Part 14

2.8K 167 0
                                    

1543
အပိုင်း (၁၄)
#1543

“မောင်..ညစာ ဘာစားချင်လည်း..”
“ဘာလည်း...”
ဗီဂါ လပ်တော့ပ် ဆီက အကြည့်ရွေ့ပြီး မေးငေ့ါ မေးလိုက်တော့ လက်နောက်ပစ်ပြီး ပခုံးလှုပ်နေပြန်သည်..။
တစ်စက်ကလေးမှ မငြိမ်နိုင်တာ...အသက်ကြီးရင် ရင့်ကျက်တဲ့ အထဲ ဒေါ်သစ်ရွက်တို့ အဆင့်မမှီခဲ့ဘူး ထင်ရသည်..။
“ကြက်ကင်လေး လုပ်မလို့...မောင် ကြက်သား စားတယ်မလား..”
“ခင်ဗျား.....ကျစ် စကားမများစမ်းနဲ့..ကျွန်တော် အလုပ် လုပ်နေတာနော်...”
“အိုး...ဒါလေးမေးတာကို...သူများကိုဆို စိတ်ကို မရှည်ဘူး...အေးပေါ့လေ....ဘုန်းမင်းကိုလည်း
မ က စိတ်မရှည်ခဲ့ပါဘူး..မောင် က ယောင်္ကျားလေး ဖြစ်ပြီး မှတ်တေး ထားတက်တယ်နော်...မထင်ရဘူး..”
ဗီဂါ လက်ဝါးကို စားပွဲပေါ် ရိုက်ချလိုက်တော့ မျက်လုံးပြူး လန့်သလို လုပ်ပြပြီးမှ ပြုံးစေ့စေ့ မခန့်လေးစားလုပ်သည်..။
“ဘာကိုမှ မှတ်မထားဘူး..ခင်ဗျားနဲ့ ပတ်သက်လို့ ဘာ အမှတ်တရမှ မထားဘူး..အလုပ်တစ်ခု လုပ်နေသလိုပဲ သတ်မှတ်ခဲ့တာ..ခင်ဗျားလည်း စိတ်ကူးယဉ်နေတာဆို အမြင်မှန် ရသင့်ပြီ...အဲလို စိတ်ကူးယဉ်တက်လို့ ခဏခဏ အလိမ်ခံရတာပေါ့...”
“အ...အ...မောင့် အလုပ်က အဆန်းကြီးပါလားနော်.....မ...ကို အရမ်းချစ်တယ်...မ...ကို လက်မထပ်ရရင် သေပါ့မယ်...မောင့် အချစ်ကို မယုံတာလား....နေပါအုံး မောင့် အလုပ်က သရုပ်ဆောင် မင်းသားလား... မဟုတ်ဘူးလေ....အဲလို ပြောပြီးတော့ သူများပစ္စည်းကို ခိုးသွားတာ..”
“ဒေါ်သစ်ရွက်.....”
“အော်ပြောတာ အဆင့်အတန်းမရှိဘူးမောင်ရဲ့... အသံလျော့စမ်းပါ..”
“ကျစ်....ခင်ဗျား..သွားဗျာ.....”
“ဟုတ်ကဲ့....သွားလိုက်ပါအုံးမယ်..မောင်...”
လူကို ဒေါသ ဖြစ်အောင် လုပ်ပြီးမှ အခန်းထဲက ထွက်သွားတော့ အလုပ်ထဲ ရောက်နေတဲ့ စိတ်ကို တောင် ဘယ်မှာ လိုက်ဖမ်းရမှန်း မသိတော့သည့် အဖြစ်...။
“တီ...တီ...တီ....”
“အင်း..ပြော...”
“သခင်လေး...အဲ..ဆရာ....ကိုစိုးနိုင် ကား လမ်းထဲ ချိုး၀င်သွားတယ်...အိမ်လာမယ် ထင်တယ်...”
“ဟေ...ကျစ်...”
ဗီဂါ ဖုန်းချလိုက်ပြီး အရင်ဆုံး သတိရတာ က ဒေါ်သစ်ရွက်...။
အလုပ်ခန်းထဲက ပြေးထွက်လာခါ ဓာတ်လှေကားကို စိတ်မရှည်ချင်...။
မီးဖိုဆောင် ကို အပြေးအလွှား၀င်သွားတော့လည်း အထဲမှာ ဘယ်သူမှ ရှိမနေ...။
ဘယ်ကြွနေပြန်ပြီလည်း...စိတ်မရှည်တက်တဲ့ ...ဟိုကောင်နဲ့သာ တွေ့သွားလို့ကတော့.....
“ဒေါ်သစ်ရွက်...”
“အမလေး...အာဗြဲသံ နဲ့ အော်နေတာ...”
သစ် လပ်တော့ပ် ကို လိုက်ရှာနေချိန် သူ့ အသံကြီးကြောင့် လန့်ဖျပ်သွားရသည်..။
ရှာဖွေရေး ဆင်းနေတာ သိများသွားလို့လား...။
“ဒေါ်သစ်ရွက်...”
“လာပြီ..”
စာဖတ်ခန်းထဲက ပြေးထွက်လာတော့  ဗီဂါ စိုးရိမ် စိတ်ပျောက်ခါ မျက်ခုံးပင့်သွားရသည်..။
“ခင်ဗျား ဘာလုပ်နေတာလည်း..”
“ဟမ်....အားနေလို့ စာအုပ်ဖတ်ရင် ကောင်းမလားလို့...”
“ဟ...ခင်ဗျားက စာအုပ်ဖတ်မယ်...ဟုတ်လား.....”
“ဘာဖြစ်လို့လည်း...”
“ဖတ်တာနဲ့ အိပ်ပျော်သွားမှာ မလား..”
ကားဟွန်းသံလိုလို နားထဲ ကြားမိတော့ ဗီဂါ ပြသာနာ ကို ခေါင်းထဲပေါ်လာရသည်..။
“အင်း..ကောင်းတာပေါ့...စာဖတ်ရင် ငြိမ်ငြိမ် ဖတ်နော်...လုံး၀ ထွက်မလာနဲ့...”
“ဘာဖြစ်လို့လည်း မောင်..”
“ကျွန်တော့် ဧည့်သည် တစ်ယောက်လာဖို့ ရှိတယ်..ခင်ဗျားကို တွေ့ရင် သတ်လိမ့်မယ်..”
“ဟမ်...သူများ ဘာလုပ်လို့လည်း..”
“အရင် ဆိုက်ဘာ အမှု ကိုင်တဲ့  စုံထောက် စိုးနိုင် ..ခင်ဗျားကိုလည်း ကြံရာပါ အဖြစ်..ဖမ်းဖို့ စုံစမ်းနေတာ..”
“ဟ...တကယ်လား..ဘယ်မှာလည်း... လာပြီလား..”
အခန်းထဲ ဖျက်ကနဲ့ ပြန်၀င်ပြီး တံခါးစေ့ပိတ်ခါ ခေါင်းထုတ်ပြီး မေးတော့ ဗီဂါ ရယ်ချင်စိတ် ကို မြိုချနေရသည်..။
“လုံး၀ ထွက်မလာနဲ့..”
တံခါး အ၀ ထွက်နေတဲ့ ခေါင်းကို အထဲ တွန်းပို့ပြီး တံခါးပိတ်ခါ အောက်ထပ် ပြန်ဆင်းလာခဲ့လိုက်သည်...။
ဘာမှလည်း မလုပ်ထားရပါပဲ...စိုးနိုင် ကို တွေ့ဖို့ကို ရင်ခုန်နေရသည်..။
“ဟေး..ဗီဂါ...”
“အေး..စိုးနိုင်...လာလေ..”
‘နေပါအုံး..မင်း..ငါ့ကို ထွက်ကြိုနေတာလား...”
“အဲ...ဟို...မဟုတ်ပါဘူးကွာ..ဟား...ထွက်ကြိုစရာလား...ငါ ဧည့်ခန်းထဲ ရောက်နေချိန် ကားသံ ကြားလို့...”
“သြော်...မင်း အခုချိန် အောက်ထပ်မှာ ရှိနေတာ အံသြစရာပဲ...”
“အိုး..ဘယ်မှာနေနေ...တရား၀င်ပါကွာ...”
“အေးပါ....ငါ...အလယ်ထပ် သွားလိုက်အုံးမယ်...”
“အင်း..”
စိုးနိုင် က ဓာတ်လှေကားဆီ လျှောက်သွားတော့မှ ဗီဂါ သတိရပြီး နောက်ကနေ အပြေးတစ်ပိုင်း လိုက်သွားရသည်..။
“မင်းကို ခြံထဲ RestHouse ပြ မလို့ ခြံထဲသွားကြမယ်..”
‘နောက်မှ ကြည့်မယ်...အခု ငါ စာအုပ်လာယူတာ...”
“ဟမ်...စာအုပ်...”
“အေးလေ...မင်းက စာဂျပိုး ဆိုတော့ စာအုပ်တွေ အများကြီး ရှိတယ်မလား...The Kite Runner ကား ကြည့်ပြီး Khaled Hosseini  စာအုပ်ပြန်ဖတ်ချင်လို့ ဟိုတစ်ခါ မင်းပေးတုန်းက ငါ ထားခဲ့မိတာလေ...”
“အဲဒါ...နောက်နေ့ ငါ ဘုန်းမင်းနဲ့ ပို့လိုက်မယ်..”
ဗီဂါ တားနေပေမဲ့ စိုးနိုင်က ဓာတ်လှေကား ထဲ ရောက်ပြီး ခလုတ်နှိပ်နေလို့ အမြန်လိုက်၀င်လိုက်ရသည်..။
“ဒီည စ မဖတ်ရရင် အိပ်ပျော်မှာ မဟုတ်ဘူး..”
“ဟာ..မင်းကလည်း..အဲဒါ ဘာသာပြန်ထားတဲ့ ၀င့်ပြုံုးမြင့်ရေးတဲ့ တိမ်ယံ သစ္စာ ဖတ်လိုက်...ပိုကောင်းမယ်..”
“အိုး..ဗီဂါ မင်း ဘာဖြစ်နေတာလည်း..စာကြည့်ခန်းမှာ ဘာ ဖွတ်ထားလို့လည်း..”
စိုးနိုင်က မယုံ သင်္ကာ ဖြစ်လာသလို ဗီဂါ လိမ်နေရချိန် လိပ်ပြာမလုံတဲ့ ခံစားချက်ကို မကြိုက်လို့
“ငါ့ မိန်းမ ဖွက်ထားတယ်ကွာ..”
“ဟမ်...မင်း မိန်းမ..”
“ဟုတ်တယ်...”
စိတ်မရှည် လို့ ဆောင့်အောင့် ပြီး ခေါင်းညိတ် ၀န်ခံလိုက်တော့ စိုးနိုင် က ခေါင်းညိတ်ပြီး ဓာတ်လှေကားကို တံခါး ပြန်ဖွင့်သည်..။
“လာကွာ..နောက်ခြံထဲ သွားကြည့်မယ်...ငါ မရောက်တာ ကြာလှပြီ..”
“အမ်း..”
စိုးနိုင် နောက်ကနေ မအီမလည် ဖြင့် ဆင်းလိုက်လာရင်း မတည်မငြိမ် ဖြစ်ခဲ့ရတာတွေးပြီး စိတ်ရှုပ်ရသည်..။
“ဟ...သစ်ခွ ဆောင်ကော...”
“ဖျက်လိုက်ပြီ.....နှင်းဆီ စိုက်ဖို့ ပြောထားတယ်...”
“ဟေ..မင်းက သစ်ခွ ခရေဇီ လေ...နှင်းဆီက...”
“အဟွန်း..အဲလို ဖြစ်သွားတယ်....လာ..အိမ်ထဲ ၀င်ရအောင်...”
ဗီဂါ ဦးဆောင်ပြီး ခေါ်သွားတော့ စိုးနိုင်က ပြောင်းလဲနေတဲ့ ခြံနောက်ပိုင်းကို စပ်စုရင်း ဖြည်းဖြည်းချင်း လျှောက်လာသည်..။
“ရော့..Tea ပဲ အိုကေ..”
“အင်း..”
ဗီဂါ လှမ်းပေးတဲ့ အငွေ့ထနေတဲ့ လက်ဖက်ရည် ပန်းကန်ကို ယူပြီး စားပွဲပေါ် ပြန်တင်သည်..။
“ငါ ကြားတာတွေ အမှန်ပဲပေါ့...”
“...မင်းက ဘာကြားလို့လည်း..”
“မာရီနာ နဲ့ ကိစ္စ ပြီးသွားပြီ...မင်း ဒက်ဒီ စိတ်ဆိုးပြီး စွန့်ပစ်ထားတယ်...မင်း ကုမ္ပဏီပါ ဒေဝါလီ ခံရတော့မယ်ဆိုတာတွေ..”
“ဟား..ဟား...အဲလောက်ကြီး မဆိုးပါဘူးကွာ...”
“သူငယ်ချင်း မပြောပြတော့ ငါ က ပတ်၀န်းကျင်က တစ်ဆင့် ပြန်ကြားရတာပဲ ရှိတာပေါ့ကွ..”
စိုးနိုင် စိတ် ဆိုးနေပြီ ဆိုတာ သိလို့ ဗီဂါ ရယ်ပြီး ပခုံးကို ရိုက်လိုက်ခါ
“ဆောရီးပါကွာ...မထင်ထားပဲ ဖြစ်သွားလို့ပါ...လွန်ခဲ့တဲ့ ခြောက်လကျော်တုန်းက စင်ကာပူ က ပြန်လာတာ ဆေးသုတေတန ကိစ္စလို့ ငါပြောတယ်မလား...အဲဒါ ကို သွားယူဖို့ကြိုးစားရင်း သူ့ အိမ်မှာ နေဖြစ်သွားတယ်...ပြီးတော့ လက်ထပ်လိုက်တယ်...ပြီးတော့ ကွာရှင်းစာချူပ်ပေးပြီး အိမ်ပြန်တယ်...သုံးလကြာတော့...စင်တာ ကိစ္စကြောင့် ပြန်လာတယ်...သူက လက်ထပ်စာချူပ်ကိုင် ပြီး အိမ်ပေါ် တက်လာတယ်...ဒက်ဒီ က သိတော့ ထုံးစံ အတိုင်း သူ့ ဝိတ်နဲ့ ဖိတော့တာပဲ...ကုမ္ပဏီတော့ ဒေဝါလီ မခံရပါဘူးကွာ မင်းကလည်း...ပြောလိုက်တာ တဆုံး...”
“မသိဘူးလေ...ဒါနဲ့...သူ အခုလို လုပ်နေတာ မင်း အဖေ မသိဘူးလား..အန်ကယ် သဘောမတူရအောင် မင်း အပြစ်မှ မဟုတ်တာ...မင်းရဲ့ မ အပြစ်...”
“သူ့ အပြစ်ချည်းပဲလည်း မဟုတ်ဘူး..ဒက်ဒီက လည်း သဘောတူတယ်...လိုက်ဖက်တဲ့ အရည်အချင်းရှိအောင် အရင် လုပ်ပေးတဲ့..ခက်တာက ဘယ်လို ပြောင်းလဲ ပေးရမှန်းကို မသိတာကွာ...”
“မင်းကို ငါ ပြောသားပဲ ဘယ်လို အရှုပ်ဖြစ်ဖြစ် တရားဥပဒေနဲ့ ရှင်းရင် ရပါတယ်ကွာ ...”
“အဲလိုတော့ မလုပ်ချင်ဘူးကွာ ..သူ့မှာ မိဘတွေ ရှိတာမဟုတ်ဘူး..ဇာတိကလည်း နယ်ဘက်က ဆိုတော့ ရိုးလွန်းပြီး လိမ်လို့လွယ်တယ်...ဒီကြားထဲ သူ့ပုံစံက..”
“ဟား..ဟား...ပုံတုံးကြီး မို့လို့လား...”
“မသိချင်နဲ့...မင်း အရင်ဆုံးကြားရမှာ...အဟဲ..ဟဲ...ဟဲ..ဟဲ...ဟဲဟဲ..ဒါပဲ...”
“ဟား..ဟား...ဟား...ဗီဂါရယ်...မင်းကွာ..လုပ်ပုံက...ဟား..ဟား...”
ဗီဂါ ပခုံးတွန့် ပြီး လက်ဖက်ရည်ခွက်ကောက်ခါ တစ်ငုံ သောက်လိုက်သည်..။
“မင်း အလုပ်မှာ အခက်အခဲရှိရင် ငါ့ ကို ပြောပါ...”
“အင်း...ဆိပ်ကမ်းကိစ္စတွေ ခဏ ရပ်လိုက်ရတယ်...စင်တာ ကိုတော့ ရပ်လို့ မဖြစ်ဘူး..ပစ္စည်းတွေတောင် စထည့်နေပြီလေ...ဒက်ဒီကလည်းကွာ...တကယ် မလျော့ဘူး....ဒေါ်သစ်ရွက် ကိုလည်း ငါ မနိုင်ဘူး..”
“ဟမ်..နာမည်က သစ်ရွက်...ချစ်စရာလေးပါလားကွ... ဟား..ဟား...”
“အဟွန်း..လူလည်း ချဉ်ဖို့ ကောင်းတယ်...သူ့မှာ အရည်အချင်း ဆိုလို့ မခံချင်စိတ် တစ်ခု ပဲ ရှိတာ..သူ့ အရင် ဘွိုင်းဖရန့်ကို မကျေနပ်လို့ ဟက်ကင်း ကို သုံးနှစ်တည်းနဲ့ တက်အောင် လေ့လာ နိုင်တယ်...ငါလည်း အဲ့စိတ်ကို အသုံးချပြီး ပြောင်းလဲပေး ရမှာပဲကွာ.. ဒီအိမ်ပေါ်ရောက်လာတာ..အကြောင်းတစ်ခု ရှိမယ်..”
“ဘာလည်း..မင်းကို မခွဲနိုင်လို့ လိုက်လာတာ လား...”
“ငါ တော့ မထင်ပါဘူး..စောင့်ကြည့်နေတုန်း... တစ်နေ့ တစ်မျိုး..မရိုးနိုင်အောင်ကို မွေနေတာ...”
“ဟား..ဟား..ကောင်းတယ်...ဒါ ဖခင် ကျိန်စာ ထိတာ ဖြစ်မယ်..ငါ လည်း မင်းကို ကြည့်ပြီး အဖေ ပေးစားတာပဲ ယူတော့မယ်...ဟေး..”
“ငါလည်း မာရီနာ့ အကြောင်းတွေးမိရင် ငါ့ ဦးနှောက်ကို စစ်သင့်နေပြီထင်တယ်......”
“ဟား..ဟား...ကြည့်ရတာ တော်တော် lesson  ပေးထားသလိုပဲ...”
“ဧည့်သည်လာရင် အခန်းထဲ ထည့်ပိတ်ထားရတာပဲ ကြည့်လေ...”
“အဟား..ဟား....သနားစရာ ကွာ...ငါ ဒီ ကိစ္စ သူရ တို့ကို ပြောအုံးမယ်...ဟား..ဟား...”
စိုးနိုင် က ပါးစပ် မပိတ်ပဲ ရယ်နေတော့ ဗီဂါ လည်း အရှက်ပြေ လိုက်ရယ်နေလိုက်မိသည်..။
လူတကာ အားကျတဲ့  ဗီဂါ့ ဘဝ အခုတော့ ဟားစရာ လုံးလုံး ဖြစ်နေရပြီ...။
.
“ဟဲ..ဟဲ..ရတော့မှာပါ မောင်ရဲ့..ခဏပဲ...ခဏပါပဲ...”
ဗီဂါ ထမင်းစားပွဲမှာ ထိုင်စောင့်နေရင်း ၀န်ထမ်းတွေကို ပြန်လွှတ်မိတာ နောင်တရချင်လာပြီ..။
ကြက်ကင်ဆိုလား ဘာမှန်းသေချာမသိသည့် ဟင်းတစ်ခုကို ထိုင်စောင့်နေရတာ တစ်နာရီ ကြာနေပြီ..။
ညစာ စားပြီးရင် ဒက် ဆီ ဖုန်းဆက်ရအုံးမယ် အချိန်တွေကို ထိုင်ဖြုန်းနေရတာ..
“မပြီးသေးဘူးလား..”
“ပြီးတော့မယ်...မောင်ရဲ့...တစ်ဖက်က မရဲသေးလို့...ရဲကြီး ဘယ်တုန်းက ပြန်သွားတာလည်း မောင်.”
“ကြာပြီ...”
“အိုး..မ က သူ မပြန်သေးဘူးမှတ်လို့ ပုန်းနေတာ...”
ဗီဂါ နှုတ်ခမ်းမဲ့ရင်း ပြုံးလိုက်သည်။
ကောင်းကောင်း ပုန်းနေတာမှ မဟုတ်တာ..စာအုပ်စင်အကုန်မွှေ ပြီးတာတောင် မနားသေးပဲ စာအုပ်စင်နောက်က လျှိုဝှက် အခန်းကိုပါ စပ်စုကြည့်ပြီးပြီလေ...။
ဘာတွေ ဒီလောက် အသည်းအသန် ရှာနေတာလည်း မသိပေမဲ့...ဒုက္ခပေးဖို့ ဆိုတာတော့ အတပ်သိနေသည်..။
“တီ...တီ....တီ....”
မိုက်ခရိုဝေ့ဖ်က အချက်ပေးမြည်သံမှာ ဗီဂါ့ အတွက် ကုမ္ပဏီ စာချူပ် ထက် ရင်ပိုခုန်နေရပါသည်..။
“အဟက်..ဟဲ....ရပြီမောင်...အကြာကြီး စောင့်လိုက်ရတယ်..”
ဆလတ်ရွက်တွေ မုန်လာဥနီတွေ အုပ်ထားတဲ့ ပန်းကန် ရှေ့ကို ရောက်လာတော့ ဗီဂါ ဇွန်းကောက်ပြီး ဆလတ်ရွက်တွေ ကို ဘေးကို တွန်းချလိုက်တော့..
“ဟင်...ဒါ...”
“နည်းနည်းလေး တူးသွားတယ် မောင်ရယ်..”
“နည်းနည်း..”
ဗီဂါရှေ့မှာ ရှိနေတာ မီးသွေးတုံး တစ်ခုကို နည်းနည်းလေး တူးသွားတယ်ပြောပြီး ရယ်ပြနေတော့ ဒေါသလည်း မဖြစ်မိတော့ပါ....ပင်ပန်းနေပြီ..။
“မောင်....ဘာစားချင်လည်း...”
“တော်ပါပြီ..”
ထမင်းစားပွဲကနေ ထွက်သွားသည့် သူ့ ကို ကြည့်ပြီး စိတ်ထဲ သနားသလိုလို ...။
အိုး...မသနားနဲ့...။
သစ် စိတ်တွေကို တားဆီးနေတဲ့ ကြားက မီးဖိုဆောင်ကို ပြန်ရောက်လာပြီး ထမင်းဖြူကို လိုအပ်တာတွေထည့်ပြီး သုပ်လိုက်သည်..။
“မောင်...”
အခန်းထဲမှာ မတွေ့လို့ သစ် ရေကူးကန်ဘက် လျှောက်လာတော့ ထိုင်နေတဲ့ သူ့ကို တွေ့ပြီး ခေါ်လိုက်မ်ိပေမဲ့ သူက လက်တောင်ပြပြီး တားသည်..။
“အင်း..ရပါတယ်.....ဒက်ဒီ လည်း လာမှာပါ..ဟုတ်ကဲ့ ရောက်ရင် အန်ကယ်ပြောထားတဲ့ ကိစ္စပြောပါမယ်...ဟုတ်ကဲ့...”
“ဟုတ်ကဲ့..လာခဲ့ပါမယ်...”
သူက ဖုန်းချပြီးတာနဲ့ သက်ပြင်းရှည်တစ်ခုချပြီး ရေကန်ကိုသာ ငေးကြည့်နေတော့ သစ် မကျေနပ်ချက်တွေကို ခဏမြိုသိပ်ထားလိုက်သည်.။
“ဘာဖြစ်လို့လည်း..မောင်...”
ဖုန်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားရင်း ရေကန်ဆီရောက်နေတဲ့ သူ့ အကြည့်တွေက သစ်ဘက်ကို ရောက်လာသည်..။
ခေါင်းရမ်းပြပြီး ရေကန်ဆီ အကြည့်ပြန်ရွေ့လိုက်တော့ သစ် သူ့ဘေးက ခုံလေးမှာ ၀င်ထိုင်လိုက်သည်..။
“မောင် ဘာဖြစ်နေလည်းဆိုတာ ရင်ဖွင့်တိုင်ပင်လို့ရပါတယ်..”
“အဟား..ရန်သူကို ဓားရိုးကမ်း သလို ဖြစ်နေမှာပေါ့..”
“မစော်ကားပါနဲ့...တကယ့်စေတနာ နဲ့ ပြောတာ..”
“တကယ့်စေတနာ ဟုတ်လား.. ကြောက်စရာကြီးပါလား..ဒေါ်သစ်ရွက်ရယ်...
ခင်ဗျားကြောင့် လုပ်ငန်းတွေအကုန် ကမောက်ကမ ဖြစ်ကုန်ပြီ..ခင်ဗျား မစဉ်းစားပဲ အရူးလို လျှောက်လုပ်လို့ ဒက်ဒီ နဲ့ ကျွန်တော် ပြသာနာ ဖြစ်ရတယ်..
အခု ဒက်ဒီ လာမယ်..မာရီနာလည်း လိုက်လာမယ်..ဒီမှာနေမယ်...မိတ်ဆက်ပွဲတွေ အများကြီး တက်ရမယ်...အပေါင်းအသင်းတွေ အားလုံးက မာရီနာနဲ့ ဘယ်တော့ လက်ထပ်မလည်းဆိုတဲ့ စကားကိုပဲ စိတ်၀င်တစား မေးကြမှာ....ကျွန်တော့် နဲ့ ဒက်ဒီ ဘယ်လို ပြန်ဖြေရမလည်း...ပြောစမ်းပါ...ဒေါ်သစ်ရွက်.... ခင်ဗျား စေတနာရဲ့ အကျိုးတရားလေးတွေလေ...”
“ဒါဆိုလည်း မောင့် ဒက်ဒီ့ ရောက်လာရင် သူများနဲ့ မောင့်ရဲ့ မင်္ဂလာဆောင် အရင်လုပ်လိုက်ပေါ့..တစ်ယောက်ချင်း လိုက်ရှင်းပြနေစရာ မလိုတော့ဘူး....”
“နောက်ဆုံး တော့ မလိုက်ဖက်တဲ့ ခင်ဗျားနဲ့ လူသိရှင်ကြား ရယ်စရာဖြစ်အောင် လက်ထပ်ဖို့ အဓိကမလား.. ခင်ဗျား တော်တော် အတ္တကြီးပြီး မစဉ်းစားတက်တဲ့ မိန်းမပဲ...”
ရေကန်ကိုသာကြည့်နေပေမဲ့ အသံတွေက ကျယ်သွားလိုက် တိမ်၀င်သွားလိုက် စိတ်တွေ လှုပ်ရှားလို့လား ဒေါသကြောင့်လား မသိ...သူ့လက်ထဲက ဖုန်းကို ဖိဆုပ်ထားသည်..။
သစ် သူ့ဘက်ကို ကိုယ်လုံး လှည့်ပြီး နှုတ်ခမ်းတွန့် ပြုံးလိုက်ရင်း..
“မ က ဘာတွေများ အတ္တကြီးလို့လည်း..မောင်..”
“ခင်ဗျား ...မိန်းကလေးဖြစ်ပြီး မတွေးတက်ဘူးလား...ဒီအိမ်ကို ကျွန်တော်ဆောက်တုန်းက..”
“အဲဒီ့ ချစ်သူနဲ့ လက်ထပ်ပြီးရင်နေဖို့...ကားအဖြူရောင်က ဟန်းနီးမွန်းအတွက်ရည်ရွယ်ပြီး ၀ယ်ခဲ့တာ...ငပလီ ဟိုတယ် ကို တစ်လကြိုပြီး ပြင်ဆင်ခိုင်းထားတယ်...အ၀တ်အစားဒီဇိုင်းတွေ ရွေးပြီး အပ်တောင်ပြိးပြီ...လက်စွပ် ဆင်တူရွေး၀ယ်ပြီးလို့ ၀တ်တောင်ထားလိုက်ပြီ...ဒုတိယအထပ်က နံပါတ် နှစ် အ၀တ်ခန်း တစ်ခုလုံး မိန်းကလေး အသုံးအဆောင် တွေချည်း ၀ယ်ထည့်ပြီးပြီ..သူ့ဆိုဒ် သူ့ အကြိုက်လေးတွေ အချိန်ပေးပြီး သေချာ၀ယ်ထားမလား...မြန်မာ အစားအစာ မစားတက်မှာစိုးလို့ စားဖိုမှူးပါ ခေါ်ထားတယ်...ရေကူးကန်က လည်း..သူ သဘောကျလို့ ထည့်ထားတာ...မောင် ရေကူးရတာ သိပ်စိတ်မ၀င်စားပါဘူး... ပန်းဥယျာဉ်လေးက သူ့ စိတ်အပန်းပြေအောင် ပြန်ပြင်နေတာမလား....”
“ဒါတွေ..ခင်ဗျား ဘယ်လို....”
“သတင်းအချက်အလက်တွေနဲ့...လောက မှာနေလာရတဲ့ ကိန်းဂဏန်းတွေအရ စိတ်တွေကို ဖတ်တက်နေပြီ...”
“ကျစ်..”
သူက စိတ်မရှည်သလို ကျစ်သပ် လိုက်တော့ သစ် ဆိုက်ကြည့်ပြီး အရသာရှိရှိ  ပြုံးရင်း...
“ဒီလောက် အများကြီး တစ်ခုချင်းစဉ်းစားပြီး ယောင်္ကျားလေး ဘက်က ပြင်ဆင်ထားတာ မောင့် ချစ်သူ တော်တော်ကံကောင်းတာပဲ... သာယာကြည်နူးစရာ လက်ထပ်ပွဲလေး ဖြစ်ရမှာနော်....ဒါပေမဲ့...မောင် တစ်ခုမေ့သွားတယ်...မောင့်မှာ မိန်းမရှိပြီးသားလေ..မောင်ရဲ့...”
“တောက်...”
တောက်ခပ်ပြီး ထွက်သွားပေမဲ့ သစ် ဆက်ထိုင်နေမိသည်..။
သူချစ်ရတဲ့ ဇနီးလောင်းလေး အတွက် ပြင်ဆင်ထားတဲ့ရေကူးကန်ကို ကြည့်ရင်း အတ္တ အကြောင်းလေးတွေ စဉ်းစားနေမိသည်..။
မိန်းမ တစ်ယောက် လက်ထပ်ထားတဲ့ ယောင်္ကျားဆီ လိုက်နေတာ အတ္တလား...
ဟုတ်မှာပေါ့....ဒါပေမဲ့...အဲဒီ့ အတ္တတွေကို မောင် လက်ခံလာမဲ့ တစ်နေ့အထိ မ စောင့်နေပါမယ်..။

1543Where stories live. Discover now