Part 17

2.8K 165 0
                                    

1543
အပိုင်း (၁၇)
#1543

“ဒေါ်သစ်ရွက် ...”
အမိုးပေါ်က အသံထွက်လာတော့ သစ် လန့်ဖြတ်သွားရင်း..လက်က ကွန်ပျူတာမောက်စ် ကို ယောင်ပြီး ကလစ်ဖိမိသွားသည်။
“ဟ....သေနာလေးရယ်......အဲ...ပါးစပ်က ၀ဇီပါနေတာ...ကျစ်.. စိတ်ဆင်းရဲလိုက်တာ.”
သစ် လပ်တော့ပ်ရှေ့က အကြည့်ခွါပြီး ထွက်လာခဲ့ရတာ ဘယ်ကို သွားရမှန်း မသိ...။
ဘယ်အခန်းကို လာခဲ့ပါလို့ ပြောရင် တော်သေး..
ရေကူးကန်အခန်းဘက် ကို သွားကြည့်တော့ မတွေ့တာနဲ့ အလုပ်ခန်းဘက် ကို လျှောက်လာရသည်..။
“မောင်...ဘာခိုင်းမလို့လည်း..”
“ဟမ်...”
သူကပဲ ကြောင်တောင်တောင် နဲ့ ပြန်မေးနေတာ သူ မခေါ်တဲ့ အတိုင်း..
“မောင် ခေါ်လို့လေ...”
“နာရီ ကြည့်အုံး..”
သစ် နာရီကို မော့ကြည့်တော့ ဆယ်နာရီ ...အဲဒါ ဘာဖြစ်လည်း...နားမလည်လို့ သူ့ကို ပြန်ကြည့်တော့ သူက ဆောင်ပေပေ ဖြင့်..
“ထမင်း မစားရသေးဘူး..”
“အိုး...အိုး....မေ့နေတာ ခဏ..ခဏ..သုံးမိနစ်ပဲ...မောင်...”
သစ် အပြေးအလွှား မီးဖိုဆောင်ကို ၀င်လာပြီး မနွှေးရသေးတဲ့ ဟင်းခွက်တွေကို မိုက်ခရိုဝေ့ဖ် ထဲ စုပြုံထိုးသိပ်လိုက်သည်..။
“တီ..တီ...တီ...”
ပန်းကန်တွေ ဇွန်းတွေ စီစဉ်နေတုန်း အချက်ပေးသံ ထွက်လာလို့ ဆွဲထုတ်ကြည့်လိုက်တာ အကုန်လုံး မှောင်ပြန် ကျွမ်းထိုးပြီး ဟင်းခွက်တွေ ရောကုန်ပြီ....
“သေတာပဲ...ရွက်သစ်ဝေရယ်...စိတ်ဆင်းရဲလိုက်တာ...”
ရောကုန်တဲ့ ဟင်းပန်ကန်တွေကို ပန်းကန် အလွတ်ထဲ လောင်းထည့်ပြီး တစ်ရှုးနဲ့ ဘေးတွေ သပ်ပြီး ပင်စိမ်းရွက် ပူရှိန်းရွက်ကလေးတွေ အလှတင်ပြီး ကာဗာ လုပ်လိုက်ရသည်..။
“ဘာတွေ ပြောလာအုံးမလည်း မသိဘူး..”
“လွန်လိုက်တာ စက္ကထရီ သင်တန်းလည်း မတက်ရပဲ အိမ်မှာပဲ လေ့လာနေရတာ ..ဒင်းရဲ့ ကိစ္စဝိစ္စ အလုပ်တွေလည်း လုပ်ရသေးတယ်...လူလေး တစ်ယောက်လောက် ခေါ်ပေးပါ ဆိုလည်း နားမပါဘူး...အမြင်ကပ်တယ်...”
သစ် စိတ်ထဲ မကျေမနပ်ရေရွတ်ရင်း သူ့ အခန်းရှေ့ ရောက်သွားတော့ မျက်နှာပြင်ခါ အပြုံးနဲ့ ၀င်သွားလိုက်ပြိး....
“ဟဲ..ဟဲ...မောင်...စားလို့ ရပါပြီ...”
အလုပ်စားပွဲက  ထလာတော့မှ သစ် စားပွဲဘက် ပြေးပြီး သူ့ ကွန်ပျူတာကို ခိုးကြည့်တာ ပိတ်လျက်သား..။
ကျစ်...တစ်ခါမှ မလစ်ဘူး....။
ဗီဂါ နောက်မှာ ကွန်ပျူတာဆီ ပြေးကြည့်တာ သိပေမဲ့ နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး ထမင်းစားခန်းဘက်ကို လျှောက်လာခဲ့လိုက်သည်...။
နည်းနည်းလေး မှ ကို အလစ်ပေးလို့မရတာ...။
ထမင်းစားပွဲမှာ ထိုင်လိုက်ကတည်း က တစ်ခုခု လွဲနေပြီဆိုတာ အတွေ့အကြုံ အရ သိနေပြီလေ...။
ဟူး..ဘယ်လိုတွေ လွဲပြန်ပြီလည်း...။
ရှေ့က ရွှေရောင် အနားကွပ်နဲ့ ပန်းကန်ထဲမှာ  Chilli Crab (ဂဏန်းလက်မဟင်း အစပ်) က စားချင်စရာလေးပါ...ဒါပေမဲ့ မြေပဲဆံ အနီတွေ ပါနေတာက လွဲနေသည်...။
ညာဘက်နားက ပန်းကန်ကို ကြည့်လိုက်တော့ Curry Chicken အမှတ်တမဲ့ ဆို ပြောစရာ မရှိပေမဲ့
အုန်းနို့ ကြက်သား အာလူး ရောချက်တဲ့ ဟင်းအမယ်ထဲမှာ ဘယ်လို ဖြစ်ပြီး ဆလပ်ရွက် အဖက်လိုက်ကြီး ပါနေတာလည်း စဉ်းစားစရာ...။
ဗီဂါ ထမင်းထည့်ရင်း မသိမသာ ကြည့်လိုက်တော့ ခေါင်းကို လက်တစ်ဖက်ရောက်လိုက် ကုတ်လိုက်ပြန်ချလိုက်နဲ့ အလုပ်များနေတာ...သနားသောအားဖြင့် မသိချင်ယောင်ဆောင်ပြီး နီးစပ်တဲ့ ပန်းကန်ထဲက ဟင်းကို ပဲ ထည့်စားလိုက်သည်..။
ခပ်လှမ်းလှမ်းက ပန်းကန်တွေကို အနားကို ပို့မပေးကတည်းက မစားနိုင်တဲ့ ဟင်းအဖြစ် ဘ၀ကူးသွားပြီမှန်း သိနေသည်..။
“မောင်...စားကောင်းရဲ့လား..ဟင်..”
“အင်း..”
“ဟူး..တော်ပါသေးရဲ့..”
မျက်လုံးစုံမှိတ် ရင်ဘတ်ဖိပြီး ပြောတော့ ဗီဂါ မျက်မှောင်ကြုတ်ရင်း မေးငေါ့ခါ
“ဘာလည်း..”
“ဟင်...ဟင့်အင်း...ဒီအစားအစာတွေ နေ့တိုင်းစားရတော့ မရိုးဘူးလား..”
“ပန်းနု သိတယ်...ပြောင်းချက်လိမ့်မယ်.”
“လာပြန်ပြီ ဒီ ပန်းနု...ထမင်းဝိုင်းမှာ သူ့မပါပဲ ပြောပါလား..”
“ကျွန်တော် စားဖို့သောက်ဖို့ သူပဲ စဉ်းစားပြီး စီစဉ်ပေးနေတာလေ...သူ့ အကြောင်းမပြောလို့ ဘယ်သူ့ အကြောင်း ပြောရမလည်း..”
“ဒီ တာ၀န်တော့ မယူနိုင်သေးဘူး..ပြော..ပြော...ပန်းနု အကြောင်းပဲ ဝအောင် ပြောထား...”
လက်နှစ်ဖက် ရှေ့တိုးပြီး နှုတ်ခမ်းမဲ့ရင်း ပြောလိုက်တော့ဗီဂါ ရယ်ချင်စိတ်ကို မြိုသိပ် ပြီး ရှေ့က ရေခွက်ကို ကောက်ယူ သောက်လိုက်ရသည်..။
ခေါင်းမဖြီး နိုင်လောက်အောင် အနားမနေ ကြိုးစားနေတာ သိသော်လည်း အလုပ်မဖြစ်နိုင်တာလည်း ကြိုသိပြီးသား...လုပ်ချင်တာ လုပ်ပါစေ...ဇွဲဆု ပိုင်ရှင်ကြီး...။
“ဘာတွေလည်း..”
သူ့ရှေ့က ပန်းကန်ထဲမှာ ဘာမှန်း မသိတာတွေ ရောထွေးနေတော့ စကားရှာရင်း စပ်စုလိုက်သည်
“ထမင်း နဲ့ ဟင်းတွေ ရောနယ်ထားတာ...ကြက်သွန်နီလည်း ပါတော့အသုပ်လိုလို ပဲ စားလို့ကောင်းတယ်...မောင် စားကြည့်ပါလား..”
ပန်းကန်မပြီး အနားက ခုံကို ရွေ့လာတော့ သံပုရာအနံ့မွှေးမွှေးလေးက လူကို ဆွဲဆောင်နေသည်..။
“စားကြည့်ပါ မောင်ရဲ့...မောင် ကြိုက်သွားမှာ..”
ပန်းကန်ထဲက တစ်ဇွန်း ခပ်စားလိုက်တော့ ချဉ်စုတ်ပြီး စပ်လိုက်တာလည်း ဆွေမျိုးမေ့...။
“ကောင်းလား..”
“ချဉ်စုတ် စပ်တူး နေတာပဲ..”
“မောင်က စားနေမကျလို့ပါ...”
“ခင်ဗျားလည်း မစားနဲ့ အစာအိမ်ထိခိုက်မယ်...”
သစ် နှုတ်ဖျားက ပြုံးရိပ်သန်းပြီး သူ့မျက်နှာကို ငေးကြည့်မိတာ သူက ရေသောက်လိုက် ချောကလက် ပူတင်းခပ်စားလိုက်ဖြင့် အလုပ်များနေသည်..။
စိုးရိမ်စိတ်လေး စိတ်ထဲ ရှိတာ သိလိုက်ရတော့ လိုချင်တာတွေ မကြာခင် ဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်မလား...။
.
“ဟလို..၀တ်မှုံ လား..”
“ဟုတ်ကဲ့..”
သစ် ဖုန်းကို ပိုဖိဆုပ်ကိုင်ပြီး နှာခေါင်းရှုံ့ခါ မကြည်မသာဖြင့် မျက်နှာပါ ရှုံ့မဲ့ ပစ်လိုက်သည်..။
“ဗီဂါ့ ရဲ့ အရင်လ က အစည်းအဝေး မှတ်တမ်း ှလက်ခံတွေဆုံမှု စာရင်း နဲ့ နောက်လ တွေ့ဆုံရမဲ့ စာရင်းပါ လိုချင်တယ်..”
“ရှင်..”
“ငါပြောတာ သဘော မပေါက်ဘူးလား..”
“ဟို..အဲဒါ က ဘာလို့..”
“နောက် လ က စပြီး ငါ က သူ့ရဲ့ အတွင်းရေးမှူး ဖြစ်လာမှာ မို့လို့ပဲလေ...”
‘ရှင်..”
“...မနက်ကျရင် ကျော်နိုင် နဲ့ ထည့်ပေးလိုက်ပါ...နောက်လ အလုပ်အချိန်ဇယားပါထည့်ပေးနော်”
တစ်ဖက်က စကားသံ ထွက်မလာတာ လူကို မခန့်လေးစားလုပ်နေသလို...
ဒါ ဟိုကောင် က သူ့ရှေ့မှာ ငါ့ကို အော်ထားလို့ သူ ပါ မခန့်လေးစားလုပ်လာတာလေ...။
“ဟဲ့...နားကန်းနေလား..”
“ပေးလို့မရပါဘူး...အရေးကြီးတဲ့ အချက်အလက်တွေပါ တစ်ချို့ ခရီးစဉ်တွေက အများသိလို့ မဖြစ်ပါဘူး.”
“အောင်မယ်...လူပါး၀လိ်ု့...ငါက...တူ..တူ...တူ...”
ကြည့်စမ်း.. လူပါး၀တာ ဖုန်းချပစ်လိုက်တာ..ဒင်း ကို ဗီဂါ က အရေးပေးလို့ မြှောက်ကြွနေတာလေ...
လူကို အရူးလို ဆက်ဆံနေတာ...လုံး၀ မကျေနပ်ဘူး..။
သစ် ဖုန်းကို ဆောင့်ချလိုက်ပြီး လပ်တော့ပ်ထားတဲ့ မီးဖိုဆောင်ကို ပြန်လျှောက် လာခဲ့လိုက်သည်..။
ဒီဟာတွေကို ဘယ်က ၀င်ယူရမလည်း...။
သူ့ဖုန်းကို အရင်တွေ့ရမှ အဆင်ပြေမှာ ဘယ်လို လုပ်ရပါ့မလည်း...။
“မောင်..”
“ဟမ်....ဘယ်ရောက်သွားပြန်ပြီလည်း..”
၀တ်မှုံ လူပါး၀တဲ့ အကြောင်းတွေ တိုင်ဖို့  အလုပ်ခန်းထဲ၀င်သွားတော့ ဘယ်သူမှ ရှိမနေ... ကွန်ပျူတာ ပိတ်လျက်သားပေမဲ့ ဖုန်းကိုတွေ့တာနဲ့ မဟာအခွင့်အရေး တစ်ခုပင်..။
အင်္ဂလိပ်လို နာမည် ရိုက်ထားသည် ၀တ်မှုံ ကို တွေ့တာနဲ့ မနက်၇ နာရီ အိမ်လာပါ လို့ စာရိုက်ပို့လိုက်သည်..။
“ဘာလုပ်တာလည်း..”
စာမပို့ ရသေးခင် အသံကြားလိုက်တော့ လက်က အော်တို ပြန်ဖျက်လိုက်ရသည်..။
“ဟဲ..ဟဲ...ကြည့်တာပါ မောင့် ဖုန်းက အကောင်းစားနော်..”
“သူများ ပစ္စည်းကို အခွင့် မရှိပဲ ကိုင်တာ အဆင့်အတန်း မရှိတဲ့ သူတွေ အလုပ်နော်..”
“ဒါပဲ..”
သစ် စိတ်တိုလို့ နှုတ်ခမ်းမဲ့ ပြီး ခြေဆောင့်ခါ ထွက်လာခဲ့လိုက်သည်..။
ဘာမှ ကြံရာမရပါလားနော်...။
“မောင်...”
“ပြော...”
“မ ပြောရမှာ မဟုတ်ဘူး..မောင့်တွင်းလေး ၀တ်မှုံ ကို မောင်ပြောရမှာ..”
“ဘာ..”
ကျောခိုင်းလျက်သား ဘာနေတာ စိတ်တိုပေမဲ့ ဒီလို အခွင့်အရေးတောင် ကံကောင်းလို့ရတာ..။
“ဟိုလေ...မောင့်ရဲ့ အလုပ်အချိန်ဇယားတွေကို တောင်းတာ ၀တ်မှုံ က မပေးဘူး..”
“ကောင်းတာပေါ့...၀တ်မှုံ က အတွင်းရေးမှူး ပီသတယ်...”
“ဟာ..မောင်ကလည်း...မ  အလုပ်၀င်တော့မှာလေ... လေ့လာဖို့ အချိန်မကျန်တော့ဘူး.မောင်ပြောပေးပါနော်..”
“ဘာပြောရမလည်း..”
“ငါ့ မိန်းမ တောင်းတာ ပေးလိုက် လို့..”
“ဟား..ဟား...၀တ်မှုံ လို အရည်အချင်း ရှိတဲ့လူက ယုံပါ့မလား...”
“ဘာကိုလည်း..”
“ခင်ဗျားလို ထုံအ တဲ့ သူက ကျွန်တော့် မိန်းမ ဆိုတာ ဘယ်သူက ယုံမလည်း..”
ဒါဆို ရွက်သစ်ဝေ က အရည်အချင်း မရှိသူပေါ့လေ...
သစ် နှုတ်ခမ်းကို သွားဖြင့် ဖိကိုက်လိုက်ပြီး ကျောခိုင်းလိုက်ရင်း..
“ဟဲ..ဟဲ...ဘယ်ယုံမလည်း..နောက်တော့ သူများ အလုပ်တွေ ကျွမ်းသွားရင် ယုံလာလိမ့်မယ်..”
“စောင့်ကြည့်ရအုံးမယ်...”
“မောင် ပြောပေးနော်...တကယ်လိုအပ်လို့ တောင်းတာပါ...ပြီးရင် တရားမ၀င် မယူချင်ဘူး..မောင်....မ ကို ထပ်ပြီး သူခိုး စွပ်စွဲ မှာ မခံနိုင်လို့ပါ...”
သူ့ဆီက တုန့်ပြန်သံ မထွက်လာတော့ သစ် ကျောခိုင်းပြီး အခန်းပြင် ထွက်လာခဲ့လိုက်သည်..။
ထမင်းစားပွဲ အရှည်ကြီးမှာ တစ်ယောက်တည်း ငုတ်တုတ်ထိုင်နေရင်း အပေါ်က မီးဆိုင်း အဝါရောင်ကြီး ကို မော့ကြည့်မိသည်..။
အရင်က ရွက်သစ်ဝေ ရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်လေး.. ဘာတွေဖြစ်ကုန်ပြီလည်း မသိတော့ပါဘူး..။
ထပ်ပြီး စကားတွေနဲ့ မထိုးနှက်ပါနဲ့လား ဗီဂါ ဘုန်းမင်းရယ်...။
ငါလေ....နင် ပြိုလဲသွားအောင် မလုပ်ချင်ပါဘူး..။
ဒါပေမဲ့.....
အချစ်ကပေးတဲ့ ဒဏ်ရာတွေက များနေပြီ....ဘာမှ မဖြစ်သလိုမျိုး ဘယ်လိုလုပ် ရပ်တည်နိုင်မှာလည်း..။

1543Donde viven las historias. Descúbrelo ahora