1543
အပိုင်း (၂၈) ဇာတ်သိမ်း
#1543“ဟိုင်း..”
“ဟုတ်ကဲ့..ဘာများ လိုအပ်လည်း မာရီနာ..”
မိသားစု ညစာ ထမင်းဝိုင်းပြီးလို့ သစ် မနက်ဖြန် အတွက် လိုအပ်တာတွေ မှာနေတုန်း မာရီနာ က နောက်ရောက်လာတော့ မီးဖိုဆောင်က ပြန်ထွက် လာရသည်..။
“...nightwear “
“သြော်..ဟုတ်ကဲ့...ဒီဘက်ကို ကြွပါ...”
မြန်မာလို နားလည်ပြီး အနည်းအပါး ပြောတက်တယ်ဆိုလို့ စကားပြန်လည်း မခေါ်ရဘူး..
သူ လိုအပ်သမျှ ကို သူများဆီပဲ လာပြောနေတာ မနည်းနားလည်အောင် စဉ်းစားရသည်။
ဒုတိယ အထပ်ကို ရောက်ချိန် အခန်းသော့ ကဒ်ထည့်ပြီး ဖွင့်လိုက်တော့ သစ် စတွေ့ခဲ့တဲ့ ပုံစံ အတိုင်း မာရီနာကလည်း မျက်လုံးပြူးနေသည်..။
“ကြိုက်တာ ယူ၀တ် နိုင်ပါတယ်..”
“ယူ အ၀တ်တွေ ....”
“နိုး..မဟုတ်ပါဘူး..ဒါ မာရီနာ အတွက် ဗီဂါ ၀ယ်ထားတာတွေ ပါ...”
“Oh...No...Impossible..”
မာရီနာ က မယုံနိုင်သလို ဆံပင်ကို သပ်လိုက်ပြီး အ၀တ် ချိတ် တစ်ခုကို ဖြုတ်ပြီး ကိုယ်မှာကပ် ကြည့်သည်..။
“No....No....That Not My Size...”
အကျီ င်္ လည်ဂုတ်က တံဆိပ်ကို ကြည့်ပြီး ပြောတော့ သစ် လည်း လိုက်ကြည့်လိုက်တာ စမော ဆိုဒ်တွေ...
မာရီနာ လို့ ကိုယ်လုံးဖွံထွားတဲ့သူက ဂါ၀န် အကြပ်လေးကို စမော ဆိုဒ် ဘယ်တော် ပါ့မလည်း..။
“Maybe......That.....For You..”
“မဟုတ်ဘူး...အဟဲ...လုံး၀ မဟုတ်ဘူး..”
“Are You Sure “
“ရက်စ်...အဲ..သေချာတယ်...”
မာရီနာ က ပခုံးတွန့် ပြီး အင်္ကျီ နောက် တစ်ချိတ်ကို ဖြုတ်ခါ တံဆိပ်ဖတ်ပြီး သစ် ဘက်ကို လှည့်ပြသည်..။
ဒါလည်း L...။
လက်ထဲ ချိတ်လိုက် ထိုးပေးပြီး အ၀တ်လဲခန်းကို လက်ညိုးထိုးပြတော့ ၀တ်ခိုင်း တာမှန်း သဘောပေါက်လိုက်သည်...။
“မ၀တ်ဘူး..သူ စိတ်ဆိုးလိမ့်မယ်..”
“It Ok..”
“No...No...Marina...No..”
သစ် ပခုံးကို တွန်းပြီး အ၀တ် လဲခန်းထဲ အတင်းတိုးထည့်ခါ အပြင်က တံခါးကို ခေါက်နေတော့ သစ် မဖြစ်မနေ အခြေအနေ မှာ လဲ၀တ်လိုက်ရသည်..။
မယုံနိုင်စရာ တကယ်ပင် ကွက်တိ ကျနေတော့ မှန်ထဲ ကြည့်ပြီး ဘယ်နား လိုနေလည်း အပြစ်ရှာကြည့်သည်..။
“Wow ...I know..”
မာရီနာ က သူ့ ခန့်မှန်းထားတဲ့ အတိုင်းဖြစ်နေတော့ လက်ခုတ်တီးပြီး ပြုံးနေသည်..။
“နိုး..ဒါ မင်း...ဖို့..ဆိုတာ..”
သစ် ဖိနပ်တွေကို အကြည့်ရောက်တော့ ဖိနပ် တစ်ရံ့ ဆွဲချပြီး သူ့ ခြေထောက်အနားမှာ ချလိုက်သည်..။
ခြေထောက်သေးတဲ့ မာရီနာ က ဖိနပ်ထဲ ခြေထောက် ထည့်ပြီးတာတောင် လက်နှစ်လုံးလောက် ကွာဟနေသည်..။
သူက နောက် တစ်ဖက် ကို သစ်ရှေ့ချပေးတော့ သစ် ခြေထောက်ထိုးသွင်းလိုက်တာ အတိအကျ....။
လွဲနေပါပြီ...။
သစ် ဖိနပ် မှန်ဘုံး ထဲက ဖိနပ်တွေ ကို တစ်ခုချင်း ယူကြည့်တော့ အားလုံး နံပါတ်တူတွေ...။
“I don’t Like...That not my type..”
ရှပ် အမျိုးမျိုးကို လက်ညိုးထိုးပြီး ညွန်ပြတော့ သစ် အတွက် အင်္ကျီ ၀ယ်တဲ့ ဆိုင်က ပြောလိုက်တာ သတိရသည်..။
“ပို့လိုက်တဲ့ ရှပ်တွေမှာ .အပွင့်တွေကော ကြိုက်ရဲ့လား...”
သစ် အတွက် တကယ်များလား.. မဖြစ်နိုင်ပါဘူးလေ....။
မာရီနာ ကို အားနာ သလို ကြည့်လိုက်တော့ မာရီနာ က ပြုံးပြီး သစ် ကို လက်ဆွဲ ခါ သူ့ အခန်းဆီ ခေါ်သွားသည်..။
“ပျင်းလို့..စကား..ပြောကြမယ်..”“အင်း..”
စကားပြောရမှာ ဘယ်လို မျိုးလည်း ...
သူက မြန်မာ စကား အားလုံးကို နားလည်လို့လား ....
ရန်တွေ့ချင်လို့ များလား မသိပါဘူး..။
“ဗီဂါ နဲ့ ဘယ်လို့ သိလည်း..”
“ဟို...အလုပ်မှာ သိတာပါ...”
“ရက်စ်...အိုင် လည်း အရင်က စက္ကထရီ ...”
“ဟုတ် သိပါတယ်.... တောင်းပန်ပါတယ်..so sorry...”
“နိုး...That Ok..He don’t like me..”
“ဟင်...”
“တကယ်......နိုး ဆက်စ်..”
အင်္ဂလိပ်မလေး ပီပီ ပွင့်ပွင့်လင်းလင်း လွယ်လွယ်ကူကူ ပြောချလိုက်ပေမဲ့ သစ်က တော့ မျက်နှာတွေ ပူလာ သလိုလို...။
“Oh..Now ..I have boyfriend....”
သူ့ ဖုန်းကို ထုတ်ပြီး အမြန်နှိပ် ခါ သစ် ဘက်ကို တိုးပြတော့ ကြည့်လိုက်မိသည်...။
နှစ်ယောက်သား နမ်းနေရင်းရိုက်ထားတဲ့ ပုံ..
ရေကူး ၀တ်စုံနဲ့ ပင်လယ်ကမ်းခြေမှာ ဖက်နေတဲ့ပုံ...
အိပ်ရာထစ ပုံတောင် ပါသေးတာ...သူ့ ရည်းစားကလည်း မျက်လုံးပြာပြာရယ်...။
“လှတယ်..”
“အွန်း...အန်ယူ..”
သစ် ကို လက်ညိုးထိုးပြတော့ လက်ကာရင်း ခေါင်းပါ ရမ်းပြလိုက်ရသည်..။
အမှတ်တရ ပုံသာ ရိုက်ထားရင် သူ့ပါးမှ လက်ဝါးရာကြီး ထင်းနေတဲ့ ပုံပဲ ဖြစ်မှာ မြင်ယောင်ပါသေးသည်..။
“ဘ၀ တိုတို....အရသာ ချိုချို...”
ဆံပင်တွေကို လှန်တင်ပြီး ဆွဲဆောင်မှု ရှိရှိပြုံးပြလိုက်တော့ သစ် ကြက်သီးမွေညင်း ထသွားရသည်..။
“အိုကေ...ဂွဒ်...”
“And What about You...”
“I like စိတ်ကူးချိုချို...”
“အိုး...ဂွဒ်...”
သူများလည်း စိတ်ကူးချိုချို ကြိုက်တာပေါ့ စာအုပ် အစုံအလင် ရနေတာကိုး..။
“ယူ ဝဲလ်ဒင်း ပျော်ရွှင်ပါစေ... မင်္ဂလာ ညပါ...”
“အင်း...မင်္ဂလာညချမ်းပါ...
Good Night...”
သစ် ကို အခန်း၀ အထိ လိုက်ပို့ ပေးပြီး အခန်းတံခါး ပြန်ပိတ်သွားတော့မှ အသက်ရှု နိုင်တော့သည်..။
စကားပြောရတာလည်း... မှားမလားလို့ တွေးပြီး ပြောနေရတာ အမော...။
သစ် အခန်းထဲ ရောက်တော့ သူ ပြန်မရောက်လာသေး...။
သူ့ အဖေ နဲ့ စကားပြောနေတာ တစ်ခါတစ်လေ ည နဲ့ မနက် မှားနေသလိုပင်...။
ခွဲနေတာ မတည့်ကြလို့ ထင်ခဲ့ပေမဲ့ အခုလို ကျတော့လည်း ချစ်တက်လိုက်ကြတာ...။
ထမင်းစားလည်း ဟင်းအကြောင်းက စလို့ ပြောကြပြန်သည်...။
ကြီးကြီးကလည်း သူတို့နဲ့ အဖွဲ့ကျလို့ ဘေးရောက်နေတာ သစ် တစ်ယောက်တည်း ဖြစ်နေသည်.။
မနက်ကော်ဖီ သောက်လည်း ကော်ဖီ အမျိုးအစား အကြောင်း ဆွေးနွေးကြပြန်သည်..။
အခုလည်း ဝိုင် အကြောင်း ဆွေးနွေးနေမှာပေါ့လေ...။
“ဟော လာပြီလား..ဆရာမလေးတွေ အိပ်နေတယ် ဖြည်းဖြည်း..”
လူနာ က ဆရာမ ပြန်နိုး မှာကြောက်နေတဲ့ ကြီးကြီး တစ်ယောက်ကြောင့် သစ် ခေါင်းအုံးပိုက်လျက်သား ရယ်နေမိသည်..။
မင်္ဂလာ မဆောင် ခင် ရက် အတွင်း ကြီးကြီး အခန်းထဲ ပြန်အိပ်နေပေမဲ့ ကြီးကြီး ကလည်း မောင်းမထုတ်တော့ပါ...။
ကြီးကြီး ကို သနားပေမဲ့...သစ်ကို ခွင့်လွှတ်ပါ...ကြီးကြီး ရယ်...။
.
“အစ်မ ဖိနပ်က ဒီမှာပါ...”
“အင်း ထားခဲ့ပါ ညီမလေး...”
ဟိုတယ်၀န်ထမ်း ကောင်မလေးက ကျောက်အပြည့်နဲ့ အဖြူရောင် ဖိနပ်ချပြီး ထွက်သွားဖို့ ပြင်နေတော့...။
“ခဏ...ညီမလေး..”
“ဟုတ်ကဲ့..”
“ဟို...မစ္စတာ ဗီဂါ့ ကို ခဏတွေ့ချင်လို့ ခေါ်ပေးပါလား..”
“ဟုတ်ကဲ့..”
သစ် မင်္ဂလာ ၀တ်စုံ ဂါ၀န်ကြီးကို မပြီး စီးလက်စ ဖိနပ်ကို ချွတ်ခါ ခုံမှာ ထိုင်ချလိုက်သည်..။
ခြင်းတွေ တောင်းတွေ ခံ၀တ်ရတဲ့ ဂါ၀န်မဟုတ်လို့ တော်ပါသေးရဲ့..။
ဘေးက လက်ကိုင်အိတ်ထဲမှာ အဆင်သင့် ပါလာတဲ့ စာရွက် နှစ်ခုကို ထုတ်ပြီး အသင့်ပါလာတဲ့ ဘောပင်ကို ထုတ်နေချိန်...
“ဟာ..နတ်သမီးလေး.....”
သူက အဖြူရောင်၀တ်စုံပြည့် ဝတ်ထားပြီး့ကြည်လင် ချောမှုန် နေတဲ့ မျက်နှာပေါ်မှာ အပြုံး တစ်ခု နဲ့ အတူ အခန်းထဲ ၀င်လာသည်..။
“မ အလှပြင်ပြီးတော့ တကယ့် တခြားသူ တစ်ယောက်လို ဖြစ်သွားတယ်..”
သူ ပြောချင်တာ မင်္ဂလာ၀တ်စုံမိတ်ကပ်နဲ့ သစ် က လှနေတယ် ဆိုတာမျိုးလား.....။
သစ်ကတော့ မှန်ထဲကို မကြည့်မိတော့ ခုချိန် ကိုယ်ဘယ်လို ပုံပန်းသဏ္ဍန် ဖြစ်နေမှန်းမသိပါ...။
“မ ခေါ်တယ်ဆို...ဆောရီးပါ. မရယ်..မောင် ဧည့်သည် တွေနဲ့ စကားပြောနေရလို့.....မ အနားမှာ မနေဖြစ်ဘူး.... ပွဲစတော့မယ်... စိတ်လှုပ်ရှားနေလား...”
“အင်း..”
“မ ရက်စက်တယ်နော်... ဒီရက်ပိုင်း လုံးဝရှောင်နေတယ်.... စင်တာ ကိစ္စ ပြီးကတည်းကပဲ... နှစ်ယောက်တွေ့ရတဲ့ အချိန် ကို မရှိဘူး..ဘာလည်း.. သတိုးသမီးလောင်းမို့လို့ ရှက်နေတာလား...အဟား... ကျွန်တော်ကတော့ အိပ်ပျော်အောင် မနည်းကြိုးစားခဲ့ရတယ်..”
သူ့ပြောချင်တာတွေပဲ စိတ်လှုပ်ရှားနေသူ တစ်ယောက်လို ခရားရေလွှတ် ပြောနေတော့ သစ် စိတ်မရှည်တာနဲ့
“ငါ စကားပြောချင်လို့...”
“အိုကေ...”
သစ် လက်ကို ဆွဲပြီးခုံမှာ ပြန်ထိုင်ခိုင်းခါ သူလည်း ဆိုဖာမှာ ကပ်ထိုင်သည်...။
သစ် ဘေးစားပွဲ ပုလေး က စာချုပ်ကို ဆွဲယူ ပြီး ဘောပင် ကောက်ခါ ခပ်သွက်သွက် လက်မှတ်ထိုးလိုက်သည်..။
“အင့်...”
စာရွက် တစ်ရွက်ကို ဆက်ကနဲ့ ဆွဲယူပြီး သူ့ ဆီကမ်းပေးလိုက်တော့ မျက်ခုံးပင့်ပြပြီး ဆွဲယူဖတ်ကြည့်နေသည်...။
“ဒါ...”
“ကွာရှင်း စာချူပ်...နင် လက်မှတ်ထိုးပြီးသား...ငါ အခုမှ ထိုးရတာလေ...”
“ဟင်..”
“ငါတို့..ထပ် ပတ်သက် စရာ မလိုတော့ဘူး ဗီဂါ ဘုန်းမင်း...”
“မ ဘာဖြစ်နေတာလည်း... ဘာတွေလည်း..”
“နင် တစ်ချိန် တုန်းက ငါ့ ကို လုပ်ခဲ့တဲ့ အတိုင်းပဲပေါ့လေ... ဒီလောက်နဲ့ အဆုံးသတ်လိုက်တာ နင် ကျေးဇူးတင်သင့်တယ်...”
သစ် ပြောပြီး ဆိုဖာ က ထရပ်လိုက်တော့ လက်ကို ဆောင့်ဆွဲပြီး ပြန်ထိုင်စေသည်..။
“ပေး..”
“ဟင်..”
သစ် လက်ထဲက စာရွက် ကို ဆောင့်ဆွဲယူပြီး စာရွက်နှစ်ခု ထပ်ခါ အစိတ်စိတ်အမြွှာမြွှာဆွဲဖြဲ ပစ်လိုက်သည်..။
“နင်...နင်...ဘာလုပ်တာလည်း..”
သူ့ ပခုံးကို ဆောင့်တွန်းပစ်လိုက်တော့ သစ် လက်မောင်းကို ဆွဲကိုင်ပြီး မျက်နှာအနားတိုးကပ်လာခါ
“နားထောင်...ဒီ မင်္ဂလာပွဲ ပျက်လို့ မဖြစ်ဘူး.”
“ငါ့ရဲ့ ရည်မှန်းချက်ကလည်း
နင် လူသိရှင်ကြား အရှက်ကွဲဖို့ပဲ.....ဒါကြောင့် ရအောင် ဖျက်ပြမယ်..”
“ဒါဆို ခင်ဗျား အဒေါ်အတွက် မစဉ်းစားတော့ဘူးလား...”
“ဟင်...”
သူ့ ကုတ် အတွင်းအိတ်ထဲက ဖုန်းကို ထုတ်ပြီး လက်နဲ့လျှောက်ဆွဲခါ သစ်ရှေ့ကို တိုးပြသည်..။
“ကြီးကြီး..”
“နင်...နင်...”
“ခင်ဗျား အဒေါ် ရှော့ခ် ရပြီး ချက်ချင်း သတိလစ်သွားလိမ့်မယ်... ပွဲကြီးမလုပ်ချင်ပါနဲ့ ဒေါ်ရွက်သစ်ဝေ...”
သစ် လက်ကို ဆောင့် ဖြုတ်ပြီး သူ့ အကျီ င်္ ကို ဆွဲချခါ အိတ်ထဲကို ဖုန်းပြန်ထည့်နေသည်..။
ကြီးကြီး ကို အရင်အိမ်မှာ ထားခဲ့တာ သေချာပါတယ်... ဘယ်လို ဖြစ်ပြီး ဒီကို ရောက်လာတာလည်း...။
“အခမ်းအနား အစီအစဉ်အရ သတိုးသား နဲ့ သတို့သမီး မင်္ဂလာခန်းမ ထဲကို ကြွရောက် နေရာယူ ပေးပါ...”
“ဖြောင်း...ဖြောင်း..”
လက်ခုပ်တီးသံတွေ နဲ့ အတူ သစ်ရင်တွေ တလှပ်လှပ် ခုန်နေရသည်..။
သူ က သစ်လက်ကို ဆွဲခါ သူ့ လက်မှာ ချိတ်ကိုင်စေပြီး အပြုံး တု တစ်ခုနှင့် အတူ ကော်ဇောနီပေါ် တက်လိုက်သည်..။
မဟုတ်ဘူး...ပြုံးနေတဲ့သူတွေ...ဂုဏ်ပြုနေတဲ့ သူတွေ လက်ခုတ်တီး အားပေးနေတဲ့ သူတွေ အဲလို ဖြစ်ရမှာ မဟုတ်ဘူး...။
သစ်လိုချင်တာ..စိတ်ညစ်နေတဲ့ သူ့ မျက်နှာ ကဲရဲ့ နေတဲ့ လူတွေ...ပျာယာခပ်နေတဲ့ သူ့ ၀န်ထမ်းတွေ...အရှက်တကွဲ အကျိုးနည်း ဖြစ်စေရမယ် လို့ ကြွေးကြော်ခဲ့တာလေ...။
“ဗီဂါ မင်းစောတယ်နော်..”
“ဟုတ်ကဲ့...အန်ကယ့်ထက် အရင် ကျော်သွားရလို့ စိတ်မကောင်းပါဘူး..”
“ဟား..ဟား..ဖဲ့တာကွ...”
“ဗီဂါ..ဗီဂါ...မင်းတော့ ငါပြောတာ တစ်နေ့သိလိမ့်မယ် သိလား..”
“ဟား..ဟား...ငါမှ မနေနိုင်တာ သူရ ရယ်..”
“အေးပါကွာ ရူး...”
“ဒါ..မောင့် သူငယ်ချင်း စုံထောက်ကြီးလေ...မ မှတ်မိလား..”
“အင်း..”
“ဟ..ဘာတွေလည်းကွ...ငါက ဘာနဲ့ကြောင့် စုံထောက်ဖြစ်သွားရတာလည်း..”
“အကြောင်းလေးတွေ ရှိလို့ပါကွာ...”
“ဟား..ဟား...ငါသိပြီ... ငါသိပြီ...”
သူ့ သူငယ်ချင်းတွေ ဝိုင်းက ထွက်ပြီး ဘေးဝိုင်း ကို ၀င်ခါ နှုတ်ဆက်ပြန်သည်..။
“congratulation vega...”
“သင့်ခ်ယူ မစ္စမော်ဂန်..”
“Pretty Bride..”
“Thank You Mrs....”
ပြည်တွင်း ပြည်ပ ဧည့်သည်တွေ အများကြီး လာသလို အားလုံးကိုလည်း သူနဲ့ အတူ ပြဲုံးပြီး လိုက်နှုတ်ဆက်ပေးရင်း ပါရမီ ဖြည့်နေရတာ... ဘယ်ဘဝရောက်နေပါလိမ့်...။
မဟုတ်ဘူး...မရှုံးရဘူး..။
သစ် အတွေးတစ်ခုနဲ့ အတူ တစ်ချက်တွန့်သွားတော့ သူ က ဘေးက သစ် ကို လှည့်ကြည့်ပြီး လက်ကို ပြန်ဆွဲချိတ်သည်..။
“ကြီးကြီး...”
ကြီးကြီးက ပြုံးရင်း သစ်တို့ကို ကျောခိုင်း လျက်သား စကားတွေပြောနေသည်။ ကြီးကြီးထိုင်နေတဲ့ ဝိုင်း ဘေးမှာ ရွာက အိမ်နီးချင်းတွေကိုပါ တွေ့လိုက်တော့ အံသြရသည်..။
ဘယ်အချိန် ဘယ်လို ဖိတ်လိုက်တာပါလိမ့်...။
“အမလေး ရွက်သစ်တို့များ လှလိုက်တာနော်..မှတ်တောင် မမှတ်မိဘူး..”
“ဟုတ်ကဲ့ အန်တီချို...”
“သတိုးသားကလည်း ချောလိုက်တာ မင်းသားကျနေတာပဲ..”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျာ....”
“သြော်..ဒါက မ တို့သောင်ယံရွာက အမျိုးတွေလေ...အိမ်နိးချင်း ဆိုပေမဲ့ အဒေါ် အတိုင်းပါပဲ..”
“အေး..ဟုတ်တယ်..ရွက်သစ်မှာ မိဘမရှိပေမဲ့ တစ်ရွာလုံးက သူ့ကို ချစ်ကြတာ..မင်းတို့လည်း လာလည်လေကွယ်..”
“ဟုတ်ကဲ့ လာခဲ့ပါမယ်..အန်တီ..”
“ဟိုဘက်မှာ နင့်သူငယ်ချင်းလည်း ပါတယ်..”
“သြော်..မျိုးလေး လည်း ပါတာကိုး...”
“ကြီးကြီး..”
သူက သစ် လက်ကို ဖြုတ်ပြီး ကြီးကြီး ပခုံး နောက်ကို ကိုင်လိုက်တော့ ကြီးကြီး ကလှည့်ကြည့်သည်..။
“အယ်..သား..မိသစ်ဝေ... နင်ကလေ ..အဒေါ်ကို လူရာမသွင်းချင်လို့
အခန်းထဲလှောင်ပိတ်ခဲ့တာလား..”
“မဟုတ်ပါဘူး...မ က ကြီးကြီး ပိုပျော် သွားအောင်ပါ...”
“အမလေး ကြံကြံဖန်ဖန်...”
ကြီးကြီး ကို သူ ပခုံးဖက် ထားတာ တွေ့တော့ စိတ်ထဲ မခံချင်စိတ်နဲ့ အတူ မုန်းတီးစိတ်တွေက ဒီရေလို မြင့်တက်လာရသည်..။
သစ် ရဲ့ အားနည်းချက်ကို ကိုင်ပြီး ခြိမ်းခြောက်နေတာ မုန်းလိုက်တာ...မကျေနပ်ဘူး.. တစ်သက်လုံး မုန်းမယ်...
အခွင့်အရေး ရတိုင်း ဒုက္ခပေးမယ်....သစ် ကို သူ မုန်းလာတဲ့ အထိ....။
“ကြီးကြီး က အရင် အိမ်မှာ ပြန်အိပ်မယ် သိလား..”
“ဟင်..ဘာဖြစ်လို့လည်း..”
“တို့ ဆီ က ဧည့်သည်တွေလည်း ပါလာတယ်လေ..အဲဒါ သူတို့က ဟိုအရင်အိမ်မှာ နေသားကျနေလို့ပါ ကွယ်..”
“အိမ်မှာ နေခိုင်းပါ ကြီးကြီးရယ်...”
“ကြီးကြီး ရောဂါ လည်း အရှင်း ပျောက်သွားပြီ သားကို ကျေးဇူးတင်တယ်...သူတို့ ပြန်ရင်လည်း ကြီးကြီးက သောင်ယံကျွန်းကို ပြန်လိုက်သွားမှာ ဆိုတော့ ဒီက အိမ်အခြေအနေ တစ်ချက်သွားကြည့်ချင်သေးလို့ပါ...”
“ဟုတ်...ဒါဆို...ကူဖို့ လူထည့်ပေးလိုက်မယ်နော်..”
“ရပါတယ်..”
“ဒါတော့ လက်ခံပါ ကြီးကြီးရယ်...”
“အေးလေ....သမီးရေ ကြီးကြီး တို့ ပြန်မယ်...မနက်ဖြန်မှ အိမ်လာမယ်နော်...”
“အင်း..”
သစ် အရယ်အပြုံး မဲ့လို့ ခေါင်းညိတ်ရုံဖြင့်သာ လက်ခံလိုက်သည်..။
ဟိုတယ် အပေါ်ဆုံးထပ်က နိုက်ပါတီကို ပင်ပန်းနေတဲ့ အကြောင်းပြပြီး သူက ပြန်တော့ဖို့ ခွင့်တောင်းသည်..။
“အိုကေ...ဒက်ဒီ ရှိနေတာပဲ ပြန်နားလေ...”
“ဟုတ်ကဲ့....လာလေ...မ...”
“ပြန်လိုက်ပါအုံးမယ်...ဒက်ဒီ..”
“အေး..သမီး..”
အားလုံးရှေ့မှာ ဟန်ဆောင် ထားသမျှ ကားပေါ် ရောက်တာနဲ့ ကျောခိုင်းလျက်သား မျက်နှာတွေ တင်းမာ ကုန်သည်..။
“တောက်...”
သစ် အခန်းထဲ ရောက်တာနဲ့ မင်္ဂလာကုတင် အဖြစ် ပြင်ဆင်ထားတဲ့ မွေ့ယာ ပေါ်က ပန်းပွင့်ဖက်တွေကို ဆွဲခါ လွင့်ပစ် လိုက်သည်...။
မှန်ထဲမှာပေါ်နေတဲ့ ဂါ ၀န် အဖြူရောင်ကိုလည်း မုန်းလို့ ဇစ်ကို ဆွဲဖြုတ်ခါ လက်နဲ့ဆွဲဖြဲပြီး ချွတ်ပစ်လိုက်သည်...။
မိတ်ကပ် အပြင်အဆင်တွေ အားလုံး ဖျက်စီး ပြီးတာတောင် ကိုယ့် ရုပ်ကို ကြည့်ပြီး ဟန်ဆောင် ပြုံးခဲ့ရတာတွးမိရင်း ရွံရှာ မုန်းတီးလာသည်...။
သူ့ကို ဒုက္ခပေးချင်ခဲ့တာ အခုတော့ လူသိရှင်ကြား သူ့လက်ကို တွဲပြီး ပြုံးပြရသည့် သူ့ သတိုးသမီး ဘဝရောက်ခဲ့ပြီးပြီ...။
ရွက်သစ်ဝေ ဆိုတာ သူနဲ့ ပတ်သက်ပြီး စီစဉ်ထားသမျှ တစ်ခုမှ အရာမထင်ပဲ သူကတော့ သစ်ဘ၀ကို သူ့ စိတ်ကြိုက်မွှေနှောက်ခွင့် ရှိခဲ့သည်..။
အဖြစ်မရှိလိုက်တာ....
အမြဲတမ်း ရှုံးနေရပါလား...
ရွက်သစ်ဝေ ဘ၀ ကို မုန်းလိုက်တာ...။
“ဟင်..”
ဗီဂါ အခန်းတံခါးဖွင့်လိုက်ချိန် နှင်းဆီ ပွင့်ဖက်တွေနဲ့ အတူ ဂွမ်းစောင် အဖြူက တံခါး၀ကို ရောက်နေသည်..။
ရှေ့ကို တစ်လှမ်း တိုးသွားလိုက်တော့ ဂါ၀န် အဖြူနဲ့ အတူ ဆံတုံးပေါ်တင်တဲ့ အလှ ဇာပါး.က အစိတ်စိတ် အမွှာမွှာ ....။
ကုတင်ခြေရင်းမှာ ကျနေတဲ့ လက်ကိုင် ပန်းစည်းမှာ စျေးကြီး ပန်းပွင့်ဖက်တွေ ကြွေပြီး ရိုးတံ့့ကြဲနဲ့ မလှမပ ဘဝရောက်နေပြီ..။
ဗီဂါ နက်ခ်တိုင် ကို လက်နဲ့ဆွဲလျော့ခါ လည်ပင်း ကြယ်သီး ဖြုတ်ပြီး အ၀တ်ခန်းထဲ ၀င်ကြည့်တော့ ရှိမနေ...။
“မ...”
“မ...အထဲမှာလား..”
ရေချိုးခန်း တံခါးကို ဖွင့်ပြီး ၀င်သွားလိုက်ချိန် မထင်မှတ်ပဲ လက်ကို အလိမ်ခံလိုက်ရသည်..။
လည်ပင်း ဘေးဘက်နေရာ ဆူးကနဲ့ ဖြစ်သွားတော့ စိတ်ထဲ ထိတ်လန့်သွားရသည်...။
“မ တကယ် လုပ်မှာလား..”
“ဟုတ်တယ်...”
“လုပ်ရက်လား...”
“ဟွင်း...ငါ နင့်ကို မုန်းတယ်...”
“မလုံလောက်သေးဘူးလား...မ မောင့် ကို ဒုက္ခ အမျိုးမျိုးပေးပြီးပြီလေ...မောင့် စီးပွားရေး မှာလည်း ဒုက္ခအမျိုးမျိုးရောက်တယ်.. မောင် ထောင်ကျဖို့ ဖြစ်အောင်တောင် မ ကလဲ့စားချေပြီးပြီပဲ...မ ကို တရားစွဲကြဖို့ သက်သေ ရှိတယ် ဒါပေမဲ့ မောင် ကာကွယ်ပေးထားရတာ... တော်ပါတော့.အသစ်ကပဲ ပြန်စ ကြမယ်နော်... မ ရယ်... ကျေနပ်ပါတော့...မောင် တကယ် တောင်းပန် ပါတယ်...”
“မကျေဘူး နင့်ကို မုန်းတယ်...ငါ့ အားနည်းချက်ကို အနိုင်ယူနေတာ မုန်းတယ်...ငါ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တယ်...”
“ဟုတ်တယ်...မ ကို ဘုန်းမင်းလို လိမ်ခဲ့တာ မှားမှန်းသိပါတယ်... ဒုက္ခရောက်ချင်ယောင် ဆောင်ပြီး အိမ်ကို ၀င်လာခဲ့တာလည်း မှားတယ်...”
“မဟုတ်ဘူး...”
ဗီဂါ လည်ပင်းဆီက ဆူးနေတဲ့ ဝေဒနာ လျော့သွားခါ လက်ကို လည်း လွတ်ပြီး ကြွေဘေစင် ထဲက လပ်တော့ပ်ကို ယူခါ လက်ချောင်းတွေနဲ့ ဆောင့်နှိပ်ပြန်သည်...။
“ရွက်သစ်ဝေ ဆိုတာ နင် ထင်သလောက် မတုံးပါဘူး ဗီဂါ ဘုန်းမင်းရယ်.....”
“ဟင်..”
ဗီဂါ ကားပေါ် တက်သွားတာ...မုန့်ထုတ်တွေ ယူပြီး ပြန်ဆင်းပြေးလာတာ...
သူ့ အခန်းထဲ ၀င်ပြီး ပစ္စည်းတွေ မွှေရှာ ခဲ့တာတွေ အားလုံး လျှိုဝှက်ကင်မရာမှာ တွေ့နေတာပဲ ဒါဆို မ...သိနေတာလား...။
“ငါ မုန်းတယ်...အား...”
“ဒုန်း...”
မုန်းကြောင်း ကြွေးကြော်ပြီး မှ လက်ထဲက လပ်တော့ပ် ကို ပေါက်ခွဲပစ် လိုက်တော့ ဗီဂါ ပြေးဖက် လိုက်သည်..။
“ငါ သတ်မိမယ်..”
“သတ်ရမယ်...အခုတော့ ခဏ ငြိမ်ပြီး နားထောင်ပေးပါ မ ရယ်...”
ဗီဂါ့ ဗိုက်ကို တံတောင်နဲ့ တွန်းပြီး ရုန်းနေပေမဲ့ ဗီဂါ ပိုတိုး ပြီး ဖက် ထားလိုက်ရသည်...။
“မ သိနေတာလား..”
“နင် လွတ်နော် ငါ တစ်ခုခု လုပ်မိလိမ့်မယ် သိလား...”
“မ ဘာကို မကျေနပ်တာလည်း မောင့် ကိုပြောပါ...မ ရည်ရွယ်ချက်ကို မောင် သိမှ မ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်အောင် လုပ်ပေး မယ်...”
“ငါ နင့်ကို မုန်းတယ်..နင် ခံစားရအောင် လုပ်ချင်တယ်...လူရှေ့မှာ အရှက်တကွဲ ဖြစ်ပြီး သစ္စာဖောက်ခံရတာကို ကိုယ်တိုင်ခံစားစေချင်တာ... သစ္စာဖောက်ခံလိုက်ရတဲ့ အခါ ယုံကြည်မှုတွေ ရိုက်ချိုးခံလိုက်ရတဲ့ အခါ အရူးလုပ်ခံရရင် ဘယ်လို ခံစားရလည်းဆိုတာ နင် သိစေချင်တာ...”
“ကျွန်တော် လည်း သိချင်တယ် မ ဘာဖြစ်လို့ ပြောင်းလဲ သွားရတာလည်း...မ အရင်က မောင့် ကို အရမ်းချစ်တယ်လေ... ဘာလို့ အခုမှ ခါးခါးသီးသီး ဖြစ်နေတာလည်း မရယ်...”
“သစ္စာဖောက်ခံလိုက်ရတယ် ဆိုတာ အစပိုင်းမှာ ခံပြင်းပေမဲ့ နောက်ပိုင်း လူ တစ်ယောက်ကို ပြောင်းလဲသွားစေတယ်...”
“ကျွန်တော် လိမ်သမျှ ကို မ အစကတည်းက သိနေခဲ့ရဲ့သားနဲ့ ခွင့်လွှတ် လက်ခံထားတာ ကျွန်တော် သစ္စာ ဖောက်တာမှ မဟုတ်တာ...”
“နင့်ကို ငါ ပြောခဲ့တယ်...ငါ့ နှလုံးသားကို မကစားဖို့...နင် ငါ့ကို ချစ်တယ်လို့ လိမ်တယ်.. ဟန်ဆောင် လက်ထပ်ဖို့ ကြိုးစားတယ်..လိုချင်တာ ရတော့ ငါ့ကို ထားခဲ့ပြီး ပြေးတယ်လေ...”
“မဟုတ်ဘူး...လုံး၀ မဟုတ်ဘူး... မ ကို ချစ်တယ်ပြောခဲ့တာ တကယ်ချစ်လို့ ပြောခဲ့တာ...
မ ကို လက်ထပ်ချင်တယ် ပြောခဲ့တာလည်း တကယ် တာ၀န်ယူချင်လို့ ပြောခဲ့တာပါ... မ ကိုထားခဲ့ရတာ မ လုံခြုံရေး အတွက်...
မ ပြန်စဉ်းစားကြည့်ပေးပါ.... မောင့်လို့ အဆင့်အတန်းနဲ့ လူ တစ်ယောက်က ချစ်တယ် ဆိုတာ လွယ်လွယ်ပြောရင်တောင် မချစ်ပဲ ပစ္စည်း အသေးအမွှား တစ်ခု အတွက် ဥပဒေ ကြောင်း အရ လက်ထပ်ပြဖို့ လိုအပ်လား..သက်သေတွေ ဖြစ်လာမှာ သိရဲ့သားနဲ့ တရားရုံး အထိ ခေါ်သွားပါ့မလား...မ ကို ပေးခဲ့တဲ့ ကွာရှင်းစာချူပ်ကကော...မ အတွက် တကယ်လိုအပ်လို့ ပေးခဲ့တာ..မ ကို ဒီနေရာက ခဏရှောင်နေပါ ဆို မ လွယ်လွယ် သွားမှာ မဟုတ်ဘူး..မောင့် ကို မုန်းတဲ့ စိတ်ကြောင့် မ ကလော မှာ သွားနေနိုင်တာ ဟုတ်တယ်မလား...လုံး၀ မပတ်သက်ချင်တဲ့ သူ တစ်ယောက်ဆို အိမ်ကိုရောက်လာကတည်းက ကျွန်တော့်ရှေ့နေ နဲ့ ရှင်းပစ်လို့ရတယ်...ဒါပေမဲ့ မောင် က မ ကို လိုအပ်တယ်...မ ကို ချစ်တယ်...မ နဲ့ပဲ နေချင်တယ်...မ နဲ့ မခွဲနိုင်ဘူး...မရယ်...တလောက လုံးနဲ့ အတိုက်အခံ လုပ်ပြီး မ ကို အနားမှာ ဆွဲထားရတာ မ သိပါတယ်....ဒါတောင် ဘာလို့ မောင့် ကို ခါးခါးသီးသီး မုန်းတီးချင်နေတာလည်း မရယ်...ဟင်..ပြောစမ်းပါ...”
“မသိဘူး...မုန်းတယ်...
သေအောင် မုန်းတယ်... သတ်ပစ်ချင်လောက်အောင် မုန်း....ဟင်..”
သစ် ပခုံးပေါ် က လက်တွေ လျောကျပြီး ထိုင်ကျသွားတော့ သစ် ဒေါသ တွေ အငွေ့ပျံ ပျောက်ခါ သူ့ ကို မျက်လုံးပြူးဖြင့် ကြည့်နေမိသည်..။
“....”
“နင်..နင်...ဆေး မသောက်ဘူးလား..”
“ကောင်းနေတော့...”
“ဟာ...”
သစ် ရေချိုးခန်းထဲက အမြန်ထွက်ပြီး ကုတင် အောက် က ဆေးဘုံးထဲမှာ သူ့ ဆေးဘူးကို မွေရှာနေမိသည်...။
“ဒါလား....မဟုတ်သေးပါဘူး...လိမ္မော်ရောင်လား...”
သစ် တံဆိပ်တူတဲ့ ပုလင်း နှစ်ခု စလုံးကို ကောက်ကိုင်ခါ ရေချိုးခန်းထဲ ပြန်ပြေး ၀င်လာခဲ့သည်..။
“အင့် ဘယ်ဟာလည်း မသိဘူး “
ပုလင်း နှစ်လုံး စလုံးကို ယူ ခါ သူ့ဘေးက ကြမ်းပြင်ပေါ် ချလိုက်သည်..။
သူ့ ရှေ့မှာ ဒူးထောက်ထိုင်နေတဲ့ သစ် မေးဖျားကို လက်နဲ့ ဆွဲယူချိန် မထင်ထားပဲ..သစ် နှုတ်ခမ်းနွေးသွားရသည်...။
“နင်..”
သစ် ဆောင့်တွန်းလိုက်လို့ နောက်ကို လွင့်ကျသွားပေမဲ့ ပါးချိုင့်ပေါ်အောင် ပြုံးနေတာ သူ နိုင်သွားသလို...။
“မပြုံးနဲ့ နင် နိုင်သလို မပြုံးနဲ့....ငါ မရှုံးချင်ဘူး...အဟင့်..ဟီး...”
သူ့ လည်တိုင် ဖြူဖြူက တစ်ဆင့် အင်္ကျီ ကော်လံမှာပါ သွေးစတွေ စီးကျလောက်အောင် များနေတော့ သစ်ရင်ထဲ စို့နစ်သွားသည်..။
ကိုယ့်နှလုံးသား သူ့ဆီမှာ ကျဆုံးသွားပြီဆိုတာ သေချာသွားတော့ သစ် စိတ်တင်းထားသမျှ မျက်ရည်တွေ အဖြစ် အသွင်ပြောင်းသွားသည်..။
“မငို ပါနဲ့...မရယ်...မောင် တောင်းပန်ပါတယ်...မ မရှုံးခဲ့ပါဘူး...မောင့် နှလုံးသားက မ ဆီမှာပါ မ သာ မောင်ကို အနိုင်ယူနိုင်တာပါ...မောင့် ကို စိတ်ဆိုးရင် ရိုက်ပါ မငိုပါနဲ့နော်...စိတ်ရှိသလို ရိုက်လိုက်...”
သစ် လက်ကို ဆွဲယူပြီး ပါးပေါ် တင်ပေးနေပေမဲ့ ကြမ်းပြင်ကို အကြည့်ဆိုက်ပြီး မျက်ရည်တွေ မစဲနိုင်အောင် ဖြစ်နေသည်..။
“မ မျက်ရည် မကျပါနဲ့ ..ကျွန်တော် ခေါင်းပြန်ကိုက်လိမ့်မယ်..”
“အင်..”
“တကယ်ပြောတာ..မ မျက်ရည်ကျတဲ့ အချိန် မောင့် နှလုံးသားထဲ အထိ နာကျင်ရတယ်..အဲ့နေ့ညက မ ငိုနေတာ တွေ့ပြီး မောင် တကယ် မခံစားနိုင်ဘူး..မောင့်ကို ဝေဒနာတွေ ပေးနိုင်တာ မ မျက်ရည်တွေပဲ မရယ်..”
သစ် ပါးပေါ်က မျက်ရည်တွေကို အားမပါတဲ့ လက်နဲ့ တို့ထိ သုတ်ပေးနေတော့ သူ့လက်ကို ပုတ်ချပစ်လိုက်သည်..။
“လာ အေးနေပြီ...”
သစ် ပခုံးကို ဖက်ပြီး ဆွဲထူလိုက်တော့ အလိုက်သင့် ထလိုက်ပေမဲ့ မျက်နှာထားတော့ တည်ထားလိုက်သည်..။
“ကြည့်စမ်း...အကုန်လုံး သောင်းကျန်းထားတာ....မင်္ဂလာဦးည အတွက် ပြင်ဆင်ထားတဲ့ ကြည်နူးစရာလေး ကို ဖျက်စီးပစ်တယ်...”
“လူကိုပါ သတ်ချင်နေတာ...”
“ကြောက်စရာ ကောင်းလိုက်တာ...နေပါအုံး...မ တွေ ကို ချစ်ရင် ချွဲလို့ ရတယ်..စိတ်ကောက်လို့ ရတယ်..ဆိုးလို့ရတယ်ဆို...အခုတော့ မောင် မဆိုးရပဲ မ က ချည်း ဆိုးနေပါလား..ဟင်...”
သတို့သမီး ဂါ၀န်နဲ့ ပြဲစုတ်နေတဲ့ ဇာပုဝါ ၊ကြွေပျက်နေတဲ့ မင်္ဂလာ ပန်းစည်း၊ ကြမ်းပြင်ပေါ်မှာ ကြဲပြီး ပွနေတဲ့ နှင်းဆီ ပွင့်ဖက်တွေ ဒီကြားထဲ သတို့သား လည်းပင်းမှာပါ သွေးကစို့နေသေးတာ ဘယ်လို မင်္ဂလာဦးည ပါလိမ့်...။
ဗီဂါ အပြုံး နဲ့ အတူ မ ကိုယ်လေး ကို ဆွေ့ကနဲ့ ပွေ့ချီလိုက်သည်..။
“ဟဲ့..”
“ငြိမ်ငြိမ်နေတော့နော်...ဆိုးတော့မယ်..”
သစ် ကိုယ်လေးကို ကုတင်ပေါ် ဖြည်းဖြည်း ချပြီး နဖူးကို အနမ်းခြွေလိုက်တော့ သစ် ရင်ခုန်ခြင်းနဲ့ အတူ ကျောပေးပစ်လိုက်သည်..။
သူ က အပေါ်ကုတ်ကို ချွတ်ပြီး ကုတင်ခြေရင်း ကို ပစ်လိုက်ခါ သူများနောက်မှာ အတင်းတိုးကပ်အိပ်သည်..။
“မ လည်း မောင့် ကိုချစ်နေသေးတယ် မလား..”
“လုံး၀ မချစ်ဘူး..”
“သေချာလို့လား...”
“အခုချိန်ထိ ပြန်တွေးရင် လူသတ်ချင်နေတယ်...”
“ဒါ အချစ်ကြီးလို့ အမျက်ကြီးတယ်လို့ သတ်မှတ်ရမှာပေါ့လေ...”
“သေလေ...”
‘မသေနိုင်ပါဘူး..ခုမှ မိန်းမ ရတာ....”
သစ့် ခါးလေးကိုဆွဲဖက်လိုက်တော့ လူက စိတ်တွေ လှုပ်ရှားပြီး ထထိုင်မိခါ မနေတက်လို့ မတ်တတ်ပါ ရပ်လိုက်ရသည်..။
“ဘာဖြစ်လို့လည်း...”
“ငါ ဆိုဖာမှာပဲ အိပ်မယ်...”
“မရပါဘူး..”
သူကလည်း ကုတင်ပေါ် က ထလာပြီး သစ်အနားကို လျှောက်လာတော့ သစ် အခန်းပြင် ထွက်ဖို့ တံခါးဆီ ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်..။
“ဟိတ်...ဘယ်ပြေးမလို့လည်း..”
သစ် ကို နောက်ကနေ ခါး ဆွဲဖက်ပြီး ကုတင်အနားရောက်အောင် ပြန်ခေါ်လာပြန်ပြီ...။
ဒီညကျမှ ဒီကုတင် က သစ် အတွက် ပင့်ကူတွေထက် ပိုပြီး ကြောက်စရာ ကောင်းနေသလိုပင်..။
“ချစ်တယ်..မလည်း..ချစ်တယ်မလားလို့..”
နောက်မှာနေပြီး အကောင်းမနေပဲ လည်ဂုတ်နေရာက နွေးကနဲ့ ဖြစ်သွားတော့ သစ်လက်ကလည်း အလိုအလျောက်...။
“အ...အ...အား...သေပြီ..”
“ဟင်...ဆောရီး...ဆောရီး”
သစ် ကုတင်ပေါ် အပြေးအလွှားရောက်သွားပြီး ဘာဖြစ်ကုန်ပြီလည်း တစ်ကိုယ်လုံး လိုက်ကြည့်မိသည်..။
တော်ပါသေးရဲ့ ဟိုတစ်ခါလို ကြမ်းပြင်ပေါ်သာဆို တကယ်ကျိုးမှာ...။
“မရယ်...ကိုယ့် ယောင်္ကျားက လည်ဂုတ်ကလေး နမ်းမိတာကို ကိုင်ပေါက်စရာလားလို့...”
“နောက်က မလုပ်နဲ့ ငါ့ ကို နင် သစ္စာဖောက်သွားတာ သတိရပြီး လက်က သူ့ အလိုလို ဖြစ်သွားတာ..”
“သြေ်ာ..သြော်...သိပြီ..ရှေ့က ရတယ်ပေါ့...”
‘ဟင်..”
သစ် စကားကို ပြန်စဉ်းစားနေစဉ် သူက သစ် လက်ကို ဆောင့်ဆွဲ ချလိုက်တော့ သူ့ရင်ခွင်ထဲ ပြိုကျသွားရသည်...။
နှုတ်ခမ်း နေရာ နွေးကနဲ့ ခံစားရတော့ ဘာကြောင့်မှန်း မသိ ဒေါသထွက်ချင် လာပြန်ပြီ..။
“မ... မောင့်ကို ချစ်သေးလား..”
“မချစ်ပါဘူးဆို...”
“ဟုတ်လား...ဒါနဲ့ တစ်ငါးလေးသုံးက ဘာအဓိပ္ပာယ်လည်း ဟင်...”
“ဟမ်...ဘာလည်း..”
“မဟုတ်ဘူးလေ မ တစ်ခါ ပြောဖူးတယ်မလား 143 ဆို I Love You ဆိုတော့ မ များသိမလားလို့ပါ..
စင်တာ မှာ ကောင်တာ တစ်ခုက အဲ့ နာမည်ကြီး ပေးထားလို့ “
“သြော်..”
မလုံမလဲ နဲ့ တွန့်တက်နေတဲ့ မျက်ခုံးလေး ပြေကျသွားတော့ ဗီဂါ မသိချင်ယောင်ဆောင်ပြီး ဆက်နားထောင်နေမိသည်..။
“1543 အင်္ဂလိပ် နံပါတ်မလား...”
"အင်း..”
“I Still Love You လေ...”
“အဓိပ္ပာယ်က...”
“ငါ နင့်ကို ချစ်နေတုန်းပဲ...”
“အိုး..တကယ်လား ပျော်လိုက်တာ....”
ဗီဂါ လက်နှစ်ဖက် နဲ့ သိုင်းပြီး ဖက်လိုက်ခါ ပါးကို နှာဖျား နစ်သွားအောင် နမ်း ပစ်လိုက်တော့ မျက်လုံးလေး ပြူးနေပြီ..။
“နင့်ကို ပြောတာ မဟုတ်ဘူး..”
“ဒါဆို ဒါ ဘာလည်း..”
သစ် ကျောကို လက်ညိုးနဲ့ ထောက်ြ့ပီး ပြောလိုက်တော့ မလုံမလဲဖြင့် နှုတ်ခမ်းစူမိသည်..။
“သူများလေး...အသားနာခံပြီး တက်တူးထိုးထားတာ မောင့် အတွက် ဆိုတာ သိတော့ ပိုချစ်ရတယ် သူများရယ်..”
“ဟ...ဒါ..နင် ခိုးကြည့်..”
‘နိုး...နိုး....မ ကိုယ်တိုင် ပြတာလေ...”
“ဘယ်တုန်းကလည်း..”
“ဟောဗျာ...ဇစ်ဆွဲခိုင်းတယ် မလား..”
“သြော်...”
“အရမ်းချစ်တယ် မရယ်..”
“တော်စမ်းပါ အလိမ်အညာ တွေ..”
“ဟာ ..သပ်သပ် စော်ကားတာပဲ အရင်ကတည်းက ချစ်ခဲ့တာပါ လို့ပြောပြီးပြီလေ..မရယ်..”
“ယုံစရာလား.. နင့်လို သဌေးသားချောချောငယ်ငယ် က ငါ့လို အသက်ကြီးကြီး တလွဲလုပ်တက်သူကို ချစ်မိသွားတယ် အဟက်..ဘယ်အရာကို ကြည့်ပြီးများ ချစ်မိသွားတာလည်း ပြောပါအုံး... ”
“မလှောင်ပါနဲ့..အချစ်စစ်မှာ အကြောင်းပြချက်ဆိုတာ မရှိဘူး ချစ်ချင်လို့ကို ချစ်မိသွားတာ..”
“သြော်...မှတ်ထားပါ့မယ်..”
“မောင့် ကိုချစ်လား...”
“မသိဘူး..”
“မသိအုံး...”
သစ် နှုတ်ခမ်း ကို အချိန်ကြာတဲ့ အထိ နမ်း ရှိုက်နေတော့ သူ့ ရင်ဘတ်ကို တွန်းပစ်လိုက်သည်..။
“ငါက ..ဘုန်းမင်း ကိုပဲ ချစ်တာ...”
“ဟာ..အဲဒီ့ နာမည် ကြီး မေ့လိုက်ပါတော့ မ ရယ်...ကျွန်တော့် မှာ လူယုံကိုလည်း လိုက် သ၀န်တိုနေရတာ မဟုတ်သေးပါဘူး...”
“မေ့လို့မရဘူး နင့် ကို စတွေ့ကတည်းက ဘုန်းမင်းဆိုတဲ့ နာမည် နဲ့ တွဲမှတ်ထားတာ..ငါ့ စိတ်ထဲ ဘုန်းမင်းက စွဲနေပြီ...”
“ဘာ...ဒါဆို ဟိုကောင့် ကို နာမည် ပြောင်းပစ်မယ်..”
“ကောင်းတယ်..”
သစ် ထောက်ခံ ပြီး သူ့ ရင်ဘတ် ကို တွန်းခါ အိပ်နေရာက ထလိုက်တော့ လိုက်ထ လာပြန်ပြီ..။
ဘယ်လိုဖြစ်ပြီး သူများအနားချည်း လိုက်ကပ်နေတာလည်း မသိ..။
“သူက ပုတော့ ရှော့ နဲ့ ဆင် တဲ့ ဂျော့ လို့ ပေးလိုက်မယ်...”
“မပေးတော့ဘူး..နေပါအုံး..မ ကက နာမည်တောင် ကြိုစဉ်းစား ထားတာလား...”
“ဟမ်..”
သူ့ ကို ကြည့်လိုက်တော့ မျက်နှာ စူပုတ်ပုတ် နဲ့ သ၀န် တိုလွန်းလို့ ရုပ်ပါ ဆိုးနေပြီ...။
“ငါတို့က ဘယ်လိုမှ မနေဘူး...နင်နဲ့ မာရီနာ ကျတော့ရော..အိမ်ရှေ့ခန်း မရှောင် အနမ်း ဖလှယ်နေတာလေ..”
“ဟာ...ဘယ်ကောင် ပြောတာလည်း...ဒါ အိမ်က တစ်ယောက်ယောက် ပြောတာ...ဘုန်းမင်းလား..ကျော်နိုင်လား...”
ပြူးတူးပျာတာ နဲ့ ဟိုလူ့ မဲ ဒီလူ့ ပြသာနာရှာ ချင်နေတဲ့ သူ့ ကို မျက်စောင်းထိုး ပစ်လိုက်ပြီး..
“ဟုတ်နေတာပဲလေ..”
“ဒါ က သူတို့ ယဉ်ကျေးမှုပဲလေ... လူတွေ့တာနဲ့ နှုတ်ခမ်းနမ်းရမှ ယဉ်ကျေးတာ..”
“ငါလည်း ဒီယဉ်ကျေးမှု သင်ထားအုံးမယ်..”
“မ နော်...”
သစ် ပေါင်ပေါ် လဲချပြီး အောက်ကနေ မော့ကြည့်နေတော့ မနေတက် ဖြစ်ရပြန်ပြီ...။
“မ က အရမ်း ချစ်ဖို့ကောင်းတာပဲ မောင် တစ်ခါတစ်လေ မ အရင်ကောင် ဆန်း ဘာဆိုလား သူ့ကို ကျေးဇူးတင်တယ်..သူသာ မ ကို ထားမသွားရင် အဖိုးတန် သစ်ရွက်ကလေးကို ဘယ်တွေ့ရမလည်းနော်....မ ကော သူ့ကို ကျေးဇူးတင်လား...ဟာ မတင်နဲ့ လုံးဝ ခေါင်းထဲတောင် သူ့အကြောင်းမထည့်ရဘူးနော်..”
သူများ ပေါင်ပေါ်အိပ်ပြီး
သူ့ဟာသူ ပြောရင်းဆိုရင်း အမျိုးမျိုး ပြောင်းနေသည့် မျက်နှာကြောင့် သစ် စကားရှာရတော့သည်။
“ဧည့်ခန်းထဲမှာ ပန်းချီကား တွေ့တယ်..”
“ဟင်..ခုမှ တွေ့တာလား... တပ်ထားကြာလှပြီ...သြော်... မူရင်း က ဒီမှာ..”
သူ့ ခေါင်းရင်း မီးအိမ် အောက်ကို လက်လှမ်း နှိုက်ပြီး ဆွဲထုတ်လာတာ ဓာတ်ပုံ တစ်ခု...
သစ် လက်ထဲ ထိုးထည့်ပေးတော့ လက်မှတ်ထိုးတဲ့နေ့က ရိုက်ထားတာ သိသာသည်...။
“အိုး...မ ပါးမှာ ၀က်ခြံ မပေါက်ဘူးလား..”
“ပေါက်တာပေါ့...”
“ဘယ်ဘက်မှာ ပိုပေါက်တယ်မလား...”
“ဟင်..ဟုတ်လား..”
သစ် ယောင်ပြီး ဘယ်ဘက်ပါးကို လက်ဝါးနဲ့လိုက်စမ်း ကြည့်လိုက်တော့ လက်ကိုဆွဲယူပြီး နှုတ်ခမ်းကပ် နမ်းပြန်သည်..။
“ဟိ..မောင် ည တိုင်း ခိုးနမ်းတာကိုး ဓာတ်ပုံကို ပြောပါတယ်...လူကတော့...နှုတ်ခမ်းကို မနမ်းပါဘူး..”
“ကြည့်စမ်း...နင် ငါ အိပ်ပျော်နေတာကို...”
“သူခိုးအကျင့်က မကောင်းဘူး စွဲတယ် သိလား.. မ က ချစ်ဖို့ကောင်းတော့ နေ့တိုင်းပဲ....”
“ဖြန်း...”
“အား...သေပြီ...မ..နော်... လက်ပါတာ များလာပြီ..”
ပခုံးကို လက်နဲ့ ဖိပြီး ပွတ်ရင်း ရန်စောင်သလို ကြည့်နေတော့ သစ် မေးပင့် ပြီး မကြောက်ချင်ယောင် ဆောင် နေလိုက်သည်..။
“ကြီးကြီး နဲ့ တိုင်မယ်..”
“အဲဒါကို ပို အမြင်ကပ်တာ..”
“ဟား..ဟား...မ က ဘက်စုံတော်နေပြီး ဘာကိုမှ မကြောက်တက်တော့ မ ရဲ့ အားနည်းချက် ကြီးကြီး ကိုပဲ တိုင်ရတာပေါ့...”
“မ ဒီ တီရှပ် အစုတ်ကြီးပဲလား...ဟို အ၀တ်ခန်း က မ အတွက် မောင် ၀ယ်ထားတာတွေပါ...မာရီနာ အတွက် မဟုတ်ပါဘူး..”
“သိတယ်...”
“သိရင် ၀တ်ပေါ့ မရယ်...နောက်နေ့ အဲအခန်းထဲက ၀တ်နော်....နောင်မှဆိုရင်၀တ်မရပဲ နေလိမ့်မယ်..”
“ဘာဆိုင်လို့...”
“ဒီဇိုင်းအသစ်တွေ ထပ်၀ယ်ဖို့ ဆို ဒါတွေ အကုန် ပစ်လိုက်မှာ..”
“ဟ..”
သစ် ရဲ့ အံသြနေတဲ့ မျက်နှာကို မော့ကြည့်ပြီး ခါး ကို လက်နှစ်ဖက်နဲ့ ကျစ်နေအောင် ဖက်ခါ မျက်လုံးစုံမှိတ်ထားတာ ကလေး လည်း မဟုတ်ပါပဲ..။
“အိုး...မ လေ့ကျင့်ခန်းလုပ်လား..”
“မလုပ်ဘူး..”
“ခါးက ဘာလို့ ဒီလောက်သေးနေတာလည်း...ပိန်နေလို့လား..”
“ငါ့ ကိုယ်လုံး က လေ့ကျင့်ခန်း လုပ်စရာမလိုပဲ တအားလှလွန်းလို့ အကျီ င်္တောင် အပွတွေချည်း ၀တ်နေရတာ..”
“အဟက်....ဆက်စီ ငဖောင်ရိုး..”
“ပိတ်ထိုးလိုက်မှာနော်...”
“လုပ်လေ.....အလျော်အစား က ဘာလည်း သိတယ်မလား..”
မျက်ခုံးပင့် ပြောတော့ ပေါင်ပေါ်က သူ့ခေါင်းကို တွန်းချ ပစ်လိုက်သည်။
ကုတင်ပေါ်ကဆင်းခါ.. သတိုးသမီးဂါ၀န်ကြီးကို အဝတ်ခန်းမှာ သွားထားလိုက်ပြီး အခန်းသန့်ရှင်းရေး လုပ်ဖို့ စဉ်းစားရသည်..။
“မ ..မောင် တို့ သဘက်ခါ စင်ကာပူ သွားရမယ်နော်...”
အ၀တ်လဲခန်းထဲက ည၀တ် အင်္ကျီ င်္ ကြယ်သီးတပ်ရင်း ပြောနေတော့ သစ် နှင်းဆီ ပွင့်ဖက်တွေကို အမှိုက်ခြင်းထဲ ထည့်ပြီး သူ့ အနားလျှောက်သွား လိုက်မိသည်..။
လက်တွေက အကျင့်ပါပြီး သူ့ လက်ကို ပုတ်ဖယ်ခါ ကိုယ်တိုင် ကြယ်သီးတပ် ပေးနေမိသည်..။
“ဘာလို့သွားရမှာလည်း..”
“ဟောဗျာ...ဝဲလ်ဒင် အတွက်လေ...ပြီးရင် ဟန်နီးမွန်း ခရီးလည်း ဆက်သွားရအုံးမယ်...မ က ပင်လယ်ကြိုက်တယ်မလား..”
“မောင့် ဒက်ဒီ စီစဉ် ထားတာပဲမလား...ပြောင်းလို့ မကောင်းပါဘူး..အဲ့ အတိုင်းပဲ သွားလိုက်မယ်လေ..”
“မောင်...မောင်လို့ ခေါ်လိုက်သလား လို့...ဟုတ်တယ်မလား... နားကြားမှားတာများလား..”
သူ့ နားကို လက်ကာ ပြီး ခါးညွတ်ပြောနေတော့ သစ် မျက်စောင်းထိုးပြီး နားရွက်ပါလိမ်ပစ်လိုက်သည်...။
“အိပ်တော့မယ်...နင် လည်း အိပ် ခေါင်းကိုက်လိမ့်မယ်..”
အလိုမကျစွာ မျက်မှောင်ကြုတ်ပြီး လူကို ဆိုက်ကြည့်နေတော့ ကျောခိုင်းပြီး ပြုံးစေ့စေ့ဖြင့် ဆိုဖာ ဆီ လျှောက်သွားလိုက်သည်..။
“မ မချော့ရင် မောင် တကယ် မအိပ်ဘူးနော်..”
“ငါ ဘာလုပ်လို့လည်း...”
“အဲတာကို မကြိုက်တာ..”
သစ် သိရဲ့ နဲ့ တမင် ဆိုဖာပေါ် လဲချအိပ်ခါ ကျောပေး ထားလိုက်သည်...။
“..တကယ် မအိပ်ဘူးနော်..”
“....”
“မ....သူများ.....ဒေါ် သစ်ရွက်..အား...တကယ် မအိပ်ဘူး...ခေါင်း ကိုက်လာပြီ..”
ဗီဂါ ကလေး တစ်ယောက်လို ခြေဆောင့်ပြီး အော်လိုက်ပေမဲ့ တကယ်ကို မလှုပ်မယှက်
“ဟ...ဘာလုပ်တာလည်း..”
ဆိုဖာ က ပွေ့ချီပြီး ကုတင်ပေါ် ပြန်တင်နေရတာ ဒါနဲ့ ဆို ဘယ်နှစ်ခေါက် မြောက်နေပြီလည်း...။
“မောင့် ရင်ခွင်က ပိုနွေးတယ်...ဒီမှာပဲ အိပ်နော်..”
“အမလေး..အခုမှပါနော်...သူများကို ကုတင်ပေါ် လာအိပ်လို့ မောင်းချတာ ဘယ်သူလည်း..”
“မောင်ပဲလေ...”
“အခု မအိပ်နိုင်ဘူး..”
“မ က ရွဲ့တက်တာ သိလို့ လာမအိပ်နဲ့ ပြောတာ လာမအိပ်နဲ့ဆို လာအိပ်တယ်..မထိနဲ့ဆို ရင်ဘတ်ထဲတိုးအိပ်မယ်..ပါးကို နမ်းတာ မကြိုက်ပါဘူးဆို မနက်တိုင်းနမ်းတယ် မလား..ဟား..ဟား...”
“လိမ်တာ..”
“ဟား..ဟား...”
“ပြန်ပေး..”
ဗီဂါ့ ပါးကို လက်နဲ့ ဆွဲခါ ပြန်ပေးခိုင်းနေတဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ချစ်စိတ်အပြည့်နဲ့ မ မျက်နှာကို ငေးကြည့်နေမိသည်..။
“မ ကို ဘယ်အချိန် ကတည်းက ချစ်မိသွားလည်း မသိဘူး..လူကို လူဆိုးသူခိုးထင်ပေမဲ့ ကွေကာအုပ်လည်း ဖျော်တိုက်တယ် ....ညပိုင်း လည်း အိပ်ပျော်နေတဲ့ သူစိမ်းကောင်လေးကို ခဏခဏ နှာဖူး လာစမ်းကြည့်တယ်.. အဲတုန်းကလား..မဟုတ်မှ...ဂါ၀န်တွေ ၀တ်ပြီး ပဲပေးတုန်းကလား... အဲ..သနပ်ခါးတွေ လိမ်းပြတုန်းကလား...”
“ဗီဂါ..”
“မောင်ခေါ်ပါ..”
“ကဲမောင်...အိပ်တော့ ည နှစ်နာရီ ဖြစ်တော့မယ်...”
“အင်း..လာ..”
ခါးသေးသေးကို ဆွဲယူလိုက်ပြီး ကိုယ်လုံးလေးကို ရင်ခွင်ထဲ မြုပ်နေအောင်ဖက်ခါ မျက်လုံးစုံမှိတ်လိုက်သည်..။
လည်ပင်းနေရာက နာတာ သတိရတော့ ပြုံးမိရင်း..
“မ...မနက် နှိုးရင်လေ...ပါးကိုပဲ နမ်းနော်..”
“ဟမ်...”
“သြော်...မောင်တို့က တစ်ယောက်နဲ့ တစ်ယောက်လည်း ချစ်တာ သိနေပြီ..လက်ထပ်ပြီးသား ဆိုတော့ အဆင့်တွေ ကျော်ပြီး နှုတ်ခမ်းကို နမ်း မနှိုးနဲ့နော်....ကျွန်တော် မကြိုက်ဘူး..”
“အပို..”
“တကယ်.....
မကြိုက်တာထက် ဘယ်လိုပြောရမလည်း.. ခံစားလို့မရတာ..မ က အိပ်ယာ၀င်လည်း သွားတိုက်တာ မဟုတ်ဘူး..မျက်နှာတောင် နှစ်ရက်တစ်ခါ ပေါင်းသစ်တာ..ပြီးတော့ အိပ်ရင်လည်း သွားရေတွေက ကျတယ်..”
“မဟုတ်တာ...”
“အဟုတ်...မောင် ကိုယ်တိုင်တွေ့တာ...အဲတော့ လုံး၀ မလုပ်နဲ့နော်...မနက်စောစော ခေါင်းကိုက်လိမ့်မယ်..”
“လုပ်မှာပဲ..”
“မ..နော်....အဲလိုဆို...မောင် ဆိုဖာ မှာ သွားအိပ်မယ်..”
ဗီဂါ လက်ထောက် ပြီး ထလိုက်တော့ အကျီ င်္ စ ကို ဆွဲချခါ ရင်ခွင်ထဲ ပိုတိုး၀င်လာသည်..။
မ ခေါင်းပေါ်မေးတင်ထားရင်း သဘောကျစွာ ပြုံးမိသည်..။
မနက်ဖြန်တိုင်းရဲ့ မနက်ခင်းတိုင်းမှာ မ ရဲ့ အနမ်းတွေကို ဟန်ဆောင် လိမ်ညာ အပိုင်သိမ်းပြမယ်...။
ဒါ မင်္ဂလာဦးညမှာ သတို့သား အသက် ကို ခြိမ်းခြောက်ခဲ့တဲ့ မ အတွက် မောင့်ရဲ့ ကလဲ့စားပဲ...။
“မနက် ကျ မနမ်းနဲ့နော်...ပါးပဲ..”
“အမ်းပါ...မနမ်းစေချင်ရင်တော့ သူများ မနှိုးခင်ထပေါ့လေ...”
“အိ်ုကေ...အလမ်းပေး အိပ်မယ်..”
သူ့ဖုန်းကို အသံ အမျိုးမျိုးချိန်ပြီး နာရီ တွက်နေတာကို သူ့ ရင်ခွင်ထဲကနေ နားစွင့် ကြည့်မိသည်..။
လိမ်တာလေ....
လ်ိမ်ညာနေတာသိရဲ့ နဲ့ ကျေနပ်စွာ အလိမ်ခံနေတာ သိပ်ချစ်လို့ သိရဲ့လား ကောင်စုတ်လေးရဲ့...။
အဲ မောင်ရဲ့...။
သစ် စိတ်ကူးထဲက အတွေးစကားတွေနဲ့ အတူ ကျေနပ်စွာပြုံးရင်း သူ့ ရင်ခွင်ထဲကို ပိုတိုးလို့ ၀င်မိသည်..။
သူများဆံပင်တွေကို မွှေလိုက် နမ်းလိုက် ဖွလိုက် နဲ့
အငြိမ်မနေတက်တဲ့ သူ့လက် ငြိမ်သွားတော့မှ မော့ကြည့်လိုက်တော့ မျက်တောင်ရှည်တွေ ဖိကပ်ပြီး အိပ်ပျော်နေပြီ..။
မနက်ဖြန်တိုင်းမှာ ချစ်ရသူရဲ့ အနမ်း တစ်ပွင့်နဲ့ အတူ နိုးထချင် တယ်ဆို
သူများ မှားနေလားဟင်..။
သူ့ရင်ဘတ်နာနေမှာ စိုးလို့ လက်ကို ပြန်ရုတ်ပြီး နောက်ဆုတ်ခါ ခပ်ချောချော မျက်နှာကို ငေးကြည့် နေမိသည်...။
လည်တိုင်ဖြူဖြူဆီ အကြည့်ရောက်တော့ ရင်ဘတ်ထဲက နာကျင်ရသည်။
ကုတင်ဘေး အံဆွဲ က ဆေးသေတ္တာ ထုတ်ပြီး သွေးစို့နေတာကို သုတ်ခါ ပလတ်စတာ အသေးလေး ကပ်ပေးလိုက်သည်။
တစ်ခုခု ဖြစ်မှာစိုးလို့ ဖွဖွလေး ထောက်တာတောင် သွေးစို့ရတယ်လို့...နု လိုက်တာ..။
သူ့ ဒဏ်ရာ သေးသေးလေးကို တစ် ရှိုက်ခိုးနမ်းရင်း မလုံမလဲ ပြုံးမိသည်။
သူများ တော့ အရင်ထက် ပိုချစ်မိပြန်ပြီ မောင်ရယ်...။
ဒီ တစ်ခါ လှည့်စားလို့ ကတော့ တကယ်သတ်မှာ သိရဲ့လား...။
အချစ်ကြီးလို့ အမျက်ကြီး တက်သူကို မောင် ထာဝရ ချစ်နိုင်မှာလား ဟင်...။
သူ့ မျက်လုံးတွေ ရုတ်တရပ် ပွင့်လာတော့ သစ် မျက်လုံးတွေ စုံမှိတ်ပစ်လိုက်သည်။
သူ့အနမ်း တစ်ပွင့်ရဲ့ နွေးထွေးချိုမြိန်ခြင်းနဲ့ အတူ နှလုံးခုန်နှုန်းတွေ မြန်လာရသည်။
မောင့်ကို မုန်းချင်ခဲ့ပေမဲ့ မောင့်အနားကို ရောက်တိုင်း ရင်ခုန်နေရသူပါ မောင်ရယ်...။[* ပြီးပါပြီ *]
☆✼★━━━━━━━━━━━━★✼☆。
1543 I Still Love You 😘
ရင်ခုန်နေဆဲ လို့ ပေးလည်း ရရဲ့သားနဲ့ 1543 တဲ့
ဒီ နာမည် ဘာလို့ ပေးမိမှန်းတောင်မသိဘူးရယ်..
စပိုက်ကာတို့ လုပ်လိုက်သမျှတကယ့်တလွဲ ဟူး...😭😭😭😭အဟမ်း..😁
ဇာတ်သိမ်းမကောင်းရင် ခွင့်လွှတ်ပါ နော်ဇာတ်မသိမ်းတက်လို့ပါ ကွယ်..😭
အခုဆိုရင်ဖြင့် ဒေါ်သစ်ရွက် နဲ့ ဗီဂါဘုန်းမင်း ဇာတ်လမ်းလေး တစ်ခန်းရပ်ပါပြီလို့...😍
အခုလိုပြီးတဲ့အထိ ရေးနိုင်တာ စာဖတ်သူရဲ့ မမြင်ရတဲ့ တွန်းအားတွေကြောင့်ပါနော်..
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်..❤
ဒေါ်သစ်ရွက်နဲ့ အတူ ကွန့်မန့်လေးတွေ ကို လွမ်းနေရတော့မယ်..
😭Like တွေ ကွန့်မန့် တွေကတစ်ဆင့် အားဖြစ်လို့ ကျေးဇူးကြီးကြီးနော် ❤
မနက် ကိုးနာရီ မျှော်နေပေးတဲ့ သူလေးတွေကိုလည်း ကျေးဇူးပါ 😙
Like com မပေးဖြစ်လည်း ဖတ်ပေးခဲ့တဲ့ စာဖတ်သူလေးတွေ ကိုလည်း ကျေးဇူးအထူးထူးပါ ❤💪📖
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး အစအဆုံး စောင့် ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

YOU ARE READING
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...