1543
အပိုင်း (၉)
#1543“သခင်လေး...ဖုန်း...”
“ကျစ်..”
လေဆိပ်ထဲရောက်ခါနီးမှ ဖုန်း၀င်လာတော့ ဗီဂါ စိတ်မရှည်စွာ ဖုန်းကို ဆွဲယူကိုင်လိုက်သည်..။
“ဗီဂါ...”
“ဒက်..”
“ ဘယ်မှာလည်း..”
“လေဆိပ်သွားနေတဲ့ လမ်းမှာပါ...ရောက်တော့မယ်..”
“ခု အိမ်ပြန်..”
“ဗျာ..”
“...အိမ်မှာ မင်း ဧည့်သည်ရောက်နေတယ်..”
“ဟုတ်ကဲ့...”
ဒက်ဒီ အမိန့်မို့လို့ ဘာမှ ထပ်မမေးပဲ ကားပြန်လှည့် ခိုင်းလိုက်ရသည်..။
“ဘာ အရေးကြီး ဧည့်သည်လည်းကွာ....ဖုန်းလည်း ကြိုမဆက်ဘူး..”
ခြံထဲကို ကားရောက်တာနဲ့ ဗီဂါ အလိုမကျစွာ ခြေလှမ်းသွက်သွက်ဆောင့်နင်းရင်း အိမ်ထဲ ၀င်လာခဲ့လိုက်သည်..။
ဘယ်ဘက် ဧည့်ခန်း သီးသန့် တံခါးကို ဖွင့်၀င်လိုက်ချိန် အ၀မှာ အိတ် အစုတ်နှစ်လုံးကို တွေ့လိုက်တော့ မျက်မှောင်ကြုတ်ပြီးသား ဖြစ်သွားရသည်..။
နောက်က ဘုန်းမင်းနဲ့ ရစ်ချက်စ် ကို လှည့်ကြည့်လိုက်တော့ သူတို့ မသိတဲ့ ကိစ္စမို့လို့ နှစ်ယောက်စလုံး ခေါင်းငုံ့ထားကြသည်..။
တံခါးက အကျယ် ဖြစ်နေတော့ အိတ် နှစ်ခု ကို ကွေ့ရှောင်ရင်း ဆက်၀င်လာခဲ့လိုက်သည်..။
အီတလီ ဆိုဖာ အမြင့် တစ်စုံလုံးကို မျက်လုံးဝေ့ ကြည့်လိုက်ပြီး ကျောခိုင်းလျက်သား ဆံပင်တွေကို တွေ့လိုက်ကတည်းက မိန်းမ တစ်ယောက်မှန်းတော့သိသည်..။
ဗီဂါ ခြေလှမ်းကြဲနဲ့ ဆိုဖာတွေဆီကို လျှောက်သွားတော့ ခြေချိတ်ထိုင်နေတဲ့ မိန်းမ တစ်ယောက် ဘေးတိုက် အနေအထားကနေ ရှေ့တည့်တည့်ရောက်အောင် သွားလိုက်တာ နောင်တရမိသည်..။
“ဟင်..ခင်ဗျား...”
ခြေချိတ်ထိုင်နေရာက ခြေထောက်ပြင်လိုက်ပြီး လက်ထဲက ဖတ်လက်စ Beauty မဂ္ဂဇင်းစာအုပ်ကို ပိတ်ပြီး ပေါင်ပေါ် တင်ထားဆဲ...။
“ထိုင်လေ...”
သူ့အိမ်ကို လာတဲ့ ဧည့်သည်ကို ပြောတဲ့ လေသံမျိုး ပြန်နှုတ်ဆက်နေတော့ အတော် ခံပြင်းသွားရသည်..။
ဗီဂါ အလိုမကျစွာ မျက်မှောင်ကြုတ်ပြီး မျက်နှာချင်းဆိုင် ဆိုဖာပေါ် ထိုင်ချပစ်လိုက်သည်..။
“မောင် က မတွေ့ရတဲ့ သုံးလ မှာ တော်တော် ပြောင်းလဲသွားတာပဲ...ဟွင်း..မ တော့ အိမ်မှာနေတုန်းက ဘုန်းမင်းလေးကိုပဲ ပိုချစ်တယ်...”
“ခင်ဗျာ..”
နောက်က ဘုန်းမင်းက အလိုက်မသိစွာ ၀င်ထူးပြီး ဗီဂါ အကြည့်တွေကြောင့် ခေါင်းပြန်ငုံ့ထားသည်..။
“ခင်ဗျား...ဘာဖြစ်လို့လည်း..”
တစ်ခုခု ဖြစ်လိုများ လိုက်လာတာလား...ဘုန်းမင်း ပြောတော့ ဟိုတယ် မှာ အလုပ်၀င်နေတာ အဆင်ပြေနေတယ်ဆိုပြီး...။
“အိုး..မောင် ပြန်မလာလို့ လိုက်လာတာလေ...”
“ဒီမှာ ဒေါ်ရွက်သစ်ဝေ...ခင်ဗျားနဲ့ ကျွန်တော် ဘယ်လို ပတ်သက်ခဲ့လည်း ဆိုတာရဲ့ နောက်ကွယ်မှာ ဘာကြောင့် ပတ်သက်ခဲ့လည်းဆိုတာကို လည်း ခင်ဗျား သိပါတယ်နော်..”
“အဟား...မသိဘူးရှင်...မ....က မေ့တက်တယ်...”
နှုတ်ခမ်းတစ်ဖက်တွန့်ပြီး မှ မခန့်လေးစားပုံစံပြောနေတာ လွယ်လွယ်ကူကူ ပြီးမဲ့ အစီအစဉ်တစ်ခု မဟုတ်မှန်း သိလိုက်သည်..။
“ခင်ဗျား ဘာဖြစ်ချင်လို့လည်း..”
“ဟောတော့...သူများက ဇနီးလေ...ခင်ပွန်း ဖြစ်သူနောက်ကိုလိုက်လာတာ ဘာဖြစ်ချင်လို့လည်းဆိုတော့ ဘယ်လို ပြောရမလည်း..”
ဘေးက ဒက်ဒီ လူ ရစ်ချက်စ်တို့ ရှိနေလို့ ဗီဂါ မျက်နှာ ကို ပိုတင်းလိုက်ပြီး...
“...ခင်ဗျား..စကားတွေကို ပြင်စမ်း..”
“မပြင်နိုင်ဘူးမောင်..ရုံးမှာ လက်မှတ်ထိုးလိုက်ကတည်းက မောင် ဘက် က တစ်ကွက်မှားရွေ့တာပဲ ...ဘာပဲ.....ဖြစ်ဖြစ်.....သူများနဲ့ မောင်က တရား၀င် လင်မယားတွေလေ...”
“...မပြောနဲ့...တောက်....ဘယ်သူ တံခါးဖွင့်ပေးတာလည်း..”
ဗီဂါ အသံမြင့်သွားတော့ နွယ်ဆိုတဲ့ ကောင်မလေးက ခေါင်းငုံ့ပြီး ရှေ့တိုးလာသည်..။
“ဟို..ဟို....သခင်လေးရဲ့...မိန်းမ...”
“ငါ့မိန်းမဆိုတာနဲ့..ဖွင့်ပေးလိုက်တယ်ပေါ့လေ..”
“မဟုတ်ပါဘူး...သခင်ကြီး အေ့ဗ် ကိုယ်တိုင် ဖုန်းဆက်ပြီး ဖွင့်ပေးခိုင်းတာပါ...”
“ဟင်..”
ဗီဂါ မယုံနိုင်လို့ သူ့ဆီ ကို အကြည့်ပြန်ရောက်တော့ နှုတ်ခမ်းတွန့်ပြီး ခြေချိတ်ပြင်ထိုင်သည်..။
“ခင်ဗျား...ခင်ဗျား...ဒက် ကို ဘာတွေ ပြောလိုက်လည်း..”
“နိုးပါ...လူကြီး လူကောင်းတွေ နဲ့ ဘယ်လို စကားပြောရမှန်း မသိလို့ စာချူပ်နဲ့ ဗီဒီယို ဖိုင်ပဲ ပို့ပေးလိုက်တယ်...သဘောတူမှာပါ...”
“ဘ...ဘာ...ဗီဒီယိုဖိုင်လည်း...”
“ပလက်စ်လေ...လူကြီး တစ်ယောက်ကို ပို့ပေးရတာ ရိုင်းပေမဲ့လို့ နိုင်ငံခြားမှာနေတာဆိုတော့ နားလည်မှာပါ...”
“ဘာ...”
ဗီဂါ အသံ ဟိန်းထွက်သွားတာ အသံလုံနေတဲ့ ဧည့်ခန်းထဲမှာ အသံလှိုင်းတွေ ဖြစ်သွားရသည်..။
“အို...အို....စိတ်ကြီးလိုက်တာ...အရင် က ဘုန်းမင်းက စိတ်မကြီးပါဘူး..မောင်ရယ်...ယုန်လေး တစ်ကောင်ပါ..”
“တောက်....ခင်ဗျားနဲ့ ကျွန်တော် ဘာမှ မဆိုင်တော့ဘူး..ဒေါ်သစ်ရွက်..နစ်နာကြေးအဖြစ် ကလောက အိမ်ကိုလည်း ပေးပြီးသွားပြီ...ဘာထပ်တောင်းဆိုချင်လို့လည်း..”
“တောင်းဆိုတိုင်း ပေးမှာလား..”
မျက်နှာတည်တည် နဲ့ မျက်လုံးချင်းဆိုင်အောင်ကြည့်ပြီး မှ မေးလာတော့ ဗီဂါ ခေါင်းညိတ်လိုက်သည်..။
“မောင်...”
“တောက်...ဟာကွာ.....အဓိပ္ပာယ် မရှိတာ..”
လေဆိပ်သွားခါနီး ပြင်ဆင်ထားတဲ့ ကြည်လင်နေတဲ့ စိတ်ကလေး ပျောက်သွားခါ ဗီဂါ ဆိုဖာ ကနေ ဝုန်းကနဲ့ ထရပ်မိသည်..။
“သခင်လေး...ဖုန်း...”
ဘုန်းမင်းက ရှေ့တိုးလာပြီး ဖုန်းကို လက်နှစ်ဖက်နဲ့ ထိုးပေးတော့ ဗီဂါ ဆောင့်ဆွဲယူပြီး နားကို ကပ်လိုက်သည်..။
“ဗီဂါ..”
“ဒက်..”
“မင်း..ပြန်လာစရာမလို့တော့ဘူး..”
“ဗျာ...”
“မင်းလုပ်ထားတဲ့ အရှုပ်က အကြီးကြီးပဲ ဗီဂါ...မင်းရွေးချယ်ခဲ့တာတွေ အတွက် မင်း ခံယူသင့်တယ်..ဒါကြောင့် ငါ့တို့ ဂရု မှာ မင်းရဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို ပြန်သိမ်းလိုက်ပြီ..လက်ရှိ မင်းပိုင်တဲ့ မြန်မာနိုင်ငံက ဟိုတယ် တွေရယ်...စင်တာ ရယ်ပဲ ရှိမယ်...စင်တာ ထဲ ဖြည့်ထားတဲ့ ငါ့ ရှယ်တွေကိုလည်း ပြန်နှုတ်ချင်တယ်...ဟား.. လက်ထပ်ထားပြီးသားဆိုတော့ မာရီနာကို လည်း ငါပြောလိုက်ပြီ...အရာအားလုံး The End ပေါ့ကွာ...”
“နိုး..နိုး..ဒက်...နေပါအုံး...ကျွန်တော်...”
“လက်ရှိ မင်းပိုင်တဲ့ ဗီဂျီ ဂရု ကို ပဲ အာရုံစိုက်ပါ...ဒီမှာ အားလုံး အိုကေ နေတာပဲ....လက်ထပ်တာကို မင်း အရူးတစ်ယောက်လို မလုပ်သင့်ဘူး.ဗီဂါ မင်း အမှားကြီးကြီး လုပ်လိုက်မိပြီ...ပြုပြင်ပြောင်းလဲ ခွင့် မရှိတဲ့ မဟာအမှားကြီး တစ်ခုပေါ့...”
“နိုး..”
ဗီဂါ ဘာလုပ်ရမှန်း ဘာပြောရမှန်း မသိအောင် စိတ်တွေ ရှုပ်ယှက်ခတ်ကုန်ပြီး ရှေမှာထိုင်နေတဲ့ ဘာမဆို မစဉ်းစားပဲ လုပ်တက်သူကို သာ အကြည့်တွေနဲ့ သတ်ပစ်ချင်နေသည်..။
“တင်..”
လက်ထဲက ကိုင်လျက်သား ဖုန်းထဲ မက်ဆေ့ ၀င်လာလို့ ကြည့်လိုက်မိတော့ မာရီနာ ပို့လိုက်တဲ့ စာတွေထဲမှာ စာချူပ် ကိစ္စ Cancel လုပ်လိုက်ကြောင်းနဲ့ ဆိပ်ကမ်း ကိစ္စ စိတ်မ၀င်စားတော့ကြောင်းတွေ ဖတ်ပြီး ဗီဂါ့ အမောစို့တက်သွားရသည်..။
ဒီလို လုပ်ငန်း တစ်၀က် တစ်ပျက်ကြီး ဘယ်လိုမျိုး တစ်ယောက်တည်း ရှေ့ဆက်မလည်း...။
“မောင်...မ...ဘယ်မှာနေရမှာလည်း..မောင် ဘယ်အခန်းမှာနေတာလည်း..”
ဖုန်းကို အသည်းအသန် ခေါ်ဖို့ ကြိုးစားနေချိန် မေးလာတဲ့ မေးခွန်းကြောင့် ဒေါသတကြီးသာ ဆိုက်ကြည့်လိုက်သည်..။
သစ် ကို ဆိုက်ကြည့်နေတဲ့ မျက်လုံး မီးတောက်တွေကြောင့် ခုံက ထပြီး အခန်းထဲ လိုက်ကြည့်နေလိုက်သည်..။
“ဝါး..ဆိုဖာကြီး က ကောင်းလိုက်တာ...အင်း...ဒီခုံတွေက ရုပ်ရှင်တွေထဲမှာပဲတွေ့ဖူးတာနော်...ဒီလို တံခါး အရှည်ကြီးတွေကို သိပ်ကြိုက်တာပဲ...ရဲတိုက် တံခါးကြီးတွေနဲ့တူတယ်..လိုက်ကာတွေအခုလို ချိတ်ထားတာ အရမ်းလှတာပဲ...အွင်း...မောင် စီးတဲ့ ကားက အနက်ရောင် Discovery ပဲ မစီးဖူးပေမဲ့ စျေးကြီးမယ်ထင်တယ်နော်..ဟူး..မောင် က တော်လိုက်တာ သုံးလ အတွင်း အခုလို ကျိကျိတက် ချမ်းသာတဲ့ သဌေးသားလေး ဖြစ်သွားတာ အိမ်မက်ဆန်လိုက်တာ...ဒါမှ မဟုတ်..သဌေးသားလေးက ဟန်ဆောင်ပြီး မ ဆီကို ချည်းကပ်ခဲ့တာလား..”
“ခင်ဗျား ပါးစပ်ကို ပိတ်ထား..”
လက်ညိုးထိုး အော်ပြီး ခြေလှမ်းကြဲ နဲ့ ထွက်သွားတဲ့ သူ့ကို ကြည့် ပြီး သစ် နှုတ်ခမ်းတွန့်ရုံသာ ပြုံးနိုင်သည်..။
ထင်သလောက် ပျော်စရာ မကောင်းပါလား...ဘုန်းမင်းရယ်...ဆက်ရန်ပေါ့လေ...။
“ပျင်းစရာကြီး...ဟိုကောင်လေး..”
“ဗျာ..”
“နင်တို့ သခင်လေး ဘယ်အခန်းမှာနေတာလည်း..”
“အဲဒါက...သခင်လေး စိတ်ဆိုးနေတော့..”
“မဆူပါဘူး...ဘယ်အခန်းမှာလည်းသာပြော..”
“နွယ် လိုက်ပို့လိုက်ပါ...”
ဘေးက လူတစ်ယောက်က ၀င်ပြောတော့ ကောင်မလေးက ခေါင်းငုံ့ပြီး အိတ်တွေကို သယ်ခါ ဧည့်ခန်း တံခါးပေါက်က ထွက်သွားသည်..။
“ဝါး...လှေကားကြီးက ကြီးကျယ်ခမ်းနားလိုက်တာ...”
နှစ်ဆစ်ချိုး လှေကားကို အလယ်အဆက်နေရာက တော်တော်ကျယ်ပြီး နောက်ဘက် နံရံမှာ မှန်တံခါးခုံး အရှည်ကြီး နှစ်ချက်နဲ့ လိုက်ကာ တစ်ခုဖြင့် အလှဆင်ထားသည်..။
လှေကားချည်းပဲ အခန်းကျယ်ကြီး နှစ်ခုစာလောက် နေရာ ယူထားပြီး လှေကားနဲ့ အိမ်ကို အလှဆင်ထားတာ မော့ငေးယူရသည်..။
“ဒီဘက်က ဓာတ်လှေကားပါ..”
“သြော်...အင်း..ကျေးဇူးပဲ...ညီမ..”
လှေကားကြီးကို မော့ငေးပေမဲ့ တက်ရရင် မစားသာဘူးဆိုပြီး စိုးရိမ်နေဆဲမှာ ဓာတ်လှေကားတွေ့မှ စိတ်သက်သာရတော့သည်..။
“ဒီ အခန်းပါ..”
“ဗီဂါ့ အခန်းကို ပြောတာလေ..”
“ရှင်”
သစ် မျက်လုံး တစ်ချက် စိုက်ကြည့်လိုက်တော့ ကောင်မလေးက ခေါင်းငုံ့ပြီး ဆက်လျှောက်သည်..။
ဓာတ်လှေကားထဲ ပြန်၀င်တော့ သခင်နဲ့ စရိုက်တူတဲ့ အလုပ်သမားကြောင့် သစ် ပြုံးမိပြီး သူ့ နောက်လိုက်သွားရပြန်သည်..။
အပေါ်ဆုံးအထပ်မှာ ဓာတ်လှေကားက ထွက်တာနဲ့ ရေကူးကန် အပြာကြီး က စောင့်ကြိုနေပြီး မှန်အကာတွေက တစ်ဆင့် အပြင်ရှုခင်းကို ပါ မြင်နေရသည်..။
“ဒါပါ..”
“အိုကေ...ကျေးဇူး..”
ကောင်မလေးက ဆက်မလိုက်ရဲတော့လို့ အိတ်နှစ်လုံး ချပြီး ပြန်သွားတော့ သစ်ပဲ ကောက်ပြီး ဆက်လျှောက်လာခဲ့ရသည်..။
ရေကူးကန် ဘေးက တံခါး တစ်ခုကို ဆွဲဖွင့်လိုက်တော့ Gym ခန်းလိုမျိုး ပစ္စည်း အစုံအလင် ရှိနေသည်..။
ပြန်ထွက်လာပြီးမှ တံခါးကို သတိထားမိတာနဲ့ ပြန်၀င်ပြီး ဖွင့်ကြည့်လိုက်တော့ အ၀တ်အစားတွေ ထားတဲ့ အခန်းလား ဘာလား မသေချာပေမဲ့ အမွေးနံ့သင်းသင်းလေးကတော့ တစ်ခန်းလုံးလွမ်းခြုံထားသည်..။
မှန်တံခါး ခပ်ဟဟ ပွင့်နေပြီး ကုတင် တစ်စွန်းတစ်စ ကို မြင်လိုက်တော့ ဆက်လျှောက်၀င်သွားလိုက်သည်..။
ကိုယ်တော်ချောက ကုတ်အကျီ င်္တွေ ဘာတွေ မရှိတော့ပဲ အောက်ခံ ရှပ်ကို ကြယ်သီး သုံးလုံးဖြုတ်ထားခါ ခေါင်းငိုက်ဆိုက်ဖြစ်နေသည်ပဲ...။
“အ...”
ဗီဂါ လည်ဂုတ်စပ်နေရာ နွေးကနဲ့ ဖြစ်သွားချိန် ယောင်ပြီး ထလိုက်ပေမဲ့ ခါးပေါ်လက်နှစ်ဖက်ရောက်လာသည်..။
“ဟ...ခင်ဗျား..လွတ်စမ်း..”
လည်ပင်းနေရာပါ နွေးသွားပြီး တစ်ကိုယ်လုံး ကြက်သီးတွေပါ ထကုန်ရသည်..ဘယ်လို လည်း..။
“ဖယ်စမ်းကွာ..”
“ဘာဖြစ်လို့လည်း မောင်ရဲ့..”
လည်ပင်းကနေ အောက်လျော့ကျလာတဲ့ အထိအတွေ့ကြောင့် လူက ကတုန်ကယင် ဖြစ်ချင်လာပြီး သာယာသလို ရှိလာသည်..။
“ဟ..”
သူ့လက်ထဲ ပါသွားတဲ့ ဖုန်းကို လှမ်းယူလိုက်ပေမဲ့ ဒင်းက လွဲရှောင်သွားတော့ လက်က ကြောင်တောင်တောင် ရပ်သွားရသည်..။
“Enter ဂျောက်..ဟဲ...ဟဲ....မှတ်မိလား..”
“တောက်....”
“ဘာနဲ့ တူလည်း စဉ်းစားကြည့်စမ်း..နင် အခု ငါ ကို ဘယ်လိုတွေးလည်း ငါလည်း ဒီတိုင်းပဲ နင့်ကို တွေးတယ်..”
“မတူဘူး...ခင်ဗျားဆီက ပစ္စည်းကို ယူပြီး ပိုင်ရှင်မှန်ဆီ ပြန်ပို့လိုက်တာ..”
“တူတူပဲ....မိန်းမတစ်ယောက်ကို မြူဆွယ်ဖျာယောင်းပြီး သူ့ပိုင်ဆိုင်မှုကို သိမ်းယူဖို့ကြိုးစားတာ..ခပ်ရိုင်းရိုင်းစကားအထာဆို ယောင်္ကျားပိုင်းလုံး...အဟက်..”
“ခင်ဗျား မစော်ကားနဲ့နော်...ခင်ဗျားဆီက ကျွန်တော် ဘာမှ မယူခဲ့ဘူး..ဒါ ကျွန်တော့် မိတ်ဆွေပိုင်တဲ့ ပစ္စည်းကို ပြန်ယူပေးတာ...ရဲ မတိုင်ခဲ့တာ ခင်ဗျား ကျေးဇူးတင်သင့်တယ်...”
“ခိုးမှုဆိုရင်တောင် သိက္ခာရှိသေးတယ်..အထိအတွေ့နဲ့ ပြုစားပြီး ခိုးတာလား...အော့...ရွံစရာကြီး..ထားလိုက်တော့...အလကားတော့ ဘယ်ရပါ့မလည်းနော့...”
“ခင်ဗျားထွက်သွားပါ အောက်ထပ်မှာ အခန်းစီစဉ်ပေးထားတယ်..”
“မရဘူးမောင်ရဲ့...မ က မောင်နဲ့ပဲ နေချင်တာ...မောင် ခေါ်ရာလိုက်မယ်..မောင်နဲ့တူတူ နေချင်တယ်...အတင်းအကြပ်ကြီးတော့ တွန်း မလွှတ်ပါနဲ့နော်...မ က ရူးကြောင်ကြောင်ဆိုတော့ ဘာလုပ်လုပ် မစဉ်းစားတက်ဘူး...တော်ကြာနေ ဗီဒီယို အင်တာနက်ပေါ် ဖြန့်လိုက်မိလိမ့်မယ်..သိရဲ့လား..”
“ဟား..ဟား...ခြိမ်းခြောက်တာလား..ဒေါ်သစ်ရွက်..”
“ဟုတ်တယ်...ကြည့်ပါလား...”
၀ိုင်ယာလက် တီဗီကို ဖုန်းနဲ့ လှမ်းချိတ် ဖွင့်လိုက်ပြီး စကင်မ် လုပ်ခါ ဖုန်းထဲက ဗီဒီယို ကို တင်ပြလိုက်သည်..။
အစတော့ သူ့မျက်နှာပုံ မပါလို့ ပြုံးတေ့တေ့ မျက်နှာနဲ့လေ..လူကို မေ့ဆေးပေးပြီး ရှာဖွေရေး ဆင်းချိန်မှာတော့ သူ့မျက်နှာက အတင်းသားဖြစ်နေတာ..သူရှေ့က ကော်ဖီခွက်ကို သတိမထားခဲ့မိတာ နောင်တရနေလောက်ပါပြီ..။
“တောက်..”
“ခင်ဗျားလေ...ကျွန်တော်...ကျစ်..”
လက်ရွယ်လိုက် လက်သီးဆုတ်လိုက်နဲ့ မျက်နှာက အလိုမကျစွာ တွန့်ကြုတ်နေတော့ သစ် ဟက်ခနဲ့ ရယ်မိသည်..။
“ရိုက်မလို့ လား ရိုက်လေ...ငရဲ ဇောက်ထိုးဆင်းရမယ် မသာလေးရဲ့...”
“ဟင်..ခင်ဗျာ...မက်ရိုင်းတာ...ခင်ဗျား...”
“ဟဲ..ဟဲ..ဆဲချင်လို့လား..ဆဲလေ...မသာမကြီး နွားမကြီး သေချင်းဆိုးမကြီး အိုး သနားစရာ သဌေးသားလေး ဘယ်လို ဆဲရမှန်းတောင် မသိရှာဘူးလား..ခွေးသူတောင်းစားလေးရဲ့...”
သစ် အသံ မြင့်လိုက်တော့ မျက်လုံးပြုးပြီး အခန်းအပြင်ဘက် လှမ်းကြည့်လိုက် လူကို ပြန်ကြည့်လိုက်ဖြင့် ခေါင်း အလုပ်များနေသည်..။
“တိုးတိုးပြောပါ..ခင်ဗျား မရှက်ဘူးလား..”
“မရှက်ပါဘူးရှင်...သူများက ဘာခိုးထားလို့ရှက်ရမှာလည်း...လူကို ချော့သိပ်ပြီး ပစ္စည်းခိုးတဲ့ သူခိုးကောင် က ရှက်ရမှာမလား..”
အသံကို ပိုအော်ပြောလိုက်တော့ လက်နှစ်ဖက် စုံမြောက်ပြီး မျက်နှာက ပိုဖြူလာသလိုလို..
“အိုကေ..အိုကေ...စိတ်ကြိုက်နေပါ....ခင်ဗျား စိတ်ကြိုက်..”
ခြေထောက်ကို ဆောင့်နင်းပြီး အခန်းတံခါးကို ဒုန်းကနဲ့ မြည်အောင် ပြန်ပိတ်သွားတော့မှ သစ် အော်ရယ်မိတော့သည်..။
သဌေးသား ကြောက်တာကြီးကလည်း တစ်မျိုးပါလား...။
ခမ်းနားတဲ့ ကုတင် အဖြူရောင်ကြီးကို ကြည့်ပြီး ဆိုဖာသား တွေကို ထိကိုင်ကြည့်တော့ အိစက်ညက်ညောလွန်းသည်..။
ကုတင်ဘေးက ခုံပေါ်မှာတွေ့တဲ့ ကောင်မလေး တစ်ယောက်ရယ်နေတဲ့ ပုံကြောင့် ပိုပြုံးမိသွားသည်..။
ဒါမှ ဒင်းလေး ပို ခံစားရမှာ မလား..။
အထုတ်နှစ်ခုကို ကုတင် ကြီးပေါ်ကို ပစ်တင်ပြီး အ၀တ်အစားနည်းနည်းကို ကုတင်ဘေးက အံဆွဲဘုံးလွတ်ထဲ ထည့်ထားလိုက်သည်..။
နောက်တစ်အိတ်က သုံးနေကျ ပစ္စည်းတွေကို ကုတင်ခြေရင်း ဆိုဖာ ခုံမှာ တင်ထားလိုက်သည်..။
သစ် လိုက်ကာတွေ ဆွဲဟပြီးကြည့်လိုက်တော့ ခြံထဲက ပန်းဥယျာဉ်အလယ်မှာ ရေပန်းက ပိုလှနေသလိုပင်...။
သူတစ်ယောက်တည်း နေတဲ့ အိမ်က ဒီလောက် ခမ်းနားစရာလိုလား..။
USB လေး တစ်ခုယူဖို့ဆို သူ့ အလုပ်သမားတစ်ယောက် လွတ်လိုက်လည်း ရတာပဲ သစ် ဆီမှာ ဒုက္ခလာခံသွားတာ...အခုလို သဌေးလေးမှန်း လုံး၀မထင်ရလောက်အောင် တော်ပါသည်..။
ကုတင်ဘက်ကို ပြန်လျှောက်လာပြီး ဘေးခုံပေါ်က လက်ကိုင် ဖုန်းကို ကောက်ကိုင်လိုက်တော့ အနီခလုတ်တစ်ခုပဲပါသည်..။
“ဟလို..ဘာ အလိုရှိပါလည်း သခင်လေး..”
“သြော်..ဖုန်းမှားခေါ်တာပါ..”
အနီ ခလုတ်ကို ပြန်နှိပ်လိုက်ပြီး သစ် ပါးစပ်ကို လက်အုပ်ပြီး ရယ်နေမိသည်..။
“ကလင်...ကလင်...”
သစ် အိတ်ထဲက ဖုန်းမြည်လာလို့ ကပျာကယာ ကောက်ကိုင်လိုက်တော့ ကြီးကြီး ဖြစ်နေသည်..။
“ဟလို...ကြီးကြီး....ဟုတ်...နေကောင်းလား...အင်း...သူတို့က သဌေးတွေပဲသလား..သူများအထင်တော့ မောင့်ကို စွန့်ပစ်ထားတာ ဖြစ်မယ်..ဟိ..ဟုတ်တယ်...ဟဲဟဲ.”
သစ် ဖုန်းပြောနေတုန်း ကောင်မလေး တစ်ယောက် အခန်းထဲ ၀င်လာပြီး သူ့ အ၀တ်အစားတွေ ယူခါ ပြန်ထွက်သွားသည်..။
“အမ်းပါ...စိတ်မပူပါနဲ့...အင်း..အင်း....ဖုန်းလည်းဆက်ပါမယ်...ဒါပဲနော်..”
သစ် ဖုန်းအမြန်ချပြီး လိုက်ကာမကြည့်လိုက်တော့ ကားအကောင်းစား အဖြူရောင်ပေါ် တက်သွားပြီ..။
ကားက ဘယ်နှစီးတောင် ရှိတာပါလိမ့်..။
သစ် ညနေစောင်းကတည်းက အခန်းထဲမှာ ထိုင်ပြီး ကွန်ပျူတာ နှိပ်နေတာ ည ရှစ်နာရီမှ ဗိုက်ကဆာလာသည်..။
ဘေးနားက ဖုန်းကို ကောက်နှိပ်လိုက်တော့ တစ်ဖက်က ချက်ချင်း ပြန်ထူးသည်..။
“ဗိုက်ဆာလို့..”
“ဟုတ်ကဲ့...အပေါ်ယူလာခဲ့ရမလား..”
ထမင်းစားခန်းရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို စပ်စုချင်သေးတာနဲ့...
“နေပါစေ..အောက်ဆင်းလာမယ်..အောက်ဆုံးထပ်မလား..”
“ဟုတ်ကဲ့.”
ဖုန်းချပြီးတာနဲ့ အကြည့်ကို ကွန်ပျူတာက ခွါပြီး လက်နှစ်ဖက်ဆန့်တန်းခါအပျင်းကျော ဆန့်လိုက်သည်..။
အခန်းထဲက ပြန်ထွက်လာတော့ ရေကန်ဘက်မဟုတ်ပဲ နောက်တစ်နေရာဖြစ်နေတော့ ရောက်လက်စနဲ့ လိုက်စပ်စုကြည့်မိသည်..။
ဧည့်ခန်းလို အခန်းတစ်ခုထဲမှာ စန္ဒယားက အစ ရှိနေတော့ ဘယ်သူ တီးတာပါလိမ့်လို့ တွေးရင်း သဌေးတွေ အပိုလုပ်ကြွားတက်တာကို သတိရတော့ ရယ်မိသည်..။
ဧည့်ခန်းထောင့်ဘက်က လှေကားထဲ ၀င်ပြီး ခလုတ်နှိပ်ရင်း ဟိုသဌေးကောင်လေး ဘယ်ရောက်နေပြီလည်း တွေးမိပြန်သည်...။
“ဒီဘက်မှာပါ ..”
“အင်း..”
ကောင်မလေး တစ်ယောက် ဦးဆောင် ခေါ်သွားတဲ့ ထမင်းစားခန်းဆိုတာ ဧည့်ခန်းဆောင်နဲ့မှားရလောက်အောင် တောက်ပြောင်ခမ်းနားလွန်းနေသည်..။
“ထိုင်ပါ..”
စားပွဲရှည်ရဲ့ ထောင့်ဘက် ထိုင် ခုံ တစ်ခုံ မှာ ၀င်ထိုင်လိုက်တာနဲ့ ကောင်မလေး တစ်ယောက် က ရေခွက်ရေဖြည့်ပေးပြီး တစ်ယောက်က ဇွန်းခရင်း လာချပေးသည်..။
အားလုံး တူညီ ၀တ်စုံရှပ်အဖြူနဲ့ ဘောင်းဘီ အနက်တွေ ၀တ်ထားရတာလည်း သတိထားမိတော့ သစ် မျက်ခုံးပင့် သွားရသည်..။
“အသားစားလား..အစ်မ..”
“မစားဘူး..”
“...ဒီဘက်က သပ်သက်လွတ် မီနူး..ဒီဘက်ကတော့ ပင်လယ်စာပါ..”
လက်ထဲ ကို ကဒ်နှစ်ခုရောက်လာတော့ သစ် မျက်လုံးပြူးသွားသည်...စားသောက်ဆိုင်လို့ မှာစားရတာလား..ဘယ်လိုတွေပါလိမ့်...။
“ယိုးဒယား..အဲ..ပုစွန် ထမင်းလုံးဆိုလား..”
“ဟုတ်ကဲ့..”
“အဲဒါ တစ်ပွဲ..ပုစွန် တန်ပူရာကြော်ရယ်..ထမင်းဖြူ လေး တစ်ပွဲရယ်..ကျေးဇူးတင်ပါတယ်..”
ဆိုင်နဲ့မှားပြီး ပြောချင်ရာတွေ ပြောလိုက်ပြီးမှ သူခိုးလေး အိမ်မှန်းသတိရတော့သည်..။
ရှေ့လာချပေးသည့် ပြောင်းဖူးလေးတွေ ခရမ်းချည်သီး ငရုတ်သီးစိမ်း အဝိုင်းလေးတွေ သုတ်ထားတဲ့ ပန်းကန် သေးသေးလေးကို အရင်ခပ်စားကြည့်တော့ ဘယ်လို ခေါ်မှန်းမသိပေမဲ့ စားလို့ အတော်ကောင်းပါသည်..။
“ရပါပြီ...လိုအပ်တာရှိရင် ပြောပါ..”
“ဟုတ်ကဲ့..”
ထမင်းနွေးနွေးလေးနဲ့ ပုစွန်ကြော် မွမွ ပူပူလေးက တကယ့်ကို ဆိုင်အရသာ အပြင်အဆင် အတိုင်းပင်..။
ခဏလေးကြာတော့ ပုစွန် ထမင်းလုံးဆိုတာပါ လာချပေးသည်..။
ကြီးကျယ်ခမ်းနားတဲ့ ထမင်းစားပွဲကြီးမှာ ထမင်းစားနေရင်း စိတ်ထဲ အားနာရသလိုလို ရှိသည်..။
သူတောင် ကိုယ့်ဘ၀ ပျက်အောင်လုပ်သေးတာပဲ ဒါ အစပဲ ရှိပါသေးတယ်..။
သစ် စိတ်တွေ ပြန်လည် တင်းမာလာပြီး ထမင်းကို ခပ်သွက်သွက်စားခါ အပေါ်ကို ပြန်တက်လာခဲ့လိုက်သည်..။
ကွန်ပျူတာ စကရင်မ်ကိုသာ စိတ်၀င်တစားကြည့်နေချိန် တံခါးဖွင့်သံကြောင့် လန့်သွားရသည်..။
“ဒေါ်သစ်ရွက်...ဒေါ်သစ်ရွက်...ခင်ဗျား အကြံ ပက်စက်လှချည်လား ဟမ်..”
ရီဝေ၀ဖြစ်နေသည့် သူ့ အကြည့်တွေနဲ့ အတူ အခန်းထဲက ကုတင်ဆီကို ဦးတည် ၀င်လာပြီး လည်ပင်းက နက်ခ်တိုင်ကို ဆွဲဖြုတ်ပြီး လွင့်ပစ်သည်..။
“...ဒီမှာ ကြည့်စမ်း...ဘာလိုချင်တာလည်း..ဘာကို လိုချင်တာလည်း..ပြော...အားမနာနဲ့...ပြောလိုက်စမ်းပါဗျာ...ခင်ဗျားကြီး လိုချင်တာသာပြော...”
“မလိုချင်ပါဘူး..မောင်ရယ်..မောင့် အနားမှာပဲနေချင်တာ..”
‘အား...အဲဒါ မဟုတ်ဘူး..မဟုတ်ဘူး.. မပြောနဲ့...ခင်ဗျားအကြောင်း ကျွန်တော် ကောင်းကောင်းသိတယ်..ခင်ဗျား ပုံသဏ္ဍန် အမှန်ကို ထုတ်စမ်းပါ.”
“ဟုတ်တယ်...နင့်ကို ကလဲ့စားချေချင် လို့ နင့် အနားကို ရောက်အောင် လာခဲ့တာ..”
“ဒီလိုမှပေါ့...ကောင်းပြီလေ...”
ခေါင်းမော့ပြီး ဆံပင်တွေကို သပ်တင်ခါ ဒူး နှစ်ဖက်ထောက်ထိုင်ချလိုက်တော့ သစ် မျက်လုံးပြုးသွားရသည်..။
“ကျွန်တော် မှားခဲ့တယ်...ဟုတ်တယ်...မိန်းမ တစ်ယောက် ရဲ့ နှလုံးသား ကို မကစားသင့်ဘူး...ကျွန်တော် မှားပါတယ်...ကျွန်တော့် ကို ခွင့်လွတ်ပါ..”
“နင် ဘာမှ မခံစားရသေးပဲ ငါက ခွင့်လွတ်ရမှာလား..”
“ဘာမှ မခံစားရဘူး..ဟုတ်လား...ကျွန်တော့် ဘ၀ ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားတာ ဘာမှ မခံစားရသေးဘူးဟုတ်လား....အဲဒါ ခင်ဗျားကြီးကြောင့် သိလား..”
“ဘာလည်း ချစ်ရသူလေးနဲ့ မင်္ဂလာပွဲဆင်နွဲ ဖို့ စီစဉ်ထားပြီး ပျက်သွားရလို့လား..”
“ဟုတ်တယ်..သူ အခု မုန်းသွားပြီ...”
“ဒီလိုဆိုရင်တော့ နောက်ပိုင်းတွေကို လျော့ပေါ့ ပေးပါမယ်လေ...”
“ခင်ဗျားကြီးကို မုန်းတယ်...”
“မုန်းလည်း တစ်ဘ၀စာ ချစ်လည်း တစ်ဘ၀စာပါပဲ မောင်ရယ်..”
“အား..”
သစ်ရှေ့မှာ ဒူးထောက်ထားရာက ဆက်ကနဲ့ ထပြီး ရှေ့တိုးလာခါ...
“ကောင်းတယ်...ကောင်းတယ်...အရင် က ချစ်ခဲ့ရင်တောင် အခု ခင်ဗျားကို မုန်းတယ်..ခင်ဗျားက ကျူပ် နဲ့ နေချင်တာ မလား..ရတယ်..ယောင်္ကျားတစ်ယောက်ရဲ့ အမုန်းက ဘယ်လောက် ကြောက်စရာကောင်းလည်း ပြမယ်....မချစ်တဲ့သူနဲ့ အတူနေရမဲ့ ဒုက္ခတွေကမနက်ဖြန်တိုင်းမှာ ခင်ဗျားကိုစောင့်ကြိုနေမယ်...အဲဒါမှတ်ထား..”
“ဒုက္ခကို ကြောက်ရင် ဒုက္ခရောက်ရတက်တယ်၊ ငါကတော့ ဒုက္ခကို မကြောက်ဘူး ထိုးဖောက် ထွက်ဖို့ပဲ စဉ်းစားတယ်..တကယ်တော့ ဒုက္ခဆိုတာ လူဖြစ်လာရင် ကြုံရစမြဲ ပဲ...”
“ဟား..စိန်ခေါ်လိုက်တော့ ပိုကောင်းတာပေါ့...လုံး၀သက်ညှာမှာ မဟုတ်ဘူး..”
“ဟဲ..ဟဲ...သူများပြောတာ ဟုတ်ဘူး..အိုင်းစတိုင်း လောကို ရွတ်ပြတာ..ဟီး..”
“ဟမ်..”
“ဟိ..”
“တောက်..”
လက်ညိုးငေါက်ငေါက်ထိုးရင်း စိန်ခေါ်ပြီးခါမှ သစ်ရဲ့ အိုင်စတိုင်းလော အဖြေကြောင့် ကြောင်တောင်တောင် ဖြစ်သွားပြီး တောက်သာခတ်နိုင်သည်..။
ဘယ်လိုတွေ နှိပ်စက်မလည်း မသိပေမဲ့ သူတော့ အာခေါင်တွေ စပ်မှာ မြင်ယောင်ပါသေးသည်..။
မရဲ့ အနားမှာ မနက်ဖြန်တိုင်း မောင်ရှိနေရမယ် ဒါ မ ရဲ့ ကလဲ့စား တစ်ခု...။☆✼★━━━━━━━━━━━━★✼☆。
ဒီနေ့ ရေးနေကျထက် စာတိုသွားတယ် ဆောရီးပါ 🙏
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

ESTÁS LEYENDO
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...