Part 5

3.5K 184 1
                                    

1543
အပိုင်း (၅)
#1543

“ဟယ်..ဒီ က စကပ် နဲ့ အကျီ င်္ က ဘယ်ရောက်သွားပြန်သလည်း..”
တနင်္ဂနွေ ဆို အ၀တ်တွေ စုပြီး တစ်ရက်တည်းလျှော်ရတာမို့ ကုတင်အောက်ဘက် ခြင်းကို ဆွဲထုတ်တာ ဘာမှ ကို မတွေ့...။
“မဟုတ်သေးပါဘူး..”
ဘီဒို ထဲ ပြန်ရှာတော့လည်း မတွေ့ဆိုတော့  ဘယ်ရောက်သွားပါလိမ့်...
ကြီးကြီးကတော့ အခန်းထဲတောင် သိပ်၀င်တာ မဟုတ်တော့...တစ်ယောက်ပဲ ကျန်တော့သည်..။
တစ်လကျော်ကြာလာပြီမို့ ကြီးကြီး ကလည်း သားဆိုတာ ပါးစပ်ကမချ..တော်တော်လေး အပေးအယူတည့်နေတာ အမြင်ကပ်စရာ...။
ဟို တစ်ယောက်ကလည်း အိမ် အလုပ်တွေကို သိမ်းကျုံးလုပ်ပြနေတာ ပြောစရာ မကျန်တဲ့အပြင်ကို အားနာ တာ ပိုနေရသည်..။
“ဘုန်းမင်း...”
“ဟုတ်ကဲ့...လာပါပြီဗျ...”
ထုံးစံ အတိုင်း ဘောင်းဘီ ရှည်ကို ခေါက်တင်ထားတာ ဒူးအောက်ဘက်ကို ရောက်နေပြီး ဒီနေ့တော့ အကျီင်္ ကလည်း လက်ရှည်မို့ လိတ်တင်ထားသည်..။
“ငါ့ အ၀တ်ခြင်းထဲက လျှော်ဖို့တွေကော...”
“သြော်..ဒါလား.မ တစ်ရက်လေး နားရတာ အ၀တ်လျှော်ရတာ ပင်ပန်းမှာပေါ့ မောင် လျှော်ထားလိုက်ပြီ...”
“အမလေးလေး...ငါတော့ ငရဲကြီးတော့မှာပဲ ဘုန်းမင်းရယ်...စိတ်ဆင်းရဲလိုက်တာ..”
“ငရဲ မကြီးပါဘူး..ငရဲ မကြီးအောင် ဘရှပ်လေးကုတ်ပြီး လျှော်စက်ထဲ ထည့်လျှော်ထားတယ်..”
“တူတူ ပဲပေါ့ဟဲ့...”
“ဟဲ...ဟဲ....တူတူပဲလား...”
စပ်ဖြဲဖြဲ လုပ်ပြီး ပြောနေတော့ မျက်စောင်းထိုး  လိုက်ပြီး အ၀တ်ခြင်းကို နေရာပြန်ရွေ့လိုက်ရသည်..။
“ဘာလုပ်မလို့လည်း..မောင် လုပ်ပါ့မယ်...”
“ဘုန်းမင်း...နင့် ကို ဘယ်နှခါ ပြောရမလည်း.. တမောင်မောင် နဲ့ သောက်မြင်ကပ်ဖို့ကောင်းတယ်..”
“ကျွန်တော်က ခေါ် ချင်လို့ မဟုတ်ဘူး...မ ကို ကြီးကြီး ဆူမှာ စိုးလို့ သိရဲ့လား..”
“နှစ်ယောက်တည်း ရှိနေတာ မခေါ်နဲ့...”
“ခေါ်မှာပဲ..”
“ဘာ...”
ခြင်းကို ပစ်ချပြီး ဒေါသနဲ့ အတူ မော့ကြည့်လိုက်တော့ ရဲတင်းတဲ့အကြည့် တွေဖြင့် ဆိုက်ကြည့်နေတဲ့ မျက်၀န်း ဆုံသွားပြီး ရင်တွေ ဆောင့်ခုန်လာရသည်...။
အချိန် ခဏလေး အတွက် သာယာမှု ပါလားလို့ နှလုံးသွင်းရင်း လက်မောင်းကို  ဖြတ်ကနဲ့ ရိုက်ခါ ခြင်း ပြန်ကောက်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်ရသည်..။
“ကြီးကြီး ...မ ကို ထိုင်နေခိုင်းပါလား..”
“ဟဲ့...သူ့ဟာသူ လုပ်နေတာ ငါ ဘယ်လို ပြောရမှာတုန်း..”
“ဟူး...နိုင်တဲ့သူလည်း မရှိပါလားနော်..”
သစ် အ၀တ်တွေကို ၀ရန်တာ ထုတ်လှန်းပြီးချိန် အိမ်ထဲ ပြန်မ၀င်သေးပဲ လမ်းကို ကြည့်လိုက်တော့ ကားအကောင်းစား တစ်စီး ရပ်နေသည်...။
“မ...ဘာဖြစ်လို့လည်း..”
“မဖြစ်ပါဘူး...”
အ၀တ်ချိတ်တွေကို ပြန်စီပြီး အိမ်ထဲ၀င်ဖို့ကို ရှေ့မှာ လက်နောက်ပစ်ပြီး ပိတ်ရပ်နေတော့ သစ် မော့ကြည့်လိုက်ရသည်..။
“ဖယ်စမ်း..”
“ဘာဖြစ်လို့လည်း..မ.ရယ်..”
“ဘာလည်း..”
“မသိဘူး...အရင်လို မဟုတ်ဘူး..သူစိမ်းဆန်လွန်းနေတယ်...”
သူစိမ်းဆန်တယ် ဆိုတာ သူ ဘာကို ပြောနေတာလည်း...အရင်လို သူ့ရှေ့မှာ လှတပတ ပြင်ဆင် မာယာတွေနဲ့ မမြူဆွယ် တော့တာကိုလား...။
အိမ်ပြန်ရောက်ရင် မထော်မနန်းတွေ ၀တ် ကလေးကလားစကားတွေ ပြောပြီး ငယ်ရွယ်သူ ပုံစံ ဖြစ်အောင် အတင်း ကြိုးစားပြမိတာကိုလား...။
ကြီးကြီးရှေ့မှာတောင် ဂရုမစိုက်ပဲ အဆူခံပြီး မောင် မခေါ်တော့ပဲ နာမည်ခေါ်နေတာကိုလား...။
တစ်လကြာအောင် ရင်းနှီးလာပြီးမှ စိတ်သဘောထားအရ ပုံစံ ပြောင်းသွားတာကို ပြောချင်တာလား...။
သေချာတာတော့ သူ့ရဲ့ မ ဆိုတဲ့ အခေါ်လေးတွေ ပျော်၀င်နေတုန်းပါပဲ...။
နင်တော်ပါတယ်..ဘုန်းမင်းရယ်....ငါ့ကို က အညှာလွယ်တာလား..အသက်ကြီးမှ မကြီးမငယ် လေတိုက် လို့ သစ်ရွက် လှုပ်လည်း ရင်ခုန်ချင်နေတာ...လူရယ်စရာဖြစ်နေပြီလား..။
ရှက်ဖို့ ကောင်းလိုက်တာ...
ရူးလိုက်တာ...ရွက်သစ်ဝေရယ်...။
သူ့ ရုပ် သူ့ရည် သူ့အပြော သူ့ အလိုက်သိမှု အားလုံးကို နှစ်သက်နေမိပြီ...။
“မောင် ပြောတာ ဟုတ်တယ်မလား..”
သစ် နှုတ်ခမ်းတွန့် ပြုံးပြီး  လက်ထဲက အ၀တ်ကလစ်ကို သူ့ နားမှာ ညှပ်ပစ်လိုက်သည်..။ “နင် က jb နဲ့ တူသွားပြီ...”
“အဟား...မတူပါဘူး...မောင်က ပိုချောတယ်...”
“ဟုတ်ပါတယ်...ဖယ်...”
“မ ..စိတ်ဆိုးနေတာလား ဟင်..”
“ဘာရူးတာလည်း..”
သစ် သူ့ကို မကြည့်ပဲ တိုက်အောက်ကိုသာ အကြည့်ရွေ့ထားတော့ ပိုင်စိုးပိုင်နင်း မေးဖျားကိုကိုင် ပြီး ဆွဲလှည့်ယူသည်..။
“ဘာလုပ်တာလည်း..”
လက်ကို ဖြတ်ကနဲ့ ရိုက်ချလိုက်ပြီး မျက်မှောင်ကြုတ် ကြည့်လိုက်တော့မှ စပ်ဖြဲဖြဲ မျက်နှာက ရုတ်တရက် ညိုးငယ်သွားတော့သည်..။
“အဲလို မပြောင်းလဲပါနဲ့ မရယ်...မောင် က မ မျက်နှာ ကြည့် ပြီး ဒီ အိမ်မှာနေရတာပါ....မ က မလိုလားသလို ဆက်ဆံ ပြောဆိုနေတော့.”
“ငါ တို့ က သူစိမ်းတွေပါ ဘုန်းမင်း...ကြီးကြီး ကို တစ်မျိုး ပြောထားပေမဲ့ အစစ်အမှန် ဘာလည်း ဆိုတာ နင် သိပါတယ်...တစ်လကျော် နေလာလို့ ဟန်ဆောင်မှုတွေက အတည်အဖြစ် ပြောင်းမှာ မဟုတ်ဘူး.... နင့်ပြသာနာတွေလည်း ငြိမ်လောက်ပြီဆိုတော့ နင် ပြန်သင့်ပြီလို့ထင်တယ်..”
“မနှင်ပါနဲ့...မရယ်....ကျေးဇူး ပြုပြီး....မပြောပါနဲ့...”
“ငါ ပတ်၀န်းကျင် ကို ဘယ်တုန်းက မှ ဂရုမစိုက်ခဲ့လို့ အခုချိန်ထိ သူစိမ်းယောင်္ကျားတစ်ယောက်ကို လက်ခံထားနိုင်တာနော်...အခုလည်း..အမှန်တရားတစ်ခုကို သတိပေးရုံပါ..ငါတို့ က ဘာမှ မဟုတ်ဘူး...”
သစ် အိမ်ထဲ၀င်ဖို့ ခြေလှမ်းပြင်လိုက်တော့ လက်ကို ဆွဲထားလို့ လန့်သွားရသည်..။
“ပြောပြီးပြီလေ..ဘုန်းမင်းရဲ့...နင် ဒါ ဘာလုပ်တာလည်း..”
“ကျွန်တော်....ဒေါ်သစ်ရွက် ကို ချစ်တယ်...”
“ဟမ်...”
“သားရေပေါ်အိပ် သားရေနားစားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်.....ကျွန်တော် ပြသာနာတွေ ပြိးသွားတာကြာပါပြီ ဒါပေမဲ့.....ဒါပေမဲ့ ..ကျွန်တော် ..ဒေါ်သစ်ရွက်နဲ့ မဝေးချင်ဘူး...ကျွန်တော်...ဒေါ်သစ်ရွက်....ကို နေ့တိုင်း...”
“တော်..တော်....ဘုန်းမင်း...ဆက်မပြောပါနဲ့တော့ဟယ်...ငါ စိတ်ညစ်လာပြီ...”
“ပြောရမှာပဲ...အခုလို သူစိမ်းဆန်နေတာ ကို မောင် မခံစားနိုင်ဘူး..မရဲ့...”
“တော်စမ်းပါဟယ်...”
“မ လည်း မောင့် ကို ချစ်တယ်မလား မောင် သိပါတယ်...မရယ်...ဘာလို့ မောင့် ကို နှိပ်စက် ချင်နေတာလည်း..”
“ဟယ်...လွတ်စမ်း ဘုန်းမင်း.”
လက့်ကို ဆောင့်ဆွဲ ခံရခြင်းနဲ့ အတူ သူ့ ရင်ခွင်ထဲ ပြိုကျသွားပေမဲ့ ကိုယ်ဟန် ကပျာကယာ ပြန် မတ်လိုက်ရသည်..။
သူ့ မျက်နှာ ချောချော ကို မော့ငေးမိရင်း ကိုယ့်ဘ၀ကို သနား မိလာသည်..။
“ငါ က အချစ်နဲ့ အကျိုးမပေးဘူး ထင်ပါရဲ့..”
“ဟင်..”
“ဟုတ်တယ်...ငါ့မှာ အချစ်ဥိး အချစ်ဆုံး ငါ့ထက် ငယ်တဲ့ ကောင်လေး တစ်ယောက် ရှိခဲ့ဖူးတယ်..ဒါပေမဲ့ သူ က ချစ်ဟန်ဆောင်ခဲ့တာ...နင် သိလား...ငါလေ သူ့ဖို့ချည်း အမြဲတွေးနေမိတာ ငါ့ဖို့ဆိုတာတောင် မတွေးနိုင်ခဲ့ဘူး..သူ ဟန်ဆောင် နေတာမှန်း သိတော့ ငါ တော်တော် စိတ်ထိခိုက်ရတယ်...ငါ အချစ်ကို ကြောက်တယ်...ဘုန်းမင်း...အထူးသဖြင့် အချစ်တု ဖြစ်နေမှာကို ပိုကြောက်တယ်...”
“မ ရယ်...တစ်စုံတစ်ယောက်ရဲ့ အပြစ်ကြောင့် မ ကို မောင် ချစ်ခွင့် မရှိတာမျိုးကတော့ မတရားပါဘူး..”
“ငါ ကြောက်လို့ပါ...”
“မောင့် အချစ် က မ ကြောက်စရာ မလိုအောင်ကို ပြီးပြည့်စုံ ပြီးသားပါ မ ကိုယ် မ အတိတ်တွေမှာ တုပ်နှောင် မထားပါနဲ့..မ ရဲ့ အနာဂတ်မှာ  သာယာကြည်နူး ပျော်ရွှင်စရာကောင်းတဲ့ ချစ်ရိပ်မြုံလေး စောင့်ကြိုနေပါတယ်..”
“ဒါကတော့....”
“နော် ...မ...”
တောင်းဆိုသလို ပူဆာ သလို ပြောပြီး ပခုံးကို တိုးဖက်ိလိုက်တော့ သစ်ရုန်းရင်း...
“လွှတ်စမ်းပါ...”
“မလွှတ်ဘူး...မ အဖြေ ပြန်မပေးရင်တော့ ဖက် နမ်းပစ်မှာပဲ...”
“ဘာ...”
သစ် ကြောက်လန့် ခြင်းနဲ့ အတူ ထိတ်လန့်တကြား မော့ကြည့်လိုက်တော့ ပြုံးပြီးပြောနေတာ....။
အို...မဟုတ်သေးပါဘူး...ရွက်သစ်ဝေရယ်...
သူက....။
“နော်လို့..”
“နင် ဘယ်သူ ဘယ်ဝါမှန်းတောင် မသိပဲ...”
“ဘယ်သူ ဘယ်ဝါ ဆိုတာထက် တစ်လလောက် အိမ်မှာနေပြီးပြီပဲ....ကိုယ်ကျင့်တရားကို မ ပိုသိပါတယ်...”
“ငါ့ နှလုံးသားကိုတော့ မကစားပါနဲ့...ဘုန်းမင်း ရယ်..ငါ ကြောက်လွန်းလို့ပါ...”
“ဟား..ဟား...ဒါဖြင့် မောင်နှလုံးသားကို မ ပြုစားပြီး အပိုင်သိမ်းသွားတာကျတော့ရော ဘယ်သူ့ အပြစ်တွေလည်း...”
သစ် သူ့လက်တွေကို တွန်းချပစ်ပြီး ခပ်ခွါခွါ မှာ ရပ်လိုက်ရင်း..
“ဒါက အနေနီးလို့ သံယောဇဉ် ဖြစ်လာတာကို အထင်မှားပြီး..”
“ရင်ခုန်သံ အစစ် ကို မခွဲခြား နိုင်ရလောက်အောင် ကျွန်တော် ငပိန်းမှ မဟုတ်တာပဲ...”
“ငါ စဉ်းစားပါအုံးမယ်...”
သစ် စိတ်ရှုပ်လာရင် လုပ်ဖြစ်တဲ့ မူ အတိုင်း ခေါင်းတွေကို သာ ကုတ်လိုက်မိသည်..။
“ဟာ..ချစ်ဖို့ကောင်းလိုက်တာ...အသည်းယားလိုက်တာ..”
ဆံပင် တွေ ပွ ကုန်တာကို လက်ညိုးထိုးပြီး ပါးစပ်ကို လက်နဲ့ ကွယ်ခါ ရယ်နေပုံ အပြစ်ကင်းလိုက်တာ ဘုန်းမင်းရယ်....နင် ပြုစားလွန်းပါတယ်...။
.
“စားလေ သမီးရယ်... ဒီလောက် ကရိကထ များတဲ့ နန်းကြီးသုပ် ကိုမှ စားချင်တယ်ဆိုလို့ မောင်ဘုန်း ကိုယ်တိုင် လုပ်ပေးတာလေ...”
“နေကောင်းရဲ့လား...မ..”
ရှေ့က ပန်းကန် ကို ဘေးဘက်တွန်းပြီး လက်ကို ဆုပ်ကိုင်ရင်း မေးလိုက်တော့ သစ် ခေါင်းညိတ်ပြီး..
“ကောင်းပါတယ်...မနက်စာစားပြီးတာ မကြာသေးလို့ဖြစ်မယ်..”
“အိုး...ငါလို အဖွားကြီးတောင် စားနိုင်တာ နင် က ဘာဖြစ်လို့တုန်း...”
“မ မစားချင်လည်း ထားလိုက်ပါ...”
“ဆောရီး...”
သစ် ပန်းကန်ကို ရှေ့တွန်းခဲ့ပြီး အိမ်ရှေ့ ဘက် ပြန်ထွက်လာခဲ့လိုက်သည်...။
နွားအို မြက်နုကြိုက်...နွားပြာကြီး အောက်သွားမရှိ....သြော်... ဘ၀ကူးသွားပြန်ပြီဖြစ်တဲ့ ရွက်သစ်ဝေ ပါလား...။
“ကြီးကြီးရေ.....သစ် အပြင်ခဏ သွားအုံးမယ်...”
“ဘယ်ကိုလည်း...မောင် ဘုန်းလိုက်မှာပေါ့...”
“နေပါစေ...ဒီ အနားတင်ပဲ...”
သစ် ဘာမှ မပြင် မဆင် အ၀တ်မလဲပဲ  ခေါက်ပိုက်ဆံအိတ်ကလေး ယူပြီး ဆင်းလာလိုက်သည်..။
“မ..”
“ဟင်..”
လှေကားတွေ ကို ပြေးဆင်းလာရင်း ဖိနပ်သံက အနီးရောက်လာသလို အသံရှုသံ ပြင်းပြင်းကိုလည်း သတိထားမိသည်..။
“ဘာလည်း..”
“ဟို..ဟို...လိုက်မလို့..”
“ငါ မုန့်ဆိုင် သွားမလို့...”
“ဟင်...မုန့်သွားစားမလို့လား..”
“ဟုတ်တယ်...နန်းကြီးသုပ် စားချင်လို့...”
“ဟာ...”
“လိုက်မလာနဲ့နော်...”
သစ် ထပ်ဆင့် သတိပေးလိုက်ပြီး လှေကားတွေကို ဆင်းလာခဲ့လိုက်သည်..။
ရုပ်ထု ဘေးနားက ခုံတန်းမှာ လူမရှိတော့  တစ်ယောက်တည်း ၀င်ထိုင်လိုက်ပြီး အတိတ်တွေဆီ အလည်သွားမိသည်..။
ခုံတန်းက စာတန်းတွေကို မျက်စိလျင်လျင် လိုက်ကြည့်ရင်း “ကလေး ကို အရမ်းချစ်တယ်..”
သြော်...ဒေါ်သစ်ရွက်တို့ ကလေးတော်တော်ချစ်တက်ပြီး လက်ကလည်း စည်းကမ်းမဲ့လိုက်တာ..။
ရင်ထဲက စကားလုံးကို ဘောပင် သုံးပြီး ချစ်ကမ္ပည်းထိုးတယ် ထင်ခဲ့ပေမဲ့ အခုတော့ အများပြည်သူ ထိုင်ဖို့လုပ်ထားတဲ့ ခုံလေးကို လက်ကမြင်းခဲ့တာ အားနာမိသည်...။
“ကြီးကြီးရေ...မ အကျီ င်္တွေ မီးပူထိုးထားတာ တစ်ခါတည်း ထည့်လိုက်မယ်..”
“အေးထည့်လိုက်..မဟုတ်ရင် ဟိုရွေ့ ဒီရွေ့ နဲ့ အကုန်ကြေကုန်လိမ့်မယ်...”
“ဟုတ်..”
အချိန် နာရီ၀က်လောက်ကြာအောင် မီးပူတိုက်ပေးရတာ ခါးညောင်းပေမဲ့ အခုလို ကျတော့ တန်ပါသည်..။
ဘီဒို တံခါးဖွင့်ပြီး ခလုတ် တစ်ခုခု တွေ့လို့ တွေ့ငြား လိုက်ရှာမိပေမဲ့ ဘာမှ ထူးပြီး မတွေ့..။
ကုတင် အောက်ကို ငုံ့ကြည့်ပေမဲ့ ဘာဆို ဘာမှ မရှိ...။
“ကျစ်...ဘယ်နေရာမှာလည်း..”
ကုတင် ခေါင်းရင်းက နံရံ တွေကို လက်နဲ့ လိုက်ခေါက်ကြည့်တော့လည်း ထင် ထားသလို မဟုတ်ပြန်တော့ လက်ဆစ်တွေ နာရတာသာ အဖက်တင်သည်..။
“တော်တော်လည် တဲ့ မိန်းမ..”
နားထဲ မြုပ်ထားသည့် ဘလူးတုက အချက်ပေးလာတော့ ဖုန်းကိုင်လိုက်ရသည်..။
“မတွေ့သေးဘူး..”
“ရက်ပိုင်းလောက်တော့ ထပ်စောင့်ပေးပါအုံး...ဖိုင်ကို ဖွင့်တာနဲ့ သတင်းပေးပို့ချက် ၀င်လာမှာ မလား..အင်း ခုချိန်ထိ နေရာလည်း မရွေ့ဘူး..ဖွင့်လည်း မဖွင့်ဘူးဆိုတော့တစ်ယောက်ယောက်ကများ ဓားစာခံလုပ်ပြီး ပစ္စည်းကို သူ့ဆီဖွတ်ထားတာ မဖြစ်နိုင်ဘူးလား..”
“မဟုတ်ဘူး..မဟုတ်ပါဘူး...သူ့ကြည့်ရတာ လုံး၀..ပေါတောတော ပါ...”
ကုန်သွားတဲ့ အချိန်တွေကို  နှမျောလိုက်တာ..ဒီ အရူးမကြီး အိမ်မှာ လှောင်ပိတ်ခံနေရတယ်လို့...စိတ်ရှုပ်လိုက်တာ..
ဘယ်လိုလုပ်ပေးရပါ့မလည်း...။
ဆံပင်တွေကို ထိုးဖွပစ်လိုက်ပြီး အခန်းထဲက ပစ္စည်းတွေ နေသားတကျ ပြန်ထားခါ ထွက်လာခဲ့လိုက်သည်..။
“မောင်က ရူးလောက်အောင် ကို ချောတာကိုး..”
“ချစ်ဖို့ကောင်းလိုက်တာ ကောင်လေးရယ်..”
သစ် ဖုန်း မျက်နှာပြင်ပေါ်က သူ့ကိုယ်စားပြု ပုံရိပ်ကလေးကို ကြည့်ပြီး ချစ်စိတ်လေးတွေ ဝေ့တက်လာရသည်..။
“မှားနေတာလား...”
“မှန်လား..”
“ဘာပဲဖြစ်ဖြစ် ဒါ ကိုယ်တိုင် ရွေးချယ်မှုပဲ...ချစ်မိလို့ မှားတယ်ဆိုလည်း ခံလိုက်ရုံပေါ့လေ...”
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာချလိုက်ပေမဲ့ ပြည်သူပိုင်ပစ္စည်း ဖျက်စီးလို့ ချစ်ကမ္ဗည်းထိုးရလောက်အောင် မရူးနမ်းတော့ပါဘူးလေ...။
“ကြာလိုက်တာ...မရယ်...”
“အင်း..အသိ တစ်ယောက်နဲ့တွေ့နေလို့ပါ..”
“ယောင်္ကျားလေးလား..”
“အင်း..”
“ဟာ...မ ကလည်း..”
သစ် အိမ်ထဲ ၀င်တာနဲ့ စပ်စုပြီး အဖြေ တစ်ခု ရပြန်တော့လည်း မကျေမနပ်ဖြစ်ပြန်ပြီ...။
“ညစာ ဘာချက်ထားလည်း..”
“ကြီးကြီးက ငါးကြင်းကြော်နပ်..မောင်က ပုစွန်မွမွကြော်...”
“အင်း စားကောင်းပြီ...”
သစ် ပိုက်ဆံအိတ်ကို အခန်းထဲ ၀င်ထားလိုက်ပြီး ကြီးကြီး ဆီ ထွက်လာခဲ့လိုက်သည်..။
“ပြန်လာပြီလား..ကြာလိုက်တာ..မောင် ဘုန်းက စိတ်ပူနေတာ..”
“သူက ပိုကို ပိုတယ်..”
“အဲလိုမပြောပါနဲ့ဟယ်...နင်တွဲခဲ့တဲ့ ဟို ခွေးသူခိုးနဲ့ ယှဉ်ကြည့်ပါအုံးလား...ကိုယ်က မိန်းကလေးပဲလေ...လျော့မှပေါ့ ရွက်သစ်ဝေရယ်..သူ ထားသွားမှ ခက်မယ်နော်..”
“သူ ထားသွားမယ်ဆိုတာ တွေးမိရင် ကြောက်တယ်...”
“အဲဒါကိုကတည်း က နင့်စိတ်ထဲ သူရှိနေလို့ပေါ့အေ...”
“ဟူး..စိတ်ညစ်လိုက်တာနော်..”
ကြီးကြီးရဲ့ သတိပေးစကားကြောင့် သစ် ခေါင်းကုတ်နေရင်း ငိုင်ကျသွားရသည်..။
“စိတ်မညစ်နဲ့ နေ့ခင်းကတည်းက ထွက်သွားတာ ည ၇နာရီမှ ပြန်ရောက်တယ်...ဘယ်ကို ကြွနေတာလည်း မိသစ်ဝေ..”
“ကြီးကြီး....မ လေ...ယောင်္ကျားလေး သူငယ်ချင်းနဲ့သွားတွေ့တယ်တဲ့လေ..”
“ဟမ်..ဟုတ်လား..”
“လမ်းမှာတွေ့လို့ နှုတ်ဆက်ရုံပါ..”
နိုင်တဲ့သူကို တိုင်ပြောနေတော့ သစ် နှုတ်ခမ်းမဲ့လိုက်ပြီး မျက်စောင်းပါထိုးပစ်လိုက်သည်..။
အခန်းထဲရောက်ပြီး ခဏပင် ကြာသေး တံခါးဖွင့် ၀င်လာပြန်သည်.။
“အခန်းထဲ ကို အသံမပေးပဲ မ၀င်ပါနဲ့ ဘုန်းမင်းရယ်..”
“ဘာလို့..”
“..မိန်းကလေး အခန်းလေ ပိုသတိထားသင့်တယ် နင် နဲ့ ငါက..”
သစ် စကားတွေ ရှေ့ဆက်လို့ မရအောင် ဆိုက်ကြည့်နေတော့ အကြည့်လွဲလိုက်ပြီး မနက်ဖြန် အတွက် အကျီ င်္ သာ ကြိုထုတ်ထားလိုက်ရသည်..။
“မ...”
“ပြော...”
“အဖြေ စဉ်းစားလို့ ရပြီလား..”
“နင်နဲ့ ငါ စကားထာ ဝှက်တမ်းဆော့နေတာမှ မဟုတ်တာ..”
“အာ..မ ကလည်း ...”
နှာခေါင်းတွန့်ပြီး အလိုမကျစွာပြောလိုက်ပုံကြောင့် သစ် ဟက်ကနဲ့ တစ်ချက်ရယ်လိုက်မိသည်...။
“ငါတော့ နင့် အချစ်ကို မယုံနိုင်သေးဘူး...နင့်မှ မဟုတ်ပါဘူး..ဘယ်သူ့ အချစ်ကိုမှ မယုံနိုင်သေးတာ..”
“မ က ဘယ်လို မယုံတာလည်း...”
“ငါ့ဆီက တစ်ခုခု လိုချင်လို့ ချစ်ဟန်ဆောင်ပြမှာ စိုးတာ..”
“ဟင်..”
“ဟုတ်တယ်...အရင် ကောင်လေးက ငါ့ကို လောကမှာ အချစ်ဆုံးလို့ ထင်ပြီး မိုးထိအောင် ပျော်ခဲ့ဖူးတယ်...အခုချိန်ထိ ပြန်တွေးကြည့်ရင် တုံးလွန်းတဲ့ ငါ့ ကိုယ့်ငါ အရမ်းမုန်းတယ်...ဘုန်းမင်းရယ် ...အဲလို အဖြစ်မျိုးတွေ ထပ် ဖြစ်မှာကြောက်တယ်...”
“ အချစ်ကို မယုံနိုင်တော့တာလား မ ရယ်..”
“ငါ တောင်းပန်ပါတယ်..နင့် မေတ္တာတရားကို မယုံတာလည်း မဟုတ်ဘူး...ငါ့တော့ ချစ်တယ် ဆိုတာ ပါးစပ်ဖျားမှာ  လွယ်လွယ်ပြောပြီး လွယ်လွယ် ထားခဲ့မှာစိုးတယ်..”
“ဒါဖြင့် မ ကို မောင် မနက်ဖြန် လက်ထပ်မယ်...”
“ဟင်..” သူ့စကားတွေကို မယုံနိုင်လို့ သစ် ပါးစပ်အဟောင်းသားဖြင့် ကြောင်သာကြည့်နေမိသည်..။
“ဟုတ်တယ်...တကယ်...”
သူ့မျက်နှာကို အကဲခတ်ကြည့်တော့ အရင် လို စပ်ဖြဲဖြဲ မချိုမချည် မဟုတ်ပဲ အတည်အတံ့ ပြောနေမှန်း သိသာသည်..။
“ငါ...”
“အကြီးအကျယ် ပွဲလုပ်ပြီးတော့ လက်မထပ်နိုင်ဘူးပေါ့မရယ်...မ လည်း မောင့် အခြေအနေ ကို သိပါတယ်...မောင့် ကြောင့် မ  ဒုက္ခ မရောက်စေချင်ဘူး..”
“စဉ်းစားရ..”
“ရှုး..”
မျက်လံုံးစုံမှိတ်ပြီး နှုတ်ခမ်း ပေါ် လက်ညိုးကပ်ပြတော့ သစ် စကားလုံးတွေ နှုတ်ခမ်းဖျားမှာ ရပ်တန့်ကုန်ရသည်..။
“မနက်ဖြန် အစောပိုင်းလောက် သွားလိုက်မယ်နော်...”
ပြောလည်းပြီး သစ် ကို ကျောခိုင်းလို့ သူ့ အိပ်ယာ ကို ခင်းနေပြီ..။
အခင်း တစ်ခု နဲ့ စောင်တစ်ထည် ခေါင်းအုံးတစ်လုံးကို သူ့မှာ သေချာ ပြန့်ဆန့်နေရာကျအောင်လုပ်နေတာ...။
ဒီလို စည်းကမ်းကြီးတဲ့ကောင်လေးနဲ့ သစ်လို ဖြစ်သလိုနေတက်သူ ဘယ်လို စခန်းသွားကြမလည်း..။
ချစ်ဖို့တောင် ကြောက်နေရတာ..လက်ထပ်တာ တစ်သက်လုံး ဆိုးလည်းပြင်မရ ဖြစ်တော့မှာပေါ့..။
သစ် ကုတင်ပေါ်က အ၀တ်တွေခေါက်ပြီး တစ်ဦးတည်းသော အုပ်ထိန်းသူ ကြီးကြီး ကို သတိရတော့  ကြီးကြီး အခန်းဘက်ကို ကူးလာခဲ့ရသည်..။
“ကြီးကြီး အိပ်ပြီလား..”
“ဟအေး..ဘာဖြစ်လို့လည်း “
“သူများ အိပ်မပျော်လို့..”
သစ် အခန်းထဲ ၀င်ပြီး တံခါးပြန်စေ့ခါ ကြီးကြီး ကုတင်ပေါ် တက်သွားလိုက်သည်..။
“မောင်ဘုန်းကော..”
“အိပ်ပြီ.”
“အေးပေါ့..ပင်ပန်းတာကိုး..”
“ကြီးကြီး ကလည်း သူ့ဘက်ကချည်းပဲ..”
သစ် အလို မကျစွာ ပြောလိုက်တော့ ကြီးကြီး က သစ် လက်မောင်းကို လိမ်ဆွဲတော့သည်..။
“မနက်ဖြန် သူ က ရုံးမှာ လက်ထပ်ချင်တယ်တဲ့..”
“ဟယ်..ကောင်းတာပေါ့...ငါ ပြောမလို့ မကောင်းတက်တာနဲ့ ၀င်မပြောတာ...ယောင်္ကျားလေး တစ်ယောက်ကို လက်မထပ်ပဲ အတူနေတာထက် စာချူပ်တစ်ခုဖြစ်ဖြစ် ရှိထားတာ ပိုပြီး ကောင်းပါတယ်အေ..”
သစ် သက်ပြင်းတစ်ချက်ရှိုက်ရင်း ကြီးကြီး ပြောစကားကို ငြင်းဆန်ချင်နေသည်..။
သူနဲ့ သစ် လိမ်ထားတာတွေ ပြောပြလိုက်ရင် ကြီးကြီး ကတော့ နှစ်ယောက်စလုံး ကို ကန်ချတော့မှာပါ..။
“သူက ချောတာ တစ်ခုပါပဲ..”
“ဟဲ့..ဟို ခွေးသခိုးကောင်ထက် စာရင် ကောင်းတယ်...အဲဒါ နင်ခံစားခဲ့ရတာတွေ ပေးဆပ်ခဲ့ရတာတွေ
အစားရတာ ..”
“ဒုတိယ အကြိမ် ဆို သူများလည်း သေမှာပဲ..”
“မောင်ဘုန်းက နင့်ကို ဒီလောက်မေတ္တာ ရှိနေတာ နင်က ဘာကို တွန့်ဆုတ်နေတာလည်း..အတူတူဖြင့် နေပြီးနေပြီ..မိန်းကလေးက ရှုံးနေပြီ သူ့ဘက်က ဒီလို တာ၀န်ယူစိတ်ရှိတာကိုပဲ ကျေးဇူးတင်ရမယ် ရွက်သစ်ဝေရဲ့..အသက်ကလည်း မငယ်တော့ပါဘူး သမီးရယ်...အတည်တကျ အိမ်ထောင်လေးနဲ့ ဖြစ်သွားတော့ ကြီးကြီးလည်း စိတ်ချရတာပေါ့..ခုပဲကြည့်လေ ဒူးနာလို့ ဒီ အထပ်တွေကို မတက်နိုင်တော့ဘူး..တစ်သက်လုံး သမီး အနားမှာ ဘယ်လိုနေနိုင်မလည်း  ...မောင်ဘုန်းနဲ့ဆို စိတ်ချရတယ်..ကြီးကြီးလည်း သောင်ယံကျွန်း က အိမ်မှာစိတ်ချလက်ချ နေလို့ရတာပေါ့ ”
“ ခဲမှန်ဖူးတဲ့ စာသူငယ် ပို  ကြောက်တယ်..’
“လူကြီးက ကောင်းပါတယ်ဆို ကောင်းလိုက်ပေါ့အေ..နင်က လူတွေ အကြောင်း ဘာသိလို့လည်း..”
“ဟုတ်ပါတယ်..မသိဘူးပဲထားလိုက်တော့ သူများ အပြစ်တွေချည်းပဲ...”
သစ် အလို မကျစွာ နှုတ်ခမ်း တစ်ထွာလောက် စူပြီး အခန်းထဲ ပြန်ရောက်လာရသည်..။
အိပ်တာလည်း ကွေးကွေးဆိုတော့ စိတ်ထဲ သနားတာနဲ့  စောင် ပါးတစ်တည် ထပ်ခြုံပေးလိုက်မိသည်..။
အိပ်ပျော်နေတဲ့ မျက်နှာဆီ အကြည့်ရောက်သွားတော့ အမြဲ စပ်ဖြဲဖြဲ နိုင်လှသည့် နှုတ်ခမ်းတွေက တင်းတင်းစေ့ပိတ်ထားတော့ ပုံကျပြီး ပန်းရောင်စိုနေသည်..။
နှာတံ မြင်ြ့ုမင့်နဲ့ နှုတ်ခမ်း အစပ်ကြားနေရာလေးမှ အမွေးငုတ်စိလေးတွေက အစ မြင်နေရတော့ ရင်တွေဆောင့်ခုန်လာရသည်..။
အိပ်ပျော်နေလို့ မတွေ့ရပေမဲ့ အမြဲရယ်နေတက်သည့် သူ့ မျက်နှာမှာ အလှတစ်ခုရှိသည်....
ပါးချိုင့်တွေ ကို သဘောကျတဲ့သူဆို ပွေ့ဖက် နမ်းပစ်ချင်လောက်အောင် ချိုင့်၀င်နေသည့် ပါးချိုင့်လေးတွေ ပိုင်ဆိုင်ထားသည်။
ကံစမ်းမဲလို သဘောထားရမလား..
ဂိမ်းတစ်ခုလား...ဘုရားပေးတဲ့ဆုလာဘ်လား...။
ဘာပဲဖြစ်ဖြစ် အနားမှာ အကြာကြီး ရှိနေစေချင်ပါသည်..။
ချစ်တာတော့ချစ်ပေါ့...သစ္စာမပါပဲ ယောင်္ကျားဆင်ခြေသုံးပြီး အရူးလုပ်ဖို့တော့ မကြိုးစားပါနဲ့ကွယ်...။
သူများက အစကတည်းက မရူးမကောင်းရယ်ပါ...။

☆✼★━━━━━━━━━━━━★✼☆。

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Where stories live. Discover now