Part 27

4.6K 185 2
                                    

1543
အပိုင်း (၂၇)
#1543

“အစ်မရေ..ဒီပစ္စည်းတွေ ဘယ်ကို ပို့ရမလည်း..”
အပေါ်ထပ် ဧည့်ခန်းကို လိုက်ကာတွေ အသစ် လဲပြီး အလင်းပို၀င်အောင် ပြင်ဆင်နေရသည်..။
နိုင်ငံခြား ဧည့်သည်တွေနဲ့ အတူ အလုပ်ကိစ္စ စကားပြောမှာ မို့ လို့ သစ်ပဲ အရာ အားလုံး ဦးစီးနေရသည်..။
“ဘာတွေလည်း..”
“ပန်းအိုး နဲ့  အလှဆင် သစ်သား အရုပ်တွေ ဘီဒို အောက်ချမှာ ဆိုတော့ အထဲက ပစ္စည်းတွေ အရင်ထုတ်ရမလား..”
“အင်း အဲလိုပဲ လုပ်ပါ...”
သစ် ခေါင်းညိတ် ထောက်ခံ ပြီး ဖုန်စုတ်စက် နဲ့ အလုပ်များနေတဲ့ ကောင်မလေးတွေ ဆီ တစ်ချက် သွားကြည့်ရသည်..။
“အစ်မ မတွေ့တာ ကြာလို့ ပိုလှလာတယ်..”
“ဟုတ်လား...မုန့်၀ယ်ကျွေးမယ်လေ...”
“ဟိ...”
သစ် ကို တွေ့ခါစလို ပေစုတ်စုတ် မဟုတ်ပဲ အပွင့် ရိုက် ဂါ၀န် တစ်ထည်နဲ့ ကလေး လိုလို လူကြီးလိုလို...
သူပေးတဲ့ နားကပ်ရယ် စိန်လော့ကတ်ပါတဲ့ ဆွဲကြိုးလည်း အိမ်မှာနေရင်း ၀တ်ထားလိုက်ရသည်...။
အရင်က ရွက်သစ်ဝေ က တော့ မလှဘူးပေါ့လေ...။
၀န်ထမ်းတွေက သူ တို့ လုပ်နေကျ မို့လို့ လိုအပ်တာလောက် ပဲ မေးပြီး အလုပ်ကို အာရုံစိုက်လုပ်နေကြသည်..။
ဆူညံနေတဲ့ အခန်းထဲမှာ စန္ဒယား ခုံကို သတိရတော့ သစ် အနားကို လျှောက်သွားလိုက်သည်..။
အနက်ရောင် ပြောင်လက်နေတဲ့ အဖုံးလေးကို လှန်ဖွင့်လိုက်တော့ Yamaha တံဆိပ်ကို ရွှေရောင်စာလုံးနဲ့ ရေးထားသည်..။
ဒါကြီး တစ်ခါမှလည်း မတီးပါဘူး တီးကော တီးတက်ရဲ့လား..
ဟိုရက်က ဂစ်တာ တီးတာတွေ့တော့ သူ့မှာ လူငယ်တစ်ယောက်ရဲ့ စိတ်လည်း ရှိသေးတာပဲ တွေးမိသည်..။
ငယ်ငယ်လေးနဲ့ စီးပွားရေးမှာ တော်ပြီး လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ပျော်ရွှင်မှု မျိုးကိုတောင် ခံစားခဲ့ရရဲ့လား...။
သစ် ခလုတ် အမဲလေးတွေ ဆီ လက်ရောက်သွားပြီး လက်ညိုးနဲ့ လျှောက်နှိပ် ကြည့်နေမိသည်..။
သံစဉ် မဟုတ်သည့် ဒေါင် ..ဒင် အသံ ကြောင့် ဘေး က ကောင်မလေးတွေ ရယ်စရာ ဖြစ်ကုန်တော့မည်..။
သစ် ပြုံးလိုက်ပြီး အဖုံးကို ပြန်အုပ်ခါ အမှတ်တမဲ့ ရှေ့နံ့ရံ ဆီ အကြည့်ရောက်သွားတော့...။
“ဟင်...”
သစ် စိတ်အာရုံထဲ မသေချာ လို့ စန္ဒယား ကြီး ကို ပတ်ရှောင် ခါ နံရံ အနားကို လျှောက်သွားပြီး မော့ကြည့်မိသည်..။
သေချာပါတယ်...ဒီ အပင် အောက်မှာ ဓာတ်ပုံ ရိုက်ခဲ့တာ...။
သစ် နဲ့ သူ လက်ထပ်တဲ့ နေ့တုန်းက  ရိုက်ခဲ့တဲ့ ဓာတ်ပုံ ကို ပန်းချီကား ပုံတူဆွဲ ထားတာလား...။
ဓာတ်ပုံ ကို မတွေ့ ခဲ့ရပေမဲ့ ဓာတ်ပုံ ဆရာ ခိုင်းတဲ့ အတိုင်း သူ့ ကို မော့ကြည့်ပြီး သူက ပဖုံးဖက်လို့ ဆိုက်ကြည့်နေတဲ့ ပုံ....။
ရွှေ ရောင် ကနုတ် ဘောင် နဲ့ အတူ မှန်ဘောင်သွင်း ထားတဲ့ ထို ပန်းချီကားက သစ် အရပ် တစ်၀က် လောက် အထိ ကြီးနေသည်..။
ဘယ်တုန်း ကတည်းက ရှိနေခဲ့တာလည်း...။
“စံပယ်....”
“ရှင်...”
“လာပါအုံး..”
“ဟုတ်”
စံပယ်က လက်ထဲက တံမြတ်စည်း ကို ချပြီး အနားကို အပြေးရောက်လာသည်....။
“ဒီပုံ......ကြာပြီလား..”
“ဟင်..”
သစ် စကားကို အဖြေ မပေးပဲ ကြောင်တောင်တောင် လေး ပြန်ကြည့်ပြီး နံရံ ကို မော့ကြည့်ပြန်သည်..။
“မကြာသေးဘူး ထင်တယ်..”
‘ကြာလှပြီ အစ်မရဲ့....”
“ဟင်..”
“ဟုတ်တယ်လေ....သခင်လေး တစ်ရက် အိမ်ပြန်လာပြီး ဒီမှာချိတ် သွားတာ လွန်ခဲ့တဲ့ ခြောက်လလောက်က ဖြစ်မယ်.....သခင်လေး က အဲတုန်း က အိမ်မှာ သိပ်မနေဖြစ်ဘူး ဘယ်မှာ သွားနေတာလည်း မသိဘူး..”
“ငါ ဘာလို့ မတွေ့တာလည်း..”
သစ် စိတ်ထဲ သံသယ ဖြစ်လာပြီး စံပယ် အဖြေ ကို မျက်မှောင်ကြုတ်လိ်ု့ မေးခွန်း ထုတ်မိသည်..။
“အဲဒါ ပြောတာ အစ်မ က အပေါ် မှာ နေပြီး ဒီပုံကို ခုမှ တွေ့တာလား...”
“အင်း...”
“အမလေး...အစ်မ..ရယ်...သမီးတို့ဆို အစ်မ အိမ်ရောက်လာကတည်းက ပန်းချီထဲက မိန်းကလေး ဆိုတာ တန်းသိတယ်..”
“ဟင်..ဟုတ်လား..သိနေတာလား...”
“ဟား..ဟား...သိလို့ အစ်မ ကို ရိုရိုသေသေ ဆက်ဆံရတာပေါ့...မဟုတ်ရင် အစ်မ ကို  ဘယ်သူက  သခင်လေး နဲ့ ပတ်သက်တယ် ထင်မှာလည်း...ဟိ..ဗလကြီးတို့ က အစ်မ ကို အိမ်မှာ အလုပ်လုပ်တဲ့ သူ မှတ်နေတာ သမီးတို့ ပြောပြလိုက်မှ တအား ကြောက်သွားတယ်...ဟား..ဟား......”
“အင်း သိပြီ အဲဒါ မေးမလို့ပါ....စံပယ် ပြီးရင်  ၀ရန်တာ က ပန်းနွယ်လေးတွေကို တိပေးလိုက်အုံး...”
“ဟုတ်...”
စံပယ် ဘေးကနေ ခပ်သွက်သွက် ထွက်လာပေမဲ့ အခန်းတံခါး ၀ ရောက်တော့ ပန်းချီကားနေရာကို တစ်ချက်လှည့်ကြည့်မိသည်..။
.
“ကျွန်တော် တို့ နားလည်မှု လွဲနေတာလေးတွေ ကြောင့် အခု လို ဖြစ်သွားတာပါ...”
“ဟုတ်ကဲ့....လုပ်ငန်းသဘော အရ ဖြစ်တက်ပါတယ်...”
ဗီဂါ ခေါင်းညိတ်ပြီး ပြောလိုက်ခါ ရှေ့က ပရိုဂျက်တာ ကိုပဲ ကြည့်နေလိုက်သည်..။
“ဒါပေမဲ့ အချက်အလက် အမှားတွေ လုပ်ခဲ့တဲ့ သူ က အတွင်းရေးမှူး ရွက်သစ်ဝေ ဖြစ်နေပါတယ်..”
“ဟုတ်ကဲ့...”
“ အလုပ်ထုတ်ပြီး တရားဥပဒေ နဲ့ အညီ..”
ဗီဂါ့ လက်ထောင်ပြလိုက်တော့ အားလုံး က တိတ်ဆိတ် ငြိမ်သက် သွားတော့မှ မတ်တတ်ရပ် လိုက်သည်..။
“ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဒါရိုက်တာ အဖွဲ့ ၀င် အားလုံးကို အနူးအညွန့် တောင်းပန်ပါတယ်...အားလုံး အလုပ်များသွားတာလည်း သိပါတယ်..ကျွန်တော့် ကို ယုံကြည်ပြီး ဝိုင်း၀န်း စုံစမ်းပေးခဲ့လို့ လည်း ကျေးဇူးတင်ပါတယ်...”
“ဟုတ်ကဲ့...ကျွန်တော် တို့ ဘက်က လည်း မှားပါတယ်..”
“ဒီ ကိစ္စ က ပြီးသွားပြီပဲ ထားလိုက်ပါ...ရွက်သစ်ဝေ က လုပ်ငန်း မကျွမ်းကျင်သေးတော့ ကျွန်တော် နဲ့ စာရင်း ကိစ္စ နားလည်မှု လွဲ ပြီး အခုလို ပြသာနာလေးတွေ ဖြစ်သွားတာပါ...သူ့ ကို လည်း ခွင့်လွှတ်ပေးစေလိုပါတယ်..”
“ဒါပေမဲ့ ပေါ့ဆတဲ့ အတွင်းရေးမှူး တစ်ယောက်ကြောင့်..”
“ရွက်သစ်ဝေ က အတွင်းရေးမှူး ဆိုပေမဲ့ အလုပ်အားလုံး တာ၀န်ယူတာမဟုတ်ပါဘူး....သူ့ ကို အလုပ်သင်အဖြစ် ကျွန်တော် ခန့်အပ်ထားတာပါ...ကျွန်တော့် အတွင်းရေးမှူး တရား၀င် လေးယောက်ပဲ ရှိပါတယ်...ပြီးတော့...ရွက်သစ်ဝေ က ကျွန်တာ့်ရဲ့ ဇနီးလောင်းပါ...ဒါကြောင့် အလုပ်သင်စ အမှားကို ကျွန်တော့်မျက်နှာထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်...”
“သြော်..ဟုတ်ကဲ့...အင်း..”
“စင်တာ ကိစ္စ ကျွန်တော် အလုပ်များနေလို့ ဒီဘက် ကိစ္စတွေကို  လူကြီးမင်း တို့ကို အားကိုးပါရစေ...ကျွန်တော် ဒီဘက်မှာ တာ၀န် လစ်ဟင်းမှုတွေ ကို နားလည်ပေးပါ “
“ဟုတ်ကဲ့..ရပါတယ်... ရှယ် 50.03 ပိုင်ဆိုင်ထားသူ တစ်ယောက်က ...တခြား အဖွဲ့၀င်တွေကို အခုလို ယုံကြည်လက်တွဲခေါ်ပေးတာ ကျေးဇူးတင်ပါတယ်..”
“ဟုတ်ကဲ့...ကျွန်တော်တို့ လက်တွဲကြတာ ရေရှည် စီမံ  ကိန်း အတွက်ပါပဲ...အားလုံးကို ကျေးဇူးတင်ပါတယ်....”
“ ဒါနဲ့ မစ္စတာ ဗီဂါ ငွေကြေးရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံခြား ကုန်သွယ်ရေး အဖွဲ့ ဒုဥက္ကဌ တာ၀န် ယူနိုင်တာ ဂုဏ်ယူပါတယ်....”
“ဟုတ်ကဲ့...အားလုံးရဲ့ ပံပိုးမှုတွေပါ...”
ဗီဂါ ခေါင်းညွတ်လိုက်ပြီး ခုံမှာ ပြန်ထိုင်လိုက်တော့ မှ ရင်ထဲက အပူလုံးကြီး ကျသွားရသည်..။
ဒေါ်သစ်ရွက် ဆိုတဲ့ မိန်းမဆိုးကြီး ဟာ တကယ့် အရှုပ်ကလေး...။
.
“ဒေါ်သစ်ရွက်...”
သစ် လပ်တော့ပ် တစ်လုံးနဲ့ အလုပ်ရှုပ်နေတုန်း ခေါ်ပြန်ပြီ...။
မနက် ဖြန် ဖွင့်ပွဲ အတွက် စိတ်တွေလှုပ်ရှားလို့ လိုအပ်တာတွေ အသေးစိတ် စစ်ဆေးနေရတာ...
စင်တာ ဖွင့်ပွဲ နီးလာလေ အလုပ်ရှုပ်လေ ဖြစ်နေတဲ့ ကြားထဲ ဒင်းက တစ်မှောင့်..။
“ပြောပါ...”
“နှိပ်ပေး..”
“ဟမ်..”
ကုတင်ပေါ် ၀မ်းလျားမှောက်ပြီး ညာဘက်ကို ခေါင်းစောင်းခါ မျက်လုံး စုံမှိတ်ထားသည်...။
“နေအုံး..ဘုန်းမင်း ကို သွားခေါ်ပေးမယ်..”
“ဘုန်းမင်း မဟုတ်ဘူး..ဒေါ်သစ်ရွက်ကို နှိပ်ပေးခိုင်းတာ ဒါတောင်မလုပ်တက်ဘူးလား...ဒီလောက်တောင် အရည်အချင်း မရှိဘူးလား...”
“ဗီဂါ...နင် အေးဆေး နေနော်...”
မျက်လုံးစုံမှိတ်ပြီး သူများကို ပြောဆိုဝေဖန် အပြစ်တင်နေတာ ရိုက်သတ်ချင်စရာ ရုပ်...။
သစ် ကုတင်ပေါ် ပစ်ချထိုင်လိုက်ပြီး သူ့ ပခုံး ဆီ လက်ပို့ လိုက်သည်..။
“ဘာလုပ်တာလည်း...”
“နှိပ်ပေးဆို..”
“အ....နာတယ်နော်...”
သစ် သူ့ ပခုံးကို လက်မ လက်ညိုးအားနဲ့ ဖိဖျစ်ချေ လိုက်တော့ ခေါင်းထောင်ပြီး အော်တော့သည်..။
“အဲလို ဖြစ်သလို လျှောက်ဖျစ် နှိပ်ခိုင်းတာ မဟုတ်ဘူး..Massage ..ခင်ဗျား spa မှာ အနှိပ်ခံသလိုမျိုး...”
“Spa လည်း မသိဘူး..Massage လည်း မသိဘူး..ငါ မာဆပ်မှာလည်း အလုပ်မလုပ်ဖူးဘူး..”
‘ဟာ...”
“ဘာလည်း..”
“မလိုချင်ဘူး မနက်ဖြန် ဖွင့်ပွဲ အတွက် ဦးနှောက် ဖိအားများနေတယ်..ဒီပုံစံ ဆို ခေါင်းပြန်ကိုက်တော့မှာ..အဲဒါ ဗီဒီယို ကြည့်ပြီး အဲ အတိုင်း နှိပ်ပေးပါ..”
“ဟယ်...နင် သပ်သပ်.....ကျစ်..နေ...ငါ အခု Spa ကို ဖုန်းဆက် ခေါ်ပေးမယ်..”
“မရဘူး..ခင်ဗျားပဲ လုပ်..”
သစ် လက်ကို ဆွဲချလိုက်ပြီး ရီမု နှိပ်လိုက်တော့ ကုတင်ခေါင်းရင်း က ပန်းချီကားမြှောက်တက်သွားပြီး တီဗီ ရှေ့ရောက်လာသည်..။
သူ့ လက်ထဲက ရိမု ကို နှိပ်ပြီး ခဏ ကြာတော့ တကယ်နှိပ်နေတဲ့ ဗီဒီယိုတွေ ပွင့်လာသည်..။
“အဲ့ ဆေးတွေ မှ မရှိတာ..”
“ရှိတယ်...အ၀တ်ခန်းထဲက ရေမွှေး ဘုံး ထောင့်ဘက်မှာ သစ်ခွပန်းပုံလေးနဲ့ ခရမ်းရောင်ဘူး..”
သစ်ခွ ချစ်သူ က တစ်မျိုး...မြင်သမျှ တွေ့သမျှ ဒီလို သစ်ခွ ပုံတွေ ချည်းပဲကိုး ဘယ်လို ရွေးမလည်း...။
သစ် အ၀တ်ခန်းထဲက မှန်ဘုံးတွေ လိုက်ကြည့်ပြီး ရေမွှေးပေါင်းစုံ ထည့်ထားတဲ့ မှန်ဘုံးထဲ က သစ်ခွ ခရမ်းရောင်ဘူးကို ထုတ်လာခဲ့လိုက်သည်..။
“ဟင်..”
သူများ ကို ရေမွှေးလား ဘာလား သွားယူခိုင်းပြီး သူ ကတော့ တီရှပ်ချွတ်ချခါ စောင်တစ်ပိုင်း ခြုံ ပြီး အိပ်နေဆဲ..။
ဒီလောက် ဇိမ်ခံချင်ရင် Spa သွားပါလား .....လူကို သပ်သပ် ဒုက္ခပေးချင်နေတာ...
သစ် လက်ထဲ က သံဘူးလေးကို အဖုံးဖွင့်ပြီး လက်ဝါးထဲ နည်းနည်းထည့်ကြည့်လိုက်တော့ ဆီလို အရည်တွေ...။
ဗီဒီယို ကို တစ်ချက်ကြည့်ပြီး သူတို့ လုပ်တဲ့ အတိုင်း လက်ပြင်ရိုးနှစ်ခု ကြားထဲက အလည် အချိုင့်ထဲကို ထည့်လိုက်သည်..။
စက်ဝိုင်းပုံ ပွတ်ပြီး လက်မ နဲ့ ဖိတွန်းတော့ တီဗွီ က အကြည့်ရွေ့ခါ သစ် လက်လည်း အဲ့ဒီ အတိုင်း လုပ်ရသည်..။
“လူကို စိတ်ဒုက္ခပေးနေတာလား ဒေါ်သစ်ရွက်...ဒါမှ မဟုတ် မြူဆွယ်နေတာလား..ဘာလို့ ပွတ်သပ်နေတာလည်း..”
“အား..သေပြီ...”
လက်ဝါးစောင်းနဲ့ ခုပ်ချလိုက်တော့ တွန့်လိမ်ပြီး ကျောကော့ခါ အော်တော့သည်..။
“တီဗွီ ထဲက အတိုင်း လုပ်ပေးနေတာလေ...”
“ကျောရိုးတွေ ကျိုးပြီလား မသိဘူး..”
“မကျိုးပါဘူး..ငြိမ်ငြိမ်နေ...”
လက်ထဲ ဆီ နည်းနည်း ထည့်ပြီး ပခုံး နေရာတွေ လိုက်တို့ခါ ဗီဒီယို ထဲက အတိုင်း လက်ဝါးနဲ့ တွန်းပေးနေလိုက်သည်..။
“ဒေါ်သစ်ရွက် ခင်ဗျား Spa တောင် မသွားဘူးတော့ ဘ၀ ကြီးက အဓိပ္ပါယ်ရှိရဲ့လား...အဲလိုဖြစ်ကတက်ဆန်း နေလို့ ကြိုက်မဲ့သူ မရှိတာ...”
“ကောင်းတာပေါ့....ငါ က အစကတည်းက အလှအပ စိတ်မ၀င်စားဘူး...”
“ဘ၀ပဲ ဖြစ်ဖြစ် အလှပဲ ဖြစ်ဖြစ် ထိန်းသိမ်း နိုင်ရင် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တယ်တဲ့...အသက် ၅၀ ကျော် လည်း မော်ဒယ် လုပ်နိုင်တဲ့ ခရစ္စတီး ပြောထားတယ်..”
“ငါတော့ ဇရာကို အန်မတုဘူး..အတုအယောင်တွေကို သဘာမကျဘူး..အဲလိုနည်းတွေနဲ့လည်း မလှချင်ဘူး..ဇရာကို တွန်းလှန်မယ့်အစား တဖြည်းဖြည်း ချဉ်းနင်း၀င်ပြီး ကျေကျေနပ်နပ် ခံယူမယ်..”
“အခုတောင် ပါးရေတွန့်နေပြီမလား..”
“ဟိုနေ့က သတင်းမှာ တွေ့တာ နည်းနည်းတွန့်နေပြီ..”
“ဘယ်သူလည်း..”
“Christie  Brinkiey လေ...”
“ဟမ်...”
“ဟုတ်တယ်..သူပြောတဲ့ စကားတွေ ပြန်ပြောတာ...ငါ လည်း သူနဲ့ တူလို့ အသက်ကြီး တဲ့ အထိ သူ့လို နုပျိုနေမှာ မြင်ယောင်ပါသေးတယ်..”
သစ် လက်က နှိပ်နေပေမဲ့ မျက်လုံးက အားနေတော့ မျက်စောင်းထိုးရင်း ပြောလိုက်သည်။
“အဟား..ဟား..ခင်ဗျား နဲ့ သူ ဘယ်နေရာ တူလည်း...ဟို က ငါးရံ့ ကိုယ်ဆိုလား..ကိုယ့်ကိုယ် ကိုလည်း မှန်ထဲ ကြည့်အုံး...”
“နှာဘူး...အဲဒါပဲ မြင်တာကိုး...သူလည်း ပျော်ပျော်နေတက်တယ်...ငါလည်း တဟဲဟဲ ဒါကြောင့် နုနေတာ..တစ်ချို့တွေဆို လူသာ ချမ်းသာတာနော်..ဟလို ..ပြော..ဘာလည်း...အမ်...လာမယ်..ဒါတောင် မသိဘူးလား...ပရောဂျက် အသစ် ဘယ်တော့ စမလည်း...ဟားဟား..အမလေး သနား စရာ လေး ငယ်ငယ်ရွယ်ရွယ်နဲ့ပျော်စရာ ရယ် စရာ ဘာမှန်းတောင် မသိရှာဘူး.. မျက်ခုံးဆို အမြဲ တွန့်ကြုတ်နေတာပဲလေ...”
“ဟား..ဟား....”
သူ့ကို ရည်ညွန်းပြီး သူ့ ပုံစံ အတိုင်း ပြောလိုက်တာ သိသွားတော့ အော်ရယ်တာ မပြီးနိုင် မစီးနိုင်...။
“ကျွန်တော် တို့ ရန်မဖြစ်ရတာ ကြာပြီနော်...”
သူ့ စကားကို မတုန့်ပြန်ပဲ လက်ပြန် နေရာကို လက်မ နဲ့ ဖိပွတ်ပေးနေလိုက်သည်..။
ကျောအလယ် မှာ မြောင်းလို ဖြစ်နေပြီး လက်ပြင်နဲ့ ပခုံး နေ ရာမှာ ကြွက်သားတစ်ချို့ စုနေတာ တွေ့မိတော့ သစ် အလုပ်လုပ်နေတဲ့ အာရုံပျောက်ခါ ယောင်္ကျား တစ်ယောက်ဆိုတဲ့ အာရုံ ပြန်၀င်လာပြီး အာခေါင်တွေ ခြောက်လာသလိုလို...။
“တော်ပြီလား..”
“....”
“အိပ်သွားပြီလား..”
သစ် လုပ်လက်စ ကို ရပ်ခါ ခေါင်းစောင်း ကြည့်လိုက်တော့ မျက်တောင်ဖျားတွေ ဖိကပ်ပြီး အိပ်ပျော်နေပြီ...။
အလုပ်ကိစ္စတွေ အများကြီး နဲ့ အတူ သစ် မွှေထားသမျှ ကို ရအောင် ဖြေရှင်းပေးသည်။ တစ်ယောက်တည်း နိုင်အောင် လုပ်နေရတာ ပင်ပန်းမှာပေါ့လေ...
အတိတ်က ဘုန်းမင်းကို ခဏမေ့ပြီး လက်ရှိ ဗီဂါ ကို သနားမိသလိုလို ရှိသည်..။
လှန်တင်ထားတဲ့ ဆံပင် လိုင်းလေး တစ်ချို့က နဖူးပေါ် ပြန် ဝဲကျပြီး နှာခေါင်း အနား အထိ ရောက်နေတော့
“ဟင်...”
ဆံပင် ကို လက်နဲ့ ဖွဖွလေး သပ်တင်ပေးလိုက်ချိန် လက်ကို ဆက်ကနဲ့ ဆုပ်ကိုင်ခါ မျက်လုံးတွေ ပွင့်သွားတော့ သစ်လန့် သွားသည်..။
“ကိလေသာစိတ်နဲ့ ကြည့်ပြီး အမျိုးသားငယ်လေး တစ်ယောက်ကို ကာအိနြေ္ဒထိခိုက်စေတာ ကျတော့ ဥပဒေ မရှိပါလား..”
“ဘာ...ပြီးပြီမလား..အိပ်တော့...”
“ခွင့်ပြုချက် မရပဲ တို့ထိခြင်း ၊ကိုင်တွယ်ခြင်း၊တစ်စုံတစ်ရာဖြင့်တို့ခြင်း..ဒါတွေလည်း ပြစ်မှုမြောက်တယ်..ပုဒ်မ ၃၅၄ အရ ထောင်နှစ်နှစ်ကျမှာလေ..အခု အမျိုးသားကောင်းလေးတွေ အတွက်ကျတော့ ဘယ်လို ဥပဒေမှလည်း မရှိပါလားလို့..”
“ဗီဂါ..”
“မဟုတ်လို့လား..ရည်ရွယ်ချက် ရှိရှိ လာထိတာလေ..”
“အခု နင် ငါ့လက်ကို ကိုင်တာလေ...”
“အဟွင်း..တရားမစွဲချင်လို့ ပြန်ချေနေတာ ငြိမ်ငြိမ်နေလိုက်ပေါ့..မရယ်...ဒီည ဆိုဖာ မှာ မအိပ်နဲ့တော့နော်...ကုတင်က အကျယ်ကြီးကို တစ်ယောက်တည်းအိပ်ရတာ အိမ်မက်တွေ မလှဘူး....ပြီးတော့ ကျွန်တော် က မ လို တစ်ကိုယ်ကောင်း မဆန်တက်ဘူး..”
"ဘာ...”
"ဟုတ်တယ်လေ မ အိမ်မှာနေရတုန်းက ကျွန်တော့်မှာ အခန်းဝ ခြေသုတ်ဝတ်နားမှာ အိပ်ရတာလေ...အဟွန်း...”
သူ့အပြောကြောင့် သစ် လက်ကို အတင်းရုန်းပေမဲ့ ပိုဖိလို့ ဆုပ်ကိုင်ထားပြန်ပြီ..။
“မနက်ဖြန် ဖွင့်ပွဲ ကို ဒက်ဒီ လာမယ်...”
“ဟင်..”
“ဟုတ်တယ်..လေဆိပ်က ဆင်းပြီးတာနဲ့ စင်တာ တန်းလာမယ် ထင်တယ်..ဒါပေမဲ့ ပြီးရင်တော့ အိမ်မှာပဲ နားမှာပေါ့...”
“ဟို...ဒါဆို...ကြီးကြီး ကို အရင် အိမ်ပြန်လွှတ်လိုက်မယ်လေ..”
“ဘာဖြစ်လို့...”
“ဟို..မေးလာရင်...”
“တော်တော် ရက်စက်ပါလား မရယ်...ကြီးကြီး က မ ရဲ့ တစ်ဦးတည်းသော ဆွေမျိုးလေ...ဒက်ဒီ က ကြီးကြီးနဲ့ စကား ပြောချင်မှာပေါ့...”
“မဟုတ်ဘူးလေ...ဘာတွေပြောစရာ ရှိလို့...”
“အများကြီးပေါ့...”
သစ် လက်ကို လွှတ်ပြီး ပြုံးခါ ကုတင်ပေါ်က လက်ထောက်ထတော့ သစ် လည်း မတ်တတ်ရပ်လိုက်ရသည်..။
သူ ရေချိုးခန်းထဲ ၀င်သွားတော့မှ သစ် ခေါင်းထဲ အတွေးပေါင်း များစွာနဲ့ အတူ လပ်တော့ပ်ဆီ ပြန်ရောက်လာခဲ့ရသည်..။
.
“ဟ..”
“အိုး..”
“ဆောရီး...”
သစ် တာဝါ ကို ရင်လျားပြီး ဆံပင်ကို ဒရိုင်ယာ မှုတ်နေတုန်း သူက တာဝါ ပတ်ရင်း ရေချိုးခန်းထဲ ၀င်လာတော့ ဘယ်လိုတွေ ကာကွယ်ရမှန်းမသိ...။
“ကျွန်တော် ရေချိုးဖို့ နောက်ကျနေပြီ ချိုးလိုက်တော့မယ်..”
“အင်း...ငါလည်း ပြီးပြီ...”
သစ် မိတ်ကပ်ဘူးနဲ့ နှုတ်ခမ်းနီ ဘူး ကို ကောက်ယူပြီး ဒရိုင်ယာ ကို တစ်ဖက် က ကိုင်ခါ ရေချိုးခန်းထဲက အမြန်ထွက်လာရသည်...။
ည က အိပ်ပျော်သွားတာ ဆိုဖာပေါ်မှာ...မိုးလင်းတော့ ရောက်နေတာ က သူ့ ရင်ခွင်ထဲ...။
မနက်စောသေးလို့ မနိုးပဲ ထားတာ..ဘာတွေ နောက်ကျနေလို့ပါလိမ့်..အခုမှ ၈နာရီပဲ ရှိသေးတာကို...။
သစ် ရှပ် နဲ့ စကပ် လဲ၀တ်ပြီး ဆံပင်ကို ထုံးစံ အတိုင်း လိမ်ထုံးခါ ဆံညှပ် ထိုးရင်း ကော်ဖီ ယူဖို့ အောက်ထပ် ဆင်းခဲ့လိုက်သည်..။
အလုပ်သမားတွေကလည်း ဘာတွေ အလုပ်ရှုပ်နေပါလိမ့်...။
“စိုးခိုင်..ကော်ဖီ..ရပြီလား..”
“ဟုတ်...ဒီနေ့က ချောကလက် ပူပူပဲ ဖျော်ထားတယ်...အစ်မ..”
“အင်း ဘာပဲဖြစ်ဖြစ်ပေါ့..”
သစ် ချောကလက် ကော်ဖီ နဲ့ ပေါင်မုန့် အကြမ်း မီးကင် ပန်းကန် ကိုင်ပြီး အပေါ် ပြန်တက် လာခဲ့ရသည်..။
အခန်းထဲရောက်တော့ ဆရာလေး က Suit မိုးပြာရောင်နဲ့ အတော် သားနားနေတာ....။
အရင်က ဆံပင်ဖြီးပြီး သူများ အ၀တ်ထုတ်ပေးမှ လဲတာပါ အခုက သူ့ဟာသူ ထုတ်၀တ်တာလား..။
သစ် ကော်ဖီနဲ့ မုန့် ပန်းကန်ကို စားပွဲပေါ် တင်လိုက်ပြီး နာရီဘူး ချထားတာ တွေ့လို့ နာရီထုတ်ပေးလိုက်သည်..။
“ဟင်..”
မှန်ထဲက သစ် ပုံရိပ်ကို ကြည့်ပြီး အံသြပြနေတော့ သစ်လည်း သူ့ ကို ကြောင်တောင် တောင်ပြန်ကြည့်လိုက်သည်..။
“နောက်ကျနေပြီလေ..”
“ဟမ်..ဘာလည်း...၈နာရီခွဲပဲ ရှိသေးတယ်လေ...”
“ဟမ်..”
သူကလည်း ပြန် ဟမ်ပြီး သစ် အနားကို လျှောက်လာခါ ပါးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး သေချာ ကြည့်သည်..။
“ကျွန်တော် ဘယ်သူလည်း သိလား..”
“ဘာလည်း...လွှတ်...”
“မေးတာဖြေ...ဘယ်သူလည်း..”
“ဗီဂါ ဘုန်းမင်း..”
အတိတ်ကော ပစ္စုပ္ပန်ပါ မမေ့သေးကြောင်း နာမည် နှစ်ခုပေါင်း တစ်ခါ တည်း ရွတ်ပြလိုက်သည်..။
“အကောင်းကြီးပါပဲ...”
သစ် ပါးပေါ်က သူ့ လက်တွေကို လွှတ်ခါ ခေါင်းစောင်းပြီး ကြည့်ပြန်သည်...။
“စင်တာ ကို မသွားဘူးလား..”
“ဟမ်..စင်တာ....အိုး....ဟ...ဒုက္ခ...”
သူ့ ကိုယ်ကို တွန်းပြီး ရေချိုးခန်းထဲ အ၀တ်လဲဖို့ အမြန် ၀င်ပြေးရသည်..။
မေ့တက်လိုက်တာ သစ်ရွက်ဝေရယ်...စိတ်ဆင်းရဲပါဘိ...။
“ဒေါက်...ဒေါက်....မ...”
“ဟမ်...”
“ဒီမှာ လာယူအုံး..”
သစ် ကြယ်သီး ဖြုတ်လက်စ အကျီ င်္ ကို လက်ဖြင့် ကွယ်ပြီး တံခါးကို ဖြည်းဖြည်း ဟလိုက်သည်..။
လက်ထဲရောက်လာတဲ့ အကျီ င်္ ချိတ် ကို ဆွဲ ယူပြီး ကြည့်လိုက်တော့ အ၀တ်ဆိုင်မှာ စမ်း၀တ်ခဲ့ရတဲ့ အင်္ကျီ ...
ဒါကြီး ၀တ်သွားရမှာလား....။
သစ် သက်ပြင်းချပြီး ချိတ်ဖြုတ်ခါ ၀တ်ချလိုက်သည်..။
မိတ်ကပ် နည်းနည်း ပြန်ပြင်ပြီး ကား စီစဉ်ဖို့ သတိရတော့ မျိုးဝေ ဆီ ဖုန်းဆက်ရပြန်သည်..။
နှုတ်ခမ်းနီ ဆွဲရင်း ဘယ်လက်က ဖုန်းကိုင်ထားရသည်..။
“ဟလို..မျိုးဝေ...ကားကိစ္စ..”
“ဟုတ်..စီစဉ်ပြီးပါပြီ..”
“သြော်အေး..ကျေးဇူးပဲ မေ့သွားလို့..”
“ဟုတ်ကဲ့...”
ဖုန်းချလိုက်ပြီး ဆံညှပ်ကို ပြန်ဖြုတ်ခါ ဆံပင်တွေ ပြန်ဖြန့်ချရင်း ဘီးကိုလက်တစ်ဖက်က ကိုင်ခါ ပုံပြန်သွင်းရသည်..။
“ဟူး..နောက်ကျနေပါပြီ...”
သစ် ကပျာကယာ ထွက်လာတော့ သူ က ခြေချိတ် ထိုင်ခါ ကော်ဖီ သောက်နေပြီ...။
သူ့ အတွက် ဖိနပ် မစီစဉ်ရသေးတော့ အ၀တ်ခန်းထဲ ပြေးရပြန်ပြီ..။
“အနက်ရောင်ပဲ ရမလား..”
သစ် လှမ်းအော်မေးလိုက်တော့ သူက ဘေးမှာ ချထားတဲ့ ဖိနပ်ကို လက်ညိုးအောက်ဆိုက် ထိုးပြသည်..။
သြော်..ထုတ်ပြီးသား....။
“ထိုင်အုံး..”
“ဟင်..”
သစ် အိပ်နေကျ ဆိုဖာ အကြီးအဖြူရောင် မှာ သူ က ၀င်ထိုင်ခိုင်းတော့ နားမလည်လို့ ထိုင်လိုက်သည်..။
“ဟို ဘက်လှည့်...”
သစ် မယုံ မကြည်ဖြင့် ကျောပေးလိုက်တော့ လည်ပင်းမှာ တစ်ခု လာကပ်ပြီး သစ် ဆွဲထားတဲ့ ဆွဲကြိုး အဟောင်းလေး ကို ပြန်ယူသွားသည်..။
“လည်ပင်းလေး လှတော့ ပိုလှသွားတယ်.....မ...ဒီနေ့ အရမ်းလှတယ်...”
“ဟင်..”
သစ် ရင်ဘတ်ကို ကိုင်ကြည့်လိုက်တော့ ဘယက်မှန်း သိလိုက်ပြီး သူ့ ကို လှည့်ကြည့်ချိန် ခုံက ထသွားပြီ..။
“မ....သွားမယ်...ကြီးကြီး ကို နှုတ်ဆက် မလို့ ကြီးကြီး က အိပ်နေတယ်...”
သူ သတိပေးရင်း ခေါ်လိုက်တော့မှ သတိ၀င်ပြီး သူ့ နောက်က ပြေးလိုက်သွားရသည်..။
ကားပေါ်ရောက်ကတည်းက ဖုန်းနဲ့ အလုပ်များနေရတာ စင်တာ အနား နီးလာတော့မှ သူ့ကို သတိထားမိသည်..။
“ခေါင်းကိုက်လို့လား..”
“မဟုတ်ပါဘူး...စိတ်တွေ နည်းနည်း လှုပ်ရှားနေလို့ပါ...”
ပေါင်ပေါ် တင်ထားတဲ့ သူ့ လက်တစ်ဖက် ကို ဆွဲယူဆုပ်ကိုင် ပြီး
“အခိုက်အတန့်ပါပဲ...ြ့ပီးရင် ပြီးသွားလိမ့်မယ်...”
“အင်း...”
“မ ကော ကြောက်နေလား..”
“ဟင့်အင်း မကြောက်ပါဘူး..”
သူ့ လက်ကို ဖျစ်ညှစ် ဆုပ်ကိုင်ထားမိတာ ကို ငုံ့ကြည့်တော့ သစ် လည်း ကြည့်ပြီး သတိ၀င်ခါ လွတ်ပေးလိုက်ရသည်..။
“ဖွင့်ပွဲ မှာ ဖဲကြိုးဖြတ်ပါလား..”
“မဖြတ်ပါဘူး...”
“ဘာလို့...”
“နောက်ဘက်မှာ အလုပ်ရှိသေးတယ်...”
“မောင်ရဲ့ အလုပ်တွေကို နောက် ကွယ်ကနေ ပံပိုးပေးမယ်ပေါ့...ပိုချစ်ပေးမယ်နော်...”
သူ့ စကားကြောင့် ကားမောင်းနေတဲ့မျိုးဝေ ကိုတောင် မျက်နှာတွေ ပူလာသည်..။
“သခင်ကြီးတော့ ရောက်နေပြီ ထင်တယ်..”
“ဟုတ်မယ်...”
သူ့ အင်္ကျီ  ကုတ် ကို ကြယ်သီး တစ်လုံးတပ်ခါ ကားတံခါး ဖွင့်ပြီး ဆင်းသွားတော့ သစ် လိုက်ကြည့်နေမိသည်..။
လူသုံးယောက် စကားရပ်ပြောနေတဲ့ ဆီ ဦးတည်လျှောက်သွားတော့ တစ်ယောက်က သူ့လို ဆံပင် ပုံသွင်းတာ ဝါသနာပါပုံရတဲ့ သူ့အဖေ...။
ဘေးက ကောင်မလေးကတော့ မာရီနာ ဆိုတာ မမြင်နိုင်ပဲ ခန့်မှန်းနိုင်သည်..။
“အစ်မ..ကြိုဆိုရေး အဖွဲ့အဆင်သင့်ဖြစ်ပြီ အစ်မရော စင်တာ ထဲ ၀င်မယ် မလား..”
“အင်း..နောက် ပါကင်မှာပဲ ထိုးလိုက်ပါ...”
“ဟုတ်ကဲ့...”
ရှေ့က ဖွင့်ပွဲ တွေ မိန့်ခွန်းတွေ ထက် နောက် မှာ ဖြစ်လာမဲ့ လစ်ဟင်းမှုတွေကိုသာ ကြိုတွေးပြီး ရင်တုန်နေရသည်..။
“ဟင်..ဒါတွေက..”
“အရုပ်တွေလေ..လူတွေ ၀င်နေတာပါ..”
“..ဘယ်တုန်းက ဒါ ပါသွားတာလည်း..”
“ဆရာ ထည့်ခိုင်းတာပါ..”
“သြော်..”
“အစ်မသစ် ...MOI က လက်ဆောင် ပန်းခြင်း ရောက်လာတယ်...”
“အဲဒါ ပန်းခြင်း ထားဖို့ စီစဉ်ထားတဲ့ နေရာမှာ စီထားလိုက်ပါ.ညီမ..”
“ဟုတ်ကဲ့..”
“သြော်..သေချာ လှလှလေး လုပ်နော်...သတင်းသမားတွေပါ လာမှာ မို့လို့...”
“ဟုတ်..”
“မိတ်ကပ် ကောင်တာ မှာ မင်းသမီး လက်မှတ်ရေးထိုးပွဲ ရှိတယ်ဆိုတာ ရောက်ပြီလား..”
“ဟုတ်ကဲ့...နားနေခန်းမှာ ပြင်နေပါပြီ..နာမည်ကြီး တော်တော် များများလည်း လာမှာပါ...”
“အင်း...အစားအသောက်ထပ် ကို တစ်ချက်သွားကြည့်ပါ အထူးသဖြင့် သားစိမ်းထားတဲ့ ဘက်ကို ပိုစစ်ပါ...သူတို့ စစ်ဆေး ပြီးသားဆိုပေမဲ့ ငါတို့ ကြည့်တော့ အပြစ်ပိုတွေ့တာပေါ့...”
“အင်း..သွားလိုက်ပါမယ်...”
“လင်းလင်း က စားသောက်ဆိုင် အထပ် ကို လိုအပ်တာတွေ သွားစစ်ပါ....အဲဒီ့မှာ...နိုင်ငံခြား ဧည့်သည်တွေကို ဧည့်ခံဖို့ ရှိတယ်..”
“ဟုတ်ကဲ့..အစ်မ...”
သစ် အနားက လူတွေ တစ်ချက်မှ အကောင်းမနေရအောင် ခိုင်းပြီး ကိုယ်တိုင်ကလည်း လက်ဖျားအေးလာသလိုလို...။
သစ် ကြောက်ရွံ နေတဲ့ နာရီ ပိုင်း အခိုက်အတန့်က အချိန်တွေ တော်တော်ကြာနေသလိုပင်...။
ဖွင့်ပွဲပြီးလို့ ဝင်လာချိန် သစ်ပိုပြီး ရင်ခုန်ရသည်။
သူ့ အဖေ ရဲ့ နောက်က လျှောက်နေတဲ့ သူ့ ကို တွေ့တော့ သစ် ကိုယ်ကို ခပ်လွဲလွဲ လုပ်ပြီး နောက်ကို ပြန်လျှောက်လာခဲ့ရသည်..။
ခုအချိန် သူ့ ကို တွေ့ဖို့ ဘာကို ကြောက်နေမှန်းကို မသိ...။
စိတ်ထဲ သူ့ အလုပ်သမားလိုလို...သူ့ အပေါ် မတရားတဲ့ သူလိုလို...တရားခံ လိုလို နဲ့ အမျိုး အမည်မသိတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေသာ ဖြစ်နေသည်...။
“အစ်မ....ဆရာ က အပေါ်မှာလေ...”
“ဟမ်...ဟုတ်လား...သြော်..အင်း..”
သစ် အရူး ကွက် လုပ်ပြီး အပေါ်တက် တဲ့ လှေကားဆီ သွားပြီးမှ ဘေးဘက်က ကလေးတွေ အတွက် စီစဉ်ထားတဲ့ ကစားခန်းကို လျှောက်ခဲ့လိုက်သည်..။
“အန်တီလေး ဘောလုံးပေး..”
“အန်တီလေး မဟုတ်ဘူး..မမ ဟဲ့....”
သဌေး ကလေးတွေများ အသက်ငယ်သလောက် အခေါ်အဝေါ်လည်း မတက် ..ဘောလုံးလည်း ပေးရအုံးမယ်...အန်တီလည်း အခေါ်ခံရသေး။
“သား ကို အနီရောင်လေး ပေးပါနော်...”
“အန်တီလေး...မီး က ပန်းရောင်....”
“မမ လို့ ခေါ်မှ ပေးမယ်..”
“ခေါ်လိုက်ပါ မင်းတို့ မခေါ်ရင် ခေါ်မယ့်လူ မရှိဘူး..”
“ဟမ်...”
သစ် ဘေးက အသံကြောင့် လှည့်ကြည့်လိုက်တော့  မိုးပျံပူဘောင်းတွေ စုကိုင်ထားတဲ့ သူ့ကို တွေ့ပြီး အံသြ သွားရသည်..။
ဒင်းက သူ့အဖေ နဲ့ အပေါ်မှာဆိုပြီး...။
“အစ်ကိုကြီး က သဘောကောင်းတယ်...”
“ဟုတ်တယ်...အဲဒါကြောင့် ချောနေတာ...”
“မီး လည်း ကိုကို ကိုပဲ ချစ်တယ်နော်...”
လိုတာ ရမှ ချစ်တက်တာ ခုခေတ်ကလေး လူကြီး အားလုံး ပါလားနော်...။
သူ့ လက်ထဲ့ ဘောလုံးတွေကို တစ်ယောက် တစ်လုံးစီဝေပေးပြီး သစ် ကို မျက်ခုံးပင့်ပြတော့ မသိချင်ယောင်ဆောင်ပြီး အခန်းပြင် ပြန်ထွက်ခဲ့လိုက်သည်...။
“ဟိတ်...မ....ဘာဖြစ်လို့ ရှောင်နေတာလည်း...”
“မရှောင်ပါဘူး..အလုပ်လုပ်နေတာ...”
“ကျွန်တော်က ဒက်ဒီနဲ့ မိတ်ဆက်ပေးဖို့လိုက်ရှာနေတာ..”
သစ် စိတ်ရှုပ်စွာ မျက်ခုံးတွန့်သွားပြီး အလှဆင်ထားတဲ့ ပန်းခိုင်ကို လက်နဲ့ လိမ်နေမိသည်။
"အနားမှာ နေရတာ စိတ်ရှုပ်နေတဲ့ ပုံပဲ အိုကေ...သွားပြီ...”
သစ့် ကို လက်ပြပြီး လှေကားဆီ တက်သွားတော့ သစ် လည်း ပခုံးတွန့်ပြီး အပြင်ဘက် ခဏ ထွက်လာခဲ့လိုက်သည်..။
“သေပြီ သစ်ရွက်ရေ...”
မျက်နှာစာ လှေကားထစ် ငါးထစ်ကျော်လာမှ တည့်တည့်တိုးလာတာ မာရီနာ...။
သူ့ဆီက လုယူသလိုများ ဖြစ်နေမလား...မဟုတ်မှ ငါ က မယားငယ် ဘွဲ့ရ များလား...စိတ်ဆင်းရဲလိုက်တာ...သေတောင် ဒီဘွဲ့ မယူဘူး...။
“ဟိုင်း..”
သစ် အနားကို ရောက်လာတော့ သစ်လည်း ခေါင်းညိတ်ပြီး ပြန်နှုတ်ဆက်လိုက်ရသည်..။
“အရွက်သစ် ဆိုတာ..”
“သစ်ရွက်ဝေပါ...အဲ..ဒုက္ခ...ဟို ရွက်သစ်ဝေပါ..”
“အိုး..ဆောရီး...ထင်တာထက် ပိုလှတယ်..”
“ဟုတ်ကဲ့ ညီမလည်း အရမ်းလှပါတယ်...”
“အိုး..သမီးက ဒီမှာကို ဒက်ဒီ လိုက်ရှာနေတာ..”
“ရှင်..”
သစ် တို့ အနားကို သူ့ ဒက်ဒီ  ပါ ရောက်လာတော့ လက်က ချွေးစေးတွေ ပြန်လာရသည်..။
“ဖုန်းပြောဖူးပေမဲ့..အခုမှ တွေ့ဖူးတော့တယ်...သမီးက အရည်အချင်းရှိသလို ချောလည်း ချောသားပဲ..”
“ဟုတ်ကဲ့..ကျေးဇူးပါ အန်ကယ်..”
“ဒက်ဒီ အိမ်ပြန်နားချင်လို့ ကားစီစဉ်ပေးလို့ ရမလား သမီး..”
“ဟုတ်....ဟုတ်ကဲ့...ခု ချက်ချင်း စီစဉ်လိုက်ပါမယ်...”
သစ် ခေါင်းညိတ်ပြီး လှေကားတွေကို ဆင်းခါ မျိုးဝေ ဆီ ဖုန်းဆက်ခေါ် လိုက်ရသည်..။
ကား အနက် တစ်စီး အနားမှာ ရပ်စောင့်နေရင်း ဒရိုင်ဘာ ရောက်လာမှ အသက်ရှု ပေါက်ရတော့သည်..။
“ရပါပြီ အန်ကယ်...ဒီဘက်ကို ကြွပါ..”
သစ် ဦးဆောင် ပြီး ကားဆီ ကို ခေါ်လာတော့ မာရီနာ နဲ့ နောက် ဧည့်သည် တစ်ယောက်ပါ လိုက်လာသည်..။
သူများကို ဒုက္ခပေးဖို့ဆို ဘယ်လို အခြေအနေ ဖြစ်ဖြစ် လုံး၀ ပြန်မကြည့်...လိုအပ်တဲ့ အချိန် ဆို ဘယ်တော့မှ အနားမှာ မရှိဘူး..။
အခုလည်း သူ့ ဧည့်သည် သူ့ အဖေ သူ့ ရည်းစားဟောင်းကို ကားပေါ်တင်ပြီး အိမ်ကို ဦးဆောင် ခေါ်လာရတာ လူက ဘာပြောပြီး ဘာမေးရမှန်းလည်း မသိ...။
သစ်မှာလည်း သူ့သားကို ဒုက္ခ ပေးထားတာ ခပ်များများဆိုတော့ သူ့အဖေက အပြုံးနဲ့ အလုပ်အကြောင်းတွေ မေးပေမဲ့ လိပ်ပြာကမလုံ..။
အိမ်ရောက်တော့
မာရီနာ နဲ့ ဧည့်သည် တစ်ယောက် ကို အပေါ်ဆုံး ထပ် အခန်းပို နှစ်ခန်း ကို လိုက်ပို့ ပြီးမှ အသက်ရှု ပေါက် တစ်ခြမ်း ပွင့်တော့သည်..။
“အန်ကယ် နားဖို့ အလယ်ထပ် က..”
“သမီး အဒေါ် ရှိတယ်ဆို ဘယ်မှာလည်း..”
“ဟို...အခန်းထဲမှာပါ..”
“ဒက်ဒီ တွေ့ချင်တယ်...”
“ရှင်...ဟုတ်...”
သစ် လုပ်ထားတဲ့ အပြစ်တွေကို တိုင်ဖို့လား...မဟုတ်မှ သဘောမတူနိုင်ဘူးဆိုပြီး နှစ်ယောက်စလုံး ကို မောင်းချမှာလား...။
သူ့ ချစ်သူ ကိုလည်း ခေါ်လာတာ...အိုး...စိတ်တွေ ညစ်လိုက်တာနော်...ဒင်းကတော့ အခုချိန်ထိ ပြန်မလာနိုင်သေးဘူး....။
ကြီးကြီး ကိုလည်း ကြိုမပြောထား ဟိုက ရောဂါခံလည်း ရှိနေတော့ ဒုက္ခပါပဲ မိသစ်ဝေ ရယ်..မနေ့ကတည်းက ရွာပြန်ပြေးသင့်တာ...။
“ကြီးကြီး...”
“ဟင်...သမီး..လှလိုက်တာ ဟယ်..”
“ဟို...မောင့် အဖေ က ကြီးကြီး နဲ့ တွေ့ချင်လို့တဲ့...”
“သြော်...အင်း..ဟို..”
သစ် တင် မဟုတ် ကြီးကြီး ပါ ခြေမကိုင်မိ လက်မကိုင် မိ ဖြစ်တော့ လူ က ပိုစိတ်ညစ်ရသည်..။
“ရပါတယ် အစ်မ သူစိမ်းတွေမှ မဟုတ်တာ...ထိုင်ပါ ကျန်းမာရေး ဘယ်လို နေလည်း ..”
“ဟုတ်ကဲ့...သက်သာ ပါတယ် သဌေး..”
“အိုး...ဒီလို ကြီးတော့ မခေါ်ပါနဲ့..ကျွန်တော့် နာမည် အေ့ဗ် ပါ မြန်မာ နာမည်က ဥက္ကာ လို့ ခေါ်ပါတယ်..”
“ဟုတ်ကဲ့ ကို ဥက္ကာ...သက်သာပါရဲ့...ခရီးဝေးကြီး လာခဲ့ရတော့ ပင်ပန်းနေမှာပါပဲ...”
“မပင်ပန်းပါဘူး....အလုပ်ကိစ္စချည်းပဲ မှ မဟုတ်တာ...ကျွန်တော် အစ်မ နဲ့ လာတွေ့ဖို့ ကြန့်ကြာသွားတာ ခွင့်လွှတ်ပါ...”
“ဟုတ်ကဲ့ အလုပ်များနေတာ ကျွန်မ နားလည်ပါတယ်..”
“တကယ်တော့ နောက်သုံးရက် ကြာရင် ကျွန်တော် မင်္ဂလာပွဲ စီစဉ်ထားတယ်..အစ်မကြီးကို နောက်ကျမှ အသ်ိပေးသလို ဖြစ်သွားတာ စိတ်မဆိုးပါနဲ့”
သစ် မှာ ဘာမှ ဝင်မပြောခင် ကြားလိုက်ရတဲ့ စကားကြောင့် မျက်လုံးပြူးခါ အသက်ရှု ဖို့ ပင်မေ့နေရသည်..။
“ရှင်.. ကျွန်မတို့ တူမလေးကို သဘောတူတယ်ပေါ့နော်..၀မ်းသာလိုက်တာရှင် ကျွန်မ က သဘောမတူလို့ ဒီက ကိုဥက္ကာ က သားကို စွန့်ပစ်လိုက်တယ် ထင်နေတာ...”
“အိုး..မဟုတ်တာ...သူ့ အတွက်ကို သူရွေးချယ်ပိုင်ခွင့် ရှိပြီသားပါ ကျွန်တော်မိဘ ဖြစ်လို့ ငါ ကြိုက်တာ မင်းလုပ်ရမယ်ဆိုတဲ့ အတ္တ မရှိပါဘူး..သူ လုပ်လိုက်တဲ့ အပြစ်အတွက် အချိန် တစ်ခု ဒဏ်ခတ်တဲ့ သဘောပါပဲ...ဒီက သမီးမှာ လည်း အရည်အချင်း ရှိတာ သိလို့ အခုလို စီစဉ်ပေးတာပါ ...ဗီဂါ က လုံး၀မဖြစ်နိုင်တော့တဲ့ အလုပ်တွေကို ကျွန်တော့် အထောက်အပံ့မပါပဲ သူ တစ်ယောက်တည်း ပြီးဆုံး အောင် လုပ်ပြနိုင်ခဲ့တယ်လေ...
ဒါကြောင့် သူအရမ်း တောင့်တနေတဲ့ ဒီ မင်္ဂလာပွဲ က သူ့ အတွက် ဂုဏ်ပြု လက်ဆောင် လိုပါပဲ...အစ်မ ကြီးဘက်က ပြောစရာ များ ရှိရင် ပြောပါ အားမနာပါနဲ့..”
“မရှိပါဘူးရှင်...မရှိပါဘူး..ကျေးဇူးတင်လို့ မ.....မ....ဆုံးပါရှင်....အခုလို.....ရွက်သစ်ဝေ ကို လက်ခံပေးတာ....ကျွန်မ...သေပျော်ပါပြီ...”
ကြီးကြီး က မျက်ရည်တွေကို သုတ်ပစ်ရင်း သစ် လက်ကို ဆုတ်ကိုင်ပြီး ပြောတော့ သူ့ အဖေ ကလည်း ခေါင်းညိတ် အားပေးသည်..။
“ဟုတ်ကဲ့....ဒီလိုအဖိုးတန် သမီးကို..ပေးလို့လည်း...ကျေးဇူးတင်ပါတယ် အစ်မ အနားယူလိုက်ပါအုံး..”
“အန်ကယ်...နေဖို့ အခန်းက..”
“ဒက်ဒီပဲ ခေါ်ပါ သမီး...ဒက်ဒီ့ကို ဘုန်းမင်း လိုက်ပို့ ပါလိမ့်မယ်...သမီး အမေအနားမှာ စောင့်ပါ...”
“ဟုတ်ကဲ့...”
သူ့ အဖေ နဲ့ သူ တူတာ များလိုက်တာ..... ပြုံးရင် ပါးချိုင့်တွေ နစ်၀င်နေတာ က အစ တူတူ ပါပဲလား..။
“ကြီးကြီး ပျော်လိုက်တာ သမီးရယ်..”
“ပျော်မနေနဲ့...ကြီးကြီး နှလုံးထဖောက်အုံးမယ်..”
ကြီးကြီးက သစ့်လက်ကို ဆုပ်ကိုင်ဖျစ်ညစ်ပြောတော့ သစ် ပြန်ထိုင်လိုက်သည်။
“ဒီလိုမျိုး ဖြစ်ပြီးမှ သေသွားလည်း သေပျော်တယ်အေ..”
“သူများ ကတော့ စိတ်ညစ်နေတယ်..”
“ဘာဖြစ်လို့လည်း..”
“ဒီတိုင်း...”
“သမီး ဗီဂါ့ ကို မချစ်ဘူးလား ဟင်...”
“သူများကို လိမ်တာ ပြန်တွေးမိရင် အရမ်းမုန်းတယ်...”
“’ဒါကတော့...”
“သူများနဲ့ သူ အတူတူ နေရင် ဒီ အတိတ်တွေက မေ့မရဘူး...ဘယ်လို လုပ်မလည်း ကြီးကြီးရယ်..”
“နင့်ရဲ့ အရာရာမေ့တက်တဲ့ ဦးနှောက်က ဒါကျတော့ သေအောင်မှတ်ထားပါလား..ဟမ်..သူက တစ်ချိန်က ဘုန်းမင်းဆိုတာ.ငါတောင် မေ့နေပြီ...”
“မတူဘူးလေ...”
သစ် ရယ်ကြဲကြဲ ပြောပြီး ထလာခဲ့လိုက်သည်။
ကြီးကြီး အခန်းထဲက ရေချိုးခန်းကို ၀င်လိုက်ပြီး မှန်မှာ ပေါ်နေတဲ့ ပုံရိပ်မှာ  စိန်ဘယက်နဲ့ အသွင်ထူးနေတဲ့ ရွက်သစ်ဝေကို ငေး ကြည့်နေမိသည်..။
မမေ့နိုင်လောက်အောင် ချစ်မိခဲ့တာကိုး ကြီးကြီးရယ်...။
ဒါကြောင့် ပြန်တွေးတိုင်း မုန်းတီးနေရတာပေါ့....သူ့ အချစ်တွေ သူ့ အပြောတွေ အားလုံး က အလိမ်အညာဆိုတာ ပြန်တွေးလိုက်တိုင်း ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်...။
မချစ်ပဲနဲ့ ချစ်ပါတယ်လို့ ပြောခဲ့တယ်...မလိုချင်ပဲနဲ့ လက်ထပ်ပါ လို့ တောင်းဆိုခဲ့တယ်...။
ပြီးတော့ ဟင်းရွက်ကန်စွန်းလို့ ကွာရှင်းစာချူပ် ပို့ပြီး  လူကို စွန့်ပစ်ခဲ့တာ...
ဒီလိုလူက ရူးလောက်အောင် ချစ်ပါတယ်လို့ ပြောလာရင်...
ဒုတိယ အကြိမ် အရူး လုပ်အုံးမှာလား လို့ စိုးရိမ်နေမိတာ သစ် မှားလို့လား...။
အချစ်ကြီးရင် အမျက်ကြီးတယ်...။
စွဲလမ်းမှု များလေ မမေ့နိုင်လေ....
သူ ဘယ်လိုခံစားရပါစေ မသနားတက်တာ သူနဲ့ ဆက်နွယ်နေတဲ့ နှလုံးသားက သူပေးတဲ့ ဒဏ်ရာတွေ ကြောင့် ထုံကျင်နေပြီး မနာမကျင်တက်တော့လို့ပါ..။
ဟုတ်တယ်...ကွာရှင်းစာချူပ်မှာ သူ ကိုယ်တိုင် လက်မှတ်ထိုးခဲ့တာပဲ...
ခုတော့  လစ်လပ်နေတဲ့  တစ်ဖက်က ရွက်သစ်ဝေ ကွက်လပ် နေရာမှာ လက်မှတ် ဖြည့်ရတော့မယ်...မောင်ရယ်...။
အချစ်ရဆုံးသူက သစ္စာဖောက်တဲ့အခါ အမုန်းဆုံးသူ အဖြစ် ပြောင်းလဲသွားတက်တယ် ဆိုတာ မောင် ကိုယ်တိုင် ခံစားကြည့်ပါ...။
ဒီတစ်ကြိမ်က နောက်ဆုံးကလဲ့စားပါ မောင်..။
သိပ်ချစ်လို့ အရမ်းမုန်းခဲ့တယ်...
မောင့် ကို အနိုင်မယူတော့ဘူး...။
မကျေနပ်ပေမဲ့ ကြေအေးလိုက်တော့မယ်....။
ဘယ်သောအခါမှ မပတ်သက်ချင်တော့ဘူး.... မောင့်ရဲ့ အမုန်းဆုံးသူ အဖြစ် မောင်နဲ့ အဝေးဆုံးမှာ အမုန်းကင်းစွာ ရှင်သန်လိုက်တော့မည်...။

☆✼★━━━━━━━━━━━━★✼☆。

နက်ဖြန် ဇာတ်သိမ်းလိုက် တော့မယ်နော်....😭

ဒေါ်သစ်ရွက်လေး ပြီးရင်တော့ ဒေါ်စပိုက်ကာတို့ အကြာကြီး ပျောက်သွားတော့မယ်...😭💔

မမေ့ရဘူးနော် စာဖတ်သူ အားလုံးချေ့ပါသယ် ❤

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Wo Geschichten leben. Entdecke jetzt