1543
အပိုင်း (၂၄)
#1543“ဒေါ်....ကြီး....မမ...သစ်ရွက်...”
“ဘာလည်း..”
“ခင်ဗျား ဘယ်မှာ အိပ်မှာလည်း..”
မျက်နှာ ပြောင်စပ်စပ် ရုပ်နဲ့ ရေချိုးကန်ထဲက ခေါင်းနောက်လှန်ကြည့်ပြီး မေးတော့ သစ် မျက်နှာထား တင်းတင်း ဖြစ်အောင် ပြင်လိုက်သည်။
သူ့ ခေါင်းက ဆပ်ပြာမြှုပ် တွေကို လက်သည်းနဲ့ ဖိကုပ်ရင်း..
“ကြီးကြီး ဆီမှာပဲ..”
“ဟာ လွန်လာပြီ...”
သူ့အသံက မြှင့်လာတော့ သစ် လုပ်လက်စကို ရပ်ပြီး အလိုမကျစွာ မျက်မှောင်ကြုတ် လိုက်ရင်း..
“ဘာလွန်လည်း..”
“ခင်ဗျား ကြီးကြီး ဆီ သွားအိပ်တာ ငါးရက်တောင် ရှိနေပြီနော်..”
“ကြီးကြီး နေမကောင်းလို့ သွားအိပ်တာ ဘာဖြစ်လည်း..”
“မဟုတ်သေးပါဘူး..”
ရေမရှိတဲ့ ကြွေကန်ထဲကနေ ငုတ်တုတ်ထထိုင်ပြီး သစ် ဘက်ကို မျက်နှာမူလာတော့ နောက်ဆုတ်လိုက်ရသည်..။
“ကြီးကြီး အခန်းထဲမှာ သူနာပြု ချည်းပဲ လေးယောက်ရှိတယ်...ပြီးတော့ ဆေးစစ်ချက်တွေအရ သက်သာလာပါပြီ ဆိုတာ ခင်ဗျား ဘာလို့ သွားအိပ်နေသေးလည်း..”
“ငါ့ ရဲ့ တစ်ဦးတည်းသော အဒေါ်အမေ မို့လို့ပေါ့...”
“ဒါ ဆို ကျွန်တေ်ာ ကကော...”
လူကို စိုက် ကြည့်ခါ နှုတ်ခမ်းတွန့် ပြုံးရင်း မေးလာတော့ သစ် မဲ့ ပြုံး တစ်ခု ပြုံးလိုက်ပြီး..
“လောက မှာ ငါ အမုန်းဆုံး ယောင်္ကျား...”
သူ့ဆီက သက်ပြင်းချသံ သဲ့သဲ့ ကြားလိုက်ရပေမဲ့ သစ် အကြည့်တွေကို ပန်းချီပန်းတွေပေါ်မှာပဲ ပို့ထားလိုက်သည်..။
သစ် ပခုံးပေါ် ရောက်လာတဲ့ လက်တစ်စုံကြောင့် အလန့်တကြား ကြည့်လိုက်ပြီး ပခုံးတွန့် ရုန်းပေမဲ့ မလွှတ်...။
“အဖြေ တစ်ခု ပေးပါလား..”
“မပေးဘူး...လွတ်...”
“ဟ...မနေ့က လွင်သစ် ကုမ္ပဏီ က မန်နေဂျာကို စကားပြောနေတာ ဒီ လေသံ မဟုတ်ဘူးနော်..”
“မတူဘူး...”
မန်နေဂျာ ကို လိုအပ်တာထက်ပိုပြီး ရယ်မော ပြောဆိုခဲ့တာ သူကြည့်နေမှန်း သိနေလို့လေ...။
သူနဲ့တူစရာလား...ဟိုလူ က သစ် ရန်သူ မှ မဟုတ်တာ...။
“ဒေါ်သစ်ရွက် ကျွန်တော် ဒေါသမထွက်ချင်ဘူးနော်..”
“ငါလည်း နင်နဲ့ စကား မပြောချင်ဘူး..လက်ကိုလွတ်စမ်း...”
“မလွတ်ဘူးဗျာ..မေးတာဖြေ.....ချစ်လား..”
သစ် သူ့လက်ကို ဆွဲဖြုတ်လိုက်ပြီး မတ်တတ်ရပ်လိုက်တော့ သူကလည်း ရေကန်ထဲက ခြေဆောင့် ထွက်လာသည်..။
ရေချိုးခန်း တံခါးဆီ ဦးတည်သွားလိုက်တော့ ရှေ့က နေ ပိတ်ကာ လိုက်ပြီး
“ချစ်လားလို့...”
“မုန်းတာ...ရွံတာ ဟဲ့..”
“အဟား...ဟုတ်ပြီလေ..”
မျက်နှာ တစ်ချက်မော့ ရယ်ပြီး သစ့်လက်မောင်းကနေ ဆွဲခါ မထင်မှတ်ပဲ ဇွတ်နမ်း ခံလိုက်ရသည်..။
“နင်...”
သစ် ဒေါသနဲ့ နှုတ်ခမ်းတွေ ပါ တုန်ယင်လာပြီး တစ်ကိုယ်လုံး ဒေါသသွေးတွေကြောင့် ပူရှိန်းရှိန်းဖြစ်လာသည်..။
“အဟွင်း..”
အောင်နိုင်သူ တစ်ယောက်လို
နှုတ်ခမ်းတွန့်ပြုံးနေတဲ့ သူ့ မျက်နှာကို မော့ကြည့်ရင်း စော်ကားခံလိုက်ရသလိုပင်....။
“ဖြန်း..”
“ဟာ...”
သူ့မျက်နှာ ရိုင်ထွက်သွားပေမဲ့ သေချာ ပြန်မတ်ပြီး သစ် ကို စူးဆိုက်ကြည့်ခါ..
“ချစ်လားလို့ မေးတာ..”
“မုန်းတယ်..”
သစ် အသံမြှင့် အော်ပြောလိုက်တော့ သူက ပြုံးပြီး ရှေ့တိုးခါ နမ်းပြန်ပြီ...။
သူ့ ကိုယ်လုံးကို တွန်းပစ်နေပေမဲ့ မခွါပဲ အချိန်ကြာကြာ နမ်းနေတော့ မွန်းကြပ်လာသလိုလို..။
အားသုံး ပြီး ဆောင့်တွန်းလိုက်တော့ နောက်တွန့်ရုံသာ ဖြစ်ပေမဲ့ မျက်နှာနှစ်ခု ဝေးကွာသွားသည်..။
“ဖြန်း..”
နောက် တစ်ကြိမ် ဒေါသကြောင့် လွဲရိုက်လိုက်တာ အားပိုပါမှန်း သစ် ကိုယ်တိုင်သိပေမဲ့ သူကတော့ ဘာမှ မဖြစ်သလိုပင်..
“ချစ်လား..”
“မုန်းတယ်...နင် စိတ်ဓာတ်..အ”
နောက်တစ်ခါ ထပ်အနမ်းခံလိုက်ရချိန် သစ် ခါးပေါ် သူ့လက်ရောက်လာပြီး အတင်းဆွဲကပ်လိုက်လို့ တစ်ကိုယ်လုံး သူ့ ရင်ခွင်ထဲ ကျသွားရသည်..။
မျက်နှာကို တွန်းပစ်လိုက်ပြီး သစ် နှုတ်ခမ်းကို သုတ်ပစ်ရင်း စူးစူးရဲရဲ ကြည့်လိုက်တော့ ပြုံးပြန်ပြီ..
“ဖြန်း..”
ပါး တစ်ခြမ်းက ပန်းရောင်ရင့် ဘက်ကို ရောက်လုနေပြီ ...ဒါလည်း အပြုံး မပျက်ပဲ..
“ချစ်လားလို့..”
“အား..မုန်းတယ်...”
ဒီတစ်ခါတော့ နမ်း လာကြည့် တကယ် သတိထားပြီး တစ်ခုခု လုပ်တော့ဖို့ ဆုံးဖြတ်ထားပေမဲ့ သူ က သိနေသလို လက်ကို ဖမ်းချူပ်ကိုင်ပြီး နမ်းပြန်သည်...။
သူနဲ့ ပတ်သက်လာတိုင်း သစ် မှာ ဘာလို့ အရှုံးဘက်ကချည်းပဲလည်း...။
“ဖြန်း..”
ရိုက်ချက်ကြောင့် ပါးပေါ်မှာ လက်ချောင်းရာတွေ ထပ်လာသလိုလို ရှိပေမဲ့ ခေါင်းမော့ ရယ်ပြန်သည်..။
ရူးနေပြီလား...။
“ချစ်လိုက်နော်..”
စိတ်မဆိုးတဲ့အပြင်
အပြုံးမျက်နှာဖြင့် မေးလာတော့ ထပ်မပြောရင် ကြောက်လို့ ထင်သွားမည်။
သစ် နှုတ်ခမ်းမဲ့ ပြုံးပြီး..
“သေ....ငါ နင့် ကို တကယ် မုန်းတာ..”
သစ် စူးစူးရဲရဲ မော့ကြည့်လိုက်ပြီး လက်ကို လည်း အဆင့်သင် ပြင်ထားပေမဲ့ သူက ငုံ့လာပြီးခါမှ မနမ်းတော့ပဲ ဖက်လိုက်သည်..။
“လွတ်စမ်း..”
“မ ပင်ပန်းမှာစိုးလို့ပါ..လက်လေးတွေ နာနေပြီမလား...ချစ်လို့ပါ မရယ်..”
“ဟား...နင် ပြောခဲ့တဲ့ အချိန်တွေ ကို မှတ်မိသေးလား...မယုံနိုင်ဘူး...ချစ်တယ်လို့ နင့် ပါးစပ် က ထွက်တိုင်း ငါ ရွံတယ်...”
“ဟင်း...မောင် မှားခဲ့ပါတယ်....ဒီ့ အတွက် မ ကျေနပ်တဲ့ အထိ အပြစ်ပေးပါ အကြွင်း တစ်ခုအနေနဲ့ အချစ်တော့ ချန်ထားပေးပါ မရယ်...”
“မရှိဘူး...နင့် အတွက် အချစ်ဆိုတာ ငါ့ဆီမှာ တစ်သက်လုံး ရှိမလာစေရဘူး..”
သစ် အံကြိတ်ရင်း ပြောလိုက်ပေမဲ့ သူက ပိုတိုးလို့ ဖက်လိုက်ပြီး ပခုံးမှာ မေးလာတင်ထားပြန်ပြီ..။
“ဟူး..ပင်ပန်းသွားပြီ...မနက် ပရောဂျက် တစ်ခု စဖို့ ရှိတယ်မလား...ခေါင်းပြီးအောင် လျှော်ပေးနော်...အိပ်တော့မယ်..”ပြောလည်းပြီး သစ် ကိုယ်ကို ဖက်ထားရာ ကနေ လွှတ်ခါ ရေကန်ထဲမှာ ပြန်၀င်ထိုင်ပြီး စာအုပ် ကောက်ဖတ်နေပြန်သည်..။
“ဒါ မိန်းမ တာ၀န်နော်...မ...အဲ. မ ရှက်ပြီး ကျွန်တော့်ကို ကြောက်နေရင်တော့ ထွက်သွားပေါ့လေ..”
သစ် အဖြေ ပြန်မပေးပဲ ကြွေကန် ရှေ့က ခုံကို အသံမြည်အောင် ဆွဲ ယူပြီး ပြန်ထိုင်လိုက်သည်..။
သူ့ ခေါင်းက ခြောက်ပြီး ကပ်နေတဲ့ ဆပ်ပြာတွေ ကို ရေပြန်စွပ်ပြီး အမြှပ်ထွက်အောင် လုပ်ရသည်..။
ရေပန်းနဲ့ လောင်းချပြီးတော့ ဆပ်ပြာကုန်အောင် သေချာ လျှော်ပေးခါ တာဝါ နဲ့ လိုက်ဖိပေးရပြန်သည်..။
“ရပြီ..”
“အင်း..ကျေးဇူး..”
စာအုပ် ပိတ်ပြီး ထသွားတာ ဘာမှ မဖြစ်သလို ..
သစ်မှာသာ မုန်းလိုက် ဒေါသဖြစ်လိုက် ၀မ်းနည်းလိုက် ခံစားချက်ပေါင်းစုံ နဲ့ လုံးထွေး သတ်ပုတ်နေရတာ သူကတော့ မှန်ရှေ့မှာ ဒရိုင်ယာ မှုတ်နေတာ တကယ့်ကို အေးရအေးကြောင်း...။
ရေချိုးခန်းထဲက ခေါင်းလျှော်ရည် ဘူးတွေ သိမ်းလိုက် ကြမ်းပြင်က ရေစိုနေတာတွေ သုတ်လိုက်နဲ့ နာရီ၀က်လောက် ကြာတော့မှ ထွက်လာတော့လည်း သူ့ ခေါင်းကို သ လို့ မပြီးနိုင်သေး..။
အိပ်မှာပဲ ကို ဒီလောက်လိုလား...။
လိုမှပေါ့..ဒင်းက မင်းသားရူးကောင်လေ..။
သူ့ပါးတွေဆီ အကြည့်ရောက်သွားတော့ အရမ်းသိသာနေသည်။
“မ...”
“...”
“ရေခဲ၀တ်ကပ်ပေးပါ.. ပါးအရမ်းနာနေပြီ..”
နည်းတောင် နည်းသေးတယ်...သူ အရင် လာစော်ကားတာလေ...ဒီ မိန်းမ ကို နိုင်ချင်သလို နိုင်လို့ ရတယ် ဆိုတာမျိုး အရမ်းမုန်းတယ်...။
“ဟုတ်ပါတယ်...ကျွန်တော် မှားတာ သိတယ်....မ ရဲ့ မိန်းမ တာ၀န်အရ ရေခဲ၀တ်ကလေး ကပ်ပေးပါလို့ တောင်းဆိုတာပါ..”
သစ်မှန်ထဲ ကို အမုန်းမျက်လုံးနဲ့ ဆိုက်ကြည့်နေတာ စိတ်ထဲက စကားတွေ ဘယ်လို သိသွားပါလိမ့်..။
အောက်ထပ်ဆင်းပြီး ရေခဲချိုင့် မယူချင်တာနဲ့
ရေခဲသေတ္တာထဲက ရေခဲတုံးခွက်လေးကို ထုတ်ယူလိုက်သည်..။
ရေချိုးခန်းထဲ ၀င်ပြီး ရေဖလားထဲ ရေခဲတုံး ထည့်ခါ တာဝါ အသေး တစ်ထည် ပါ ထည့်ယူခဲ့ရင်း ရေခဲ၀တ် ဘယ်လို လုပ်တာလည်း တွေးကြည့်ရသည်...။
သစ် ခွက်ကိုင်ပြီး ပြန်ထွက်လာတော့ ဒင်းက ကုတင်ပေါ်မှာ အိပ်နေပြီ..။
“ငါ မလုပ်တက်ဘူး..”
“ဟင်..”
ဖျက်ကနဲ့ မျက်လုံးပွင့်လာပြီး သစ်ကို အံသြသလို ကြည့်နေတော့ လက်ထဲက ခွက်ကို စောင်းပြလိုက်ပြီး...
“ရေခဲ၀တ် မလုပ်တက်ဘူး..”
“သြော်...အ၀တ်ထဲ ရေခဲထည့်ပြီး နာနေတဲ့ နေရာ ကို လိုက်ထိုးပေး..”
သစ် မျက်နှာ တည်တည်ဖြင့် ရေခဲ၀တ် ကို သူပြောသလို လုပ်ခါ ပါးကို ကပ်ပေးလိုက်တော့ တစ်ချက်တွန့်သွားသည်..။
“နာနေတယ်..”
“သိတယ်...”
“သိရင် ဘာလို့ ရိုက်လည်း..”
သစ် ပါးစပ် က ထွက်သွားတဲ့ စကားလုံးကို အကျကောက်ပြီး လိုက်ပြောနေတော့ ဘာမှ မပြောတော့ပဲ မျက်နှာထား ပိုတင်းထားလိုက်သည်..။
“လက်သံပြင်းလိုက်တာ အဒေါ်ကြီး မိုလို့ထင်တယ်..”
“....”
စကားသံတိတ်နေပေမဲ့ မျက်လုံးဖွင့်မကြည့်ချင် ပါ...
ကျွန်တော် မကြိုက်ဘူး မရယ်....မ အရင်အတိုင်းလေးပဲ ပြန်ပြီး ဟန်ဆောင်နေပေးပါလား...။
ဟုတ်တယ်...ချစ်နေ ဟန်လေး ဆောင်ပေးပါ...။
မ ရဲ့ မှန်ကန်တဲ့ အမုန်းမျက်၀န်းတွေထက် ဟန်ဆောင် ထားတဲ့ အချစ်မျက်၀န်းတွေကို ပို လိုအပ်လို့ပါ..။
မှားခဲ့ပြီမှန်း ကို မ အိမ်ပေါ်က ဆင်းလာပြီး ကားပေါ်ရောက်ကတည်းက သိခဲ့တာပါ မရယ်...။
အန္တရယ်တွေ နဲ့ အတူ မထားခဲ့ချင်လို့ ပြဿနာကို ပါ တစ်ပါတည်း ယူဆောင်ခဲ့ရတာ...။
မ ကို သစ္စာဖောက် သလို ဖြစ်သွားရတဲ့ အဖြစ်အပျက်တစ်ခုမှာ မောင် က တရားခံပါ မရယ်...။
မောင့်ဘ၀မှာ မာန ကြောင့် မပြောဖြစ်ခဲ့တဲ့ တောင်းပန်ခြင်းတွေ ရှိတယ်..တောင်းပန်တာကို လွယ်လွယ်ပြောရင် အမှားလုပ်တာ အကျင့် ပါသွားမှာစိုးလို့ ဆောရီးတောင် ခဏခဏ မသုံးဖြစ်ဘူး...။
ဒါပေမဲ့ ချစ်ရသူတွေ သူစိမ်း တစ်ယောက် အဖြစ် ပြောင်းလဲမသွားခင် ခပ်မြန်မြန်တောင်းပန် သင့်တယ်ဆိုတာ သိလိုက်ပါပြီ....။
“မ..”
“အင်...”
သစ် သူ့ပါးကို ရေခဲ၀တ် သေချာ ကပ်ပေးနေတုန်း ခေါ်လိုက်တော့ ယောင် ပြီး ပြန်ထူးလိုက်မိသည်...။
“မ ကို သစ္စာဖောက်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်...”
မျက်လုံး စုံမှိတ်ပြီး ပြောနေတာ တကယ်တောင်းပန် ချင်တာကော ဟုတ်ရဲ့လား...
မဖြစ်နိုင်ပါဘူး..သူ့ ပါးစပ်က ထွက်သမျှ အားလုံးတွေက အလိမ်အညာတွေချည်းပါပဲ...။
“မ ကို ကျွန်တော် ချစ်တယ်ပြောတာ မုသားမဟုတ်ဘူး..အခု တောင်းပန်တာလည်း ဟန်ဆောင်နေတာ မဟုတ်ပါဘူး..”
သစ် အမြင်ကပ်လို့ လက်ထဲက ရေခဲ၀တ်ကို သေချာ စုပ်ကိုင်ပြီး ဖိထိုးပစ်လိုက်ချိန် သူ့ဆီက အော်သံထွက်မလာပဲ နီကျင့်ကျင့် မျက်လုံးသာ ပွင့်လာ သည်..။
“စေတနာတွေ ပိုနေတယ်...နည်းနည်းလျော့..”
သစ် ပြောချင်စကားတွေ စုထားတာကြာတော့
ရင်ဘတ်ထဲ ပြည့်သိပ်နေပြီ...
သည်းခံပြီး
အရမ်းချစ်ပြနေတဲ့ သူ က တစ်ချိန်က ဘယ်လိုတွေ ကစားပြခဲ့လည်း မမှတ်မိတော့ဘူး ထင်ပါသည်..။
“ဗီဂါ နင်ကလေ..တော်တော် ကလိမ် ကျတဲ့ကောင်ပဲ ရုပ်နဲ့ ရထားတဲ့ အဆင့်အတန်းတွေနဲ့ လုံး၀ မတန်ဘူး.နင့် စိတ်ဓာတ်က အောက်တန်းကျလွန်းတယ်...မာရီနာကို လက်ထပ်ဖို့ ပြင်ဆင်နေရင်း တခြား မိန်းမ တစ်ယောက်ကို အိမ်ပေါ်တက်ပြီး ချစ်တယ်ပြောပြီး ပစ္စည်းခိုးရဲတာ တော်တော် အောက်တန်းကျတာပဲ....အခု ပြောနေတဲ့ စကားတွေကိုရော ငါ က ယုံရမှာလား ဝေးသေး..နင်ထားခဲ့တဲ့ ကွာရှင်း စာချူပ်ကို မှတ်မိလား...”
“အဲတုန်းက ချစ်ဖို့မှ မကောင်းတာ..အဘွားကြီးလေ...အရည်အချင်း မရှိတဲ့ အဘွားကြီး စိတ်ကူးယဉ်တက်တဲ့ အဒေါ်ကြီး..”
“ဘာ...”
“တအားမအော်နဲ့..ဒီမှာ အိပ်ဖို့လုပ်..”
“မအိပ်ဘူး..”
“ဘာလည်း ကြီးကြီးနဲ့ သွားအိပ်မယ် ပြောပြီး မီးဖိုဆောင်မှာ အိပ်ဖို့လား...မ အဲဒီမှာ သွားအိပ်တာ မောင် အိပ်ရေးပျက်တယ် သိရဲ့လား..”
ကြီးကြီး နဲ့ သွားအိပ်မယ်လို့ ပြောပြီးထွက်သွားခါမှ ကြီးကြီး လက်မခံလို့ မီးဖိုဆောင်မှာပဲ အိပ်နေရတာ သူက သိနေသည်တဲ့လေ...။
“နင် နဲ့ မအိပ်နိုင်ဘူး..”
“ရတယ်လေ..ကြီးကြီး ကို သွားပြောမယ်...အခုချိန် သွားတိုင်ရင် ကျွန်တော့် မျက်နှာ ကိုတွေ့ပြီး မေးမှာပဲ..မလိမ်တက်လို့ အမှန်အတိုင်း ဒေါ်သစ်ရွက် ပါး ရိုက်တာ ပါလို့ ဖြေလိုက်မယ်...”
“နင်နော်...မညစ်စုတ်နဲ့..”
“ဒီ တစ်ညပဲ ခွင့်ပေးမယ်...ဒီနေ့နဲ့ဆို မောင့် အပေါ် စိမ်းကားနေတာ ခြောက်ရက်ပြည့်ပြီ..မနက်ဖြန်က စပြီး အရင် ဒေါ်သစ်ရွက် အတိုင်းပြန်နေပေးပါ...သိလား...ဗီဂါ့ ရဲ့ မိန်းမ ဖြစ်ချင်လို့ ကြိုးစားနေရတဲ့ ဒေါ်ရွက်သစ်ဝေလေးလေ...ဟန်ဆောင်ပြီး ချစ်ပြတာတို့ ဟန်ဆောင်ပြီး နှိုးတာတို့ ဟန်ဆောင်ပြီး သ၀န်တိုတာတို့ နဲ့ အလုပ်ရှုပ်နေတဲ့ အလိမ်အညာမမ ဒေါ်ရွက်သစ်ဝေ အဖြစ်နော်...ကြားလား..”
သစ် လိမ်နေတာကို သူ သိနေတာလား...
စူးစမ်းရင်း သူ့ မျက်လုံးတွေ ကို လိုက်ကြည့်မိပေမဲ့ အရောင်တောက်ပ နေတာက လွဲရင် ဘာမှ မတွေ့...။
သိရဲ့ နဲ့ လူကို အရူးလို ဆက်ဆံနေတာလား..။
“အဲလို ပြန် မနေရင် ကြီးကြီး ကို အမှန် အတိုင်းပဲ ပြောလိုက်တော့မယ်..”
သူ့မှာ နိုင်ကွက် တစ်ခု ရပြီး ခြိမ်းခြောက်ခံနေရတာ သစ် အောင့်သက်သက် ဖြင့် ခံနေရသည်..။
“လာ အိပ်တော့လေ...”
“မအိပ်ဘူး..”
“မအိပ်ရင်....”
ခုံပေါ်က စကားပြောစက် ကို လှမ်းယူပြီး အနီ ခလုပ်ကို နှိပ်ထားတော့ သစ် အသက်တောင် မရူရဲ..။
ဒီက ထွက်သမျှ စကားတွေ အကုန်လုံး အခန်းတိုင်းရဲ့ နံရံ ထဲ မှာ ရှိတဲ့ box တွေဆီ ရောက်ြ့ပီး တစ်အိမ်လုံး ဟိန်းထွက်သွားမှာလေ...။
ဘာမှ မပြောပဲ အသံ တစ်ခု ထွက်သွားရင်တောင် ကြီးကြီး လန့်ပြီး နှလုံးထဖောက်မှာ စိုးရသည်..။
သူ့ကို မျက်လုံးပြူးကြည့်နေတော့ ပြုံးစေ့စေ့ဖြင့် မျက်ခုံးပင့်ပြတာ ရိုက်သတ်ချင်စရာ ရုပ်..။
သူ့လက်ထဲက စက်ကို ဆွဲလိုက်ရင်လည်း လွယ်လွယ်ရမှ မဟုတ်တာ သိလို့ ကုတင်ပေါ် တက်လိုက်ပြီး..။
“အ...”
“ဒုတ်..”
လက်ထဲက စကားပြောစက် ပြုတ်ကျသွားခါ ဗီဂါ နှလုံးတွေ ဆောင့်ခုန်ကုန်ပြီး ဘာတွေ ဖြစ်ကုန်မှန်းမသိလောက်အောင် မ ရဲ့ အပြုအမူကို အံသြရသည်..။
ပခုံးလျော မှီထိုင်နေသည့် ဗီဂါ ရှေ့မှာ ဒူးထောက်ပြီး လည်ဂုတ်ကို လက်နှစ်ဖက်နဲ့ ဖက်ရင်း နှုတ်ခမ်းကို နမ်းလိုက်တာ မယုံနိုင်သေး...။
“ရပြီလား..ရောဂါသည် နဲ့ ခြိမ်းခြောက်ပြီး ငါ့ဆီက နင် ဘာလိုချင်သေးလည်း ဟမ်...ဘယ်လိုတွေ အနိုင်ယူချင်သေးလည်း လို့.....”
သစ် အသံတုန်အောင် အော်ပစ်ရင်း မခံချင်စိတ်နဲ့ ၀မ်းနည်း စိတ်ပေါင်းခါ ကုတင်ပေါ် က ခပ်သွက်သွက်ဆင်းလိုက်သည်...။အိမ်နေရင်း ၀တ်ထားသည့် တီရှပ် ဂါ၀န်ရှည်ကို ပခုံးက ဆောင့်ဆွဲပြီး ချွတ်ပစ်လိုက်သည်..။
“ငါ့ ဘ၀ ကို အပိုင်သိမ်းချင်လည်း ရတယ်..”
“ကျစ်..”
အလိုမကျ စွာ မျက်လုံးစုံမှိတ် ခေါင်းလွဲလိုက်ပြီး တောက်ခတ်သံ သဲ့သဲ့ ကြားလိုက်ရသည်..။
သစ့် ဘေးက ဖြတ်ပြီး အခန်းပြင် ထွက်သွားတော့မှ ဆောင့်ကြောင့်ထိုင်ချပြီး ရှိုက်ငို လိုက်မိသည်..။
ဘယ်လို ဘ၀မျိုးလည်း ကိုယ့်အိမ်ပေါ်လာပြီးတော့လည်း သူ့ ကို ရှုံးခဲ့တယ်..သူ့ အိမ်ပေါ်ရောက်တော့လည်း သူ့ ကို ရှုံးရတယ်...။
ရွက်သစ်ဝေ ဆိုတာ ယောင်္ကျားတွေနဲ့ ပတ်သက်လာတိုင်း ရှုံး ဖို့ ကံဇာတာ ပါလာသလား..
မုန်းလိုက်တာ....။
.
“ဒုတ်..”
“ဟင်..”
သစ် မျက်လုံး အစုံ ဖျက် ဖျက်ကနဲ့ ဖွင့်လိုက်ပြီး ဘာမှ မစဉ်းစားခင် ငုတ်တုတ် ထထိုင်လိုက်မိသည်..။
အသံလာရာကို သတိအနေအထားနဲ့ ကြည့်လိုက်တော့ ရေမွှေးဘူး အဖုံးကို စိတ်မရှည်သလို ကျစ်သပ်ပြီး ပြန်ကောက်တင်နေသည်..။
ရေမွှေးဆွတ်ပြီးလို့ အလုပ်သွားဖို့အာလုံးတောင် အဆင့်သင့် ဖြစ်နေပြီ...
အချိန်တွေ ဘယ်လောက်ရှိကုန်ပြီလည်း..။
သစ် ရေချိုးခန်းထဲ ပြေး၀င်ပြီး မျက်နှာသစ် သွားတိုက်ခါ ရေချိုးခန်း ဘီဒိုထဲ ထည့်ထားသည့် အ၀တ်အစားတွေကို တစ်ခါတည်းယူ လဲလိုက်ရသည်..။
ရေချိုးခန်း မှန်ကို ပဲ သုံးပြီး ပေါင်ဒါ ရိုက် ခြင်း နှုတ်ခမ်းနီ ဆိုးခြင်းကို ငါးမိနစ်ဖြင့် အပြီးသပ် လုပ်ခါ ပြေးထွက်ခဲ့သည်။
“ဟင်..သွားပြီလား..”
သစ် ပိုက်ဆံအိတ်ကို ဆွဲယူခါ ဖုန်းနဲ့ Tab ကို ပစ်ထည့်ပြီး တစ်ခါမှ မဆင်းခဲ့ဘူးသည့် လှေကားကြီးကနေ ဖိနပ်ကို လက်က ကိုင်ပြီး ပြေးဆင်းခဲ့လိုက်သည်..။
“ဟူး...ဒုက္ခပါပဲ...”
ကြိးကြီး အခန်းဆီ ဦးတည် ပြေးလိုက်ပေမဲ့ သူမရောက်သေးလို့ တော်ပါသေးရဲ့...။
“ဟူး...”
“ဟဲ့...မိသစ်ဝေ...ဘယ်လိုဖြစ်လို့ စောစောစီးစီး ပြေးလွှားနေတာလည်း..”
“ဟင်..ပြေးပါဘူး.”
“မပြေးပေလို့ပဲ..နင့် အသက်ရှုသံ ကြားနေတာ ငါ နားမကန်းသေးပါဘူး..”
“ဟီး..ဟုတ်တယ်...ကြီးကြီး ကို သတိရလို့ ပြေးလာတာ..”
“စလာပြီ ..ရူးချာချာတွေ..”
“ကြီးကြီးကလည်း..”
သစ် ကုတင်ပေါ် တက်ပြီး ကြီးကြီး ရင်ခွင်ထဲ ခေါင်းတိုးခါ ဖက်ထားလိုက်သည်..။
ကြီးကြီး နဲ့ ပတ်သက်လာရင် ကျေးဇူးတင်ပေမဲ့ သစ် နှလုံးသား သစ္စာဖောက်ခံရတဲ့ အကြောင်း တွေးမိရင် မုန်းရတယ် ကြီးကြီးရယ်..။
“ကြီးကြီး..”
“သြော်..သား..”
ကြီးကြီး အခန်းထဲကို အရင် ရောက်နေတဲ့ သစ် ကို အံသြသလို တစ်ချက် ကြည့်ပြီး အကြည့်လွဲသွားသည်..။
“ညက အိပ်ပျော်ရဲ့လား..”
“အိပ်ပျော်တာမှ တရေးပါပဲ..သားရယ်..အားဆေးတွေ နဲ့ ဓာတ်စာတွေ ကြောင့်ဖြစ်မယ်...ငါ ပို၀လာပြီး သွေးကျော အဆီပိတ်မှ ရောဂါ တစ်မျိုး တိုးလာပါအုံးမယ်..”
“အဟား...ကြီးကြီး ကလည်း ဖြစ်လည်း ဆေးရှိတာပဲ ဘာမှ မကြောက်နဲ့...”
“ဟင်...သား ပါးက ဘာဖြစ်တာလည်း..”
ကြီးကြီး အမေးစကားကြောင့် သစ် ရင်တွေ ဆောင့်ခုန်ခါ မျက်လုံးပြူးသွားရသည်..။
သစ်ကို ဆူမှာ ရိုက်မှာထက် ကြီးကြီး စိတ်မကောင်းဖြစ်သွားမှာ စိုးရိမ်နေတာ...
“မဖြစ်ပါဘူး..”
သူ့ နှုတ်ဖျားက ထွက်လာတဲ့ အငြင်း စကားကြောင့် ကျေးဇူးတင်တဲ့ အကြည့်ဖြင့် လှမ်းကြည့်လိုက်ပေမဲ့ သူက သစ်ကို ကြည့်မနေ...။
“မဟုတ်ပါဘူး..ရွက်သစ် ကြည့်စမ်း ဘယ်ဘက်ခြမ်းက ရောင်နေသလားလို့..”
သစ် ခေါင်းစောင်း ကြည့်ပေးသလို ဟန်ဆောင်လိုက်ပြီး ခေါင်းရမ်းခါ
“တူတူပါပဲ..”
“ဟယ်..မဟုတ်သေးပါဘူး..ဆရာမလေး ရောင်နေတယ်မလား.”
“ဟုတ်...နည်းနည်း..”
“သြော်...သွားကိုက်နေတာကြောင့် ဖြစ်မယ်..”
“သြော်..ဟုတ်လား..အံဆုံးပေါက်တာထင်တယ်...အနာသက်သာအောင် ဆားကျက်ရည်လေး ငုံပေး...ဟဲ့...သစ်ဝေ နင် လုပ်ပေးလိုက်နော်..”
“ဟင်..အင်း..ဟုတ်...”
သူ့ရဲ့ အလိမ်အညာ စကားတောင် သစ်တို့ အပြောခံရတာ မလွှတ်နိုင်တာ..ပါးကို လိမ့်ချထားတာ သိလို့ကတော့ အမလေး....ခေါင်းမှာ ဆံပင် ကျန်ပါ့မလား မသိ...။
“ကြီးကြီး အခန်းထဲ နေရတာ ပျင်းမှာပေါ့...ခြံထဲ ဆင်းကြည့်လေ...အပင်တော်တော် စုံတယ်..ကြီးကြီးရဲ့...”
“ပျင်းတယ် မဟုတ်ပါဘူး..အင်း ဒီနေ့ နေ့လည် ပိုင်းတော့ လျှောက်စပ်စု လိုက်အုံးမယ်...”
“ဟုတ်ကဲ့..”
“သား အလုပ်နောက်ကျ အုံးမယ် သွားတော့လေ...”
“ဟုတ်ကဲ့...”
ခေါင်းညိတ်ပြီး ထွက်သွားတော့ ကုတင်ပေါ်က ပြေးဆင်းပြီး နောက်ကို အမှီ လိုက်သွားရသည်..။
အလုပ်ခန်းထဲမှာ သူ့ Ipad နဲ့ ဖုန်းကို ကောက်ကိုင် ပြီး ထွက်သွားတာ လူကို နည်းနည်းမှ မကြည့်....
နေပေါ့..ဘယ်သူ က ၀မ်းနည်းပြီး ငိုကြွေးရမှာလည်း...ပါးရိုက်တယ် ဆိုပေမဲ့ ကိုယ်ချည်း လွန်ခဲ့တာမှ မဟုတ်တာ...။
သစ် အိတ် ကို ဆုပ်ကိုင်ပြီး ခြေဆောင့်ခါ သူ့ နောက်ဘက် မလှမ်းမကမ်းက လျှောက်လိုက်သည်..။
ကားတံခါးကို ဖွင့်ပေးတာ မစောင့်ပဲ သူ့ဟာသူ တက်ထိုင်တော့ သက်သာသည်ပေါ့လေ...။
လမ်း တစ်လျှောက်လုံး စကားမပြော လှည့် မကြည့်တာ ပုံမှန် အတိုင်း ဖြစ်ပေမဲ့ အလုပ်ကိစ္စ တောင်မမေးတော့
ိစိတ်ထဲမှာ တစ်ခုခု လိုနေ သလိုလို...။
“ဟင်...ဆရာ ခေါင်းကိုက်လို့လား..”
ဘုန်းမင်း က ကားမောင်းနေရင်း ရုတ်တရက် ဘရိတ်နင်းခါ မေးလိုက်တော့ သစ်လည်း သူ့ ဘက်ကို လှည့်ကြည့်လိုက်သည်...။
သူ က ခေါင်းကို လက်ဝါးအုပ် ဖိထားပြီး မျက်လုံး စုံမှိတ်ထားရင်း
“ရတယ်...သွား..”
“မဟုတ်ဘူး..ဆရာ...ပါးလည်း နည်းနည်း ယောင်နေသလားလို့..ဆရာ ည က အိပ်မရလို့လား...ဘယ်တုန်းက စ ဖြစ်တာလည်း..ဆေးမသောက် ထားဘူးလားဆရာ..”
“အ..”
ဘုန်းမင်း မေးတာ တွေကို ပြန်မဖြေပဲ...ဘေးဘက်ကို စောင်းပြီး ခေါင်းကို လက် နောက်ပြန် ဖိခါ မျက်နှာမှာ ဝေဒနာ ခံစားနေရသည့် ပုံ အတိုင်း...
“ဘာ....ဘာဖြစ်တာလည်း..”
ဘုန်းမင်း ကတော့ ဘာမှ ပြန်မပြောပဲ ကားကို အရှိန် တင်မောင်းနေခါ သူက လည်း သစ် ကို စကား ပြန်မပြောနိုင်အောင် ဖြစ်နေပြီ...။
“အား..”
အသံထွက် ညီးပြီး အံကြိတ်လိုက်တော့ နားထင်က အကြောတွေ ပေါ်ကုန်သည်..။
ဘာဖြစ်လို့လည်း...ဘာရောဂါ လည်း...ခေါင်းကိုက်တာ ကလည်း ရုတ်တရက်ကြီး လွန်လွန်ကဲကဲ...
“အစ္မ..”
“ဟင်..”
“ဆရာ့ ခေါင်းကို နည်းနည်း နှိပ်ပေးလိုက်ပါ နောက်ဘက်နဲ့ နားထင်လေးတွေ ဖြည်းဖြည်း နှိပ်ပေးပါလား...”
“အင်း..”
သစ် ခေါင်းကို ခပ်သွက်သွက် ညိတ်ပြပြီး သူ့ ဘက် ကို တိုးကပ်သွားလိုက်သည်...။
သူ့ လက် အနားမှာ လက်တင်လိုက်ပြီး ဖွဖွ လေး လိုက်နှိပ် ပေးတော့မှ သူ့ လက်နှစ်ဖက် က ဖိအားလျော့သွားခါ လက်ကို အရုပ်ကြိုးပျက်သလို ဖြုတ်ချလိုက်သည်..။
“ဟင်း...”
သက်ပြင်းချသံ တစ်ချက် ကြောင့် ဘုန်းမင်းက နောက်ကြည့်မှန်ကို အလန့်တကြား လှမ်းကြည့်သည်..။
သူ့ နားထင်နေရာဆီကို လက်ရွေ့တော့ သစ့် လက်ကို ထပ်ကိုင်ပြီး နောက်ဘက်ကို ပြန်ရွေ့ပေးတာ....
“ခေါင်းနောက်က တော်တော် နာလို့လား..”
“ဟုတ်တယ်..အစ်မ..ရောက်ပါပြီ...ဆရာ...ကျွန်တော်...ဝှီးချဲ သွားယူလိုက်မယ်နော်..”
“နေ..”
တံတွေးတစ်ချက်မြိုချပြီး ခေါင်းကို မတ်မတ် ပြန်ထောင်ခါ အကျီ င်္ လက်ကို ဆွဲချသည်..။
“စကားပြန် စီစဉ်ပြီး ဧည့်သည်နဲ့ သွားတွေ့လိုက်..”
သစ် ဘက်ကို မကြည့်ပဲ ကားတံခါးဖွင့်ရင်း ပြောသွားတာ...ဘာကို ဆိုလိုမှန်း သဘောပေါက်ပါသည်..။
“အစ်မ ခဏနော်..”
“အင်း..”
သစ် ကို မလိုက်စေချင်လို့ တမင်တကာ ရှောင်နေခိုင်းတာပဲလေ...သစ် ပိုက်ဆံ အိတ်ထဲ က ဖုန်းကို ထုတ်ပြီး ဟိုတယ် နဲ့ ချိတ်ထားတဲ့ ခရီးသွားလမ်းညွန် အေဂျင်စီ ကို ဖုန်းဆက်လိုက်သည်..။
“ဟုတ်ကဲ့..အမိန့်ရှိပါ..”
“ဗီဂျီ က အတွင်းရေးမှူးပါ အစ်မ...လုပ်ငန်းကိစ္စ ဆွေးနွေးဖို့ စကားပြန် တစ်ယောက် လိုလို့ပါ..”
“သြော်..ဟုတ်ကဲ့...အရင် လုပ်နေကျ ဒေးဗစ် ကိုပဲ လွှတ်လိုက်မယ်နော်..”
“ဟုတ်..”
သစ် ဖုန်းချလိုက်ချိန် ဘုန်းမင်း က ဆေးရုံထဲက အပြေးတစ်ပိုင်း ပြန်ထွက်လာသည်..။
သတိတွေဘာတွေများ လစ်သွားပြီလား....။
“ဘုန်းမင်း...မောင် ဘယ်လို နေသေးလည်း..”
“ဟူး မောလိုက်တာ...တစ်ယောက်က ကျတော့ သူ့ ဟာသူသွားမယ်...အစ်မ တစ်ယောက်တည်း စောင့်နေရတာ ပြန်တဲ့...ဟော..ဒီ တစ်ယောက်ကျတော့လည်း ကားထဲတောင် မရောက်သေးဘူး မေးပြန်ပြီ...”
“ရှည်လိုက်တဲ့ လျှာ...ပြောစမ်းပါ..”
“မစိုးရိမ် ရပါဘူး...သခင်လေး ဖြစ်နေကျပါ...”
“ဟမ်..”
ဖြစ်နေကျ ရောဂါ တဲ့လေ..သစ် သူ့ အနားမှာ နေလာတာ နှစ်ပြည့်တော့မည်။
အခု ချိန်မှ ထဖြစ်တာ ဘယ်လို ရောဂါ မျိုးပါလိမ့်..။
ပြီးတော့ အလူးအလဲ ခံစားနေရတာ...ပိုက်ဆံ ရှိရဲ့ နဲ့ ဆေး မကုဘူးလား..။
“ပျောက်အောင် မကုဘူးလား..”
“ကုလို့ မရဘူး အစ်မရဲ့...သခင် လေး က စိတ်ဖိစီးမှု များလာရင် စိတ်ဓာတ်ကျရင် အဲလိုမျိုး ဖြစ်တက်တယ်...ရောဂါလည်း ရှာမရဘူး..သူ့ အထူးကု ဆရာ၀န်ကတော့ Tension Headache ဖြစ်တာလို့ ပြောတယ်..”
“အဲဒါ ဘာရောဂါလည်း..”
“ခေါင်းကိုက်ရောဂါ တစ်မျိုးပဲ ခေါင်းကြွက်သားတွေ တင်းအားများပြီး ဖြစ်တာ..အမြဲဖြစ်နေတာတော့ မဟုတ်ပါဘူး..နာရီပိုင်းလောက် အရမ်းနာတယ်..တစ်ပတ်လောက်ကြာရင် အဲလိုလို ပျောက်သွားပါတယ်..”
“ဒါပေမဲ့ သူ ခံစားနေရပုံက..”
သစ် စကားရှေ့မဆက်နိုင် ပေမဲ့ ဘုန်းမင်းကကားမောင်းနေရင်း ခေါင်းညိတ်ပြီး
“ဟုတ်တယ် တော်တော် ခံရတာပါ...သခင်လေး ငယ်ငယ် တုန်းက ဖြစ်ရင်လေ...အထိန်းသည် အဘွားကြီးတောင် သနားလို့ လိုက်ငိုတယ်တဲ့...”
“အိုး..ငယ်ငယ် ကတည်းက ဖြစ်နေတာပဲ နည်းလမ်းမရှာကြဘူးလား..သူ့မှာ အဖေ ရှိတယ်မလား..”
ဒီလောက်ငယ်ငယ် ကတည်းက ဖြစ်နေတာ ကို သူ့ အဖေ ဆိုသူရဲ့ မသိတက်မှုကြောင့် စိတ်ထဲ မကျေမနပ်ဖြစ်မိသည်..။
“ငယ်ငယ် က အကြောင်းကို ပြောရရင် သခင်လေးမှာ ဝေဒနာ တော်တော်များတယ် အစ်မရဲ့....သခင်ကြီးကလည်း ခေါင်းမာပြီး စည်းကမ်းတင်းကြပ်တာလွန်ပါရော...”
“သခင်ကြီးဆိုတာ...သူ့ရဲ့ အဖေလား..ဆိုးလို့လား..”
သူ့ အဖေ ကို တစ်ခါ မှ မမြင်ဖူး ပေမဲ့ ကုမ္ပဏီ မိတ်ဆုံစားပွဲ ဓာတ်ပုံတော့ တစ်ခါ မြင်ဖူးသည်..။
ဓာတ်ပုံထဲမှာ ဒင်းက ဆယ်ကျော်သက် အရွယ်လေးရယ်....။
“ဟား..ဟား..လူဆိုးလို ဆိုးတာတော့ မဟုတ်ပါဘူး...သခင်လေး..၈ နှစ်အရွယ်တုန်းကလေ...အိမ် က အလုပ်သမားကောင်လေး တစ်ယောက်နဲ့ ရန်ဖြစ်ပြီး အခန်းတစ်ခုထဲ ပိတ်ထားခဲ့လိုက်တာ...သခင်လေး က မေ့သွားတယ်နဲ့ တူပါတယ်...မိုးချူပ်လို့ ရှာကြတော့မှ အခန်းထဲက ပြန်တွေ့တာ..တခြားမိဘ တွေဆို ဒီတိုင်း ထားလိုက်မှာပေါ့...သခင်ကြီးကတော့ မရဘူးဗျာ...နာရီ အတိအကျမေးတာ..မနက် ၈ နာရီ က ပျောက်သွားတာ ည ၈ နာရီ မှာ ကောင်လေးကို ပြန်တွေ့တာ သေချာမှတ်ထားတယ်...ပြီးတော့ ဘာလုပ်တယ် ထင်လည်း အစ်မ..”
“ရိုက်ရောလား..”
သစ် စိတ်ထဲ ထင်တာ ပြောလိုက်တော့ ဘုန်းမင်းက ခေါင်းရမ်းပြပြီး..
“သခင်လေး ကို အဲဒီ့ အခန်းထဲ ထည့်လိုက်တာ....ကျွန်တော့် ဦးလေး နဲ့ အလုပ်သမားတွေကလည်း မလုပ်ဖို့ တောင်းပန်တာ မရဘူး..လုပ်ရဲရင် ခံရဲ ရမယ်တဲ့လေ...အိုး အဲဒီ့ ညက တစ်အိမ်လုံး ကမ္ဘာ ပျက်သလိုပါပဲ..”
“...သူဘာဖြစ်သွားလည်းဟင်”
“သခင်လေးက အစတော့ ညဘက်ကြီး မှောင်မဲနေတဲ့ အခန်းထဲ ရောက်သွားတော့ အော်ငို ပြီး နောက်မလုပ်တော့ပါဘူး တောင်းပန်တာပေါ့...သခင်ကြီးက လုပ်ရဲရင် ခံရဲရမယ် တစ်ခွန်းပြောပြီး ကျောခိုင်းထွက်သွားတာလေ...သခင်လေးရဲ့ အထိန်းသည် အဒေါ်ကြီးဆို တံခါးမှာ ခေါင်းဆောင့်ပြီး အသံမထွက်အောင် ကြိတ်ငိုရတယ်...”
အမှောင်ထဲမှာ ငိုကြွေးနေတဲ့ ကလေး တစ်ယောက်ရဲ့ စိတ်ခံစားမှု ကို မြင်ယောင်ရင်း သစ် ရင်ထဲ ဆို့နစ်သွားရသည်..။
“ဘယ်လောက်ကြာတော့ ထုတ်ပေးလိုက်လည်း ဟင်..”
“မနက် ၁၁ နာရီ အတိ လေ..သခင်ကြီး ကိုယ်တိုင် ပွေ့ချိ ပြီး ဆေးရုံကို ခေါ်ပြေးရတယ်...မနက်ပိုင်း ကြမ်းပြင်ကိုထုပြီး ခေါင်းနာ ပါတယ်လို့ အော်နေတာကို တကယ် မကြားသလို နေတာ..၁၁ နာရီ အတိအကျ မှ တံခါးဖွင့်ပြီး ကြည့်တော့ သခင်လေး က သတိတောင် လစ်နေပြီ...”
“အိုး...”
“အစ်မ ...ဆရာ ကို ဒီ ရက် ပိုင်းလေး ဂရုစိုက်ပေးပါနော်..”
သစ် လေးကန်စွာ ခေါင်းညိတ်ပြလိုက်ပေမဲ့ ..စိတ်ထဲမှာတော့ တကယ် ဂရုစိုက်ပေး နိုင်ပါ့မလား မသေချာ..။
သူလည်း ကလေး ဘ၀ရဲ့ အိမ်မက်ဆိုးတွေ ရှိပါသေးလား..
သူ့လို သဌေးသား အရာရာ ပြည့်စုံနေတဲ့ သူမှာ ဒီလို ရောဂါဆန်းတွေ ဖြစ်နေတာ ဘယ်သူက သိနိုင်မှာလည်းလေ...။
.
“အား..”
“ဟင်..”
သစ် အိပ်နေရာက ဆက်ကနဲ့ မျက်လုံးတွေ ပွင့်သွားပြီး အသံလာရာ နောက်ဘက်ကို လှည့်ကြည့်တော့ ကျောခိုင်း လျက်သား ထိုင်နေသည်..။
“ဘာဖြစ်လို့လည်း ခေါင်းကိုက်တာလား..”
သူ့ ဆီက တုန့်ပြန်သံ မလာပေမဲ့ သူ့ လက်ကတော့ ခေါင်းပေါ် ရောက်နေပြီ...။
သစ် အိပ်နေတဲ့ ဆိုဖာ ကနေ ကုတင်ဆီကို ထသွားလိုက်တော့ သူက မျက်လုံးစုံမှိတ်ထားဆဲ...။
နဖူးနေရာ ချွေးသီး ချွေးပေါက်တွေ နဲ့ အတူ လက်ကလည်း ခေါင်းကိုသာ ဖိနှိပ်နေသည်...။
ဆေးခန်းက ပြန်လာပြီး ကတည်းက တစ်မနက်လုံး အကောင်းကြီးပါ ညစာ စားတုန်းကတောင် ကြီးကြီး နဲ့ အတူစားရင်း စနောက်နေသေးတာပဲ....။
မနက်က ဘုန်းမင်းပြောထားတဲ့ သူ့ ရောဂါ အကြောင်း သတိရတော့ သူ့ဘေးနားမှာ ယှဉ် ထိုင်လိုက်ပြီး ခေါင်းကို လက်နဲ့ ကိုင်လိုက်သည်...။
“နှိပ်ပေးမယ်နော်...နာရင်ပြောလေ...”
သစ့်လက်တွေ နားထင်နားမှာ နှိပ်နေလိုက်တော့ လက်ကို အုပ်ကိုင် ပြီး ခေါင်း အပေါ် ကို ရွေ့ပေးပြန်ပြီ..။
ပါးစပ်က မပြောချင်တာလား..မပြောနိုင်တာလား..။
မနေ့ည ကတည်းက လုံး၀ စကားမပြောတော့သလို မဖြစ်မနေ ပြောရရင်တောင် တုံးတိတိ...
ပါးရိုက်လိုက်လို့ စိတ်ဆိုးသွားတာလား....။
“ဆေးသောက် ထားလား..”
“.....”
အဖြေသံ မလာပဲ ကုတင်ဘေးခုံပေါ်က တစ်ရှုးဘောက်စ် ကို လှမ်းယူခါ တစ်ရှုး သုံးလေးရွက်ဆွဲထုတ်ပြီး မျက်နှာကို သုတ်ပစ်သည်..။
မေးနေတာ ဖြေပါလား..မတူသလိုလို မတန် သလိုလို နဲ့ ခေါင်းပိတ်ရိုက်လိုက်လို့ သတိပါ လစ်သွားအုံးမယ်...။
“ရပြီ...သွားအိပ်တော့...”
သစ် မကြားချင်ယောင်ဆောင် ပြီး လက်ငါးချောင်းစလုံး နဲ့ ခပ်ဖွဖွ လေး လိုက်နှိပ်နေလိုက်သည်..။
“သွားတော့ပါဆို..”
“နင် အိပ်မှ...”
သစ် ပြောပြီး လက်တွေကို ပိုပြီး မြန်မြန် ရွေ့ခါ နှိပ်ပေးနေလိုက်တော့ သူက ရုတ်တရက် လှဲချလိုက်သည်..။
“ဟဲ့...”
“အိပ်ပြီ..”
အဲလိုတွေ အမြင်ကပ်ဖို့ ကောင်းတာ သူများကို စိတ် ဒုက္ခပေး ဖို့ဆို သူ့ ဝေဒနာကိုတောင် ခံစားနေနိုင်သည်..။
သူ ဒီလို အိပ်နေရင်ကော သူများက အိပ်ပျော်မလား...။
ဆိုဖာ ပေါ် က ခေါင်းအုံးကို သွားယူပြီး ကုတင်ပေါ် ပြန်တင်လိုက်ရတော့သည်..။
ကုတင်စွန်းမှာ ၀င်လှဲ အိပ်နေရင်း သူ့ ကျောပြင်ကို ကြည့်ခါ တကယ်သက်သာရဲ့လားလို့ စိတ်ပူမိပြန်သည်..။
စိတ်ဖိစီးရင် စိတ်ညစ်ရင် ဖြစ်တာဆိုတော့ သစ်နဲ့ များ သက်ဆိုင် နေသလား...။
“နင် အခုလို ဖြစ်တာ ငါ ပါးရိုက်လိုက်မိလို့လား...”
“မဟုတ်ဘူး..”
ခပ်ပြတ်ပြတ် လေသံ တစ်ခု က လိုအပ်တာထက် ပိုကျယ်နေသလိုလို....။
“ဒါပေမဲ့ ခင်ဗျားကြောင့် ဖြစ်နေတာ...”
“ဘယ်လို..”
“တော်ပြီ သက်သာနေတုန်း အိပ်ရမှာ...”
သူ့ရဲ့ အကြောင်းခိုင်လုံတဲ့ တားဆီးမှုကြောင့် သစ် ဆီက မေးခွန်းတွေ နှုတ်ဖျားမှာ ရပ်တန့်သွားရသည်..။
“အချစ်မပါတဲ့ ခံစားချက်ကို မလိုချင်ဘူး...”
ဗီဂါ နောက်ကျောဘက် က ဟောက်သံသဲ့သဲ့လေးကြောင့် ထုတ်ဖော်ပြောပြလိုက်သည်..။
ကိုယ် ဘာကိုစိတ်ဆိုးနေတယ် ဆိုတာ သူက သိတောင် သိရဲ့လား..။
မ အရမ်းဆိုးတာပဲ....မ ဆီက အချစ်တွေ လိုအပ်နေသူ တစ်ယောက်ကို ဘာလို့ အမုန်းတွေပဲ ပေးချင်နေရတာလည်း မရယ်...။
မ ဘဝကို နှိပ်စက် သိမ်းယူချင်တာ မဟုတ်ပါဘူး
မ ရဲ့ အချစ်မေတ္တာကိုပဲ တောင်းခံနေတာပါ.. ။
ဦးနှောက်က နာကျင်မှုထက်.နှလုံးသား နာကျင်မှု က ပိုပြင်းတာ သိရဲ့လား....။☆✼★━━━━━━━━━━━━★✼☆。
ဟူး..1543ကလည်း အပိုင်းတွေရှည်နေပြီ မပြီးချင်သေးဘူး 😁
ဇာတ်လမ်း မကာင်းရင် ခွင့်လွှတ်ပါ 🙏ဒါနဲ့ ညကျရင် စိတ်ညစ်စရာကောင်းတဲ့ ဇါတ်လမ်း တစ်ပုဒ် လောက် တင်ချင်လို့ပါ..
ညက်စိနောက်မှာစိုးလို့ ကြို တောင်းပန်ထားတယ်နော်...😘အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

ESTÁS LEYENDO
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...