1543
အပိုင်း (၆)
#1543“မ....”
နဖူးနဲ့ ပါးပေါ်ကိုရှပ်ကျနေတဲ့ ဆံပင်တွေ နေရာလပ်သွားတော့ ပါးမှာ အေးခနဲ့ ဖြစ်သွားပြီး မျက်လုံးပွင့်လာရသည်..။
“ဟင်...နင်..”
“ထတော့လေ မရယ်...လက်မှတ်ထိုးပြီးတာနဲ့ မ ရုံးကို ဆက်သွားရမှာမလား..”
“ငါ...”
“ဘာဖြစ်လို့လည်း ဟင်..”
ကုတင်အစွန်းမှာချိတ်ထိုင်လိုက်တော့ သစ် အမြန်ထထိုင်လိုက်ရသည်..။
ဆံပင်တွေကို စုသိမ်းပြီး ဘေးမှာချထားတဲ့ ကလစ်ဖြင့် ဖြစ်သလို ထိုးညှပ်ခါ ကုတင်ပေါ်က ဆင်းလာရသည်..။
“စဥ်းစားမရလို့..”
“မရယ်...ဘာလို့များ..”
မျက်နှာ တစ်ခုလုံး ညိုးကျပြီး မျက်နှာလွဲပစ်လိုက်တော့ သူများလည်း စိတ်မကောင်းဖြစ်ရတော့တာပေါ့လေ...။
နင် သိပ်လည်တာပဲ ဘုန်းမင်းရယ်...။
“ကဲပါ...ပြင်ဆင်ရအုံးမယ်...နင် ထွက်လေ...”
“ဟာ တကယ်...ပျော်လိုက်တာ...”
ထိုင်နေရာက ထခုန်ပြီး လေထဲ လက်သီးတိုးနေတဲ့ အရူးကောင်ကို ကြည့်ပြီး သစ် ရယ်လိုက်မိသည်..။
လက်မှတ်ထိုးဖို့ သွားမှာ ဆိုတော့ အရင်လို ပန်ဆယ် စကပ် ဒူးအောက်ကို မ၀တ်တော့ပဲ မြန်မာ၀တ်စုံ ပန်းနုရောင်လေးပဲ ၀တ်လိုက်ရသည်..။
“မ အရမ်းလှတယ်..”
“...အဲလိုမျိုး ကြာကြာတွေးနိုင်ပါစေ ဆုတောင်းရတာပေါ့...”
“လုပ်ပြီ အကောင်းပြောလည်း ကန့်လန့်..”
“သွားတော့မယ် ကြီးကြီး..”
“အေး...သား..”
ကြီးကြီး က သူ့ကိုသာ အရေးတယူရှိနေတာ အမြင်ကပ်တာနဲ့ သစ် လှေကားတွေကို သာ ခပ်သွက်သွက် ဆင်းလာခဲ့လိုက်သည်..။
“မ..နေပါအုံး...”
“မောင့် ကို ကြည့်ပါအုံး ကြည့်လို့ကောင်းရဲ့လား..”
“ငါလောက်တော့ ဘယ်လှမလည်း..”
“ဟဲ..ဟဲ...ဒါတော့ ဟုတ်တယ်လေ...မောင်က ယောင်္ကျားကိုး..”
သစ် နှုတ်ခမ်းကိုက်ပြီး လက်မောင်းကို လိမ်ဆွဲရင်း စိတ်ထဲက အမျိုးအမည်မသိတဲ့ ကြည်နူးမှုလှိုင်းလေး ဖြတ်သွားရတော့သည်..။
ရုံးကို ရောက်ပြီး စောင့်နေရတဲ့ အချိန်လေးမှာတောင် ဒင်း အကောင်းမနေ..။
“ဟဲ..ဟဲ...အကို ကျွန်တော်တို့ ဇနီးမောင်နှံကို တစ်ပုံလောက် ရိုက်ပေးပါလား..”
“ရတယ်လေ..လာ...အပင်အောက်မှာ ထိုင်လိုက်..”
သစ် မှာလည်း အကောင်းမနေရ သူက လက်ကိုဆွဲခေါ်သွားပြီး အပင်အောက်က ခုံမှာ ထိုင်ခိုင်းပြီး ပခုံးကို အဓ္ဓမ ဆွဲဖက်သည်..။
“အစ်မရေ...ယောင်္ကျားကို မော့ကြည့်နေပါ “
သစ် နှုတ်ခမ်းမဲ့ပြီး မော့ကြည့်လိုက်တော့ စပ်ဖြဲဖြဲ လုပ်ပြပြန်ပြီ...။
“ကဒ်ပါလောင်းလိုက်မယ်နော် “
“ဟုတ်ကဲ့...”
သူ့အကျီ င်္ အိတ်ထဲက တစ်ထောင်တန် နှစ်ရွက်ထုတ်ပေးလိုက်တော့ သစ် စောင့်မနေတော့ပဲ ရုံးဘက် ပြန်လျှောက်လာခဲ့လိုက်သည်...။
“မ..”
“ဟဲ့..ဘာလုပ်တာလည်း..”
“ဒီမှာနော်..စာချူပ် ဟွန်း..ဟွန်း...”
အောင်နိုင်သူအ ပြုံးနဲ့ ပခုံးကို အတင်းဆွဲဖက်နေတာ နေရတာ မသက်သာပါ..။
“အဲဒါ ငါက ပိုလိုတာနော်..နင့်က ဘယ်က သူခိုး ဂျပိုး ထောင်ထွက်မှန်းသိတာ မဟုတ်ဘူး ပေး..”
သူ့လက်ထဲက စာချူပ်ကို ဆွဲပြီး ပိုက်ဆံအိတ်ထဲ ထည့်လိုက်တော့ တဟဲဟဲ နဲ့ လက်ကို ဆုပ်ကိုင်လို့ လွဲလျှောက်ပြန်သည်..။
တကယ်ချစ်တာလား...။
“မ..”
“ပြော.”
“ချစ်လား..”
“မသိဘူး..”
‘မသိလည်း ရတယ်...လူကို ပိုင်ပြီပဲဟာ...”
“ရပါလိမ့်မယ်...”
“ညနေ စောပြန်လာနော်..”
“ငါ အလုပ်ပြီးရင် ပြန်လာမှာပေါ့...”
“မ ကလည်း မောင်က မ နဲ့ တူတူ ထမင်းစား စကားပြော အေးဆေး နေချင်လို့ပါ..”
“အောင်မလေး အရင်ကကော ငါက ဘယ်သူနဲ့ ထမင်းစားပြီး စကားပြောလို့လည်း အဆန်းလုပ်လို့ သွားသွား..”
မှတ်တိုင် ဆင်းခါနီး မျက်နှာငယ်လုပ်ပြီး လည်ပြန်ကြည့်ပြီးမှ ဆင်းသွားတာ နားရွက်လိမ်ဆွဲချင်စရာရုပ်မျိုး...။
သစ် အတွက်တော့ ယောင်္ကျားရသွားလည်း ဘာမျှ မထူး ရုံးကိုရောက်တာနဲ့ ကောင်တာ အသစ်ရဲ့ ရောင်းနှုန်းတွေစစ် ပစ္စည်းသစ်ရဲ့ ၀ယ်လိုအား ပစ္စည်းလက်ကျန် စာရင်း မှန်သမျှ စစ်လိုက်ဆေးလိုက်ဖြည့်လိုက်တာ ညနေ အထိ အလုပ်က မပြီးနိုင်သေး...။
ခြောက်နာရီတောင် ကျော်လာတော့ မပြီးလည်း လက်စသတ်ပြီး ပြန်လာခဲ့ရသည်..။
“ဟာ...မရယ်...ဒီမှာ ကြည့်စမ်း..”
၀ရန်တာ မှာ ရပ်နေတဲ့ သူက ကြယ်သီး တစ်လုံးဖြုတ်ပြီး သူ့လည်ပင်းကို စောင်းပြတော့ သစ် လည်း ဘာဖြစ်တာလည်း လိုက်ကြည့်မိသည်...။
“ဘာမှ မတွေ့ဘူး ဘာဖြစ်လို့လည်း..”
“မ ကို မျှော်ရလွန်းလို့ လည်ပင်းရှည်ထွက်သွားတာ ပြန်မ၀င်တော့ဘူး..”
“ဟား..ဟား...ငါ ထုပြီး ပြန်သွင်းပေးမယ်..”
ပခုံးကိုဆွဲဖက်ပြီး လက်ထဲက အိတ်ကို ယူခါ အိမ်ထဲ တွဲ၀င်တော့ ကြီးကြီး တွေ့မှာလည်း စိုးရသေးသည်..။
“လွတ်စမ်းကွာ...ကြီးကြီး တွေ့ရင် မကောင်းဘူး..”
“ဟဲ..ဟဲ...မရှိဘူး..”
“ဟင်...ဘယ်သွားလည်း..”
“နေ့ခင်း ကားနဲ့ အိမ်ပြန်သွားပြီ...”
“ဟောတော့...”
“ဟုတ်တယ်...မ က ကြီးကြီး ရှိနေသရွေ့ မောင့် ကို ရှောင်ဖယ်ဖယ် လုပ်နေမှာစိုးလို့တဲ့လေ..”
“မဟုတ်သေးပါဘူး..လွတ်အုံး...ကြီးကြီး ကို ဖုန်းဆက်ကြည့်ရမယ်..”
သစ် အိတ်ကို ပြန်ဆွဲယူပြီး ဖုန်းထုတ်ဆက်တော့ ဘေးမှာ မေးထောက်ပြီး လူကို မျက်တောင် မခတ် ဆိုက်ကြည့်နေသည်..။
“ဟလို..”
“ကြီးကြီးလား..”
“အိမ်ရောက်ပြီလား..”
“ဟမ်...ဘယ်တုန်းက သွားလိုက်လို့လည်း..”
“၈ခွဲ...အိုး...သူများကိုတောင် မပြောဘူး..”
“ဟုတ်တယ်..ရက်စက်တာ...စိတ်ဆိုးတယ်...”
“အင်းပါ....အင်း...အင်း.....အလုပ်တွေချည်း လုပ်မနေနဲ့အုံးနော်...ဟုတ်...”
ဖုန်းချလိုက်တော့ မျက်ခုံးကို လှုပ်ပြီး ဘယ်လိုလည်းဆိုတဲ့ သဘောမျိုး မေးပင့်ပြသည်..။
“ကြီးကြီး ကလည်း ဘာမှန်းမသိဘူး..”
ကြီးကြီး ကို အပြစ်တင်ရင်း အ၀တ်လဲဖို့ အခန်းထဲ ၀င်လာခဲ့လိုက်သည်..။
အ၀တ်အစားလဲပြီး ဆံပင် ဖြီးနေတုန်း တံခါးဖွင့်သံ နဲ့ အတူ ဒင်းက ၀င်လာပြီ..။
“ဘာလုပ်တာလည်း..”
“ဟင်..”
သစ်ရဲ့ ခပ်စပ်စပ် အမေးကို နားမလည်သလို ကြောင်တောင်တောင် လုပ်ပြနေတော့ ဒေါသထွက်ရသည်..။
“တံခါးမခေါက်ပဲ..”
“သြော်..ဟား..ဟား..မရယ် လင်မယားတွေပဲ ဖြစ်နေပြီ...”
နောက်ကနေ သိမ်းကျုံးဖက်လိုက်တော့ သစ် အလန့်တကြားရုန်းထွက်မိသည်...။
ဘယ်လိုမျိုး ခံစားမှုတွေပါလိမ့်...စိတ်တွေ မွန်းကြပ်လိုက်တာနော်.....။
“ထမင်းစားမယ်လေ...လာခေါ်တာ...”
“အင်း လာမယ်..”
“လာမယ် ဟုတ်လား....”
“ဟ...”
ရုတ်တရက် ပွေ့ချီ ခံလိုက်ရတော့ ..
အပွေ့အချီ မခံရတာ နှစ် နှစ်ဆယ်နီးပါး ကြာလှပြီမို့ ပြုတ်ကျ မှာစိုးပြီး သူ့ ရင်ဘတ်အကျီီစကို ဆုပ်ကိုင်ထားမိသည်..။
“ထိုင်...”
ခုံကို ဆွဲထုတ်ပေးတော့ သစ် ဟန်ဆောင် မျက်စောင်းထိုးရင်း ၀င်ထိုင်လိုက်ရသည်..။
“ဒါက မ ကြိုက်တဲ့ ရုံးပတီသီး ပုစွန်ခြောက်နပ်...ဒါက ငါးသလောက်ပေါင်း..”
“နေအုံး..နေအုံး..ငါ့ဟာ့ငါ ထည့်စားပါမယ်.”
သစ် လက်တားပြီး ပြောလိုက်တော့ ဇွန်းကိုချပြီး မျက်နှာစူပုတ်ပုတ်နဲ့ ထမင်းတွေကို ထိုးသိပ်နယ်နေသည်..။
“စိတ်ဆိုးတာလား..”
“ဟုတ်ဘူး..”
“စိတ်ကောက်တာလား.”
“အွင်း..”
သစ် ဟက်ခနဲ့ ရယ်လိုက်မိတော့ သူက ပေစောင်းစောင်းလေးကြည့်ပြီး ထမင်းတွေကိုသာ အပြစ်ရှာနေတော့သည်..။
“ဆောရီးပါ ဟင်းတွေ အများကြီး ထည့်ရင် မစားတက်တော့လို့ နင် က ဒါတောင် မသိဘူးလား.”
သစ် စကားကို သူ က အံသြသလို နှုတ်ခမ်း ပွင့်ဟဟလေးဖြင့် စဉ်းစားသေးသည်...မိနစ်ပိုင်း အကြာတော့မှ...။
“ မ ကို သိဖို့ မောင် ကြိုးစားပါမယ်”
သူ့ဟာသူ ထမင်းဆက်စားနေပေမဲ့ သစ် မှာတော့ အတွေးတွေကြောင့် တွေဝေငေးမောသွားမိတာ စားချင်စိတ်ပင် ပျောက်ကုန်ရသည်..။
.
“မောင် လုံး၀ သည်းမခံနိုင်တော့ဘူး..”
ပြောရင်း ခေါင်းအုံးကို ယူခါ ကုတင်ပေါ် ပစ်တင်လိုက်တော့ သစ် ပျာပျာသလဲ ထထိုင်မိသည်...။
“ဘာလုပ်တာလည်း ဘုန်းမင်း.”
အသံကျယ်ကျယ် ငေါက်သလို ပြောလိုက်တော့ သူကလည်း မှုန်ကြုတ်ကြုတ်ပြန်ခံကြည့်သည်..။
လက်ထပ်ပြီးလို့ တစ်လတောင် မပြည့်သေး အကြည့်တွေက စပြောင်းလာပြီလားလို့ တွေးမိရင်း စိတ်တွေ ခြောက်ခြား လာရသည်..။
“မောင် ဒီမှာ အိပ်မယ်..”
“ဟင်..”
“ဟုတ်တယ်...မိုးလင်း ရင် အလုပ်သွားတယ် မိုးချူပ်မှ ပြန်လာတယ်...ဘယ်မှာလည်း မောင် တို့ ရဲ့ ရင်းနှီးရတဲ့ အချိန်..”
သူပြောလိုက်တဲ့ စကားအဆန်းကြောင့် သစ် စဉ်းစားကြည့်ရတော့သည်..။
မနက် အလုပ်သွားတယ်...ညမှ အလုပ်က ပြန်လာတယ် ဒါအဆန်းမှ မဟုတ်တာပဲ...
ရင်းနီးချိန် မရှိလို့တဲ့.... ပြန်လာပြီးရင် ထမင်း တူတူ စား တစ်ခါတစ်လေ တီဗွီ တူတူ ကြည့်နေသားပဲ...။
“မ....”
ကုတင်ပေါ် ထိုင်ချပြီး သစ် ပခုံးနှစ်ဖက်ကို ကိုင်ရင်း ခေါ်လိုက်တော့ မော့ကြည့်လိုက်သည်..။
“မောင်လေ မ ကို အရမ်းချစ်တာ...မ က မယုံသလို လုပ်နေတော့ မောင် အရမ်းခံစားရတယ်..”
သေချာ ဆိုက်ကြည့်ပြီး ပြောလာတဲ့ သူ့ စကားကို သစ် ခေါင်းရမ်းငြင်းဆန်လိုက်ရ၏..။
“မယုံတာ မဟုတ်ပါဘူး....ငါ ..နေသားမကျသေးလို့ပါ..”
“မောင် သိပါတယ်...မ ...က မောင့်ကို အိမ်မှာ ကပ်နေတဲ့ ကောင်ဆိုပြီး တန်ဖိုးလည်း မထားချင်ဘူး...လင်ယောင်္ကျားဆိုပြီး အသိအမှတ်လည်း မပြုချင်ဘူး ဟုတ်တယ်မလား..”
“မဟုတ်သေးပါဘူး..နင် ဘာဖြစ်နေတာလည်း..”
“မ နဲ့ မောင် လက်ထပ်ထားတာ တစ်လပြည့်တော့မယ်..အခုချိန်ထိ နင် ငါ ပဲ...လိုအပ်တာရှိရင် ခိုင်းမယ်...ပြီးရင် ကိုယ့် အဆင့်နဲ့ ကိုယ်နေဆိုတာမျိုးက....မ...စဉ်းစားကြည့်ပါလား..မောင့်ဘက်က စဉ်းစားကြည့်ပါအုံးလားမရယ်...မောင် က မ ဆီမှာ နေရတယ် ဆိုပေမဲ့ ဆင်းရဲမွဲတေနေတဲ့ ကောင်မဟုတ်ပါဘူး..အိမ်တော့ ရှိတယ်...မ နဲ့ နီးစပ်ချင်လွန်းလို့ ယောင်္ကျားမာန သိက္ခာတွေကို ရိုက်ချိုးပြီး လိုက်ကပ်နေတာပါ....မ စိတ်တွေ ပြောင်းလဲ လာလေ မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ မောင် စောင့်နေရတာ တစ်လပြည့်တော့မယ်..မ ရယ်...”
“ဒါက...”
“ရပါတယ်...မ ကျေနပ်သလိုပေါ့...”
ကုတင်ပေါ်က ထပြီး အခန်းတံခါးဖွင့်ခါ အပြင်ထွက်သွားတော့ သစ် သက်ပြင်းရှည်တစ်ခု ချလိုက်မိသည်..။
ကိုယ့်အလုပ် ကိုယ်လုပ်နေသူမို့ သူပြောသလိုလည်း လိုက်မတွေးနေမိပါဘူး...။
စိတ်ထဲ အားလုံးပုံမှန် လွတ်လွတ်လပ်လပ် ပဲ သဘောပိုက်ခါ သူ့ကိုလည်း အရင်အတိုင်းပဲ ဆက်ဆံပြောဆိုနေမိတာ ခုတော့ သူများ အမှားဖြစ်နေပြီလား...။
ကုတင်ပေါ်မှာ ထိုင်နေတာ နာရီ၀က်လောက်ကြာတော့ မနေနိုင်တော့လို့ ဆင်းလာခဲ့လိုက်ရသည်..။
အခန်းအပြင်ရောက်တော့ တစ်အိမ်လုံး မီးပိတ်ထားပြီး ဘာမှ မတွေ့တော့ သူ ပြန်သွားပြီလားတွေးရင်း သစ် ရင်ထဲ ထိတ်သွားရ၏..။
မီးခလုပ်ကို ကပျာကယာ ပြေးဖွင့်လိုက်တော့ ခုံပေါ်မှာ အိပ်ပျော်နေပြီဖြစ်တဲ့ သူ့ကြောင့် စိတ်သက်သာသွားပြီး...
“ကောင်လေး...”
“ဘုန်းမင်း....ဘုန်းမင်း...”
ပခုံးတွေကို လက်နဲ့တွန်းပြီး နှိုးကြည့်တော့ မလှုပ်မယှက် ပင် အိပ်မောကျနေပြီ...။
“သနားစရာလေး...”
သစ် ဆံပင်တွေကို ကိုင်ကြည့်ရင်း နဖူးကို လက်ညိုးလေး ထိမိသွားတော့ ရင်ဘတ်ထဲမှာ လှိုက်ခုန်သွားသည်...။
“...ဟင်....မ...”
သစ် လက်ကို ဆွဲကိုင်ပြီး သူ က နိုးလာတော့ သစ် လက်ကို ပြန်ရုန်းနေမိသည်..။
“ဘာဖြစ်လို့လည်း..”
“အခန်းထဲလာအိပ်လေ..မနက်က ကျောတွေ နာနေလိမ့်မယ်..”
“နေပါစေ..ကြီးကြီး ကို ကြောက်လို့ အခန်းထဲ ခေါ်သွင်းခဲ့တာပဲလေ..”
“မဟုတ်ပါဘူး...လာပါ...”
“ဒါဆို ဘယ်မှာ အိပ်ရမှာလည်း..”
“ကုတင်ပေါ်မှာလေ”
“ဟင်..တကယ်လား..”
“အင်းပေါ့...”
အိပ်ပျော်ထားသူလို့ မထင်ရအောင် ခုံပေါ်က ခုန်ထပြီး သစ် ကို ဆွဲပွေ့ချီလိုက်တော့ ရင်ထဲ အေးကနဲ့ ဖြစ်သွားရသည်..။
“ဝူး....နောက်ဆုံးတော့ ဒီ ကုတင်မှာ အိပ်နိုင်ပြီ...”
သစ် ကုတင်ပေါ်ရောက်တာနဲ့ သူ့ကို ကျောပေးပြီး စောင်ဆွဲခြုံခါ လှဲအိပ်လိုက်သည်...။
“မ..”
“အိုး...”
သူက သစ်ဘက်ကို အတင်းတိုးပြီး ဆွဲဖက်တော့ ကတုန်ကယင်တွေ ဖြစ်လာရခါ...ပြန်တွန်းပစ်လိုက်သည်..။
“အ..ဘာဖြစ်တာလည်း...မ...”
“ငါ မနေတက်ဘူး...လွတ်စမ်းပါ...”
“မလွှတ်ပါဘူး..ချစ်တယ်..မရယ်..”
နောက်က သိုင်းဖက်ခံရပြီး သူ့ ၀င်သက်ထွက်သက် လေပူလေးက လည်ဂုတ်ကို လာထိနေတော့ အသည်းထဲ အထိ အေးကနဲ့ ဖြစ်နေရသည်..။
“ဘုန်းမင်း..ငါ တကယ်..အ..”
“မောင် လို့ ခေါ်ပါ..”
ထပ်တိုးဖက်လာရင် တကယ် မနေတက်တော့လို့ ပခုံးတွန့် ရုန်းရင်း
“မောင်..လွတ်ပါ..”
“ဘာလို့..”
“အိုး...သူများ မနေတက်လို့ပါဆို...”
“ဟား..ဟား...သူများလေး မနေတက်ဘူးလား....နည်းနည်းပဲ လျော့နိုင်မယ်...”
နည်းနည်းလေး ဖက်တာလျော့သွားတော့မှ သစ် မှာ အသက်ပြန်ရှုခွင့်ရတော့သည်..။
“မ...”
“အင်..”
“ဒီဘက်လှည့်လေ...”
“ဟင့်အင်း..”
သစ် စိတ်တွေ ရှုပ်လာလို့ ခေါင်းရမ်းပြလိုက်တော့ သူ့ ဘက်က ဘာတောင်းဆိုမှုမှ မရှိတော့ပါ..။
“ဆောရီး...ခဏ..”
“ဟင်..”
အခန်းထဲက ထွက်သွားတော့ မှ သစ် ကုတင်ပေါ်က အမြန်ဆင်းလိုက်ပြီး အခန်းထောင့်ဘက်မှာ အခင်း ခင်းလိုက်ရသည်..။
“ဟူး..”
ရေချိူးခန်းထဲရောက်တော့မှ သက်ပြင်းချနိုင်ပြီး နားထဲကို နားကြပ်ထိုးလိုက်ရသည်..။
“ဟုတ်ကဲ့..မထူးသေးဘူး..”
“ကျွန်တော် ရှာကြည့်ပြီးပါပြီ...မတွေ့သေးဘူး....”
“.သူ့ကို.. .ရဲတော့ မတိုင်ပါနဲ့....ကျွန်တော် ရအောင်ရှာပေးပါမယ်...”
“..ဟုတ်..ဒီကိစ္စ ပြီးရင် ဖျောက်လိုက်မှာပဲ....ပစ္စည်း တည်နေရာမှ မရွေ့သေးတာ...ဘာမှ မဖြစ်ပါဘူး..”
ဖုန်းချလိုက်ပြီး နားကြပ်ဖြုတ်ခါ အိတ်ထဲ ပြန်ထည့်လိုက်သည်..။
နောက်ဆို သူ နဲ့ အခုလောက် နီးနီးကပ်ကပ် မနေတော့ဖို့ ဆုံးဖြတ်ရင်း သက်ပြင်းရှည် တစ်ခု အလိုအလျှောက် ဖြစ်ပေါ်သွားရသည်..။
ဟူး..ရင်တွေခုန်လိုက်တာ...တကယ်များ ချစ်မိသွားပြီလား....။
မဟုတ်ဘူး...ဒါ တာ၀န်တစ်ခုလေ....။
.
“ဟင်..မ...”
“သူများ တကယ် မအိပ်တက်လို့ပါ...”
သစ် ခေါင်းငုံ့ရင်း ပြောလိုက်တော့ သူ က ရပ်ကြည့်နေရင်းက ပြုံးယောင်သမ်းလာပြီး...
“အိုး..ဟား..ဟား...မရယ်....လာပါ ကုတင်ပေါ် ပြန်အိပ် မောင် အောက်မှာ အိပ်လိုက်မယ်..”
“ဟင်..”
“ဟုတ်တယ်...မောင်လည်း...ကုတင်ပေါ်မှာဆို အိပ်ပျော်မှာ မဟုတ်ဘူး ညနက်နေပြီ...”
“အင်း..”
သစ် သူ့စကားကို ခေါင်းညိတ် ထောက်ခံရင်း ကုတင်ပေါ် ပြန်ရောက်လာခဲ့ရသည်..။
“မ ရေ....ထတော့လေ...”
တံခါး ကို လက်နဲ့ထုပြီး နှိုးနေတော့ အရင်လို ဆံပင်လေး သပ်တင်ပြီး နှိုးပေးချိန်ကလို ကြည်နူးမှုမျိုး မရတော့ပါ...။
ဘာကို စိတ်ဆိုးသွားပါလိမ့်...။
“မ....ရုံးချိန်နီးနေပြီနော်..”
“ဟင်..”
သစ် ဘေးက နာရီကို လှမ်းကြည့်လိုက်တော့ နာရီ၀က်ပဲ လိုတော့သည်...။
ကုတင်ပေါ်က ခုန်ထပြီး မီးဖိုခန်းက ရေချိုးခန်းကို ပြေးရပြန်သည်..။
ရေချိုး ပြီးလို့ အပြင်ထွက်ခါနီးမှ တာဝါ နဲ့ ရေလဲ တဘီ ယူမလာမိတာ သတိရတော့သည်...။
သေလိုက်စမ်း..သစ်ရွက်ဝေ...။
“မောင်....”
တစ်ခွန်းခေါ်ပြီး ထပ် မခေါ်ရဲလို့ နှုတ်ခမ်းကို ဖိကိုက်ရင်း ပြန်ထူးသံ ကို နားစွင့်ထားမိသည်..။
“မောင်...”
“ကျစ်....ဟဲ့....ဘုန်းမင်း....”
“ဗျာ...လာပြီ...”
ဒါနဲ့များ မောင် မခေါ်လို့ စိတ်ကကောက်ချင်သေး...သူ့နားက ဘုန်းမင်းခေါ်မှ ကြားတာ...။
မောင် ခေါ်လို့ကတော့ ညောင်း ဖြစ်သွားလည်း ကြားမယ် မထင်...။
“ဒေါက်...ဒေါက်...”
“မ ခေါ်လား..”
“အင်း...တာဝါနဲ့ ရေလဲ၀တ် ကျန်ခဲ့လို့ ယူပေးပါလား..”
“ဟား...ဟား...ယူပေးဘူး..”
“ဟင်...”
“ဟဲ...ဟဲ...ဒါမျိုး အောက်ကျို့ကွက်ကလေးတွေ ရှိအုံးမှ လောက ကြီးက မျှတ မှာ မလား...”
“ဟဲ့...သွားယူပေးစမ်းဟယ်..နောက်ကျနေပြီ...”
“မယူ...ပေး...နိုင်ဘူး...”
စကားကို တစ်လုံးချင်းပြောပြီး ဒေါသထွက်အောင်စနေတော့ သစ် တောက်ခတ်လိုက်မိသည်..။
“ဘုန်းမင်း...သွားယူပေးစမ်းဆို..”
“မရဘူး..မရဘူး..လေသံမာနေတယ်...”
“တောက်...”
သစ် ဒေါသထွက်လွန်းလို့ ရေစိုထဘီ ရင်လျားနဲ့ပင် ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်..။
“ရွှီး..”
သူ့လက်ထဲက တာဝါ နဲ့ ထဘီကို ကိုကိုင်ထားပြီး အပေါ်နှုတ်ခမ်းကိုရှေ့ချွန်ခါ လေချွန်လိုက်လို့ ဒေါသမီးတောက်တွေ ပိုကြီးထွားလာရသည်..။
“အင့်...”
သစ် ဘာကိုမှ မစဉ်းစားမိခင်...
“ဖြန်း...”
“ဟ...”
သူ့ရဲ့ ဘယ်ဘက် ပါးကို မျက်လုံးစုံမှိတ်လို့ လွဲရိုက်ချပစ်လိုက်သည်..။
“ခင်ဗျား..”
“တောက်.....”
မျက်လုံး အရောင်တောက်နေပြီး စူးရဲစွာ စိုက်ကြည့်လို့ ချာကနဲ့ လှည့်ထွက်သွားသည်..။
“တောက်....မုန်းလိုက်တာ....မေ့တက်တာကြီးကို မုန်းလိုက်တာ...ရှက်ဖို့ကောင်းလိုက်တာ...”
သစ် ရေချိုးခန်းထဲမှာတင် ခြေဆောင့်ပြီး အော်ဟစ်နေမိသည်..။
ဒေါသတွေ ငြိမ်သက်သွားတော့မှ ရေချိုးခန်းရှေ့မှာ ကျနေတဲ့ တာဝါနဲ့ ထဘီကို ကောက်ယူပြီး လဲလိုက်သည်..။
ရုံး၀တ်စုံလဲပြီး..
မီးဖိုခန်းဘက် တစ်ချက်ဝေ့၀ဲ ကြည့်မိတာ..ဘယ်သူမှ မရှိ...။
စားပွဲပေါ်မှာ ထမင်းကြော် ပန်းကန်နဲ့ အတူ အသည်းပုံ ပုံစံဖြစ်အောင် ကြော်ထားတဲ့ ကြက်ဥ ဟက် ပန်းကန် တစ်ခု...။
မစားဘူး...ရှက်ဖို့ကောင်းလိုက်တာနော်.....။
သစ် ကျောခိုင်းထွက်လာပြီး ရုံးရောက်ခါနီး ဗိုက်ကဆာလာလို့ ကော်ဖီနဲ့ ကိတ်မုန့် ၀ယ်ပြီး ရုံးဆက်လာရသည်..။
“မသစ်ရေ...”
“အင်း..ပြော...”
“ဆပ်ပြာရည် ရောင်းအားက ကျသွားပြီ...”
“သိတယ်လေ...အစကတည်းက ပြောထားသားပဲ အသစ်ကြိုလုပ်ခိုင်းထားတာ ခုချိန်ထိ မပြီးသေးဘူး..”
“အသစ်တွေချည်း ထပ်လုပ်နေရမှာ ဘယ်ပြီးဆုံးမလည်း...ဒီပစ္စည်းတွေကို ဘယ်ချောင်သွားသိမ်းမလည်း..”
“နင်တို့ကလည်း..ဘာမှ မသိပါလား..စိတ်ဆင်းရဲတယ်..ဒါ ထုတ်လုပ်သူတွေ ကိစ္စ ငါတို့ ကိစ္စက ရောင်းအားတက်ဖို့ပဲ...”
“အမလေး မနေ့ တစ်နေ့က မှ ရောင်းအားတက်လာတာကိုများ ကြီးကြီးကျယ်ကျယ်တွေ လာပြောနေတယ်..”
သစ် လက်ထဲက ဘောပင်ကို ဆောင့်ချပစ်လိုက်ပြီး ခေါင်းမော့ခါ
“နင် အရမ်းတော်နေရင် နင် ပဲ ခေါင်းဆောင်လိုက် ငါ စာရင်း လုပ်မယ်..”
“မလိုပါဘူး....ထောက်ပြရင် လက်ခံရမှာပေါ့ အခုတော့ ငါ ဆရာကြီး စတိုင်လုပ်နေတာ များလာပြီ...”
“စိုးပြည့်ဦး.....”
သစ် ဒေါသထွက်လွန်းလို့ အသံကုန်အောင် အော်လိုက်တော့ တစ်ခြား ၀န်ထမ်းတွေကလည်း မျက်လုံးပြုးကြည့်နေသည်..။
“ဟ...ဘာဖြစ်တာလည်း..”
“ဆရာ...ကျွန်မ နဲ့ မသစ် အလုပ်တွဲလုပ်လို့မရဘူး...အဲဒါ နေရာ ပြောင်းပေးပါ...”
“သစ်ဝေ မနေ့ က စာရင်းတွေ စစ်ရမယ်လေ...ဆရာနဲ့ တစ်ခါ တည်းလိုက်ခဲ့လိုက်..”
သစ် ရှေ့က ဖိုင်တွဲ နှစ်ခု ကိုကောက်ယူခါ ခေါင်းဆောင် နောက်က လိုက်လာခဲ့ရသည်..။
“ဒီမှာပါ ဆရာ..”
“ထားပါအုံး..ဘာတွေ ဖြစ်ကြတာလည်း..”
“သစ် လက်အောက်မှာ အလုပ်လုပ်ရတာကို စိုးပြည့် မကျေနပ်ဘူးထင်တယ်...အမြဲတမ်း ပြသာနာရှာနေတယ်...နာခံမှုလည်း မရှိဘူး..”
“ကဲ...သစ်ဝေရယ်...မင်း ဒီမှာ လုပ်လာတာ နှစ်တွေကြာလှပြီ...လူသစ်တွေကို နားလည်ပေးမှပေါ့ကွာ...”
စကားကိုလှအောင် ပြောနေပေမဲ့ သစ် အပြစ်လို့ သတ်မှတ်လိုက်မှန်း သိပါသည်...။
“လွန်နေပြီ...”
“သစ်ဝေ က အနစ်နာခံတာ သိပေမဲ့ စိုးပြည့်ဆိုတာ အရင်က ဘဏ်မှာတောင် အလုပ်လုပ်ခဲ့တဲ့သူမလား...ဒီတော့ မာနလေးလည်း ရှိတာပေါ့ကွာ...သူ့ ရုပ်ကလေးကလည်း ချော..ပေါင်းသင်းဆက်ဆံရေးလည်းကောင်း ဘွဲ့တွေကလည်း မြင့်တော့ ဘ၀င်စိတ်ကလေး၀င်နေတာ သစ်က ခွင့်လွှတ်လိုက်ပါ...”
“ဟုတ်ကဲ့...”
“ကဲ..ကဲ...သွား...”
တစ်ရုံးလုံးမှာ သစ်ထက် ငယ်တဲ့သူတွေချည်း ရှိနေပြီ တစ်ယောက်မှ လည်း နာခံလိုစိတ်မရှိ...။
ပြောင်းလဲလာတဲ့ လောကနိယာမကြီးအရ ၁၈ နှစ်ကျော်ကိုပဲ အသုံး၀င်သည်လို့ သတ်မှတ်ထားကြသည်လေ...။
အသက်သုံးဆယ် မပြည့်ခင်မှာတင် လူကို လူအို စာရင်းသွင်းလိုက်ကြပြီ ...။
“မသစ်...မနေ့က ကောင်တာ ၉ စာရင်း..”
“အေး..ထားခဲ့..”
တစ်နေ့ကုန် ဒေါ သတွေ နဲ့ချည်း နပန်းလုံးနေရပါလား တွေးမိရင်း စိတ်ထဲ မောလာရသည်..။
ဘယ်သူကိုမှ စကားမပြောပဲ အလုပ်ချည်း မဲ လုပ်နေရတာ ရုံးဆင်းချိန် အထိပင်...။
အိမ်ကို ပြန်ရောက်တော့လည်း တံခါးဖွင့်ပေးမည့်သူ မရှိ မီးက မှောင်မှောင်နဲ့မို့ တစ်မျိုး စိတ်ခြောက်ခြားလာရပြန်သည်..။
“သိပ်အာဏာ ပြတဲ့ဟာတွေ...မရှိရော ဘာဖြစ်လည်း...သေ လည်း တစ်ယောက်တည်း...”
သစ် ဂရုမစိုက်သလို ပြောပြီး အ၀တ်အစားလဲခါ လုပ်စရာ ရှိတာတွေကို အာရုံစိုက် လုပ်နေလိုက်သည်..။
ည ဆယ်နာရီမှ အလုပ် လက်စသိမ်းလို့ ထမင်းစားဖို့ သတိရတော့..မီးဖိုခန်းဘက် လျှောက်လာရသည်..။
စားပွဲပေါ်က ထမင်းကြော်နဲ့ ကြက်ဥ ကို ကောင်းသေးရဲ့လား မသေချာလို့ ကောက်နမ်းကြည့်မိတော့ ထမင်းကြော်ကတော့ ဆိုးဝါးနေပြီ..။
ထမင်းအိုးထဲ ကြည့်တော့ ထမင်းက မတည်ရသေး...။
“တစ်ခါ စားဖို့ အရေး ..အလုပ်တွေ ရှုပ်လိုက်တာနော်..”
သစ် ညီးတွားရင်း ပေါင်းအိုးထဲကို ဆန်ထည့်ပြီး ဆေးခါ တစ်ဖက်ကလည်း မနေ့က ဟင်းကျန်ကို ပြန်နွေးထားရသည်..။
.အောက်ထပ်ကလည်း ဆယ်နာရီဆိုတော့ ဆိုင်ပိတ်လောက်ပြီ...။
ဘယ်လို မာနနဲ့ ပဲ တင်းခံထား ခုလောလောဆယ်တော့ ဒင်းလေး ချက်ပေးထားတဲ့ ဟင်းကသာ အသုံး၀င်တော့မည်..။
ဆန်ဆေးရင်း မနေ့ က စားခဲ့ရသည် ပန်းဖူးကြော် ကျွတ်ကျွတ်လေးကို တမ်းတခါ တံတွေးမြိုမိသည်..။
ထမင်းအိုးတည်ထားတုန်း အားနေတာနဲ့ ကြောက်စိတ်တွေ သတိရစိတ်တွေ ပျောက်အောင် တီဗွီထဲ စိတ်နှစ်ထားရ၏..။
“ဒုတ်..”
မီးဖိုခန်းထဲက ထွက်လာတဲ့ အသံကြောင့် သစ် အမြန်ထသွားပြီ ကြည့်လိုက်သည်..။
“ဘာဖြစ်တာလည်း..”
မီးဖိုခန်းထဲ လိုက်ကြည့်နေတုန်း မှန်တံခါးဆီ အကြည့်ရောက်တာနဲ့ Guy Fawkes (ဂိုင်းဖော့)မျက်နှာဖုံးကို အထင်းသားမြင်လိုက်ရသည်..။
“အိုး..”
သစ် ပါးစပ်ကို လက်နှစ်ဖက်နဲ့ အုပ်ပြီး မျက်လုံးပြူးကျယ်နေစဉ် ထို မျက်နှာဖုံးက နေရာရွေ့သွားပြီး မှန်မှာ ဆေးလား သွေးလား မသေချာသည့် အနီတွေ နဲ့ ရေးသွားတာ..IC1101
ရေချိုးခန်း ရှေ့ မှန်ပေါက်ကို ပြေးပြီး ငုံ့ကြည့်လိုက်တော့ လူတစ်ယောက် နောက်ဖေး လမ်းကြားမှာ ပြေးထွက်သွားသည်..။
လမ်းဆုံးအောင် မသွားပဲ တိုက်တစ်ခုထဲ ၀င်သွားပေမဲ့ ခန့်မှန်းလို့မလွယ်...။
“ဟာ...”
မီးတွေ ပျက်သွားလို့ သစ် တစ်ကိုယ်လုံး ကြက်သီးထသွားရသည်..။
သေချာတာတော့ အသက် အန္တရယ် ပါ ရှိနေပြီ..အိမ်မှာ ဘယ်သူမှ မရှိချိန်...။
ထိတ်လန့်စရာ အဖြစ် အပျက်ကြောင့် တစ်ကိုယ်လုံးတုန်ယင်လာခါ မီးဖိုခန်းထဲက စမ်းတဝါးဝါး ထွက်လာခဲ့ရသည်..။
“ဒေါက်..ဒေါက်..”
ဖုန်းကို လိုက်စမ်းနေချိန် တံခါးခေါက်သံကြောင့် သစ် လန့်ပြီး ထခုန်မိ မတက်ဖြစ်သွားသည်..။
အိမ်ရှေ့တံခါးနဲ့ နောက်တံခါးမှာ လူတွေရောက်လာတာလား...။
လာဖမ်းတာများလား...။
ဖုန်းလက်ထဲရောက်တာနဲ့ အိမ်ရှေ့တံခါးဆီ ကပ်သွားပြီး...ဖုန်းကို သေချာ ဆုပ်ကိုင်ထားသလို တစ်ဖက်ကလည်း သစ်သားချောင်းကိုင်ထားရသည်..။
“ဒေါက်...ဒေါက်...”
“ဘယ်.....ဘယ်သူလည်း.”
“ကျွန်တော်..”
ထို ကျွန်တော်ကြောင့် သစ်ပျော်လွန်းလို့ ထတောင် ခုန်မိသည် ထင်ပါရဲ့...။
လက်ထဲက သစ်သားချောင်းကို ပစ်ချခါ တံခါး ကို သော့ဖွင့်ပြီး အကြမ်းပတမ်းဆွဲဖွင့်လိုက်သည်..။
“မောင်....”
သစ် လက်ထဲက ဖုန်းမီးနဲ့ မျက်နှာကို ထိုးကြည့်တော့ မျက်လုံးစုံမှိတ်ပြီး မျက်နှာက အလိုမကျစွာ ရှုံ့မဲ့သွားသည်..။
“ဆောရီး..လာ..၀င်..”
သူ့လက် ကို အားကိုးတကြီး ဆွဲပြီး အိမ်ထဲ ခေါ်ခါ တံခါးကို သော့ အမြန်ပြန်ခတ်လိုက်ရသည်..။
သော့ခတ်ပြီးတာနဲ့ မီးပြန်လာလို့ တော်ပါသေးရဲ့...။
“ဘာဖြစ်လို့လည်း..”
သူက သစ် မျက်နှာက စိုးရိမ်ပူပန်မှုတွေထိတ်လန့်ကြောက်ရွံနေတဲ့ မျက်၀န်းတွေကို တွေ့ပြီး မေးခွန်းထုတ်လာတော့...။
“အ..”
“မောင်ရယ်...ဘာလို့ ထွက်သွားတာလည်း..”
သူ့ ရင်ခွင်ထဲ တိုး၀င်ပြီး သူ့ခါးတွေကို ကျစ်နေအောင်ဖက်ထားရင်း အပြစ်တင်ပြောမိသည်..။
“ဘယ်သူ ပါးရိုက်တာလည်း..”
“သူများ မှားပါတယ်...နောက်ကို ထားမသွားပါနဲ့နော်..ကြောက်လို့ပါ...”
“တော်ပါ...ပါးယောင်နေတာ ပျောက်သေးတာ မဟုတ်ဘူး..ဒီကောင်က မနေနိုင်လို့ ပြန်လာကြည့်တာ ပြီးရင် ပြန်သွားရမယ်..”
“ဟင့်အင်း မသွားရဘူး...မသွားပါနဲ့မောင်..”
“ဟာ...ငိုနေတာလား..”
သစ် မေးကိုဆွဲမော့ပြီး ကြည့်တော့ မျက်ရည်တွေကို ပြီးစလွယ် သုတ်ပစ်လိုက်ပြီး ပြုံးပြလိုက်ရသည်..။
“မောင် မသွားပါနဲ့နော်...”
“မရယ်...”
သစ် အပြုံး တစ်ခုနဲ့ အတူ ပိုတိုးလို့ ဖက်လိုက်မိသည်..။
သူများ မျက်ရည်ကျလောက်အောင် အားကိုးမိတဲ့ တစ်ဦးတည်းသောယောင်္ကျား က မောင် ဖြစ်နေပြီလေ...။☆✼★━━━━━━━━━━━━★✼☆。
ဖတ်ရတာ မကောင်းရင် ခွင့်လွှတ်ပါ
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

KAMU SEDANG MEMBACA
1543
Romansa"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...