Part 20

3.5K 176 3
                                    

1543
အပိုင်း (၂၀)
#1543

“ဟူး..”
“ခင်ဗျား ဘာဖြစ်နေတာလည်း..”
သစ် မျက်နှာ ရှုံ့မဲ့ထားရာက ပြုံးပြပြီး ခေါင်းရမ်းလိုက်တော့ ကွန်ပျူတာ ဆီ အကြည့်ရွေ့သွားသည်။
“ မဖြစ်ရင် ညနေ engagement အတွက် ပြင်ဆင်ထားတာတွေ တစ်ချက် စစ်ကြည့်... လိုအပ်တာ မရှိစေနဲ့နော်...”
“ဟင်...မောင် ဘယ်သူနဲ့ စေ့စပ်မှာလည်း..”
“ကျစ်..စကားကောင်းပြောနေရင် မနောက်နဲ့...”
“စတာပါ...မ...အကုန်စစ်ပြီးပြီ....သတိုးသမီး ကြိုက်တဲ့  ပန်းပွင့် ကိတ်လည်း ရပြီ ဘူဖေးတွေလည်း အဆင်သင့် ဖြစ်ပြီ အားလုံး အဆင်သင့်...မောင် က ဘာလို့ ဒီပွဲကို ဂရုစိုက်နေတာလည်း..အရင်က ဘာပွဲလုပ်လုပ် မမေးပါဘူး.မဟုတ်မှ မောင် နဲ့ ပတ်သက်ဖူးတဲ့ မိန်းကလေး များလား...”
“ဘယ်မိန်းမမှ စိတ်မ၀င်စားဘူး..”
“ဘာလို့..”
သစ် အကွန့်တက်ပြီး ဘေးနားမှာ ရပ်နေရင်း ခေါင်းငုံ့မေးလိုက်တော့ မျက်လုံး လှန်ကြည့်ပြီးမှ အကြည့်ပြန်ရွေ့ခါ..
“မာရီနာ လောက် မပြည့်စုံလို့...”
သူ့ အနားမှာ သူများနေတာ တစ်လလောက် ရှိနေပြီ ဒါကိုလည်း မာရီနာ ကို မမေ့နိုင်သေး ...အမြင်ကပ်လို့
“မာရီနာ က သေတာ ကြာပြီ..”
“ဟ..ခင်ဗျား ရိုင်းလှချည်လား..”
“ဟုတ်တယ်လေ..မောင် က အခု....အ....”
“ဘာဖြစ်လို့လည်း..”
“ဟင်....မဖြစ်ပါဘူး...အဲ ခဏ...”
ဗိုက်ထဲက ရစ်နာ လာပြန်တော့ လက်ပြပြီး ခပ်သွက်သွက်လေး လျှောက်လာရတာ သူ့ အခန်းထဲက သန့်စင်ခန်းကို ပဲ သုံးလိုက်ရသည်..။
“သေမှာပဲ...မတည့်တာမြိုချင်အုံး..”
ကိုယ့်ကိုယ်ကို ကျိန်ဆဲရင်း ရှေ့က မှန်ထဲကို ကြည့်လိုက်တော့ မျက်ကွင်းတောင် ကျချင်နေပြီ..။
လက်ကို အခြောက်ခံပြီး ထွက်လာတော့ သခင်လေး က မရှိတော့ပြန်ဘူး..ဘယ်ကို ပြေးလိုက်ရမှန်းလည်း မသိ...။
“ဟလို...မောင်...ဘယ်မှာလည်း..”
“MOC ဥက္ကဋ္ဌ နဲ့ တွေ့ဖို့သွားနေတယ်...”
“ဆောရီး..မောင် အဆင်ပြေရဲ့လား မ လိုက်လာခဲ့မယ်...”
“မလိုဘူးရတယ်..”
“၀တ်မှုံ ကို ခေါ်သွားပြန်ပြီလား..”
“အမ်း..”
“ဟာ ကျစ်...”
ဗီဂါ ဖုန်းချပြီး ပြုံးလိုက်ရင်း စတော့ စျေးတွေကို တစ်ချက်၀င်ကြည့်လိုက်သည်..။
ကောင်းတယ်...၀တ်မှုံ နဲ့ သွားတယ်ပြောရင် ဘာကို ဒေါသထွက်နေမှန်းကို မသိ...။
အဲလို သူ ဒေါသထွက်နေတာကို ဗီဂါ ကလည်း ဘာ့ကြောင့် မှန်းမသိ သဘော ကျသည်..။
၀တ်မှုံ ကို စင်ကာပူ ကုမ္ပဏီ ကို ပို့ထားတာ ဆယ်ရက်မက ရှိနေပြီ...
ဒါကိုသာသိရင် ရူးကြောင်ကြောင်နဲ့ ပြောလာပါအုံးမယ်...မောင် စိတ်မဆိုးပါနဲ့ ဆိုတာမျိုးတွေ..။
“ဆရာ ဒီနေ့ ညနေ ချိန်းထားတာ မရှိတော့ဘူး..”
“ကောင်းတယ်..”
“ဗျာ..”
“အိမ်စောစော ပြန်ပြီး နားချင်နေပြီ..”
“စင်တာ ကိစ္စ ကြောင့် ပင်ပန်းနေပြီလား..ဆရာ..”
ဗီဂါ ခေါင်းရမ်းရင်း Ipad ကို ဘေးကို ချလိုက်ပြီး သက်ပြင်း တစ်ချက် အရင် ရှိုက်လိုက်မိသည်..။
“ဟိုဘက် က စတော့ပွဲစား အကြောင်းမပြန်သေးဘူး..ငါ့ အထင် တော့ တစ်ခုခု လွဲနေပြီလားလို့..”
“ပြန်ဆက်သွယ်ကြည့်လိုက်ပါမယ် ဆရာ..”
“ခဏ စောင့်လိုက်ပါအုံး..မလောနဲ့... ကိုယ်ထင်သလို မဟုတ်ရင် မျက်နှာနာ စရာဖြစ်မယ်..ဘာမဆို ကိုယ့်ဘက်က သေချာဖို့ လိုတယ်..”
“ဟုတ်ကဲ့..”
“STI စျေးတော့ တက်သွားတယ် ဆရာ...”
“သတင်းကောင်းပေါ့...”
“ဟုတ်တယ်ဆရာ..ENT ကို VG ကကျော်သွားတော့ အဖေ ထက် သားတစ်လကြီးဆို တာမျိုး လက်တွေ့ ဖြစ်နေသလိုပဲ...”
“ပါဝါ ဆိုတာ လူနည်းစုလက်ထဲက ငွေကြေး မဟုတ်ဘူး..လူများစု လက်ထဲက သတင်းအချက်အလက်တွေတဲ့...တကယ်မှန်တဲ့ စကားပဲ..မျိုးဝေ..”
“ခင်ဗျာ...”
မျိုးဝေ ဘေးမှာ ကျနေတဲ့ နုတ်ပတ်စာရွက်ကလေးကို ကောက်ပြီး ပေးလိုက်တော့ ခေါင်းညိတ်ပြီး ယူလိုက်သည်..။
“ကျွန်တော် စာအုပ် တစ်အုပ် ထဲက ဖတ်ရလို့ ကူးထားတာပါ...”
“တီ..တီ...တီ...”
မျိုးဝေ ဖုန်းက ထမြည်လာတော့ ဗီဂါ လည်း အတွေးစတွေ ပျက်သွားရသည်..။
“ဟုတ်ကဲ့...”
“ဟုတ်ကဲ့...လာနေပါပြီ...”
ဗီဂါ အကျီ င်္ လက်ကြယ်သီးက ကြပ်နေသလို ဖြစ်နေတာ မနက်ကတည်းကမို့လို့ ပြန်ပြင်လိုက်သည်..။
ဗီဂါ ရင်းနှီးတဲ့ သူတွေနဲ့တွေ့ဖို့ ချိန်းထားရင်တော့ ၀တ်စုံပြည့် ဘယ်တော့မှ မ၀တ်ဖြစ်ပါ...။
စစ်ဆေးစရာ ကိစ္စတွေများလာရင် ရှပ်ချည်းပဲတောင် လည်ပင်းကြယ်သီး နှစ်လုံးလောက်ဖြုတ်ထားမှ အသက်ရှုချောင်တော့သည်..။
အ၀တ်အစားကို ဖြစ်သလို ၀တ်တာလည်း ဒက်ဒီ က လုံး၀မကြိုက်တော့ အလုပ်တူနေတုန်းကဆိုရင် ဗီဂါနေ့တိုင်း ၀တ်စုံပြည့်၀တ်သွားရသည်..။
ကိုယ့် ကုမ္ပဏီနဲ့ ကိုယ် ဖြစ်သွားချိန် အ၀တ်အစားနဲ့ ပတ်သက်လို့ ပထမဆုံး လွတ်လပ်ခြင်းကို ခံစားခွင့်ရတော့သည်..။
အကျီ င်္လက်ကြယ်သီး ပြင်နေရင်း ညာဘက်လက်ရဲ့ လက်ခလယ်ပေါ်က  လက်စွပ်ကိုတွေ့တော့  ငိုင်သွားမိသည်..။
လက်ထပ် လက်စွပ် အဖြစ် ရည်ရွယ်ပြီး ၀ယ်ထားပေမဲ့လို့ ...
ကျန်နေတဲ့ ဆင်တူ လက်စွပ် တစ်ကွင်းကို ဘယ်တော့များမှ တရား၀င် ၀တ်ပေးခွင့်ရမှာလည်း....။
.
“...ဓာတ်ဆားရည် သောက်သင့် နေပြီ...”
“ဟင်...မသစ်ဝေ ဘာဖြစ်လို့လည်း..”
“နေကောင်းဘူးဟယ်...နင်တို့ ဆရာကော..”
လက်ထောက် မန်နေဂျာ မလေး က ဖိုင် တစ်ထပ်နဲ့ ၀င်လာပြီး မေးတော့ သစ် လည်း ပြန်မေးလိုက်ရသည်..။
“မတွေ့ဘူးလေ...ဒီမှာ နောက်အပတ် လုပ်ရမဲ့ Event  အချက်အလက်တွေ..ဆရာတောင်းထားလို့ လာပို့တာပါ..”
“အင်း...ထားခဲ့လိုက်..”
သူ့အလုပ် စားပွဲ နဲ့ ခပ်လှမ်းလှမ်းထောင့်ကျကျ က သစ် စားပွဲမှာ၀င်ထိုင်ပြီး  ခေါင်းပြန်မှောက်ထားလိုက်ရသည်..။
“ဆေးယူမလား..အစ်မ..”
“ဘာဆေး ရှိလည်း..”
“အကိုက်အခဲ ပျောက်ဆေး restroom ထဲမှာ ရှိတယ်လေ..”
“ဟူး..မဟုတ်ဘူး..ရပြီ..အိမ်ပြန်မှပဲ သောက်တော့မယ်..”
“ဆရာနဲ့ တူတူ နေ့တိုင်းပြန်တယ်နော်...အစ်မတို့က အိမ်နီးလို့လား..”
“တူတူနေတာ..”
“ဟမ်....အာ..နောက်ပြီ..”
ခေါင်းမှောက်ထားပြီး ကိုယ့်ဝေဒနာနဲ့ ကိုယ်ဆိုတော့ ဆက်လည်း မပြောချင် ရှင်းပြလည်း ယုံမယ် မထင်တာနဲ့ ငြိမ်ပဲ နေလိုက်ရသည်..။
“ဒေါ်သစ်ရွက်..”
“ဟင်..”
“ထ...ပြန်မယ်...”
သစ် အသံကြားလို့ ခေါင်းထောင်ခါ မျက်လုံးတွေကို အားယူဖွင့်လိုက်တော့ လိုက်ကာတွေ ပိတ်ထားပြီး မီးတွေတောင် ဖွင့်ထားပြီ..။
“အလုပ်တွေ ကြိုးစားနေတာနော်...နေ့ခင်းထဲက အိပ်တာ ည ၇နာရီ ထိုးပြီ...”
“ဟင်...အဲလောက်တောင်ဖြစ်သွားလား..မောင်....စိန်ခြယ် ဆိုင်ဖွင့်ပွဲ သွားဖြစ်သေးလား..”
“အင်း..ပြန်လာပြီ...”
“ဟူး..ဒါဆို ပြန်တော့မှာပေါ့....မ အိပ်ပျော်သွားလို့ ...အဆင်ပြေရဲ့လား..”
“ရတယ်...”
“ရမှာပေါ့ ၀တ်မှုံ က ဘေးက ပါနေတာကိုး..”
သစ် ဆူအောင့်အောင့် ပြောပြီး ဖိုင်နဲ့ လပ်တော့ပ်တွေ ကောက်သိမ်းပေးနေရသည်..။
သူကတော့ အေးရာ အေးကြောင်း ခုံကို လှည့်ပြီး အိုင်ပတ် တစ်ခုနဲ့ အလုပ်ရှုပ်နေပါရဲ့...။
“ရပြီ မောင်..”
“အင်း...သွားမယ်..”
လမ်းလျှောက်တော့လည်း ကိုယ်လွတ်ရုန်းပြီး သစ်မှာသာ အိတ်တွေကော ဖိုင်တွေကော ဖုန်းပါမကျန် ရှုပ်ယှက်ခပ်နေအောင် ကိုင်ခဲ့ရသည်..။
“မောင်...စောင့်အုံး..”
“ဒီလမ်းပဲ သွားမှာ အထူးအဆန်း လုပ်နေပြန်ပြီ...”
“လူတွေ ပြန်ကုန်ကြပြီ...ကြောက်တာပေါ့..”
သူ့ ကို အမှီလိုက်သွားပြီး ပခုံးကို ပစ်တိုက်ခါ ကျော်တက်လာခဲ့လိုက်သည်..။
အိပ်ရာနိုးခါစမို့ ဝေဒနာတွေပျောက်နေတာ မဟာကျေးဇူးပင်...။
“အ..”
ကားပေါ်ရောက်ပြီး လမ်းတစ်၀က်ကျော်လာတော့မှ ဗိုက်ထဲက စူးကနဲ့ အောင့်ပြီး ဘာတွေ ဖြစ်နေမှန်းကို မသိ...။
ကားစီးရင် မီးပိတ်မှ စီးချင်သည့် ကိုယ်တော်လေးကြောင့် မှောင်မှောင်မဲမဲထဲ ချွေးပြန်ချင်လာသည်..။
လက်ထဲက အိတ်တွေဘာတွေ ဂရုမစိုက်ပဲ ခြေရင်းနားမှာ စုပုံ ချပြီး ဗိုက်ကို လက်နဲ့ဖိရင်း သက်သာအောင်ကြိုးစားကြည့်မိသည်..။
ရင်ညွန့်နေရာအထိ စူးတက်လာတော့ ပိုဆိုးလာပြီဆိုတာသိလိုက်ပြီး ဘာလုပ်ရမှန်းလည်း မသိ...။
ခေါင်းကို ကားကူရှင်ကို မှီပြီး သက်သာအောင် မျက်လုံးစုံမှိတ်ထားလိုက်သည်..။
“ဟ...အိပ်ပြန်ပြီလား..”
ဗီဂါ့ ပခုံးပေါ်ကို မှီကျလာသည့် ကိုယ်လုံးကြောင့် လန့်ပြီး ကြည့်လိုက်တော့ တကယ် မျက်လုံးမှိတ်အိပ်ပျော်နေပြီ..။
တစ်နေ့ကုန် အိပ်ပဲနေတာ .နေများမကောင်းလို့လား..
စိုးရိမ်စိတ်ကြောင့် လက်နဲ့ နဖူးကို စမ်းကြည့်တော့ မပူပဲ ချွေးတောင်ပြန်ချင်နေသည်..။
“ဒေါ်သစ်ရွက်.....”
“....”
“ဒီမှာ....ဒေါ်သစ်ရွက်...”
“အင်..”
“ဘာဖြစ်လို့လည်း..”
“ဟင်း...သူများနေလို့မကောင်းဘူး..မောင်ရယ်...”
“ဟင်..ဘာဖြစ်လို့လည်း..”
သက်ပြင်းချပြီးမှ ပြောတာ..
ဗီဂါ စိတ်ပူသွားပြီး သူ့မျက်နှာကို ပျာပျာသလဲကြည့်ခါ မေးလိုက်သည်။
“မဖြစ်ပါဘူး...”
“မဖြစ်ရင်..ထ..”
ပခုံးကိုမြှောက်ပြီး တွန်းဖယ်လိုက်တော့မှ တစ်ဖက်ကို တိုးပြီး သွားထိုင်နေတာ အိမ်ရောက်တဲ့ အထိ...။
ကားပေါ်က ပစ္စည်းတွေကို ကိုင်ပြီးဆင်းသွားတာ လူကို နည်းနည်းတောင် လှည့်မကြည့်တော့ တစ်ခုခု ကို ပြသာနာရှာတော့မှာ သေချာနေပြီ..။
“မောင် ထမင်းစားတော့မလား..”
ဗီဂါ ကြယ်သီးဖြုတ်လက်စ အကျီ င်္ လက်ကို မြှောက်ပြလိုက်တော့ သဘောပေါက်ကြောင်း ခေါင်းညိတ်ခါ ကျောခိုင်းပြီး..ရေချိုးခန်းထဲ ၀င်သွားပြန်သည်..။
တစ်ခုခုတော့ဖြစ်နေပါပြီ..။
ပြန်ထွက်လာတော့ ဘီဒိုဘောင်ကို ကိုင်ပြီးမှ မှန်တင်ခုံမှာ ထိုင်ချလိုက်သည်..။
“ဘာဖြစ်နေတာလည်း..”
“နေမကောင်းပါဘူးဆို..”
“နေမကောင်းတာ ပြောမှ သိမှာပေါ့..ဘာဖြစ်တာလည်း..”
စိတ်ပူလို့မေးတဲ့သူကို ပြန်အော်နေတော့ ဗီဂါလည်း စိတ်မရှည်ပဲ အသံမြှင့်ပြောလိုက်သည်...။
“မောင့်ကို ပြောရင် မောင်က ကဲ့ရဲ့ မှာ သိတယ်...”
“ဟာဗျာ...အဓိပ္ပာယ်မရှိတာ..ဘာဖြစ်တယ်သိမှ ဆရာ၀န်ခေါ်လို့ရမှာပေါ့..”
“ဗိုက်နာလို့..”မျက်နှာရှုံ့ပြီး မျက်လုံးစုံမှိတ်အော်တော့ ဗီဂါ ကြောင်သွားရသည်..။
နဖူးက ချွေးသီးချွေးပေါက်တွေပါ ကျနေတော့ စိတ်ပူပြီး အကျီီ ဖြုတ်လက်စ အတိုင်း အခန်းပြင်ထွက်လာခါ ဘုန်းမင်းကို ဆရာ၀န်ခေါ်ခိုင်းလိုက်ရသည်..။
အခန်းထဲ ပြန်ရောက်တော့ ဆိုဖာပေါ်မှာ ပုစွန်ကွေးလို လုပ်ပြီး လှဲအိပ်နေပြီ..။
“ဒေါ်သစ်ရွက်..”
“....”
“ဟာ....”
ဗီဂါ ဆိုဖာ အနားကို ခြေလှမ်းကြဲနဲ့ အတူ ရောက်သွားပြီး ငုံ့ကြည့်လိုက်တော့ မျက်လုံးစုံမှိတ်ပြီး ညီးသံထွက်နေသည်..။
“တော်တော် ဖြစ်လို့လား...”
“အင်း..”
သက်ပြင်းတစ်ချက်ရှိုက်ခါ ဆိုဖာ အဖျားနားမှာ ချိတ်ထိုင်လိုက်ပြီး နဖူးက ချွေးတွေကို တစ်ရှုးနဲ့ လိုက်တို့ သုတ်ပေးနေမိသည်..။
“ခဏလေးပဲ ဆရာ၀န်လာတော့မယ်နော်..”
“...”
မျက်လုံးမဖွင့်ပဲ ခေါင်းညိတ်ပြတော့  သူ့လက်ကလေးတွေကို ဆုပ်ကိုင်ပြီး အားပေးမိသည်....။
လက်ဖျားတွေလည်း အေးစက်နေတာ ဘာတွေဖြစ်လို့ပါလိမ့်...။
ဗီဂါက စီးပွားရေး ကိစ္စပဲ ခေါင်းထဲထည့်ထားတော့ ကျန်းမာရေး ဗဟုသုတလည်း မရှိတာ ခက်သည်..။
“ဆရာ..”
တံခါး၀ မှ ဘုန်းမင်း အသံကြားတော့ ဗီဂါ ခေါင်းထောင်ကြည့်လိုက်တာ ဒေါက်တာလည်း ရောက်လာသည်..။
“သြော်...ကြွပါ ဒေါက်တာ..”
“ဒီမှာပါ...”
“လူနာလား..”
“ဟုတ်ပါတယ်....”
“ဘာဖြစ်တာလည်း...”
“ဗိုက်နာတယ်လို့ ပြောပါတယ်..”
ဒေါက်တာ က ပခုံးပေါ်ချိတ်ပြီးပါလာတဲ့ နားကြပ်ကို ဖြုတ်ပြီး ဗိုက်ကို လိုက်စမ်းသပ်သည်..။
“ဘာဖြစ်တာလည်း သမီး....”
ဆရာ၀န် အမေးကြောင့် မျက်လုံးပွင့်လာပြီး ဗီဂါ့ ကို တစ်ချက်ကြည့်ခါ အကြည့်လွဲပြီး..
“ဟို ၀မ်းပျက်လို့ပါဆရာ..ညနေပိုင်း ဗိုက်အောင့်တာ ပိုဆိုးလာတယ်..”
“အင်း...ဟုတ်ပြီ..ဘယ်တုန်းက စဖြစ်တာလည်း..”
“ဟို မနက်က ကိုရီးယားခေါက်ဆွဲ စားလိုက်တာပါ...အရမ်းစပ်တာတွေကြောင့်လား မသိဘူး.”
“အိုး..စပ်တာတွေ အများကြီး မစားသင့်ဘူး သူ့ဒေသနဲ့ သူ့ အစားအစာပေါ့ကွာ..”
ဆရာ၀န်က စိတ်ရှည်လက်ရှည် ရှင်းပြနေပေမဲ့ ဗီဂါကတော့  ဒီလောက် အစပ်ကြိုက်တာ နည်းသေးတယ်လို့ ပြောချင်နေပြီ...။
“မနက်စာ ပုံမှန်စားလား..”
“ဟုတ်..”
“ဘာတွေစားလည်း ပြောပါအုံး..”
“မနက်မုန့်က ကော်ဖီ တစ်ခွက်ပါ..မနက်စာကတော့  လက်ဖက်ထမင်း စားဖြစ်တာ များပါတယ်..”
“ဒီလို မလုပ်ရဘူးလေ...”
“အချိန်မရလို့ပါ .”
“အစာအိမ်ထိခိုက်ရင် အချိန်ပိုကုန်မှာနော်...ဒါလုံး၀ မကောင်းတဲ့ အကျင့်ပဲ..”
ဆရာ၀န်က လက်ထဲ က ဆေးထိုးအပ်တွေကို ပြန်ချပြီး ဗိုက်နေရာကို လက်နဲ့ပြန်ထောက်ခါ..
“ဒီနားနာလား..”
“ဟင့်အင်း...”
“ဒီနားရော...”
“မနာပါဘူး..ဆရာ..”
“ဒါဆို စိုးရိမ်စရာ မရှိပါဘူး..ဆရာ ဆေးထိုးပေးခဲ့မယ်နော်...”
“ဟုတ်ကဲ့...”
သစ်ဆေးထိုးခံနေရရင်း လျှောက်တွေးမိတာ ဟိုတစ်နေ့က ဗိုက်နေရာစူးအောင့်သွားတဲ့ အခြေအနေ...။
“ဆရာ..ဒီနေရာ အောင့်ရင် ဘာဖြစ်တက်လည်းဟင်..”
“အူမကြီးနေရာဆိုတော့...စဉ်းစားစရာ အများကြီးပေါ့..ကင်ဆာလည်းဖြစ်နေနိုင်တယ်..”
“သြော်..”
“အစပ်တွေ အများကြီး မစားနဲ့နော်...ခုတော့ ဓာတ်ဆားရည် လည်း သောက်ရမယ်..”
“ဟုတ်..”
ဆရာ၀န်က ဆေးနဲ့ ဓာတ်ဆားထုတ်တွေ ပေးပြီး ပြန်ထွက်သွားချိန် အထိ သစ် ဗိုက်ထဲက နာကျင်တဲ့ ခံစားမှုကို ရှာဖွေနေမိသည်..။
“ကျေးဇူးတင်ပါတယ်..ဒေါက်တာ..”
“ရပါတယ်..ဗီဂါ ဆရာ လည်း အဆင်သင့်နေလို့ လိုက်လာဖြစ်တာ...နည်းနည်း ဂရုစိုက်လိုက်နော်..”
“ဟုတ်..စိုးရိမ်ရလား ဒေါက်တာ..သူက အစားအသောက်လည်း နည်းတယ်...အိပ်ချိန်လည်း သိပ်မရှိဘူး...ဆေးသွင်းဖို့ လိုမလား...”

1543Where stories live. Discover now