်းနဲ့ ဆောင့်ဆွဲပြီး ပစ်ချထိုင်ခါ ရေခွက်ကို ယူသောက်သည်...။
သစ် ဘာမှ မပြောပဲ ရှေ့က ပန်းကန်ထဲကို အငွေ့ထနေဆဲ ထမင်းတွေ ခပ်ထည့်ယူလိုက်ပြီး သူ့ ဘေးနားက ခုံကို ရွေ့ထိုင်လိုက်သည်..။
“မောင် ဘာစားမလည်း..”
“မစားဘူး...စားခဲ့ပြီ...”
“သြော်...ဒါဆို သွားနားတော့မလား..”
“စားပါ စောင့်ပေးရမယ် မလား..”
မျက်နှာထားတည်တည် မှာ မေးငေါ့ရင်း ပြောလိုက်ပုံက အားငယ်တက်တဲ့ မိန်းကလေး တစ်ယောက်သာဆို ထိုင်ငို သွားလောက်သည်....။
“ရပါတယ်...အခန်းထဲမှာ နားလိုက်လေ...”
“အမ်း...”
“ဟာကွာ ရှုပ်လိုက်တာ....”
“ခွမ်း..”
ထိုင်ခုံက ပြန်ထချိန် သူသောက်ထားတဲ့ ရေခွက်ကို ရှုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ပေါက်ခွဲခဲ့သေးသည်..။
သစ် ကတော့ ဂရုမစိုက် မတုန်လှုပ်ပေမဲ့ ကောင်မလေးတွေကတော့ ပျာပျာသလဲ ဖန်ခွဲစတွေ ကောက်သိမ်းလိုက် သန့်ရှင်းလုပ်လိုက်နဲ့ အလုပ်တွေများနေကြသည်...။
“သခင်လေး...အရင်က ဒိလို မဟုတ်ပါဘူး..”
ဘေးက ဘုန်းမင်းဆိုတဲ့ နောက်တစ်ကောင်က သစ် ကြားအောင် တမင်ညီးပြီးပြောနေပေမဲ့ သစ်မသိချင်ယောင်ပဲ ဆောင်နေလိုက်သည်..။
အရင် ပုံစံမျိုး မဟုတ်တော့တာ သိသားပဲ.....
“တော်ပြီ..ညီမ..”
“ဟုတ်ကဲ့...”
“သြော်..မနက်ဖြန်မနက်လည်း စောစောပဲ စသင်ပေးနော်..”
“ဟုတ်...”
မနက်ဖြန်အတွက် သင်ရမဲ့ အိမ်ကိစ္စ အလုပ်တွေကို သင်ပေးဖို့ သတိပေးရင် တစ်ရှုးတစ်ရွက်ဆွဲထုတ်ခါ ထလာခဲ့လိုက်သည်...။
အခန်းထဲရောက်တော့ သခင်လေးဆိုတဲ့ မောင် က ဘယ်ကြွနေပြန်ပြီလည်း မသိ..။
“အ...”
နောက်ကနေ သိုင်းဖက်ခံလိုက်ခြင်းနဲ့ အတူ သတိလွတ်ချိန်မို့လို့ ဘာမှ ပြန်မလုပ်နိုင်ခင် လက်နှစ်ဖက် စလုံး အချူပ်ခံလိုက်ရသည်...။
ပခုံးကို တံတောင်နဲ့ ဖိတွန်းလို့ နောက်ကိုအမြန်ဆုတ်ရင်း သုံးလှမ်းအကွာလောက်မှာ နံရံမှီကပ် သွားရသည်..။
“ယောင်္ကျား တစ်ယောက်ကို တစ်စုံ တစ်ခု နဲ့ ခြိမ်းခြောက်ပြီး  နိုင်ချင်ရင် ခင်ဗျား မှားပြီ...ဒေါ်ရွက်သစ်ဝေ....”
“အဟွင်း...နင် က အခု ဘာလုပ်ချင်လို့လည်း...”
“ခင်ဗျား ဘာကြီးတွေပဲ တက်ထားထား...မိန်းကလေးဖြစ်နေတယ် ဆိုကတည်းက ယောင်္ကျားနဲ့ ယှဉ်လို့မရဘူး..သဘာ၀တရားကြီးအရ တစ်ဆင့်နိမ့်ပြီးသား..အခုပဲ ကြည့်လေ...ခင်ဗျား ဘ၀က ကျားသနားမှ နွားချမ်းသာမဲ့ ဘဝရောက်သွားပြီ...”
နီးကပ်ထာထက် ပိုနေတဲ့ အနေအထားမှာ သူသာ အရပ်မမြင့်ရင် မျက်နှာနှစ်ခု ပူးကပ်နေလောက်ပြီ...။
နှာဖျားချွန်ချွန်နဲ့ အတူ နှုတ်ခမ်းမှာ မဲ့ပြုံးတစ်ခုတင်ထားပေမဲ့ မျက်ခုံးတွေက အခုကျတော့တန်းလို့...။
“ခင်ဗျား က ကျူပ်မိန်းမ သိပ်ဖြစ်ချင်တာမလား..”
ခေါင်းတစ်လုံးစာ မြင့်နေတဲ့ သူ့ မျက်နှာက တဖြည်းဖြည်း ရှေ့ကို ဆိုက်လာတော့ သစ် ကိုယ်ကို ရုန်းကြည့်မိသည်..။
သူ့ရဲ့ လက်တွေက မထင်ထားလောက်အောင် သန်မာတော့ သစ် စိတ်ထဲ လန့်ချင်သလိုလို ဖြစ်လာပြီး..
“လွတ်စမ်း..”
“ဘာဖြစ်လို့လည်း...ခင်ဗျားက ကျွန်တော့် မိန်းမ ဖြစ်ချင်တာမဟုတ်ဘူးလား...အခုလို နီးကပ်တဲ့ ဆက်ဆံရေးကတော့ လင်မယား တွေမှာ ရှိသင့်ပါတယ်...”
“မဟုတ်ဘူး...မတူဘူး...ဖယ်စမ်း....မကြိုက်ဘူး.....ဒါ ..အဓမ္မ..”
“မဖယ်ဘူးဗျာ...ခင်ဗျား အရင်လာစတာ...”
သစ်လက်နှစ်ဖက်ကို ပိုဖိချူပ်ကိုင်ပြီး မျက်နှာ အနားအတင်းကပ်လာတဲ့ သူ့နှုတ်ခမ်းပန်းရောင်တွေကို ခေါင်းရမ်းရှောင်ရင်း ဘေးဘက်က မတ်တတ်အလှဆင် မီးအိမ်တိုင် ကိုတွေ့တော့  သစ် ကိုယ်နဲ့ ပစ်တိုက်လိုက်သည်...။
“ခွမ်း...”
မီးအိမ် အဖုံးက လွင့်ကျသွားပေမယ့် မီးလုံးကတော့ သစ် ကျောပြင်နဲ့ နံရံကြားမှာ မွကြေသွားရသည်..။
“ဟာ...ခင်ဗျား..”
လက်ကို ဆောင့်ဆွဲပြီး ကျောပြင်ကို လိုက်ကြည့်နေပေမဲ့ သစ် နာကျင်မှုကို မခံစားနိုင်အောင် ဒေါသစိတ်တွေနဲ့ ကတုန်ကယင် ဖြစ်နေဆဲ...။
ဟုတ်ပါတယ်...သိပါတယ်...မိန်းမ ဆိုတာ ယောင်္ကျားတွေကို ဘယ်လို ယှဉ်နိုင်ပါ့မလည်း...။
ဒါပေမဲ့ မရှုံးချင်ဘူး...လက်ရုံးရည်မှာ ဖြစ်ဖြစ် နှလုံးရည်မှာ ဖြစ်ဖြစ် မိန်းမတွေက ကျရှုံးဖို့ လွယ်ပါတယ်...။
အင်အားချင်းမမျှလို့ ကျရှုံးရတောင် နှလုံးသားတော့ မကျရှုံးပါရစေနဲ့တော့...
“ဆရာ..”
“ဘုန်းမင်း...ကောင်မလေး နစ်ယောက်လောက် ခေါ်ပြီး လာခဲ့စမ်း..”
“ဟုတ်ကဲ့..ဆရာ..”
“ထိုင်...”
လက်ကိုဆွဲပြီး ဆိုဖာ ဆီမှာ ထိုင်ခိုင်းလိုက်တော့ ဘာမှ မခံစားရသလို မျက်နှာပေးနဲ့ ဆိုဖာမှာ ထိုင်လိုက်သည်..။
ဗီဂါ မျက်လုံးပြူးနေရပေမဲ့ သူကတော့ ဒဏ်ရာ အသေးအဖွဲ့ တစ်ခုလိုပင်...။
ဘယ်လို လည်း...ကိုယ့်အသားနာလောက်အောင် မာနခေါင်တိုက်နေတာ...အရင်က ဒီလို မဟုတ်ပါဘူး...ဘာလို့ ပြောင်းလဲသွားတာလည်း...။
“ဆရာ..”
တံခါးခေါက်သံနဲ့ အတူ ဘုန်းမင်း အသံထွက်လာတော့ ဗီဂါ ရှေ့က သူ့ကို ဆိုက်ကြည့်ပြီး..
“၀င်ခဲ့...”
“ဆရာ...ဘာလိုအပ်လိုလည်း...”
“သူ့ ကို အ၀တ်အစားလဲပြီး ဒဏ်ရာ ဆေးထည့်ပေးလိုက်...”
“ဟုတ်ကဲ့...”
ကောင်မလေး နှစ်ယောက်ကို မှာခဲ့လိုက်ပြီး ခြေလှမ်းကြဲ ဖြင့် အခန်းပြင်ထွက်လာခဲ့လိူက်သည်..။
“ဘုန်းမင်း..”
“ဗျာ...”
“သူ သုံးလ ဘာတွေ ဖြစ်ခဲ့လည်း..”
“ခင်ဗျာ...”
ဗီဂါ ရဲ့ အဆုံးအစ မသိနိုင်သည့် မေးခွန်းကို ဘုန်းမင်းက မျက်လုံးပြူးပြီး ပြန်မေးခွန်းထုတ်သည်..။
“ဒေါ်သစ်ရွက်လေ...”
“သြော်....ကျွန်တော် စောင့်ကြည့် သတင်းပို့ခဲ့တဲ့ အတိုင်းပါပဲ..”
“မင်း မသိအောင်...”
“မရှိပါဘူး..ကျွန်တော် သေချာ အနီးကပ် စောင့်ကြည့်ထားတာပါ...”
“တစ်ခုခု မှားနေပြီ...”
ဗီဂါ့ စိတ်ထဲက အလိုလို သိနေတာ ဒေါ်သစ်ရွက် မဟုတ်တဲ့ မိန်းမ တစ်ယောက် သူ့ဆီရောက်နေပြီ...။
မီးရောင် ပြာလဲ့လဲ့ အောက်က ရေကူးကန် အပြာကြီးကို ကြည့်ရင်း မထင်ထားတဲ့ အဖြစ်အပျက်တွေ စီပြီး ပြန်ပေါ်လာသည်...။
လက်နှစ်ဖက်ကို တင်းနေအောင် ချူပ်ထားတာ...ငုံ့နမ်းမဲ့ ပုံစံလေး ခြောက်လိုက်ရုံကို မီးအိမ်ကို ပစ်တိုက်ပြီး အသားနာအောင် လုပ်ပစ်လိုက်တာ...ဘာမှ မစဉ်းစားပဲ အရူးထပြီး လှုပ်ရှားလိုက်တာလား...။
အရှက်ကို အသက်ထက် တန်ဖိုးထားတယ်ဆိုတာများလား...။
သူပဲ လင်မယားဆိုတာ ပါးစပ်ကမချ...နမ်းလိုက်ရင်ရော ဘာများထိခိုက်မှာမို့လို့လည်း...။
သေချာတာတော့ ရုတ်တရက်တွေ့လိုက်ရတာ..ဗီဂါ.သိထားတဲ့... ပေါကြောင်ကြောင် နုံအအ ဒေါ်သစ်ရွက် မဟုတ်ခဲ့ပါ...။
“ဆရာ...ပြီးပါပြီ...ဘာခိုင်းစရာ ရှိသေးလည်းရှင်..”
“ရပြီ...”
ကောင်မလေးနှစ်ယောက်နဲ့ အတူ ဘုန်းမင်းပါ လိုက်သွားတော့ ဗီဂါ အခန်းဘက်ကို ပြန်လျှောက်လာခဲ့လိုက်သည်..။
အခန်းထဲက ဆိုဖာမှာ ထိုင်ရက်သားနဲ့ လပ်တော့ပ် ကို ပေါင်ပေါ်တင်ထားတာ ဘာမှ ဖြစ်မထားသလိုပင်...။
ဗီဂါ မနေနိုင်ပေမဲ့ မေးချင်စိတ်လည်း တကယ်မရှိလို့ ဆိုဖာကို တစ်ပတ်ပတ်ရင်း ကုတင်အနား လျှောက်သွားချိန် သူ့ကျောပြင်ဘက်ကို တစ်ချက် ကြည့်ဖြစ်သည်...။
“အိပ်တော့မယ်...”
“မောင်...ဆိုဖာ မှာ အိပ်ပေးပါ...”
“ဘာဖြစ်လို့လည်း ဒေါ်ရွက်သစ်ဝေ..”
“မောင် နဲ့ အတူ မအိပ်နိုင်ဘူး....”
“အဟွင်း..ကြောက်တယ်ဆိုပါတော့...စိတ်ချပါ... ခင်ဗျား...အလိုမတူပဲ ခင်ဗျား အသားကို လက်ဖျားနဲ့တောင် မထိတော့ဘူး...”
“ကျေးဇူးတင်ပါတယ်..”
“မတင်ပါနဲ့..အစကတည်းက ထိချင် ကိုင်ချင်စိတ် မရှိဘူး...”
“ကောင်းတာပေါ့...ဒါဆို..မောင် ဆိုဖာ မှာ လာအိပ်ပါ...”
“အဟား...ဒေါ်သစ်ရွက်..ခင်ဗျား အတိတ်မမေ့ပါဘူးနော်....ကျွန်တော်တို့က လက်ထပ်ထားပေမဲ့ လင်မယားလို နေရတာမှ မဟုတ်တာ..တစ်ယောက်အိမ် မှာ တစ်ယောက် သောင်တင်သလို နေရမှာလေ...မှတ်မိလား...ခင်ဗျား အိမ် မှာ ကျွန်တော် နေခဲ့ရတဲ့ ပုံစံလေးတွေ...ဒီ အတိုင်းပဲ  ခင်ဗျား နေနိုင်အောင် ကြိုးစားပါ...ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး သိတယ်မလား..ဟား..ဟား.....”
ခြောက်ကပ်ကပ် အော်ရယ်ပြီး စောင်ကို ကိုယ်ပေါ်လွမ်းတင်ခါ လှဲ အိပ်လိုက်ပေမဲ့ သစ် မှာတော့ သက်ပြင်းလှိုင်းလေး ဖြစ်သွားရသည်..။
သူ့ အရပ်မလွတ်လို့ ကွေးအိပ်ခဲ့ရတဲ့ သစ်တို့ အိမ်က ခုံ ကျဉ်းကျဉ်းလေးထက် စာရင် သူ့အိမ်က  ဒီဆိုဖာက ပိုကြီးပြီး ပိုကောင်းတော့ သစ် အိပ်ရတာ သက်သာပါလိမ့်မည်...။
ဟုတ်တယ်...အရင် ဘုန်းမင်း မရှိတော့ဘူး...ဒါပေမဲ့.....။

☆✼★━━━━━━━━━━━━★✼☆。

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Opowieści tętniące życiem. Odkryj je teraz