1543
အပိုင်း(၁၃)
#1543“မောင်...ထတော့...”
“ဟာ..နှိုးရတာ တော်တော်ကြာနေပြီနော်...မောင်...”
သစ် သီချင်းသံ ကို ထပ် ကျယ်ခဲ့လိုက်ပြီး မီးဖိုဆောင်ကို ပြေးဆင်းရပြန်သည်..။
တော်ပါသေးရဲ့...ဓာတ်လှေကား ရှိနေပေလို့...။
“အိပ်ယာနှိုးတာများ သေနေတဲ့လူ နှိုးရတာ ကျနေရော...”
ပွစိ ပွစိ ရေရွတ်ရင်း ကော်ဖီ ဖျော်ထားဖို့ ပြင်ဆင်ရတာ ချွေးပြန်နေပြီ..။
အရင်နေ့တွေက သူ့ဟာသူ့ နိုးလို့ ထလာတယ် ထင်ခဲ့တာ ဘယ်ဟုတ်လိမ့်မလည်း..မနက် အိပ်ရာနိုးဖို့လည်း အခု သစ် တာ၀န်တဲ့..။
အိပ်ခါနီးလည်း Lavender အနံ့ပါတဲ့ ရေမွှေးမဟုတ်တဲ့ Spray ဘူးကို အိပ်ယာမှာ ဖြန်းပေးရတာ ဘယ်လို သဌေးသားပါလိမ့်....
မနက် အိပ်ရာနှိုးပြန်တော့ ဆူဆူ ညံညံ လုပ်ရင် ကိုယ်တော် က တစ်နေ့ကုန် ခေါင်းမကြည် ခေါင်းကိုက်တက်သည်တဲ့လေ...။
သဌေးရောဂါ က တစ်မျိုးဆန်း..။
အိပ်ရာနှိုးရင် သီချင်းဖွင့်ရတာ ငှက်သံတွေကော ရေတံခွန်သံတွေကော စုံလို့ တီးလုံးသံ ငြိမ့်ငြိမ့်လေးတွေက ပြန် သိပ်နေတာ များလား...။
ဒီ တီးလုံးသံတွေ နားထောင်ပြီး ပြန်အိပ်ပျော်သွားမှာ ဒုက္ခ...။
သစ် မနက် ၇ နာရီကတည်းက သီချင်းဖွင့်ထားတာ တစ်ခါ အပေါ်ထပ်ပြီး တစ်ခါ ကျယ်ပေးနေတာ ဆူညံနေပြီ..ဒင်း မနိုးလာသေးတာ ဟုတ်ပါ့မလား..အိပ်ချင်ယောင် ဆောင်ပြီး လူ ကို ဒုက္ခပေးချင်နေတာလား...။
“တီ..တီ...”
ကိတ်မုန့်ကို မိုက်ခရိုဝေ့ထဲက ထုတ်လိုက်ပြီး အပေါ်တက်ဖို့ တစ်ခါ ပြင်ရပြန်သည်..။
ဒါ သပ်သပ် Lesson ပေးနေတာ..သူ့ မိန်းမ လုပ်ချင်ရင် ဒီလို ပင်ပန်းပါမယ် ဆိုတာမျိုး..။
ရမလား...။
“မောင်...”
“မောင်...ရေ...”
လုံး၀ မလှုပ်တဲ့ ကိုယ်ခန္ဓာကိုယ် ဆောင့်ကန် ပစ်ချချင်နေပေမဲ့ သည်းခံ မြိုသိပ်ပြီး ကုတင် ပေါ် တက်လိုက်ရသည်..။
“မောင်..”
ဆံပင်တွေကို သပ်တင်ပေးပြီး ....ခပ်တိုးတိုး ခေါ်လိုက်ပေမဲ့ မျက်တောင်တွေက ဖိကပ်ထားဆဲ....။
ဒီလောက်သေတာ...။
“အ...ခင်ဗျား..”
“သြော်..နိုးပြီလား..”
ချက်ချင်း ငုတ်တုတ်ထထိုင်ပြီး သူ့ပါးကို လက်ဝါးနဲ့ ဖိသုတ်နေတာ ရယ်ချင်ပေမဲ့ ခပ်တည်တည် ဖြစ်အောင် ကြိုးစားထားရင်း..
“ဟူး..ဒီလိုမှန်းသိ စောနက ကတည်းက နှိုးပါတယ်...ထတော့နော်...၉ နာရီ ထိုးတော့မယ်..”
“ပြန်အိပ်မနေနဲ့နော် မောင်...ထပ် နှိုးနေရမယ်..ကော်ဖီတွေအေးကုန်တော့မယ်..”
“အမ်း..”
ပြောချင်သလိုလို မပြောချင်သလိုလို အမ်း တစ်ခွန်းထွက်လာပြီး နောက်တော့ သစ် ရေချိုးခန်းထဲ ၀င်ခါ သူ့ အတွက် သွားတိုက်တံ ပြင်ဆင်ပေးရသည်..။
ဒီလို စက်နဲ့တိုက်တာပဲ ကိုယ့်ဟာကို လုပ်ပါလား အသက်ငယ်ငယ် နဲ့ သောက်ပျင်းထူနေတာ...။
“ခင်ဗျား ကို ဖျက်စီးလို့လား...အို...ဘယ်ဖျက်စီးမလည်း..ငါကသာ ဖျက်စီးမှာ...”
လက်ကျန် စေတနာလေးပါ မရှိတော့လို့ သွားပွတ်တံ စက်ကို မှန်ပေါ် လျှောက်သုတ်လိုက်ပြီး မှ သွားတိုက်ဆေးထည့်ထားလိုက်သည်..။
ကိုယ့်ဟာ့ ကို မလုပ်သရွေ့ စိတ်ချရတဲ့ အရာဆိုတာ ရှိလာမှာ မဟုတ်ဘူး..ကောင်စုတ်လေးရဲ့ ...။
ရေချိုးခန်းထဲ ၀င်လာတဲ့ သူ့ ကို ရှောင်ပေးလိုက်ပြီး သွားတိုက်တံ နဲ့ တာဝါ ကိုင်လို့ ရပ်စောင့်နေလိုက်သည်..။
“မောင်...ဒီမှာ ..”
လှမ်းပေးတဲ့ သွားတိုက်တံကို ဆွဲယူပြီး မှန်ရှေ့မှာ ရပ်ခါ စက်ကို ဖွင့်လိုက်သည်..။
သစ် ကို မှန်ထဲက တစ်ဆင့် မျက်မှောင်ကြုတ် ကြည့်နေတော့ ရယ်ပြလိုက်ပြီး
“အဟဲ...မမြင်ဖူးလို့...ဘယ်လို တိုက်တာလည်းဟမ်...နာလား...”
သစ် ကို မျက်ထောင့်ကပ်ကြည့်ပြီး ရှေ့က သူ့ပုံရိပ်ကို ကြည့်ရင်း သွားစတိုက်နေပြီမို့ ပြုံးရင်း ရေချိုးခန်းထဲက ထွက်လာခဲ့လိုက်သည်..။
အရသာ ရှိလိုက်သည်ဖြစ်ခြင်း...ဒင်း အခုတော့ ကိုယ့်လက်ထဲကို လုံးဝရောက်လာပြီ...ဟွင်..ဟွင်း...။
“မောင်....ဒီမှာ...မနက်ပိုင်း နိုင်ငံခြား ဧည့်သည်နဲ့ တွေ့ဖို့ ရှိတယ်ဆိုလို့...၀တ်စုံ ပြည့်ထုတ်ထားတယ်..”
တာဝါ ကိုင်ထားရင်း သစ် ကို မယုံသလို သေချာ ကြည့်ပြန်ပြီ....ရန်သူကြီးတွေ ကျနေတာပဲ ...။
“ဟဲ..ဟဲ...ဘုန်းမင်း ပြောလို့ ပါ မောင်ရဲ့...အဲဒါ အရင် က ကောင်မလေးတွေ အ၀တ်အစားထုတ်ပေးရတာ လား မသိဘူးလေ...မောင် က အသားဖြူတော့ နက်ပြာလေးနဲ့ ပို လိုက်မှာ သိလား...မ ကိုယ်တိုင် ရွေးထားတယ်...”
အောက်ခံ ရှပ်နဲ့ ဘောင်းဘီရှည်ကို ဆောင့်ဆွဲယူပြီး အ၀တ်လဲခန်းထဲ ၀င်သွားတော့ သစ် ပုခုံးလှုပ်အောင် ရယ်နေမိသည်..။
လက်ကြယ်သီးတပ်ရင်း ပြန်ထွက်လာတော့ စေတနာတွေ တပြားသားလောက်ပိုပြီး ကိုယ်တိုင်လုခါ တပ်ပေးလိုက်သည်..။
ချိတ်ပေါ်က အပေါ်ကုတ်ကို လှမ်းယူပြီး ၀တ်လိုက်ချိန်
“ဟ...ဒါ....”
နောက်နေရာမှ အကွက်လိုက် ပေါက်နေတာ ကို တွေ့ပြီး မျက်လုံးပြူးရင်း သစ် ကို ပြန်ကြည့်သည်..။
“သြော်...အဟွင်း...အဲဒါလေ...မောင်ရယ်...မောင် က မှာထားတယ်မလား...သူများကို အဲလက်ထရောနစ် ပစ္စည်း မကိုင်ရဘူး ဆိုတာလေ..အဲဒါ သူများလည်း မီးသွေး မီးပူနဲ့ ထိုးတော့..မီးခဲ ပြုတ်ကျသွားတာ...လက်ကလေးလည်း အပူလောင်သွားတယ်..”
“လောင်..သေ....ကျစ်...ဒါ..Prada....ဗျ...ပြောလည်း သိတာ မဟုတ်ပါဘူး..ခင်ဗျား ရွဲ့ပြီး လုပ်တာ အကြောင်းမဟုတ်ဘူး...ကျွန်တော့် ပစ္စည်းတွေ မထိခိုက်စေနဲ့..နောက်တစ်ခါ ဆို အပြစ်ပေးမှာနော်..”
“သြော်..သြော်...ဟုတ်ကဲ့ပါရှင်...ကျွန်မ က လိင်ကျွန်ဆိုတော့..”
“ဟ...”
“သြော်..အဟဲ..လင်ကျွန်ဆိုတော့လေ..ပြောလည်း ခံရမှာပေါ့ မောင်ရယ်...ခုတော့ ပလတာ ဖေဖေ ထုတ်တဲ့ ဗာဂူ ပဲ ၀တ်သွားနော်...”
“ဟာ..တော်..တော်...ကိုယ့်ဟာကို ထုတ်မယ်..”
“မလုပ်ပါနဲ့..မောင် ပင်ပန်းနေမယ်လေ...လက်ညိုးလေးသာ ညွန်ပြလိုက်...မ လုပ်ပေးပါ့မယ်..”
“နီညိုရောင် ထုတ်လာ...ဘောင်းဘီရှည်ပါ ယူခဲ့အုံး..”
“ဟုတ်...”
ဗီဂါ ပြောသာ ပြောလိုက်ရတယ်..ဘာတွေ ဘယ်လို လုပ်လာမလည်း ရင်တထိတ်ထိတ် ဖြင့် အကျီ င်္ မီးပေါက်ထားတဲ့ အကွက်ကြီးကို လက်နဲ့ ကိုင်ကြည့်နေမိသည်..။
စစ်ဆင်ရေးက တစ်မျိုးပြောင်း သွားပြန်ပြီ...ကောင်းနေရင်လည်း ပို ကြောက်ရပါသည်..။
“မောင်...”
“အ....ဘာလည်း..”
ကိုယ့် အတွေးနဲ့ ကိုယ် ဖြစ်နေချိန် သူ့ အော်သံကြောင့် လန့်ဖြတ် တုန်တက်သွားရသည်..။
“မီးပူ ပြန်ထိုး ပေးရမလား..”
“မလိုဘူး..ဒီတိုင်းယူလာခဲ့...”
ဒီတစ်ခါ ထပ်ထိုးရင် အ၀တ်ခန်း တစ်ခုလုံး ပြာပုံ ဖြစ်တော့မည်လို့ စိတ်ထဲက ကြိုသိနေသည်..။
“အင်း..နီညိုလေးလည်း..လိုက်တာပဲ...မောင်က အသားဖြူဖြူ..ချောချောလေးကိုး...အိုး..မင်းသားလေး..အတိုင်းပဲ သလား..”
ဗီဂါ လက်ဖျားတွေ အေးစက်လာပြီး ကြက်သီးမွေးညင်းတောင် ထသွားရသည်...
ဘာတွေ ဆက်လာအုံးမှာပါလိမ့်...။
“မောင်..”
“လည်စည်း ကျန်သေးတယ်နော်..နေအုံး..နီညို အင်း..ဟုတ်ပြီ...”
လူကို သေချာ ခေါင်းစောင်းကြည့်ပြီး မှ ထွက်သွားတော့ ဗီဂါ လည်ပင်းကြယ်သီး ဖြုတ်ပြီး ရေခွက် ယူသောက်လိုက်ရသည်..။
“ရပြီ..မောင်..နီင်္ညို အစင်းလေး...ရမလား..”
“အမ်း...မြန်မြန် ယူလာ...”
လက်ထဲက နက်ခ်တိုင်ကို လှမ်းယူတာ မပေးပဲ လည်ဂုတ်ပေါ် ပစ်တင်သည်...ချည်တက်လို့လား..။
“အင်း...ခဏ...ဒီလို..ဆွဲတာလား..”
“ဖယ်ပါ ကျွန်တော့် ဟာ ကျွန်တော်လုပ်မယ်..”
“နေပါ မောင်ရဲ့...မ က အစမို့လို့ပါ...ဒါ မိန်းမ တာ၀န်တွေပဲလေ...”
ကြိုး နှစ်စ စလုံးကို ဆွဲချလိုက်တော့ လူလည်း အမှတ်တမဲ့ ငိုက်ကျသွားပြီး မျက်နှာ နှစ်ခု ထိလုခင် ဖြစ်သွားရသည်..။
ဗီဂါ နောက်ကို အမြန်ဆုတ်လိုက်ပြီး မျက်ခုံးတွန့် လိုက်တော့ ရယ်ပြခါ...
“အဟဲဟဲ..ဆောရီး..နော်...အရပ်က ပုတာကိုး..မောင် က အရပ်ရှည်တယ်...မ ကို အလုပ်မှာဆို အရပ်ရှည်လို့ အားကျကြတာ..အခု ကျတော့ မောင် နဲ့ ယှဉ်ပြီး ပုသွားရရော...အဟဲဟဲ...”
စကားတစ်ခွန်းဆို အဟဲဟဲ က အမြဲတမ်းပါတက်တာ စိတ်တိုင်းမကျလို့.
“ခင်ဗျား..ဘာလို့ စကားပြောရင်.တ.ဟဲဟဲလုပ်နေတာလည်း..”
ဗီဂါ ပြောစကားလည်း ဆုံးရော သူ့လက်ထဲက လည်စည်း ကြိုးက အပေါ် ပြေးတက်လာတာ.....
“အ...အ...အ...အတ်....”
“မောင်ကလည်း ဘာလို့ အ..အ... ဖြစ်နေတာလည်း..ဟင်..”
စိုးရိမ်သလို မျက်နှာထားနဲ့ မျက်နှာကို လိုက်ကြည့်နေတော့ ဗီဂါ လက်ကို ပုတ်ချလိုက်မှ
“အိုး...အိုး...ဆောရီး ပါ မောင်ရယ်..မေ့ ပြီး..ဆွဲမိတာ...ထူးဆန်းတယ်နော်...ကြိုး တစ်ချောင်းက လည်ပင်း ရောက်တာနဲ့ မောင် တောင် တ အအ ဖြစ်သွားတယ်...ဟီး..”
“အဟွတ်...”
“ဆောရီး..ဆောရီး...လာ..မုန့်စားဖို့ နောက်ကျနေပြီ...မ...ကော်ဖီ ကောင်းကောင်းလေး ဖျော်ထားတယ်...”
လည်စည်းကို သေချာ နေရာချပြီး ပခုံးနှစ်ဖက်ကို ပါ လက်နဲ့ သပ်ခါပေးနေတော့ ဗီဂါ ရှောင်ပြီး အပြင်ဘက်ကို လျှောက်လာခဲ့လိုက်သည်..။
“ထိုင်ပါ မောင်..”
ထိုင်ဖို့ ခုံပါ ဆွဲထုတ်ပေးတော့ ဘာများ ကြံစည်ထားလည်းတွေးမိရင်း ထိုင်ခုံကို လက်နဲ့ လှုပ်ကြည့်မိသည်..။
“အိုး..မောင် ကလည်း...ကလေး ကျနေတာပဲ..မဆော့ နဲ့ ငြိမ်ငြိမ်ထိုင်နော်...”
မီးဖိုဆောင်တံခါးဖွင့် ပြီး ၀င်သွားတာ မိနစ်ပိုင်း ကြာတဲ့ အထိ ပြန်ထွက်မလာသေး...
“ဒေါ်သစ်ရွက်..”
“လာပြီ...”
ကော်ဖီ ပန်းကန်နဲ့ တစ်ခြား ပန်းကန် တစ်ခုကို အဖြူရောင် ဗန်းထဲ ထည့်ပြီး လျှောက်လာတာ လက်ကို သေချာ ထိန်းနေရသေးသည်..။
“ဟင်...ဒါ..”
“ကိတ် မုန့် နဲ့ ကော်ဖီလေ..မောင်ရဲ့...ကော်ဖီကတော့ မ ကိုယ်တိုင် နပ်ဖျော်ထားတာ...ကိတ်မုန့်က မဖုတ်တက်လို့ ဆိုင်က မှာရတာ..ဆောရီးပါ မောင်ရယ်...”
ဗီဂါ ခေါင်းရမ်းရင်း ကိတ်မုန့်ကို ခက်ရင်းနဲ့ တစ်ဖဲ့စားလိုက်တာ သိပ်အရသာ မတွေ့လှ...
ကော်ဖီ ကို စိတ်ရောက်သွားမှ ကော်ဖီခွက်ကို ကောက်ကိုင်ပြီး သောက်ကြည့်လိုက်တာ အေးစက်နေတာမှ ရေခဲရေ အတိုင်း...အလိုမကျမှုနဲ့ အတူ မျက်နှာ ရှုံ့မဲ့သွားတော့
“ဘာဖြစ်လို့လည်း မောင်..”
‘ရေခဲသေတ္တာထဲက ထုတ်လာတာလား..”
“အိုး..အအေးခံထားတာ..မေ့ပြီး မထုတ်မိလို့...ပြန်နွေးပေးမယ်နော်..”
ပြောပြီးတာနဲ့ ကော်ဖီ ခွက်ကို ကောက်ယူခါ မီးဖိုဆောင်ထဲ ပြန်၀င်ပြေးသည်..။
မိနစ် ပိုင်းကြာတော့ ကော်ဖီ ပန်းကန်ကို ထိန်းကိုင်ပြီး ပြန်ထွက်လာပြန်သည်....
“ရပြီ..မောင်..”
ဗီဂါ စိတ်မရှည်စွာ ကောက်သောက်လိုက်တော့
“ဖွီး....အ.....ပူရယ်..”
“ဟမ်..ပူတာလား..အိုး..ဒုက္ခပါပဲ..နေပါအုံး...ပြန်အေးအောင် လုပ်ပေးမယ်နော်..”
“ကျစ်...တော်တော့...ခင်ဗျား..ရွဲ့နေတာ...တော်ပြီ...မသောက်ဘူး..”
စားပွဲခုံက ဝုန်းခနဲ့ ထပြီး ထွက်သွားတဲ့ ဒင်းလေး ကို လိုက်ကြည့်ရင်း သစ် တစ်ယောက် ကျောပြင် တစ်ခုလုံးသိမ့်သိမ့်တုန်အောင် ကြိတ်ရယ်နေမိသည်..။
“မောင်...ဒီနေ့ ဘယ်ကား စီးမလည်း..”
“ဘာလည်း..”
အလုပ်ခန်းရှေ့ကိုရောက်လာပြီး မေးတော့ ဗီဂါ စိတ်ပေါက်ပေါက်နဲ့ ပိတ်ဟောက်ပစ်လိုက်သည်...။
“သြော်...ဒုတိယဘုန်းမင်း က ပြန်မရောက်သေးဘူးလေ...အဲဒါကြောင့် တာ၀န်ကျေအောင် မေးပေးတာ..”
“ရတယ်...ကိုယ့်ဟာကို ထုတ်မယ်..”
“သြော်ရပါတယ်..အားမနာပါနဲ့ မောင်ရဲ့..မောင် အရမ်းကြိုက်တဲ့ အဖြူလေးပဲမလား..ရွှေငါးဆိုလား ဘာလား..”
“မာစီတီး..အက်စ်ကလပ်စ်”
“အယ်..အယ်..အဲဒါ ပဲ ထုတ်ထားလိုက်မယ်နော်..”
“နေအုံး..ခင်ဗျား ထုတ်တက်လို့လား..”
“အမလေး...အထင်သေးလိုက်တာနော်...သူများမှာ လိုင်စင် ရှိပါတယ်..”
ထဘီ အကျီ င်္ ၀မ်းစက် ၀တ်ထားပေမဲ့ မိန်းကလေး ပီပီသသ အိနြေ္ဒသိက္ခာ တစ်ချက်မှ မရှိဘူး..ခြေလှမ်းကြဲကြီးနဲ့ လှည့်ထွက်သွားပြန်သည်...။
ဗီဂါ ကျစ်သပ်ရင်း လပ်တော့ပ် ဆီင်္ အကြည့်ပြန်ရွေ့ထားလိုက်သည်..။
ဒီ လပ်တော့ပ်လည်း ဖွက် ခဲ့ရမှာ မဟုတ်ရင် သူခိုးလက်ထဲရောက်ပြီး ခြိမ်းခြောက်စရာ တစ်ခု တိုးသွားမှ အခက်...။
ကိုယ်ပိုင်တဲ့ အိမ်မှာ ကိုယ်ပိုင်တဲ့ ပစ္စည်းတောင် ဖွက် သုံးနေရတဲ့ ဘဝရောက်နေပါလားလို့ တွေးမိရင်း ဒေါသထွက်ရသည်...။
“ဒုန်း..”
“ဟ...”
ဗီဂါ ထိုင်ခုံက နေ တစ်ဟုန်တိုး ထပြေးပြီး အိမ်ပြင်ကို ပြေးထွက်လာခဲ့တော့ ထင်တဲ့ အတိုင်း ကုန်ပြီ...။
ရေပန်း ကန်ဘောင် နဲ့ ကားနှုတ်ဆက်နေတာ ကို ရင်ထဲနာကျင်စွာဖြင့် မြင်လိုက်ရသည်..။
“ဘာဖြစ်ပြီလည်း..”
ကားတံခါးကို အတင်းဆွဲဖွင့်ပြီး မေးလိုက်တော့ မျက်နှာငယ် လုပ်ပြပြီး..
“ဆောရီး..ဆောရီးပါ...မောင်ရယ်.. မမောင်းတာကြာတော့..ဘရိတ်နဲ့ လီဗာ မှားနင်းမိသွားတာ...ထူးဆန်းလိုက်တာ ဒီလောက် မြန်တာ တစ်ခါမှ မမြင်ဖူးဘူး..”
“ဘယ်ထိသွားလည်း..”
“ဟင်....ကားကို ဆင်းမကြည့်ရသေးဘူး..ရှေ့တော့ ကုန်ပြီလား မသိဘူး.”
“ကျစ်..ခင်ဗျား ဘယ်ထိသွားလည်းလို့ မေးနေတာ...”
“သြော်..မ...လား..မထိပါဘူး..မောင် က မ ကို စိတ်ပူတာလား...အိုး...ပျော်လိုက်တာ မောင်ရယ်..”
မဖြစ်ပြီးရောပေါ့ ရှည်လိုက်တဲ့ လျှာ ...ဗီဂါ ကားတံခါးကို ဆောင့်ပိတ်ပြီး ကားရှေ့ကို ပြန်လာကြည့်လိုက်သည်..။
“ဝူး...”
“အား..”
ဗီဂါ ငုံ့ ကြည့်နေတုန်း ရှေ့တိုးလာသည့် ကားကြောင့် နောက်ကို ခုန်ပြီးရှောင်လိုက်ရသည်..။
“ဟယ်..ဆောရီး..မောင်....”
“ကျစ်..ခင်ဗျားတော့...”
“တကယ်...ဆောရီး...”
“ကားပေါ်က ဆင်းတော့...”
“ဟုတ်....”
ကားပေါ်မှာဆက်ထိုင်နေလို့ကတော့ ကားကော ဗီဂါကော အထိနာတော့မှာ သိနေသည်လေ...။
“ဆရာ...”
“ဟင်..ဘာဖြစ်တာလည်း..ဆရာ...ကား..”
ဘုန်းမင်း က ခြံထဲကို ရောက်တာနဲ့ ဗီ့ဂါ ဆီကို တန်းပြေးလာပြီး ကားကို ငုံ့ကြည့်သည်..။
“အမလေး..ကုန်ပါပြီ...ဆရာရယ်..ကုန်ပါပြီ...”
“နားညီးတယ်...သွား ကားထုတ် နောက်ကျနေပြီ..”
“ဟုတ်ကဲ့...”
“ဒုတိယ ဘုန်းမင်းရေ...ဟို အဖြူလေး ထုတ်နော်...ဆားပေါ့တဲ့ ကားလေ...”
ဗီဂါ လက်ညိုးညွန်ရာကို လိုက်ကြည့်ပြီး ခေါင်းက ပုံသွင်းထားတဲ့ ဆံပင်တွေတောင် ထောင်ထ ကုန်သည်..။
တစ်ခုခု လုပ်ထားတာ သေချာနေပြီ...ကားကို မစစ်ပဲ ဘယ်တော့မှ မထုတ်တော့ဖို့ ဆုံးဖြတ် လိုက်ရသည်..။
၀ယ်ထားတာ မကြာသေးတဲ့.... Sport အဖြူ သန့်သန့်လေး...။
“ဘုန်းမင်း...အနက် ပဲထုတ်...”
“ဟာ..မောင်က လည်း..အဖြူလေး လှတယ်..”
“အဖြူတွေကို ကြောက်သွားပြီ...”
“..မနက်ဖြန် လည်း အနက်ပေါ့..”
“မနက်ဖြန် အိမ်က ကားနဲ့ မသွားဘူး..”
သူ့ အကြံကို သိနေကြောင်း တစ်ခါတည်း သတိပေးထားလိုက်တော့ နှုတ်ခမ်းမှာ ပွစိပွစိ ရေရွတ်ရင်း..
“နက်ဖြန် ဘယ်က ကားလာခေါ်မှာလည်း..”
“ဝိုင်ဘီအက်စ်..”
“သူများက စေတနာနဲ့ မေးတာ...”
ဗီဂါ မျက်လုံးစွေကြည့်ပြီး အိမ်ထဲ၀င်လာခါ လပ်တော့ပ်အရင် သိမ်းဖို့ နေရာ ရှာရသည်...။
“မောင်..”
“ဟင်....ဒုန်း....အ...”
“ဟယ်..မောင်က စားပွဲအောက်မှာ ဘာလို့ ၀င်ပုန်းနေတာလည်း...”
“သြော်..သြော်...မ ကို ခြောက်မလို့လား...ဟိ...မောင် ကလည်း...အလုပ်သွားခါနီးပြီ...ပြန်လာမှ ဆော့နော်...သွားတော့..ဒုတိယ ဘုန်းမင်း စောင့်နေပြီ..”
ဗီဂါ အလုပ်စားပွဲအောက်မှာ ခေါင်းကို မကျေမနပ် ပွတ်ရင်း ထွက်လာခဲ့လိုက်ရသည်..။
“ပေး...မ..လိုက်ပို့မယ်..”
“မလိုပါဘူး..”
“သြော်..ပေးပါဆို..”
လက်ထဲက Ipad ကို ထပ်ရီုက်ခွဲအုံးမလားလို့ ရင်တထိပ်ထိပ် နဲ့ ပေးလိုက်ရသည်...။
“မောင်..ညနေ..စောစော ပြန်လာနော်...တာ့တာ..”
“ခင်ဗျားလည်း..အိမ်မှာ မွှေ မနေနဲ့..မဆိုင်တာတွေ ဘာ တစ်ခုမှ မထိနဲ့...”
“ဟုတ်ကဲ့ပါရှင်...”
ခြံတံခါး ပိတ်ချိန် ကားဘက်မှန်ကနေ တစ်ဆင့် ကြည့်လိုက်တော့ လက်ဝေ့ယမ်းပြနေဆဲ...
ကိုယ်လည်း ကြာရင် ရူးတော့မည်...။
“ကားလေး သမျောစရာ...”
ကား အဖြူရောင်လေးကို ငုံ့ကြည့်ရင်း သစ် စိတ်ထဲ နမျောလာရသည်..။
ဟိုသတ္တဝါလေးကို ဒုက္ခပေးချင်တာနဲ့ ကားလေးက ဓားစာခံဖြစ်သွားရတာ..။
သစ် အိမ်ထဲ ရောက်တော့ ဘယ်သူမှ မရှိတဲ့ အိမ်ကြီးမှာ တစ်ယောက်တည်း ပျော်စရာကောင်းနေသည်..။
“သြ...”
စားပွဲအောက်မှာ တစ်ခုခု ဖွတ်နေတာကို သတိရတော့ သူ့ အလုပ်ခန်းဘက်ကို ပြေးလာခဲ့လိုက်သည်...။
“ဟွန့်..ရမလား..”
စားပွဲအောက်ကို လေးဘက်ထောက် ၀င်ပြီး အံဆွဲဘုံးတွေကိုဆွဲ ကြည့်တာ သော့ခတ်ထားသည်..။
ခေါင်းက ကလစ် အမဲချောင်းကို ဖြုတ်ပြီး ဆန့်ခါ သော့ကို ကစားနေချိန်..
“ဒေါ်သစ်ရွက်..”
“ဟင်...ဒုတ်...အား...သေပါပြီ..”
ခေါင်းကို လက်နဲ့ ပွတ်ရင်း စားပွဲအောက်ကနေ ပြန်ထွက်ပြီး ထရပ်လိုက်တော့ ဘယ်သူမှ မတွေ့...။
သေချာအောင် အိမ်ရှေ့ တံခါးမကြီးကို သွားကြည့်တော့လည်း ပိတ်ထားတဲ့ အတိုင်းပင်..။
“စိတ်စွဲနေတာပါ...”
သစ် စားပွဲအောက်ကို ပြန်၀င်ပြီး လျှိုဝှက်ထည့်ထားတဲ့ အံဆွဲ ဘုံးကို ဖွင့်ဖို့ အသည်းအသန် ကြိုးစားနေရသည်...။
“ခင်ဗျား..ဘာလုပ်နေတာလည်း..”
“ဒုတ်...အ...”
ခေါင်းကို လက်နဲ့ ဖိပွတ်ပြီး စားပွဲအောက်က ထွက်ခါ တစ်ခန်းလုံး ဝေ့၀ဲ ရှာမိသည်..။
“စားပွဲအောက်မှ ဘာ၀င်ရှာနေတာလည်း..”
ချိတ်ထားတဲ့ ဘောက်စ်ကလေးက အသံထွက်နေမှန်းသိတော့ တစ်နေရာမှာ ကင်မရာရှိပြီး သူကြည့်နေမှန်းသိလိုက်ပြီ..။
“ဟဲ..ဟဲ...ဆံညှပ် ကျသွားလို့ လာကောက်တာ..”
အခန်း တစ်ပတ်လည် လိုက်ကြည့်ပြီး လက်ထဲက ဆံညှပ်ကို ထောင်ပြရင်း ပြောလိုက်တော့
“ဆံညှပ်က ဘာလို့ အလုပ်စားပွဲအောက် ရောက်နေတာလည်း..”
“အဟဲ...အပေါ်ထပ်က ပြုတ်ကျသွားတာ...အဟဲ..တော်တော်ရှာလိုက်ရတယ်...သွားပြီနော်...တာ့တာ..မောင်..”
အခန်း အပြင်ထွက်တဲ့ အထိ လက်ပြသွားတော့ ဗီဂါ ပြုံးလိုက်မိသည်..။
ခင်ဗျားလေး လည်တယ်...ဒါပေမဲ့ ရိုးသားတဲ့ အလည်မျိုး...။
.
“ဗီဂါ..”
“အေး...သူရ လာ..”
“အခြေအနေ ဘာထူးလို့လည်း..”
“ပြီးသလောက်တော့ ရှိနေပါပြီ....မင်း ဒက်ဒီ့ ကို လာကြည့်စေချင်တယ်..ဒီဘက်က လုပ်ငန်းရှင်တွေကလည်း နည်းနည်း ဖလှယ်ချင်နေတာပေါ့ကွာ..မင်း လည်း အချိန်ရရင် လာကြည့်လေ..”
“အင်း..လာခဲ့မယ်လေ...”
“ဘာလည်း...မင်းနဲ့ မော်ဒယ်မလေး ရဲ့ ကလေးထွက်လာတော့မှလား..”
‘ဟား..ဟား...မဟုတ်ပါဘူးကွာ...လာမယ်..”
“...မင်းလည်း အလွမ်းနာကြောင့် ပိန်သွားသလားပဲ...အန်ကယ်လာရင် မင်းမိန်းမကို ပါ ခေါ်လာခိုင်းလိုက်လေ..”
“အင်း..” ဗီဂါ အပြုံးယဲ့ယဲ့ နဲ့ အတူ ခေါင်းညိတ်လိုက်ရသည်..။
မာရီနာ နဲ့ ဗီဂါ ဆိုတာ မကြာခင် လက်ထပ်မဲ့ သူတွေ အဖြစ် ဗီဂါ့အသိုင်းအဝိုင်းတစ်ခုလုံးက သိထားတာ...။
အခုတော့...ဘယ်လိုတွေ ပြောင်းလဲပြရပါ့မလည်း...။
မာရီနာ လို လိုက်ဖက်တဲ့ လက်တွဲဖော် တစ်ယောက်ကို ကျောခိုင်းလိုက်ရတာ အလုပ်မှာ ဆုံးရှုံးသလို လူမှုနယ်ပယ် အရလည်း ဆုံးရှုံးရတာ အများကြီး...။
ဘက်စုံ ထူးချွန်နေသည့် လှပလွန်းသူ မာရီနာ နဲ့ ရူးကြောင်ကြောင် ဒေါ်သစ်ရွက်....ကျစ်...။
လူတွေနဲ့ မိတ်ဆက်ပေးတောင် တဟဲဟဲ မလုပ်ဖို့ မနည်းပြောယူရအုံးမယ် ထင်ပါသည်..။
လောက မှာ မထင်ထားတဲ့ အပြောင်းအလဲ လေး ကြောင့် ရင်ခုန်သံ တွေ ဖြစ်ပေါ်ခဲ့ရင် ဘယ်သူ့ အပြစ်လို့ ခေါင်းစဉ် တပ်ပေးရမလည်း...။
နှလုံးသား နဲ့ ဦးနှောက် ယှဉ်လာတဲ့ အချိန် ဗီဂါ့ ဦးနှောက်ကတော့ ကျဆုံးသွားရှာပြီ..။
“ဆရာ...နေ့လည် NP Group က ဦးမင်းကျော် နဲ့ တွေ့ဖို့ ချိန်းထားတယ်..”
“အင်း..ဟုတ်တယ်..နေ့လည်စာ စားပြီးမှ သွားရမယ်..ဘာမှ မစားရသေးဘူး..”
“ဟုတ်ကဲ့...ကျွန်တော် စီစဉ်လိုက်ပါမယ်..”
ဟူး..မိန်းမလည်း လုပ်ချင်တယ်..မိန်းမ တာ၀န်လည်း ကျေတာမဟုတ်ဘူး...။
သူ့ အိမ်မှာနေတုန်းက အရာရာ လိုလိုသေး မရှိ လုပ်ပေးခဲ့ရတာ...သူ ကျတော့ကော...။
ဘယ်လို ဒုက္ခပေးရမလည်း ပဲ စဉ်းစားနေတာလေ...။
“ဆရာ...ကိုစိုးနိုင်ဖုန်း..”
နေ့လည်စာ စားနေချိန် ဖုန်း၀င်လာတော့ မျိုးဝေ က ဖုန်းယူပြီး လာပို့ပေးသည်.။
“ပြော..စိုးနိုင်..”
“အေး...ငါ့ ဥပဒေ အကြံပေး အထက်တန်းရှေ့နေ ကို မင်းဆီ လွှတ်လိုက်မယ်..”
“ဟမ်..ဘာဖြစ်လို့လည်း..”
ဗီဂါ လက်ထဲက ကိုင်လက်စ ဇွန်းကိုတောင် ချထားလိုက်ရသည်..
ဘာတွေ ဖြစ်ကုန်လို့လည်း..။
“ဟာ..မင်း ပဲ ခြိမ်းခြောက်ခံနေရတယ်ဆို...အဲဒါကြောင့် အဆင်ပြေအောင်လေ...”
“အိုး..မလိုပါဘူးကွာ...”
“မင်းပဲ စိတ်ညစ်နေတယ်ဆို...”
“အခု မညစ်တော့ဘူး..”
“အမျိုးမျိုးကွာ...”
“အဟွင်း..ကျေးဇူးပဲ သူငယ်ချင်း...”
ဗီဂါ ဖုန်းချပြိး မျက်ခုံးပင့်မိခါ ရေခွက်ယူ သောက်လိုက်ရသည်...။
ကြောက်စရာကောင်းတဲ့ သူငယ်ချင်းမျိုး...။
“ဆရာ...အမ်ဘီ ကိစ္စတွေ ပြီးရင် ချိန်းထားတာ မရှိတော့ဘူး..အိမ်ပြန်တော့မလား ဆရာ..”
“အင်း..ဘုန်းမင်းကော..”
“ကုမ္ပဏီမှာ ပြန်ရောက်နေပါပြီ..”
“အိုကေ....ဒီလိုပဲ လုပ်လိုက်မယ်..”
ဗီဂါ တစ်နေ့တည်း ပွဲ နှစ်ပွဲ နဲ့ အလုပ်ကိစ္စ ချိန်းထားတာ တွေ များလို့ အိမ်ပြန်နားချင်နေပြီ..။
အိမ်ရောက်ရင်လည်း နားရပါ့မလား မသေချာပါဘူး...။
ဘယ်လိုတွေ မွှေထားအုံးမလည်း မသိပေမဲ့ စိတ်ထဲက ကြိုထင်နေသည်။
“ဆရာ...ကိုစိုးနိုင် က အစ်မ ကို တရားစွဲမလို့ဆို..”
“ဟေ..”
ဗီဂါ ကားဆိုဖာမှာ မှီရင်းမျက်လုံးစုံမှိတ်ထားရာက ဖျက်ကနဲ့ ပွင့်သွားရသည်..။
“ဟုတ်တယ်...ကျွန်တော့်ကို မေးနေတယ်...ဆရာ့ ကို အိမ်မှာလာပြီး ခြိမ်းခြောက်တာ ဘယ်သူလည်းတဲ့...ကျွန်တော် ကတော့ မရှိပါဘူးလို့ ပြောလိုက်တယ်...သူက မယုံဘူး စုံစမ်းပေးပါတဲ့လေ...တရားစွဲလို့လည်း ရတယ် ပြောတယ်..”
“မင်း ဘာပြောလိုက်သေးလည်း..”
“ကျွန်တော်မပြောပါဘူး..ဒါပေမဲ့ ကိုစိုးနိုင် လုပ်တာ ကောင်းတယ်...အစ်မ က အိမ်ပေါ်တက်ပြီး ခြိမ်းခြောက်နေတာလေ...ဆရာလည်း သူ့ကြောင့် စိတ်ညစ်ရတယ်...ဒုက္ခပဲပေးနေတာ...”
“ငါ လွန်ထားလို့ပါ..”
“ဆရာ လွန်ထားတယ်ဆိုပေမဲ့ သူ့ အတွက်လေဆရာရယ်..ဆရာက ဆိုက်ဘာ အမှုကိုလည်း ဖျက်ပေးတယ်..လျော်ကြေးလည်း ပေးထားတယ်..အိမ်ပေါ်တက်လာတော့လည်း လက်ခံထားတယ်...ဒါကို သူက ချည်း ပြသာနာရှာနေတာ...”
“ဘုန်းမင်း..”
ဗီဂါ့ အသံ မြှင့်သွားတော့ ဘုန်းမင်း လန့်ပြီး ကားကို ပါ အရှိန်လျော့ချပစ်ခါ မရဲတရဲ လှည့်ကြည့်သည်..။
“မင်းပါးစပ် က ဒေါ်သစ်ရွက် မကောင်းကြောင်း ထပ်ထွက်ကြည့် ...”
“မထွက်တော့ပါဘူး..ဆရာ..”
“အေး...စိုးနိုင် ထပ်စုံစမ်းနေရင်လည်း သူပြောတဲ့မိန်းမ နိုင်ငံခြားကို ပြန်သွားပြီလို့ ပြော..ကြားလား..”
“ဟုတ်...ဟုတ်ကဲ့...”
“ကျစ်..”
ရှေ့က မားမားမတ်မတ် ကာကွယ်ပေးနေရတဲ့ အကြောင်းတရားလေးတွေ ထောက်ထားပြီး သိတက်ဖို့ ကောင်းပါတယ်...အခုတော့...။
“ဒေါ်သစ်ရွက်...”
“ရှင်....လာပြီ...”
“ထူးတဲ့ပုံက...”
ဗီဂါ မျက်မှောင်ကြုတ်ပြီး ဆံပင် ပေါ်က ရေတွေကို လက်နဲ့ အရင် သပ်ခါ လိုက်သည်..။
“မောင် ဘယ်မှာလည်း..”
“ရေချိုးခန်းထဲမှာ...တာဝါ ယူပေးအုံး..”
“မယူပေးနိုင်ဘူး..”.
“ဘာ...”
အာခေါင်ခြစ်အော်လိုက်သံကြောင့် သစ် ပါးစပ်ကို လက်နဲ့ အုပ်ခါ ပခုံးတွန့် ရယ်မိသည်..။
“မောင်ကလည်း လွန်တယ်... သူများ က သန်မာတယ်ဆိုပေမဲ့ အီဖယ် တာဝါ တော့ တစ်ယောက်တည်း မနိုင်ဘူး..”
“ဒေါ်သစ်ရွက်...”
“ဟဲဟဲ...စတာ...အခုယူပေးမယ်... သုံးမိနစ်ပဲစောင့်...”
အ၀တ်လဲခန်းထဲက တာဝါ အဖြူ အကြီး ကို ယူပြီး ရေချိုးခန်း တံခါးဝရောက်တော့ ဖွင့်လို့မရ...
တွေ့တဲ့ ခလုတ် အနီလေးကို နှိပ် လိုက်တော့ လည်း တံခါးက ပွင့်မလာ...ဘေးဘက်က အံခွက်ကို လက်ဖိဆွဲလိုက်မှ ပွင့်တော့သည်..။
“ဘယ် ကမ္ဘာ မှာပါလိမ့်..”
“တံခါး ပြန်မပိတ်ရင် ဆူ အုံးမယ်..”
သစ် တံခါး ပြန်ပိတ်ပြီး မှ ရေချိုးခန်း ထဲ လျှောက်၀င်လာရသည်..။
ရေချိုးခန်းသာ ပြောတယ်..ကြွေကန် က သပ်သပ် မှန်ကာထားတဲ့ ရေချိုးခန်းက သပ်သပ် ရယ်...။
ရေချိုးခန်းက ရေမွှေးဆိုင်နဲ့ မှားရအောင် ဘာတွေ ဘယ်လို လောင်းချိုးနေပါလိမ့်...
မှန်ပတ်လည်ကာထားတဲ့ တံခါး ကို ထပ်ခေါက်လိုက်တော့
“အ...ဘယ်သူလည်း..”
“မလေ...မောင်ပဲ တာဝါဆို..”
“ဟမ်...”
တံခါးဟသွားချိန် သစ်လက်ထည့်ပြီး တာဝါ ကမ်းပေးလိုက်တော့ ဆက်ကနဲ့ ဆွဲယူသည်...။
တာဝါ ပတ်ထား လျက်သား အပေါ် ပိုင်း ဗလာကျင်းပြီး ထွက်လာတဲ့ သူ့ကြောင့် သစ် မျက်လုံး ပြူးသွားရသည်..။
“ခင်ဗျား...ဘယ်လို ၀င်လာတာလည်း..”
“တံခါးက ၀င်လာတာလေ..”
“သိတယ်လေ...လော့ခ်ချထားတာ ဘယ်လို ၀င်လာတာလည်း..ကွန်ပျူတာ ပြန်ရသွားပြီလား..”
“ဟာ..မောင်ကလည်း..သူများ အဲလောက် မတုံးပါဘူး..ခလုတ်ဖွင့်ပြီး ၀င်လာတာပါ...”
“ဟမ်...ခလုတ်...ခလုတ်...အရေးပေါ် ခလုတ်ကို ဖွင့်၀င်လာတာလား..”
သူ့ဟာသူ ပြောရင်း တံခါးဆီ ပြေးသွားပြီး ခလုတ်နှိပ်ခါ ပြန်ဖွင့်ဖို့ ကြိုးစားနေသည်..။
“ဟာ...ခင်ဗျား တော်တော် မွှေတာပဲ....တောက်...”
တံခါးကို ဖွင့်လို့ မရတဲ့ အဆုံး လက်နဲ့ ပိတ်ထု ပြီး သစ် ကို အပြစ်တင်နေတော့ သစ် ခါးထောက်လိုက်သည်..။
“သူများက ဘာမွှေလို့လည်း..မောင်ပဲ တာဝါ တောင်းတာလေ...”
“တောင်းတာ...၀င်လာခိုင်းလား...”
“မသိဘူးလေ...တာ၀န်ကျေအောင် လက်ထဲ သေချာ လာထည့်ပေးတာ...နေပါအုံး ဒီ တံခါးက အစုတ်ကြီးလား..”
“ဘာ...”
“သဌေးဆိုတာကလည်း ပိုင်တာ နည်းနည်း ကြွားတာ များများ..တံခါးတွေကလည်း စုတ်နေပြီ..”
“ဒေါ်သစ်ရွက်...ခင်ဗျား.. ဘာစကားပြောတာလည်း..”
“မောင်က အ၀တ်အစားဆိုလည်း အလုပ်သမားတွေ စျေးသ်ိအောင် ကြွား နေတာမဟုတ်လား..ကားဆိုလည်း ဒီလိုပဲ...”
“ဟ...ကြွားစရာ မလိုဘူး..ကျွန်တော့် ပတ်၀န်းကျင်မှာ ဘာကောင်လည်း အကုန်သိတယ်..မသိတာ..ခင်ဗျား..ခင်ဗျားကြီး...”
“ဒါကတော့ သူများ သိထားတာကလည်း ဘုန်းမင်း ဆိုတဲ့ ပေစုတ်စုတ် နဲ့ အလုပ်သမား ကာရိုက်တာကိုး...”
“ခင်ဗျားနော်.. ခင်ဗျား..ပါးစပ်ပိတ်...”
သစ် လက်ညိုးထိုးရန်တွေ့နေတဲ့ ကိုယ်ဗလာ နဲ့ သူ့ကို ကြည့်ပြီး ရယ်ချင်လာရသည်..။
ကြွက်သားအဖုအထစ် နည်းနည်းနဲ့ ယောင်္ကျား ပီသတဲ့ အရပ် ခန္ဓာကိုယ် ရှိထားပေမဲ့ လက်ညိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့နေတာ..တကယ့် မိန်းမ အသက်ကြီးကြီးကိုပဲ မြင်ယောင်နေသည်..။
“ခြီး..”
“ခင်ဗျား ဘာရယ်တာလည်း..”
“ဟား...ဟား..”
သစ် သူ့ကို လက်ညိုးထိုးပြီး ရယ်တော့ မျက်မှောင် ကြီးကြုတ်ပြီး ဆိုက်ကြည့်နေတာ ပိုရယ်ချင်စရာ...။
“ဟား..ဟား..ဟား...”
“ခင်ဗျား... မိန်းကလေးဖြစ်ပြီး...ဟိုဘက်လှည့်နေ....”
“ဟား..ဟား..ရှက်နေတာလား...ရယ်စရာကောင်းတာကို မောင်ရဲ့...တံခါးဖွင့်ပါအုံး... မရတော့ဘူးလား..”
“မရဘူး..အပြင်က ဖွင့်မှ ရတော့မယ်..နေအုံး.”
ဗီဂါ ကျောမလုံမလဲဖြင့် မှန်ဘောင်ဘေး စကားပြောစက် ခလုတ်ကို နှိပ်ပြီး...မျက်နှာ အနားကို တိုးကပ်ခါ
“ဘုန်းမင်း..ရေချိုးခန်း တံခါး ဖွင့်ပေးစမ်း...ဘုန်းမင်း...”
“မရှိဘူးလေ...အိမ်မှာ ဘယ်သူ မှ မရှိဘူး..မောင် ပဲ အကုန်ပြန်လွှတ်ပြီး..”
သစ် စကား ကြောင့် စိတ်ပျက်သလို မျက်နှာ ရှုံ့မဲ့ခါ မျက်မှောင်တွန့်ကြီင်္း နဲ့ ကြည့်နေပြန်ပြီ.။
“နေအုံး...နောက်ခြံထဲမှာ ဦးလေးအုံး ရှိတယ်မလား...မ ဆင်းသွားလိုက်မယ်...”
ရေချိုးခန်း တံခါး ပေါက်ကို လွှားခနဲ့ ခုန်တက်ပြီး လက်ထောက်ခါ ကျော်ဆင်းဖို့ လုပ်နေလို့ ဗီဂါ ပျာပျာသလဲ လက်ကို ဆွဲထားရသည်..။
“မဆင်းနဲ့ ပြုတ်ကျတော့ ဘယ်လို လုပ်မလည်း...”
“မဟုတ်ရင် ဒီမှာ အိပ်ရမှာနော်...”
“မတက်နိုင်ဘူး..ခင်ဗျားလေ...တော်တော်... ဒုက္ခပေးတာ သိလား..ခင်ဗျား ကို စိုးနိုင် လက်ကို အပ်သင့်တာ...ဟုတ်တယ်...ဆုံးဖြတ်ချက်ပြောင်းလိုက်ပြီ...မနက်ဖြန် ခင်ဗျား နဲ့ တွေ့မယ်..”
“ဒီည မတွေ့တော့ မောင် က ဘယ်မှာ သွားအိပ်မလို့လည်း..ဟိုဘက် အခန်းက အနံ့အသက်မကောင်းတဲ့ အခန်းနော်...အဲ့မှာ အိပ်မို့လား..”
“ဒေါ်သစ်ရွက်.....”
“ဟဲ..ဟဲ...ပျင်းနေမှာစိုးလို့ပါ....နေအုံး ဟိုမှာ ဗလကြီး မလား..ခေါ်...ခေါ်...”
“ဗလကြီး....ဗလကြီး....အော်လေ..မောင်ရဲ့...”
“မအော်ချင်ပါဘူး..ရှက်စရာကြီး..”
ဟုတ်တယ်...သူ့ ဒေါသထွက်ရင် ထွက်လာတဲ့ အသံဗြဲကျတော့ မရှက်ဘူးလား... တကယ့်လူထူး..
“ခေါ်...သွားတော့မယ်..”
“ခင်ဗျားက အော်နိုင်တယ် မလား..ခေါ်...”
“ဗလကြီး....ဟာ..ဒီသေနာကြီးကလည်း... ဒီလောက်ခေါ်နေတာ သောက်နား ကန်းနေတယ်...မသာကြီး..”
“ဟ...ခင်ဗျား..ဆဲ ပြန်ပြီ..ခင်ဗျား ကို ဒီ အိမ်မှာနေရင် အဆင့်အတန်း ရှိရှိနေဖို့ ပြောထားတယ်လေ...”
“အဟဲ..စိတ်တို သွားလို့ပါ...ကဲဟာ...”
မှန်ဘုံးထဲမှာ ရေချိုးရင် သုံးဖို့ ၀ယ်ထားတဲ့ သစ်ခွ ဆီ ပုလင်းကို ယူပြီး လွဲပစ်ပေါက်လိုက်တာ ဗီဂါ ရင်ထဲ အေးကနဲ့ ဖြစ်သွားသည်..။
“လွဲသွားတယ်...”
“ဟ...နေ...နေပါအုံး..မထိပဲနဲ့ ပစ်မနေနဲ့...”
“အဟား..မောင်က သမျောနေတာလား...မောင်က သဌေးပါ ပြန်၀ယ်လို့ရတယ်...ကဲဟာ...”
ပျားရည်နဲ့ နို့ ပေါင်းထားတဲ့ ရေချိုး ဆပ်ပြာ ဖန်ပုလင်း တစ်ခု လွင့်ပျံ သွားပြန်ပြီ...။
“လွဲပြန်ပြီ...”
“ကဲ..”
“နိုး....”
“ဟင်...”
“အဲဒါ ...အဲဒါ ပြန်ချလိုက်...Tulip ပန်းအဆီ တွေ ပြန်ချလိုက်...ရော့ ဒါနဲ့ ပစ်..”
ဗီဂါ ဘေးက ရေချိုး ဆပ်ပြာရည် ဘူးကို လှမ်းပေးလိုက်တော့ ပုလင်းကို ဒေါင်ကနဲ့မြည်အောင်ပြန်ချပြီး လွဲပစ်လိုက်သည်..။
“ဟယ်..ထိသွားပြီ...လာအုံး..ဗလကြီး...လာအုံး..ဟယ်...မယုံဘူးနဲ့တူတယ်...မောင် လာလေ...”
ဗီဂါ့ လက်ကို ဆောင့်ဆွဲပြီး မှန်တံခါး အ၀ကို ရောက်အောင်ခေါ်တော့ ဗလကြီးကို လက်ပြ ခေါ်လိုက်ရသည်..။
“ဟူး..တော်ပါသေးရဲ့..သူများကြောင့် မဟုတ်ရင် ဒီည ဒီမှာ အိပ်ရမှာ သိလား..”
“တော်တယ်...တော်တယ်...ကျွန်တော့်ရဲ့ ရေမွှေးဆီ တွေ ကုန်ပြီ...ခင်ဗျားကြောင့် ဒီထဲ ပိတ်မိတာ...ခင်ဗျားနော်..ဒုက္ခပေးတာ များနေပြီ...”
“ဆရာ....”
“အေး...အနီခလုတ်နှိပ်လိုက်..”
“ဟုတ်ကဲ့...”
ဗလကြီး က ပျာပျာသလဲ ဖြစ်နေပေမဲ့ ဗီဂါ လက်ပြပြီး ပြန်ခိုင်းလိုက်ရသည်..။
ရှက်ဖို့ကောင်းလိုက်တာကွာ....။
“မောင်...အ၀တ်တွေ..”
“ရပြီ...ခင်ဗျား လုပ်စရာ ရှိတာသွားလုပ်..”
“ဟုတ်ကဲ့ပါရှင့်....”
လူကို ရွဲ့သလို စောင်းသလို ပြန်ဖြေရင်း ဘာတွေ ကျိန်ဆဲပြီး ထွက်သွားလည်း မသိ ဗီဂါ ကျောရိုး တစ်လျှောက်အေး ကနဲ့ ဖြစ်သွားရသည်..။
ခေါင်းက ရေတွေကို တာဝါ နဲ့ အကြမ်းပတမ်းဖိသုတ်ရင်း စိတ်ထဲ ဖြစ်ပေါ်လာတာ...
မနက်ဖြန်တွေ့မယ်....ဒီလောက် ဒုက္ခပေးချင်တာ...။
ဘုန်းမင်းလည်း..မှန်တယ်...
စိုးနိုင်လည်း..တော်တယ်...
ဗီဂါ တစ်ကောင်တည်း ရူးနေတာ... စောင့်ကြည့်နေလိုက်...
ခင်ဗျား ကိုလုံး၀ မသနားတော့ဘူး..တရားစွဲပြီး ထောင်ချပစ်မယ်...ဒေါ်သစ်ရွက်...။
ဗီဂါ အတွေး တစ်ခု ကြောင့် စိတ်လိုလက်ရ ပြုံးလိုက်မိ သည်..။☆✼★━━━━━━━━━━━━★✼☆。
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

ESTÁS LEYENDO
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...