Part 18

3.2K 173 2
                                    

1543
အပိုင်း (၁၈)
#1543

“ဒါကြီးလား..”
“ဟုတ်ကဲ့...အောက်သုံးထပ်က ရှော့ပင်း စင်တာ ဖွင့်ထားတာပါ...အပေါ်ကတော့ ..၄ထပ်မှာ အားကစားခန်းမ နဲ့ ၅ထပ် မှာ စားသောက်ဆိုင်  ပါ...၆ထပ်ကတော့ ဟောခန်း......အပေါ်ဆုံးအထပ်ကတော့ ဆရာသိမ်းထားတယ်..”
“အိုး..ဘာလုပ်အုံးမလည်း မသိဘူး..”
“ဆရာက အမြင့်ကို ကြိုက်လို့ပါ..”
“ဟုတ်မှာပေါ့...”
သစ် နှုတ်ခမ်းမဲ့ ပြောပြီး တံခါးဖွင့် ၀င်လာတော့ ဘယ်သူမှ မရှိပေမဲ့ အေးစိမ့်သွားသည်..။
အသီးအနှံ ခြင်းတွေနဲ့ အသားငါး ထည့်ဖို့ မှန်ဘုံးတွေ အဆင့်သင့် ရှိပေမဲ့ ဘာပစ္စည်းမှ ထည့်မထားသေး...။
“အစ်မ...ဒုတိယထပ်ကို သွားရမယ် ထင်တယ်...အောက်မှာ က အစားအသောက် ပိုင်းဆိုတော့လေ...”
“အင်း..”
သစ် ခေါင်းညိတ်ပြီး လှေကားကို တစ်ယောက်တည်းစီးရတာ ဘယ်လိုကြီးမှန်းမသိ...။
နိုင်ငံခြား စူပါမားကပ် ပုံစံ မျိုး ဗိသုကာ လက်ရာ ခမ်းနားပေမဲ့ သစ် တစ်ယောက်တည်း လျှောက်၀ယ်နေတာ VIP လည်း မဟုတ်ပါပဲ...။
“ကျွန်တော် အောက်မှာ စောင့်နေပါမယ်..”
“ဟုတ်ကဲ့..”
လှေကားက ပြန်ဆင်းသွားတဲ့ လူကို ကြည့်ပြီး ရှေ့ကို ပြန်ကြည့်လိုက်တော့ တစ်ထပ်လုံးမှာ လူတစ်ယောက်တောင် မရှိနေပါ...။
ဒါကို ဘယ်လို ၀ယ်ရမှာလည်း ကောင်တာ ခုံတွေ ရှိနေပေမဲ့ ဘယ်သူမှလည်း မရှိ....။
မဟုတ်မှ ကြိုက်တာ ယူခွင့် ရှိတာလား...
အိုး မိုက်လိုက်တာ...။
သစ် သေချာအောင်  တစ်ပတ်လျှောက်ပြီး စင် နောက်တွေပါ ၀င်ကြည့်လိုက်တာ တကယ် ဘယ်သူမှ မရှိ...။
“ဝိုး....”
ငယ်ငယ် ကတည်း က အိမ်မက်တွေ မက်ခဲ့ရတာ အရုပ်ဆိုင် ကြီးမှာ ကြိုက်တာယူလို့ ပြောလာရင် အရုပ်တွေ အားလုံး အိမ်သယ်သွားမယ်ဆိုတာမျိုး.....
အကုန်လုံး မသယ်သွားချင်ပေမဲ့ ငယ်ငယ် တုန်းက အိမ်မက်လေး တကယ်ဖြစ်လာတော့ သစ် စိတ်ထဲ အပျော်သွေးတွေကြောင့် တစ်ကိုယ်လုံး ကြက်သီးတောင်ထသွားသည်...။
စီးထားတဲ့ ဒေါက်ဖိနပ်ကို ကောင်တာ ခုံဘေးမှာ ချွတ်လိုက်ပြီး လှည်းယူခါ ပြေးပြီး လျှောက်တွန်းနေလိုက်သည်..။
အခုလို အသက်ကြီးခါမှ စင်တာ ကြီးတစ်ခုလုံးကို ကလေး တစ်ယောက်လို စိတ်ကြိုက်မွှေ ခွင့်ရတာ မဟာအခွင့်အရေးကြီး...
“အိုး လှလိုက်တာ...”
ချိတ်ထားတဲ့ မိန်းမ၀တ် ရှပ်လေးတွေ တွေ့တော့ ကိုယ်မှာကပ်ကြည့်တာ တော်နိုင်သည်..။
ဆိုဒ်လည်း တူတာမို့လို့ စျေးနှုန်းကြည့်တော့ မကပ်ထားသေး..ယူလို့ ဖြစ်ပါ့မလား..။
တံဆိပ်ကို ဖတ်ကြည့်ပေမဲ့ မသိတဲ့ တံဆိပ်
အကျိ င်္အသားကို ကိုင်ကြည့်တော့ စျေးကြီးမှန်း သိရလောက်အောင် နူးညံ့နေသည်..။
“အိုး..မသိဘူးကြိုက်တယ်..”
ချိတ်ထားတဲ့ အရောင်နုလေးတွေ အကုန်ဖြုတ်ပြီး လှည်းထဲ ပစ်ထည့်လိုက်သည်..။
“ဝူး....”
ကလေးတွေ ဆော့သလို  လှည်းကို အရှိန်နဲ့ တွန်းပြီး တက်ပါစီးလိုက်နိုင်တာ ဘယ်သူမှ မရှိတဲ့ မားကပ်မှာ မို့လို့လေ...။
“အ...စကပ်တွေ...”
လှည်းကို ပြန်လှည့်ပြီး လျှောက်တွန်းရင်း စကပ် ကို လိုက်ရှာမိတာ သုံးစင်လောက် ကျော်သွားမှ တွေ့တော့သည်..။
“ပန်ဆယ်..”
“အနက်လား..”
“ရောင်စုံပဲ ယူမယ်...အရောင်း၀န်ထမ်း ဘ၀တုန်းကလည်း အနက်ပဲ...တော်ပြီ မုန်းတယ်...”
သစ် ကိုယ့်ဟာကို ပြောလိုက် နှုတ်ခမ်းမဲ့ရင်း နှာခေါင်းပါရှုံ့လိုက် ခေါင်းရမ်းလိုက် နဲ့ အလုပ်ရှုပ်နေရသည်..။
စကပ်တွေက အရောင်ရင့်တွေပဲ ရှိလို့ အကျီင်္ နုလေးတွေနဲ့ တိုက်ပြီး သေချာရွေးယူရသည်..။
“အိုး..အိမ်မက်ထဲကလို ၀ယ်ရအုံးမယ်..”
သစ် အရုပ်စင်ကြီးကို တွေ့တော့ လှည်းတစ်ခုပြေးယူပြီး စတိုင်လ် ကျကျ ခေါင်းမော့ပြီး လက်တစ်ဖက်တည်း နဲ့ တွန်းလျှောက်လာခဲ့သည်..။
“အား..အရုပ်ကလေးတွေ...ဒါလည်း..ယူမယ်..ဒါကော..၀က်ကလေး...ဘဲလေး...အိုး ဘာဘီလေး...”
အမွေးပွ အရုပ်ကြီးတွေကို စင်ပေါ်က ဆွဲချပွေ့ဖက်ပြီးမှ လှည်းထဲကို ပစ်ထည့်လိုက်ပြီး နောက်ထပ် အရုပ်တွေ အများကြီးလည်း ထပ်ထည့်လိုက်သည်..။
“ဟား..ဟား..ဟား...အခု ငါကြိုက်တဲ့ အရုပ်တွေ ယူနိုင်ပြီ...”
ရူးကြောင်ကြောင် နိုင်မှန်းသိပေမဲ့ နှလုံးသားထဲက အပျော်သွေးတွေရဲ့ ခံစားမှုကို ဘယ်သူမှ မသိနိုင်...။
စင်အောက်ဆုံး က လဲကျနေတဲ့ ဘိုမရုပ်ဘူးလေး နှစ်ဘူး ဒေါင့်စွန်းနောက်မှာ ကပ်နေသည်..။
သစ် ကောက်ယူလိုက်ပြီး ကြည့်လိုက်ရင်း ပျော်နေတဲ့ စိတ်ကလေး ပျောက်ခါ မျက်ရည်တစ်စ လွင့်ကျသွားရသည်...။
ငါးနှစ် ကလေးလေး တစ်ယောက်  ကျောင်းရှေ့ အရုပ်ဆိုင်ရှေ့မှာ အသွားအပြန်ရပ်ငေးတာလေး မြင်ယောင်လာသည်..။
“ငါ့ ပါးပါး က ၀ယ်ပေးတာ...လှတယ်မလား..ဆံပင်ဖြီးဖို့ ဘီးလေးလည်း ပါတယ်...သရဖူလေးလည်းပါတယ်...”
ဘီးသေးသေးကိုတောင်ပြပြီး အရုပ်မလေးဆံပင်ကို သပ်ပြနေတော့..လိုချင်အားကျတဲ့ မျက်လုံး အရောင်တောက်တောက်လေးဖြင့် .....
“ငါ့ ကို ခဏပြပါလား...ငါ ကိုင်ချင်ကြည့်ချင်လို့..”
“မကိုင်နဲ့ နင့် လက်မှာ အနာကြီးနဲ့..”
ကြီးကြီးနဲ့ ဖွားမေ မအားလို့ ကျောင်းရောက်မှ
ခဲတံကိုယ်တိုင် ချွန်ခါ  ဓားရှ  သွေးထွက်ခဲ့တာကို ရွံသလို ပြောလာပေမဲ့..
“ကောင်းသွပြီ..ဒီမှာကြည့်..”
လက်မ ထောင်ပြလိုက်ပေမဲ့ ခေါင်းတွင်တွင်ရမ်းပြီး သူ့ လက်ထဲက အရုပ်မလေးကို ပိုပိုက်ထားသည်..။
“ငါ့ကို စာရေးပေးရမယ်.”
ဖြူစင်တဲ့ အပြုံးလေးနဲ့ အတူ ခေါင်း နှစ်ချက်ဆင့် ညိတ်ပြပြီး အင်း လိုက်တော့ ရှေ့က ခုံပေါ်ကို ခဲတံနဲ့ လေးကြောင်း မျဉ်းပါတဲ့ စာအုပ်ရောက်လာသည်..။
“သုံးခေါက်နော်..”
“အင်း..”
“ဝိုင်းဝိုင်းလေးရေးနော်...နင့်လို တော်ရအောင် ရေးပေး..”
ခေါင်းညိတ်ပြီး ကြိုးစားပန်းစား နာနေသည့် လက်ကို ပိုဖိပြီး ဝိုင်းစက်နေအောင်ရေးရသည်..။
နှစ်ခေါက် ပြီးချိန် လက်နာလာလို့ လက်ဆစ်တွေကို လူကြီးတစ်ယောက်ချိုးပြီးခါရင်း နောက်တစ်ပုဒ် ထပ်ရေးဖို့ ကြိုးစားရပြန်သည်..။
ထပ်မရေးချင်တော့ပေမဲ့ ရှေ့က သူ့လက်ထဲမှာ အရုပ်မလေး ပိုက်ထားတာတွေ့တော့ အရုပ်မလေးကို ခေါင်းဖြီးပေးရမှာ တွေးမိရင်း ရှေ့ဆက်ရေးဖို့ အားဖြစ်လာရသည်..။
အပြုံးတစ်ခုနဲ့ အတူ ဝိုင်းစက်နေအောင် ကြိုးစားရင်း ပြီးအောင်ရေးပေးခဲ့ပါသည်..။
“အင့် ပြီးပြီ..”
“ပေး..”
စာအုပ်ကို ဆွဲယူပြီး လက်ထောက်ခါ ရေတွက်တာ သုံးပုဒ် ဆိုတာ သေချာမှ ပြုံးပြသည်..။
“ခေါင်းဖြီးလို့ ရပြီလား...”
“ဟင့်အင်း...ငါ့မေကြီး သိရင် ရိုက်လိမ့်မယ်...”
“ဟင်..”
အရုပ်မလေး ပိုက်ပြီး စာအုပ်ကို ယူခါ ရှေ့ကို ပြန်လှည့်သွားချိန်. ရင်ထဲ ဘာမှန်းမသိတာ တစ်ခုခံစားလိုက်ရသည်..။
ဒါဟာ သစ် ဘ၀မှာ ပထမဆုံးအကြိမ် သစ္စာဖောက်ခံရခြင်း....။
အရာရာကို လွယ်လွယ်မေ့တက်ပေမဲ့ ထို အဖြစ်အပျက်နဲ့  ရေးပေးခဲ့တဲ့ စာကိုမမေ့နိုင်...။
“ဇော်ကကနေသည်...ခါးကော့ထားသည်...ရယ်ရယ်မောမော..ပေါ့ပေါ့ပါးပါး...တော်တော်မောသလား...
အဟွင်း...ရယ်နေရပေမဲ့ မောရတယ်တဲ့....ဟုတ်ပါရဲ့.....”
သစ်ဆိုတာ သစ္စာဖောက်ခံရလောက်အောင် ငယ်ငယ်ကတည်းက တုံးလွန်းတာကိုး..။
လက်ထဲက အရုပ်ဘူးလေးကို ပြန်ပစ်ချလိုက်ပြီး မျက်ရည်စတွေကို ရယ်ရင်း သုတ်ပစ်လိုက်သည်...။
အရုပ်တွန်းလှည်းကြီးကို တွန်းပြီး စင်နောက်ဘက်က ၀က်ဝံရုပ်ကြီးကို ပါ ထည့်ပြီး ရင်ထဲက နာကျင်မှုတွေ ပျောက်သွားအောင် လှည်းကို လျှောက်တွန်းရင်း ပြေးနေမိသည်..။
“ဝူး..ပျော်လိုက်တာ...”
“အရုပ်လေးတွေ ရပြီ...”
၀က်ဝံရုပ် အဖြူကြီးကို ချစ်လို့ လှည်းထဲ မထည့်ပဲ ကျောပိုးပြီး အရုပ်တွေ ထပ်ရှာနေလိုက်သည်..။
“ဟား..ဟား..ဟား..”
“ဘာလည်းဟ...”
“Nothing ....အဟား.....”
Tab ကို ကြည့်ရင်း ရယ်နေတာ...
ဘေးက စိုးနိုင်က ခေါင်းရမ်းရင်း မကြားတကြားပြောတာ ရူးသွားပြီတဲ့လေ..။
သူ့ကိုသာ ပြလိုက်ရင် ဘယ်သူရူးလည်း သိသွားမှာပါ...။
ဗီဂါ ကျောတွေသိမ့်ပြီးတုန်တဲ့ အထိ အသံမထွက်ဖို့ကြိုးစားရင်း ရယ်နေမိသည်...။
လှည်းကို လျှောက်စီးနေတာ မကြီးမငယ် တကယ့် ရူးကြောင်ကြောင်ရယ်..နောက်မှာလည်း အရုပ်ကို ပိုးထားသေးတာ..ဘယ်လိုတွေ ပါလိမ့် ကလေးဆန်လိုက်တာ...။
“ဘာလေးလည်း...”
သစ်ရှေ့က အနီရောင်ဘူးလေး ကို ခေါက်ကြည့်တော့ ဘာမှလည်း မတွေ့...အပြင်မှာလည်း ဘာမှ ပြမထားတော့ ဖောက်ကြည့်ချင်လာပြန်ပြီ...။
“ဟာ..ကြာနေပြီ..ဒုက္ခပဲ..”
လူစောင့်နေတာ သတိရတော့မှ သစ် အရုပ်လှည်းကြီးကို ပြန်တွန်းပြီး အရုပ်စင်ကို ပြန်သွားခါ တစ်ခုချင်းပြန်စီပေးရတော့သည်..။
“ဟူး...ယူတုန်းကလွယ်လိုက်တာ..ပြန်ထားဖို့ ကျတော့ခက်တယ်..”
ယုန်ရုပ်ကလေးက အပေါ်ဆုံးက ယူတာသိတော့ ခြေဖျားထောက်တင်တာလည်း မမှီ ..
လှည်းကို ငြိမ်အောင်ကြိုးစားထိန်းခါ ခြေထောက် တစ်ဖက်တက်ပြီး အရုပ်ကို စင်ပေါ် တင်လိုက်ချိန် ...
“အ...”
“ဟာ..”
ဗီဂါ ရင်တွေဆောင့်ခုန်ပြီး ခုံကနေ ရုတ်တရက် ထရပ်လိုက်မိသည်..။
“အိုး...ဘာလည်းဟ..”
သစ် လှည်းက ရှေ့တိုးသွားတော့  ပစ်စလက်ခတ် နောက်ကိုလှန်ကျတာ ခေါင်းကွဲပြီ ထင်ခဲ့ပေမဲ့ တစ်ခုခု ခံနေသည်..။
“သတိထားလေ..အစ်မရဲ့..”
“သြော်...အင်း...ဟုတ်....ဆောရီး...ဟဲ..ဟဲ...တော်သေးတာပေါ့..သေပြီမှတ်တာ..ကျေးဇူးပဲ မောင်လေး..”
ကိုယ်ကို ပြန်မတ်ရင်း ရယ်ကြဲကြဲဖြင့် ကျေးဇူးတင်နေရသည်..။
ဘယ်လို ဖမ်းတာလည်း ကျောကနေဆောင့်တွန်းထားတာ အောင့်သွားတာပဲ....။
“အစ်မ ၀ယ်စရာ ကျန်သေးလား..”
“ဖိနပ်ကတော့ အပြင် ကပဲ ၀ယ်လိုက်တော့မယ်.....ရပါပြီ..မိတ်ကပ် ပစ္စည်း နည်းနည်း ၀ယ်ပြီးရင်ရပြီ..”
အလှကုန် စင်တွေကို ရောက်တော့ မှန်ဘုံးတွေနဲ့ တစ်ကန့်စီ ပေမဲ့ သစ်လိမ်းနေကျ တံဆိပ်တွေက တစ်ခုစီမို့ ဖောင်ဒေးရှင်းနဲ့ တူးဝေး ပေါင်ဒါရယ် နှုတ်ခမ်းနီ တွေကို တစ်ခုချင်းစီ တစ်နေရာစီ လိုက်ရှာပြီး ယူနေရသည်..။
“ရပြီ မောင်လေး..ပြန်ကြမယ်..”
“အစ်မ ပစ္စည်းတွေ ထုတ်ရအုံးမယ်လေ...”
“အင်း လူမှ မရှိတာ...”
ထိုလူက ပြုံးပြပြီး လှည်းကို အခန်း တစ်ခုထဲရောက်အောင် တွန်းယူသွားသည်..။
သစ်လည်းနောက်က လိုက်သွားလိုက်တော့ တွေ့ရတာ..
“ဟင်..”
အခန်းထဲမှာ လူတွေ အယောက် သုံးဆယ်လောက် ရှိနေသည်..။
“အစည်းအဝေးလုပ်နေလို့ ပါ အစ်မရဲ့ ရှိပါတယ်...”
ဘေးကလူပြောတာ နားထဲမရောက်ပဲ သစ်အပြင်ကို ကြည့်လိုက်ချိန် လျှောက်ပြေးတုန်းက မြင်ကွင်းကြီး ကို မြင်ယောင်လာသည်..။
မှန်က တစ်ဆင့် အပြင်ကို ကြည့်လို့ ရသလို ရှေ့မှာ ကင်မရာ ပုံရိပ်တွေကလည်း ပေါ်နေတော့....
သေလိုက်ပါတော့ မိသစ်ဝေရယ်..
ကိုယ်ကိုယ်ကို ကျိန်ဆဲရင်း ရှေ့က လူအားလုံးကို မချိပြုံးလေး ပြုံးပြလိုက်ရသည်...။
သိတာပေါ့ ဟားဖို့ကို မျက်နှာပိုးသပ်ပြီး ခေါင်းငုံ့ အလုပ်လုပ်နေကြတာ.....
စိတ်ဆင်းရဲလိုက်တာနော်....ရောက်လေရာမှာ....အရှက်ကွဲတာပါပဲလား.....။
“ဖိနပ်တွေရောက်ပြီလား ယုဝေ..”
“ဟုတ်ကဲ့.”
“အစ်မ ကို တစ်ခါတည်း ပြလိုက်ပါလား..”
“ဟုတ်ကဲ့..အစ်မ ဒီဘက်ကြွပါ..”
သစ် အားလုံးကို ရယ်ကြဲကြဲ လုပ်ပြရင်း ကောင်မလေးနောက်ကို အသက်အောင့်ပြီး ပြေးလိုက်ခဲ့ရသည်..။
ဖိနပ်လည်း မပါ ခြေဗလာနဲ့ ရှက်လိုက်တာ သေမှာပဲ...။
“အစ်မ ဒေါက်လား..”
“အင်း...ဟိုဘက် က အဖြူလေးနဲ့ အနီလေး ယူပေးပါလား ညီမ..”
အပေါ်ကို တက်ယူနေရတာကို အောက်ကနေမော့ပြီး ဟိုဟာ ဒီဟာရွေးနေတာ..
“ဘုရားရေ..”
‘ဒေါက်...”
“အ....”
မျက်နှာ တည့်တည့်ပေါ် ဖိနပ်ပြုတ်ကျတာ ဘယ်လို ကံဆိုးခြင်းမျိုးပါလိမ့်...။
“ကန်တော့ အစ်မရယ်..ကန်တော့ပါ...ဒုက္ခပါပဲ...အလုပ်ပြုတ်တော့မယ်..”
‘ဟဲ..ဟဲ...ရပါတယ်..ညီမ...ဘာမှ မဖြစ်ဘူး..ရတယ်...အဟက်..မနာပါဘူး..”
“တကယ်တောင်းပန်ပါတယ်...အစ်မရယ်...”
သစ် မျက်နှာပေါ် ပြုတ်ကျတဲ့ ဖိနပ် အနီရောင်ကို မကျေနပ်လို့ ခြေထောက်စွပ် စီးကြည့်လိုက်တော့ အတိအကျတော်နေသည်..။
“ဟဲဟဲ..ဒါပဲယူလိုက်မယ် ညီမ...အဲဆိုဒ် အဖြူ တစ်ရံပါ ထပ်ထည့်ပေးနော်..”
“ထူးဆန်းလိုက်တာ ပြုတ်ကျတာ တော်နေတယ်...”
“ကိုယ့်ကို ပေါက်တဲ့ ခဲတွေနဲ့ အိမ်ဆောက်သလိုပေါ့လေ...ဟိ...ဖိနပ်ရွေးနည်း အသစ်လေ..”
လူကြီးရှက်တော့ ရယ် ဆိုသလို သစ် ရယ်ချည်းနေလိုက်ရသည်။
သစ် စကားကို ဟိုကလေးမ အူကြောင်ကြောင် ခေါင်းညိတ်ပြီး ဖိနပ် နှစ်ရံ ပိုက်ခါ အခန်းထဲ ၀င်သွားတော့ သစ် လိုက်မသွားတော့ပါ..။
ကောင်တာ အနား ဖိနပ်ထားခဲ့တဲ့ နေရာမှာ ဖိနပ်သွားရှာပြီး ၀တ်ရသည်..။
ပြုတ်ကျနေတဲ့ အကျီ င်္ချိတ်တွေကို ကောက်တင်ပြီး ပရုတ်ကျခါ အကျီ င်္ ချွတ်ခဲ့တဲ့ အရုပ်မကိုလည်း ပြန်၀တ်ပေးရသေးသည်..။
ဟူး..မွှေခဲ့တာတော်တော်များတာပါလား..တော်ပြီ အောက်ဆင်းစောင့်နေလိုက်မယ်..။
သစ်တွေးမိရင်း ပြန်ဆင်းလာတော့ လှေကားက တစ်၀က်မှာ တင် ရပ်သွားပြန်ပြီ...
“ဒီနေ့ တစ်နေ့ကုန် ကံကောင်းနေပါလားနော်...စိတ်ဆင်းရဲတယ်..”
လှေကားကို ပြောင်းပြန် ပြန်လျှောက်တက်နေချိန် တစ်ဖက်က ဆင်းလာတဲ့ ကောင်လေးကို တွေ့တော့မှ ကိုယ့် အထုတ်တွေ သယ်ပေးနေရတာ သတိရတော့သည်..။
“ပေး..ပေး..မောင်လေး..အစ်မ မေ့သွားလို့ပါ...”
“ရတယ်..အစ်မ နေပါ..သေချာ ကိုင်ထားလိုက်အုံး လှေကားပြန်လည်တော့မှာ အစ်မဆင်းတာ အတက်လှေကားကြီး..”
“သြော်..အင်း..”
လှေကားပြန်လည်ချိန်  ပြောင်းပြန်ကြီး အပေါ် ပြန်ရောက်သွားရသည်....။
တစ်နေ့ကုန် ဘာတွေမှန်းကို မသိ...။
“ဟူး..အိမ်ကို တန်းပြန်တော့မယ်..”
“ဟုတ်ကဲ့..”
ကားထဲရောက်တာတောင် ဘာများဖြစ်အုံးမလည်း စိတ်ပူနေရသေးသည်...။
အိမ်ရှေ့ကို ရောက်တော့မှ သက်ပြင်းချပြီး အထုတ်တွေပါ တစ်ခါတည်း ချလိုက်ရ၏..။
“ကျွန်တော် လိုက်ပို့ပေးမယ်..”
“ရတယ်...ဘုန်းမင်း ရှိပါတယ်..ချခဲ့လိုက် မောင်လေး..”
“ဒုတိယဘုန်းမင်းရေ.....”
သစ် ခေါ်လိုက်တဲ့ နာမည်ကြောင့် ကားမောင်းတဲ့ ကောင်လေးက ကြောင်တောင်တောင်လေး ရပ်ကြည့်နေပြီး ဘုန်းမင်းထွက်လာမှ ရယ်ပြီး ကားပေါ်တက်သွားသည်..။
ဒေါ်သစ်ဝေတို့က လူတိုင်း အတွက် ရူးကြောင်ကြောင် အဘွားကြီး ဖြစ်နေပါလားနော်...။
“ဒါတွေ သယ်ပေးပါလား...”
“ဟုတ်ကဲ့...”
“ဟူး...တစ်နေ့ကုန် တလွဲ...”
“ဟဲ..ဟဲ...အစ်မက နေ့တိုင်းလွဲတာပါ....”
“ဟဲ..ဟဲ...နာမည်တောင် ပြောင်းထားတယ်...ဒေါ်သစ်လွဲလို့လေ.. ...ဟား..ဟား..”
သူထက် ပိ်ုပြီး လှောင်ရယ်ပြလိုက်တော့ ခေါင်းငုံ့ပြီး အထုတ်တွေကို သယ်ခါ အိမ်ထဲ ၀င်ပြေးတော့သည်..။
“ဟဲ့..ဒုတိယ ဘုန်းမင်း”
‘အစ်မက ဘာလို့ ဒုတိယ ဘုန်းမင်းလို့ ခေါ်နေတာလည်း ပထမ က ဘယ်သူလည်း....”
“ဟွင်း..ပထမက ဗီဂါဘုန်းမင်းလေ..”
‘ဟမ်...သခင်လေးက...”
“ဟုတ်တယ်...ငါ့အိမ်မှာ လာနေတာ ဘုန်းမင်းက စုတ်တိစုတ်ပြတ် သနားကမား လေး ဘုန်းမင်းလေ..ဒီအိမ်ရောက်ခါမှ သခင်လေး ဖြစ်သွားတာ..”
“ဟဲ..ဟဲ...ဒါလား...အဲဒါက အစ်မဆီက ဆေးဒလ်တာတွေ ပြန်ယူဖို့ ကျွန်တော့်ကို ခိုင်းတာ အနားနီးမှ ကြောက်တယ်ဆိုလို့ ဆရာက ၀င်သွားရတာလေ..ဟီး..ဟီး..”
“သူ့ လူတွေ ယူခိုင်းပြီးရော...”
“အစ်မက လန့်ပြီး ဖျက်စီး ပစ်လိုက်မှာလည်း စိုးနေတာ.....ပြီးတော့ပိုင်ရှင်က ရဲတိုင်ခိုင်းတာတောင် ဆရာက အစ်မ ကို သနားလို့ မလုပ်တာ သိလား....မဟုတ်ရင် အစ်မ အခုထောင်ထဲရောက်နေပြီ”
“ဟွန့်...ငါ့ကို အရူးလုပ်ပြီး ကစားသွားတာ လုံး၀ မကျေနပ်ဘူး..”
“အစ်မကော ပြန်ဒုက္ခပေးတာ နည်းသလား..ဆရာ့မှာ လူတွေအားလုံးကို ဘယ်လို ပြောမလည်း မသိဘူး...ဖွင့်ပွဲကျရင် လက်ထပ်ပွဲပါ လုပ်မယ်လို့ လူတွေက သိထားတာ...အခုတော့ သခင်လေး သနားပါတယ်...အဲမိန်းကလေးကို အရမ်းချစ်တာ..ဒီကိုလာရင်တောင် ရက်ကြာမယ်ဆို ခေါ်လာပြီး မာရီနာ ပါမလာရင်  အလုပ်ပြီးတာနဲ့ တန်းပြန်သွားတာလေ...အခုလို ကွဲသွားကြတာ စိတ်မကောင်းလိုက်တာ...အဲဒါ..”
“ငါ့ကြောင့်...”
သစ် စိတ်မရှည်လို့ စကားထောက်ပေးလိုက်တော့ ရှေ့က သခင့်အချစ်တော် သတ္တဝါလေးက ရယ်ပြီး ခေါင်းညိတ်ပြသည်..။
“သူက ချောလား..”
“အိုး ချောတာပေါ့ အစ်မရယ်...ဘိုမရုပ်ကလေး အတိုင်း ကိုယ်လုံး ကိုယ်ပေါက်ကလည်း..”
သစ် တစ်ကိုယ်လုံးကို ကြည့်ပြီးမှ ခေါင်းရမ်းရင်း နှုတ်ခမ်းမဲ့ခါ
“ဝါးခြမ်းပြား မဟုတ်ဘူး..”
“ခွေးကောင်...တဏှာရူး နှာဘူး..သွားပြန်တော့...”
“အစ်မ ကြည့်ချင်ရင် ဆရာ့ဆီမှာ ခရီးထွက်တုန်းက ဗီဒီယိုတွေ ရှိတယ် ယူကြည့်ပါလား...”
သစ် နှုတ်ခမ်းမဲ့ပြုံးပြီး စိတ်မ၀င်စားသလို ခေါင်းရမ်းလိုက်တော့ ဘုန်းမင်း က ပြန်ထွက်သွားသည်..။
သိလည်းသိတယ်...တွေ့လည်း တွေ့တယ်...ဒါပေမဲ့ မကြည့်ရဲပါဘူး...အစကတည်းက ယှဉ်စရာမလိုတဲ့ ဘဝတွေပါ...။
“မောင်...စောတယ်နော်..”
ခေါင်းညိတ်ပြီးသာ အဖြေပေးပြီး..အိမ်ထဲ ၀င်သွားတော့ သစ်လည်း ပခုံးတွန့်ပြီး နောက်က လိုက်၀င်လာရသည်..။
အခန်းထဲရောက်တော့ အိတ်ချလိုက်ပြီး ကုတ်အကျီီ ချွတ်တော့ သစ် မနေနိုင်တာနဲ့...
“ဖယ်လေ..မ ချွတ်ပေးမယ်..”
ဘာမှ မပြောပဲ ကုတ် အကျိ င်္ကို ဆွဲချွတ်တော့ သစ် ဆက်ပြီး ဆွဲယူခါကုတင်ပေါ် တင်လိုက်သည်...။
“နက်ခ်တိုင်ဖြုတ်ပေးမယ်..”
“ရပါတယ်..”
“ပွဲမှာ အဆင်ပြေခဲ့ရဲ့လား..”
“အင်း...”
“မပြေပါဘူး..မောင့်ပွဲ ဘယ်တော့လည်း မေးတယ်မလား...မောင့်မှာ အဖြေမရှိတော့ မောင် စိတ်ရှုပ်တယ်...ပြီးတော့ စကားမရှိလို့ ပြုံးပြပြီး အဖြေပေးလိုက်ရတယ်လေ...”
မယုံနိုင်သလို ကြည့်လာတာ သိပေမဲ့ ဘာမှ မထူးခြားသလို သူ့လက်ထဲ ပါလာတဲ့ နက်ခ်တိုင်ကို ယူပြီး ကုတင်ပေါ်တင်လိုက်ရင်း ကြယ်သီးတွေကို ခပ်သွက်သွက်ဖြုတ်ပေးခဲ့၍ ကုတ်ယူခါ အခန်းထဲ ထွက်လာခဲ့လိုက်သည်..။
“ဘယ်လိုသိတာပါလိမ့်..”
ဗီဂါ စဉ်းစားမရလို့ ရေချိုး အ၀တ်အစားလဲပြီးတဲ့ အထိ တွေးနေမိတာ အဖြေက ပေါ်မလာသေး...။
ဘာတွေကို ဟက်ပြီး သိသွားပြန်လည်း...ကင်မရာကိုများလား...။
“မောင် ထမင်းစားတော့မလား..”
“စားခဲ့တယ်...”
“သြော်....အင်း...”
ခေါင်းညိတ်ပြီး ပြန်ထွက်သွားပြန်ပြီ...အနားမှာလည်း အကြာကြီး မနေဘူး..ကြည့်ရတာ အလုပ်မပြီးသေးလို့ ဇွဲမကုန်သေးတာ ..။
ဗီဂါ ကိုယ့် အတွေးနဲ့ ကိုယ့် အဖြေတိုက်ကြည့်ရင်း ပျင်းလာလို့ ရုပ်ရှင်ကြည့်ဖို့ သတိရတာနဲ့ ရုပ်ရှင်ခန်းဘက်ကို ထွက်လာခဲ့လိုက်သည်..။
“ဒုက္ခပဲ မေးစရာတွေကလည်း များလိုက်တာ...ရုပ်ကြီးက စူပုတ်ပုတ် နဲ့ မနက်မှ မေးရ ကောင်းမလား..”
သစ် စိတ်ပျက်စွာခေါင်းရမ်းရင်း ဖိုင်နဲ့ လပ်တော့ပ် ကို ယူပြီး မီးဖိုဆောင်ထဲက တက်လာတော့ သူ့ အခန်းကို ကြည့်လိုက်တာမရှိ...။
အလုပ်ခန်းထဲ သွားကြည့်လည်း မတွေ့ပြန်ဘူး...ရေကူးကန်မှာ အလွမ်းသယ်နေပြန်ပြီလား...။
မနက်က ပွဲတစ်ခု တက်ရတော့ သူ့ရည်းစားနဲ့ တူတူ တက်ချင်လို့ လွမ်းနေမှာပေါ့...သစ်ကို မုန်းနေမှာလည်း သေချာတယ်...ရာသီဥတု အခြေအနေမကောင်းတာသိသော်လည်း...
“ဟင်..ဒီမှာလည်း မဟုတ်ဘူး..”
“ရုပ်ရှင် သွားကြည့်တာလား...”
သစ် တစ်ခါ သွားဖူးသည့် ရုပ်ရှင်ခန်းဘက်ကို လျှောက်လာရတာ စိတ်ထဲ ပင့်ကူတွေချည်း မြင်ယောင်နေရသည်..။
“မောင်....”
“ဟင်...”
“သြော်...ဒီမှာလား..၀င်ခဲ့မယ်နော်...ဟိုကားတွေ ကြည့်နေရင် ပိတ်လိုက်နော်..”
“ကျစ်...”
သူ့ဆီ က စိတ်ရှုပ်ရင်ထွက်တဲ့ ကျစ်သံလေး ကြားလိုက်ရတော့ သစ် ပြုံးပြီး အခန်းထဲကို ၀င်လာခဲ့လိုက်သည်..။
“ထိုင်မယ်နော်...”
‘ဘာလည်း...ပြီးရင် ကြောက်အုံးမယ်..”
“ဟမ်..ပင့်ကူကား ကြည့်နေပြန်ပြီလား..”
သစ် မျက်လုံးပြူးဖြင့် အလန့်တကြား တီဗွီကြီးကို ကြည့်လိုက်တော့ သူက ခေါင်းရမ်းပြီး..
“မဟုတ်ပါဘူး..သရဲကား..”
‘သရဲမကြောက်ဘူး..ဟဲ..ဟဲ...”
“မနက် က ရှော့ပင်း သွားတာ ဘယ်လိုနေလည်း..”
“ဟူး..မပြောပါနဲ့တော့...”
ဒီလောက်ဆော့ခဲ့ပြီး သူ့အကြောင်းသူသိသလို သက်ပြင်းတောင်ချနေရတော့ 
ဗီဂါ တီဗွီ ကိုကြည့်ရင်းပြုံးမိပြီး ...
“ဘာဖြစ်လို့..”
“အကုန်လွဲတာ...မ...က ဘယ်သူမှ မရှိဘူး ထင်လို့....”
“ဘာတွေ လုပ်လို့လည်း..”
“လျှောက်မွှေပစ်လိုက်တာ..ပြီးမှ အခန်းထဲမှာ လူတွေ အများကြီး ရှိနေတယ်..အရှက်ကို ကွဲတာပဲ...”
“ခင်ဗျားကလည်း ရူးကြောင်ကြောင်.....”
“အင်း...မားကပ်ကြီး တစ်ခုလုံးမှ ဘယ်သူမှ မရှိတော့ ပျော်ပြီး လျှောက်လုပ်မိတာ...”
ဗီဂါ ခေါင်းညိတ် လက်ခံပေးလိုက်တော့ သူ့ ဖိုင် ကို ဆွဲထုတ်ပြီး ပေါင်ပေါ်တင်လိုက်သည်..။
“လိုချင်တာတွေ ရခဲ့ပြီလား..”
“အင်း...အ၀တ်အစားတွေလည်း အဆင့်သင့် ဖြစ်ပြီ ဆိုတော့ မနက်ဖြန် စပြီး လုပ်မယ်နော်...”
“မဖြစ်နိုင်ဘူး..”
‘အိုး..မောင်ကလည်း သူများကို အထင်သေးလိုက်တာ..”
“ကြီးစရာမှ မရှိတာ...ဘာမဆိုမေ့တာတမျိုး ..မှားတာတစ်မျိုး.လွဲတာတစ်မျိုး..”
“သုံးမျိုးတည်းပါ..ဟဲဟဲ...”
“ဟဲတာ တစ်မျိုးပါ ထပ်ပေါင်း..”
ဗီဂါ့ အပြောကြောင့် ဘေးကို ဆောင်ပေပေ ပြန်ကြည့်နေတာ တီဗွီ မှန်က မြင်နေရပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်သည်..။
“သြော်...ဒါ မေးမလို့...co owner ဆိုတာ ဘာလည်း..”
‘တွဲဖက် ပိုင်ရှင်..”
“ဝိုး တော်လိုက်တာ အလွတ်ပြောနိုင်တယ်...”
“ခင်ဗျား ပျင်းနေတာလေ...အဘိဓာန်မှာရှာပါလား...”
“ရှာပြီးပြီ မတွေ့ဘူး..”
အကြောင်းပြချက် အလိမ်အညာတွေစလာတော့ ဗီဂါ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်တာ ရယ်ပြပြန်ပြီ..။
“ဒါကော...အင်တာဗျူး ဖြေရင်  credentials လိုတယ် ဆိုတာ ဘာလည်း မောင်..”
“ခင်ဗျားကလည်း..”
“ပြောပြပါ မောင်ရယ်..တကယ်မသိလို့ပါ.”
“ဟူး...အထောက်အထားလိုတာ..အရည်အချင်း လက်မှတ်တို့ ရပ်ကွက်ထောက်ခံစာ တို့ဘာတို့ကို
ပြောတာ ရပြီလား..”
“သြော်..ရပြီ...”
ခေါင်းညိတ်လိုက်ခါ သူ့ဖိုင်ကို လှန်လောပြီး ဘောပင် တစ်ချောင်းနဲ့ လိုက်ထောက်ရင်း အမေးရှာနေချိန် ရှေ့က သရဲကားထဲမှာ ပင့်ကူပါလာတော့ ဗီဂါ ရိမုယူပြီး အမြန်ကျော်ပစ်လိုက်ရသည်...။
“C & S စနစ်ဆိုတာ ဘာကိုပြောတာလည်းမောင်..”
“ဘယ်မှာပါလို့လည်း..”
ဗီဂါ သူ့ဖိုင်ကို လှည့် ကြည့်ပြီး မေးလိုက်တော့  မျက်ခုံးတွန့်ပြီး ခေါင်းရမ်းခါ
“မဟုတ်ပါဘူး..အရင်တုန်းက အလုပ်မှာပြောတာကြားဖူးတာပါ..အလုပ်နောက်ကျတိုင်း C & S စနစ်သုံးတော့မယ်ဆိုတာ အမြဲပါတယ်..”
“ဟား..ဟား...ဟုတ်တာပေါ့...ခင်ဗျား က အလုပ်သွားတိုင်း နောက်ကျတယ်လေ...”
“မောင် နှိုးတာနောက်ကျတာကိုး..”
“မ ကရော မောင် နှိုး ရင် ထလို့လား..”
စကားသံတွေ တိတ်ကျသွားပြီး ရုပ်ရှင်ထဲက အသံတွေက ပိုကျယ်လာသလိုပင်...။
ရုတ်တရက်ြကီး မ နဲ့ မောင် လို့ ခေါ်ပြီး ပြောလိုက်တာ သူလည်း သတိထားမိပုံ မပေါ်..။
“အဟမ်း...”
“ဒါနဲ့..”
နှစ်ယောက်စလုံး အသံတွေ ပြန်ထွက်သွားတော့ သူကပဲ လက်ရှေ့ပြပြီး...
“ပြောပါ..”
“ဟို...အဲဒါ ဘာပြောတာလည်း..”
“carrot and stick..”
“ဘာလည်း...”
“မုန်လာဥနီ နဲ့ တုတ်လေ...”
“ဟမ်...”
နားမလည်သလို နှာခေါင်းပါ ရှုံ့တက်သွားတော့  ဗီဂါ ရယ်လိုက်ပြီး..။
“ဆုပေး ဒဏ်ပေး စနစ်ကို ပြောချင်တာ...”
“သြော်..အင်း...မောင် တို့ကော အဲလိုပဲလား..”
“အင်း..”
“ဘယ်လို ဆုပေး ဒဏ်ပေးလုပ်လည်း...”
“အလုပ်အပေါ် မူတည်တာပေါ့...”
ဗီဂါ ပြောလိုက်တဲ့ စကားကြောင့် ချက်ချင်း လှည့်ကြည့်ပြီး လက်ညိုးထောင်ပြခါ...
“မ အလုပ်တော်ရင် မ လည်း ဆုရမှာပေါ့နော်...”
“အင်း..”
“မ ယူမယ့်ဆု က ကြီးတယ်နော်...”
“ဘာလည်း...”
“မောင့် နှလုံးသား..”
“သေတောင် သွားအုံးမယ်...လူသတ်မှု...”
ဗီဂါ မျက်စောင်းမထိုးတက်ပဲ ထိုးခါ တီဗွီ ဆီ အကြည့်ပြန်ရွေ့လိုက်တော့ လက်မောင်းကို ပုတ်ပြီး..
“ဟား...ဟား...မောင်ကလည်း နောက်ပြီ...မောင်တို့ ဂရုမှာ ၀န်ထမ်းတွေ အများကြီး ကို ဘယ်လို ဆုပေးလည်း ပိုက်ဆံ ကုန်မှာပေါ့နော်...အလုပ်တွေလည်း တော်တော်ရှုပ်မယ်သလား ..”
သူ မသိတာတွေ တစ်ခုချင်းဆွဲထုတ်မေးနေတာ.. တီဗွီလည်း မကြည့်ရတော့လို့ ဆက်ရှင်းပြဖို့့ပဲ ကြိုးစားရတော့သည်..။
“၀န်ထမ်း ခေါင်းဆောင်တွေနဲ့ လွဲထားတာပေါ့..ပိတ်ရက်တွေမှာ ခရီးတွေပို့ပေးတယ်...မိသားစု ပိုင်းတွေ ထောက်ပံ့ထားတယ်..၀န်ထမ်းသားသမီးတွေ အတွက် ပညာသင်ဆုရှိပါတယ်... ကျန်းမာရေးစောင့်ရှောက်မှုလည်း ရှိတယ်...ဆေးခွင့်ယူရင် လစာ တစ်မျိုးပေါ့လေ...သူတို့ အချိန်ပိုဆင်းပေးရင် အပိုကြေးရမယ်...ရက်မှန်ဆု လည်း ပေးထားတယ်..တစ်နှစ်မှာ ငါးရက်တော့ သူတို့အတွက် အထူးပွဲတွေ လုပ်ပေးထားတယ်...အရည်အချင်း ရှိတဲ့သူတွေကို သင်တန်းတွေ....”
“ဘုတ်....”
“.....”
“ဟင်..”
တီဗွီကို ငေးပြီး ပြောနေမိတာ ခြေထောက် ဘေးကို ဖိုင် ပြုတ်ကျလာမှ ဗီဂါ ကြည့်လိုက်တော့ အိပ်ပျော်နေပြီ...။
ပြုတ်ကျနေတဲ့ ဖိုင်ကို ကောက်ယူပြီး ဘေးခုံပေါ် ပြန်တင်လိုက်ချိန် လက်မောင်းပေါ် ခေါင်းစိုက်လာတော့ တစ်ချက် နောက်ဆုတ်လိုက်ပြီးမှ ငြိမ်နေလိုက်သည်..။
“အခန်းထဲသွားအိပ်လေ...”
ဗီဂါ့ အသံပဲတိုးလို့လား တကယ် အိပ်ပျော်သွားလို့လား မသိ နည်းနည်းမှတောင် မလှုပ်တော့ပါ...။
မနေ့ကလည်း တစ်ညလုံး မအိပ်ဘူး တစ်နေ့ကုန်လည်း မွှေနေတာ တော်တော် ပင်ပန်းသွားပြီမလား...။
တီဗွီ  ဆီ စိတ်နစ်ထားလိုက်ပေမဲ့ လက်မောင်းပေါ်က ခေါင်းက အိကျလာတော့ လက်ကွေးပြီး ဖမ်းထားလိုက်ပေမဲ့ ပေါင်အစွန်းဘက်ကို ခေါင်းတင်ပြီး ကျသွားသည်..။
တီဗွီကို ရီမုနဲ့ ပိတ်လိုက်ပြီး ခေါင်းကို လက်ထိုးရင်း ကျောအောက်ကို လက်ထည့်ပွေ့ချီခါ အခန်းဘက်ကို ပြန်လာခဲ့ရသည်။
လှေကား စီးနေချိန် လက်က နာလာပြီ...။
“ဟူး...မသက်သာပါလား.....”
ကုတင်ပေါ် ချခဲ့လိုက်ပြီး ရေချိုးခန်း ၀င်ခါ သွားတိုက် မျက်နှာသစ် ရင်း ည၀တ်စုံပါ တစ်ခါတည်း လဲလိုက်သည်...။
ဗီဂါ ကုတင်ပေါ် ပြန်ရောက်တော့ အိနြေ္ဒရရ လက်နှစ်ဖက် ဆန့်တန်း ပြီး အိပ်ပျော်နေပြီ...။
“ကလေးလား..”
လက်တွေကို ပြန်စုပြီး ကိုယ်ကို စောင်းပေးလိုက်ပေမဲ့ ဗီဂါ့ဘက်ကိုပဲ တိုးကပ်လာသည်..။
လူအသားနဲ့ ထိနေမှ အိပ်တက်တာလား...အရင်တုန်းက ဟန်ဆောင်ပြီး အိပ်ပြနေတာပဲ..။
သူ့အိမ်မှာတုန်း အိနြေ္ဒရရ ကွေးကွေးလေး အိပ်တက်တယ်မှတ်တာ...အခုတော့...။
ဗီဂါ အပြုံး တစ်ခုနဲ့ အတူ လှဲချလိုက်ချိန် ဝေးကွာနေပေမဲ့ ခေါင်းအုံးကို ဆွဲယူပြီး ရှေ့တိုးသွားလိုက်မိသည်..။
“ဒီဘက်တိုး ခင်ဗျား ပြုတ်ကျမှာစိုးလို့ သိရဲ့လား..”
ကိုယ့်အကြောင်းပြချက်ကို အိပ်ပျော်နေတဲ့ သူ မသိပေမဲ့ နှုတ်က တရား၀င် ကြေငြာပြီး ပခုံး ဆွဲခေါ်ရင်း မလုံမလဲ ရယ်လိုက်မိသည်..။

☆✼★━━━━━━━━━━━━★✼☆。

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Where stories live. Discover now