1543
အပိုင်း (၁၉)
#1543“မောင် ...မ...လည်း လိုက်မှာနော်..”
“ဟမ်..”
“..ဒီနေ့ အလုပ် စဆင်းမှာလေ..”
သစ် အပြေးအလွှား အ၀တ်ထုတ်ရင်း နောက်နေ့ စောစောထဖို့ ဆုံးဖြတ်လိုက်ရသည်..။
သူ့ အလုပ့် လုပ်ပေးရတာရယ်..သစ် ပြင်ရဆင်ရတာရယ် အချိန်က မလောက်တော့ဘူး....။
“မောင်...”
“သြော်...နေအုံး...မ သွားယူပေးမယ်..”
“ဒီနေ့ စပို့ရှပ်ပဲ ၀တ်တော့ ရှုးကြီးနဲ့ ဘယ်ကောင်းမလည်း..”
ဗီဂါ ကြောင်တောင်တောင်နဲ့ လိုက်ကြည့်နေရတာ ကိုယ်ကကော ဘာ၀တ်နေလို့လည်း...
ဆရာမကြီး လုပ်ချင်နေတာ...။
“အင့် ဒါလေး စီး..”
ရှေ့မှာလာချပေးတာ အားကစား ဖိနပ်ကြီး....သူလုပ်တော့မှ တလွဲတွေ...။
“ထားလိုက်ပါ..ခင်ဗျား ကို လာခေါ်ခိုင်းလိုက်မယ်..”
“ဟ...ခဏလေး စောင့်ပါ မောင်ရယ်...မ တစ်ယောက်တည်း မလာရဲလို့..တကယ် ခဏပဲ..အစည်းအဝေး အတွက် လိုအပ်တာတွေ ပြင်ဆင်ပြီး ခုံပေါ် တင်ထားတယ် ထိုင်ဖတ်နေလိုက်နော်...”
အပြေးအလွှားထွက်သွားတော့မှ ဗီဂါ ဖိနပ် ထုတ်ပြီး စီးခါ အလုပ်ခန်းဘက်ထွက်လာခဲ့လိုက်သည်..။
စားပွဲပေါ်မှာ စာရွက် တစ်ချို့ ကို ဖိုင်လုပ်ပြီး တင်ထားတော့ ဘာတွေလုပ်ထားပြန်ပြီလည်း သိချင်စိတ်နဲ့ ကောက်ကြည့်လိုက်သည်..။
အစည်းအဝေးမှာ ထည့်ပြောရမဲ့ စာရင်းတွေကို မိန့်ခွန်းပုံစံ ရေးပေးထားတာ ဗီဂါ မျက်ခုံး ပင့်လ်ိုက်မိ၏....။
“ဟူး..သေမှာပဲ.”
သစ် လက်တွေက ပေါင်ဒါ ဘူးကိုချခါ မျက်ခုံးမွှေးကို ဘရှပ်နဲ့ ခြစ်ရင်းမှန်ထဲမှာ ပေါ်လာတဲ့ အတွေး...
“ဘယ်လိုဖြစ်ပြီး အိပ်ယာထဲ ရောက်လာတာလည်း..”
“တီ...တီ...တီ...”
“ကားထွက်တော့မှာလား..”
သစ် နှုတ်ခမ်းနီ တစ်ဖက် က တို့ရင်း စကပ်ဇစ်လည်း တစ်ဖက်က ဆွဲတက်ရသည်..။
နှစ်ဖက် စလုံးသန်နေအောင် လေ့ကျင့်ထားလို့တော်ပါသေးရဲ့...။
နှုတ်ခမ်း နှစ်လွှာကို ဖိကပ်ပြီး ဆွဲခါ နှုတ်ခမ်းနီ ညီအောင် လုပ်ပြီး tab ကို ယူ ဖိနပ်စီးပြီး ထွက်လာခဲ့ရတာ ဘာတွေ လိုသေးလည်း မသိ...။
“ရပြီ မောင်..”
ကားထုတ်ခိုင်းလိုက်တာနဲ့ အနားရောက်လာတာ အားလုံး အဆင့်သင့် ဖြစ်ပြီးသား..။
မျက်နှာက ပြင်လိုက်ဆင်လိုက်တော့ လူငယ်ပုံစံ ဖြစ်သွားပြီး အ၀တ်အစားနဲ့ လိုက်ဖက်ရင် လူလည်း အရွယ် ပုံစံပြောင်းတက်တယ် ဆိုတာ ဗီဂါ ယုံလိုက်ရသည်..။
“ခင်ဗျား အဆင့်သင့်ဖြစ်ပြီလား..”
“အင်း..”
“ပြင်စရာ ရှိသေးလား..”
“ဟင့်အင်း..”
“ဘုန်းမင်း ..မှန်ယူပြလိုက်..”
ဘုန်းမင်းက ြ့ပုံးစေ့စေ့ နဲ့ ၀င်သွားတာတောင် ဒေါ်သစ်ရွက် တို့က ဆောင်ပေပေ လိုက်ကြည့်နေသေးတာ..။
“ဒီမှာ..အစ်မ...”
မှန်ရှေ့ကို သေချာ ကြည့်ပြီး အလှမပြင်တာ ကြာပြီး ဖြစ်တဲ့ သစ် မျက်နှာလေးက နုငယ်နေသလိုလို..။
“လှပါတယ်..”
“ဆံပင် မပါဘူး..”
သူ့ စကားကြောင့် ဆံပင်ဆီ အကြည့်ရောက်သွားမှ အိပ်ရာနိုးစ ခေါင်းမဖြီးရသေးတဲ့ ပုံစံ...
“ဟီ...ဆောရီး...ခဏပဲ မောင်...ခဏပဲ...”
ပြန်ပြေး၀င်သွားတော့ ဘုန်းမင်းက ရယ်နေတာ ပါးစပ်မပိတ်လို့ ဗီဂါ ဘုကြည့်ကြည့်ပစ်လိုက်သည်..။
“အဟွတ်...ရပြီ မောင်..”
ဆံပင်တွေကို စုလိမ်ပြီး ဆံထုံးပုံစံလုပ်လာရတာ အထဲမှာတော့ စာကလေးသိုက် ဖြစ်နေလောက်ပါပြီ..။
သစ် ရယ်ပြ ပြီး ရှေ့ကို လျှောက်လာတော့ သူက ကားတံခါးဖွင့်ပြီး တက်သွားတာ လာပါ လို့တောင် မခေါ်..။
“မောင်...တို့ ကုမ္ပဏီ က ဘယ်မှာလည်း ဟင်..”
“ခင်ဗျား စင်တာ သွားတုန်းက အပေါ်တက်ခဲ့လား..”
“ဟင့်အင်း....ရှက်ပြီး ပြန်ပြေးလာခဲ့တာ..ဟဲ..ဟဲ...”
သစ် ရယ်ကြဲကြဲ နဲ့ ပြောလိုက်ပေမဲ့ သူ က တစ်ဖက်ကို လှည့်သွားတာ နားညီးတဲ့ ပုံံစံ...
နားမထောင်လည်း နေပေါ့...တစ်နေ့ကုန် ပြောဖို့ ပါးစပ် ကို အနားပေးထားရမယ်...။
“မင်္ဂလာပါ ဆရာ...”
၀တ်မှုံက ဟိုတယ် ရှေ့မှာ ရပ်ပြီး ကြိုလိုက်ပေမဲ့ သစ်ကို တွေ့တော့ အံသြသွားသည့်ပုံ..။
အံသြမှာပေါ့ သူ့တွေ့စထက် အများကြီး လှပနေတာကိုး...ဟွန့်...မိန်းကလေးဆိုတာ အရည်အချင်းရှိ လေ ပိုလှလေ...ခေါင်းမော့ ရင်ဖွင့်ပြီး မောင့် ဘေးက ကပ်လျှောက်သွားလိုက်သည်..။
သစ်နဲ့ မလှမ်းမကွာလိုက်ပြီး နောက်ကနေ ဘယ်လောက်တောင် ကျိန်ဆဲနေမလည်း မသိ..
ကျိန်ပါစေ..သူ့နေရာ လုမဲ့သူကိုး..။
“၀တ်မှုံ ....မစ္စတာ ရှောင် နေ့လည် စားပွဲကို အဆင်သင့် လုပ်ပြီးပြီလား..”
“ဟုတ်ကဲ့..ပြင်ပြီးသားပါ ..ဆရာ လည်း တက်ရောက်ရမှာမို့လို့ ၁၁ နာရီ ရွေ့လိုက်ပါတယ်..”
“ကောင်းတယ်...”
၀တ်မှုံ က အမှတ်ရသွားတော့ ခေါင်းပိုမော့ လာသလို ထင်ရတာ သစ် စိတ်ထဲ အလိုမကျ...။
လက်ထဲက tab ကို ဆွဲုပြီး ကိုယ်တိုင်ရေးထားသည့် ဆော့ဝဲလ် ကို ဖွင့်လိုက်တော့ အင်္ဂလိပ် အက္ခရာတွေ အကုန်တက်လာသည်..။
“S..”
“အိုး ..မစ္စတာ ရှောင် က မြေပဲနဲ့ ဓာတ်မတည့်ဘူး..၀တ်မှုံ့ .. အချိုပွဲ မှာ မြေပဲပါတာ သုံမျိုးတောင်..”
“ဟင်..”
ရှေ့က ခြေလှမ်းသွက်နဲ့ လျှောက်နေတဲ့ သူက ခြေလှမ်းတွေရပ်ပြီး နောက်ကို လှည့်ကြည့်တော့ ၀တ်မှုံ က ခေါင်းငုံထားသည်..။
“လူကြီး ပိုင်းတွေဆိုတော့ နည်းနည်း သတိထားပါ ၀တ်မှုံ “
“ဟုတ်ကဲ့...”
ကြည့်ပါလား သူ့ လူကိုပဲ ဂရုစိုက်ဖို့ပြောတယ်..သစ်ကို ကျတော့ တော်ပါတယ်တောင် မပြောဘူး..။
“ဟလို ဗီဂါ..”
“ထိုင်ပါ ဆရာ...”
“အေး..ငါက မင်း လို အလုပ်များတဲ့သူကို တွေ့ချင်ပေမဲ့ အားနာတယ်.”’
“ရပါတယ်.ဆရာ..”
“ဗီဂါ စင်တာ ဖွင့်ပွဲက နောက်သုံးလမှာဆို..”
“ဟုတ်ပါတယ်...”
“ကွန်ဒို အသစ်မှာ ကိုယ့် အမျိုးသမီးက သုံးခန်းလိုချင်တာ တာ၀န်ခံတွေက ကုန်သွားပြီ ပြောလို့ပါ...အရမ်း နားပူလို့..မခံနိုင်တော့ဘူး...”
“အဟွင်း ဟုတ်တာပေါ့...ကျွန်တော် ကြိုးစားကြည့်ပါမယ်...အန်ကယ် ဆေးစင်တာ အသစ်လည်း ပြီးတော့မယ်နော်..”
“အင်း...နှစ်၀က်လောက်တော့ ကြာအုံးမယ်ထင်တယ်...”
“MMIP ဆေးဝါးဆိုင်ရာ သုတေတန အဖွဲ့ကလည်း စိတ်၀င်စားနေတယ်...ပြီးတော့ MC ဆေး ကုမ္ပဏီကလည်း အန်ကယ်နဲ့အကျိုးတူ ပူးပေါင်းချင်နေကြတာ...”
“အန်ကယ် ကတော့ နိုင်သလောက်ပေါ့ကွာ..ဝါသနာ စေတနာ အရင်းခံပြီး လုပ်ဖြစ်တာဆိုတော့ တစ်ယောက်တည်း ပဲ ဖြည်းဖြည်းတက်မလားလို့...”
“ဘာဖြစ်လို့လည်း အန်ကယ်..”
“စီးပွားရေးဆိုရင် လောဘ ပါလာလိမ့်မယ်..”
“သြော်..ဒါမျိုး စိတ်မပူပါနဲ့ အန်ကယ်...ကျွန်တော့် ဦးလေး လိုပါပဲ..”
“ဟင်..MC ဆေးကုမ္ပဏီ က ဗီဂါ နဲ့ သိလား..”
“ဟုတ်ကဲ့...တွေ့တိုင်း ပြောနေလို့ပါ..အန်ကယ် အဆင်မပြေရင်လည်း ကျွန်တော် အကြောင်းပြန်ပေးလိုက်ပါမယ်...”
“ဟာ..မဟုတ်တာ...ဗီဂါ နဲ့ ပတ်သက်နေတာပဲ လက်ခံရမှာပေါ့...ဒါရိုက်တာ အဖွဲ့ နဲ့ စကားပြောကြည့်ပြီး အကြောင်းပြန်ပါမယ်..”
“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..အန်ကယ်..”
“အန်ကယ် ကော်ဖီ သုံးဆောင်ပါအုံး..”
၀တ်မှုံ က ကော်ဖီ ပန်းကန်ချပေးလိုက်တော့ ထိုဧည့်သည် အပြုံးနဲ့ အတူ လက်ကာပြီး..
“ဆောရီး..၀တ်မှုံ အန်ကယ် ကော်ဖီဖျက်ထားရတယ်...”
၀တ်မှုံ က ခေါင်းညိတ်ပြုံးပြပြီး ကော်ဖီခွက်ကို ပြန်ယူလိုက်တော့ သစ်လည်း ပြုံးပြီး လက်ထဲက ခွက်ကို ချပေးလိုက်သည်..။
“ရှောက်လက်ဖက်ရည်ပါ ဆရာ...”
“သင့်ခ်ယူ ..”
ဧည့်သည်က အပြုံး တစ်ခုနဲ့ အတူ ခေါင်းညိတ် အသိအမှတ်ပြုချိန် သူ့ ကို ကြည့်လိုက်တာ သစ် ကို ပြုံးပြတာလား ဧည့်သည်ကို ပြုံးပြတာလား မသိပေမဲ့ ပါးချိုင့်တော့ ပေါ်နေပြီ...။
“အန်ကယ် သောက်နေကျ အရသာပဲ....”
“ဟုတ်ကဲ့...ဂျပန်က ထုတ်တာပါ..”
“ဟုတ်တယ်...ဟုတ်တယ်...နေပါအုံး သမီး က အသစ်လား..”
လက်ဖက်ရည်ခွက်ကို ချပြီး ဗီဂါ့ဆီကို အကြည့်ကျလာတော့ ဗီဂါ ခေါင်းညိတ်ပြီးသာ အသိအမှတ်ပြုလိုက်ရသည်..။
ဒါတွေ အားလုံး ဘယ်လို သိနေပါလိမ့်...။
ဗီဂါ ရှေ့က လက်ဖက်ရည်ခွက်ကို သောက်ရင်း မျက်လုံး ပင့်ကြည့်လိုက်တော့ အတွင်းရေးမှူး လုပ်ရတာ တော်တော်ပျော်နေသည့်ပုံမျိုး ...။
“ဒေါ်သစ်ရွက် အခန်းထဲ လိုက်ခဲ့လိုက်..၀တ်မှုံ က နေ့လည်မီတင် မှာ လိုအပ်တာတွေ အဆင့်သင့်လုပ်ထားပေးပါ...”
“ဟုတ်ကဲ့..”
၀တ်မှုံ က ခေါင်းညိတ်ပြီး ထွက်သွားမှ သစ် ပခုံးတွန့်ပြီး လက်ထဲကTab ကို ပြန်ကြည့်နေလိုက်သည်..။
“ခေါ်နေတယ်လေ...”
“သြော်..အင်း..”
နောက် မှာ သုံးလှမ်းလောက် ကွာပြီး ကျန်ခဲ့တော့ ခပ်သွက်သွက် ပြေးလိုက်ခဲ့ရသည်..။
“ပြောပါ မောင်..”
“ခင်ဗျား ဒါတွေ ဘယ်လိုသိတာလည်း..”
“ဟင်..”
ဗီဂါ ခုံမှာ ထိုင်ရင်း မေးခွန်းထုတ်လိုက်တာ
သူက ပြန်ပြီး ဟင်နေတော့.. မျက်မှောင်ကြုတ်လိုက်မိသည်..။
“သြော်..လက်ဖက်ရည် ကိစ္စ လား..သူ့ ဖေ့ဘွတ်ကနေ တွေ့လိုက်တာပါ...”
“ဒီကိစ္စ တစ်ခုတည်း မဟုတ်ဘူး..မစ္စတာ ရှောင် မြေပဲနဲ့ ဓာတ်မတည့်တာက “
“ဟူး..မောင် ကလည်း စပ်စုလိုက်တာ..မ ဟာ့ မ ဘယ်လို သိသိပေါ့ ..အဓိက က မောင့် အလုပ်မှာ အဆင်ပြေဖို့ပဲမလား..”
“အဆင်ပြေဖို့ ဟုတ်တယ်လေ...ဒါပေမဲ့ မဟုတ်တာတွေ”
“တော်ပါ သူများဆို သိပ် အထင်သေးတာပဲ ဒီမှာ ကြည့်...”
ရှေ့ကို ရောက်လာတဲ့ Ipad အသေးကို ကြည့်လိုက်တော့ နာမည် စာရင်းတွေ...
ဗီဂါ ကောက်ပြီး နှိပ်ကြည့်လိုက်တော့ နာမည်နဲ့ အကြောင်းအရာတွေက တွဲပြီးသာ...။
“ဒါတွေ...”
“ဦးနှောက်က မမှတ်နိုင်လို့ ဆော့ဖ်ဝဲလ်ပဲ ဆွဲလိုက်တာ...တစ်ခု မလုပ်နိုင်ပေမဲ့ တစ်ခုတော့ လုပ်နိုင်တယ် တွေ့လား..”
“ဒါဆို ခင်ဗျား အရည်အချင်းမှ မဟုတ်တာ ဆော့ဖ်ဝဲလ် မှာ အပြစ်ပေါ်လာတဲ့နေ့ ခင်ဗျား အလုပ်ပြုတ်တဲ့နေ့ ဖြစ်မှာ မြင်ယောင်သေးတယ်..”
“မောင် ကလေ သူများဆို အထင်သေးဖို့ပဲ...ဘာပဲ ဖြစ်ဖြစ် ၀တ်မှုံထက် သာတယ် လုပ်လိုက်..”
‘ဘယ်နေရာလည်း..”
မေးတာတစ်မျိုး ဖြေတာ တစ်မျိုးနဲ့ လူကို မျက်လုံးမှေးပြီး ပြန်မေးနေပြန်ပြီ..။ အမြင်ကပ်လာတာနဲ့ တစ်ပတ်လှည့်ပြပြီး လက်မြှောက်လိုက်ရင်း..
“တစ်ကိုယ်လုံးပဲ...”
“အဟွင်း...”
“ဟား...ဟား....အဲဒီ့မဲ့ ပြုံးနဲ့ ၀န်ခံလိုက်တာပဲမလား..ဟဲ..ဟဲ...”
“ခင်ဗျား အဲဒီ ဟဲဟဲ ကို ဖျောက်နော်..ကျွန်တော် လုံး၀ မကြိုက်ဘူး..”
“အွင်း...သူများ အိမ်မှာနေတုန်းက ဘယ်က ခွေးလေး တဟဲဟဲ လုပ်နေတာလည်း မသိပါဘူး..”
“အဲဒါ ဘုန်းမင်းကို အတုခိုးပြီး မနည်း လုပ်ယူထားရတာ..”
“ဟာ..မောင် က ခွေးလေးလား..”
သူ ကိုယ်တိုင်ပဲ ၀န်ခံပြီး သစ်မေးလိုက်တော့မှ မျက်ခုံးကြီး မှုန်ကြုတ်ပြီး စိုက်ကြည့်ခါ...
“ခင်ဗျားနော်...”
“ဟဲ..ဟဲ...စတာပါ...မောင်ပဲ ၀န်ခံပြီး..”
“မဟဲနဲ့..”
“အွတ်စ် ဆောရီး...”
“ဆရာ မီတင် အဆင်သင့် ဖြစ်ပါပြီ..”
“အိုကေ..လာခဲ့မယ်..”
၀တ်မှုံ နောက်ကို လိုက်သွားတော့ သစ် လည်း ပြေးလိုက်သွားလိုက်ရသည်....။
တော်ပါသေးရဲ့ ဒေါက် အမြင့်ကြီး မစီးပေလို့...။
အခန်းရှေ့ရောက်တော့ သစ် လိုက်၀င်ဖို့ ကို ၀တ်မှုံ က တံခါးပိတ်လိုက်တော့ လူက ကြောင်တောင်တောင် နဲ့ ရပ်ကျန်ခဲ့ရသည်...။
တံခါး ကလည်း လုံး၀ ဖွင့်မရအောင် ဘယ်လို ပိတ်သွားပါလိမ့်..။
“ဆရာ...မီတင်ပြီးရင်..နေ့လည် ၂နာရီမှာ..ခရီးသွားလမ်းညွန်အဖွဲ့နဲ့ ဆွေးနွေးရမဲ့ အကြောင်းအရာတွေပါ...”
“အင်း..”
နောက် ကို လှည့်ပြီး စာရွက် ယူလိုက်တော့မှ ဒေါ်သစ်ရွက် ကို သတိထားမိသွားသည်..
ဘယ်မှာ ကျန်ခဲ့ပါလိမ့်..။
ဗီဂါ ခေါင်းစောင်းပြီး အ၀င် တံခါးကို ကြည့်လိုက်တော့ ၀တ်မှုံက ရှေ့တိုးပြီး
“ဆရာ..မီတင် နောက်ကျတော့မယ်..”
“အင်း..ခဏ...”
ဗီဂါ လက်ထောင်ပြခဲ့ပြီး တံခါးဆီကို ခြေလှမ်းကြဲဖြင့် လျှောက်သွားခါ ဆွဲဖွင့်လိုက်တော့ တံခါးရှေ့မှာ လက်နောက်ပစ်ပြီး ရပ်နေသည်..။
“လာလေ..”
‘သြော်..မောင်...အင်း တံခါးဖွင့်မရလို့..”
သူ့ နောက်က လိုက်သွားလိုက်ပြီး ၀တ်မှုံ ကို ဆောင်ပေပေ ကြည့်လိုက်တော့ ဒင်း က ဘာမှ မလုပ်သလို ပြုံးပြနေတာ ရိုက်သတ်ချင်စရာ ရုပ်..။
“စင်တာ ဖွင့်ပွဲ မှာ ဂိမ်း တစ်ခုလောက်ထည့်လိုက်ရင် လူတွေ ပိုစိတ်၀င်စားမယ် ထင်တယ်..”
“ဘယ်လိုမျိုးတွေလည်း...”
“ထိုင်းမှာဆို လူငယ်စုံတွဲတွေ အတွက် ဂိမ်းလေးတွေ လုပ်ပေးတယ်..အပြေးပြိုင်တာတို့ ဖက်ပြီး လမ်းလျှောက်တာတို့ ဒါမျိုးတွေပေါ့...”
ပရိုဂျက် တာမှာ ပေါ်လာတာတဲ့ စုံတွဲ ပုံရိပ်တွေ့မှာ ပိုက်တစ်ခုကို အတူတူ ကိုက်ပြီး မုန့်ကွင်းတွေ သယ်တာတို့ ကုန်းပိုးတာတို့ ဖက်တာတို့ ကြည့်ရတာ လုံး၀ အဆင်မပြေ...
“ဒီလို လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား..”
“ဟုတ်ကဲ့ အားလုံးက ထောက်ခံပါတယ်...ဆုအနေနဲ့ ကတော့ Electronics ကုမ္ပဏီကြီး သုံးခုက စပွန်ဆာပေးချင်တယ် ပြောထားပါတယ်...”
“မသေချာပဲနဲ့ လက်မခံပါနဲ့...ကျွန်တော် စဉ်းစားကြည့်လိုက်ပါမယ်..”
“ဟုတ်ကဲ့...”
ပရိုဂျက်တာ က မပြောင်းသေးလို့ စုံတွဲ ပုံရိပ်တွေ တက်လာနေဆဲ လူကြီးတွေလည်း ထိုင်နေတော့ စိတ်ရှုပ်တာနဲ့ သစ်ပဲ ခလုတ်ကို သွားပိတ်လိုက်ရသည်..။
“တခြား ဘာ အစီအစဉ် ရှိသေးလည်း..”
“ဥာဏ်စမ်း ဂိမ်းမျိုးလည်း ဆော့ လို့ရပါတယ်..”
“ကျွန်တော် ဂိမ်းကို ပြောတာ မဟုတ်ပါဘူး..ပရမိုးရှင်းတို့ လက်ဆောင် တို့ကို မေးနေတာပါ..”
“သြော်..သြော်...ဟုတ်ကဲ့ ကောင်တာတွေကတော့ ဒါမျိုးတွေ စီစဉ်ထားပြီးသားပါ ..”
“စားသောက်ခန်းမ ..”
ဗီဂါ ဖိုင်ကို လှန်ရင်း တွေ့တာ တစ်ခုကို ကောက်ပြီးဆွဲထုတ်မေးလိုက်တော့ တစ်ယောက်နဲ့ တစ်ယောက် ပြန်ကြည့်နေကြသည်..။
“ဟုတ်ကဲ့ ကျွန်တော်တို့ အထူးဟင်းအမယ် တွေ ရွေးချယ်ပြီးရင် ပြန်တင်ပြပါမယ်..”
“အချိန် က သိပ်မလိုတော့ဘူး ၀န်ထမ်း အင်အားဖြည့်ပြီး သေချာ ဂရုတစိုက်လုပ်စေချင်ပါတယ်... အားလုံးပင်ပန်းနေတာလည်း ကျွန်တော်သိပါတယ်...ကျေးဇူးတင်ပါတယ်... တင်ပြစရာ မရှိတော့ရင် နားလိုက်ပါတော့မယ်”
“ဟုတ်ကဲ့...”
ခုံက ထထွက်လာခဲ့ချိန် နောက် က ပါမလာစိုးလို့ လှည့်ကြည့်လိုက်တာ ထင်တဲ့ အတိုင်း ဖိုင်တွေကို စပ်စုနေပြန်ပြီ..။
“ဖစ်..”
“အင်....”
အသံထွက်လာရာ လှမ်းကြည့်ပြီး သစ် ကိုယ့်ကိုယ်ကို လက်ညိုးထိုးပြတော့ ခေါင်းညိတ်ခါ ကျောခိုင်းသွားသည်..။
ခုံမှာထိုိင်နေတဲ့ လူတစ်ချို့ရဲ့ မျက်လုံးတွေမှာ စပ်စုတဲ့ အရိပ်တွေ ပြည့်လာတော့ သစ် အမြန် သူ့နောက်ကို လိုက်သွားလိုက်ရသည်..။
“ဖစ် တဲ့..ဟား...အွတ်စ် ဆောရီး..”
သူ့ဆီက မကြည်မလင် အကြည့်ကျလာမှာသိလို့ ကြိုတောင်းပန်ထားတာတောင် မျက်မှောင်ကြုတ်ကြီးနဲ့ ခေါင်းငှဲ့ကြည့်သေးသည်..။
“၀တ်မှုံ အန်တီမြင့်ခင် ရဲ့ ပွဲ ကို တစ်ချက်သွားကြည့်ပြီး အကြောင်းပြန်ပေး..ကိုယ် မလို ရင် မလာတော့ဘူး..”
“ဟုတ်ကဲ့..”
ဘေးက ၀တ်မှုံ ထွက်သွားတာနဲ့ သစ် သူ့ဘေးကို ယှဉ်ပြီး ခြေလှမ်းသွက်သွက် လျှောက်လိုက်သည်..။
“ထိုင်လေ..”
သူ့ အခန်းထဲ က ဆိုဖာ ဝိုင်းမှာ ၀င်ထိုင်ပြီး သစ်ကိုပါ ထိုင်ခိုင်းတော့ သစ် ခေါင်းညိတ်ပြီး ထိုင်လိုက်ရသည်..။
ဟူး..အခုမှ ပဲ ခြေထောက်တွေ နားရတော့တယ်..ဖြစ်နိုင်ရင် ဖိနပ်ပါ ချွတ်ထားချင်တာ..။
“ည နေ လေးနာရီမှာ ချိန်းထားတာ တစ်ခု ရှိတယ်...ဘယ်သူလည်း..”
“...”
သူ ကြည့်ပြီး မေးနေမှန်း သိလို့ သစ် နှုတ်ခမ်းနှစ်ခုကို ဖိကပ်ရုံမက ပိုဖိပြီး အတွင်းထဲ ထည့်ထားလိုက်သည်..။
“မေးနေတယ်..”
“.....”
“ကျစ်...ဒေါ်သစ်ရွက်...အဲဒါ ဘာဖြစ်နေတာလည်း...”
မျက်ခုံးတွန့်ကုတ်ပြိး မေးလာပေမဲ့ သစ် နှုတ်ခမ်းဖိပိတ်ပြီး မျက်ခုံးပဲ ပင့်ပြလိုက်သည်..။
တော်တော် တုံးတဲ့ ကောင်စုတ်လေး...။
“အိုကေ...ခင်ဗျား တော်ပါတယ်...ကျွန်တော် မထင်ထားလောက်အောင် တော်တယ်...ရပြီလား..”
“ဟဲ..ဟဲ....ဟုတ်တယ်နော်..”
‘ဟ..”
“အိုး..မဟဲဖို့ မေ့သွားတာ...”
သစ် ကို ဆိုက်ကြည့်ပြီး အကြည့်လွဲသွားတာ ဒါလည်း မျက်စောင်းထိုးတာပဲနေမှာပါ...။
သစ် ဘေးက Tab ကိုဆွဲယူပြီး ဒီနေ့ အချိန်ဇယားကို ဝင်ကြည့်လိုက်သည်။
“မောင်...ညနေ တွေ့ရမှာ ထိုင်းက ဧည့်သည် တစ်ယောက်ပါ ..လက်ရှိ ထိုင်းက ဟိုတယ် ကို စိတ်၀င်စား လို့ဖြစ်မယ်..”
“အဟွင်း..ခင်ဗျား...Ipad က ရတနာ သိုက်ကြီးပဲ..”
“Ipad က ရတနာ မဟုတ်ဘူး ဖန်တီးလိုက်ထားတဲ့ လူကသာ ရတနာ..တန်ဖိုးကြီးတယ်...”
“ဟား..ဟား...ဟား..ရတနာ”
ရယ်ပြီးတာတောင် မရပ်နိုင်ပဲ ပါးစပ်ကို လက်ခုံနဲ့ ကွယ်ပြီး ဆက်ရယ်နိုင်တာ အံသြရသည်။
ဘာတွေများ ရယ်စရာ တွေ့သွားလည်း.။
သစ်က သူ့အတွက် ရတနာဆိုတာ ဟားစရာဖြစ်သွားတာလား..။
“မောင် က ရယ်ရင် အရမ်းချောတာပဲ ပါးချိုင့်လေးတွေပေါ်နေတာ နမ်းချင်စရာလေး..”
ရယ်နေတာ ရပ်ပြီး မျက်နှာ ချက်ချင်းတည်သွားတော့ သစ် စိတ်ထဲမှာ ကြိတ်ပြုံးလိုက်ပြီး အနိုင်ရစရာ တစ်ကွက်တွေ့သွားသည်...။
“ဖိနပ် အဲလောက် မြင့်တာ မစီးနဲ့...ခင်ဗျား ထူးပြီး လှလာမှာ မဟုတ်ဘူး..”
“ဟမ်...”
အလုပ်ကိစ္စ ပြောနေရင်း သစ် ဖိနပ်ကို အပြစ်ရှာပြန်တော့ ခေါင်းငုံ့ ပြီး ဖိနပ်ကို ကြည့်လိုက်မိသည်..။
“အလုပ်နဲ့ လိုက်ဖက်တာ ၀တ်တာလေ..”
“မလို ပါဘူး...ကိုယ်ကိုယ်ကို ဘေး ဒုက္ခပေးပြီး ဝတ်စားနေတာ ရူးနေတဲ့သူတွေ လုပ်တာ”
"တစ်ချို့လည်း နွေခေါင်ခေါင်ကြီး suit ဝတ်တာ ရူးများနေလားသိဘူး..”
"ကျစ်...ခင်ဗျားလေ...”
စကားပြောနေရင်း ထသွားပြီး သူ့ စားပွဲဘေး ဘုံးကို ဆွဲခါ မိန်းမစီး ဖိနပ် တစ်ရံ့ ထုတ်လာတော့ သစ် မျက်လုံး ပြူး မိသည်..။
မိန်းမ ဖိနပ်တွေ စွဲလမ်းတာလား...မဟုတ်မှ လူမသိအောင် ထုတ်စီးနေတာလား...။
“ဒါ ပြောင်းစီးလိုက်...”
“အပေါစားကြီး ကျနေတာပဲ ပါးပါးလေး မ၀တ်ချင်ဘူး..”
“မ၀တ်ရင်နေ....”
ဖိနပ်ကို ကြမ်းပြင်ပေါ် ဘုတ်ကနဲ့ ပစ်ချပြီး ဆိုဖာမှာ ပစ်ချထိုင်ခါ မျက်နှာထား စူပုတ်ပုတ်ဖြင့် ရှေ့က ဖိုင်ကို ကောက်ဖတ်နေပြန်သည်.။
“သြော်..နေအုံး....”
“ဘယ်ကိုလည်း...”
“မောင် စားဖို့ စီစဉ်ပေးမယ်လေ...”
“မလုပ်နဲ့ ၀တ်မှုံ လုပ်လိမ့်မယ်..”
“၀တ်မှုံ က လုပ်စရာလား..မ က မောင့်မိန်းမ...”
“ကျစ်..”
“မောင့်နားခါးလည်း အဲဒါ အမှန်တရား..”
မျက်စောင်းထိုးပြီး ခြေဆောင့်ထွက်သွားတာ ဒီက သူ ခြေထောက်ညောင်းနေမှာစိုးလို့ တမင်တကာ ထိုင်ခိုင်းထားတာ စေတနာနဲ့ မတန်တာ... လုပ်ထား... ပြီးရင် စင်တာကို သွားချိန်မှ ညောင်းပါပြီ အော်ကြည့်...။
“ဟင်...ဘာတွေလည်း..”
“ဆရာ့ က နေ့လည်စာ မစားခင် လိမွန် တစ်ခွက်သောက်နေကျပါ..”
“ဟုတ်လား..မောင်...”
၀တ်မှုံ ပြောပြီးတာတောင် ရှေ့ တိုးပြီး ဆက်မေးတော့ ခြေချိတ်ပြင်ထိုင်ပြီး ဖန်ခွက်ကို ယူခါ ခေါင်းညိတ်ပြလိုက်ရသည်..။
“ဆရာ နေ့လည် စင်တာ သွားဖို့ စီစဉ်ပြီးပါပြီ...”
“အိုကေ...”
၀တ်မှုံ ဖျော်တိုက်တဲ့ လီမွန်ဖျော်ရည် ကို သောက်လိုက် ကွန်ပျူတာ ကို ကြည့်လိုက်နဲ့ အလုပ်များပြနေတာ မကျေနပ်ချင်...။
“တီ..”
၀တ်မှုံ က လက်ထဲက ဖုန်းကို ကြည့်ပြီး သူ့ အနား ကို လျှောက်သွားခါ..
“ဆရာ..မစ္စတာ ရှောင်တို့ ရောက်ပါပြီ..”
‘အိုကေ...သွားကြတာပေါ့...”
သစ် လည်းခုံက ထပြီး ဖိနပ်နေရာကျအောင် ပြန်၀တ်ခါ သူ့ အနားကို သွားရပ်လိုက်တော့ တစ်ချက် မျက်လုံးပင့် ကြည့်သည်..။
“နေ့လည်စာ စားမှာ ဆိုတော့ ခင်ဗျား လိုက်စရာ မလိုဘူး..”
“ရပါတယ်..မောင်ရဲ့...”
“ကျွန်တော် ပြောနေတာ မလိုက်ဖို့...”
“အမ်း..”
လေသံ မြှင့်လာတော့ သူစိမ်းရှေ့မှ အော်တာ မခံချင်လို့ မကြည်မသာ ခေါင်းညိတ်လိုက်ရသည်..။
“သူများ ဘာလုပ်ထားရမလည်း..”
“စားပွဲပေါ်မှာ ငွေဆောင် ဟိုတယ် အစီရင်ခံစာတွေ ရှိတယ် ဖတ်ထား..”
“အမ်း..”
သစ် ခေါင်းညိတ်လိုက်တော့ ခုံပေါ်က ဖုန်းကိုယူပြီး ၀တ်မှုံ နဲ့ အတူ ထွက်သွားသည်..။
ဟူး..ကောင်းတယ်...ထိုင်ရတာပေါ့လေ...။
သူ့ရဲ့ စုံလည် ကုလားထိုင်ပေါ်မှာ ပစ်ထိုင်ပြီး လှည့်ရင်း စားပွဲပေါ်က ဓာတ်ပုံ ဆီ အကြည့်ရောက်သွားတော့ ပျော်နေတာ ပျောက်သွားသည်..။
မမေ့နိုင်အောင် ဖြစ်နေတာ...ရှေ့က ဓာတ်ပုံကို ဆက်ကနဲ့ဆွဲယူပြီး ဘောပင်နဲ့ လျှောက်ခြစ်ခါ မှောက်ချပစ် လိုက်သည်..။
“ဆရာ..ငွေဆောင် အစီရင်ခံစာတွေက မနှစ်က ဟာတွေပါ ဆရာ..”
“အင်း...သိတယ်..”
‘သြော်..”
၀တ်မှုံ က သဘောပေါက်သွားသလို ပြုံးပြီး ခေါင်းညိတ်ပြတော့ ဗီဂါ မလုံမလဲ ဖြင့် ခြေလှမ်းတွေ ပိုမြန်အောင် လျှောက်ခဲ့ရသည်..။
“အိုး..”
အလုပ်စားပွဲမှာ ခေါင်းမှောက်ပြီး အိပ်ပျော်နေလို့ ဗီဂါ အစကတည်းက မပြင်းသည့် ခြေသံကို လျော့ကျအောင် ဖွလျှောက်လိုက်သည်..။
အစီရင်ခံစာ ဖတ်ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ နားပါစေ ဆိုပြီးထားခဲ့တာ ဘယ်လိုတွေ မကျေမနပ် ဖြစ်ပြီး အိပ်ပျော်နေတာလည်း .. .နှုတ်ခမ်း တစ်ထောင်လောက်က ထွက်နေသည်..။
ရှေ့မှာ မှောက်ထားတဲ့ မာရီနာ ဓာတ်ပုံကို ကောက်ယူပြီး ကြည့်လိုက်တော့ထုံးစံ အတိုင်း လျှောက်ခြစ်ထားပြန်ပြီ...။
ဗီဂါ ပြုံးမိပြီး ဓာတ်ပုံကို ယူခါ ဆိုဖာမှာပဲ ထိုင်လိုက်သည်။
ကာဗာ ဖြုတ်ပြီး အထဲက ဓာတ်ပုံလေး ကိုလည်း ဖြုတ်လိုက်ရသည် ။
“လုပ်ထားတာ “
ခြစ်ကုတ်ထားတဲ့ ဓာတ်ပုံကို ကြည့်ပြီး ကလေးဆန်တဲ့ အပြုအမူ ကို သဘောကျစွာ ရယ်မိသည်..။
ဒေါ်သစ်ရွက် ...ခင်ဗျားကလေ.. မထင်ထားလောက်အောင် ကို ၀န်တိုစိတ်ကလည်း ပြင်းတယ်...။
“ဆရာ..”
“ဟ..”
အသံကျယ်ကျယ် နဲ့ ခေါ်ပြီး ၀င်လာတဲ့ မျိုးဝေ က ဗီဂါ မကြည်မသာ အကြည့်ကြောင့် ပါးစပ် ပိတ်သွားသည်..။
“ဘာလည်း..”
“ဟို..ဟို...ဆရာ သွားဖို့ ကားအဆင်သင့် ဖြစ်ပါပြီ..”
“ဟုတ်ပြီ..လာခဲ့မယ်...”
ဗီဂါ ပြောလိုက်မှ နောက်လှည့်ထွက်သွားပြီ တံခါးလည်း ပြန်ပိတ်ပေးခဲ့တာ လူက ဘာမဟုတ်တာ လုပ်နေမိလို့လည်း..။
အိပ်ပျော်နေတာ မနှိုးချင်တာနဲ့ စားပွဲပေါ်က စာရွက်တွေကို ခပ်ဖြည်းဖြည်း လှမ်းယူလိုက်တော့ ခေါင်းဆက်ကနဲ့ ထောင်သွားပြန်ပြီ...။
တကယ့် အမျိုးမျိူး...။
“မောင်..ဘယ်လည်း..”
“စင်တာ..”
“သူများလည်း လိုက်မယ်..”
“နေချင်”
“မနေဘူး လိုက်မယ်..”
မျက်နှာစူပုတ်ပုတ် နဲ့ ထရပ်ပြီး ဖိနပ်ကို သေချာ ပြန်ထိုးသွင်းခါ ရှေ့က နေ ထွက်သွားတော့ ဗီဂါ ပြုံးရင်း သူနောက်က ထွက်လာခဲ့လိုက်သည်..။
“ဟင်...ဒါတွေ လည်း ရှိတာလား..”
စင်တာ လေးထပ်မြောက်က အစားအသောက်ခန်းကို တွေ့တော့မှ မျက်လုံးပြူးနေတော့ ဗီဂါ မျက်ခုံးတွန့်မိသည်။
“ခင်ဗျား ဘာ ကြည့်ပြီး ပြန်လာတာလည်း..”
“အ၀တ်အစားတွေ ယူပြီး ပြန်လာတာလေ...”
“အရည်အချင်းရှိတာပေ့ါ..”
“လေး မျိုးပဲလား မောင်...”
အရင်လို ရန်ပြန်တွေ့ဖို့ မကြိုးစားပဲ စိတ်၀င်တစားလိုက်ကြည့်ပြီး မေးခွန်းထုတ်လာတော့ ဗီဂါ ခေါင်းညိတ်လိုက်ရသည်.။
“ထိုင်း၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊”
“အမ်း..”
“စင်ကာပူ၊နဲ့ ဂျပန်က နောက်ဘက် ရောက်နေတယ်..”
“ဟိုဘက် လှေကားဖွင့်လိုက်ရင်တော့ နောက် မဖြစ်တော့ပါဘူး..”
“အင်း...”
သူ့နောက်က လိုက်ပြီး ရှင်းပြနေရတာ ကိုယ့်က သူ့ လက်ထောက် ပြန်ဖြစ်နေရပြီလား..။
“ခင်ဗျား ခြေလှမ်းကို ဖြည်းဖြည်း လှမ်းလေ...ကျားလိုက်လို့ ပြေးနေတာလား..”
“ကျားလိုက်လို့ ပြေးရတာ မဟုတ်ဘူး..ကျားနောက်ကို ပြေးလိုက်နေရတာ..”
“ဟမ်..”
ဗီဂါ ခြေလှမ်းတွေကို ရပ်လိုက်ပြီး ဘေးကို လှည့်ကြည့်လိုက်တော့ ဗီဂါ့ ဘက်ကို လက်ညိုးထိုးခါ
“ဒီ ကျား..”
“ဘာဆိုင်လည်း...ဖြည်းဖြည်းပဲ လျှောက်..”
“ဟုတ်ကဲ့ပါရှင့်...”
ရွဲ့ပြီး ပြောမှန်း သိလိုက်တော့ ဗီဂါ မျက်မှောင်ကြုတ်မိပေမဲ့ အရုပ်တွေကို သတိရခါ...
“အောက် ထပ် ကို အရုပ်တွေ ထပ်ဖြည့်နေတယ်...”
“ဟုတ်လား...ကောင်းတာပေါ့....သြော် ..ဒါနဲ့ မောင့်ကို အိုင်ဒီယာ ပေးရအုံးမယ်..ဖွင့်ပွဲနေ့ ကျရင် ဓာတ်ပုံရိုက်ဖို့ နေရာ ကောင်းကောင်းလေးတွေ လုပ်ပေးလိုက်ပါလား... အခုခေတ် ကလေးတွေက ဒါကိုပဲ စိတ်အားထက်သန်နေကြတာလေ...မန်နေဂျာ နဲ့သူ့အဖွဲ့ ပြောတဲ့စုံတွဲ ဂိမ်းတွေ ဒီမှာ သိပ် အလုပ် မဖြစ်ဘူး..အဲလောက်လည်း မရဲ ကြသေးဘူးလေ...ဓာတ်ပုံရိုက်ဖို့ နောက်ခံလှလှလေးကို...ပန်းတွေနဲ့ အလှဆင်တာတို့ အရုပ်တွေ ဆင်ပေးတာမျိုးတွေက မိန်းကလေးတွေ ပိုကြိုက်ကြမယ်ထင်တယ်...”
ကိုယ့်ရဲ့ အဒေါ်ကြီးက ဆယ်ကျော်သက် အတွေးတွေ ရှိနေတော့ ဗီဂါ အထင်ကြီး သလို မျက်ခုံးပင့်ပြလိုက်သည်..။
“ဘယ်ကိုသွားမလည်း..”
ဓာတ်လှေကား ခလုတ်ကို နှိပ်ဖို့ ဘေးကို လှည့်မေးတော့ ဗီဂါ လက်ပိုက်ထားရင်း လက်သုံးချာင်းထောင်ပြလိုက်သည်..။
“ဟယ်...အရုပ်ခန်းကြီး ကြနေတာပဲ...”
မျက်လုံး အရောင်တောက်တောက်နဲ့ ပြောလာတော့ ဗီဂါ မသိချင်ယောင်ဆောင်ပြီး ရှေ့ကနေ ဦးဆောင် လျှောက်လာခဲ့လိုက်သည်..။
“ဟိုနေ့ က ဒါတွေ မရောက်သေးဘူး..”
အရုပ် အကြီး ကြီး သုံးရုပ်ကို သစ်မော့ ကြည့်ပြီး ပြောလိုက်ရင်း နောက်ကို လှည့်ကြည့်တော့ သူ့ကိုလည်း မတွေ့..။
တစ်ယောက်တည်းပြောနေရတာ အရူးကျနေတာပဲ..။
“မောင်..”
“ဟ..တိုးတိုး...၀န်ထမ်းတွေ ရှိနေတယ်..”
“အိုး..ဆောရီး..”
ပစ္စည်းတွေ စီနေတဲ့ ၀န်ထမ်း အများကြီးရှိနေတာ သတိရတော့ သစ် ခေါင်းပုပြီး သူ့အနားကို ပြေးသွားလိုက်ရသည်..။
“ဟိုနေ့က ခင်ဗျားမွှေသွားတာ သူတို့သိတယ်နော်..”
“အိုး ရှက်စရာကြီး...မောင်...ဟိုနေ့ က ဒါကြီးတွေ မရောက်သေးဘူးနော် တော်တော်ကြီးတယ်... အဲဒါကြီးသာ ချထားရင် ကောင်မလေးတွေ တော်တော်ကြိုက်ကြမှာ သလား..”
“အဟွင်း...ခင်ဗျား တော်တယ်...”
“ဟင်..”
“ခင်ဗျား အိုင်ဒီယာ ကိုသုံးရမှာဆိုတော့ ဘာလိုချင်လည်း အရုပ်စင်ထဲက ကြိုက်တာ တစ်ခုယူ..”
“အလကားလား..”
ဗီဂါ နှုတ်ခမ်းတွန့် ပြုံးပြီး ခေါင်းညိတ်ပြလိုက်တော့ ရှေ့ကို လျှောက်သွားပြီး စင်တွေ ကို လိုက်ရွေးနေသည်..။
“ရပြီ..”
သူ့ဟာသူ ပြုံးရင်း စင်အောက်ဆုံးက အရုပ်မ လေး တစ်ရုပ်ကို ဆွဲထုတ်ခါ ထောင်ပြတော့ ဗီဂါ ခေါင်းညိတ်ပြလိုက်သည်..။
“ဟ..”
အရုပ်ဘူး ကို ပစ်ချပြီး ဒေါက်ဖိနပ် ဆောင့်နင်းတာကို အကြောင်သားကြည့်နေပြီးမှ သတိ၀င်လာခါ အနားကို အမြန်လျှောက်သွားရ၏..။
“ခင်ဗျား ဘာလုပ်တာလည်း..”
“ဟောတော့ မောင် ပဲ ကြိုက်တာ တစ်ခုယူဆို..”
“ဟုတ်တယ်လေ...ကြိုက်တာ ယူခိုင်းတာ ဘာလို့ ဖျက်စီးတာလည်း..”
“မောင် မသိပါဘူး...အခု မ အရွယ်က အရုပ်နဲ့ ကစားတဲ့ အရွယ်မှ မဟုတ်တော့တာ...မလိုအပ်တော့တဲ့ အချိန်မှ ဘာက အသုံး၀င်မှာလည်း...အရင် က အဲလို ဆံပင်လှလှလေးနဲ့ အရုပ်လေးတွေကို ပိုက်ထားချင်တာ အခုတော့ အဲလို လုပ်ချင်တယ်...စိတ်ထဲမှာ လုပ်ချင်နေတာ လုပ်ခွင့်ရတဲ့ အခိုက်အတန့်လေး တစ်ခုပဲ.. ကောင်းလိုက်တာ..ကျေးဇူးတင်ပါတယ်..မောင်...” သူ ပြောချင်တာတွေ ပြောသွားတာ တစ်ခုမှ နားမလည်သော်လည်း ဗီဂါ ခြေထောက်ရှေ့မှာ ကျနေတဲ့ အရုပ်ဘူးလေးကို ကောက်ယူလိုက်သည်..။
ပါကင်ဘူးလေးထဲမှာပဲ မျက်နှာ တစ်ခြမ်း ပိန်သွားပြီး ခေါင်းလည်း ပြုတ်လုလု ဖြစ်သွားရပြီ..။
“ဒါ ပယ်လိုက်..”
“ဟုတ်ကဲ့..”
နောက်စင် က ၀န်ထမ်း တစ်ယောက်ကို လှမ်းပေးခဲ့လိုက်ပြီးထွက်လာတော့ ရှေ့မှာ အရုပ်တွေကို မော့ငေးနေတဲ့ ပုံရိပ် တစ်ခုကြောင့် ဗီဂါ သက်ပြင်းချလိုက်ရသည်..။
နားလည်ရခက်လိုက်တာ
မ ရယ်...။
☆✼★━━━━━━━━━━━━★✼☆。ဇာတ်လမ်းက မျောနေတာလား
ကြာနေပြီလား...
အဲဒါလည်း မသိတော့ပါဘူး 😂
စပိုက်ကာတို့က ရေးချည်းနေတာ အဆက်တွေလည်းမမိတော့ဘူး
စာဖတ်သူကို အားနာပါတယ်😁
ချေ့လည်း ချေ့ပါသယ် လို့ ❤အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်Love U all ❤
#စပိုက်ကာ

ESTÁS LEYENDO
1543
Romance"ငါ့ နှလုံးသားကို မကစားပါနဲ့ ဘုန်းမင်းရယ်..... ငါ ကြောက်လွန်းလို့ပါ..." ♥♡♥♡♥♡♥♡♥♡♥♡♥ "ဟား..ဟား..ဒါဖြင့် မောင့်နှလုံးသားကို မ အပိုင်သိမ်းသွားတာကျတော့... ဘယ်သူ့ အပြစ်တွေလည်း.." ‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵‿︵ " အဖြေ တစ်ခုလိုနေရင် ပြောလိုက်မယ်..... နင်အခုလို အန...