1543
အပိုင်း (၂၃)
#1543“ကော်ဖီ..”
သစ် မျက်နှာထား တင်းတင်းဖြင့် ယူလာတဲ့ ကော်ဖီ ပန်းကန်ကို ဆောင့်ချပေးလိုက်သည်..။
မျက်လုံး တစ်ချက် ပင့် ကြည့်ပြီး ဘာမှ မဖြစ်သလို ကွန်ပျူတာ ဆီ အကြည့်ပြန်ရွေ့ထားလိုက်တော့ ပိုဒေါသထွက်ရသည်..။
ချစ်ပါတယ် လို့ ပြောပြီး သူက ဘာမှ မဖြစ်ပဲ သစ်ကချည်း ဒေါသပြည့် နေရတာလား..။
ညပိုင်းဆို သူ့ အနားမှာ အိပ်ရတာ မလုံခြုံသလို ခံစားရလို့ သတိနဲ့ အိပ်နေရတာ ..သူကတော့ ပြောနေကျ စကား တစ်ခွန်းကို လွယ်လွယ်ပြောသလို တစ်ပတ် ကြာလာသည် အထိ ဘာမှလည်း မပြောင်းလဲ..။
မပြောင်းလဲတာကို ကျေးဇူးတင်ရမလား...
.ပြောင်းလဲအောင် လုပ်ရမလား...။
“ဒေါ်သစ်ရွက်...”
“ဟင်..”
သစ် ကိုယ့်အတွေးနဲ့ ကိုယ် ငိုင်နေမိတာ သူခေါ်မှ ရုတ်တရက် ပြန်ထူးပြီး စိတ်ဆိုးနေတာ သတိ၀င်လာသည်..။
“ဒီနေ့ ဧည့်သည် တွေ့စရာ မရှိဘူး..ရိုးရိုး စပို့ရှပ်နဲ့ ဘောင်းဘီ ပဲ ထုတ်ထား..”
“အမ်း...”
မကြည်မသာ ရုပ်ကြီးနဲ့ ကျောခိုင်းထွက်သွားတော့မှ ဗီဂါ ရယ်လိုက်မိသည်..။
တော်တော်ဆိုးတဲ့ မိန်းမ....။
ချစ်ပါတယ်လို့ ပြောထားတာတောင် ဘာတွေ လိုအပ်နေပြန်သလည်း မသိဘူး..စူပုတ်ပုတ် ဆောင့်အောင့်ပြီး မျက်နှာထားကလည်း တင်းထားလိုက်တာ ...သံမဏိ မမ လို..။
ဗီဂါ ရယ်ရင်း ကွန်ပျူတာ ဆီ အကြည့်ရောက်တော့ သက်ပြင်းတစ်ခု အဖြစ် ပြောင်းသွားရသည်..။
အချက်အလက် တွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ရအောင်ယူပြီး ဒုက္ခ ပေးနေတာ ဗီဂါ က ကိစ္စ မရှိပေမဲ့ တခြား အလုပ်တွေပါ ထိခိုက်မှု ရှိလာပြီ...။
မ ကျေနပ်တဲ့ အထိ ....။
“ရပြီ..သွားဖို့ နောက်ကျတော့မယ်...”
စကားလုံးကို ခပ်ပြတ်ပြတ်ပြောပေမဲ့ ဘယ်သူ့ ပြောတယ်တောင် မပါတော့ ဗီဂါ ဆက်ထိုင်နေလိုက်သည်..။
အရင်ကတော့ မခေါ်ပါနဲ့ တားတာတောင် တမောင်မောင်နဲ့ အခုတော့ ပြောင်းသွားပြန်ပြီ..။
ဒေါ်သစ်ရွက် ဆိုတာ နားလည်ရခက်လောက်အောင်ကို တကယ့် အမျိုးမျိုး...။
"ဟယ် မလာသေးဘူး ”
သစ် ခေါ်ပြီး အခန်းပြင်ထွက်လာတာ ဆယ့်ငါးမိနစ် ကျော်လာပြီ သူ လိုက်မလာသေး..။
အခန်းတံခါးဆွဲဖွင့်ပြီး ၀င်ကြည့်လိုက်တော့ ခုံပေါ် နောက်မှီပြီး မျက်လုံးတောင် မှိတ်ထားလိုက်သေးတာ...
“မောင်း..”
“ဟမ်..”
“ဘာလုပ်နေတာလည်း နောက်ကျနေပါပြီဆို..”
“သြော်..အင်း..ဘာလို့ ခုမှ လာခေါ်တာလည်း..”
ကြည့်စမ်း စောနက လာခေါ်တုန်းက သူ့ နားက ဘာပိတ်ထားလို့လည်း..။
“ဘယ်သူ့ ပြောမှန်း မသိလို့ပါ..”
ပခုံးတွန့်ပြောပြီး ခုံက ထလာခါ သစ် ကို ပခုံးရှောင်ပြီး ထွက်သွားတော့ မှ နောက်ကနေ ထုချင်စိတ်တွေ တဖွားဖွားပေါ်လာရသည်..။
“တာဝါ”
စကတည်း က ယူသွားပါလား နေ့တိုင်းလိုနေတာကို အခန်းတစ်ခုစာ ရှိတဲ့ ရေချိုးခန်းထဲမှာ ထားပေးလည်း လက်မခံ ရေချိုးပြီးတိုင်း အော်ခေါ်နေတာ အမြင်ကပ်ရသည်..။
“....”
“ဖစ်..”
“...”
သူများ နာမည်က ဘယ်တုန်းက ဖစ် ဖြစ်သွားသလည်း မသိ...ဒေါ်သစ်ရွက် လည်း သူ့ဟာသူ ပေးထားတာပဲ..။
“တာဝါ မြန်မြန်..”
သစ် ရေချိုးခန်းတံခါးက ထွက်လာတဲ့ လက်ထဲကို တာဝါ တိုးသိပ် ထည့်ပေးလိုက်သည်..။
သေချာ ထည့်မပေးတော့ အောက်ကို ပြုတ်ကျသွားချိန်..
“တောက်..”
လေထဲ လွဲမြှောက်သွားတဲ့ လက်တစ်ဖက်ကြောင့် ကြောက်လန့်တကြား မျက်လုံးစုံမှိတ်ပစ်လိုက်မိသည်..။
“အင်..”
ညာဘက်ပါးက နွေးကနဲ့့ဖြစ်ခါ နဖူးကို အေးစက်စက် အရာ တစ်ခု ထိလိုက်သလို ခံစားရပြီး မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူက တာဝါနဲ့ ခေါင်းရေသုတ်ရင်း မှန်ရှေ့ရောက်သွားပြန်ပြီ...။
ဘာလုပ်တာလည်း..နမ်း သွားတာလား...ကျစ်....မုန်းလိုက်တာ...။
“တီ..”
ကျော်နိုင် မုန့်လာပို့တော့ သစ် လှေကားကို အမြန်ရောက်သွားပြီး နီးစပ်ရာ တံခါးက ထွက်လိုက်သည်..။
“ဟင်.ဘုန်းမင်း..”
‘ဟုတ်ကဲ့..အစ်မ....ဒီမှာ မပန်းနု ယူခိုင်းလို့ပါ..”
“သြော်..အင်း..ကျော်နိုင်ကော ဘာလို့ မလာတာလည်း..”
“မန်းလေး ဟိုတယ်မှာ လိုအပ်တာတွေ ဦးစီးလုပ်ဖို့ လွတ်လိုက်ပြီ ..”
“သြော်..ကောင်းပါတယ်...ငါတော့ စကားပြောဖော် တစ်ယောက်လျော့ပါပြီ..”
“ဟဲ..ဟဲ...ကျွန်တော်နဲ့ စကားပြောလို့ရပါတယ် အစ်မရဲ့..”
“နင် က အားတာ ဆိုတော့လေ...”
စပ်ဖြဲဖြဲ ရုပ်နဲ့ ဘုန်းမင်းကို သစ် ပခုံး ပိတ်ရိုက်ပြီး လှည့်ထွက်တော့ ရုတ်တရက် ဖိနပ်ချောပြီး..
“ဟာ..အစ္မ..”
ဘုန်းမင်းသာ မဆွဲထားရင် အခုလောက်ဆို နောက်နဲ့ ကျောက်ပြားမိတ်ဆက်လို့ ခေါင်းကွဲပြီး သွေးဖျာနေတော့မှာ မလွဲ...
“ရလား အစ်မ..”
“အင်း..ကျေးဇူးပဲ..”
“အစ်မ ကိုယ်ကလည်း ရှည်လိုက်တာ ကျွန်တော့်မှာ ဖမ်းသာ ဖမ်းရတယ် ခေါင်းပိုက်ရမှန်းမသိ ခြေထောက်ပိုက်ရမှန်းမသိ ဖြစ်နေတယ်..”
“ဟား..ဟား...နင့် ကို က ပုတာကိုးဟဲ့..”
သစ် ခါးတစ်ဖက်ထောက်ပြီး ပခုံးကို ကိုင်ရင်း အရပ်တိုင်း ကြွားပြီးမှ မုန့် တွေ ယူခါ မီးဖိုဆောင်ထဲ ၀င်လာခဲ့ရ၏..။
“တောက်...”
ဗီဂါ လက်ထဲက အကျီ င်္ကို လွင့်ပစ်လိုက်တာ မကျေနပ်သေးလို့ ရှိသမျှ အနားက အရာတွေပါ ယူပစ်လိုက်သည်..။
“အောင်မလေး...ဒါက ဘယ်လို ဖြစ်တာလည်း..”
“ခင်ဗျား..လာ..”
သစ် လက့်ကို ဆောင့်ဆွဲပြီး အခန်းထဲ အကြမ်းပတမ်းခေါ်တော့ သစ် သတိ အနေ အထားနဲ့ နောက်ကလိုက်သွားရသည်..။
“ဒါဘာလည်း..”
လက်ထဲက Ipad ကို ထိုးပေးတော့ သစ်လည်း ယူကြည့်လိုက်တာ စောစောက ချော်လဲ မလို ဖြစ်ခဲ့တဲ့ မြင်ကွင်းတစ်ခု...။
“ဘာရမလည်း ဘုန်းမင်း မုန့်လာပို့တာလေ...”
“လာပြန်ပြီ မုန့်လာပို့တာ...မုန့်လာပို့တာ ပခုံးဖက်လိုက် ဆွဲဖက်ချလိုက် ခင်ဗျား ဘာဖြစ်နေတာလည်း ဟင်..ယောင်္ကျားတကာနဲ့ လိုက်ရောနေတာ ကျွန်တော့် ယောင်္ကျား အလုပ်သမားတွေ အကုန်လုံးကို အလုပ်ဖြုတ်ပစ်ရမှာလား..ဟမ်”
ဒေါသတွေ နဲ့ အတူ ပေါက်ကွဲ ပြနေတဲ့ သူ့ အပြောစကားကြောင့် ကျော်နိုင့် ကို သတိရပြီး သစ် လက်ညိုးထိုးရင်း..
“ဒါဆို ကျော်နိ်ုင်ကိုလည်း..နင်..”
“ဟုတ်တယ်..”
သစ် မေးခွန်းတောင် မဆုံးလိုက်ရပဲ သူက ခေါင်းညိတ်၀န်ခံတော့ ဒေါသပိုတိုးလာရသည်..။
“နင် မက်ရိုင်းလှချည်လား...ငါ ရင်းနှီးနေပေမဲ့ မောင်နှမ စိတ်ပဲ..”
“ဒါကတော့ ကျွန်တော်မှ မမြင်ရတာ..”
“နင်...တောက်....”
သစ် လက်ရွယ်လိုက်ပေမဲ့ သူ က ဖမ်းဆီး ကိုင်လိုက်ပြီး နှုတ်ခမ်းတွန့့်ပြုံးရင်း ရှေ့သို့ တိုးလာသည်.။
“ခင်ဗျားကို ကျွန်တော် ချစ်တယ်လို့ သိအောင် ပြောထားပြီးပြီ သ၀န်တိုတာကို ခင်ဗျား နားလည်သင့်တယ်...”
“မလည်ဘူး..မကြားချင်ဘူး..”
“ကျွန်တော်ကတော့ ခင်ဗျား အဖြေကို ကြားချင်နေတယ်..”
လက်ကို ဆွဲလိုက်တော့ သူ့ရင်ခွင်ထဲပြိုကျသွားပေမဲ့ သစ် ခေါင်းကို ပြန်မတ်ထားလိုက်ပြီး မဲ့ပြုံး တစ်ခု သက်သေထားခါ
“အဖြေ တစ်ခုလိုချင်နေရင် ပြောလိုက်မယ်...နင် အခုလို အနိုင်ကျင့်နေတာတွေကြောင့် နင့် ကို ငါ မုန်းတယ် ဗီဂါ..”
“အနိုင်ကျင့်တယ်....ဟုတ်လား..ပြောင်းပြန်ကြီးပါလား...အခု ဘယ်သူ့ ကြောင့် ကျွန်တော် ဒုက္ခရောက်နေတာလည်း..”
“ငါကြောင့် မလား မချစ်နဲ့....မုန်းတယ်..ရွံတယ်...အကြိမ်ကြိမ် ကိုမုန်းတယ်..”
“ဒေါ်သစ်ရွက်.....ကျွန်တော်က ချစ်လို့ ခင်ဗျား က မုန်းတယ် ဟုတ်လား..ဟား..ဟား...မုန်းစမ်း သေအောင် မုန်းလိုက်စမ်း...အဲဒီ့ အမုန်းတွေ နဲ့ ဆတူ ပိုတိုးပြီး ချစ်ပြလိုက်မယ်...”
“အဟား နင့်ဒီ စကားတွေကို ငါ့အိမ်မှာလည်း ပြောခဲ့သားပဲ ဗီဂါ ဘုန်းမင်းရဲ့...ဟား..ဟား...တော်ရုံပြောစမ်းပါ..”
“အဟွင်း...လိမ်နေတယ် ထင်လို့လား သက်သေပြမယ်လေ..အချစ်ရဲ့ သက်သေက ...”
နောက်တွန့်နေသည့် သစ် အနားကို သူ့ကိုယ်လုံး ရှေ့တိုး ကပ်လာတော့ လက်လည်း အချုပ်ခံထားရချိန် မျက်နှာသာ လွဲပစ်လိုက်နိုင်သည်..
သစ် ဘယ်ဘက့်ပါးပေါ်ကို နှာဖျား အဆုံးထိ နစ်၀င်သွားရုံးမက နှုတ်ခမ်းနဲ့ပါ ဖိကပ်နမ်းသည်..။
“နင်....ငါ လုပ်မှာနော်..”
လက်တွေကို အတင်းရုန်းပစ်ဖို့ ကြိုးစားနေပေမဲ့ သူ့ဆီက ရယ်သံသဲ့သဲ့ ထွက်လာသည်..။
ကြားလိုက်ရတဲ့ မထိလေးစား ရယ်သံကြောင့် ဒေါသက ပိုတိုး လာခါ နှုတ်ခမ်းကို ဖိကိုက်ရင်း သူ့ရဲ့ အကြည့်တွေကို ပြန်ခံကြည့်နေလိုက်သည်..။
“ကောင်းတယ်...အဲဒီ ပုံစံလေးလည်း ချစ်တယ်...အင်း နှုတ်ခမ်းကို ချစ်ဖို့ကတော့ ခင်ဗျား ရဲ့ မညီမညာ အပေါစား နှုတ်ခမ်းနီ တွေ ပေပွ ကုန်မှာဆိုးလို့ မနမ်းတော့ပါဘူး...”
သစ် လက်တွေကို လွှတ်လိုက်ချိန် ဆောင့်တွန်းပြီး နောက်ဆုတ်လိုက်တော့ သူ့ ကိုယ်ရိုင်သွားပြီး သစ် ကို အံသြသလို ကြည့်နေသည်..။
ပြီးမှ ရယ်ပြရင်း ပခုံးတွန့်ခါ အ၀တ်အစားတွေ ယူပြီး အ၀တ်လဲခန်းထဲ ၀င်သွားသည်..။
“ဒေါ်သစ်ရွက်..အဆင့်သင်ပြင်ထား မုန့်စားဖို့ အချိန် မရှိဘူး သွားမယ်..”
“ဘာလို့ ပြင်ရမှာလည်း..”
သစ် ပြောပြီး ချာကနဲ့ ထွက်လာပေမဲ့ ဘာတွေ ဒုက္ခပေးနိုင်သေးလည်း စဉ်းစားကြည့်မိသည်..။
“ဟ...ဘယ်ရောက်သွားပြန်ပြီလည်း..”
ဗီဂါ အ၀တ်အစားလဲပြီး ထွက်လာတော့ အခန်းထဲမှာ မရှိတော့ပြန်ဘူး..။
“ဒေါ်သစ်ရွက်...ခင်ဗျား တော်တော် နား မပါတာပဲ...သစ်ရွက်ကြီးက ဘယ်လို နားပါမလည်း...ကောင်းတယ်....ခင်ဗျားရဲ့ ရွေးချယ်မှုပဲ အခုတော့ ကျွန်တော် အားမနာပဲ အနိုင်ယူရတော့မယ်....”
ဗီဂါ ဆံပင်ကို ဘီးနဲ့ ပုံသွင်းရင်း မခေါ်ရတာ ကြာပြီ ဖြစ်တဲ့ စကားပြောစက် က တစ်ဆင့် နာမည်ခေါ်လိုက်သည်..။
“ဒေါ်သစ်ရွက်....ရောက်လေရာနေရာ လုပ်နေတာ ထားပြီး လာခဲ့ပါ...”
“မလာဘူး..”
“ဘာမလာဘူးလည်း..”
“အမေ့..”
ဗီဂ့ါ ကင်မရာမှာ ပေါ်နေတာ မီးဖိုဆောင်ရှေ့ဘက် ခုံမှာ အကျအနထိုင်နေတာ တွေ့တော့ ရယ်လိုက်ပြီး ခေါ်မိတာ ထင်တဲ့ အတိုင်း အငြင်းချက်လေးတွေနဲ့...။
“နောက်ကျနေပြီ..”
“ငါ မလိုက်နိုင်ဘူး..နင့် အလုပ် ဘာမှ မလုပ်ပေးနိုင်ဘူး..”
“ဒါ ခင်ဗျား ရဲ့ အဖြေနော်...ပြီးမှ ပြန်ပြင်ချင်တယ် လုပ်လို့မရဘူး..”
ကြီးကြီးကျယ်ကျယ် သူ့ အလုပ် လုပ်ပေးချင်လွန်းလို့ ပြန်တောင်းဆို မယ် ထင်နေတာလား..ဝေးသေး..
ဘ၀င်ရူးကောင်ကြီး...။
“အိုကေ...ကျွန်တော် သွားပြီ...”
သစ် အခန်း ရှေ့က လူရိပ်ဖြတ်သွားတာ တွေ့ပေမဲ့ မသိချင်ယောင် ဆောင်နေ လိုက်သည်..။
သူ့ အလုပ်ကို အနီးကပ်လိုက်လုပ်ပေးနေတာ သူ့ ကို ဒုက္ခပေးချင်ရုံ သပ်သပ်သာ...။
အခုတော့ ပြိုလဲ မသွားပဲ ကိုယ်ကချည်း သူ ဒုက္ခပေးသမျှ ခံနေရတာ ရည်ရွယ်ချက်တောင် စွန့်လွှတ်ချင်လာပြီ..။
ကားသံကြားတော့မှ အိမ်အနောက်ဘက် ခြံထဲကို ထွက်လာခဲ့လိုက်သည်..။
ဘုန်းမင်းလို သူ့ရဲ့ ငယ်လူယုံကို ပြသာနာရှာ ရလောက်အောင် ရူးနေပြီလား..။
ကျစ်..မထင်ပါဘူး..ဒါလည်း ဟန်ဆောင် တာပဲ နေမှာပါလေ...။
တကယ် သဝန်ကြောင် တာ ဆိုရင်တော့ သစ်မှာ နိုင်ကွက် တစ်ခု တိုးပြီ...။
“ဦးလေး ဘာတွေ စိုက်နေတာလည်း..”
“ဟင် သမီး အလုပ်သွားပြီ မှတ်တာ “
“အင်း..ဒီနေ့ မသွားဘူး..”
“ဒါ နှင်းဆီဖြူတွေလေ လွန်ခဲ့တဲ့ သုံးလကျော်ကတည်း က ဆရာလေး ပျိုးခိုင်းထားတာ..”
“အပင်သေးသေးလေးတွေ ပွင့်ပါ့မလား ဦးလေး ရဲ့..”
သစ် အပင် ထုတ်လေးတွေ အနားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စပ်စုမိသည်..။
“ပွင့်ပါတယ် ရေမွှေးနှင်းဆီ ဆိုတော့ နည်းနည်း ဂရုစိုက်ရမှာပေါ့ သမီးရယ်..နေအုံး..”
လုပ်လက်စ အပင်တွေ ထားပြီး သူ့အိမ်ထဲ ၀င်သွားခါ ပြန်ထွက်လာတော့ ပန်းအိုးသေးသေး တစ်လုံး ပိုက်လာသည်..။
“ဒီမှာလေ...”
ပန်းအိုးမှာ ပန်းအဖြူလေး တစ်ပွင့် ပွင့်နေတော့ သစ် ငုံ့နမ်းကြည့်လိုက်တာ တကယ့် နှင်းဆီ ရေမွှေးနံ...
ပွင့်ဖက်ကလေးတွေ ကိုင်ကြည့်တော့ ကတ္တီပါ သားလို့ အိအိလေး ဖြစ်နေသည်..။
“အပင်လေးတွေ ဘယ်လောက်စိုက်မှာလည်း ဦးလေး တစ်ခင်းလုံးဆို ပွင့်ရင်တော်တော် လှမှာနော်..”
“သြော်..သြော်...ဟား..ဟား...အခုမှ တရားခံ သိတော့တယ်...ဟား..ဟား..တို့ ဆရာလေး ကတော့ ဟား..ဟား...”
သစ် စကားမှာ သူ့ သခင်လေး ဘယ်လို ပါသွားပြန်တယ်မသိ သဘောကျ အော်ရယ်နေတော့ သစ်လည်း ရယ်ကြဲကြဲ လုပ်နေရသည်..။
“မနှစ်က အထိ ခြံနောက်မှာ သစ်ခွ ခြံ တစ်ခုပဲ ရှိတာလေ...”
“သြော်..အခုတော့ ရှင်းနေတာပဲ ဘယ်ရောက်သွားလို့လည်း...”
“သစ်ခွ အဆောင် ကိုရှင်းခိုင်းတာလေ...ဟိုတယ် အားလုံး ကို ပို့ပစ်လိုက်တာ တစ်ချို့ သစ်ခွ ဆိုရင် လက်ဆောင်ရထားတဲ့ ရှားပါး သစ်ခွတွေတောင် ပါတယ်..”
“အိုး သမျောစရာကြီးနော်...”
“အေးလေ...တရားခံက သမီးပဲ..”
“ရှင်..”
သစ် က သစ်ခွ ပန်းပင်တွေ ရှင်းပစ်လိုက်ရတဲ့ တရားခံ ဆိုတော့ ဘယ်တုန်းက ဘာတွေ များလုပ်မိလို့လည်း..။
သူနဲ့ သိတာတောင် တစ်နှစ်မပြည်သေးဘူးရယ်..။
“သခင်လေး က သစ်ခွ အဆောင် နေရာမှာ နှင်းဆီဖြူ စိုက်ရမယ်တဲ့လေ...နှင်းဆီတွေချည်း ၂၀၀ ၀ယ်လိုက်တာ...ဦးလေး နားမလည် ခဲ့ဘူး ခုမှသိတော့တယ်...ငါ့တူမ ကြီး အတွက် စိုက်ခိုင်းတာကိုး..”
“ရှင်...အာ...မဟုတ်ပါဘူး...သစ် မပြောပါဘူး...သူ့ဟာသူ့ ကြိုက်လို့ စိုက်ခိုင်းတာနေမှာပါ..”
သစ် ပျာပျာသလဲ လက်ခါ ငြင်းရင်း ခေါင်းပါ ခါရမ်း နေရသည်..။
ဟူး တရားခံ ဖြစ်ရပြန်ပြီ...။
“သခင်လေးက သစ်ခွ ကြိုက်တာလေ...”
“ရှင်...အဲဒါက..”
“ဟိုမှာ ပျိုးထားတာ အပင် ရှစ်ဆယ်လောက်တော့ ပြီးပြီး သမီး သွားကြည့်ပါလား..”
သစ် အသက်ရှု ပေါက်ရ သွားသလို ခေါင်းညိတ်ပြီး ကပျာကယာ ထွက်လာရသည်.။
၀န်ထမ်းတွေက အစ သူ့ ဘက်တော်သားတွေ...။
အမိုးခုံးလေးနဲ့ ထိုင်ဖို့ စီစဉ်ထားတဲ့ မှန်လုံအိမ် Rest house လေး တစ်ခု ဆီ ဦးတည် လျှောက်သွားရင်း ဘေးဘက်မှာ စိုက်ပြီး သား အပင် အုပ်စုလေးတွေ့လိုက်တော့ ပြုံးလိုက်မိသည်..။
သူများ အတွက် စိုက်ခိုင်းထားတာတဲ့လေ.. ..အဟက်...ဘယ်လို ဖြစ်နိုင်မှာလည်း...။
စီးပွားရေးစျေးကွက် ချဲ့ထွင် ဖို့ပဲ နေမှာပေါ့...မသိတာ မှတ်လို့...။
“မ...အင့်...”
“ဘာလုပ်ဖို့လည်း..”
‘ကြီးကြီးဆီက တစ်ပွင့်တောင်းလာတာလေ..မ ရုံးသွားရင် ပန်ဖို့...”
သစ်ခွပန်း ခရမ်းရောင် ကို အပြုံး တစ်ခုနဲ့ လှမ်းပေးနေပေမဲ့ သစ် နှာခေါင်းရှုံ့ရင်း ခေါင်းရမ်း ငြင်းလိုက်မိသည်.။
“မကြိုက်ဘူးလား..”
“ပန်းကို ပန်ရတာ မကြိုက်ဘူး..”
“အဆန်း..”
“ဟုတ်တယ် ပန်းတစ်ပွင့်က အပင်ပေါ်မှာ ပွင့်နေတဲ့ အချိန်က အလှဆုံးပဲ ဘာဖြစ်လို့လည်း သိလား..”
“ဟင့်အင်း..”
“သူက ဘုရင်မ မို့လို့ပေါ့...”
“ဟာဗျာ...ပေါက်ကရ...ပန်း ..ဒီ ပန်း အကြောင်း ပြောနေတာ လူကို ပြောတာ မဟုတ်ဘူး..မရဲ့...”
သူ့ လက်ထဲက ပန်းကို လက်ညိုး ငေါက်ငေါက် တိုးပြီး သစ် ကို ပြန်ဆရာလုပ်နေတော့ ရယ်မိသည်..။
“ဒီပန်းကိုပဲ ပြောတာပါရှင် အပင်ပေါ်မှာနေချိန်မှာသူ့ရဲ့ ကိုယ်ပိုင် အလှရှိတယ်..အပင်ပေါ်မှာ ပွင့်နေချိန်မှာ သတိထားမိရင် သူ့အလှကို သတိထားမိတာ..ဥပမာ..နင် လမ်းလျှောက်လာတယ်...သစ်ခွပင်မှာ ပန်းလေးပွင့်နေတယ်...ဘယ်လိုပဲ ပန်းမကြိုက်ပါစေ..စိတ်ထဲမှာတော့ ..ဟာ..ပန်းလေး ပွင့်နေတာ...လှလိုက်တာ....အရောင်လေးက ဆန်းတယ်..အနံ့လေးက ဘယ်လို ရှိမလည်း စိတ်၀င်တစားရှိတယ်..ပန်း ကိုပဲ စိတ်၀င်စားတာနော်...ဒါပေမဲ့ ကောင်မလေး တစ်ယောက် ခေါင်းပေါ် ပန်းရောက်သွားရင်ကော..ဘယ်လိုတွေးမလည်း..
ဟာ..ကောင်မလေးက ပန်းလေးပန်ထားတာ ချစ်ဖို့ကောင်းလိုက်တာ...သူ့ဆံပင်လေးက ရှည်တာကိုး မျက်နှာလေးက ဖြူစင်လိုက်တာ နာမည်လေး ဘယ်လိုခေါ်လည်း မသိဘူး..ကောင်မလေး က အဓ်ိက စိတ်၀င်စားမှု ဖြစ်သွားရော...ပန်း ဖြစ်ဖြစ် လူဖြစ်ဖြစ်...ကိုယ်ပိုင်နေရာ ကွာခြားမှု အပေါ်မှာ တန်ဖိုး အတက်အကျ ကွာသွားတယ်...တွဲဖက် အနှိုင်းယှဉ်ခံလိုက်ရရင် ကိုယ်ပိုင် အရည်အသွေး ကျသွားရော.....သူ့ဂုဏ်ဝါတောက်နေတဲ့ သူ့ဖြစ်တည်မှု အပင်ပေါ်မှာ ဖူးပွင့်နေတဲ့ ပန်းလေးကိုပဲကြိုက်တယ်...ကြွေကျသွားပါစေ...သူ က ကိုယ်ပိုင်အလှနဲ့ အနှိုင်းမဲ့ ဘုရင်မ ပဲလေ...ဟုတ်ဘူးလား..”
“ဟူး..တစ်ခုမှ နားမလည်ဘူး..အဓိက မ ဘယ်ပန်းကြိုက်လည်း ပြော..”
‘နှင်းဆီဖြူ...ရေမွှေးနံ့ လေးမွှေးတဲ့ အဖြူရောင် နှင်းဆီလေးတွေကို ကြိုက်တယ်.....တစ်ခင်းလုံး ဖွေးပြီး ပွင့်နေရင် ပိုလှတယ်သလား..တစ်ခါတွေ့ဖူးတာ မျက်လုံးထဲက ကို မထွက်တော့ဘူး..”
“အိုကေ...အဲဒါသိချင်တာ..”
“ဘာလည်း..ရုပ်ရှင်ထဲ ကလို အဖြူရောင် နှင်းဆီ ပန်းစည်းကြီး လက်ဆောင်ပေးမလို့လား မလုပ်ပါနဲ့..”
“စိတ်ကူးယဉ်လိုက်တာ ဗျာ...မနက်ဖြန် တစ်ပွင့်တစ်ရာတန် ဆင်း၀ယ်ပေးမလို့...”
“ကောင်စုတ်လေး...”
“ဟား..ဟား...စိတ်ကူးတွေနဲ့ ရူး..ဟား..ဟား...”
သူနဲ့ အတိတ်နေ့ရက်တွေ မြင်ယောင်ရင်း သစ် အပြုံး လေးနဲ့ အတူ ပန်းပင် ပုလေးတွေကို ငေးကြည့်နေမိသည်...။
သူနဲ့ ပတ်သက်ရင်လည်း ရူးခဲ့ဖူးပါသည်..။
“တူမေရ...”
“ရှင်..”
“ဆရာလေး ပြန်ရောက်ပြီ ဧည့်သည်လည်း ပါလာတယ်...လာတွေ့ပါတဲ့..”
“ဟုတ်..”
ဘယ်က ဧည့်သည်မို့လို့ သွားတွေ့ရမှာလည်း..
မာရီနာ များလား မသိဘူး..သစ်တွေးရင်း နဖူးချွေးလေးများပင် စို့ချင်လာသည်..။
သခင်လေး ဖြစ်ကြောင်း တော်တော် အာဏာ ပြချင်နေတာ အဲဒါတွေပေါ့ အမြင်ကပ်တာ..။
မာရီနာ လာရင် သစ်မှာ ကလဲ့စားမချေ နိုင်တော့ပဲ ဘုံပျောက်မှာ တွေးကြောက်မိသည်။
“ဟင်...ကြီးကြီး..”
ဧည့်ခန်းတံခါး ပွင့်နေတော့ သစ် ဆိုဖာ တွေကို ကြည့်ရင်း ကိုယ်မျက်လုံး ကိုယ် မယုံနိုင်လို့ ရှေ့တိုး ကြည့်မိတာ တကယ် အဟုတ် ကြီးကြီး ဖြစ်နေသည်..။
“အမလေး...မိသစ်ဝေ နင် ဘယ်လို ဖြစ်ရတာလည်း..ဖုန်းဆက်တိုင်း ငါ့ ကိုလိမ်နေတာပဲနော်..”
“အဟွင်း...မ လိမ်တာ မဟုတ်ပါဘူး..သား မပြောခိုင်းတာပါ ကြီးကြီးရယ်...ဒက်ဒီ ကလည်း မလာနိုင်သေးတော့ ကြီးကြီး ကိုပြောဖို့ အားနာနေလို့ပါ...”
“အေးပေါ့...အလုပ်များနေမှာ...သိပါတယ်....ကြီးကြီး ကတော့ လူကြီးတွေ လက်ခံစေချင်တာ ပါ အဓိက သားတို့ အဆင်ပြေရင် ပြီးတာပါပဲ...အခုလို နေထိုင်နေရတာ ကြီးကြီး မှာ ၀မ်းသာလို့ မဆုံးဖြစ်နေရပါပြီ..”
ကြီးကြီးက ပြောရင်း မျက်ရည်ကျပြီး အသံတွေ တိမ်၀င်သွားတော့ သစ် အနားကို ပြေးသွားလိုက်မိသည်..။
“အရမ်း မခံစားပါနဲ့ ကြီးကြီး..ဝေဒနာ ဆိုးနေပါ့မယ်...”
“ဟင်..ကြီးကြီး ဘာဖြစ်လို့လည်း ..”
သူ့ စကားကို နားထောင်ပြီး ပျာပျာသလဲ မေးတော့ ကြီးကြီး ခေါင်းရမ်းပြီး သစ် လက့်ကို ဆုပ်ကိုင်ခါ
“နှလုံး မကောင်းဘူးတဲ့ သမီးရယ်..ဒါကို မောင် ဘုန်းမင်း က ဘယ်က ဘယ်လို သိပြီးလည်း မသိဘူး အိမ်ကို လူလွှတ်ပြီး ခေါ်ခိုင်းလိုက်တာ...မောင်ဘုန်းမင်း...အဲ..ဗီဂါ ဖုန်းပြောလို့သာ လိုက်လာရတာ ဒီရောက်လို့ သူ့မျက်နှာတွေ့တော့မှ သက်မ ချနိုင်တယ်အေ..”
“ကြီးကြီး ကို လိမ်ခေါ်သွားမှာ စိုးတယ်ပေါ့...ဟား..ဟား..”
သူ က တစ်ချိန် တုန်းက ဘုန်းမင်း အတိုင်း ကြီးကြီး ကို တရင်းတနှီး စနောက်နေသည်...။
“အေးပေါ့...ဒါနဲ့ ငါ့ကြောင့် အလုပ်ပျက်နေအုံးမယ်...ဘုန်း..အဲ ဗီဂါ..”
“ဟုတ်ရပါတယ်.. မ အလုပ်မသွားဘူးမလား..”
“မဟုတ်တာ...သွားရမယ်”
“မသွားဘူး..”
ကြီးကြီး အပြောကို သစ် ခေါင်းရမ်းပြီး ငြင်းလိုက်တော့ သူက အပြုံးနဲ့ ဆိုက်ကြည့်ပြီး ခေါင်းညိတ်ပြပြန်သည်...။
သူ ခွင့်ပြုမှ နေခဲ့ရမှာကျနေတာပဲ ဘ၀င်ရူး ကောင်..။
“သူနာပြု လေးယောက်တောင် နင် က ဘာလုပ်တက်လို့ နေခဲ့မှာလည်း ရွက်သစ်ဝေရဲ့...”
“ဟင်...ကြီးကြီး က..”
“ဟုတ်တယ်လေ...မောင်ဗီဂါ ဆေးခန်း လိုက်ပြပေးပြီးမှ ခေါ်လာတာလေ...ဆရာ၀န်ကြီးက သဘောကောင်းလိုက်တာ မပြောပါနဲ့...အိမ်ကို ကြည့်ဖို့ လေးယောက်တောင် ထည့်ပေးလိုက်တယ်...လိုအပ်တာတွေ ယူပြီး လိုက်လာကြမှာလေ..”
“ဟင်...”
သစ် မယုံနိုင်လို့ သူ့ကို ကြည့်လိုက်တော့ ဘာမှ မထူးခြားသလို ကြီးကြီးပြောသမျှ ကိုပဲ ပြုံးပြီး ကြည့်နေသည်။
ဆေးခန်းကို ကိုယ်တိုင်လိုက်ပို့တာ သူနာပြုတွေ ခေါ်လာတာ....ဆေးဖိုးဝါးခ...ဒါတွေက....တစ်ခုခု.။
“နင်..”
“ဆရာ...ဒီမှာ..”
‘သြော်..ဟုတ်ကဲ့...၀င်ခဲ့ပါ....”
ဆိုဖာကနေ ငေါက်ကနဲ့ ထပြီး သွားကြိုတော့ ၀င်လာတာ မိန်းမ လေးယောက်က ဆေးရုံ အမှတ်အသားပါသည့် ဘောင်းဘီ အကျီ င်္ အပြာ၀မ်းဆက်တွေ ၀တ်ထားသည်..။
“မ ရေ...ဒုတိယထပ် က အခန်း ပိုကျယ်တော့ ကြီးကြီး ကို အဲမှာပဲ ထားလိုက်မယ်နော်..”
“ဟင်..အင်း..”
သူ့ အမေးကို သစ် ခေါင်းငြိမ်မိပြီး
အတွေးတွေနဲ့ ရှုပ်လာသည်။ အခန်း က ဟောကျယ်ကြီးမလား..ကုတင် မရှိဘာမရှိ ဘယ်လိုနေမလည်း...။
သူများ အဒေါ်ကို နှိမ်ချင်လို့ ဟောခန်းထဲမှာ ဖြစ်ကတက်ဆန်း ပစ်ထားမလို့လား..။
“ကြီးကြီး လျှောက်နိုင်ရဲ့လား.”
“အမလေး..ရပါတယ်..သားရဲ့...ငါ့ အိမ်မှာဆို အုန်းသီးသယ်နေတာပါအေ..”
“ကြီးကြီး က လည်း ဒေါ်သံမဏိပဲနော်...တစ်မျိုးလုံး သံမဏိ ဖြစ်မယ်..”
“ဟား..ဟား...ဟုတ်တယ်...ရွက်သစ်ဝေတို့ ပိုဆိုး..”
“ဟုတ်...သိပါတယ်..”
သူက ကြီးကြီး ကို တွဲပြီး သူများမကောင်းကြောင်း ပြောရင်း ရယ်နေတော့ စူပုတ်ပုတ် နဲ့ နောက်ကနေ လိုက်သွားလိုက်ရသည်..။
“ဟင်..”
အခန်းထဲမှာ ကုတင် အကြီးနဲ့ အတူ ကုတင် သုံးလုံးပါ အပို ရှိနေတော့ စုစု ပေါင်း ကုတင်လေးလုံး..။
“ကြီးကြီး ဒီမှာ ထိုင်ပါ မောနေပြီလား..”
“မမောပါဘူး...လှေကားတက်ရတာမှ မဟုတ်တာ...”
ဆေးရုံက အထူးခန်းမှာရှိတက်တဲ့ ဆေးကရိယာ တော်တော်များများ တပ်ဆင်ထားတဲ့ ကုတင်ခုံမှာ ကြီးကြီးကို ထိုင်ခိုင်းရင်း မေးခွန်းထုတ်နေပြန်သည်..။ သစ်မှာတော့ တစ်ခန်းလုံးကို လှည့်ပတ်ကြည့်လို့ မပြီးနိုင်သေး...
ဒါတွေကို ဘယ်အချိန် ဘယ်သူ လုပ်လိုက်တာပါလိမ့်...။
“...ဆရာမ တို့ လိုအပ်တာတွေ ထပ်ဖြည့်လိုက်ပါ...စက်ပစ္စည်းတွေ လိုအပ်ရင် လည်း အန်ကယ်စိုးအောင် ဆီမှာ တောင်းလိုက်ပါနော်..”
“ဟုတ်ကဲ့...လိုအပ်တော်တော် များများ ၇ှိနေပါပြီ....”
“သား အလုပ်သွားရမယ် မလား သွားပါ...”
“ဟုတ်ကဲ့...ဒါဆို ခွင့်ပြုပါအုံး ကြီးကြီး..”
ကြီးကြီးလက်ကို သေချာ ကိုင် နှုတ်ဆက်ပြီးမှ အခန်းထဲက ထွက်သွားတော့ သူ့ ကျောပြင်ကို ကြည့်ရင်း မျက်စောင်းထိုးပစ်လိုက်သည်..။
“ဟဲ့..ရွက်သစ်ဝေ..လိုက်သွားလေ..”
“ဘာလို့ လိုက်ရမှာလည်း..မလိုက်ဘူး...”
“ခက်လိုက်တာ ဟယ်...သူ့ ဘက်က ဒီလောက်သိတက်နေတာ နင် အခုလို လုပ်နေတော့ ငါ မျက်နှာပူရတယ် ရွက်သစ်ဝေ ရဲ့...ငါ့မှာ နှလုံးရောဂါ ကြီးနဲ့နော်...စိတ်ညစ်အောင် မလုပ်စမ်းနဲ့...နင် သူ့ နဲ့ အတူ အလုပ်လုပ်နေရတာဆို..သူ့လို သဌေး တစ်ယောက်မှာ ဇနီးမယား အဖြစ် နင့်လို့ ပေါ့ဆတက်တဲ့ မိန်းမ ယူထားရတာ တော်တော် သနားစရာကောင်းနေပြီ...”
“ငါ့တူမလေး အခုလို ကောင်းစားသွားတာ ငါဖြင့်....”
ကြီးကြီးက မျက်ရည်ကျလာတာကို အကျီ င်္ လက်စ နဲ့ သုတ်ပစ်လိုက်ပြီး သစ်လက်ကိုဆုပ်ကိုင်သည်..။
“လိမ်လိမ်မာမာနေနော်..”
“သူများ က လိမ်မာပြီးသား..”
“ဒါဆိုသွားလေ...ဘာ ပေကပ်ကပ် လုပ်နေတာလည်း..”
“သူများ အပြစ်ချည်းပဲ...သွားမယ်...အဲကောင့် ကို ပဲ ချစ်တော့ သူများလည်း ကြီးကြီး ကို မချစ်တော့ဘူး..”
သစ် နှုတ်ခမ်း တစ်တောင်လောက် စူပြီး အခန်းထဲက ထွက်လာခဲ့လိုက်ရတော့သည်..။
ဒါတွေက စေတနာ အမှန်တွေ ဟုတ်ပါ့မလား...မထင်ပေါင်..။
စေတနာ အစစ်တွေဆိုရင်တောင် နောင်မှ ကျွန်ခံပြီးဆပ်မယ်..အခုတော့ သူက သစ်ရဲ့..ဘုံရန်သူပဲ..။
သစ် အခန်းထဲ ရောက်တော့ လပ်တော့ပ် ကော Ipad ကော နဲ့ လက်နှစ်ဖက်စလုံး မအားနိုင်ပဲ သစ်ကို မော့ကြည့်ပြီး မျက်နှာမှာ ပါးချိုင့်ပေါ်အောင် ပြုံးပြသည်..။
“တော်ပါသေးရဲ့..မရယ်...လုပ်ပါအုံး...မောင် ဒီနေ့ အချိန် ဇယား ဘယ်မှာ ထည့်ထားတာလည်း..”
“မသိဘူး..”
“မသိလို့ မရဘူး..ပြောပါ....”
“ဖိုင် အဝါ မှာထည့်ထားတယ်.. ညာဘက် ဘေးက အပေါ်ဆုံးစာရွက်..”
သစ် ပြောလိုက်တော့ မှ ဖိုင် အဝါကို ဆွဲပြီး စာရွက်ကို ထုတ်ကြည့်ခါ ရယ်ရင်း
“ကြည့်စမ်း..နီးရက်နဲ့ ဝေးနေတာ...မ မရှိလို့ မဖြစ်တော့ဘူး..”
စကားတွေက အသားယူတာ များနေတော့ သစ် မျက်စောင်း တစ်ချက် ထိုးပစ်လိုက်သည်..။
“ မ အလုပ် လိုက်မယ်မလား..”
“မလိုက်ဘူး...နင် ငါ့ကို မ လို့ မခေါ်နဲ့...”
“ဟောဗျာ ...ကြီးကြီးရောက်နေတယ်လေ...”
“ကြီးကြီး က ဒီအခန်းထဲ မှာ ရှိတာ မဟုတ်ဘူး...နင့်ကို မုန်းလို့ နင့် အလုပ်တွေကိ်ု ဖျက်စီးချင်လို့ ငါ အလုပ်တွေ လိုက်လုပ်ပေးနေတာ အခုကစပြီး မလုပ်ပေးနိုင်တော့ဘူး..အရင်လုပ်ပေးခဲ့တာတွေ မှန်သမျှက စေတနာနဲ့ မဟုတ်ဘူး..”
“သိပြီးသားတွေပါ...အခုသွားမယ်..နောက်ကျနေပြီ..”
“မသွားဘူးလို့ ပြောနေတယ်...”
“ကောင်းပြီလေ...ခင်ဗျားက ဘာလုပ်ချင်တာလည်း ပြောလေ..”
စိတ်မရှည်သလို လက်ထဲက စာရွက်ကို ပစ်ချပြီး ချက်ချင်း မ တွေ မောင်တွေ ပျောက်သွားခါ ခင်ဗျား ပြန်ဖြစ်သွားပြန်ပြီ...ဒါကို ယုံစရာလား...။
“ငါတို့ ကွာရှင်းပြီးသား နင် ခိုင်းတာတွေ လုပ်ပေးဖို့ တာ၀န် မရှိဘူး.. နင့်ကို မုန်းတယ်..”
“အိုး..မုန်းတယ်....မုန်းတယ်...ဟုတ်လား..ဟုတ်ပြီ...ဒါဆိုလည်း ကြီးကြီး ကို ကျွန်တော် တို့ အခြေအနေ အမှန်ကို ပြောပြဖို့ လိုအပ်နေပြီ...ခင်ဗျားတောင် မသနားတာ..ကျွန်တော် က သူစိမ်း ပိုပြောထွက်တယ်...လာ ကွာရှင်းပြီးသား ဖြစ်ကြောင်း သွားပြောကြမယ်..ကျွန်တော် အလူးအလဲ ဒုက္ခရောက်အောင် လုပ်ပြီင်္း ကလဲ့စားလည်း ချေပြီးပြီ ဆိုတော့ ဒေါ်သစ်ရွက်လည်း အိမ်ပြန်သင့်ပြီလို့ ထင်တယ်..”
“ဟင်..”
သစ် လက်ကို ဆွဲပြီး အခန်းထဲက ထွက်ဖို့ လုပ်နေတဲ့ သူ့လက် ပြန်ဆွဲထားလိုက်ရသည်..။
“ဘာလည်း..”
“နင် ..ကလိမ်ကကျစ် မလုပ်နဲ့နော်...”
“မလုပ်ပါဘူး..ခင်ဗျား နဲ့ ကျွန်တော်က ကွာရှင်းပြီးသားဆို ဘာမှ မဆိုင်တော့ဘူး... ဘာမျက်နှာမှ ထောက်စရာ မလိုတော့ဘူးလေ...ကြီးကြီး ကိုလည်း တစ်ခါတည်း ပြန်ခေါ်သွားလိုက်ပေါ့..”
“ဗီဂါး..”
“နားကြားတယ် ဖြည်းဖြည်းပြောပါ..”
“နင်နော်..”
“မနော်ဘူး..ခုလောလောဆယ် ကြီးကြီး နေကောင်းဖို့က အဓိကပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေတာ ခွဲစိတ်ရမဲ့ အခြေအနေ မဟုတ်ပေမဲ့ ဂရုစိုက်သင့်တယ်...အဲတော့ သူ စိတ်ချမ်းသာအောင် ခင်ဗျား က ကျွန်တော့် မိန်းမ လုပ်ပေးရမယ်...ဒါပဲ...”
“မ...လုပ်..နိုင်...ဘူး..”
“ဒါဆို သွားပြောမှာပဲ..”
သစ်လက်ကို လွှတ်ပြီး အခန်းပြင် ထွက်သွားတော့ သစ် မေးပင့်ပြီး ရပ်ကြည့်နေလိုက်သည်...။
လှေကားထဲ ၀င်သွားတော့ စိတ်ထဲက မရိုးမယွ ဖြစ်လာရပြီး..
လှေကားပိတ်သွားတာနဲ့ ပြေးလိုက်ပြီးသား....။
“ကြီးကြီးရေ....”
“သြော်..အလုပ်သွားတော့မလို့လား..သား..”
“မ..နဲ့ ကျွန်တော်ကလေ...တကယ်တော့..”
“အလုပ်တူတူ သွားလို့ ရမလားလို့ပါ ကြီးကြီး..”
တံခါး၀ က အော်ပြောလိုက်တဲ့ အသံစီညံညံ လေးကြောင့် ဗီဂါ ပြုံးလိုက်မိသည်..။
ဒါပဲလေ...ဆိုင်ရာ...နိုင်ရာ လေးတွေပေါ့...။
“ရတယ်..သွားလေ..စောစော က ပြောပြီးသားကိုပဲ...နင် ခုချိန်ထိ မပြင်ဆင်ရသေးဘူးလား..”
“သြော်..ဟုတ်...”
“မောင်...ခဏစောင့်နော်...မ လည်း လိုက်မယ်သလား...”
“လိုက်မလို့လား....”
သေချာလှည့်ကြည့်ပြီး ရယ်ရင်း ပြောနေတာ ထုသတ် ချင်စရာရုပ်...။
လုပ်ထားလိုက်လေ...နင်တော့ အထိနာပြီသာမှတ်....။
သစ် ခေါင်းညိတ် ပြလိုက်ပြီး ကျောခိုင်းလို့ အခန်းဆီ ပြန်လျှောက်လာခဲ့လိုက်သည်။
ဟူး...သူ နိုင်စရာ တစ်ကွက် ရသွားပြန်ပြီ...။
သစ် နိုင်မဲ့ အလှည့် ရောက်လာပါ့အုံးမလား...။☆✼★━━━━━━━━━━━━★✼☆。
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ
![](https://img.wattpad.com/cover/208568136-288-k279054.jpg)
ВЫ ЧИТАЕТЕ
1543
Любовные романы"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...