1543
အပိုင်း (၁၂)
#1543“ဟ...”
“မောင်..”
အနားကို ခြေသံ ပြင်းပြင်းနဲ့ ရောက်လာတာ သိသော်လည်း ဗီဂါ ဖိုင်တွဲတွေဆီက အကြည့်မရွေ့ပဲ...
“ပြောပါ...”
“မ ရဲ့ လပ်တော့ပ်နဲ့ ပစ္စည်းတွေကော...”
“သိမ်းလိုက်ပြီ...”
“ဘာ..”
“ဟုတ်တယ်...အိမ်ရဲ့ လုံခြုံရေး အရ သိမ်းတယ်...”
“ဟာ...အိမ်ရဲ့ လုံခြုံရေး အရ ဘာသိမ်းစရာလိုလည်း...”
“လိုတာပေါ့...ခြံတံခါး ကင်မရာကို သူခိုးဆီရောင်းရင် သိန်းချီရမှာမလား..”
“အဓိပ္ပါယ် မရှိတာ...”
“ဒီ အိမ် စည်းကမ်းပဲ...၀န်ထမ်း အားလုံး ဖုန်းကိုင်သုံးခွင့်တောင် မရှိဘူး...ခင်ဗျားလည်း စည်းကမ်းကို လိုက်နာပါ...”
ဒါသပ်သပ် ညစ်စုတ်တာ...
သူ့ ကို ဗီဒီယိုတွေ နဲ့ ခြိမ်းခြောက်တာကို မကျေနပ်လို့ သစ်ပစ္စည်းတွေ အပြင် ဖုန်းကို ပါ သိမ်းလိုက်တာ... အကြောင်းတရား သိနေသော်လည်း သစ် မှာ ဘာမှ ထပ်ပြောခွင့် မရခင် သူက အိုင်ပတ် ကို ဆွဲယူပြီး ထွက်သွားသည်..။
သူကျတော့ သုံးလို့ ရသလား...။
“ရတာပေါ့...”
သစ် ဟန်ပါပါ ပြုံးရင်း ပခုံးတွန့်လို့ အခန်းထဲ ပြန်၀င် လာခဲ့လိုက်သည်..။
“ဟာ...ဘုန်းမင်း မလာသေးဘူးလား..”
ဗီဂါ ကားပေါ်ရောက်ပြီးခါမှ ဘုန်းမင်းကို စောင့်နေရတာ တော်တော်ကြာပြီ...
ပစ္စည်း တစ်ခု သွားယူခိုင်းလိုက်တိုင်း ဘုန်းမင်းတို့ လချီပြီး ကြာအောင် ရှာပြပါတော့မည်...။
“ဟောဟဲ....မတွေ့ဘူး..ဆရာ..”
“မင်းရှာရင် ဘယ်တုန်းကများတွေ့လို့လည်း..”
“မဟုတ်ပါဘူး..ဆရာရယ်...တကယ် မတွေ့တာပါ...”
ဗီဂါ စိတ်မရှည်လို့ ကားပေါ်က ဆင်းပြီး ကားတံခါးကို ဆောင့်ပိတ်ခါ အိမ်ထဲ ပြန်၀င်ခဲ့ရသည်..။
ဧည့်ခန်းက ဆိုဖာ ဘေးမှာ သေချာ တင်ခဲ့တာပါ...အခု ဧည့်ခန်း မှာရောအပေါ်ထပ် တစ်ထပ်လုံးမှာ မရှိ...။
ဆိုဖာ ဘေးက ဖုန်းခွက်ကို ကောက်ယူလိုက်တော့ လိုင်းမရဖြစ်နေသည်..။
တစ်ခုခုတော့ လွဲနေပါပြီ...သွားခါနီး လာခါနီး ....။
“ဟေ့...ဘုန်းမင်း..”
“ဗျာ....”
“ဖုန်းကြိုး ဘာဖြစ်တာလည်း...”
“မသိပါဘူး..ဆရာ..”
“မင်းသိတာလည်း ဘာမှ မရှိဘူး..ကောင်းတယ်....ဘယ်လိုဖြစ်တာလည်း မေးစမ်း...ငါ့Ipad ကိုပါ မြန်မြန် ရှာခဲ့...”
“ဟုတ်..ဟုတ့်ကဲ့..”
အခန်းထဲက အပြေးတစ်ပိုင်း ထွက်သွားတော့မှ ဗီဂါ ဆိုဖာမှာ ပစ်ချထိုင်လိုက်ရသည်...။
လက်ထဲက နာရီ ကို ပင့် ကြည့်လိုက်တော့ မီတင် စဖို့ တစ်နာရီ ပဲ လိုတော့တာ ပြင်မှာဆင်မှာ သွားတာလာတာ နဲ့ မှီရုံပဲ.....။
“ဘုန်းမင်း...”
“ဗ်...”
“နေ....နေ....ငါ့ ပဲမောင်းသွားလိုက်မယ်...ငါ့ ရှာခိုင်းတာ တွေ့တော့မှ လိုက်လာခဲ့လိုက်...”
“ဟုတ်...”
“ကျွဲကြီး..”
“ဗျာ...”
“ဒီကား ပြန်ထည့်ပြီး Sclass ထုတ်...”
“ဟုတ်ကဲ့...”
အချက်အလက်တွေ အားလုံး အကောင့်နဲ့ ထားလို့ တော်သေး..ဒီဟာကို သေချာ ထားတာပါ...။
ဗီဂါ ကားမောင်းနေရင်းလည်း ထို ကိစ္စကို အခဲမကြေ ဖြစ်ရသည်..။
အိမ်မှာ ပစ္စည်းပျောက်တာလည်း မရှိဖူးသလို ခိုးရဲတဲ့သတ္တိလည်း ဘယ်သူမှာမှ မရှိပါ....
အဲ...တစ်ယောက်တော့ ရှိလာပြီ...။
ခေါင်းထဲ အတွေးရောက်လို့ ချက်ချင်း ကားပြန်လှည့်ချင်တဲ့ စိတ်ကို မြိုသိပ်ပြီး အလုပ်ကိုသာ ဦးတည်လိုက်ရသည်..။
“အန်ကယ်တို့ကတော့ ပြောထားပြီးသားပါ...”
“ပြောထားပေမဲ့ ကိစ္စ မပြတ်တာ...လွဲနေတယ် အန်ကယ်..”
“ဒီ ကိစ္စက ပါးပါးလေးပါ...ဗီဂါ စိတ်ညစ်ခံမနေပါနဲ့...စင်တာ ကိစ္စ ကိုပဲ အာရုံစိုက်လိုက်ပါ..”
“ဟုတ်ကဲ့..ခေါင်းစား စရာတွေက များလို့ပါ...ဆိပ်ကမ်း ကိစ္စက လူတွေ ပါးစပ်ထဲ ရောက်လို့ မဖြစ်ဘူး အန်ကယ်...တစ်ယောက်သိတာနဲ့ ဆယ်ယောက်သိတာ မတူဘူး..ဆယ်ယောက်သိက အယောက် တစ်ရာဆို တစ်တိုင်းပြည်လုံး သိပြီ...ဘာမဟုတ်တဲ့ ကိစ္စတစ်ခုနဲ့ ပွဲဖြစ်သွားလို့မဖြစ်ဘူးနော်...ငွေကို သိပ်ခေါင်းထဲမထည့်ပါနဲ့..သူတို့ တောင်းသလောက် ပေးလိုက်ပါ..အခု ဘာကိုလို ချင်တာလည်း..”
“ကွန်ဒို တိုက်ခန်းတဲ့ကွာ..လွန်တာပေါ့...ဒါ ခြောက်စားသလိုကြီးဖြစ်နေပြီ...”
ခြောက်စားတာလား..ဟုတ်တယ်.... အိမ်ပေါ်ကိုတောင် ခြိမ်းခြောက်တဲ့ သူ ရောက်လာပြီပဲ...ဗီဂါ့ ကို ခြိမ်းခြောက်ရဲတဲ့သူတော်တော် များသား...။
“ဘယ်လောက်လည်း...”
“ဆယ်ခုနှစ်အိမ်...”
“ဒါဆို မက်ရှင်း ဂရု ကို ဆက်သွယ်လိုက်ပါ သူတို့ က ကျွန်တော်နဲ့ ရင်းနှီးပြီးသားဆိုတော့ ငွေရေးကြေးရေး ကိစ္စမရှိဘူး..ဆယ်ခုနှစ်ခန်း စိစဉ်ပေးပြီး စာချူပ်စာတမ်းပါသေချာ လုပ်ပါ အန်ကယ်...ကျွန်တော် အားကိုး ပါရစေ..”
“ဟာ...ဗီဂါ များတာပေါ့ကွာ....များတယ်ကွ... မဖြစ်နိုင်တာကွာ...လျော်ကြေး သိန်း ငါးဆယ် ၀န်းကျင်ပဲ ရမဲ့ကိစ္စကို အခု ကွန်ဒို တစ်ခန်းစီဆိုတော့...သူတို့ အတွက် တအားများနေပြီ...”
ဗီဂါ ဘောပင်ကို လက်ထဲ လှည့်လိုက်ပြီး ခုံမှ ထခါ အပြင်ရှုခင်းကို ငေးကြည့်နေလိုက်သည်...။
အမြင့်က စီးကြည့်ရတာဆို ဘာမဆို အသေးအမွှားလေးတွေပါလား...အသေးအမွှားပဲ မြင်ရင်လည်း မတိမကျတွေ ဖြစ်တက်သည်လေ...။
“မှားနေတယ်...အန်ကယ်..”
“ဟင်..”
ဗီဂါ တစ်ချက်ပြုံးလိုက်ပြီး အန်ကယ်မိုးဆွေ ဆီ ပြန်လှည့်ကြည့်ခါ
“သူတို့ အတွက် ပေးတာ မဟုတ်ဘူး...ကျွန်တော့် အတွက် ပေးတာ...”
“ဟင်..”
“ကျွန်တော် ပြောတဲ့ အတိုင်းသာ ပေးလိုက်ပါ...မီတင် ရှိသေးလို့ သွားလိုက်အုံးမယ်...အန်ကယ်လိုတာရှိရင် ဖုန်းဆက်လိုက်...”
“အေး..ဖုန်းဆိုလို့..မနက်က ဖုန်းဆက်မရဘူးနော်...”
“အဟွင်း...ဟုတ်တယ်....ညနေ ပြန်တော့မှ စစ်ဆေးရအုံးမယ်..သွားပြီး.....”
ဗီဂါ ကားမောင်းနေရင်း ကလေးဆန်တဲ့ တုန့်ပြန်မှုတွေကြောင့် ရယ်မိတာ
ဘာကြောင့်မှန်းမသိ...
တကယ်ဆို စိတ်ဆိုး ဒေါသထွက်ရမှာမလား...
ခင်ဗျားကို ဒေါသထွက်ပြီး အိုစာသွားမှာစိုးလို့ ဒေါ်သစ်ရွက်ရဲ့...
ဗီဂါဆိုတဲ့ ကောင် ကို စိတ်ညစ်စေချင်တဲ့ ခင်ဗျားလေးပဲ စိတ်ညစ်စရာတိုးလိမ့်မယ်...။
.
“အစ်မရဲ့...”
“မှားပြန်ပလား..”
တစ်ခါ ခေါ်သံကြားတာနဲ့ လက်ထဲက ပစ္စည်းတွေချလိုက်ရသည်...လုပ်တိုင်း အလွဲလွဲတွေ ဖြစ်နေတာ...
“အစ်မ မှတ်တာကိုကတည်းက မှားနေတာ လာစာ..”
“သြော်...သြော်...အေး...ဟို ခွေးကောင်လေး က ငါ့ ပစ္စည်းတွေ သိမ်းသွားလို့ မဟုတ်ရင် ဗီဒီယို ကြည့်လိုက်ပြီးရော...”
“သိပြီ..သိပြီ...အုန်းနို့ခေါက်ဆွဲလိုပေါ့...”
“ဟူး..အစ်မ သိသလိုသာ မှတ်လိုက်..ဒီမှာကြည့်ပါ အစ်မရဲ့...”
“သြော် ဆရာက ရေခဲဆို နှစ်တုံးပဲ ထည့်ပေးရမယ်နော်...မနက်နဲ့ ည တာ၀န်တွေလည်း ပြောပြီးပြီ..မှတ်မိရဲ့လား အစ်မ...”
“အေးပါ...ဒါဘာလည်း...”
“တိုဟူး..”
“သြော်..”
သစ် လည်း လိုက်မှတ်နေတာ တစ်ခုမှလည်း မှတ်မိတယ် မဟုတ်...မေ့မှာတော့ အသေအချာပင်..
“မြန်မာ အစားအစာ စားတော့ ဘာဖြစ်မှာ မို့လို့လည်း..Laksa, Raw fish salad ..ဒါတွေက ဘာတုန်း..”
စာရွက်ပေါ်က အင်္ဂလိပ်လိုတွေရေးထားတာကို လက်ထောက်ပြပြီးမေးလိုက်တော့ ကောင်မလေး စိတ်မရှည်သလို နှုတ်ခမ်းတွန့်ကွေးပြီး သက်ပြင်းအရင်ချသည်..။
“လာခ်စာ..ဒီဟင်း..အခု စင်ကာပူ အုန်းနို့ခေါက်ဆွဲကို ခေါ်တာ...ပြီးရင် အဲဒီ့ ငါးစိမ်းသုပ် လုပ်ပြမယ်နော်..”
“အော့...ငါး အစိမ်းတွေ..နင်တို့ သခင်လေး က လူမှ ဟုတ်ရဲ့လား..”
“ဟီး..ဟီး..”
“အစ်မ ကလည်း ဆရာ့ကို ဆို သိပ်နိုင်တာပဲ..ဆရာ ကြောက်တာလည်း အစ်မ တစ်ယောက်တည်းနော်...ထူးဆန်းလိုက်တာ...”
သစ် မျက်ခုံးပင့်ရင်း စိတ်တွေလည်း မြောက်ကြွမြောက်ကြွ ဖြစ်နေရသည်...။
အကြောင်းတရားလေးတွေ ရှိခဲ့လို့ အကျိုးတရားလေးတွေ ဖြစ်ပေါ်လာတာတော့ ဘယ်သူမှ သိမည်မထင်...။
“ဆရာက ဒီအိမ်ကို လက်ထပ်ပြီးရင် နေဖို့ သေချာ ဆောက်ထားတာလို့ ကြားတယ်...သူ့ ချစ်သူ ကောင်မလေး မဟုတ်ပဲ အစ်မရောက်လာတော့ ကျွန်မတို့ဆို မယုံနိုင်ဘူး..”
သူ့ချစ်သူ ကောင်မလေးဆိုတဲ့ စကားလုံးကြောင့် စိတ်မ၀င်စားခဲ့သော်လည်း စပ်စု ကြည့်ချင်လာသည်..။
“သူ့ ကောင်မလေး က ချောလား..”
“အိုး..အစ်မကလည်း...ဘိုမ ရုပ်ကလေး အတိုင်းပဲ...ဆရာ့အ၀တ်ခန်းထဲမှာဘီဒို အပြည့် ပုံကြီး ချိတ်ထားတယ်လေ..”
“တော်တော်ချစ်မှာပဲ..”
“ဟိ..အဖြူမလေးဆိုတော့ တော်တော်ကဲတာပါ..တစ်ခါ အိမ်ကို လိုက်လာတာ...ဧည့်ခန်းထဲမှာပဲ ဆရာ့ပေါင်ပေါ်ထိုင်ပြီး ငုံ့နမ်းတာ ဟိ...ရုပ်ရှင်တွေထဲက အတိုင်းပဲ”
“ဟဲ့..”
ဘေးက ကောင်မလေး တစ်ယောက်က တံတောင်နဲ့ တွတ်လိုက်လို့ လျှာလေး ပြူတစ်တစ် လုပ်ပြီး ရယ်ပြသည်..။
“ဟို..ဆရာကို သွားမပြောပါနဲ့နော်...အစ်မမေးလို့ ဖြေရတာပါ..”
“အင်းပါ...ဒါနဲ့...ပန်းနု ကို မတွေ့ပါလား..”
ရင်ဘတ်ထဲက အမျိုးအမည်မသိတဲ့ လှိုက်ဟာမှုကြောင့် စပ်စုချင်စိတ်တွေ ပျောက်သွားရပြီး..... စကားရှာရင်း.အကုန်လုံးကို ညွန်ကြားခိုင်းစေ တက်သည့် ပန်းနုဆိုတဲ့ ခပ်ချောချော ခေါင်းဆောင် မလေးကို မတွေ့လို့ မေးလိုက်သည်..။
“မပန်းနု က ဟိုတယ်ရောက်သွားပြီလေ...ညီမတို့က ၀န်ထမ်းသစ်တွေဆိုတော့ ဒီမှာ ပို့ပြီး အစမ်းခန့်ထားတာ..ဒီမှာ အလုပ် အကုန်တက်မှ ဟိုတယ်ကို ပို့တာ.”
“ဒီမှာ သင်တန်းလာတက်တာပေါ့..”
“ဟုတ်တယ်..အဲလိုမျိုး..”
“ဟူး...ငါတော့ ဒီ သင်တန်းကို မကြိုက်ပါဘူး..ပင်ပန်းတယ်..”
သစ် မီးဖိုခန်းထဲက ကုလားထိုင်မှာ ပစ်ချထိုင်လိုက်ပြီး ညီးလိုက်တော့ ကောင်မလေးတွေက ခေါင်းညိတ်ထောက်ခံသည်..။
“ဆရာကလည်း..အရင်က အလုပ်သမားတွေ အများကြီးထားတာ..အခု အကုန်လုံးကို ဟိုတယ် ပို့ပစ်လိုက်တော့..အစ်မ တစ်ယောက်တည်း ပင်ပန်းတော့မှာပဲ..”
“အေးလေ..”
“ဟို..ဒါနဲ့..အစ်မ နဲ့ ဆရာ ဘယ်လို တွေ့တာလည်း..”
“ငါ့ အိမ်မှာ တွေ့တာလေ..”
“ဟင်..ဆရာက အစ်မ အိမ်လာတာလား..”
“မဟုတ်ဘူး..ငါ့ အိမ်က အလုပ်သမား..”
“ဟာ..မဟုတ်တာ..”
“အစ်မကတော့ နောက်ပြီ...”
“ဆရာကို မကျေနပ်တာတွေ များနေပြီ ထင်တယ်..”
“ဟဲ..ဟဲ...အဲလို ဖြစ်သွားတယ်..”
သစ်ရယ်ကြဲကြဲ လုပ်ပြီး ရှေ့က ခရမ်းချဉ်သီးကို ကောက်ယူခါ ဓားနဲ့ ပုံပေါ် ကြည့်နေမိသည်...။
ဒီလိုမျိုး ရည်းစားမက မိန်းမမကျသည့် အစမ်းခန့် ဇနီးသည် ရှိပါရဲ့ ငါ့ကို လာပတ်သက်ခဲ့တာ...။
မုန်းလိုက်တာ...။
“အမလေး...”
“အစ်မ....ခရမ်းချဉ်သီးကို ဘယ်လိုလှီးလိုက်လို့ ပြားကပ် သွားတာလည်း..”
“ဟီ..ဟီး...လက်နဲ့ ညစ်လိုက်မိတာ..”
“အို....အားကောင်းတဲ့ ပုံပဲ..”
လက်ကို ရေပိုက်အောက်မှာ ထားပြီး ဆေးရင်း သူ ပြန်မလာခင် သူ့ အ၀တ်ခန်းဘက်ကို သွားကြည့်ဖို့ သတိရသည်...။
အ၀တ်ခန်းက ဘိဒို တံခါးကို ဆွဲလိုက်တော့ နည်းနည်းဟလာပေမဲ့ မကြည့်ရဲသလို ဖြစ်လာပြန်သည်...။
“ဟုတ်တယ်...ဘာဆိုင်လို့လည်း..မကြည့်ဘူး..”
တံခါးကို ပြန်တွန်းပိတ်လိုက်ပြီး လှည့်ထွက်ဖို့ ရည်ရွယ်လိုက်ပေမဲ့ ခြေလှမ်းတွေက တိုးမရပြန်..။
“တွေ့ဖူးထားတော့ ကောင်းတာပေါ့...အဖြူမ က ဘယ်လောက်တောင် ချောလို့လည်း..”
“မဟုတ်သေးပါဘူး..ကြည့်ပြီး စိတ်ညစ်ရအုံးမယ်..”
တံခါးကို ဟလိုက် ပိတ်လိုက် လုပ်နေတာ အကြိမ်အရေအတွက်များလာတော့ စိတ်တိုလာသည်..။
“ကြည့်တော့ သေမှာလား..ငါ က သူ့ မိန်းမ...”
ဘီဒို တံခါးကို ဆောင့်ဆွဲ ဖွင့်လိုက်တော့ အထဲမှာ ဘာပစ္စည်းမှ မရှိပဲ မော်ဒယ် မင်းသမီး ပုံကိုသာ ချိတ်ထားသည်...။
“ဟင်..ဒါ...သူ့ကောင်မလေးလား..”
မော်ဒယ် တစ်ယောက်ပုံလို့ ထင်ရလောက်တဲ့ သူ့ ချစ်သူကို မော့ငေးရင်း သိမ်ငယ်စိတ်တွေ ၀င်လာရသည်..။
ဂါ၀န် အနက်ရောင်နဲ့ အတူ ရင်မို့မို့ ...ခန္ဓာကိုယ် ကောက်ကြောင်းက ထင်းထင်း ဖြင့် အကြည့်တွေကလည်း ယုံကြည်မှုရှိတဲ့ မျက်၀န်းမျိုး...
ကော်ဖီရောင် ဆံပင် အခွေ အလိတ်တွေနဲ့ အတူ လက်ပိုက်ရင်း သစ်ကို ကြည့်နေသလို ဖြစ်နေတော့
ယောင်ပြီး ကိုယ့်ရင်ဘတ်ကို ကိုယ်ငုံ့ကြည့်မိသည်.....ဟူး.....။
“သူများလည်း ချောပါတယ်..”
မှန်ဘောင်သွင်းထားတဲ့ ဓာတ်ပုံ အကြီးကြီး ကို မနိုင်ပေမဲ့ ရအောင် ဖြုတ်ခါ မှောက်ပြီး ပြန်ချိတ်ထားလိုက်သည်..။
ဒီဟာမကို ညတိုင်း ထိုင်ကြည့်နေတာလား...သူသာ စိတ်ထားမှန်ရင် ဘယ်နေရာ ချိတ်ချိတ်ရတာပဲ...
သူ့ရည်းစားကို သူများကြည့်မှာ မကြိုက်လို့..သ၀န်တိုပြီး ဖွက်ထားတာလား...။
ဟွန့်...နှာဘူး...။
“ဒေါ်သစ်ရွက် ကို လွှတ်လိုက်...”
မီးဖိုဆောင်မှာ အချိုပွဲ လုပ်နည်း သင်ယူနေတုန်း နံရံထဲ က ထွက်လာတဲ့ အသံကြောင့် အားလုံး မျက်လုံးတွေက သစ်ဆီကို ကျရောက်လာသည်...။
“အဟဲ...သွားလိုက်အုံးမယ်..”
အားလုံးကို ရယ်ကြဲကြဲ လုပ်ပြ့ပြီး ခေါင်းညိတ်ပြခါ ထွက် လာခဲ့လိုက်ရသည်...။
“ဘာပြောမလို့လည်း..”
“ဒီမှာ ကြည့်ပါအုံး..”
“ဘာလည်း..”
သူ့လက်ထဲ ပါလာသည့် ဖုန်းကြိုး အပိုင်းပြတ်ကို ဆွဲမြှောက်ပြပေမဲ့ သစ် မသိချင်ယောင်ဆောင် ပြီး ပြန်မေးလိုက်သည်..။
“ကျွန်တော်က မေးရမှာလေ....ဖုန်းကြိုးကို ဘာလို့ ကတ်ကြေးနဲ့ ညှပ်တာလည်း..”
“အေးလေ...ဘယ်သူညှပ်ပစ်တာလည်း...ဆိုးလိုက်တာနော်...”
“ကျစ်...ဒေါ်သစ်ရွက်...ခင်ဗျား ရူးကြောင်ကြောင် လုပ်မနေနဲ့...ဒါ ခင်ဗျား ညှပ်တာ..”
“အလို...စွပ်စွပ်စွဲစွဲ...”
“စွပ်စွဲတာလား...သြော်...သြော်...”
သူ့ဘေးက ရီမုကို ကောက်နှိပ်လိုက်တော့ ဧည့်ခန်း တီဗီပေါ် မှာ အခန်းရဲ့ မြင်ကွင်းပေါ်လာသည်..။
သစ် အခန်းထဲမှာ တပ်ထားတဲ့ ကင်မရာတွေကို ခေါင်းမော့ပြိး လိုက်ရှာနေချိန်
“ရှာမနေနဲ့...မရှိဘူး...ဒီမှာကြည့်..”
သူ့ အပြောကြောင့် နှုတ်ခမ်းမဲ့ ပြီး တီဗွီဆီ အကြည့်ပြန်ပို့လိုက်တော့...
အခန်းထဲကို ကတ်ကြေး တစ်လက် ကိုင်ပြီး၀င်လာတဲ့ သစ်မျက်နှာက ပုံချဲ့ထားလို့ ပြူးတူးပြဲတဲ တောင် ဖြစ်နေသည်..။
မျက်နှာ ကို စပ်ဖြဲဖြဲ လုပ်ရင်း ကတ်ကြေးကို ဖိချတာ မရလို့ နှုတ်ခမ်းကိုက်ပြီး ဖိချနေတဲ့ ကိုယ့်ရုပ်ကြီးက အမြင်ကပ်စရာ...။
“ဟဲ..ဟဲ...ကလေးလိုပဲနော်...”
သူ့ဘက်ကို လှည့်ရယ်ပြပြီး ကောင်းသောစကား ပြောလိုက်ပေမဲ့ သူကတော့ မှုန်တေတေ ဖြင့် ကြည့်နေသည်..။
“ဒါက မောင် ပြောတာလေ..ဖုန်းတောင် ကိုင်ခွင့် မရှိဘူးဆိုလို့ ဖြတ်ပေးတာပါ..တော်ကြာ ဖုန်းလာရင် ကိုင်နေရမှာ စိုးလို့လေ...”
“ကျွန်တော့် Ipad ပြန်ပေးပါ...”
“အိုင်ပတ်....အိုင်ပတ်ဆိုတာ ဘယ်လိုကြီးလည်း...”
“ဒေါ်သစ်ရွက်..ခင်ဗျား အေးဆေးနေနော်...”
“အိုး...မောင်...အရင် လာရှုပ်တာလေ...သူများ ပစ္စည်းတွေကို ယူထားတာ ဘယ်သူလည်း..”
“ကျွန်တော် က အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ဥပဒေမကင်းတဲ့ ခိုးမှု လုပ်နေတာ မဟုတ်ဘူး..စီးပွားရေး ကိစ္စ သီးသန့်သုံးတာ...ပြန်ပေးပါ...”
“သူများလည်း အခု မခိုးသေးပါဘူး..”
“နောက်တော့ ခိုးမယ် ဆိုပါတော့...ဟာ..ပြန်ပေးဖို့ ပြောနေတယ်လေ...”
“ပေးလို့ မရတော့ဘူး..အောက်ပြုတ်ကျသွားပြီ...”
“ရတယ်..အထဲက အချက်အလက် တွေသာ အဓိကအရေးကြီးတာ..”
“သူများ ကောက်လို့ မရတဲ့ နေရာ ရောက်သွားတာ...”
“ကျစ်..ကဲ..ပြော..ဘယ်နေရာလည်း...”
ဗီဂါ စိတ်မရှည်လို့ ဘယ်နေရာပဲ ဖြစ်ဖြစ် ပြန်ရပြီးရော ပုံစံ မျိုး ခေါင်းညိတ်ပေးလိုက်ရသည်..။
“လာ...”
လက်ကို ဆွဲပြီးခေါ်တော့ ဗီဂါ မယုံမကြည်နဲ့ ထလိုက်သွားပေမဲ့ ခေါ်သွားတာ က ပြတင်းပေါက်နေရာကို...။
“ဟိုမှာတွေ့လား...ရေပန်း..”
“အင်း..”
ဗီဂါ ခေါင်းညိတ်ပြီး ရေပန်းကို သေချာကြည့်လိုက်တော့ သူ့ လက်ညိုးက ရေပန်းဘေးကို တိုးပြီး..
“ရေပန်းဘေးက ကန်ကို တွေ့လား..”
“တွေ့တယ်လေ..”
“အဲ့မှာ အဖြူရောင်လေးတွေ့လား...”
“အင်း..တွေ့....ဟာ....ခင်ဗျား...”
“ဟဲ..ဟဲ...မတော်မဆ လက်ထဲက လွှတ်ကျသွားတာပါ မောင်ရဲ့...”
မချိုမချဉ်ရုပ်နဲ့ တဟဲဟဲ ရယ်ပြီး ပြောနေတာကို ယုံရမှာလား..ဒီပေါ်က လွှတ်ကျတောင် ရေကန်ထဲကို ပြုတ်ကျဖို့ ဆိုတာ လုံး၀ မဖြစ်နိုင်ပါ...
“ခင်ဗျား..”
“မပူနဲ့..မပူနဲ့....သူများ လပ်တော့ပ် နဲ့ ပစ္စည်းပဲ ပြန်ပေး...Data တွေ အားလုံး ပြန်ရအောင် ယူလို့ ရတယ်...”
သစ် ကို ကြည့်ပြီး နှုတ်ခမ်းကို မထိလေးစားပြုံးခါ ခေါင်းရမ်းတော့
“ဘာလည်း...မယူတော့ဘူးလား...လူစိမ်းတွေဆီ သွားလုပ်ခိုင်းရင် မလုံခြုံဘူးနော်..သူများက စေတနာနဲ့ခေါင်းစားခံပြီး လုပ်ပေးမှာ သိလား...”
“မလိုပါဘူး..ခင်ဗျား စေတနာမှာ ကာဗွန်ဒိုင်တွေ ပါနေတယ်..ကျေးဇူးတင်တယ်သလား..”
“ဟာ..မောင်..”
ဘေးကနဲ့ ချာကနဲ့ လှည့်ထွက်သွားတော့ သစ်မှာသာ အစီအစဉ်တွေ လွဲကုန်လို့ ခုန်ဆွခုန်ဆွ ဖြစ်ကျန်ခဲ့ရသည်..။
.
“မောင် က စားနေပြီလား..”
“အမ်း.”
“သူများ က ခုမှ စားမှာ မောင် က ပြီးတော့မယ်...စားပြီးလည်း စောင့်အုံး..”
စားလက်စ ဇွန်းကို ချလိုက်ပြီး ရေခွက်ကို မော့ သောက်ခါ ခုံကို တွန်းပြီး ထွက်သွားတော့ ကောင်မလေးတွေက သစ့်ဆီကို အကြည့်ရောက်လာသည်..။
“မောင်..”
“ယောင်္ကျား ထမင်းစားတာ စောင့်ပေးရမှာ ခင်ဗျား အလုပ်လေ..ပြောင်းပြန် ဖြစ်နေပြီ..”
“ဒါပေမဲ့...”
သစ် စကားကို နားမထောင်ပဲ ထွက်သွားတော့ ထမင်းပန်းကန်ဆီကို ပဲ အကြည့်ပြန်ရွေ့ထားလိုက်ရသည်..။
ဘေးနားက ၀န်ထမ်းတွေ ဘယ်လိုတွေ ကြည့်ပြီး ဘယ်လို တွေးနေမလည်း စိတ်မ၀င်စားပေမဲ့ စိတ်မကောင်းဖြစ်ချင် သလိုလို ၀မ်းနည်း သလိုလို ခံစားချက်ကြောင့် စားရတဲ့ ထမင်းပင် အရသာသိပ်မတွေ့တော့ပါ...။
“ဟ...ဒါက ...”
ဗီဂါ အ၀တ်အစားခန်းထဲက ဘီဒိုကို စာချူပ်တွေ ယူကြည့်ဖို့ ဖွင့်လိုက်ချိန်... လက်ဆောင်ပေးဖို့ ကျွန်းကနုတ် ဘောင်သွင်း ထားတဲ့ မာရီနာ့ ပုံက မှောက်လျက်သားကြီး ဖြစ်နေသည်..။
ပြန်လှည့်ဖို့ ဖြုတ်လိုက်တော့ အောက်ကို လျောကျပြီး ဘယ်လိုမှ ထုတ်လို့လည်း မရတော့..။
“ဘုန်းမင်း..လာစမ်း..”
“ဟုတ်ကဲ့...”
ဖုန်းကို ကုတင်ပေါ် ပစ်တင်ပြီး ဓာတ်ပုံကိုပဲ အားစိုက်ရင်း ပြန်ထုတ်နေတာ လက်ဆစ်တွေတောင် နီလာပြီ ဆွဲထုတ်လို့ မရသေး..။
“ဆရာ..”
“ဓာတ်ပုံထုတ်စမ်း..”
ဗီဂါ လက်ညိုးထိုးပြီး ခိုင်းလိုက်ရင်း ဆိုဖာမှာ ပြန်ထိုင်နေလိုက်ရသည်..။
ဒီ ဓာတ်ပုံကို ဘယ်သူက မှောက်လိုက်ရဲတာလည်း...တစ်ယောက်ပဲ ရှိတယ်...။
ဟို ဒေါ်မမသစ်ရွက်ကြီး....။
“ဆရာ....မရဘူး..ကြပ်နေတယ်...”
“ကျစ်...ရအောင်လုပ်...”
“ဆရာ...တကယ် မရတာ...”
“ဘုန်းမင်း စကားမများစမ်းနဲ့...ငါ စိတ်တိုနေတယ်..ရအောင်လုပ်...
ဗလကြီးတို့ ..ပါခေါ်...”
“ဟုတ်ကဲ့...”
ဘုန်းမင်းက ခေါင်းညိတ်ပြီး အခန်းထဲက ပြန်ထွက်သွားတော့ ဗီဂါ ဒေါသကြောင့် ဆိုဖာကို လက်သီးဆုပ်နဲ့ ထုချပစ်လိုက်သည်..။
တစ်နေ့ကုန် အိမ်မှာနေပြီး ဘယ်လိုတွေ ရှာဖွေရေးဆင်းလို့ ဒီပုံကို တွေ့သွားရတာလည်း...။
သူများ အိမ်မှာ နေတယ်ဆိုလည်း ကောင်းကောင်းမွန်မွန်နေပေါ့...မကြီးမငယ်နဲ့ မွှေနေတာ...။
“ဘာတွေ လုပ်နေကြတာလည်း ဟင်..”
ကလိမ်ကကျစ်ရုပ် နဲ့ လိမ်ညာပြီး ဟန်ဆောင်ပါတော့မည်ဆိုတာ တပ်အပ် သိပြီးသားမို့လို့ ဗီဂါ စကားမပြောပဲ မျက်နှာကို ပိုတည်ထားလိုက်သည်..။
“အ...ဆရာ...လက်မကာဘူး...ဘီဒိုကို ရိုက်ချိုးလိုက်ရမလား ဆရာ...”
“ဟ..မင်း..”
“ဟို..ကျွန်တော်...ကောင်မလေး တွေကို ယူခိုင်းကြည့်ပါမယ်..”
ဘုန်းမင်းက တစ်ခေါက် ပြန်ထွက်သွားပြီး ကောင်မလေး နှစ်ယောက်ကို ခေါ်လာခဲ့သည်..။
“...နံရံ နဲ့ လုံး၀ ကွက်တိဖြစ်နေတော့ မလွယ်ဘူးဆရာ...”
ဓာတ်ပုံ ချိတ်တုန်းကတည်း က နေရာ အတိအကျဖြစ်နေလို့ မနည်း ထည့်ထားခဲ့ရတာ ဒါကို တစ်ယောက်တည်း ပြောင်းပြန်လုပ်နိုင်တာ အံသြစရာ...။
ဗီဂါ မကျေမနပ်ဖြင့် ဆောင်ပေပေ လှမ်းကြည့်လိုက်တော့ စာအုပ် တစ်အုပ် ဖတ်ရင်း ခြေချိတ်ထိုင်နေတာ အကျအန...။
“မရလည်းထား...နောက်ကာဗာ ဖြုတ်ပြီး...ပုံပဲ အရင်ထုတ်...ပြီးမှ ဘောင်ကိုထုတ်....”
ကျွဲကြီး နဲ့ ဘုန်းမင်း က မျက်နှာမှာ အပြုံးဝေသွားပြီး ခေါင်းညိတ်ခါ နောက်ကာဗာ ကို ဖြုတ်ဖို့ အလုပ်ရှုပ်ကြတော့သည်..။
စကူတွေနဲ့ သေချာ လုပ်ထားတော့ ၀က်အူလှည့် နှစ်ခု နဲ့ အချိန် တော်တော် ကြာအောင် ဖြုတ်ပြီးမှာ နောက်ကာဗာ က ပြုတ်သည်..။
အထဲက ဓာတ်ပုံ မှောက်ရက်ကို ဆွဲယူပြီး ဗီဂါ ဘက်ကို လှည့်လိုက်တော့
“ခြီး..”
“ဟိ...ဟီး ..”
“အဟွတ်...အဟက်....ခွီး..”
မသိမသာ ရယ်သံတွေ မြိုသိပ်ထားရတဲ့ ရယ်သံတွေနဲ့ အခန်းထဲ က လူအားလုံး ပြုံးစေ့စေ့ ဖြစ်ကုန်သည်...။
“ဟ....”
မာရီနာလို့ အရုပ်မလေးပုံမှာ နှုတ်ခမ်းမွှေးတွေ တပ်ပြီး အပြုံး တစ်ခု မှာ သွားကို အနက်ရောင် ချယ်ထားတော့ ဗီဂါတောင် စိတ်ပျက်ချင်သလိုလို ဖြစ်သွားရသည်..။
“သွားစမ်း..အကုန် ထွက်သွား..”
ဓာတ်ပုံကို ခုံပေါ်တင်ပေးခဲ့ပြီး အားလုံး ခေါင်းငုံ့ခါ အလျှိုလျှို ထွက်သွားတော့မှ ဗီဂါ ခြေလှမ်းကြဲ နဲ့ အတူ သူ့ အနားကို လျှောက်သွားလိုက်သည်..။
ဒါတောင်မှ မခန့်လေးစား စာဖတ်နေတုန်း...စိတ်တိုလို့ စာအုပ်ကို ဆွဲယူလွင့်ပစ် လိုက်တော့မှ မျက်လုံးလှန်ကြည့်သည်..။
“ခင်ဗျား..ဘာလုပ်တာလည်း..”
“ဟမ်..ဘာလည်း..မောင်...”
“ကျွန်တော့် ကို ဘာလို့ ဒေါသထွက်အောင်ပဲ လိုက်လုပ်နေတာလည်း..ဒေါ်သစ်ရွက်ဝေ..”
“ဟဲ..ဟဲ...မောင်..မှားနေတယ်နော်...”
“ဘာမှားတာလည်း..”
ဗီဂါ ရှေ့တိုးပြီး မေးငေါ့ မေးလိုက်ပေမဲ့ မော့ ကြည့်ပြီး နှုတ်ခမ်းကို ပြုံးစေ့စေ့လုပ်ခါ..
“နာမည်လေ...ရွက်သစ်ဝေ ပါ သစ်ရွက်ဝေ မဟုတ်ဘူး.”
“ကျစ်...ကျွန်တော့် ပစ္စည်းတွေကို ဖျက်စီးတာ များနေပြီနော်...”
“ဘာဖျက်စီးလို့လည်း...မော်ဒယ်မလေးက လှတော့ ပန်းချီ ဆွဲချင်လာတာနဲ့ လိုက်ဖြည့်လိုက်တာပါ...”
“ခင်ဗျား...လွန်ပြီနော်..”
“ပုံလေး ပျက်စီးသွားတာ..”
မခန့်လေးစား ပုံစံ ဂရုမစိုက်ချင်တဲ့ ပုံစံ တွေကြောင့် အလုပ်သမားတွေရှေ့မှာ ဗီဂါ့ မာန ကို ထိခိုက်ရပေါင်းများပြီ...
“ဒုန်း...ခွမ်း...”
“ခင်ဗျားနော်...ခင်ဗျားကြောင့် ဒေါ သထွက်ရတာ များနေပြီ......”
လက်ညိုးထိုးလို့ ဒေါသနဲ့ အတူ နှုတ်ခမ်းတွေက တုန်ယင်နေတဲ့ သူ့ကို သနားစိတ်၀င်ချင်လာပြန်သည်..။
“ငါ့ ကြောင့် ဟုတ်လား..”
သူ့ လက်တွေကို ပုတ်ထုတ်ပစ်လိုက်ပြီး ရှေ့မှာ ရဲရဲဝံ့ဝံ့ ခြေစုံရပ် ပစ်လိုက်သည်..။
“နင် အရင် လာပတ်သက်တာလေ....မိန်းမ တစ်ယောက်ဆီ ကို အကြောင်းပြချက်တွေနဲ့ ချည်းကပ်လာတာ
ဘယ်သူလည်း...ဟမ်...”
“မသိဘူး..မသိဘူး..”
ကုတင်ကို ခြေနဲ့ ဆောင့်ကန်ပြီး ဘေးက စားပွဲကိုလည်း ကန်သည်..။
ပြီးနောက် ဒေါသမလျော့သေးလို့ ကုတင်ဘေးက ဖန်ချိုင့်တွေကိုလည်း ဆွဲယူလွင့်ပစ်နေသည်...။
“ငါ့ ကို နင် မုန်းရင် ဘာလို့ ငါ့ ဘ၀ကို ဖျက်စီးလည်း...ဟမ်...”
“ကျွန်တော်..ဖျက်စီးခဲ့လား...”
သူ့ရဲ့ မေးခွန်းကို ဖြေဖို့ အဆင်မပြေလို့ သစ် ၀ရန်တာ ကို ထွက်လာခဲ့လိုက်သည်...။
ဘ၀ကို ဖျက်စီးတယ်ဆိုတာ ဘယ်လို သတ်မှတ်ထားလို့လည်း...။
လူသိရှင်ကြား လက်ထပ်ထားတဲ့ မင်္ဂလာပွဲ ပျက်တာကိုလား..။
မတော်မတရား ကြံ ခံလိုက်ရတာကိုလား...။
ဟိုတယ်ခေါ်ပြီး အပျော်ကြံ ခံလိုက်ရတာမျိုးလား...။
နှလုံးသားမှာ ဒဏ်ရာနက်နက် ဖြစ်သွားတဲ့ အခါ...
ယုံကြည်မှုကို အလွဲသုံးစား လုပ်တာခံလိုက်ရတဲ့ အခါ..။
သစ္စာဖောက်ခံလိုက်ရတဲ့ အခါ...။
စိတ်ကူးယဉ် အိမ်မက်တွေ ရိုက်ချိုးခံလိုက်ရတဲ့ အခါ...။
ဘ၀ဆိုတာ ပျက်စီးတက်တာပဲလေ....။
လူမသိတဲ့ ပျက်စီးခြင်း မျိုးတွေပေါ့....။
ဒါကို မောင် တစ်နေ့ ကိုယ်တွေ့ သိလာနိုင်အောင် မ ကူညီပါမယ်..။☆✼★━━━━━━━━━━━━★✼☆。
အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ
YOU ARE READING
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...