Part 21

3.7K 176 4
                                    

1543
အပိုင်း (၂၁)
#1543

“ဆရာ နေ့လည်စာ စားဖို့ စီစဉ်ပြီးပါပြီ...”
မန်နေဂျာ လည်း ရှိနေတော့ သူ တောင်းဆိုထားတဲ့ အတိုင်း ဆရာသာ ခေါ်ပေးရသည်..။
“ကိုစိုးထွန်း စားပြီးပြီလား..”
“ဟုတ်ကဲ့ ပြီးပါပြီ ဆရာ..ဆရာ စားဖို့ နောက်ကျနေပြီ ..စားလိုက်ပါအုံး..”
မန်နေဂျာက ဖိုင်တွေ ယူပြီး ထွက်သွားတော့မှ သစ် ခုံနေရာကနေ ထပြီး သူ့စားပွဲ အကြီးဆီ သွားခွင့်ရသည်..။
“Rofttop မှာ ပြင်ဆင်ထားတယ်...မောင် ခိုင်းစရာ ရှိသေးလား..”
မန်နေဂျာ ထားခဲ့တဲ့ ဖိုင်စာရွက်တွေကို လှန်ကြည့်နေရင်း ခေါင်းရမ်းပြတော့ သစ် ခေါင်းညိတ်ပြီး..
“ ဒါဆို မ လည်း ထမင်းသွားစား လိုက်အုံးမယ်နော်...”
“မစားနဲ့ အုံး..”
ဒုက္ခပေးဖို့ဆို တစ်ခုပြီး တစ်ခု စဉ်းစားထားနိုင်တာ တကယ် အံသြစရာ..
ဒီလောက် အလုပ်တွေများနေတဲ့ ကြားထဲက သစ် ကို တာ၀န်တစ်ခု လို ပြသာနာလည်းရှာသေးသည်..။
ဆိုဖာ ခုံ မှာ ၀င်ထိုင်ပြီး  ညနေ အချိန်ဇယားတွေ ကို ပြန်ကြည့်နေရင်း ဗိုက်က အော်သံမြည်နေပြီ..။
နေကောင်းခါစကတော့ သူနဲ့ နေ့လည်စာ နှစ်ရက်စားလိုက်ရသည်..။
မနက်မုန့်ကိုလည်း မစားချင်ပါဘူးပြောလို့ မရပဲ မနက်စားမစားတာ မကောင်းတဲ့ အကျင့်လို့ ပြောပြီး အတင်း စားခိုင်းသည်..။
အခုကျတော့ ဗိုက်ဆာနေချိန် သူများ ကို ဒုက္ခပေးထားပြန်သည်..။
ဘယ်လို ကောင်စုတ်လေးမှန်း မသိဘူး..။
“ကျိန်မနေနဲ့ ထသွားမယ်...”
“ဟင်..”
ဘေးနေရာ က အသံထွက်လာတော့ မော့ကြည့်မိတာ အပေါ်ထပ် ဂျာကင် တောင် ၀တ်ထားပြီ..
ဘယ်တုန်းက ဒီကို ရောက်လာပါလိမ့်...။
“ဘယ်ကိုလည်း မောင်..”
“စစ်ဆေးစရာ ရှိလို့...”
ဘာတွေ စစ်ဆေးအုံးမလည်း ...သူ ကိုယ်တိုင် စစ်ဆေးရင် ၀န်ထမ်းတွေ အလုပ်ပျက်တာ မသိဘူးလား..။
သစ် ထိုင်စဉ်းစားနေတုန်း ရှိသေး..ဒင်းက တံခါးဖွင့်ပြီး ထွက်သွားပြီ..။
Tab နဲ့ သူ့ဖုန်း သစ်ဖုန်း ကို စုကိုင်ပြိး နောက်ကနေ ပြေးလိုက်ရပြန်၏..။
“ထိုင်...”
ထမင်းသွားစားမယ်ပြောရင် သူများ စိတ်သက်သာမှာ စိုးလို့ စစ်ဆေးစရာ ရှိလို့တဲ့...
သစ် ခုံဆွဲ ထိုင်လိုက်ပြီး လုပ်နေကျ အတိုင်း သူ့ အတွက် လီမွန် ဖျော်ရည်ထဲ ရေခဲ နှစ်တုံး ညှပ်နဲ့ ယူပြီး ထည့်ပေးလိုက်ရသည်..။
“ပင်လယ်စာလား..”
သူ့ အမေးကို သစ် ခေါင်းညိတ်ပြီး ပန်းကန်တွေ ရှေ့တိုးပေးရင်း...
“...ဒါက မီနူး အသစ်...ဟိုဘက် က chilli Chicken အဲဒါလည်း အသစ်ပဲ..”
ပန်းကန်ထဲ ပုစွန်ခပ်ထည့်ပြီး တစ်ဇွန်းခပ်စားရင်း အရသာ ခံနေတာ မပြီးနိုင်..။
သစ် မှာ စားရမလိုလို မစားရမလိုလို နဲ့ သူ့ စားလေ ပြောလာမဲ့ အချိန် ကို စောင့်နေရတာ စိတ်မရှည်ချင်..။
“စားပြီ..”
သစ် ရှေ့က ထမင်း ပန်းကန်ထဲ ကြက်သားတုံးလေး တစ်ဖက် ခပ်ထည့်ပြီး ထမင်း များများ ဇွန်းခပ် ခါ စားဖို့ ရွယ်လိုက်တော့..
“မစားနဲ့ ပြန်ချ...”
“ဟမ်...”
“ခင်ဗျား ကို စားပါလို့ ပြောလို့လား..”
“ဗိုက်ဆာနေပြီ မောင်ရဲ့..သူများ  နေမကောင်းဖြစ်ထားတာ..မောင် က လေ တကယ်လွန်တယ်..”
သစ် ပြောပြီး လက်ထဲ က ဇွန်းကို ပြန်မြှောက်ြ့ပီး စားဖို့ လုပ်တော့ ဆိုက်ကြည့်နေတာ နဲ့ ဇွန်း ကို ပြန်ချ ထားလိုက်ရသည်..။
“ဒါ စား...”
“ဟူး...အေးပေါ့လေ...ကျွေးတာစား ထားသလိုနေ ပေါ့...”
ဗီဂါ့ရှေ့က  Tortilla Soup ပန်းကန်ကို ရှေ့တိုးပေးလိုက်တော့ နှာခေါင်းရှုံ နှုတ်ခမ်းရွဲ့ ပြီး ပြောနေပုံက ကိုယ်ကပဲ နိုင်စားနေသလိုလို...။
နေမကောင်းဖြစ်ထားတာတောင် ရဲရဲတောက် နေတဲ့ ဟင်းကို အရင်ကိုင်နေတာ ကိုယ့် အကြောင်း ကိုယ် မသိလို့ ဒီကောင်က အမုန်းခံပြီး ၀င်ပြောနေရတာ မသိဘူး..။
“ဝြပီ..”
ပန်းကန်ထဲက သုံးဇွန်းလောက် ခပ်စားပြီး တာနဲ့ ဇွန်းချပြီး ခေါင်းစောင်းပြောတော့ ဗီဂါ ရယ်ချင်သွားရသည်..။
မစားချင်တာ စားရလို့ ဖြစ်နေတဲ့ မျက်နှာက ကလေးတစ်ယောက်လိုပင်..။
“ဒါ မဆိုးဘူး..”
ဗီဂါ ပုစွန် ခပ်ပြီး သူ့ ပန်းကန်ထဲ ထည့်ပေးလိုက်တော့ ဇွန်းကို လက်နဲ့ ဆုပ်ပြီး ပြန်ကိုင်ပြန်ပြီ..။
“ဇွန်းနဲ့ ခရင်းကို အဲလို  မကိုင်ဖို့ ပြောတယ်လေ...”
သစ် လက်ထဲက ဇွန်း ခရင်း ကို မိုးပေါ် ထောင်ကိုင်ထားတာလည်း သူ့ အလုပ်...။
“ဓား ကိုလည်း လက်ငါးချောင်းစလုံး နဲ့ ဆုပ်မကိုင်ရဘူး...ခင်ဗျားက အစားစားမှာလား လူသတ်မှာလား..ခက်ရင်း ကို မိုးပေါ် ထောင်ကိုင်တာ အန္တရယ်ရှိတဲ့ အပြုအမူ....ဒီပုံစံကို ယဉ်ကျေးမှု မရှိတဲ့ သူတွေလုပ်တာလေ..”
သူပြောလိုက်တဲ့ ယဉ်ကျေးမှု အကြောင်းတရားကြောင့် သစ် ဇွန်းကို ကိုင်ထားတဲ့ လက်သီးဆုပ်ကို ဖြည်လိုက်ရသည်..။
“မဟုတ်ဘူး...ဒီလို...”
သူလက်ကို သေချာ လုပ်ပြခါ သစ်လက်ကို လည်း ကိုင်ပြီး နေရာချပေးပြန်သည်...။
ဆရာ လုပ်ချင်တဲ့ စိတ်က ခပ်များများရယ်...။
“လက်ညိုး နဲ့ လက်မ ပဲ သုံး...ဘောပင် ကိုင်သလိုမျိုးလေ..”
“ဒီလို ..”
“ဟုတ်တယ်..”
သစ် လက်ကို ကြည့် ပြီး အပြုံး နဲ့ အတူ ခေါင်းညိတ်အမှတ်ပေးနေတာ....မသိရင် သူ့ရဲ့ အောင်မြင်မှု ကျနေရောပဲလေ....။
“အိုး..ညကျရင် လက်ထောက် မန်နေဂျာ က သူ့ မွေးနေ့ ဖိတ်ထားတယ်..”
“မအားဘူး..”
“မောင့် ကို မဖိတ်ပါဘူး..မ ကိုပဲ ဖိတ်ထားတာ...”
ဗီဂါ ပြောပြီးခါမှ ပြင်မရတော့ပဲ အောင့်သပ်သပ်ဖြင့် ခံလိုက်ရသည်..။
“ခင်ဗျား လည်း သွားလို့မရဘူး..”
“ဟင်..ဘာဖြစ်လို့လည်း..”
“မိုးချူပ်မှ  အဝေးကြီး ပြန်ထွက်ရမှာ..”
“ရတယ်...ကျော်နိုင့်ကို လိုက်ပို့ခိုင်းလိုက်မယ် လေ...”
ဒီ ကျော်နိုင် နဲ့ ဘာလို့ အပေးအယူ တည့်နေတာလည်း မသိဘူး...
အလုပ်ချိန် တစ်နေရာလေး ခိုင်းလိုက်လည်း ကျော်နိုင် ဘယ်မှာလည်း ဆိုတာက အရင်လာသည်။
ဗီဂါ ဘာမှ ထပ်မပြောတော့ပဲ ရှေ့က  ပန်းကန်ကို ပဲ စိတ်ရှိတိုင်း မွှေနေလိုက်သည်..။
“မောင် ဒါ က အချိုပွဲ အသစ် .”
“လီမွန် ပူတင်းလေ..မောင် ကြိုက်တဲ့ နှစ်မျိုး စလုံး ပါတယ်နော်..”
ဗီဂါ ခေါင်းညိတ်ပြီး သူ့ရှေ့တိုးပေးတဲ့ ပန်းကန် ကို ဆွဲယူပြီး ခက်ရင်းသေးလေးနဲ့ ခပ်စားလိုက်ရသည်..။
“မောင်..”
“အင်း..”
“အချိုပွဲကို ပူတင်းမုန့် တွေပဲ ကြိုက်တာနော်..ဘာလို့ ထန်းလျှက်ခဲ ကြိုက်ပါတယ် ဆိုပြီး စားပြတာလည်း..”
အရင်အချိန်တွေ အကြောင်း ပြန်မေးနေတာမို့ ဗီဂါ အကြည့်မရွေ့ပဲ ပန်းကန် ကို သာ ဆိုက်ကြည့်ရင်း
“ကြီးကြီး က သူကျွေးတာကို ကြိုက်တယ်ဆိုပြီး စားရင် ပျော်နေတာလေ...”
“သြော်....အင်း....ကျေးဇူးပဲ..”
ကြီးကြီး ကြောင့်လည်း သူ့ အကြိုက်တွေ ကို ခဏ ပြောင်းပေးခဲ့သေးတာပဲ...မကြာလှတဲ့ အချိန် သုံးလ အတွင်းမှာ သူဟာ သစ် တို့ အိမ်ရဲ့ အလိုအပ်ဆုံး ဘုန်းမင်း ဖြစ်ခဲ့ပါသေးသည်..။
“အဲဒါ အစပ်တွေနော်...”
သစ် ကြက်သား ပန်းကန်ဆီ လက်လှမ်းတော့ သူ က သတိပေးသလိုပြောလာသည်..။
အစပ်တွေ စားမှာစိုးလို့ တားခဲ့တာလား...။
သစ် ပြုံးလိုက်ပြီး ဇွန်းကို လက်ရုတ်လိုက်ခါ အာလူးသုတ်တုံးလေးတွေပဲ ထည့်စားလိုက်သည်..။
“အဟက်..ဟီး..ဟီ...”
“ဘာဖြစ်တာလည်း..”
ထမင်းစားနေရင်း ခေါင်းကြီးကို ငုံ့ပြီး ရယ်နေတော့ ှဗီဂါ မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်..။
“ဟင့်အင်း.”
“ကျစ်.... ရူးကြောင်ကြောင်တွေ လုပ်ပြန်ပြီ....”
“ရူးတာ မဟုတ်ဘူး မောင်ရဲ့...မောင် အခုတလော  မ ကို သိပ်မအော်တော့ဘူးနော် ဟိ...မောင့် အတွက် မ လိုနေမှန်း သိသွားပြီမလား..”
“ဟား...ခင်ဗျား..ကို လိုမယ်..အကုန်တလွဲ လုပ်နေတဲ့ ၀န်ထမ်း ကို ဘာလို့ လိုအပ်ရမှာလည်း..”
“ဘာပဲ ဖြစ်ဖြစ် မောင် အရင်လို မဟုတ်တော့ဘူး....မ ရောက်စ တုန်းက ဟို ဟာ ၇ိုက်ခွဲ ဒီဟာ ပေါက်ခွဲ နဲ့ ရုပ်ကြီးကလည်း ကြောက်စရာကြီး..”
“ခင်ဗျား ကျွန်တော့် ကို ခြိမ်း ခြောက်တာကို ကျွန်တေ်ာ က ပြုံးပြနေရမှာလား..ခြိမ်းခြောက် ခံရတာ ကို ကျွန်တော် အမုန်းဆုံးပဲ အဲဒါကြောင့် အားနည်းချက် မရှိအောင် အမြဲ နေခဲ့တာ...ကျစ်...”
“သြော်..သိပြီ.. မ ဆီက ဗီဒီယိုဖိုင် တွေကို သိမ်းလိုက်တော့ မောင့် ကို ခ်ြမ်းခြောက်စရာ မရှိတော့ဘူး အဲဒါကြောင့် မ သေလောက်အောင် ကြိုးစားပြီး အလုပ်လုပ်ပေးနေတာ ကို နည်းနည်းလေး အသိအမှတ်ပြုလာတာပေါ့လေ..”
“ဟုတ်တယ်...ခင်ဗျား အိမ်မှာ ကျွန်တော် ဘယ်လို နေခဲ့ရလည်း မှတ်မိလား..”
‘အိုး..ဒါကတော့ မောင် ရေလိုချင်လို့ ရေတွင်းတူးခဲ့တာပါ...”
“စကားများမနေနဲ့ နေ့လည်ချိန်းထားတာ နှစ်ခုတောင် ရှိတယ်မလား..ချောင်းသာ ဟိုတယ် ကိစ္စ အစည်းအဝေးလည်း ရှိသေးတယ်..မေးလ်လည်း စစ်ရမယ်...သြော်.မေးလ်ဆိုမှ ပြင်သစ် က မေးလ် တစ်စောင် ခင်ဗျားဆီ ၀င်လား..”
“မသိဘူးလေ...”
“တော်လိုက်တာ...ဒါနဲ့များ ဘက်စုံထူးချွန်ဆု လိုချင်သေးတယ်..”
“မပေးချင်လည်း မယူပါဘူး..”
သစ် ရှေ့က ဖုန်းကို ကောက်ယူပြီး ကျော်နိုင် ကို ကားစီစဉ်ခိုင်းထားလိုက်ရသည်..။
“လှလိုက်တာ..”
ထီးအကြီး အောက်မှာ ထိုင်နေရင်း  ကြည့်လိုက်တော့ နေ့ခင်းဘက် နေပူပေမဲ့ လေတွေကလည်း အတားအဆီးမဲ့ စွာ တိုက်နေပုံက ကမ်းခြေ ရောက်နေသလိုပါပဲ..။
“အိုး..မ ကလော ဟိုတယ်မှာ လည်း လုပ်ဖူးတယ်..”
ဗီဂါ သိပြီး သားကိစ္စပေမဲ့ စကားမပြန်ပဲ ရေခွက်ကောက်ပြီး သောက်လိုက်သည်..။
“အဲဒီ့ ဟိုတယ်က ဆက်ဆံရေးညံတယ်..စားသောက်ခန်းမ ကို စီမံခန့်ခွဲမှု ညံ့တော့ အပြင်အဆင်က တော်တော်လေး ရွဲနေပြီ..ဟိုတယ်ကြီး က အပြင်က ကြည့်ရင်သာ ခမ်းနားနေတာ အတွင်းရဲ့ နေရာတိုင်းမှာ လိုအပ်တာတွေချည်းပဲ..”
“ခင်ဗျား စီမံပြီး နေရာချလိုက်ပေါ့ ဘာလို့ ကျွန်တော့် ကို လာပြောနေတာလည်း..”
“ဟင်..မ က..”
“အခု အတွင်းရေးမှူး ဖြစ်နေပြီ မဟုတ်ဘူးလား..လိုအပ်တာ ပြင်ဆင်ပြီး အစီရင်ခံစာ တင်လေ..”
“ဟုတ်ကဲ့ ဆရာ..”
သစ် အပြုံးနဲ့ အတူ ခေါင်းညိတ်ပြီး ခုံပေါ်က ပစ္စည်းတွေ ယူရင်း ထလိုက်ချိ်န်..
“အ... သေပါပြီ...”
အရပ်ရှည်ရတဲ့ ကြားထဲ ဒေါက်ဖိနပ်စီးထားတော့ ခေါင်းနဲ့ ထီး တိုက်မိပြီး ခေါင်းနာ သွားရသည်..။
“မ လွဲလွဲ ဒီလို ထွက်..”
သူက ခေါင်းငုံပြီး ထီးအောက်ကထွက်ပြခါ သစ် ကို ထားခဲ့တော့ နာတာကို ဂရု မစိုက်ပဲ ပြေးလိုက်ရပြန်သည်..။
.
“မျိုးဝေ...”
“ဟုတ်ကဲ့ ဆရာ..”
“မေးလ် ကိစ္စ သိပြီလား”
မျိုးဝေ က ကားမောင်း နေရင်းက ခေါင်းညိတ် အဖြေပေးသည်။
“သူတို့ ဘက်က ပို့လိုက်တာ သေချာပါတယ်တဲ့...”
“ဟမ် ဒီ စာချူပ်ကိစ္စ အရေးကြီးလို့ ငါ နေ့တိုင်း မေးလ် စစ်နေတာပါ”
“သူတို့ဘက်ကို ပြန်စာ နောက်ကျလို့ စစ်ဆေးရေး ပိုလုပ်နေတယ် ဆရာ..”
“ဟုတ်တာပေါ့ ဖြစ်သင့်ပါတယ်..ဒါ..တို့ရဲ့ ပေါ့ဆမှုပဲ..သူတို့ ပြောတဲ့ အတိုင်း လုပ်ပေးလိုက်ပါ...”
“ဟုတ်ကဲ့..”
ဗီဂါ ကား အပြင်ဘက်ကို ငေးနေရင်း ဖြစ်နိုင်တာတွေ တွေးမိသည်။
အခုတလော ညပိုင်း မေးလ်နေ့တိုင်းစစ်ပါတယ်..
ဘယ်လိုဖြစ်ပြီး ကျန်ခဲ့တာလည်း....
အရာရာကို ကိုယ်ဘက်က သေချာနေအောင် အမြဲ ကြိုတင် ပြင်ဆင်ထားတက်လို့ အခုလို ဖြစ်ရတာ ခံပြင်းမိသည်။
“မျိုးဝေ..”
“ဗျာ...”
“ငါ့ ကိုယ်ငါတော့ သိပ်မကျေနပ်ဘူး..အပြစ်လုပ် ထားသလိုကြီးဖြစ်နေတယ်....နိုင်မင်းဆီမှာ မေးလ် ပြန်စစ်ခိုင်းလိုက်..မှားဖျက်မိတဲ့အထဲ ပါသွားလားမသိဘူး..”
“ဟုတ်ကဲ့..ကျွန်တော် ခိုင်းလိုက်ပါမယ်..”
ကားက ခြံဝင်းကျယ်တွေ ရှေ့ပိုင်း ရောက်လာပြီမို့ ကြယ်သီး တစ်လုံး ပြန်တပ်လိုက်သည်။
ဖိနပ်ကို တစ်ချက်ငုံ့ကြည့်ပြီး လက်ကြယ်သီး ကိုနေရာချလိုက်ရသည်။
ကားပေါ်ကဆင်းလိုက်တာနဲ့ ခြံရှေ့မှာ ဧည့်ကြို ကောင်မလေးက လက်ဆန့်တန်းကြိုဆိုသည်။
“ဟလို...မစ္စတာဗီဂါ..”
“ဟလို..မစ္စ မော်ဂန်”
“အလုပ်များတဲ့ကြားက အချိန်ပေးပြီး
ပန်းချီပြပွဲ တက်ရောက်ပေးလို့ ကျေးဇူးတင်ပါတယ်..”
“ဟုတ်ကဲ့ ကျွန်တော်လည်း portrait paint တွေကို ကြိုက်လို့ပါ..”
“အိုး..ဟုတ်လား...ဝေဖန်ပေးပါအုံး..”
မျိုးဝေ ပြောထားတဲ့ ကလေးမလေး ရေအိုး ရွက်ထားတဲ့ ပုံကို ကြာကြာ ကြည့်နေလိုက်တော့..
“What you think”
“ကလေး မျက်လုံးကို ကြိုက်တယ်”
“အိုး...ဟုတ်တယ်..အိုင်လည်း..ဒီအပိုင်းကိုပဲ ကြိုက်တယ်..မျက်နှာ တစ်ခုလုံးပြုံးနေပေမဲ့ ဘယ်ဘက်မှာ မျက်ရည်စတွေက တွေးစရာများသွားတယ်..”
“ဟုတ်တယ်..”
ပန်းချီကို ချစ်မြတ်နိုးသည့် လုပ်ငန်းရှင် အမျိုးသမီး မော်ဂန်နဲ့ အတော်လေး စကားလက်ဆုံကျသွားပြီး အလုပ်ကိစ္စ ပါ တစ်ခါတည်း
အတွင်းရေးမှူးနဲ့ ပြောဖို့ လွဲပေးခဲ့သည်။
“Execuse me...”
“ဟမ်..”
မစ္စမော်ဂန် ရဲ့ အတွင်းရေမှူးနဲ့ စကားပြောနေတုန်း ဘေးကနေ လာပြောတော့ ကြောင်သွားရသည်...။
မျက်နှာကို ကြည့်လိုက်တော့ မကြည်မသာနဲ့ မှုန်ကြုတ်နေတာ ဘာ ပြသာနာလည်း..။
“just a minute”
“OK..”
ဖျော်ရည် တစ်ခွက် ကိုင်ပြီး သူ့နောက်လိုက်သွားတော့ လူရှင်းလောက်တဲ့ နေရာမှာ ရပ်သည်..။
“ဘာဖြစ်လို့လည်း ဒေါ်သစ်ရွက်..”
“မောင် တို့ စကားပြောနေတာ ကြာလှပြီ..”
“ဟမ်...ဘာဖြစ်လို့လည်း..”
“ဟာ..ဒီ မိန်းမ က အလကားနေရင်း ပါးချိုင့် ပေါ်အောင် ဖျစ်ညစ် ပြုံးပြနေတာ သူ့ ကြည့်ရတာ မောင် ကို အလုပ်သဘော အရ ထက် ပိုနေတယ်..”
“ကျစ်...ခင်ဗျား လာရင်း ကိစ္စ ပဲ ပြောလေ...ဘာလို့ လာခေါ် တာလည်း..”
“မရှိဘူး အဲ့ မိန်းမ ကို အမြင်ကပ်လို့...”
“အလုပ့် အကြောင်း ပြောနေတာလေ...”
ဗီဂါ တစ်ခွန်းထပ် ပိုပြီး မရှင်းပြချင်တော့လို့ ကျောခိုင်းပြီး ထွက်လာခဲ့လိုက်တာ နောက်က ကပ် ပါလာပြန်ပြီ..။
“ခင်ဗျား ဘာလ ို့ လိုက်ကပ်နေတာလည်း “
“စိတ်မချလို့..”
ခေါင်းမော့ပြီး ပြောတော့ ဗီဂါ ပြန်ပြောစရာ စကားလုံး ပျောက်သွားပေမဲ့ နှုတ်ခမ်းမှာ အပြုံး တစ်ခု ပြောင်းသွားရသည်..။
ဒါ သ၀န်တိုခြင်း တစ်မျိုးလား...။
.
“မောင် အိမ် မပြန်သေးဘူးမလား..”
ညနေ လေးနာရီကို အိမ်ပြန်ဖို့ လာပြောနေတော့ ဗီဂါ ကွန်ပျူတာဆီက အကြည့်ရွေ့ပြီး မျက်လုံး လှန်ကြည့်လိုက်သည်..။
“မ ပြန်တော့မယ်...မွေးနေ့ အတွက် အကျီ င်္ တစ်ထည်လောက် သွား၀ယ်မလို့...”
မွေးနေ့သွားဖို့ သူ့မှာ အသည်းအသန် ဖြစ်နေတာပဲ...ဗီဂါ အကြံ တစ်ခုနဲ့ ပြုံးပြီး...။
“အကျီ င်္ ဘယ်အချိန် ၀ယ်၀ယ် ပေါ့...အခုလောလော ဆယ်...၂ လပိုင်းက ငွေဆောင် ဟိုတယ် ဖိုင်ကို လိုနေတယ်..ရှာလာခဲ့..”
“ဟမ်..အခုလား..”
ဗီဂါ..ခေါင်းညိတ်ပြီး ကွန်ပျူတာ ဆီ အကြည့်ပြန်ပို့ထားလိုက်ပေမဲ့ ဖိနပ်သံ လိုအပ်တာထက် ပိုပြင်းနေတာ သတိထားမိပြီး ရယ်လိုက်မိသည်..။
“တီ..တီ...”
“ပြော..မျိုးဝေ..”
“နိုင်မင်း စစ်ပြီးပါပြီ ဆရာ.”
ဗီဂါ ကြည့်လက်စ ကွန်ပျူတာ ကို အကြည့်ရပ်ခါ..
“ဘာပြောလည်း ”
“ဖျက်ထားပါတယ်”
“သြော်..ဘာတွေသိသေးလည်း”
ဗီဂါ့ မှာ မေးလ် လွယ်လွယ်ဖျက်တက်တဲ့ အကျင့်လည်း မရှိပါပဲ ဘယ်လိုဖြစ်ပြီး အရေးကြီးတာမှ ဖျက်မိပါလိမ့်...
“IP က အိမ်လိပ်စာပဲ ဆရာ..
မော်ဒယ်က A.1584 ပါ”
ဒေါ်သစ်ရွက် Ipad ဆိုတာ သိရတော့ သေချာအောင်
“အချိန်က”
“23:43”
“သြော်..အင်း..သိပြီ..မှားဖျက်လိုက်မိတာ နောက်ဆို သတိထားရမယ်..ဒါပဲ..နိုင်မင်းကိုလည်း ကျေးဇူးတင်တယ်ပြောလိုက်အုံး..”
“ဟုတ်ကဲ့...”
ဗီဂါ ဖုန်းချပြီးတာနဲ့ မေးလ်ပြောင်း ပစ်လိုက်ရသည်။
ဒေါ်သစ်ရွက် တို့ ကောင်းနေရင် ပိုကြောက်ရမှာကို မေ့နေတယ်..။
အရာရာအားလုံး အဆင်ပြေလို့ မေ့သွားပြီ ထင်တာ..အငြိုးကလည်း ကြီးလွန်းပါသည်။
အရေးကြီး စာချူပ်ကိစ္စ ကိုမှ ဖျက်ပစ်တာ..
ခင်ဗျားလေးကလေ..
ကျွန်တော့်ကို အနုနည်း သတ်ဖို့ ကြံစည်နေတာ...။
အတွင်းရေးမှူး လုပ်နေလို့ လိမ်မာသွားပြီမှတ်တာ အခုတော့ ထင်သလောက် မလွယ်မှန်းသိလိုက်သည်။
.
“မောင် က လေ တကယ့် အရစ်...”
“ဘာလည်း..”
ကားအပြင်ဘက်ကို ငေးရင်း ကိုယ့် အတွေးနဲ့ ကို ရှိနေတာကို ဘေးက ပြောလိုက်တော့ ဗီဂါ မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်လိုက်သည်..။
“သူများ အ၀တ်အစား၀ယ်ဖို့ ရှိတာကို ည ၈နာရီ မှ သွား၀ယ်ရမယ် ကိုးနာရီဆို အရောက်သွားရမှာ..ကျစ်...စိတ်ဆင်းရဲလိုက်တာ...”
အ၀တ်အစား၀ယ်ဖို့ ဒီလောက်သောက ထားနေတာလား..ဗီဂါ အပြင်ဘက်ကို ပြန်ငေးနေလိုက်သည်..။
“ကျော်နိုင်ရေ...မသွားနဲ့အုံး ခဏစောင့်ပါနော်...”
“ဟုတ်ကဲ့ အစ်မ..”
ကားပေါ်က ဆင်းတော့ ပစ္စည်းတွေကို မ ပြီး တံခါး အပြေးအလွှားဖွင့်ခါ ဆင်းပြေးသွားသည်..။
“ကျွတ်..ကျွတ်....”
ဗီဂါ ခေါင်းရမ်းရင်း နောက် ကလိုက်ဆင်းလာပြီး အခန်းထဲ တန်းသွားလိုက်သည်..။
အ၀တ်အစားလဲပြီး နှုတ်ခမ်းနီ လိမ်းတောင်နေပြီ...မြန်လိုက်တာ မျက်နှာတောင် သစ်ရဲ့လား..။
“ဒီ အကျီီီ ၀တ်မှာလား..”
ဗီဂါ ရဲ့ အမေးကြောင့် စောင်ပေပေ အကြည့် တစ်ချက် ကျလာပြီး မှန်ထဲ ပြန်ကြည့်ခါ နှုတ်ခမ်းနီ ပြန်ဆိုးနေသည်..။
“ခဏ လိုက်ခဲ့အုံး..”
ဘာတွေ ခိုင်းအုံးမလို့လည်း နောက်ကျနေပါပြီ ဆိုခါမှ...
သစ်လက်ထဲက နှုတ်ခမ်းနီ ဘူးချပြီး သူ့နောက်ကို တစ်ခါ လိုက်သွားရသည်..။
ဒုတိယ အထပ်ရဲ့ အခန်း နှစ်ကို ကဒ် ထိုးပြီး သော့ဖွင့်တော့ သစ်လည်း နောက်ကနေ ကြည့်နေလိုက်သည်..။
“၀င်လေ..”
သူ ခေါ်လို့ ၀င်လာရပေမဲ့ ဒါ အ၀တ်အစားခန်းဆို တာ သိပြီးသားပါ..။
သစ် အထဲ ကို ရောက်တော့ ထင်ထားတာထက် ပို ခန်းနားပြီး ၀င်၀င်ချင်း ပွဲတက်
ဂါ၀န် ရှည် လှလှလေးတွေ ကို ဆိုင်တွေ မှာ ထားသလို  အရုပ်တွေကို ၀တ်ပေးထားတာ ဆယ်ရုပ်လောက် ရှိသည်...။
“တစ်ထည် ယူ၀တ် ..”
“ဟင်...”
ဖိနပ်ဘီဒိုက သူ့ အလုပ်ခန်းထဲက စာအုပ်စင် နီးပါးမြင့်ပြီး မှန်တွေ ကာထားပေမဲ့ အရောင်အသွေး စုံလင်အောင် မြင်နေရသည်..။
ဦးထုပ် ပိုက်ဆံအိတ် ရိုးရိုး ရှပ် ဘောင်းဘီ စကပ် အစုံအလင် ကို အကျီ င်္ ဆိုင် တစ်ခု လို ချိတ်ဆွဲ ထားတာ သစ် အံသြနေရသည်..။
မိန်းကလေး အသုံးဆောင် ဆိုင်ထဲကို ရောက်သွားသလို ခေါင်းကို လှည့်ပတ်ကြည့်နေတာတောင်  ပစ္စည်းတွေ မကုန်နိုင်သေး...။
“မွေးနေ့ ပွဲဆိုတော့ လက်၀တ်လက်စား မ၀တ်ချင်ရင် ဒါလေး ၀တ်သွား..”
သူ့ဘေးမှာ ရှိတဲ့ မှန် ဘုံးထဲက နာရီ ဘူးကို  သေချာ ထုတ်နေသည်..။
“ဒါ Cartier Brand လေ တန်ဖိုးသိတဲ့သူဆို ကြည့်တာနဲ့ သိတယ်..နာရီဆိုတော့ မကြီးကျယ်ဘူး အင့်..၀တ်လိုက်..”
“မ ကတော့ တန်ဖိုး မသိလို့ ဘယ်လောက်လည်း..”
“သိန်း သုံးရာ ကျော်တယ်..”
‘ဟမ်..”
မျက်နှာ မှာ မယုံနိုင်တဲ့ အမူအယာ ဖြစ်သွားတော့ သူက ဟက်ကနဲ့ တစ်ချက်ရယ်ပြီး နာရီ ကို ချိတ် ဖြုတ်ရင်း
“ဒီပတ်လည်မှာ စီထားတဲ့ စိန် အလုံး လေးဆယ်ကြောင့်ပါ..”
နာရီ ဘောင်ဘက်ကလေး မှာ စီထားတဲ့ အဖျက်ဖျက် ဖြစ်နေတဲ့ စိန်တွေကို ကြည့်ပြီး မာရီနာ ဆိုတဲ့ ကောင်မလေးရဲ့ ကံကောင်းမှုကို မြင်ယောင်မိသည်..။
“လက်နဲ့ တော် ပါ့မလား မသိဘူး..ခင်ဗျား က နည်းနည်း ပိန်သွားတယ်..”
သစ် တစ်ချက် ပြုံး ပြီး ခေါင်းညိတ်ခါ လက်ကို ရှေ့တိုး ပေးလိုက်သည်..။
သူက ချိတ်ဖြုတ်ပြီးသား နာရီ ကို သစ်လက်ဆီ ဦးတည်နေပေမဲ့ သစ် လက်ကို နောက် ရုတ်လိုက်တော့ သူ က နားမလည်သလို ကြည့်သည်..။
“ဆောရီးပါ မောင်...ဒါတွေ က မ နဲ့ မတန်ပါဘူး..သွားတော့မယ် နောက်ကျနေပြီ..”
“...အကျီ င်္”
“မာရီနာ အကျီ င်္ ဆိုဒ်တွေက မ နဲ့ ဘယ်လို တော်မလည်း မောင်ရဲ့..မောင်ကလည်း နေရာတကာတော်ပြီး ဒီမှာတော့ ညံ့သွားပြီ...”
သစ် ပြောလည်းပြီး ကျောခိုင်းလို့ လှေကားဆီ ဦးတည် ထွက်လာခဲ့လိုက်သည်..။
“ကျစ်...ဘာဖြစ် ပြန်ပြီလည်း..”
ဗီဂါ လက်ထဲက နာရီ ကို ကြည့်ပြီး ဘူးထဲ သေချာ ပြန်ထည့်လိုက်ရင်း စဉ်းစားမိတာ..
“မ ကို လက်ဆောင်ပေးချင်လို့  ဘာလေး လိုချင်လည်း ဟင်..”
“အမယ် တယ်ဟုတ်ပါလား..မှန်မှန်ပြောစမ်း နင် မနက်ပိုင်း ထွက်ပြီး ဘာတွေ ဟက်နေပြန်ပြီလည်း..”
“မဟုတ်ပါဘူး..အလုပ်တစ်ခု ရှိနေပြီ...ပြောလို့ မရတာက လွဲရင်ပေါ့လေ...”
‘အင်းပါ...ငါ လည်း အတင်းမမေးပါဘူး..၀ယ်ပေးချင်ရင် နာရီ ၀ယ်ပေးလေ...”
“နာရီ ..ဘာလို့ နာရီလည်း...ချိန်းတို့ ဆွဲကြိုးတို့ မကြိုက်ဘူးလား...ဒါဖြင့် လက်စွပ်ကော...”
“မလိုချင်ဘူး..နာရီက ဒီမှာ ကြည့်အုံး..”
လှေကားတွေကို တက်နေရင်းက ရပ်လိုက်တော့ ဗီဂါ လည်း သူနဲ့ အတူ ရပ်မိခါ ပြတာကို ကြည့်လိုက်သည်..။
နာရီ ကြိုး ကို ဆွဲလိုက်တော့ ကြိုးပြုတ်ပြီး ပါလာတာ ဘယ်လို အခြေအနေလည်း ဆိုတာ သဘောပေါက်လိုက်ပါသည်..။
“မနက်တိုင်း ပင် ပြန်ထိုးနေရတာ စိတ်ရှုပ်လို့..”
“ဒါပဲ မရယ်...နာရီ တစ်လုံး အသစ် ၀ယ်လိုက်ပေါ့..”
“မ၀ယ်ချင်ဘူး.. နာရီ ဆို လက်ဆောင်ရမှ တန်ဖိုး ထားပြီး ၀တ်ချင်တာ..ဒါလေးက သူများ ဆယ်တန်းအောင်တုန်းက ကြီးကြီးဆုချထားတာလေ...”
“တော်တော်ကြာပြီပဲ..”
“အင်း..”
လှေကားတွေကို တက်သွားပေမဲ့ ဗီဂါ ကတော့ ငိုင်ကျန်ခဲ့ရသည်..။
အဲဒီ့ ညမှာပဲ ဒီဇိုင်းရွေးပြီး ပစ္စည်းမှာလိုက်ရတာ...
သူပဲ ဝယ်ပေးခိုင်းထားပြီး..
အခု သူရှေ့ရောက်လို့ ပေးပြန်တော့ မတန်ဘူး ဖြစ်သွားပြန်ပြီ..။
နာရီ ကို ဘုံးထဲ ထည့်လိုက်ပြီး သက်ပြင်းတစ်ချက် ပါ ရှိုက်လိုက်မိသည်..။
“စောင့်ရတာ ကြာသွားလား ကျော်နိုင်..”
“မျကာပါဘူး..အစ္မ..”
“လက်ထောက်အိမ်နဲ့ နီးမဲ့ နေရာလောက်မှာ ရှိတဲ့ အကျီ င်္ ဆိုင်ကို မောင်းပေးပါလား ..”
“ဗျာ အကျီ င်္ ဆိုင်...ဟုတ်ကဲ့..ဒါဆို အရင် သွားပြီး ပတ်မောင်းကြည့်လိုက်မယ်လေ..”
“အင်း..ကျေးဇူး..”
သစ် ကားအပြင်ဘက်  ကိုသာ ငေးကြည့်နေရင်း ခမ်းနား ထည်ဝါတဲ့ မာရီနာရဲ့ အ၀တ်အစား ခန်းကို မြင်ယောင်လာရသည်..။
ဒီလို အားလုံး စီစဉ် ပြီးပါရဲ့ နဲ့  အိမ်ပေါ်တက်ပြီး ချစ်တယ်ပြောရဲတာ မုန်းစရာ ကောင်းလွန်းပါသည်..။
“အစ်မ..ဟို ဆိုင်မှာ အဆင်ပြေမယ်..”
“သြော်..အေး...ခဏ...”
သစ် ဆိုင်ထဲ ရောက်ပြီး တော့ ရွေးစရာ အကျီ င်္လည်း များများစားစားမတွေ့...။
ဒူးအောက် ဂါ၀န်အဝဲလေးတွေက ကိုယ်နဲ့ဆို ကလေးဆန်နေမလား တွေးမိပေမဲ့ ၀န်ထမ်း ကောင်မလေးကလိုက်ပါတယ်လို့ချည်း ဇွတ်ပြောနေတော့ ခက်သည်..။
အဝါနု လေးကတော့ လက်ဖါးဖါး လေးနဲ့ မို့ ပို လုံခြုံ သည်လို့ ထင်တာနဲ့...
“အဝါလေးပဲ ပေး ညီမ.”
“အဖြူလေး မကြိုက်ဘူးလား အစ်မ..”
“အဖြူက ရင်ပြတ်ဆိုတော့ မ၀တ်ရဲလို့ပါ...”
“သြော်..ဟုတ်ကဲ့...၀တ်ကြည့်အုံးမလား အစ်မ...”
“မ၀တ်တော့ဘူး..”
သစ် ကောင်တာရှေ့ရောက်မှ ပိုက်ဆံ မပါတာ သတိရတော့သည်..။
“ခဏနော် ညီမ...ပိုက်ဆံအိတ် ကားထဲ ကျန်ခဲ့လို့..”
အမှန်က ပိုက်ဆံအိတ်ယူခဲ့ဖို့ကို မေ့ခဲ့တာ...သွားခါန်ီးလာခါနီး ဆို စိတ်ရှုပ်အောင် လုပ်တက်တာ...အရမ်းမုန်း..။
“အစ္မ..”
“ဟဲ..ဟဲ...ကျော်နိင်ရယ်...အစ်မ ကို ၁သာင်းခွဲလောက်ချေးပါလား.”
“ဗျာ...သြော်...အင်း..”
သစ်ရယ်ကြဲကြဲနဲ့  လုပ်ပြလိုက်ခါမှ ကျော်နိုင်ကလည်း ကြောင်တောင်တောင် လုပ်နေပြီး သူ့ အိတ်ထဲက ပိုက်ဆံထုတ်ပေးတော့သည်..။
“ပိုယူသွားပါ အစ်မ..”
“ဟအေး...ရတယ် ရှင်းခါနီးမှ ပိုက်ဆံ မပါတာ သိလို့ပါ...”
“ဟား..ဟား..ဖြစ်ရမယ်...”
သစ် ပိုက်ဆံ ယူပြီး ကောင်တာ သွားပြန်ရှင်းတော့ သူတို့လည်း ပြုံးစေ့စေ့ လေးတွေဖြစ်နေပြန်သည်..။
“ညီမ တစ်ခါတည်း လဲ သွားချင်လို့..”
“သြော်.ရပါတယ်...အစ်မ...”
မယုံလို့လား စေတနာ ပိုတာပဲလား မသိ ၀န်ထမ်းကောင်မလေး က အ၀တ်လဲခန်းရှေ့မှာ စောင့်ပေးသည်..။
“အစ်မ ဂါ၀န်နဲ့ ဆိုတော့ နု သွားတယ်..”
“ဟဲ..ဟဲ...မုန့်၀ယ်ကျွေးမယ်နော်...ခုလောလောဆယ်တော့ အကြွေးနဲ့ ပေါင်းမှတ်ထား...”
“ မုန့်စားချင်လို့ မဟုတ်ပါဘူးဗျာ...ဘယ် ပို့ပေးရအုံးမလည်း အစ်မ...”
“လက်ထောက် မွေးနေ့ပွဲလေ..”
“ဗျာ...လက်ထောက်က အသက် လေးဆယ်ကျော် ကို မွေးနေ လုပ်တုန်းလား..”
“ဟီး..ဟီ..မသိဘူးလေ...သူ ပြောတာပဲ...”
ကျော်နိုင် ကားကို ဖြည်းဖြည်းချင်း မောင်းလာပြီး လက်ထောက် အိမ်ရှေ့ ရောက်တော့ သစ် ကြည့်လိုက်တာ မှောင်မဲနေသည်..။
“တစ်ခုခုတော့ လွဲနေပါပြီ..ဟိုတယ်မှာ လုပ်မှာလား ဘာလား..”
“အစ်မ ဖုန်းဆက်မေးကြည့်ပါလား..ဒီမှာတော့ မဟုတ်ဘူး ထင်တယ်..”
“ဖုန်းမပါဘူး..”
“ကျွန်တော် ဆက်လိုက်မယ်...”
“အင်း...”
ကျော်နိုင် ဖုန်းဆက်နေတော့ သစ် လည်း အာရုံဆိုက်ပြီး နားထောင်နေလိုက်သည်..။
“ဟလို ဂျာကြီးလား...ကျွန်တော် ကျော်နိုင်ပါ ခင်ဗျား မွေးနေ့ ရှိတယ်ဆို..”
“ဟာ..ပေါက်ကရ ဘယ်သူ ပြောလည်း..”
မန်နေဂျာရဲ့ ဟောက်သံထွက်လာတော့ သစ် မျက်လုံးပြူးသွားရသည်..။
မနက် က သူကိုယ်တိုင်ပဲ ပြောပြီး..
“အဟွင်း...မရွက်သစ် ကို ပြောနေတာ ကြားလို့ပါ...”
“မဟုတ်ပါဘူးကွာ...ညနေ မွေးနေ့ပွဲ အဆင့်သင့် ပဲလို့ပြောတာပါ...သူ က ကြားချင်တာ ကြားပြီး ထင်ချင်တာထင်နေတာ အမြဲ တလွဲ...”
သစ် မျက်နှာ တည်သွားရပြီး နှုတ်ခမ်းလည်း စူသွားရသည်..။
သစ်မှာတော့ သူ့ မွေးနေ့ ကို ပင်ပန်းခံပြီးလာခဲ့ရတာ..ညနေ ဟိုတယ်မှာ မွေးနေ့ပွဲလို့ သေချာ ပြောပါလား အခုတော့ ကျစ်...။
“ဟဲ..ဟဲ...အစ်မ...အိမ်ပြန်မလား..”
“အေးလေ...မှားတက်ပါတယ်...”
သစ် ကိုယ့် ဘက်လိုက်ပြီး လျှောက်ချက် တင်လိုက်ပေမဲ့ ရှေ့က သတ္တဝါလေးကတော့ပခုံးလှုပ်ပြီး အသံ မထွက်အောင် ရယ်နေသည်..။
“ပိုက်ဆံ နက်ဖြန်မှ ယူနော်...ပြန်ဖို့ နောက်ကျသွားပြီ အားနာ လိုက်တာ “
“ရပါတယ်..အစ်မရဲ့...”
“အေး..ဂရုစိုက်သွား...ဘိုင်...”
သစ် လက်ပြပြီး အိမ်ထဲ ကို ၀င်လာတာ ဧည့်ခန်းကိုတစ်ချက်ကြည့်တော့ သူ ရှိမနေပါ..။
မာရီနာ ကို လွမ်းပြီး ရေကူးကန် ကိုရောက်နေမှာပေါ့..။
“ကျစ်..”
ဗီဂါ တံခါးပေါက်နားမှာ ရပ်ပြီး မနက်ဖြန် ပြောရမဲ့  ခေါင်းစဉ်တွေကို ကြည့်နေတုန်း ကားရောက်လာသည်..။
မြန်လိုက်တာ လို့ တွေးနေတုန်း ကားပေါ်က ဆင်းလာတာ ဂါ၀န် တို နဲ့ ဆံပင်ဖျားလျား...။
ကျောခိုင်းရင် ဘယ်သူမှန်း မသိနိုင်လောက်အောင် မတူတဲ့ပုံစံ ဖြစ်နေပေမဲ့ အပေါ်စီးက မြင်လိုက်တာ ရယ်နေသည့် ပုံရိပ်ကြောင့် တန်းသိလိုက်သည်.။
ဂါ၀န် အဝါလေး နဲ့ ကျတော့ အသက် ငယ်ငယ် လေး လို ဖြစ်နေသည်..။
ဗီဂါ သတိလက်လွှတ်ငေးနေမိရင်း စကားပြောနေကြတာ အချိန် ကြာနေပြီမှန်း သိလိုက်တော့ မျက်မှောင် အလိုလို ကြုတ်သွားရသည်..။
ဘာတွေ ဒီလောက်ရယ်နေတာလည်း.မွေးနေ့ပွဲ အကြောင်းပြပြီး လျှောက်လည်နေတာလား..။
“ဟင်..မောင်က ဒီမှာကိုး..မ က ရေကူးကန် ဘက် သွားကြည့်သေးတယ်..”
“ပြန်လာတာ စောတယ်..”
“မပြောချင်ပါဘူး.မောင်ရယ်.. လက်ထောက် အိမ်ရှေ့ရောက်မှ မသင်္ကာလို့ ကျော်နိုင်က ဖုန်းဆက် ကြည့်တာ သူ့မွေးနေ့ကို ပြောတာ မဟုတ်ဘူး.ဟိုတယ်က မွေးနေ့ကို ပြောတာတဲ့လေ...လူ က အကြွေးတင်တာပဲ အဖက်တင်တယ်...”
“ခင်ဗျားကလည်း တော်လိုက်တာနော်..”
“မောင် မသိဘူးလား..”
ဗီဂါ လက်ထဲ က ဖိုင်ကို ပစ်ချခါ နောက်ကို လှည့်ပြီး တစ်ကိုယ်လုံးကို သေချာ ကြည့်လိုက်သည်..။
အဝါရောင်နဲ့ လိုက်ဖက်သည့် အသားဖြူဖြူ ကြောင့် ဂါ၀န်၀တ်ထားတဲ့ ကလေး တစ်ယောက်လို ဖြစ်နေသည်..။
ဆံပင်တွေကို မချည်နှောင်ပဲ လွတ်လွတ်လပ်လပ် ချထားလို့  မျက်နှာလေးက ဝိုင်းတာ ပိုသိသာသည်..။
“အဟဲ..ဟဲ...သူများ ပြင်လိုက်ဆင်လိုက်တော့..အလှတွေ မြင်သွားပြီမလား..”
ဟုတ်တယ် ခင်ဗျား လှတာ ကျွန်တော် သိတာ ကြာပြီ လို့ ပြောချင်နေပေမဲ့  မြိုသိပ်ထားရသည်.။
ဗီင်္ဂါ နှုတ်ခမ်းမဲ့ ပြုံး ပြီး အကြည့်လွဲခါ ခုံပေါ်က ဖုန်းကို ယူလိုက်တော့ မသွားနိုင်သေးပဲ ရှေ့တိုးလာခါ
“မောင့် ကောင်မလေးက လည်းအချောကြီး မဟုတ်ပါဘူး .”
“ခင်ဗျားထက်တော့သာတယ်...အဘွားကြီးမဟုတ်ဘူး...”
“အမယ် မ အသက်က ၂၈ ပဲ ရှိသေးတာပါ မောင်ထက် လေးနှစ်ပဲ ကြီးတာပါနော်...မ က မပြင်မဆင်နေလို့ပါ ကိုယ်ပိုင် ရင့်ကျက်တဲ့ အလှတရားက ရှိပြီသား..”
“စကားပြောရင် တဟဲဟဲ နဲ့ ဒါလား ရင့်ကျက်တာ...”
“ဘ၀နှစ်ခု အကျင့် ပါသွားလို့ပါ..”
‘ပင်ကိုယ်က ပြောင်စပ်စပ် ရယ်ပါ...”
“မောင်က လေ သူများဆို ပြောဖို့ချည်းပဲ..တော်ပြီ...ဒီနေ့ည ကော်ဖီလည်း ဖျော်မပေးဘူး ပင်ပန်းနေလို့ အိပ်တော့မယ်..”
‘မရဘူး..ခင်ဗျား ကိုယ်တိုင် ကျွန်တော့် ဇနီးမယား လုပ်ချင်တာလေ..တွဲနေတဲ့တာ၀န်ကို သတိရပါ ဒေါ်သစ်ရွက်..”
‘ဒါပဲ...”
သစ် မကြားတကြား ပြောပြီး ထွက်လာခဲ့လိုက်သည်..။
ဒီလိုပုံစံနဲ့ ဘယ် အချိန်ထိများ သူ့ကို သည်းခံနေရမှာလည်း..။
သူ့ ကို နိုင်ဖို့ အကြောင်းတရားတွေကော ရှိလာပါ့အုံးမလား...ပင်ပန်းလာပြီ..။

☆✼★━━━━━━━━━━━━★✼☆。

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Tempat cerita menjadi hidup. Temukan sekarang