Part 10

3.8K 198 2
                                    

1543
အပိုင်း (၁၀)
#1543

“ဒေါက်...ဒေါက်...ဒေါက်..”
ဗီဂါ မျက်လုံးကို ကြိုးစားအားယူဖွင့်ပြိး အခန်းတံခါးကို အလိုမကျစွာ လှမ်းကြည့်လိုက်သည်..။
ရန်ကုန်အိမ်မှာဆိုတော့ လာနိုးရဲတဲ့သူ တစ်ယောက်မှ မရှိပါဘူး..
ဘုန်းမင်း အလုပ်ကိစ္စ အရေးကြီး လို့ လာနိုးတာများလား..။
ကိုယ်ပေါ်က စောင်ကို ဘေးဆွဲချပြီး ကုတင်ပေါ်က ဆင်းခါ တံခါးဆီကို လျှောက်သွားလိုက်သည်..။
“ဟင်...ခင်ဗျား..”
“မောနင်း..မောင်...”
တံခါးရှေ့မှာ ခေါင်းစောင်းပြီး လက်ထောင်ပြ နှုတ်ဆက်လိုက်တော့ ဗီဂါ အလို မကျစွာ မျက်မှောင်ကြုတ်မိပြီး..
“ကျစ်...ဘာလို့ တံခါးခေါက်တာလည်း..”
“နေမြင့်နေပြီ မောင်ရဲ့...မ ...မောင်နဲ့ အတူ မနက်စာ စားဖို့ စောင့်နေရတာ..”
“ခင်ဗျား ဘယ်သူ စောင့်ခိုင်းလည်း..”
ဗီဂါ့ စကားကို အလေးမထားသလို အခန်းထဲကို လျှောက်၀င်လာတော့ စိတ်မရှည်လို့ နောက်က လိုက်၀င်လာခဲ့ရသည်..။
“မောင့် ကို ည တုန်းက စောင့်နေသေးတယ်...ဘယ်အချိန်ကမှ ပြန်လာတာလည်း မောင်..”
“ကျွန်တော့် ဘယ် အချိန် ပြန်ပြန် ခင်ဗျား အလုပ်လား..”
မျက်နှာမသစ်ခင်ကတည်းက ဒေါသထွက်နေရတာ ဘယ်လို ကံဆိုးမှုတွေမှန်းကို မသိ...။
“မောင် မလာမချင်းစောင့်နေရတာလေ..”
“မစောင့်နဲ့ ...”
“မစောင့်လို့ ရမလား...မ က မောင့် အိမ်မှာ လိုက်နေရတဲ့ မောင့်ရဲ့ တရား၀င်ဇနီးလေ မောင်ရဲ့...”
“ဟာ...ဒါကြီးကိုပဲ..”
“နောက်တစ်ခု ကျန်သေးတယ်...မ နဲ့ မောင် က လင်မယားတွေ ..ဒီတော့ အခန်းခွဲသုံးနေတာ မကောင်းဘူးနော်..ညကျရင် မောင့် အခန်းထဲ ပြန်လာအိပ်ပါ..”
“မအိပ်ဘူး..မအိပ်နိုင်ဘူး..ခင်ဗျားနဲ့ တူတူ မအိပ်နိုင်လို့ ကို ဒီမှာ လာအိပ်တာ ရှင်းပြီလား..”
ကလေးတစ်ယောက်လို မျက်လုံးစုံမှိတ်ပြီး လက်သီးကျစ်ကျစ်ဆုပ်ခါ ပြောတော့ သစ် ပြုံးလိုက်မိသည်..။
ဒေါသထွက်တာကလည်း တစ်မျိုးကြီး...။
“အဟ...မရဘူးနော်...ည ကျ ဟိုဘက် အခန်းကို ပြန်လာ...”
“ခင်ဗျား...ဘာဖြစ်နေတာလည်း...ဒီလို အိမ်မှာ နေခွင့်ရတာ တော်ပြီလေ...ဘာတွေ ထပ်လိုချင်နေတာလည်း.....အေးဆေးနေပါဗျာ...”
“အေးဆေး ဟုတ်လား..အေးဆေးကို ငါက ပိုလိုအပ်တာ အသက်ကြီးခါမှ မငြိမ်းချမ်းနိုင်အောင်မွေသွားတာ နင်လေ..မသာရဲ့...”
“ဘာ..”
“ချစ်ပါတယ်..ပြောတာ ဘယ်သူလည်း...လက်ထပ်ပါမယ်ပြောတာ ဘယ်သူလည်း..အရူးကွက်တွေ လာမလုပ်နဲ့နော် ဘုန်းမင်း...ငါ စိတ်မရှည်တက်ဘူး..”
“အား...အဲဒါ အတု...ဟန်ဆောင်...လိမ်ညာထားတာ...ခင်ဗျားလို အဘွားကြီးကို ကျွန်တော့်လို ကောင် က ချစ်စရာလား...”
“အဲ အဘွားကြီးရဲ့ စကပ်က အစ လျှော်ပေးပြီး လိုက် ကပ်တာပါ ထည့်ပြော..”
“ဟာ..ခင်ဗျား..”
“ညကျ ဟို အခန်းကို ပြန်လာ ဒါပဲ..”
“မလာဘူး..”
ခေါင်းမော့ပြီး အော်ပြောလိုက်တော့ သစ် နှုတ်ခမ်းတစ်ချက်တွန့် ပြုံး လိုက်ပြီး...
“ရတယ်လေ...ညတုန်းက BBS ဥက္ကဌ အဘိုးင်္ကြိး ဟိုတယ်မှာ လာကဲတဲ့ ဗီဒီယို သူ့ မိန်းမဆီ ပို့ပေးလိုက်မယ်..”
“ဟင်..ခင်ဗျား....ဘာတွေ လျှောက်....”
“ထိုင် ဟက်လိုက်တာ...”
“အား......သေ...သေတော့မှာပဲ...”
မစဉ်းစား မဆင်ခြင် တက်ပဲ အရမ်း လျှောက်လုပ်လို့ ဖြစ်လာမဲ့ အကျိုးဆက်တွေက မတွေးဝံ့စရာ....။
ဗီင်္ဂါ လက်ရွယ်လိုက်ပြီးမှ မရိုက်ရက်လို့ ဒေါသတွေမြိုချပြီး လက်သီးဆုပ်နေရတာ မသက်သာ...။
“ဟဲ...ဟဲ...ရိုက်ချင်လို့လား..ရိုက်လိုက်စမ်းပါ..မောင်ရဲ့...ဘာလို့ လက်သီးကြီးဆုပ်ပြီး မျက်လုံးမှိတ်ရပ်နေတာလည်း..ဟမ်...ဒေါသတွေ ကြောင့် တက်သွားအုံးမယ်..”
“ကျွန်တော် တောင်းပန်ပါတယ်..ခင်ဗျား ကျေအေးပြီး အေးအေးဆေးဆေး နေပေးပါ...”
“အခုမှ စတုန်း ရှိသေးတယ်..မောင်ရဲ့.”
“ကျွန်တော့် မှာလည်း သည်းခံနိုင်တဲ့ အတိုင်းအတာ ရှိတယ်ဆိုတာ မှတ်ထားပေးပါ..ဒေါ်သစ်ရွက်..”
လက်ညိုးထိုြး့ပီး အံကြိတ်ရင်းပြောလာတော့ သစ် ဆိုက်ကြည့်ပြီး ရယ်ချင်လာတာနဲ့...။
“ဟဲ..ဟဲ...ဟုတ်ပါတယ်..မောင် က  လူဆိုတာ သိပါတယ်...လာ..မုန့်သွားစားမယ်..”
“မစားဘူး..”
“မစားလို့ မရဘူး..”
“ခင်ဗျား....”
“လုပ်...လုပ်...မျက်နှာ သွားသစ် မြန်မြန်...မ..စောင့်နေရတာ တကယ် ဗိုက်ဆာနေပြီ...”
ရေချိုးခန်းထဲက ထွက်လာတော့ မျက်နှာ စူပုတ်ပုတ်ပေမဲ့ ရေစက်တွေ တင်နေတဲ့ မျက်နှာနုနု လေးကြောင့် သစ် ငေးကနဲ့ ဖြစ်သွားရသည်..။
မျက်တောင် ရှည်တွေ ကို ပုတ်ခတ်ရင်း အမြင်ကြည်အောင် လုပ်နေပေမဲ့ ဆပ်ပြာ၀င်သွားပုံရတဲ့ သူ့ မျက်လုံးတွေက အဖြူပေါ် အနီသွေးကြောတွေ ထင်းနေသည်..။
သစ် မသိချင်ယောင်ဆောင်လိုက်ပြီး တာဝါ ပစ်ပေးလိုက်တော့ ယောင် ဖမ်းလိုက်ပြီးမှ အံကြိတ်သည်..။
“ပြီးပြီလား..”
“အ၀တ်အစားလဲရအုံးမယ်..ဆံပင် ပုံသွင်းရမယ်... ဘော်ဒီ လိုရှင်း လိမ်းရမယ်..”
“အမလေး...မောင် ..ယောင်္ကျားပါနော်..”
“ဘာ..”
“ဟုတ်တယ်လေ...မ..တောင် ..ဒီလောက် မပြင်ဆင်ရဘူး....”
“ခင်ဗျားက အစကတည်းက ညစ်ပတ်တာ..”
“ထားတော့...ပြန်လာမှ လုပ်...”
လက်ထဲက တာဝါကို ဆောင့်ဆွဲယူပြီး ကုတင်ပေါ် ပစ်တင်ခါ လက်ကို အတင်းဆွဲ ခေါ်ချလာတော့ မှုန်တေတေ ဖြင့် လိုက်လာရတာပဲမလား..။
“ဟယ်..သခင်လေး..”
“အဲ....ထိုင်ပါ..”
၀န်ထမ်းတွေ  အားလုံး ပျာယာခပ်သွားတော့ သစ် လည်း ကြောင်တောင်တောင် လိုက်ကြည့်နေရသည်..။
“သခင်လေး..ထိုင်...ထိုင်ပါ..”
“ဒီမှာက ဟိုတယ်လိုမျိုး ကြိုက်တာ မှာလို့ရတယ်နော်..မောင် ဘာစားချင်လည်း..”
“ရပါပြီ သခင်လေး..”
၀န်ထမ်း ကောင်မလေး တစ်ယောက် အားလုံးထဲမှာ တင်းနေလောက်အောင်ကို စမတ်ကျပြီး ချောထာထက် ကိုယ်လုံး ကိုယ်ဟန် အချိုးအဆ က အစ မော်ဒယ် တစ်ယောက်လို ...။
“သခင်လေး...ဘာများလိုအပ်သေးလည်း..”
“ရပါပြီ...”
မှုန်တေတေ သူ့မျက်နှာက အခုကျတော့လည်း ပြုံးပြီး ပြန်ပြောတက်သားပဲ...။
သူ့ရှေ့ကို ရောက်လာတဲ့ ပန်းကန် နှစ်ချပ် မှာ အရွက်စိမ်းစိမ်းတွေ နဲ့  ကြက်ဥ ကြော်ပြီးသားကို ထည့်ထားတာ ဘာတွေမှန်းကို မသိ..။
လိမွန်ဖျော်ရည်ကလည်း လီင်္မွန် အနံ့ကြောင့် ခန့်မှန်းလို့ ရလိုက်သည်.။
မနက်စာက လိမွန်ဖျော်ရည်နဲ့ အရွက်ကြော်တွေ ဘယ်လိုတွေ စားတာ ပါလိမ့်..။
“အစ်မ ဘာစားမလည်း..”
“အမ်း..ဟို...မုန့်ဟင်းခါး ရလား.”
“ဟုတ်ကဲ့..”
စားသောက်ဆိုင်လိုမျိုး ြုဖစ်နေလို့ မေးပြီးခါမှ ပြေးချက်ရမှာစိုးရသည်..။
“ဟို မရှိလည်း ရပါတယ်..ညီမ..”
“ရှိပါတယ်...”
ဘေးက တစ်ယောက်က ခေါင်းညိတ်ရုံ ရှိသေး တစ်ယောက်က မုန့်ဟင်းခါး ပန်းကန် ကိုင်ပြီး လာချတာ အငွေ့တွေ ထနေဆဲ..။
အသင့်မုန့်ဟင်းခါးခြောက်တွေများ ရေနွေးနဲ့ ကောက်ဖျောလာတာလား..။
တစ်ဇွန်း ခပ်စားကြည့်တော့လည်း တကယ့် မုန့်ဟင်းခါး..အစစ်အတိုင်းပင်..။
“မောင်..စားနေတာ ဘာလည်း..”
သစ် မုန့်ဟင်းခါး စားနေရင်း အရွက်စိမ်းစိမ်းတွေကို ခက်ရင်း နဲ့ ခပ်စားနေတာ တွေ့တော့ စပ်စုချင်တာနဲ့ တစ်ဇွန်းခပ်စားကြည့်လိုက်သည်..။
“သြော်...ထောပတ်သီးလည်း ပါတယ်..မုန့်ညှင်းလား ဘာလား..”
သစ် ပါးစပ်ထဲ အရသာ ခံပြီး မှတ်ချက်ပေးနေပေမဲ့ သူ့ မျက်နှာကတော့ နီရဲလာသလို ငရုတ်ရောင် သန်းနေပြီ..။
“တောက်..ခွမ်း..”
ရှေ့က ပန်းကန်ကို ဆွဲယူ လွဲပစ်လိုက်တာ ကောင်မလေးတွေကို မထိပဲ ကြမ်းပြင်ကျပြီး ကွဲသွားတာ ကျေးဇူးတင်ရမည်...။
“ဘာလုပ်တာလည်း...ဘုန်းမင်း..”
“ခင်ဗျာ...”
ဘေးက တစ်ကောင်က ထူးပြန်ပြီ...
သစ် မျက်မှောင်ကြုတ်ခါ လှည့်ကြည့်လိုက်တာ အရပ်ပုပု ခပ်သေးသေး ကောင်လေး တစ်ကောင်...။
“ဘာလည်း..”
“အစ်မ က ဘုန်းမင်းခေါ်လို့ပါ..”
ဘုန်းမင်းဆိုတာ ဒီကောင်လေး နာမည် ယူသုံးထားတာကိုး..တော်ချက်...။
“ကျစ်..ဗီဂါ..ဘာလို့ လွင့်ပစ်လိုက်တာလည်း..”
“ဆားငန်လို့...”
“ငါ စားတာ ကောင်းပါတယ်..”
“ကျွန်တော်စားတာ မကောင်းဘူး..”
ခပ်ပြတ်ပြတ် ပြောပြီး ခုံကို ဆောင့်တွန်းခါ ထသွားတော့ သူ့ ကျောပြင်ကို ကြည့်ရင်း အနည်းငယ်တော့ ရိပ်မိလာရသည်..။
သူ့ ပန်းကန်ထဲက ခပ် စားတာကို စိတ်ဆိုးသွားတာပဲလေ...။
ကောင်မလေးတွေက ခေါင်းငုံ့ပြီး လှုပ်တောင် မလှုပ်ရဲသေး...တစ်ယောက်ကတော့ ရှေ့ထွက်ပြီး ပန်းကန်ကောက်ခါ ဖိတ်တာတွေ လိုက်သိမ်းနေသည်..။
“ကျစ်..ဘာရူးမှန်းကို မသိဘူး..”
သစ် မုန့်ဟင်းခါး ပန်းကန်ကို ခပ်စားရင်း  သူ ပြင်ပေးခဲ့ဖူးသည့် မနက်စာ အကြောင်းလေးတွေ ခေါင်းထဲ ရောက်လာပြန်သည်...။
“မ..ကြိုက်တဲ့ မုန့်တီသုပ်လေး..”
“ငါ နောက်ကျနေပြီ..”
“ဟာ..စားသွားပါ မရယ်..တူတူ စားချင်လို့...မောင် မနက်စောကြီး ထလုပ်ထားရတာ..”
“ဒုက္ခပါပဲ..ရုံးနောက်ကျရင် ဆူခံရလိမ့်မယ်...ကဲ..ကဲ...စားတာပေါ့..”
သစ် အိတ်ကို ပြန်ချပြီး မီးဖိုခန်းထဲ ၀င်လာတော့ နောက်က ပြေးလိုက်လာပြီး သစ် စားနေတာကို အပြုံးဝေရင်း စောင့်ကြည့်နေလွန်းလို့ မလုံမလဲတောင် ဖြစ်ခဲ့ရသည်မလား..။
ဒီအပြုံးတွေက အတု ဆိုပေမဲ့ အစစ်လို့ ထင်ရလောက်အောင် ဟန်ဆောင် ကောင်းခဲ့ပါတယ်..ဗီဂါ...
ယုံကြည်မှုကို အလွဲသုံးစား လုပ်တာထက် အချစ်ကို ဆေးဆိုးပန်းရိုက် လုပ်တဲ့ နင့် အပြစ်က ပိုကြီးတယ်...။
သစ် စားလက်စ မုန့်ဟင်းခါးပန်းကန် ကို ထားခဲ့ပြီး ခြံထဲ ဆင်းလာခဲ့လိုက်သည်..။
မနေ့ကတည်းက စိတ်၀င်စားသည့် ရေပန်းကို အရင် သွားကြည့်မိတော့ ရေပန်းအောက်မှာ ကန် တစ်ခု ၇ှိပြီး ငါးတွေလည်း ထည့်ထားတာ သည်..။
“မှန်ဖုံးထားတော့ ငါးတွေကို ဘယ်လို အစာကျွေးလည်း..”
ဘေးမှာ ပန်းပင် ပြင်နေတဲ့လူကို မေးရင်း ပြောလိုက်တော့ ထိုလူက ရယ်ပြပြီး..
“ဒီမှာလေ အစ်မ...”
ခလုပ် တစ်ခု နှိပ်လိုက်ချိန် မှန်တွေက အပေါ်ကို  မြှောက်လာပြီး အမိုးခုံးလို ဖြစ်သွားတာ အံသြစရာ..။
“ထူးဆန်းလိုက်တာ..”
“ထူးဆန်းတာတော့ အကုန်လုံးပဲ သခင်လေး က ရှာရှာဖွေဖွေတွေချည်းလုပ်ခိုင်းတာလေ... ဒီအိမ်ဆောက်တုန်းကလည်း..ဟိုကနေ ညွန်ကြားနေရတာ စိတ်မရှည်လို့ အာခီရော အင်ဂျီနီယာရော လွတ်လိုက်တာ..သူ ကြိုက်တဲ့ ပုံစံ ကို မဖြစ် ဖြစ်အောင် လုပ်ပေးရတာ...”
“သြော်..”
သူ့ရဲ့ ကြီးကြယ်ခမ်းနားထည်ဝါမှုတွေကို အထင်မကြီးပေမဲ့ တာ၀န်ကျေတော့ သြော် ပြရသေးသည်..။
“သခင်လေးက အစ်မ ကိုတော့ အလေးထားတယ်... တော်တော် ချစ်လို့ ဖြစ်မယ်..”
“ဟဲ..ဟဲ...ဟုတ်မယ်...”
သစ်ရဲ့ စကားကို ထိုသူက ကြောင်ကြည့်နေတော့ ပြန်စဉ်းစားရင်း တဟဲဟဲ ထည့်ပြောတာ ကို သတိရပေမဲ့ ပြန်ပြင်လို့လည်း မရတော့ပါ..။
“ပန်းပင်တွေက အတုတွေလား..”
ပန်းပွင့် တစ်ပွင့်ရဲ့ ပွင့်ဖက်ကလေးကို ခပ်ဖွဖွ ပွတ်ကြည့်တော့ ကတ္တီပါ သားလို နုဖက်ဖက်ကြီး ဖြစ်နေလို့ မေးလိုက်ချိန် ထိုလူက ရယ်သည်..။
“အစစ်ပါ အစ်မရဲ့...ဒီမှာလေ...”
ပန်းတစ်ပွင့် ခူးပြီး အကိုင်းမှာ ပါလာတဲ့ အစေးကို ပြတော့မှ သစ် ခေါင်းညိတ်ပြီး ထပ်ကိုင်ကြည့်မိသည်...။
“ဒါဘာလည်း..”
“ဒါတော့ မသိဘူး..သခင်လေး စင်ကာပူက ပို့ပေးတာပါ...လိပ်ပြာပန်းပဲ အလွယ်ခေါ်လိုက်တယ်..”
ပန်းမှာ ရောင်စုံတွေပါပြီး အမဲ ပြောက်ကလေးတွေကြောင့် လိပ်ပြာနဲ့ တကယ်တူပါသည်..။
“တကယ်တူတယ်..”
ပန်းပွင့်တွေကို စပ်စုနေတုန်း ကိုယ်တော်လေးက အိမ်ပြင်ထွက်လာတာ မင်းသား တစ်ပါးလိုပင်..။
ရှပ် အဖြူက ရင်ဘတ်နေရာမှာ အနက်သုံးစင်းပါပြီး လက်ခေါက်တင်ထားခါ ဘောင်းဘီရှည် အဖြူရောင်နဲ့ သန့်နေသည်..။
အလယ်ခွဲ မဟုတ် ဘေးခွဲ မဟုတ်သည့် ဆံပင်ကို ဘယ်နှနာရီလောက် အချိန်ယူ ပုံသွင်းခဲ့လို့လည်း မသိ ..မော်ဒယ်တွေတောင် သူ့လောက် ဆံပင်ပုံကျမယ် မထင်...။
“ဘုန်းမင်း..”
သူ့အသံ တိုးတိုးလေးကို ကြားလောက်အောင် တပည့်ကျော်တွေက ဘယ်လို အာရုံစိုက်နေတာလည်း အံသြရသည်..။
အိတ်တစ်လုံး ကိုင်ပြီး ပြေးလာတော့ အလုပ်လား အပြင်လား သိချင်တာနဲ့ အနားလျှောက်သွားလိုက်သည်..။
“ဘယ်ကိုလည်း မောင်...”
သစ် ကို မြင်တာနဲ့ မျက်မှောင်ကြီး ကြုတ်ပစ်လိုက်ပြီး  သူ့ တပည့်လှမ်းပေးတဲ့ အိတ်ကို ဆောင့်ဆွဲယူရင်း အလိုမကျမှု ကို ဖော်ပြသည်..။
သူ့ အနား ပတ်ဝန်းကျင်မှာ လွှမ်းခြုံနေတာ ဘာရေမွှေးနံ့မှန်းမသိရပေမဲ့ အကောင်းစားရေမွှေးဆိုတာ စိတ်ထဲက ခန့်မှန်းလို့ရသည်။...
“ဘယ်ကိုလည်းလို့...”
“အလုပ်..”
“သြော်..စောစော...ပြန်လာနော် မောင်...”
“အဖြူပဲထုတ်..”
သစ် စကားကို တုန့်ပြန်ပြောမနေပဲ သူ့တပည့်ကို  ကားအဖြူ ထုတ်ခိုင်းလိုက်တော့ တပည့်လုပ်သူက  တံခါးကို ရီမုနဲ့ ဖွင့်လိုက်တာ အထဲမှာ ကားလေးစီးတောင်...။
“အဖြူ...အဖြူ က...ဘာလည်း..အာအေအန်..”
ကားစက်ဖုံးက စာတန်းကို သစ် တစ်လုံးချင်းဖတ်နေတာ စိတ်မရှည်သလို မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်တော့ ရယ်ပြလိုက်ရသည်..။
“Range Rover Sport..”
“သြော်...လန်ခရုဇာလောက် မမိုက်ဘူးနော် နှိမ့်တယ်...မောင် ကားလေးစီးစလုံးရောင်းပြီး လန်ခရုစာ တစ်စီးလောက်၀ယ်ပါလား မောင်ရယ်..”
“ဒါ လေးထောင်ကျော်တယ်.. ...”
“အိုး..တန်လိုက်တာ...လေးထောင်ဆို တစ်ထောင်ပိုတာ မောင့်အတွက် ကေ်ာဖီ တစ်ခွက်ရမယ်..”
“ကျစ်..”
စကားကောင်းပြန်ပြောလိုက်ချိန် သစ် က ဖောက်လိုက်တော့ ပြေကျလက်စ မျက်ခုံးက ပြန်ပြီး တွန့်လိမ်တက်သွားသည်..။
ကား အဖြူရှေ့မှာ ထိုးရပ်လိုက်တာနဲ့ တံခါးဖွင့်ပြီး တက်ဖို့လုပ်ချိန် သစ် လက်ကို ဆွဲလိုက်တော့ ပြန်ကြည့်သည်..။
“မောင် ဟို ကား အနက်လေး စီးပါလား  Discovery လေ..”
“ဘာဖြစ်လို့လည်း..”
“မောင် က မရဲ့ Very  လေ...ဟဲ..ဟဲ..”
မျက်နှာတင်းပြီး လက်ကိုဆောင့်ဖြုတ်ခါ ကားပေါ် ရောက်သွားတော့ သစ် တာ့တာပြလိုက်ရင်း ရယ်မိတာ မရပ်နိုင်...။
အာခေါင်တွေ စပ်နေပြီးလား မောင်....တောက် ..တောက်...နဲ့ တဖြည်းဖြည်း အာခေါင်တွေ ပါးလာတော့မှာပဲ..ဟား..ဟား...။
“ဟူး...ဘာမှန်းကို မသိသေးဘူး..”
“ဟဲ..ဟဲ...စတွေ့ကတည်း က ဒီလိုပဲ...”
ဘုန်းမင်းစကားကြောင့် ဗီဂါ မျက်မှုန်ကြုတ်မိရင်း ဘေးကို လှည့်ကြည့်ခါ..
“ဘုန်းမင်း...”
“ခင်ဗျာ..”
“ငါ ဘာဖြစ်နေလည်း မင်းသိလား..”
“ဟုတ်...ဟုတ်ကဲ့...”
“ဒါတွေ မင်းကြောင့် ဖြစ်လာရတာ...ငါ့ ဒေါသက မင်းကို မေ့နေတာ ကျေးဇူးတင်..”
‘ကျေးဇူးတင်ပါတယ်..သခင်လေး..”
“ဟူး..ဒီမိန်းမကို ဘယ်လို လုပ်ရပါ့မလည်း...”
“ဘာကိုလည်း သခင်လေးရဲ့..”
“ ဗီဒီယို တစ်ခု ကိုင်ထားပြိး ငါ့ကို မခန့်လေးစား လုပ်နေတယ်လေ..”
“သြော်...ဒါများ...မယားနေစ ကြောင်သေမှတဲ့..နည်းနည်း ခြောက်ပေးလိုက်ပေါ့..”
ဗီဂါ ကြောင်သတ်ပြရမယ် ဆိုတော့ နည်းနည်း အဆင်မပြေ ဖြစ်နေရသည်...။
“ကြောင်တော့ မသတ်ချင်ပါဘူးကွာ...”
“ဟား..ဟား...သခင်လေးရယ်...တကယ့် ကြောင် မသတ်ခိုင်းပါဘူး..ကြောက်အောင် ခြောက်ခိုင်းတာပါ”
ဗီဂါ ခါးကို လျော့ရဲရဲ မှီထားရာမှ ဆတ်ကနဲ့ မတ်ထိုင်လိုက်ရသည်...။
အကြံတွေ ညဏ်တွေဆိုတာ နှစ်ယောက်ပေ့ါင်းရင် တစ်မျိုးကောင်းလာနိုင်သည်လေ...။
“ဘုန်းမင်း..သူ ဘာကြောက်လည်း.”
“ဟင် ကျွန်တော်က တစ်ခါတည်း စကားပြောဖူးတာ သခင်လေး က သူနဲ့ သုံးလနီးပါးအတူနေတာလေ..ကျွန်တော့် ပြန်မေးနေတယ်..သူ ဘာကြောက်လည်း သခင်လေး.. မသိဘူးလား....”
ဗီဂါ စိတ်ညစ်ရင်း ကျစ်တစ်ချက်သပ်ခါ လမ်းဘက်ကိုသာ ငေးကြည့်နေလိုက်သည်..။
သူ ကြောက်အောင် လုပ်လို့ ဗီဒီယိုတွေ နဲ့ ချိန်းခြောက်နေတဲ့ ကိစ္စ ဘယ်လိုရှင်းမလည်း..။
အကြမ်းနည်းဆိုရင် ခြိမ်းခြောက်စရာတွေ ဖြစ်လာတော့....
အနုနည်းနဲ့ ကြောက်အောင် လုပ်ရမယ်ဆိုတော့.....။
ဒေါ်သစ်ရွက် ကြောက်တာ ဘာပါလိမ့်....။
“သခင်လေး..”
“ဟမ်..”
“မသိဘူးလေ...တစ်ယောက်တည်း ပြုံးနေလို့..”
“ကျစ်..စကားများလိုက်တာကွာ....”
ဘုန်းမင်းကို ဟောက်လိုက်ပြီး ဗီဂါ လိုအပ်မဲ့ အစီအစဉ်တွေကို ဦးနှောက်နဲ့ လိုက်ဆွဲနေလိုက်သည်..။
.
“မ...ဘယ်မှာလည်း...”
“လွဲနေပြီ..”
အိမ်ခန်း တစ်ခုစာ ကျယ်တဲ့ ရေချိုးခန်းထဲရောက်နေတုန်း အသံကြားလိုက်ရတော့ သစ် လက်ထဲက ဆပ်ပြာတောင် ချော်ကျသွားရသည်...။
“မ ရေ...”
“သေပြီပဲ..”
သစ်တိုးတိုး ရေရွတ်ရင်း အခန်းပြင် ထွက်ဖို့တောင် စိတ်ထဲက ကြောက်လာသလိုလို ရှိသည်..။
“မ..အထဲမှာလား..”
“အင်း..”
“ထွက်လာခဲ့ ပြော စရာရှိလို့..”
မှန်တံခါးကို  ထပ်ခေါက်တော့ သစ် မနေနိုင်တာနဲ့ ထွက်လာခဲ့ရသည်..။
“ဘာလည်း..”
“မ ကို မတွေ့ရလို့ လိုက်ရှာနေတာ...မ မျက်နှာလေး မြင်ရမှ အမောပြေသွားတယ်..”
ဒီ လို အပြုံးတုတွေ သူ့ဆီမှာ ကျန်သေးတာ သစ် အံသြရင်း မနေနိုင်တာနဲ့
“နင် ဘာတွေ ကြံစည်နေတာလည်း..”
“ဘာမှ မကြံဘူး...လာ ထမင်း သွားစားမယ်..”
သစ် ပခုံးကို ဆွဲဖက်ပြီး လှေကားဆီကို ခေါ်သွားတာ ရုန်းလို့လည်း မလွတ်ပေး...တစ်ခုခုတော့ ကြံနေပါပြီ...။
“ထိုင် မ..”
ပခုံးနှစ်ဖက် ကိုင်ပြီး ကုလားထိုင်မှာ နေရာချပေးတော့ ကောင်မလေးတွေက ပြုးကျယ်ကျယ် မျက်လုံးတွေနဲ့ စိတ်၀င်တစားကြည့်နေကြသည်..။
“မ...ဘာစားမှာလည်း...သြော်..သြော်...သိတယ်....ငါးကြော်နဲ့...မုန့်ညှင်းကြော်...ဟုတ်တယ်နော်.. .မောင် မမေ့ပါဘူး..”
ကောင်မလေး နှစ်ယောက် ခေါင်းညိတ်ပြီး ထွက်သွားတော့ သစ် မျက်လုံးပြူးပြီး ကြည့်လိုက်တာ ရယ်ပြနေပြန်သည်..။
“နေကောင်းရဲ့လား..”
သစ် သူ့နဖူးကို စမ်းကြည့်လိုက်တော့ လက်ကို ပြန်ဆွဲချပြီး ဆုပ်ကိုင်ထားတာ မနည်းရုန်းမှ လွတ်ပေးတော့သည်..။
“နင့်ဆီမှာ ဝိညာဉ် နှစ်ကောင်များ ပူးနေတာလား..”
“ဖြစ်နိုင်တယ်..”
“ငါတော့ မယုံပါဘူး..”
သစ် မျက်ခုံးတွန့်ပြီး ခေါင်းရမ်းပြောလိုက်တော့ ဒင်းက ပြုံးပြန်ပြီ..ကလိမ် ကကျစ် အပြုံးမျိုး....။
လွဲနေတာတော့ သေချာပါပြီ...။
အဆိပ်တွေ ဘာတွေ များခပ်သတ်မလို့လား...။
“ရပါပြီ..သခင်လေး အတွက် ကြက်သားလုံး နဲ့ ပုစွန်ပေါင်း..လိုအပ်တာများ ရှိသေးလားရှင်..”
“မရှိတော့ဘူး...သိုင့်ခ်..”
အပြုံးတဝေ၀ နဲ့ ပန်းကန်တွေကို လက်လွဲယူပြီး သစ် ရှေ့မှာ ချပေးနေတော့ စိတ်ထဲ အလိုမကျ ဖြစ်လာသည်...။
“မောင်...”
“ဟင်..ပြောပါ.မ...”
ကိုင်လက်စ ဇွန်းကို ပြန်ချပြီး စိတ်၀င်တစား နားထောင်ပြတော့..သစ် နှုတ်ခမ်းတွန့်ပြုံးပြီး...
“မောင့် ကို အလုပ်က ၀န်ထမ်းတွေက ဘယ်လိုခေါ်လည်း..”
“ဆရာလို့ ခေါ်တယ်...”
“ဒါဆို..အိမ်က လူတွေကိုလည်း ဆရာလို့ပဲ ခေါ်ခိုင်းပါလား...သခင်လေး...သခင်လေး နဲ့ မသိရင် အရင်းရှင် ခေတ်ပြန်ရောက်နေသလိုပဲ...”
“မ..က မကြိုက်လို့လား..”
“နားထောင်လို့မှ အဆင်မပြေတာ..”
“အိုကေ....ဘုန်းမင်း..”
“ပြောပါ သခင်လေး...”
“မင်းကလည်း...”
သူ့ဘေးက တပည့်ကို အလိုမကျစွာ မျက်မှောင်ကြုတ်ကြည့်ပြီး သစ် ဘက်ကိုလည်း လှည့်ပြုံးပြသေးသည်..။
“ဒီနေ့က စပြီး သခင်လေး မခေါ်ရတော့ဘူး..”
“ခင်ဗျာ...”
“အားလုံးကို သတိပေးလိုက်...ဆရာပဲခေါ်...ကြားတယ်နော်...”
“ဟုတ်ကဲ့....သခင်...အဲ ဆရာ..”
“ကဲ မ ကျေနပ်ပြီလား...”
ဘာတွေမှန်း မသိသေးလို့ ပန်းကန်ကိုသာ ငုံ့ကြည့်ပြီး ထမင်းစားနေလိုက်တာ...ရင်တောင် ပြည့်ချင်လာပြီ...။
“မောင့် ပန်းကန်ထဲက ဘယ်လိုလည်း..”
၀န်ထမ်း ကောင်မလေးတွေက မနက်က ကိစ္စကြောင့် သစ်ကို မျက်လုံးပြုးကြည့်နေကြပေမဲ့ သူကတော့ ဇွန်း နဲ့ ခပ်ပြီး လက်လှမ်းလာသည်..။
“ဘာလည်း..”
“ဟလေ...မ ...စားကြည့်ဖို့....ခွံနေတာ...”
သစ် မျက်လုံးထောင့်ကပ်ပြီး သွားဖြဲလို့ ရယ်ပြလိုက်ပေမဲ့ ဇွန်းက ရှေ့တိုးလာတော့  စားလိုက်ရတော့သည်..။
“ကောင်းလား..မ..”
“အင်း..”
“ဒါဆို လဲစားမယ်လေ...”
“သခင်လေး..အဲ..ဆရာ သပ်သပ် ထပ်လုပ်..”
သူ လက်ထောင်ပြလိုက်လို့ ကောင်မလေးက ပါးစပ်ပိတ်သွားပေမဲ့ သစ်ကတော့ ပြောချင်နေသည်..။
“..မ ဟင်းတွေ မောင်စားကြည့်မယ်...မောင် လက်ရာကိုတော့ ဘယ်မှိမလည်းနော်...”
“အေး..”
သစ် ဖြစ်သလို ခေါင်းညိတ်ပြီး ရှေ့က ပန်းကန်ထဲက ရှိတာကိုသာ သုံးလေးဇွန်း ဆက်တိုက် ခပ်စားလိုက်ရသည်..။
“တော်ပြီ..”
“အိုး..နည်းနည်းလေး..မ...ဘာဖြစ်လို့လည်း..စားမကောင်းဘူးလား..”
“ကောင်းတယ်...ဝြပီ..”
“ဟင်..နေကောင်းရဲ့လား..”
သစ် နဖူးပေါ်လက်တင်စမ်းလိုက်တော့ လက်ကို အတင်းဆွဲချပြီး ရယ်နေရတာ ရုပ်ရှင် မင်းသမီး ဘ၀ ရောက်နေသလိုပင်...။
ထမင်းစားပြီး အခန်းထဲ ၀င်ခါ လပ်တော့ပ်ရှေ့ထိုင်ရုံ ရှိသေး တံခါးပွင့်ပြီး ၀င်လာတာ သခင်လေး..။
“ဘာလည်း..”
“ဟင်..မ ပဲ..ဒီမှာ အိပ်ရမယ်လို့ ပြောပြီး..”
“သြော်..အေး...မအိပ်သေးဘူးလေ...”
“မောင် အိပ်ချင်ပြီ...”
“အေး..အိပ်လေ...ထမင်းစားထားတာ...
မကြာသေးဘူးမလား..”
“၁နာရီနဲ့ ဆယ်နှစ့် မိနစ် ရှိပါပြီဗျ...”
“အတိအက်ျကီး..”
“မ နဲ့ ဝေးနေရတာ အဲလောက်ကြာသွားပြီလေ...”
“အိပ်ချင်လည်း အိပ်...ငါ FTP လုပ်မလို့...”
“မလိုဘူးလေ...”
“သိတယ်...ဒါပေမဲ့ မေ့သွားမှာစိုးလို့...”
“ဟုတ်တယ်...မေ့မှာ စိုးရိမ်ရတာတစ်ခု ရှိသေးတယ်...”
သစ် မျက်လုံးလှန်ကြည့်လိုက်တော့ သူက ပြုံးတေ့တေ့ ဖြင့် မျက်ခုံးတွန့်ပြသည်...။
လက်ကို ဆွဲယူတော့ သစ်လည်း ကြောင်တောင်တောင် နဲ့ ထလိုက်ရသည်လေ...။
ကုတင်နားကို ဆွဲခေါ်လာပြီး ပခုံးကို သပ်လိုက် လည်ပင်းကို ပွတ်လိုက်လုပ်နေတာ ဘာရူးတာပါလိမ့်တွေးနေဆဲ.....။
“ဟင်...နင်...လွတ်စမ်း..”
“မလွတ်ဘူး..”
“ဗီဂါ....လွတ်လို့ ပြောနေတယ်နော်...”
သစ် နောက်ကိုလှည့်မရအောင် အတင်း ချူပ်ထားပြီး လည်ဂုတ်မှာ မျက်နှာအပ်နေတာ ဒေါသဖြစ်လာရသည်..။
“ဗီဂါ...လွတ်...”
“နိုး..”
“ရတယ်လေ....”
“အ...”
ဗီဂါ မျက်လုံးပြူးပြီး လေထဲ လွင့်သွားရတာသာ သိလိုက်သည်...။
ကြမ်းပြင်ပေါ် ပြုတ်ကျချိန် ခါးနေရာက စူးနာသွားပြီး နာကျင်မှုကို တစ်ကိုယ်လုံးခံစားလိုက်ရသည်..။
“အ..သေပြီ....ခင်ဗျား....ခင်ဗျား... ဘယ်သူလည်း...”
ရှေ့ ခြေလှမ်း တိုးလာတော့ ဗီဂါ အသည်းအသန်နောက်ရွေ့ရင်း မေးလိုက်မိသည်..။
“အဘွားကြီး နထုံ နအ မကြီး...အရူးအပေါမကြီး.. ...ဒေါ်ရွက်သစ်ဝေပါရှင်...”
“ခင်ဗျား ကျွန်တော့် ကို ဘယ်လို လုပ်လိုက်တာလည်း..အ...”
“ငါလည်း သည်းခံမလို့ပဲ..နင်က အသားယူတော့ ဒေါသထွက်သွားလို့ပါ...”
“ဘယ်လို လုပ်လိုက်တာလည်း..လက်ဆွဲ ပစ်လိုက်တာလား..”
မျက်နှာတစ်ခုလုံး ရှုံ့မဲ့ ညီးတွားပြီး မယုံနိုင် သလို စပ်စုနေတော့ ရယ်ချင်စရာရုပ်လေး ဖြစ်နေသည်..။
“နပန်း သမား လို ကိုင်ပေါက်လိုက်တာလေ...”
“ဟမ်...ခင်ဗျား ကိုင်ပေါက်လိုက်တာ...”
“ဟုတ်ကဲ့...”
“ကျွန်တော့် ကိုယ်ကို ..ကိုင်ပေါက်နိုင်တယ်..”
“ရှင် ကပိန်တာကိုး..”
“မယုံဘူး..”
“မယုံရင် နောက်တစ်ခါ လုပ်ပြမယ်..”
သစ် ရှေ့တိုးသွားတော့ ပျာပျာသလဲ ကုန်းထပြီး ပြန်ထိုင်ကျသွားခါ မျက်လုံး စုံမှိတ်ရင်း ခါးကို တစ်ဖက် က ကိုင်ထားသည်...။
“အ....အ...သေပြီ...ခင်ဗျား တကယ် ကိုင်ပေါက်တာ...”
“ယုံပြီလား..သွား ဘေးက ဆိုဖာမှာ အိပ်..”
“ဟမ်...”
မယုံနိုင်သလို မျက်လုံးပြူးပြီး ကြည့်တော့ သစ် မေးငေါ့ ပြလိုက်ချိန် ဟန်ဆောင်မှု ကင်းသော မျက်ခုံးတွန့်လေး ပြန်ပေါ်လာသည်..။
“ခင်ဗျား အိပ်ပါလား..”
“မအိပ်ဘူး..”
“ကျွန်တော်လည်း မအိပ်နိုင်ဘူး..အောက်ခန်းကို သွားမယ်..”
တံခါးဆီ လက်ရောက်တော့ သစ် သူ့ လက်ကို ဆုပ် ဖျစ်လိုက်တာ ပခုံးတွန့်တက်သွားပြီး..
“အ..အ...သေပြီ..သေ...အင်း..မသွားဘူး..”
စူပုတ်ပုတ် ရုပ်နဲ့ ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး ဖုန်းခွက်ဆီ လက်ရောက်တော့ သစ် ဒိတိုင်းကြည့်နေလိုက်သည်..။
“ဟလို....ဆရာ..”
“ဘုန်းမင်း....ငါ့လာခေါ်..”
သစ် ကုတင်အနားကို ခပ်မြန်မြန်ရောက်သွားပြီး လက်ကို နောက်ပြန် လှန်လိမ်လိုက်တော့
“အ...အ....ငါသေပြီ...လာခေါ်...”
“ဟင်..ဆရာ ဘာဖြစ်တာလည်း..”
“အို..မောင် ကလည်း...ဒီကိစ္စ ဘာလို့..လျှောက်ပြောနေတာလည်း..”
“အ.....အ......ဘုန်းမင်း...မင်းလာခေါ်ဆို...”
“ဟာ...ရှက်စရာကြီး မောင်ရယ်...ဖုန်းချလိုက်ပါ...”
“ဟုတ်ပါတယ်..ဆရာရယ်...ဒီကိစ္စတော့ ..ကျွန်တော်လည်း...လုပ်ပေးလို့ မရဘူး..”
“မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူးကွ...လာခေါ်စမ်းပါ...လူတွေခေါ်ပြီး လာခဲ့...”
စိတ်မရှည်သလို လက် တစ်ဖက်က ခေါင်းအုံးကို ထုရိုက်ရင်း သူ့ အသံ ကို မြှင့်ပြီး သေချာအောင်ပြောနေပြန်သည်...။
သစ်ဖုန်းအနားကို တိုးသွားလိုက်ပြီး...။
“မောင်ကလည်း...”
“အ...သေ...သေ...သေပါပြီ.....တော်ပြီ..တော်ပြီ...ချလိုက်ပြီ...”
“ဟဲ..ဟဲ...ဆရာတို့ကလည်း...ကဲလိုက်တာ...”
ဘုန်းမင်း ရယ်သံကြီးက ဗီဂါ နားထဲ သံရည်ပူတွေလို ပူလောင်သွားရသည်..။
လက်ပြန်ချူပ်ကိုင်ထားတဲ့ လက်တွေ လျော့သွားတော့မှ ပခုံးနေရာက နာနေတာ လျော့သွားတော့သည်..။
“ခင်ဗျား..”
“ဆောရီး...ဗီဂါ...ငါ့ကို အသားမယူနဲ့...နင် ငါ့ အသားကိုထိလိုက်ရင် ငါ သစ္စာဖောက်ခံရသလိုပဲ...ဒေါသထွက်လွန်းလို့...”
ခါးကို လက်ဖိပြီး နေရာတကျ ပြန်ပြင်ထိုင်ခါ မယုံနိုင်ခြင်းနဲ့ အတူ မေးခွန်းတွေ ရှိလာသည်..။
“ခင်ဗျား ဘယ်တုန်းက ဒါတွေ တက်တာလည်း..”
“နင် နဲ့ ပြေးလွားခဲ့ပြီး နောက်ပိုင်းပေါ့..”
“ဟင်...”
“ဟုတ်တယ်...ငါ ပါးရိုက်ခံရတာလေ...မှတ်မိလား..”
မှတ်မိတာပေါ့ ဗီဂါ ကိုယ်တိုင် သုံးချက်လောက် ထိုးပစ်ခဲ့တဲ့ ကျွဲကြီး ဆိုတဲ့ကောင်....။
“အဲ အချိန် ကတည်းက သင်လိုက်တာ...မကြီးမငယ်နဲ့ မို့ထိန်းသင်ရတာ...ဆရာကလည်း အားပေးရှာတယ်...ကျိုးရင် စတီးရိုး ထည့်လို့ရတယ်တဲ့...ကံကောင်းလို့ ခုထိတော့ မကျိုးသေးဘူး..”
“ခင်ဗျား မကျိုးပေမဲ့..ကျွန်တော် ကျိုးပြီ...”
“ဆောရီး...ဆေးပူ ရှိလား လိမ်းပေးမယ်...”
“မလိုဘူး..”
“မနက်ကျရင် ပိုနာနေလိမ့်မယ်...”
“အောက်က အံဆွဲထဲမှာ....”
သစ် သူ အိပ်နေတဲ့ ကုတင်အောက်ဘက် အံဆွဲထဲက ဆေးသေတ္တာကို ဆွဲထုတ်ပြီး ပလတ်စတာ ရှာလိုက်သည်..။
“ဖယ်...ငါကပ်ပေးမယ်..မှောက်...”
“ကျစ် ...ရတယ်...”
“ဘုန်းမင်း..”
“ဘုန်းမင်း မဟုတ်ဘူး...ဗီဂါ..ဗီ...ဂါ...”
“ဟဲ..ဟဲ..မေ့သွားလို့...စိတ်ကြီးလိုက်တာ..ဗီဂါရေ...မှောက်လိုက်..”
ကုတင်ပေါ်မှောက်လိုက်ချိန် သူ့အကျီ င်္ကို လှန်လိုက်တာ လက်နဲ့ အတင်းဆွဲချနေပြန်သည်..။
“ဒီနားလား..”
“အ...အ....ဟုတ်တယ်..မဖိနဲ့လေ..”
“ကျိုးကုန်ပလား..မသိဘူး..”
“ကျိုးကုန်ရင် ခင်ဗျား သေပြီပဲ..လူမိုက်ငှားပြီးကို ရိုက်ခိုင်းမယ်...”
နာတဲ့ နေရာအကုန် ပလတ်စတာတွေ လိုက်ကပ်ပေးလိုက်ပြီး  သဌေးသား နုနုဖက်ဖက် ကလေးကို ဆောင့်တွန်းပြီး ခါးချိုးမိတာ စိတ်ထဲ သနားတာနဲ့..
“နင်..ဒီည ဒီမှာ အိပ်လိုက်ပေါ့...”
“အမ်း...”
“ငါ ဟိုဘက်က ဆိုဖာမှာ ရှိမယ်...”
“အ..”
“ဂွဒ်နိုက်...မောင်......”
“တောက်...”
“ဟဲ..ဟဲ....မောင်တော့...အာခေါင်ခြောက်လို့ ရေထသောက်နေရအုံးမယ်...တောက်မခတ်နဲ့ မောင် က နွားကျောင်းသားကြီး ကျနေတာပဲ...အဟက်...”
“ကျေးဇူးပြုပြီး ပါးစပ် ပိတ်ထားပါဗျာ...”
“အိုကေ...အိုကေ...ဘိုင်...”
သစ် မီးရောင်လျော့ချလိုက်ပြီး  သနားသော အားဖြင့် စောင်ခြုံပေးခဲ့ခါ လပ်တော့ပ်ဆီ ပြန်ရောက်လာခဲ့ရသည်..။
ဘယ်လိုတွေ ဒုက္ခ ပေး လို့ ရသေးလည်း ရှာရဖွေရ ကြံဆရအုံးမည်လေ..။

☆✼★━━━━━━━━━━━━★✼☆。

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Tahanan ng mga kuwento. Tumuklas ngayon