1543
အပိုင်း (၈)
#1543“အ...”
သစ် ခေါင်းထဲ နောက်ကျိစွာ နိုးထလာတော့ မျက်လုံးမဖွင့် ခင် ည က အဖြစ်အပျက်ကို မြင်ယောင်မိတော့ ရင်ခုန် လာရပြန်သည်..။
မကြီးမငယ် နဲ့ အတွေ့ကို မရှောင်နိုင်တာ ရှက်စရာကြီး...။
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နာရီ ဆီ အကြည့်ရောက်သွားတော့ ၁၁ နာရီ ဖြစ်နေပြီ...။
“အမလေး...ရုံးနောက်ကျပြီ..”
သစ် ကုတင်ပေါ်က ထလိုက်တော့ အ၀တ်အစားတွေ လည်း ပုံမပျက်ပဲ ဒီတိုင်း ...
တော်ပါသေးရဲ့..ညက ကတုန်ကယင်တွေ ဖြစ်ပြီး သတိလစ်သွားတာလား...ဘာလား..
လည်ပင်းနေရာနွေးကနဲ့ ပြန်ခံစားရတော့ သစ် ပြုံးလိုက်မိသည်..။
“မောင်..”
စောင်တွေ ဆွဲဖယ်ပြီး အခန်းထဲက ထွက်လာရင်း ခေါ်လိုက်မိပေမဲ့ ပြန်ထူးသံ မလာ...။
“မောင်....”
“ဟောတော့...ဘယ်သွား ပြန်တာလည်း..”
မီးဖိုခန်းထဲမှာလည်း မရှိတော့ စျေးသွားတာလား..ပစ္စည်းဆင်း၀ယ်တာလား...။
ရုံးလည်း မမှီတော့လို့ လန်းသွားအောင် မျက်နှာ သစ်ရင်း ရေပါ တစ်ခါတည်း ချိုးလိုက်သည်..။
တာဝါ မေ့ခဲ့တော့ မောင် ကို သတိရပြီး ခေါ်ဖို့ ရွယ်ပြီး ခါမှ ရေစိုအတိုင်း ထွက်လာခဲ့ရသည်..။
“ကြာလိုက်တာ..”
သစ် အ၀တ်အစားလဲပြီး မီးဖိုခန်း ပြန်ရောက်တဲ့ အထိ မောင်က ပြန်မလာသေး...။
စားဖို့ သောက်ဖို့ လည်း စားပွဲ ပေါ်မှာ ဘာမှ ရှိမနေ...။
မဟုတ်သေးပါဘူး....။
သစ် အခန်းထဲ ပြန်၀င်ပြီး ကြည့်လိုက်တော့ တစ်ခုခုတော့ လွဲနေပြီ...။
“အမလေး....”
USB နဲ့ အတူ အပိုထားတဲ့ SSD disk ပါ မတွေ့တော့ သစ် ခေါင်းကြီးသွားရသည်..။
“ကုန်ပြီ...ကုန်ပြီ...ခွေးသူတောင်းစား...မသာ..တေချင်းဆိုးကြီး....တောက်...”
ကြောင်ရပ်နေရာက ကွန်ပျူတာဆီ ပြေးသွားပြီး စစ်ကြည့်တော့ attck လုပ်သွားသေးသည်..။
ဒီလောက်မွှေဖို့ အချိန်ရအောင် သေနေမိတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်မိရင်း မရိုးသားသော တိုက်ဆိုင်မှုတွေ ရုပ်လုံးပေါ်လာရသည်..။
“ကြီးကြီး ရေ...လာကြည့်လှည့်ပါ...မသာလေး....အဟင့်...သေတော့မှာပဲ...”
ဖွင့်ထားတဲ့ နုတ်ထဲ ၀င်ကြည့်လိုက်တော့ lDl07 ဆိုတဲ့ စကားလုံးအမဲကြီး တွေက ထင်းလို့.....။
ဒီတိုင်းကြည့်ရင်တော့ ဘာတွေမှန်း မသိနိုင်ပေမဲ့ 1337 ဘာသာစကား ကို ပြန်လိုက်ရင်တော့...IDIOT
“ငါ့ က ငထုံ ငအ ပေါ့လေ...နင်တော့ အမှားကြီးကြီး လုပ်မိပြီ...”
သစ် ကြုံးဝါးလိုက်ရင်း စားပွဲခုံ ဘောင်ကို လက်နဲ့ တုချပစ်လိုက်ရသည်..။
သောက်ကြောထပြီး မကြီးမငယ်ယွချင်တာ ...။
“အပြစ် မမြင်ပါဘူး...ချစ်ချင်တာပဲ သိတယ်..အိုး...”
“အား...မုန်းဖို့ ကောင်းလိုက်တဲ့ သီချင်း..”
“ဟလို....”
“ဟုတ်ပါတယ်...ဆရာရယ်....ဖျားနေလို့ပါ...”
အသံကို အတင်နိုင်ဆုံး ပြောင်းလဲ ပြီး ပြောနေရတာ မျက်လုံးတွေတောင် မှေးကျချင်လာပြီ...။
“ဟုတ်ကဲ့ပါ မနက်ဖြန်တော့ ပြန်ကောင်းမှာပါ...စိုးပြည့် ဒီနေ့ အလုပ်ဆင်းလား....”
“သြော်..ဟဲ..ဟဲ....သိပါတယ်...ဆရာရဲ့...တကယ်ဖျားတာပါ..ဟီး...ဟီး....ဟန်ဆောင်ပန်ဆောင် မဟုတ်ပါဘူး...ဟီး...တကယ်ပါ...ဟဲဟဲ...ဒါပဲနော် ဆရာ...”
ဒီလောက် စပ်ဖြဲဖြဲ လုပ်နေရတဲ့ ဘ၀ကိုလည်း တစ်ခါ တစ်ခါ မုန်းလာပြီ..။
ကိုယ့်က တည်တည်ငြိမ်ငြိမ် နေချင်ပေမဲ့ တူးလိုက်ဖ် တူးတိုက်ဖ် နေနိုင်တဲ့ အရည်အချင်းက မွေးရာပါမို့ ဘ၀နှစ်မျိုး နေရတာလည်း ပျော်ပါသည်..။
လူတိုင်းမှာ ဖြစ်နေတဲ့ ဘ၀နဲ့ ဖြစ်ချင်တဲက ဘဝတွေ ရှိတယ်...။
ဒီလို ဘ၀နှစ်ခုစလုံး ကို ပိုင်ဆိုင်ဖို့ ဆိုတာ ကံကောင်းလွန်းမှ ရတာမလား..
သစ်တောင် ဒီလို ဖြစ်အောင် အချိန်တွေ အများကြီး ကြိုးစားခဲ့ရတာလေ...
ဖြစ်သင့်တဲ့ အရောင်း၀န်ထမ်းကောင်းလေး မျက်နှာချို သဘောကောင်း ဟာဒရ ၀ဇီ ရွှင်တဲ့ အပျိုကြီး ရွက်သစ်ဝေ ဘ၀ရယ်...။
ဟက်ကင်း ပညာလေ့လာနေဆဲ စီနီယာတွေကို ကျော်တက်ပြီး ခပ်ပြတ်ပြတ် ခပ်ချေချေ စတိုင် ပုံသဏ္ဍန်ခန့်မှန်းလို့ မရနိုင်တဲ့ ဗီးနက်စ် ဘ၀ရယ်...။
သစ် ဘ၀ နှစ်ခုကို တွဲသိတာ အခုဆို လူလောကမှာ တစ်ယောက် ရှိလာပြီ..။
ဒါက သစ် အတွက် အန္တရယ် ဖြစ်လာနိုင်သလား...ဒါမှ မဟုတ်...။
Data တွေ အတွက် သီးသန့် ချည်းကပ်လာတာလား...
အပ်ထားတဲ့ ပစ္စည်း လာပြန်ယူချိန် သစ် မှာ မရှိရင်တော့ အသက်နဲ့ ခန္ဓာ အိုးစားကွဲတော့မယ် ဆိုတာ သေချာနေသည်..။
“ဒေါက်..ဒေါက်....”
“ဒုက္ခပဲ...”
သစ် သတိအနေအထားဖြစ်သွားရပြီး အခန်းထဲက ခြေလှမ်းသွက်သွက် ထွက်လာရသည်..။
တံခါးကိုသတိနဲ့ ဖွင့်ပြီး ဒုတိယ တံခါးပေါက်ကနေ ချောင်းကြည့်လိုက်တော့ ဘယ်သူမှ မတွေ့..။
၀ရန်တာ က ငုံကြည့်လိုက်တေ့ာ ဟိုဘက်တိုက်ရှေ့မှာ ရပ်ထားနေကျ ကားအကောင်းတစ်စီးထဲကို လူတစ်ယောက်၀င်သွားပြီး မောင်းထွက်သွားသည်..။
သစ် တံခါးဆီ ပြန်ချောင်းလိုက်တော့ ဘယ်သူမှ မရှိတာ သေချာလို့ တံခါးကို ခပ် ဟဟ ဖွင့်လိုက်ပြီး ခေါင်းထုတ်ကြည့်မိသည်..။
“ဟင်..”
အညိုရောင် စာအိတ်တစ်ခုနဲ့ အတူ သော့တစ်ချောင်းပါ ချထားတော့ ယူသင့် မယူသင့် စဉ်းစားကြည့်ရသေး၏..။
“ဒေါက်..ဒေါက်...ဒေါက်..”
လှေကားက တက်လာတဲ့ ဖိနပ်သံကြောင့် သစ် အမြန်ကောက်ယူပြီး တံခါးပိတ်လိုက်ရသည်..။
တံခါးကို မှီရပ်ရင်း သော့ကို သေချာကြည့်တော့ ကားသော့ မဟုတ်တာ သေချာနေပြီ..။
စာအိတ်က ချိတ်ကို ဆွဲဖြုတ်ပြီး အထဲက စက္ကူတွေကို ဆွဲထုတ်ကြည့်လိုက်တော့ ဆိုက်ဘာ ချိုးဖောက်မှု သက်သေ စာရွက်တွေ...။
မျက်လုံးပြူး ခေါင်းကြီးပြီး စဉ်းစားမရဖြစ်နေချိန် အထဲက စာရွက်တွေ ထပ်ထုတ်လိုက်တော့ လက်မှတ်ထိုးထားတဲ့ ကွာရှင်းစာချူပ်တစ်ခု နဲ့ ကွန်ပျူတာ စာစီထားတဲ့ စာတစ်စောင်...။
“ဒေါ်ရွက်သစ်ဝေ..ခင်ဗျားအနေနဲ့ မကျေမနပ်ဖြစ်နေမယ်ဆိုတာ သိပါတယ်...တစ်ဖက် က ပြန်ကြည့်ရင် ကျေးဇူးတင်သင့်ပါတယ်...ခင်ဗျားဆီ ရောက်နေတဲ့ ခိုးရာပါ အချက်အလက်တွေကို
အခု မူလ ပိုင်ရှင်ဆီ လွဲပြောင်းပေးလိုက်ပါပြီ...ခင်ဗျားလုံခြုံရေး အတွက် အန္တရယ်ရှိလို့ ကလောမှာ အိမ်တစ်လုံး စီစဉ်ပေးခဲ့ပါတယ်...လွဲပြောင်း စာချူပ်စာတမ်းတွေလည်း ထည့်ပေးထားပါတယ်..ကွာရှင်း စာချူပ်မှာ လက်မှတ်ထိုးပြီး ဘ၀အသစ် စတင်ဖို့ အကြံပေးချင်ပါတယ်.....အရှုပ်ရှင်းတဲ့ ဘ၀မှန်မှာ ပျော်နိုင်ပါစေလို့ ဆန္ဒပြုရင်း ...ဒေါ်ရွက်သစ်ဝေကို ခင်မင်လေးစားသူ..ဘုန်းမင်း..”
“သေလေ...ခင်မင်လေးစား....ဟား..ဟား....ခွေးသတောင်းစား....”
“ကျစ်...ဒုက္ခပဲ...ဒီမှာ မလုံခြုံလို့ တကယ်ပြေးရတော့မှာလား....ကြီးကြီး က ဘယ်လို လုပ်မလည်း...”
“စိတ်တွေဆင်းရဲလိုက်တာ...”
သစ် ခေါင်းကိုသာ တပြင်းပြင်းကုတ်ပြီးစဉ်းစားနေရင်း နိုင်ငံခြားရုပ်ရှင်တွေထဲကလို လူသတ်သမား အိမ်လိုက်လာမှာတွေးမိရင်း ကြက်သီးတွေ ထလာသည်..။
အ၀တ်အစားတွေ အိတ်ထဲ စုပြုံ ထိုးထည့်ပြီး ဂြိုလ်၀င်နေတဲ့ လပ်တော့ပ် နဲ့ ဆက်စပ်ပစ္စည်းတွေပါ သပ်သပ် ထုတ်ပိုးရသည်..။
“ဟလို..”
“ကြီးကြီးလား...သူများပါ...”
“အေး..ဘာဖြစ်လို့လည်း..”
“ဟင်..ဘာမှ ဖြစ်ပါဘူး...”
“မသိဘူးလေ ရုံးချိန်ကြီး ဖုန်းခေါ်လို့..”
သစ်ဖုန်းကို စပီကာဖွင့် မပြောရဲလို့ နားကြပ်ထိုးပြီး တိုးတိုးလေးသာ ပြောနေရသည့် ဘ၀...။
“ဟို..သစ်...”
“ပြော ဘာမွေ ပြန်ပြီလည်း..”
“မမွေ ပါဘူး..မောင်က သူ့မိဘတွေဆီ သွားလည် မလို့တဲ့ အဲဒါ သူများ လိုက်သွားချင်လို့..”
“ကောင်းတာပေါ့..နှစ်ဖက်မိဘတွေ တွေ့ဆုံဖို့ပါ တစ်ခါတည်းပြောလိုက်လေ...”
“ဟုတ်...အဲဒါ ကြီးကြီး ရန်ကုန်တက်လာမှာ စိုးလို့ပါ..”
“သြော်...အေး...ပြန်လာရင် ဖုန်းဆက်လိုက်ပေါ့....”
“ဟုတ်...”
သစ် ဖုန်းချပြီးတာနဲ့ ကားလက်မှတ်ကိစ္စ အလုပ်ရှုပ် ရပြန်၏..။
အိမ်မှာ ရက်ရှည် ခရီးထွက်ရင် ဘယ်လိုတွေ သိမ်းဆည်းထားခဲ့ရမှန်းလည်းမသိ....မီးဖိုခန်း၀င်လာတော့ ဆေးနီတွေနဲ့ မှန်ကို ကြည့်ပြီး ပို ကြောက်လာရသည်..။
မခံတော့မဲ့ စားစရာတွေကို အမှိုက်ခြင်းထဲ တစ်ခါတည်း ထည့် မီးဖိုခန်း ဒုတိယ တံခါးကို ပါသော့ခတ်ရသေးသည်..။
“ဟယ်...မသစ် ဘယ်ကိုလည်း..”
“ဟမ်...သြော်...ကြီးကြီး ဆီ ကို ..”
“ပြန်လာရင် အုန်းသီးမုန့်လေးတွေ သယ်ခဲ့နော်..”
“ဟုတ်ကဲ့...”
တော်တော် စပ်စုတဲ့ ဟာတွေ...သစ် စိတ်ထဲက မကျေမနပ် ရေရွတ်ရင်း မျက်နှာမှာ ဟန်ဆောင် အပြုံးတပ်ထားရသည်..။
ကားစီးနေချိန် တစ်လျှောက်လုံးလည်း မလုံမခြုံ...။
မှင်သေသေ နေပေမဲ့ ဘေးခုံက ရေတိုက်တဲ့ ကောင်မလေးကိုတောင် စိတ်ထဲ မယုံချင်လို့ ခေါင်းရမ်းငြင်းခဲ့ရသည့်ဘ၀...။
“ငါ့ဟာငါ နေတာ အကောင်းသား နင့် ကြောင့် လူထူးထူဆန်းဖြစ်နေရပြီ..ဘုန်းမင်း ရေ....”
တစ်ခါမှ မရောက်ဖူးတဲ့ ဒေသ ကို ရောက်တော့လည်း အလှအပ မခံစားနိုင်ပဲ အိမ်ကို ရှာဖို့ အရေးကြီးနေပြန်သည်..။
တိုက်အိမ် တစ်ထပ် ခြံနဲ့ ၀န်းနဲ့ မို့ စိတ်ထဲ သက်သာရပေမဲ့ လိုက်ပို့တဲ့ သူကိုလည်း မယုံချင်ပြန်ဘူး..။
စိတ်ကူးယဉ် သိပ္ပံ ကားတွေထဲကလို မှတ်ဉာဏ်တွေ ဟက်လို့ရရင် ဟက်လိုက်ချင်ပါရဲ့...။
“အစ်မ..ပစ္စည်းတွေ ခြံထဲ ထည့်မလား..”
“မထည့်ဘူး..အဲမှာပဲချလိုက်..”
“အများကြီး အစ်မ သယ်ဖို့..”
“ဟဲ..ဟဲ...ရတယ်..မောင်လေး..
.ကျေးဇူးတင်ပါတယ်...အစ်မ အမျိုးသားကို စောင့်နေတာ အဲဒါကြောင့်..”
“သြော်..သွားပြီနော်..”
“အေး...တာ့တာ..”
မလုံမလဲ စပ်ဖြဲဖြဲ လုပ်ပြနေတာမှ ပို တစ်လွဲဖြစ်တော့မှာမလား....။
သစ် ခြံထဲ ခြေချလိုက်တာနဲ့ အေးစက်မှု နဲ့ အတူ လှပစွာစီတန်းထားတဲ့ ပန်းမျိုးစုံ ဥယျာဉ်လေးက အိမ်ရှေ့မှာ သာသာယာယာ...။
“နင့်ကို ဒုက္ခပေးရမဲ့ အစီအစဉ်တွေကို နင့်အိမ်မှာ ခဏနေရင်း အချိန်ယူသေချာစဉ်းစားပေးပါမယ်..ဘုန်းမင်း ...”
သစ် နှုတ်ခမ်းမဲ့ ပြုံးပြီး ပစ္စည်း အိတ် နှစ်ခုစလုံးကို ပေါ့ပေါ့ပါးပါး မခါ အိမ်တံခါးဆီ လျှောက်လာခဲ့လိုက်သည်..။
.
“Hey....”
ဗီဂါ ရှေ့က ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်ရင်း ငိုင်နေတုန်း နောက်က မာရီနာ က သိုင်းဖက်လိုက်တော့ အပြုံးနဲ့ အတူ လက်ကို ခပ်ဖွဖွ ပြန်ကိုင်ထား လိုက်သည်..။
“There are Problem...”
“Nop..”
“Ha...Ha....love you...”
“Me too..”
ခေါင်းညိတ်လို့ အပြုံး တစ်ခုနဲ့ အတူ ပါးကို အနမ်းခံလိုက်ရတော့ ဗီဂါ ရင်ခုန်သွားရသည်..။
“တီ..တီ...”
မာရီနာ က အလမ်းသံကြောင့် သူ့လက်ဖြုတ် လိုက်ပြီး ဖုန်းကို ထုတ်ကြည့်သည်..။
ခေါင်းရမ်းပြီး ပြုံးပြရင်း ဗီဂါ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲမော့ယူပြီး အနမ်းကြမ်းကြမ်းပေး ပြန်သည်..။
“Oh...sorry...”
ဒက်ဒီ လက်ထောက် က တံခါးမခေါက်ပဲ ၀င်လာပြီးမှ ပြန်ပြေးတော့သည်..။
“ရပါတယ်...၀င်လာခဲ့..”
မာရီနာက နှုတ်ခမ်းမှာ အပြုံူးတင်လို့ လက်ပြ နှုတ်ဆက်ပြီး ခပ်သွက်သွက် လျှောက်ထွက်သွားသည်..။
“ဒက်ဒီ ခေါ်ခိုင်းတာမလား...လာခဲ့မယ်..”
“ဟုတ်ကဲ့...သခင်လေး...ဟို...”
“ဘာလည်း..”
တံခါး၀မှာ ရပ်ပြီး ပါးစပ်ပြင်လိုက် လက်ကွယ်လိုက်လုပ်နေတော့ စိတ်က မရှည်ချင်...
“ဘာလည်းဗျ...ပြောလေ...”
“နှုတ်ခမ်းမှာပေနေတယ်..”
“ဟမ်...”
ဘေးက အလှဆင် မှန်ကြီးကို ပြေးကြည့်လိုက်မှ ပါးမှာကော နှုတ်ခမ်းမှာရော...အနီသမ်းနေသည်..။
ကျစ်.....အနုကြမ်း...။
တစ်ရှုးသုံးလေးချက် ဆင့်ထုတ်ပြီး ဖိသုတ်ပစ်လိုက်တော့ ဘေးက ကောင် က စိတ်ထဲမှာ ဟားနေလောက် ပြီလေ...။
“သွားနှင့်...”
“ရက်စ်ဆာ...”
“ဟူး...”
ပါးပေါ်က နှုတ်ခမ်းနီ ကို တစ်ရှုးနဲ့ သုတ်ရင်း သတိရမိသွားတာ..အမှတ်မထင် ပါပဲ...။
“အဆင်ပြေရဲ့လား...ပြေမှာပါ...”
တစ်ရှုးကို အမှိုက်တောင်းထဲ ပစ်ထည့်ပြီး ဒက်ဒီ့ဆီကို ထွက်လာခဲ့လိုက်သည်..။
“ဒက်..”
“ဟေး...မင်းကို ဂျိုးဇက်က ကျေးဇူးတွေတင်နေတယ်...မနက်ဖြန် ညနေ ဆေးမိတ်ဆက်ပွဲမှာ မင်းက အထူးဧည့်သည်ပဲ...”
“ဟုတ်ကဲ့...”
ဗီဂါ ခေါင်းညိတ်ပြောရင်း ဒက်ဒီ့ ရှေ့က ဆိုဖာမှာ ပစ်ချ ထိုက်လိုက်မိသည်..။
“ဘယ်လိုဖြစ်တာလည်း ပြန်လာကတည်းက မှိုင်နေတယ်..အလုပ်တွေ အဆင်ပြေရဲ့လား..”
“ပြေပါတယ်..”
ဗီဂါ အတက်နိုင်ဆုံး ပြုံးပြီး ပြောနေရပေမဲ့ အဆင်မပြေတဲ့ ကိုယ့်စိတ်ကိုလည်း ကိုယ်သိနေပါသည်..။
ညှိနှိုင်းလို့ ရရင် ပြောပြချင်ပါတယ်..
လက်ထက်ဖို့ နီးလာခါမှ.ကျွန်တော့် နှလုံးသားထဲ မှာ မာရီနာ မရှိဘူး ဆိုတာ သေချာနေပြီ...။
“မနက်ဖြန် မာရီနာနဲ့သွားရမယ်...မီဒီယာတွေလည်း ရှိတော့ သတင်းပေးပြီးသား ဖြစ်တာပေါ့.. ..ဒါနဲ့..မင်းတို့ အခြေအနေလေး..”
“ဒက်ဒီ ခိုင်းတဲ့ အတိုင်း ပရပို့စ် လုပ်ထားတယ်...သူကလည်း လက်ခံတယ်...စင်တာဖွင့်ပွဲ ပြီးမှ ဝဲဒ်ဒင်း လုပ်ဖြစ်မယ်...”
ဒက်ဒီ က ခေါင်းညိတ်ပြီး ကျေနပ်သွားတဲ့ အပြုံး တစ်ခုနဲ့ အတူ ထောက်ခံ ပြသည်..။
“ကျွန်တော် လက်ထပ်ဖို့ ငယ်သေးတယ်ထင်တယ်နော်..”
“ဟုတ်တာပေါ့...၂၄ ဆိုတာ လူလောကမှာနေတာ ရက် တစ်သောင်းတောင် မပြည့်သေးဘူး...ဒါပေမဲ့ စီးပွားရေးအမြင်အရတော့ မင်း အခုလို မာရီနာနဲ့ လက်ထပ်တာ မရှုံးပါဘူး..သူ့ရှယ်တွေ လည်း များလာပြီလေ..မင်းဘေးမှာ ဘက်စုံတော် အရည်အချင်းရှိတဲ့ ဇနိးမယား လုပ်ဖော် ကိုင်ဖက် ရှိသင့်တယ်လို့ထင်တယ်.”
“ဟုတ်ကဲ့...”
ဒက်ဒီက သူ့အစီအစဉ် တစ်လွဲဖြစ်ရင် သားသမီးလည်း မညှာတက်...။
မိဘက လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်ရင် ဖျက်တဲ့ ခြေထောက်ကိုပါ ရိုက်ချိုးမဲ့ စိတ်ဓာတ်ပိုင်ရှင်မျိုး.ဆိုတာ သိလို့ ဗီဂါ ဆင်ခြေပေးစရာ မရှိတော့ပါ.....။
“မင်း ပြန်လာတာ သုံးလ ရှိပြီ ဟိုက အလုပ်ကို တစ်ချက်တောင် သွားမကြည့်တော့ဘူးလား..”
“ဟိန်းကို နဲ့ လွဲထားလည်း ရတာပဲ ဒက်ဒီ..”
“ရတာတော့ ရတာပေါ့...ဒါပေမဲ့ ခဏတော့ ပြန်မှ ရမယ်...ဆိပ်ကမ်း ကိစ္စ လည်း ရှင်းရအုံးမယ်..”
“ဒါလည်း..”
“အန်ကယ်ညွန်မောင် လုပ်မယ် မပြောနဲ့..မင်းသွား....မိန်းမ မရသေးဘူး...ဟို အလုပ်ရှောင် ဒီအလုပ် မလုပ်ချင် ဖြစ်နေပြီ...”
“ကျွန်တော် မြန်မာ နိုင်ငံ မပြန်ချင်တာပါ..”
“ဘာတွေ ရှုပ်လာလို့လည်း..”
“ဟာ...မဟုတ်ပါဘူး..”
ဗီဂါ ရင်ထဲ ထိတ်ပြီး ပျာပျာသလဲ ငြင်းချက် ထုတ်လိုက်ရသည်......။
“နောက် တစ်ပတ်ထဲ သွားဖို့ ပြင်ထားလိုက်မယ်...”
“ရက်စ်ဆာ..”
ဗီဂါ သက်ပြင်း တစ်ချက် ခိုးချပြီး ပြန်လာခဲ့ရတာ စိတ်ထဲ မှာ လေးလံနေရသည်..။
“ဒါလင်..”
ရှေ့မှာ ဂါ၀န်အနီလေးနဲ့ ရဲရဲတောက်နေတဲ့ မာရီနာ က လှလွန်းတာထက် ပိုပြီး ဆွဲဆောင်မှု ရှိသည်..။
ဂါ၀န်ဒီဇိုင်းက ခါးနေရာနဲ့ ကျောကို လစ်ဟာထားလို့ အသားဖြူဖြူ နုနုလေးကို အထင်းသားမြင်ရပြီး မထိရက် မကိုင်ရက် စရာ ဖြစ်လောက်အောင် နူးညံမှန်းလည်း သိသာသည်..။
ရနံ့သင်းတာလည်းမဟုတ် စူးတာလည်း မဟုတ်သည့် ရေမွှေးနံလေးက နှာဖျား၀ မဖိတ်ခင်က ၀င်ရောက်ကျီဆယ်နေသည်..။
ရင်ညွန့်နေရာထိ အကျိ င်္က လည်ပင်း ဟိုက်နေပေမဲ့ လည်ဆွဲ အပြည့်ကြောင့် မရိုင်းပဲ ယဉ်နေသည်..။
မျက်တောင်မခပ် ငေးနေမိရင်း မာရီနာ ကို မမြင်ပဲ တစ်စုံ တစ်ယောက်ကို သတိရနေမိသည်..။
“What..”
မာရီနာက လက်ကို လှုပ်ကိုင်လိုက်တော့မှ သတိ၀င်ပြီး သူမ နီညိုရောင် ဆံနွယ် အခွေအလိတ်လေး တွေကို လက်ညိုးနဲ့ သပ်တင်ပေးရင်း ခေါင်းရမ်းပြလိုက်သည်..။
“Hello..”
“...Sorry...”
သူမ လက်ကလေးကို ကိုင်ဆွဲလို့ ဧည့်ခံပွဲကို ခြေချလိုက်တာနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ရသည်..။
နှုတ်ဆက်လာသူတိုင်းကို အပြုံးတစ်ခုနဲ့ ပြန်နှုတ်ဆက်နေပြီး ပြိုင်ဘက် ကုမ္ပဏီ လုပ်ငန်းရှင်တွေရဲ့ လှည့်ကွက် စကားကိုတောင် ယဉ်ယဉ်ကျေးကျေး ပြန်ချေပ နိုင်သည်..။
ဂျပန် ဧည့်သည်တွေကိုလည်း မလွတ်တမ်း စကားပြန်လုပ်ပေးသေးသည်..။
ဘက်စုံ တော်တဲ့ မာရီနာကို ဇနီးမယားချစ်ရသူ အဖြစ် ပိုင်ဆိုင်ထားရတဲ့ ဗီဂါ တစ်ယောက် ကံကောင်းလွန်းသည်ပေါ့လေ...ဒါပေမဲ့....။
“what Do you look..”
ရှန်ပိန် တစ်ခွက်ကိုင်ရင်း ရောက်တက်ရာရာ လိုက်ငေးမိတော့ အလိုမကျတဲ့ မျက်နှာထားနဲ့ အနားရောက်လာပြီ..။
ဗီဂါ ပြုံးရင်း ခေါင်းရမ်းပြလိုက်တော့ မျက်မှောင်လးကြုတ်ပြီး ဆိုက်ကြည့်ပြန်သည်..။
“Nice Party..”
“You has always complain...”
“ံNo....”
ဗီဂါ ငြင်းလိုက်တော့ သွားစွယ်လေးတွေ ပေါ်သည် အထိ ပြုံးပြီး လက်မောင်းကို လာချိတ်ခါ ခေါင်းစောင်းမှီပြန်သည်..။
သူမ လက်ချောင်းသွယ်သွယ်လေးတွေ ကို ဆုပ်ကိုင်ရင်း ဗီဂါ မျက်နှာမှာ အပြုံးတု တစ်ခု ဖန်တီးထားရသည်..။
ဗီဂါ့ အနာဂတ် ခရီးမှာ မာရီနာ သာ ပါရင် ထာ၀ရ ပြည့်စုံနေပြီတဲ့......။
ဒက်ဒီ မှားနေပြီ ထင်တယ်...။
.
“နောက်ဆုံးတော့တွေ့ပြီ...”
“အဟ...”
MMIP ဆေးကုမ္ပဏီ ၀ဘ်ဆိုက် က တင်လိုက်တဲ့ ပုံတွေထဲ မှာ အမှတ်တမဲ့ တွေ့လိုက်ရပေမဲ့ ပုံချဲ့ကြည့်စရာမလိုအောင် မှတ်မိထားတာပဲလေ...။
လက်ထဲက ပေါင်မုန့် ကို တစ်ကိုက် ကိုက်ြ့ပီး ကီးဘုတ်ပေါ်မှာ လက်တွေ ခပ်သွက်သွက် ရွေ့လျားသွားရသည်..။
“ဟူး...ခက်လိုက်တာ ပေါင်မုန့်တောင် မကုန်သေးဘူး...အဟက်...”
“Vega ....VG ဂရု ရဲ့ CEO .....တော့ Error တက်ပြီ....ဒ..ဒ...”
“ကလင်...ကလင်...”
“သေပြီ..”
ဟန်ပါပါ ပြောပြီး ကွန်ပျူတာကိုကြည့်ရင်း စမတ်ကျကျ ခြေချိတ်ထိုင်နေတာ ဖုန်းသံကြောင့် လန့်ပြီး တုန်သွားရသည်..။
“ဟလို...”
“ဟဲ..ဟဲ...ကြီးကြီးလား..နေကောင်းရဲ့လား....
ဟုတ်တယ် မောင်ကလေ..နေပါအုံးမယ်ချည်း လုပ်နေလို့ပါ ကြီးကြီးရဲ့...”
“မဟုတ်ပါဘူး..လာမှာပေါ့..သူများတို့ ပြန်လာမှာပါ ကြီးကြီးရယ်...”
“အား ..ဘာကိုယ်၀န်မှ မဟုတ်ဘူး..အင်း...အင်း...ဒါပဲနော်...ကြီးကြီး...”
ဖုန်းကို ပြီးစလွယ်ချလိုက်ပြီး အချက်အလက်တွေ ထပ်စုဆောင်းဖို့ ကြိုးစားရတော့သည်..။
ကြာကြာပုန်းမနေနိုင်ပါလား..
ဗီဂါဘုန်းမင်းရယ်...။
“ဒေါက်..ဒေါက်..”
“လာပြီ..”
အခန်းတံခါးကို လော့ခ်ချပြီး ပြေးထွက်လာရတာ ခလုတ်တွေလည်း တိုက်ရသည်..။
တံခါးဆွဲဖွင့်လိုက်တာနဲ့ ရှုတည်တည် နဲ့ ဆိုက်ကြည့်နေတဲ့ ကျော့ ကို စပ်ဖြဲဖြဲ ရယ်ပြလိုက်ရသည်..။
“ဟဲ..ဟဲ...”
“မရွက်သစ် ရောက်လာမဲ့ အချိန်ကို စောင့်နေတာ မုန့် စား ချိန်ပြီးသွားပြီ..”
“ဆောဒီး..ကျော့ရယ်..သူများ အေးတာနဲ့ အိပ်ပျော်သွားပြီး..နိုးလာတော့..”
“ကဲတော်ပါတော့..လာ မြန်မြန် ဟိုတယ်မှာ လူကျနေတာ”
“နိုဝင်ဘာ လည်း လာကြတာပဲ..ဘယ်လို သတ္တဝါတွေပါလိမ့်..”
သစ် မကြားတကြားရေရွတ်ပြီး ပိုက်ဆံအိတ်ကို ဆွဲယူခါ ခပ်သွက်သွက် လိုက်လာရသည်..။
နေဖို့ စီစဉ်ပေးပြီး စားဖို့ မစီစဉ်ပေးထားတော့ ဟိုတယ်မှာ အကူ ၀င်လုပ်ရင်း ရုန်းကန်နေရသည့် ဘ၀..။
ဘာပဲဖြစ်ဖြစ် အရောင်း၀န်ထမ်း ဘ၀ထက် စာရင် ပါးညောင်းသက်သာပါသည်..။
မီးဖိုချောင် ကူရုံဆိုတော့ သိပ်ပြီး ရယ်ပြစရာ မလိုဘူးပေါ့လေ...။
“မောနင်း...အစ်မ..”
“ဟဲဟဲ...ဟုတ်ကဲ့..နိုးပြီးလား..ဧည့်သည်..”
“နေသိပ်မပွင့်ပေမဲ့ နိုးနေကျအချိန်ဆိုတော့ နိုးပါတယ်..”
“ဟဲ..ဟဲ...သွားလိုက်အုံးမယ်နော်..”
အသက်ကြီးကြီး ဘဲနာကြီးတွေ စိတ်မ၀င်စားပါဘူးဆိုခါမှ စတိုင်ဘောင်းဘီထဲ လက်ထည့်ပြီး lacoste တံဆိတ် စပို့ရှပ် အောက်မှာ ဘီယာ ဗိုက်က တစ်တောင်လောက် ထွက်နေသေးသည်..။
“ဟို..ခဏ..”
“ရှင်..”
ကျောခိုင်းပြီး ခက်သွက်သွက် လျှောက်လာခါမှ လှမ်းခေါ်တော့ မျက်နှာထားပြင်ပြီး ပြန်လှည့်လိုက်ရသည်..။
“မေးစရာရှိလို့..”
“ဟုတ်ကဲ့..မေးပါရှင်..”
အတက်နိုင်ဆုံး ပြုံးထားရတဲ့ ဂျိုကာ ဘ၀က မလွတ်ပါလားနော်...။
“ရေပြာကန် သွားချင်လို့လေ..အဲဒါ လိုက်ပို့ပေးနိုင်မလားလို့ပါ .”
“သြော်..အဲဒါက...ကျွန်မ သွားပြောပေးပါမယ်..”
“ဟုတ်ကဲ့...အစ်မ ပါ လိုက်ရင် ပိုကောင်းတာပေါ့...လိုက်ခဲ့ပါလား..အစ်မ နဲ့ စကားပြောရတာ ပျော်ဖို့ကောင်းတယ်..”
“အဟဲ..လိုက်ချင်တာပေါ့..ပန်းကန်ဆေးပြီးရင် မီးဖိုချောင်ပါ သန့်ရှင်းရေး လုပ်ရမှာမို့လို့ပါဆရာရယ်..ဆောရီးပါနော်..”
“ခင်ဗျာ..”
‘ခဏ..ခဏ...ဟေ့..ဟေ့...”
သစ် ပါးစပ်နဲ့ခေါ်တာမရလို့ လက်ခုပ်ပါတီးပြီး ခေါ်လိုက်တော့မှာ ဦးမိုးက လှည့်ကြည့်သည်..။
“ဦးလေးတူကို ခေါ်တာ..”
“သြော်...ဟေး..ခွန်း..”
“ဗျာ...”
“ဒီမှာ မင်း အစ်မခေါ်နေတယ်လေ...”
“လာပီ..”
ပုဆိုးတိုတို ပြင်၀တ်ပြီး ပြေးလာပုံက မသိရင် လူပြေးရိုက်တော့မည် ပုံနဲ့ ခပ်ဆင်ဆင်ရယ်..။
“ဧည့်သည်က ရေပြာကန် သွားချင်လို့တဲ့ စီစဉ်ပေးလိုက်ပါကွာ..အစ်မ ပန်းကန်ဆေးဖို့ နောက်ကျနေလို့..သွားပြီနော်...ဧည့်သည်..လိုတာရှိရင် ပြောလိုက်ပါ..”
“ဟို..အဲ..ဟုတ်ကဲ့..”
လင်းတငှက် ကြီး လည်လိမ်ရင်တောင် သူ့ထက်ကြည့်ကောင်းအုံးမည်..လင်းတ မှာ.ဘီယာ ဗိုက်မှ မရှိသည်ကိုး..။
“ဟူး...စိတ်တိုလိုက်တာ...အကုသိုလ် တွေပါလား..”
“ဟိ...အဲလူကြီးက အစ်မကိုပဲ လိုက်ချောင်းနေတာ..”
“အမလေး..ဘာတွေ ချောင်းတာတုန်း..”
သစ် ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ကွယ်ပြီးနောက်လိုက်တော့ ဘေးကကောင်မလေးက ရယ်ပြီး.
“လိုက်ကြည့်တာကို ပြောတာပါ..”
“ငါက ချောတာကိုး ဟဲ..ဟဲ...သက်မွန်မြင့်ခင်၀င့်ဝါစနိုးကွင်းပါ မကျန် နောက်ပြန်လှန်စေမဲ့ အလှပိုင်ရှင် ရွက်သစ်ဝေလေးပါ..”
“ဟား..ဟား...အစ်မကတော့ လုပ်ပြီ..”
“..မလုပ်ပါဘူး..ပန်းကန်ဆေးနေတာ..”
“တော်ပြီ...အမြဲစနေတာပဲ..”
“မီးလေးမ..နင် ငါ့ကို ကျေးဇူးတင်နော်....ငါ မရှိရင် နင် ပျင်းနေလိမ့်မယ်..”
“ပျင်းပါဘူး..နားညီးသက်သာတာပေါ့...”
“လူတွေက အနားမှာ ရှိနေရင် သတိမထားမိဘူး..ရုတ်ရက် ပျောက်ဆုံးသွားချိန်ကျတော့မှ အဲဒီလူရဲ့ နေရာ မှာ ကွက်လပ် ကြီးကြီး ဖြစ်နေတာကို ခြောက်ခြားစွာ တွေ့လိုက်ရချိန်ကျမှ....အဲလူက ကိုယ့်အတွက် ဘယ်လောက် အရေးပါလည်း ဆိုတာ သိတက်ကြတာ...
၊နောင်တ၊တမ်းတလွမ်းစွတ်မှု တွေနဲ့ ကွက်လပ်ကြီးကို ဖြည့်ဖို့ အချိန်တော်တော်ကြာကြာလိုတယ်ကွဲ့..”
“ဘာတွေမှန်းကို မသိဘူး..ရှုပ်နေတာပဲ....”
“မနက်ဖြန်တော့ သိပါလိမ့်မယ်...ဧည့်သည်တွေနဲ့ သိပ်မရောနဲ့နော်...နင်က လှလှပပ ငယ်ငယ်လေးရယ်..လောကမှာ ကျားချည်းပဲ မဟုတ်ပေမဲ့...ကျားချည်းပဲလို့ ယူဆ ထားရင် အန္တရယ် ပိုကင်းတာပေါ့..သိလား...”
“ဟိ...ဟုတ်ကဲ့...”
“နင်လည်း ငါ့ဆီက စပ်ဖြဲဖြဲ အကျင့်တွေ ကူးကုန်ပြီ...”
“ဟိ...”
“ဟဲ...ဟဲ...”
ဟိုတယ် အလုပ်တွေ ပြီးတာနဲ့ တစ်ခါတည်း စားသောက်ပြီး အိမ်ပြန်လာခဲ့ရလို့ ၀မ်းရေး အတွက်ပါ မပူရအောင် အဆင်ပြေနေသားကျနေတာ တစ်လ သာ ရှိသေး..ရွေ့မိန့် ပြောင်းမိန့် က ကျလာပြီ...။
သစ် အ၀တ်အစားနည်းနည်း နဲ့ ဘက်တော်သား ကွန်ပျူတာ ဆက်စပ် ပစ္စည်းတွေကိုပါ ထုတ်ပိုးရသည်..။
ည ကားလက်မှတ် ယူလိုက်တော့ ညနေ စောင်းကတည်းက ပစ္စည်းတွေ တင်ပြီး ဂိတ်ကို လာစောင့်နေရင်း ဟို ကြည့်ဒီကြည့် က အခုမှ ကလောမြို့ အလှကို ကြည့်ခွင့်ရ၏..။
“တီ...တီ...”
ကားဟွန်းသံ ကြားမှ အမြင်အာရုံ အလှတွေပျောက်ခါ ကားပေါ်တက်ခဲ့လိုက်သည်..။
ဘေးက ကောင်မလေးကို ပြုံးပြ နှုတ်ဆက်လိုက်ပြီး အိတ်ကို ရင်ခွင်မှာ ပိုက်လို့ အပြင်ဘက်ကို ငေးကြည့်နေရင်း...။
“မောင်ရေ... မ ပြန်လာပြီနော်...” လို့ စိတ်ထဲ မှ တစ်ဆင့် မက်ဆေ့ ကြိုပို့ထားလိုက်သည်..။☆✼★━━━━━━━━━━━━★✼
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ
YOU ARE READING
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...