Part 26

4.5K 177 1
                                    

1543
အပိုင်း (၂၆)
#1543

“ဟိုင်း ဂါ..”
အခန်း တံခါး၀မှာ လက်ထောင် ပြပြီး ပခုံးလျော မှီရပ်နေတဲ့ သူရ ကို ကြည့်ပြီး ဗီဂါ အံသြသွားရသည်..။
“သူရ...လာလေ...”
အလုပ်စားပွဲက လုပ်လက်စ တွေ ထားခဲ့လိုက်ပြီး ဆိုဖာတွေဆီ လျှောက်သွားလိုက်သည်..။
“မင်း ကို မတွေ့တာတောင် ကြာပြီ..”
“မင်းက လာတာ ဆိုတော့လေ...”
“အလုပ်နှစ်ခု တစ်ချိန်တည်း တစ်ယောက်တည်း လုပ်နေရတာကိုးကွ...”
“ဟား..ဟား..ဟုတ်ပါပြီ...ငါတို့...”
သူရ က စကားပြောနေရင်း အခန်းထောင့် မှာ ဖိုင်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ဒေါ်သစ်ရွက်ဆီ အကြည့်တစ်ချက်ရောက်သွားပြီးမှ...
“ကိုယ်တို့ မူမူ ကော်ဖီ ဆိုင် ကို သွားရအောင်ကွာ အချိန်ရတယ်မလား..”
“ရတာပေါ့...”
“ကျွန်တော် အပြင် ခဏ သွားအုံးမယ်...”
“ဟုတ်ကဲ့..”
သစ် ကို ကြည့်ပြီး ပြောသွားတော့ မတ်တတ်ရပ်ပြီး ခေါင်းညိတ်ပြလိုက်ရသည်..။
ဘယ်သွားကြအုံးမလို့ ပါလိမ့်...။
ဆောက်လုပ်ရေး ကုမ္ပဏီ က သူရ က သူ နဲ့သိနေတာလား..။
ကြည့်ရတာတော့ ရင်းနှီးတဲ့ ပုံပါပဲ....။
သစ် လုပ်လက်စတွေ ရပ်ခါ ခေါင်းထဲမှာ အတွေးမျာစွာရောက်လာရသည်...။
“သူရ...မင်း အောင်ချမ်းသာ ကုမ္ပဏီ နဲ့ စာချူပ် ချူပ်လိုက်ရတယ်ဆို...”
“ဟုတ်တယ်..လုပ်ငန်းတွေတောင် စနေပြီ..”
ကော်ဖီ ခွက်လာချပေးတော့ စကားစတွေ ပျက်သွားရသည်..။
ဗီဂါ လည်း အလုပ်များသလို သူရ ကလည်း အလုပ်ရှုပ်နေသူမို့ အခုလို အလုပ်ချိန် အပြင်မှာ ထိုင်ဖို့ ပြောတာ သူ အကြောင်း ရှိလို့မှန်း သိသည်...။
“မူမူ က ဂျပန် ကို သွားတာ တို့တောင် မပြောဘူး..”
“အေးလေ..”
ကော်ဖီ ခွက်ကို ပြန်ချပြီး သူရ က အကဲ ခတ်သလို ကြည့်တော့ ဗီဂါ ခေါင်းညိတ်လိုက်ပြီး..
“ပြောလေ..”
“အင်း...ငါစဉ်းစားနေတာ ပြောလို့ ကောင်းပါ့မလားလို့..မပြောခင် သိချင်တာ အရင်မေးရမယ်..”
“မေးပါဗျာ..”
“မင်း အတွင်းရေးမှူး အသစ်က မင်းနဲ့ ဘယ်လို ပတ်သက်မှု ရှိလည်း..”
“ငါ့ ဇနီးလောင်းလေ..”
“ဟမ်..”
သူရ က နားမလည်သလို မျက်လုံးပြူးပြီး ကြောင်သွားတော့ ဗီဂါ ရယ်လိုက်မိသည်..။
“မင်းတို့ တကယ်လား...မာရီနာ ဆို...”
“ဟုတ်တယ်..မာရီနာ နဲ့က ဒက်ဒီ စီစဉ်တာပါ သူ့ကို က ငါ့ နှလုံးသားက လိုအပ်တာ..ဒက်ဒီ  စိတ်ဆိုးပြီး ရှယ်တွေလည်း ပြန်ထုတ်တယ်လေ...မင်း သိတယ်မလား..”
“.အင်း....ဒါပေမဲ့....မင်းတို့ စီးပွားရေး ပြိုင်ဘက်တွေလား..”
“ဟား..ဟား..မဟုတ်ပါဘူး ဘာဖြစ်လို့လည်း..”
“မင်း တစ်ဘ၀လုံး ဒုက္ခရောက်မှာ စိုးလို့ ပြောရမယ် ဗီဂါ ....ဆိပ်ကမ်း အတွက် မင်း ဖယ်ခိုင်းထားတဲ့ အိမ်တွေကို မှတ်မိလား..”
“အင်း..”
“အခု ကုမ္ပဏီကို ပြသာနာ ရှာချင်နေကြတယ်...လျော်ကြေး မကျေနပ်ဘူးပေါ့ကွာ...ငါလည်း ဟိုနေ့က ဦးစီးနဲ့တွေ့ပြီး နည်းနည်း စုံစမ်းလိုက်တော့ ခေါင်းဆောင်နေတာ မင်း အတွင်းရေးမှူးတဲ့လေ....အဲဒါကြောင့်ပါ...”
“သြော်...အဲလိုလား....အေး ကျေးဇူးပဲကွာ...”
“ငါတော့ မကြိုက်ဘူး..မင်း အတွင်းရေးမှူးကို ပြောင်းလိုက်တော့ ငါသိတာ သူကြောင့်ချည်း ပြသာနာ နှစ်ခု သုံးခု ရှိနေတယ်..”
“နည်းတာပေါ့ကွာ...ငါရှင်းထားရတာ ရှစ်ခု ကျော်နေပြီ...”
“ဟမ်...မင်းသိနေတာလား..”
ဗီဂါ ပြုံးရင်း ကော်ဖိ ခွက်ကို ပင့်ခါ သောက်လိုက်တော့ သူရ က ခေါင်းရမ်းလို့ စိတ်ပျက်ပြနေပြီ..။
“အခုကိစ္စ ကတော့ မင်းပြောမှ သိတာပါ...ကြိုသိတော့ ကောင်းတာပေါ့...”
“မင်း တကယ်ချစ်တယ်ဆို သူကကော..လက်ထပ်ဖို့ အထိ ရည်ရွယ်ထားသူ အကျိုးစီးပွား လိုက်ဖျက်စီးနေတာလား...”
“ငါ လည်း သူ့ ယုံကြည်မှု ကို ဖျက်စီး ဖူးတယ်လေ..သူလုပ်တာ နည်းပါသေးတယ်..ထားပါတော့....မင်းကို  အကူအညီ တောင်းချင်တယ်...သူ့ ကို ကာကွယ်ပေးပါ...ဘုတ် အဖွဲ့ နားထဲ မရောက်စေနဲ့....”
“...မင်းကွာ ....”
“ဘာလည်း ရူးနေပြီထင်တာလား...”
ဗီဂါ ရယ်ရင်း ပြောလိုက်တော့ သူရ က ခေါင်းညိတ်ခါ ရယ်နေသည်..။
“ကိုကို..”
“ဟင်...လှိုင် “
“အပြင်က ကြည့်လိုက်တာ ကိုကို မှတ်လို့..”
“ဟား..ဟား...အားလုံးထဲမှာ ထင်းနေအောင် ဖြစ်နေတယ်ပေါ့လေ...”
“ဟုတ်..ဒါနဲ့...ဒီက...”
“သြော်..ကိုကို့ သူငယ်ချင်း ဗီဂါ ပါ...”
“ဝိုး အခုမှ အပြင်မှာ မြင်ဖူးတယ်...”
“ဟုတ်ကဲ့..တွေ့ရတာ ၀မ်းသာပါတယ်...”
“ဟုတ်...ကိုကို လှိုင့် သူငယ်ချင်းတွေ စောင့်နေလို့ ပြန်လိုက်အုံးမယ်...”
ဆယ်ကျော်သက်လို့ ထင်ရတဲ့ ကောင်မလေး တစ်ယောက်က ပြေး ထွက်သွားတော့ သူရ က နောက်က လိုက်ကြည့်ပြီး ပြုံးနေသည်...။
“မင်း အပြုံးတွေ တရားမ၀င်ဘူးနော်...သူရ...”
“ဟ...ဘာဖြစ်လို့လည်း...”
“မင်း မိန်းမ ယူပြီးပြီလေ...သိမ်းလိုက်တော့...”
“တော်ပါ ကလေး နဲ့ ငါ လည်း ယူထားတာပဲလေ..”
“ဟင်...”
ဗီဂါ မယုံ နိုင်သလို မျက်လုံး ကျယ်ရင်း ကြည့်နေတော့ သူရ က ပခုံးတွန့်ပြပြီး..
“ပိုက်ဆံ ချမ်းသာတာလည်း ပြသာနာကွ ကောင်မလေးတွေက ကားကောင်းကောင်းတွေ့တာနဲ့ ပြေးကပ်လာရော...ကိုယ်တွေက ရှောင်ရအောင် ဘာသားနဲ့ ထုထားတာမို့လို့လည်း...ဟား..ဟား..”
“သစ္စာ တရားနဲ့ တားထားသင့်တာပေါ့ကွာ..မင်းမိန်းမ ပြန်သိရင်လည်း မကောင်းပါဘူး..”
“ဟာကွာ...သူ့ နဲ့ ငါ က မိဘတွေ သဘောတူလို့ ယူထားတာပဲလေ...မင်းလည်း မိန်းမ မရခင်မို့လို့ အကြံပေးလိုက်မယ်...ငါနဲ့ လိုက်ပြီး ပတ်၀န်းကျင်ကို လေ့လာအုံး.... မင်း အတွင်းရေးမှူးထက် ဆယ်နှစ်ကျော် ငယ်တဲ့ ကောင်မလေး တွေကို တွေ့ပြီး ခြေမခိုင် စျာန်ယိုင်လျော မှာ မြင်ယောင်သေးတယ်...ယူပြီးမှ ဆို ကိုယ့်ကိုယ်ကို အပြစ်တွေ တင်နေရလိမ့်မယ်...”
“အဲလိုတော့ ဘယ်တော့မှ မဖြစ်ဘူး..”
“ အပြောကြီးနေတာ...”
“ငါ့ နှလုံးသားက သူ့ ကို ပဲ အသိအမှတ်ပြုတာကိုး..ပြီးတော့ မ ဆီမှာ ဘယ်တော့မှ မပျောက်ပျက်မဲ့ အရည်အချင်းတွေ ရှိတယ်..မိန်းမတစ်ယောက်ပေမဲ့...စိတ်ဓာတ်လည်း မပျော့ညံ့ဘူး....ငါ အရမ်းသဘောကျတယ်”
“ဟွင်း စုံလုံးတော့ ကန်းနေပြီ...”
“ဟား..ဟား...”
ဗီဂါ ခေါင်းညိတ်၀န်ခံပြီး ကော်ဖီ ခွက် ကိုင်လိုက်ချိန် ဖုန်းက ၀င်လာသည်..။
“ဟလို..”
“ကျောက်မျက်ရတနာ အထူးပြပွဲ တက်ရမယ်...လေး နာရီနော်..”
“သိပြီ..”
“ဟ..မင်းပြောတော့ ရူးနေအောင် ချစ်တာဆို..လေသံကြီးက အေးလှချည်လား..”
ဗီဂါ ဖုန်းချလိုက်တာနဲ့ သူရ က မျက်ခုံးပင့်ပြီး မေးခွန်းတွေနဲ့ စောင့်ကြိုနေပြီ...။
“ငါ စိတ်ကောက်နေတာလေ...”
“ဟား..ဟား.....မင်းကလည်း...”
“စိတ်ကောက်တာ လကူးတော့မယ်...မသိသေးဘူး...ချော့ဖို့ဆို အဝေးကြီး..”
“သနားစရာကြီးကွာ...ဟား..ဟား...”
ဗီဂါ လည်း သူရ နဲ့ အတူ အရှက်ပြေလိုက်ရယ်နေတာ...
မ ကို စိတ်ဆိုးချင်လာပြီ...။
.
“ကြီးကြီး ညစာ နည်းနည်း  ပဲ စားတယ်ဆို...”
“မဟုတ်ပါဘူး...နင့်ထက်တော့များပါတယ်...ဒါနဲ့ နင့် ယောင်္ကျားကော..”
“သူ့ အခန်းထဲ မှာ နေမှာပေါ့..”
ကြီးကြီး ကုတင် ဘေးမှာ ချထားတဲ့ အသီးပန်းကန် ကို ယူကြည့်ပြီး စတော်ဘယ်ရီသီး အခြမ်းလေးတွေကို ခက်ရင်း အသေးလေးနဲ့ ထိုးစားလိုက်သည်..။
“နင်တို့ အဆင်ပြေရဲ့လား..”
“ပြေပါတယ်...’
“ပြေတယ်သာ ဆိုတယ်...နင့်ကြည့်လိုက်ရင် တစ်ခါမှ ကြင်ကြင်နာနာ မရှိဘူး...”
“ဒါကတော့...”
“မ...”
သူ့ ခေါ်သံ ကြောင့် သစ် လှည့်ကြည့်လိုက်တော့ အခန်းထဲကို ၀င်လာနေပြီ..။
“ကြီးကြီး ညစာ စားပြီးပြီလား..”
“အေး..သား ကော စားပြီးပြီလား...”
“မစားရသေးဘူး..ဧည့်ခံပွဲ တစ်ခု သွားစရာ ရှိလို့ “
“သြော်...”
ကြီးကြီး က သြော် လိုက်ပေမဲ့ စားသောက်ဆိုင် ဖွင့်ပွဲ သွားရမယ် ဆိုတာ သစ် သိနေသည်..။
နောက်တောင် ကျတော့မယ် မသွားသေးဘူးလား...
သူများ မပြောမချင်း သူ့ ဟာ့သူ ဘယ်တော့မှ မပြင်ဆင်ဘူး...။
“ဟို...မ ကို ခေါ်သွားမလို့ ကြီးကြီးခွင့်ပြုပါလား..”
“ဟယ်..ခေါ်သွားလေ....အိုး...မိသစ်ဝေ သွားစရာ ရှိတာကို နင် က ဒီမှာ လာထိုင်နေတာ...ကြည့်စမ်း...”
“ရပါတယ်...ကြီးကြီးရဲ့...”
သစ် ကို ကြီးကြီး က လိမ်ဆွဲ ဖို့လုပ်တော့ သူ့ ရဲ့ ရပါတယ်ကြောင့် ကြီးကြီး လက်က ရုတ်သွားသည်..။
ဘာဖြစ်လို့ သစ် က လိုက်ရမှာလည်း...ဧည့်ခံပွဲတွေဆို အမြဲတမ်း  သူ တစ်ယောက်တည်း သွားနေပြီး...။
သစ် လေးကန်တဲ့ ခြေလှမ်းတွေဖြင့် လှေကားကို ရောက်လာတော့ သူ့ ခြေသံ နောက်မှာ ပါလာသည်..။
လှေကားထဲ တူတူ ၀င်ပေမဲ့ စကား တစ်ခွန်းမှပင် မဟ...။
အခန်းထဲရောက်တော့ ကုတင် ပေါ်မှာ ဂါ၀န် တစ်ထည် ဖြန့်တင်ထားသည်..။
သူ့ကို လှည့်ကြည့်လိုက်တော့ အ၀တ်ခန်းထဲ ၀င်သွားပြီမို့ သစ်လည်း ရေချိုးခန်းထဲ ၀င်ခဲ့လိုက်ရသည်..။
မိတ်ကပ်လိမ်း ပြင်ဆင် ပြီးလို့ ဆံပင် ဖြည်ချလိုက်တော့ မကြာခင်ကမှ ပုံသွင်းထားတဲ့ ဆံပင်က  ဖြီးစရာ မလို။
“ဒါ ၀တ်...”
သစ်ရေချိုးခန်းထဲက ထွက်လာတော့ သူ က ဂါ၀န် ကိုင်ပြီး လှမ်းပေးပြန်သည်...။
သူ ပေးလိုက်တဲ့ ဂါ၀န် ကို ယူခါ ကုတင်ပေါ် ပြန်ချပြီး မပြည့်မစုံသေးသည့်  သူ့ ကြယ်သီးတွေကို တပ်ပေးလိုက်သည်..။
“အလုပ်ကိစ္စ လား...”
“မဟုတ်ဘူး..”
သစ် ခေါင်းညိတ်ခါ ဂါ၀န် ယူပြီး ရေချိုးခန်းထဲ ပြန်၀င် လဲလိုက်သည်..။
၀တ်ပြီးခါမှ နောက်ကျောဇစ် က အဆင်မပြေ ပတ်လည် လိုက်ဆွဲလို့လည်း မရ ဘယ်လို အကျီ င်္ ပါလိမ့်...။
“ဟို...ဒါလေး တစ်ချက်ဆွဲပေးပါ...”
သစ် မဝံ့မရဲ ပြောလိုက်တော့ သူက ဘာပြောမှန်း မသိ ဖြစ်နေပြီး မေးငေါ့ ပြသည်..။
“နောက်ဇစ်..”
“သြော်..”
သစ် အနောက်ဘက်ကို ရောက်လာပြီး ဇစ် ဆွဲတာ စက္ကန့် ပိုင်း အတွင်း ပြီးသွားသည်..။
“ခဏ လိုက်ခဲ့...”
သစ် လက်ကို ပိုင်စိုး ပိုင်နင်းဆွဲခါ သူ့ လက်တစ်ဖက်က ကုတ်အကျိ င်္ကို ပခုံးချိတ် တင်ပြီး အခန်းထဲက ထွက်သွားတော့ ပိုက်ဆံအိတ်လည်း မယူခဲ့မိပါ...။
ဒုတိယထပ်က အ၀တ်ခန်းကို ရောက်တော့  လက်ကို လွှတ်ချပြီး မှန်ဘီဒို တံခါးကို တွန်းဖွင့်သည်..။
ဖိနပ်တွေထဲက အနီရောင်လေး တစ်ရံ့  ကိုဆွဲထုတ်ပြီး သစ်ရှေ့မှာ လာချပေးသည်..။
“ဘာလည်း..”
“၀တ်ကြည့်လေ...”
မာရီနာ့ ရဲ့ ဖိနပ်တွေ လာ၀တ်ခိုင်းနေတာလား...
သူချပေးတဲ့ ဖိနပ်ထဲ ခြေထောက်ထည့်၀တ်လိုက်တော့ မထင်ထားလောက်အောင် အပို အလို မရှိ ကွက်တိ ကျသည်..။
နောက် မှန်ဘုံး တစ်ခုထဲက ဆွဲကြိုးနဲ့ နားကပ် အတွဲ ဘူးလေး ကို ထုတ်ပြီး သစ်ရှေ့ကို လာ ထိုးပေးသည်..။
ဒါလည်း ၀တ်ခိုင်း နေတာမှန်းသိတော့ သစ် ယူပြီး ဆွဲကြိုး အရင် တပ်ရသည်..။
ဆွဲကြိုး တပ်နေတုန်း သူက နားကပ်ယူပြီး သစ် အနားမှာ ကိုင်ခါ ရပ်စောင့် ပေး နေသည်..။
“သွားမယ်..”
“အင်း...သြော်...နေအုံး...tab ..”
“မလိုဘူး..”
သူ့ အဖြေစကားကြောင့် သူ့ နောက်က ပဲ လိုက်ခဲ့ လိုက်သည်..။
“ဒါနဲ့...မာရီနာ ဘယ်တော့ရောက်မလည်း..အခန်း စီစဉ်ပြီးပြီ...သူ နေရတာ လွတ်လပ်အောင် ရေကူးကန် ဘေး က အခန်းပြင်ထားတယ်..”
“ရပါတယ်...သူက အိမ်မှာ နေတဲ့ အချိန်သိပ်ရှိမှာ မဟုတ်ဘူး...”
“အင်း...စင်တာ ကိစ္စ နဲ လာမှာလား..”
“ဟုတ်တယ်...ဒါနဲ့ စင်ကာပူက မေးလ် ၀င်သေးလား..”
“ဟင့်အင်း.”
သစ် ခေါင်းရမ်း လိမ်လိုက်ရပေမဲ့ စိတ်ထဲ မလုံမလဲ ဖြစ်ခါ လက်တွေကို ဆုပ်လိုက် ဖြန့်လိုက် သက်သာသလို လုပ်နေမိသည်..။
“ကားမောင်းမှာလား...အောင်ကျော် ခေါ်လိုက်မယ်လေ...”
“ရတယ်..”
သူ က မောင်းသူ နေရာ ၀င်ထိုင်လိုက်တော့ သစ်လည်း သူ့ဘေးမှာ ထိုင်လိုက်ရသည်..။
“မနက် က လွင်သစ် ကုမ္ပဏီ ကို သွားတယ်မလား..ဘာထူးလည်း..”
သစ် အဖြေတစ်ခု အပြင်းအထန် စဉ်းစားနေရပြီ..။
ဒီနေ့မှ ဘာလို့ ဖြေရခက်တဲ့ မေးခွန်းတွေချည်း မေးနေတာပါလိမ့်...။
“အဲဒီ ကုမ္ပဏီ က ပြိုင်ဘက် ကုမ္ပဏီ ဆိုတော့ အကြောင်းရှိရင် မျိုးဝေ ကို ပဲ လွှတ်ပါ..”
“အမ်း...”
“ပြီးတော့ ဒီ ရက်ပိုင်းမှာ ဧည့်သည်တွေတော်တော် များများ နဲ့ တွေ့ရမယ်..ဧည့်ခံပွဲတွေလည်း တက်ရမှာ မို့လို့ ကျွန်တော့် အပေါ်  စိတ်မပါလည်း ဟန်ဆောင် ကောင်းပေးပါ...”
အေးတိ့အေးစက် နိုင်တဲ့ သူ့ စကားကို မယုံနိုင်လို့ ဘေးကို ကြည့်လိုက်တော့ ရှေ့ကို ကြည့်ပြီး ကားမောင်းနေတာ ခန့်မှန်းဖို့ မလွယ်...။
ငါးထပ် စားသောက်ဆိုင် ရှေ့မှာ ကားပါကင် အပြည့် ကားတွေ ရှိနေသလို မီးရောင်တွေက လိုအပ်တာထက် ပို လင်းထိန်နေသည်..။
သူက ကားပါကင် ထိုးပြီးတာ နဲ့ အကျီင်္ ပြင်ပြီး တံခါးဖွင့်ဆင်းခါ သစ် တံခါးကို လျှောက်လာပြီး ဖွင့်ပေးသည်..။
“ကိုင်မယ်..”
“အင်း..”
ခွင့်တောင်းပြီး မှ သူ့ လက်က သစ် လက်ကို ဆုပ်ကိုင်ပြီး စားသောက်ဆိုင် ဆီကို ဦးတည် သွားသည်..။
“ဗီဂါ...လာ..ကိုယ် မျှော်နေတာ..”
“နောက်ကျသွားတယ်.. သူငယ်ချင်း...ဆောရီးနော်.”
“နောက်မကျပါဘူးကွာ...မင်း အတွက် နေရာ အတော်ရှာရမယ်..ဟား..ဟား...ကိုယ်တို့က အရင်းတွေဆို အားမနာတော့ဘူး...RoftTop ကို သွားမလား အေးဆေး ရှိတယ်..”
“အိုကေ...ရပါတယ်...”
သစ် လည်း ဘာမှ ၀င်မပြောရပေမဲ့ အပြုံးနဲ့ နှုတ်ဆက်ပြီး သူ့ သွားတဲ့ နောက်ကို လိုက်ခဲ့ရသည်..။
လူတိုင်းရဲ့ မျက်လုံးတွေမှာ သူ နဲ့ သစ် ကို အမျိုးမျိုး ထင်ကြေး ပေးနေကြမှာ သိသော်လည်း
သူ တောင် ဂရုမစိုက်တာ ကိုယ်လည်း ဘာလို့ ဂရုစိုက်ရမှာလည်း..။
“မင်္ဂလာပါ ဒီဘက်ကို ကြွပါ..”
“ဟုတ်ကဲ့...”
၀န်ထမ်းကောင်လေး လက်ညွန်ပြ ပြီး ခေါ်တဲ့ နောက်ကို နှစ်ယောက်သား လိုက်လာခဲ့လိုက်ရသည်..။
“အိုး...သစ် ပဲကွ...သြော်...ဗီဂါ လည်း ပါတယ်..ထိုင်ကွာ...”
ရွက်သစ်ဝေတို့ ကံဆိုးချင်တော့ လွင်သစ် ကုမ္ပဏီ မန်နေဂျာ ဖြိုးနိုင် နဲ့ တည့်တည့်တိုးသည်..။
စားပွဲဝိုင်း အလွတ် ရှိပေမဲ့ လူမှုရေးအရ နှုတ်ဆက်သူ ဝိုင်းမှာ ဝင်ထိုင်လိုက်ရသည်။
သစ် အပြုံးနဲ့ ခေါင်းညိတ် နှုတ်ဆက်လိုက်ပေမဲ့...ဘေးက ကိုယ်တော်လေး က နှုတ်ခမ်းတွန့်ရုံသာ အသိအမှတ်ပြုသည်..။
“မ ဘာစား မလည်း..”
“ဟင်...ဟို...အဲဒါ...”
“Menu က ဒီမှာလေ...”
စားပွဲ ထောင့်ပေါ် က စာအုပ်ကို လှမ်းဆွဲယူပြီး တစ်ဖက်  က စာအုပ်ကိုင်ခါ ကျန်တဲ့သူ့ လက်တစ်ဖက် က သစ် ပခုံးပေါ် ရောက်လာသည်..။
“မောင် က Spaghetti Nero စားမယ်...မ က chicken ပဲမလား..”
“အင်း..”
သစ် ခေါင်းညိတ်လိုက်တာနဲ့ စားပွဲ ဝိုင်းက ထသွားတော့ မှ သစ် အသက်ရှု ချောင်သွားရသည်..။
“ရင်းနှီးတဲ့ ပုံပဲ..”
“ဟုတ်...”
“ဗီဂါ က အသက်ငယ်ပေမဲ့ အရည်အချင်းရှိတယ်....တော်တာ ထက်ပိုပါတယ်..ကိုယ်ပိုင်  အရည်အချင်းဆိုတော့ ကော်ပီ လုပ်လို့ မရဘူးပေါ့..”
Copy လုပ်လို့ မရပေမဲ့ ...Del လုပ်လို့တော့ လွယ်ပါတယ်လေ..။
သစ် နှုတ်ခမ်းတွန့် တစ်ချက်ပြုံးပြီး ခေါင်းညိတ်ခါ ထောက်ခံပေးလိုက်ပါသည်..။
“ဆောရီး ကြာသွားလား..မ..”
“ရပါတယ်..ဒီ ကနေ ကြည့်ရင် VG ကို မြင်နေရတယ်နော်..”
သစ် စကားကြောင့် ရှေ့က ဖြိုးနိုင်နဲ့ နောက် တစ်ယောက်က ပါ လှမ်းကြည့်သည်..။
“အဟွန်း...ဒါထက် အန်ကယ်လေး ရဲ့ ဟိန်း ဟိုတယ် က ပိုမြင့်မယ် ထင်တယ်နော် ကိုဖြိုးနိုင်..”
သစ်ရဲ့ မှားထွက်သွားတဲ့ စကားကို သူ က လူကြီးလူကောင်းဆန်ဆန် ပြန်ကာပေးရင်း မေးခွန်းထုတ်လိုက်မှ ဖြိုးနိုင်က အရသာ ရှိရှိ ဟန်ပါပါ ပြုံးခါ
“အင်း ..လေးလွှာလောက်ပဲ ကွာပါလိမ့်မယ် ဗီဂါ “
စကားပြောရင် ကိုတွေ ဘာတွေ မသုံးပဲ ဗီဂါလို့ နိမ့်ခေါ်တော့ သူ ကြည့်မရလည်း မရစရာ....။
တကယ်ဆို ဖြိုးနိုင်က မန်နေဂျာ အဆင့်သာ ရှိပေမဲ့ ဗီဂါ က VG Group ဥက္ကဌ....
သစ် လည်း ဖြိုးနိုင်ကို အမြင်ကပ်လာသည်..။
“ဟင်..”
သူ့ အတွက် ခေါက်ဆွဲ နဲ့ သစ် အတွက် က စွပ် ပုံစံ တစ်ပန်းကန်ရယ်..
ဒီလောက် စားစရာစုံတဲ့ ဆိုင်ကြီးလာပြီး သစ် ကို ဒါပဲ သဒ္ဓါ တာလား...အဲဒါတွေ အမြင်ကပ်တာ...။
“မောင်လေး...Korea  Spicy Noodle တစ်ပွဲ ထပ်ပေးပါ..”
“ဟုတ်ကဲ့..”
သူ က မျက်ခုံးတွန့် သွားပေမဲ့ မသိချင်ယောင်ဆောင် ပြီး ရှေ့က ပန်းကန် ကို တစ်ဇွန်းလောက် ခပ်သောက်လိုက်သည်...။
“အဟွန်း..”
သူ စားနေရင်း ရယ်ပြီး တစ်ရှုး ထုတ်ခါ သစ် နှုတ်ခမ်းထောင့် ကို သုတ်ပေးတော့ ရှေ့က လူ နှစ်ယောက်က ပြုံးစေ့စေ့ တွေ ဖြစ်ကုန်ပြီ..။
“ဗီဂါ နဲ့ သစ် နဲ့ က..”
“ကျွန်တော့် ဇနီးလောင်း..”
“မဟုတ်ပါဘူး.”
သူ နဲ့ သစ့် အဖြေ ရှေ့ဆင့် နောက်ဆင့် ထွက်သွားတော့ ရှေ့က ဖြိုးနိုင် က သူ့ စကားကို ဟက်ခနဲ့ ရယ် ပြီး လှောင်သည်..။
သူ လည်း  ရှက်သလို  မျက်နှာ ပျက်သွားပြီး ရှေ့က ပန်းကန် ကို ဇွန်းမွှေ နေတော့သည်..။
လူတွေရှေ့ ကောင်းပေးပါလို့ သေချာ မှာထားရဲ့ သားနဲ့ သစ် ကလည်း ဘာလို့ ပြသာနာ ချည်းပဲ ဖြစ်နေတာလည်း... ကိုယ်တိုင်လည်း နားမလည်..။
“ရပါပြီ..”
သစ်ရှေ့ကို ရောက်လာသည့် ခေါက်ဆွဲ ပန်းကန် မှာ အနီရောင်သမ်းပြီး စားချင်စရာ ပုဇွန် ထုတ် နှစ်ကောင်လည်း ပါလာသည်..။
“မ က အရမ်း အလိုက်သိတာပဲ မောင့် အတွက်မလား..”
“ဟင်..”
သစ်ရှေ့ က ပန်းကန် ကို ဆွဲယူပြီး တူနဲ့ မွှေ နေတော့ သစ် မျက်လုံးပြူးနေရသည်..။
သူ ဘယ်တုန်းက မှ အစပ်မစားပါဘူး..။
“ဗီဂါ စင်တာ ဖွင့်ပွဲ သိပ်မလို့တော့ဘူးနော်..”
“ဟုတ်ကဲ့..ဒီလ ထဲမှာပါပဲ...”
ဒေါ်လာစျေးပြောင်းတဲ့ အကြောင်း ကုန်သွယ် ခွန် အကြောင်း အခွန်ရှောင် ပြသာနာ တွေ လုပ်ငန်းနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အခြေအနေ တွေကို  ဖြိုးနိုင်နဲ့ ပါလာသူက ပြောနေတော့ သစ် လည်း ငြိမ်နေလိုက်သည်..။
“စကားကောင်းနေတယ်... ရောက်တာကြာပြီ..ကျွန်တော် တို့ ပြန်လိုက်အုံးမယ် “
“ဟုတ်ကဲ့...”
သူက မတ်တတ်ရပ်ပြီး လက်ဆွဲ နှုတ်ဆက်တော့ သစ် လည်း ထရပ်လိုက်ရသည်..။
“သြော်...မနက် ဖြန် အလုပ်ကိစ္စ ဖုန်းခေါ်လိုက်မယ်နော်...သစ်..”
ဖြိုး နိုင်က ဘာမှန်းမသိသည့် စကား တစ်ခွန်း ပြောသွားတော့ သူ့ မျက်နှာမှာ အလို မကျမှုတွေနဲ့ အတူ မျက်ခုံးတွေ တွန့်ကုတ်ပြီး ကျန်ခဲ့သည်..။
စားပွဲ မှာ ပြန်ထိုင်လိုက်တာနဲ့ ရှေ့က အချိုပွဲ Mango Pudding ပန်းကန် ကို ဇွန်းနဲ့ တရစပ် ခပ်စားတော့သည်..။
“အရမ်းစပ်နေပြီလား...”
“...”
“ဘာလို့ စားလည်း..”
“....”
“သူများ မှာ ထားတာကို...”
“....”
သူ့ဆီ က အကြည့်စူးစူး တစ်ချက် ကျလာပြီး လက်ထဲက ဇွန်းကို ဆောင့် ချ လိုက်သည်..။
“ခင်ဗျား တော်တော် ဆိုးတာပဲ..”
“ဟောတော့ ..သူများ က ဘာလုပ်နေလို့လည်း...သူပဲ.. သူများ ခေါက်ဆွဲ လုစားပြီးတော့..”
“စားချင်လို့ စားတာ မဟုတ်ဘူး..အသေခံပြီး စားပေးနေတာ....ဒီခေါက်ဆွဲတွေ စားလို့ နေမကောင်း ဖြစ်ထားတာ ဘယ်သူလည်း...”
“အမလေး..အသေခံစားတယ်မပြောပါနဲ့ ခေါက်ဆွဲ လေး တစ်ပွဲ”
“ကျွန်တော် နဲ့ လည်း မတည့်ဘူး..”
“ဟင်..ဟုတ်လား...ဘာလို့ စားလည်း..”
သစ် ပျာပျာ သလဲ သူ့ ကို ကြည့်လိုက်တော့ နဖူး မှာ ချွေးဥတွေ သီးနေပြီ..။
တစ်ရှုး ယူလိုက်ပြီး လိုက်တို့ သုတ်ပေးလိုက်တော့ လက်ကောက်၀တ်ကို ဆွဲချခါ သစ် လက်ဝါးကို ထပ်ကိုင်လိုက်သည်..။
ဘာလည်း ပါးရိုက်ထားပြီး ကတည်းက မပတ်သက်ချင်သလို နေလာပြီး အခု ကျတော့ သူများ လက်ကို ကိုင်ပြန်ပြီ...။
“မ..”
“ဖြိုးနိုင် နဲ့ သိပ်မပတ်သက် နဲ့ သူ က သူ့ ကုမ္ပဏီ ကိုတောင် သစ္စာဖောက်နေတဲ့ ကောင်...”
“နင် စွပ်စွဲနေတာ..”
“ဘာလို့ သူ့ဖက်က လိုက်ပြောနေတာလည်း...ကျွန်တော် လုံး၀ မကြိုက်ဘူးနော်...နောက်ကို လုံး၀ အဆက်အသွယ် မလုပ်နဲ့....”
“လုပ်မှာပဲ..”
“ကျစ်...”
စိတ်မရှည်သလို သစ် လက်ကို ဆောင့်လွှတ်ချ လိုက်ခါ ခေါက်ဆွဲ ပန်းကန်ကို ဆောင့်တွန်း ပစ်သည်..။
“ပြန်မယ်..”
ရှေ့က ထွက်သွားတော့ သစ် နောက်ကသာ လိုက်လာရတာ မှားသွားလား မှန်လား မဝေခွဲနိုင်သေး...။
ဘယ်လိုပဲ ဖြစ်ဖြစ် သူ ခံစားနေရရင် သစ် ပျော်နေသလိုလို..။
.
“တင်..တင်..”
သစ် လက်ထဲက ဖုန်းကို ကောက်ကြည့်လိုက်တော့ မက်ဆေ့ မှာ ရောက်ပြီ ဆိုတဲ့ စာ တစ်ကြောင်း ပေါ်နေသည်..။
“ဟူး..”
သစ် သက်ပြင်းချလို့ ဦးထုတ်ကို ဆိုက်စောင်းခါ ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းလိုက်သည်..။
ချိန်းထားတဲ့ နေရာ ရောက်တော့ ကျောပေးထားတဲ့ လူ တစ်ယောက် အနားကို လျှောက်သွားရသည်..။
“စိုး လား..”
“ဟုတ်ပါတယ်..ဖူးပွင့်..”
ယောင်္ကျား တစ်ယောက် အသံ ပေမဲ့ ကြောက်စိတ်မရှိပဲ လက်ထဲ က ဖိုင်ကို တိုးပေးလိုက်သည်..။
“တန်ကြေးက...”
“VG ကျရှုံးဖို့...”
သစ် ကျောခိုင်း လိုက်ပြီး ထွက်လာချိန် လက်ကို ဆွဲ ချ ခံလိုက်ရသည်..။
ပြန်ခုခံဖို့ ရုန်းရင်း ဆောင့်ကန်လိုက်တာ တစ်ချက် ထိပေမဲ့ နောက်လက်တစ်ဖက်က နှာခေါင်းပေါ် အုပ်သွားသည်...။
“ဟင်...ဘယ်သူလည်း..”
သစ်ခေါင်းနောက်ကျိစွာ နိုးထလာတော့ ကိုယ်မှာ ကြိုးတွေရောက်နေပြီ..။
“အစ္မ..”
“ဟင်..ဘုန်းမင်း..”
“ဟုတ်တယ်....ကျွန်တော် တကယ် မထင်ထားဘူးဗျာ....သခင်လေး ကို ဘာလို့ ဒုက္ခပေးချင်နေတာလည်း...သခင်လေး ဒီလောက် အစ်မ အပေါ်ကို ကောင်းတာ အစ်မရဲ့ သိတက်မှုကြီးက ပြင်းလှချည်လား..”
“ငါ့ကို ကြိုးဖြည်ပေးစမ်း...သြော်..ဟိ်ုတစ်ခါလိုမျိုး ရုပ်ရှင် ရိုက်ကြအုံးမလို့လား ငါ့ရှေ့မှာ အရိုက်ခံရ ပြီးရင် ငါ့ ကို လာ ကယ် ဒါမျိုးတွေလား..”
“ကျစ်...တောက်...”
“မဟုတ်ပါဘူး..ဗလကြီး ကြိုးဖြည်ပေးလိုက် ဟိုတစ်ခါတုန်းကလည်း ...သခင်လေး စိတိဆိုးပြီးပြီ....အခုလိုလုပ်တာ သခင်လေး သိရင် အကုန်လုံး ကို သတ်လိမ့်မယ်..”
သစ် လက်ပြန် တုတ် ခံထားရတဲ့ ကြိုးလွတ်သွားတော့မှ လက်ကို အကွေးအဆန့် ငါးခါ လောက် လုပ်လိုက်သည်..။
“အစ်မ ဘာလို့ ဒီလို လုပ်တာလည်းဟင်...”
“သူ့ကို မုန်းလို့...”
“ဟာ....ဒါတော့ မတရားတာပဲ ...အကြောင်းပြချက် မရှိ ပဲ မုန်းနေတာကြီးက..”
“ဘာလို့ အကြောင်းပြချက် မရှိရမှာလည်း ငါ့ အိမ်ကို လာပြီး ငါ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တယ်...မိန်းကလေး တစ်ယောက်ကို ချစ်ပါတယ် လက်ထပ်ချင်ပါတယ်ပြော..လက်ထပ်ပြီး တော့ ပိုင်ဆိုင်တာ ခိုး ပြေးတဲ့ ကောင် ကို ငါ့ မှာ မုန်းခွင့် မရှိဘူးလား...”
“အစ်မရဲ့ တစ်ဖက်သတ် ဆန်တဲ့ အတွေးတွေ နဲ့ ဆို အစ်မက နစ်နာခဲ့တဲ့ မိန်းမသားပေါ့လေ...ဒါပေမဲ့ အစ်မ မသိခဲ့တဲ့ အကြောင်းအရာတွေ အများကြီး ကျန်နေသေးတယ်...”
“ဟားဟား...ပြောပါအုံး..ဘာတွေလည်း..”
“အစ်မ အိမ်ပေါ်ကို သခင်လေး ရောက်ခဲ့ရတာ ကျွန်တော့်ကြောင့် ကျွန်တော် မလုပ်ရဲတဲ့ အလုပ်ကို သူ လုပ်ခဲ့တာ...မှန်ပါတယ်...ဒါ အလိမ်အညာ တစ်ခုနဲ့ စတင်ခဲ့ပြီး ရုပ်ရှင် ရိုက်နေသလိုပါပဲ...ဒါပေမဲ့ သခင် လေး ကိုယ်တိုင် ဒုက္ခခံပြီး မနက်ဆို အလုပ် ပြီး ရင် အစ်မ ဆီ ကူးနေရတာ..အစ်မကို ရဲလက်ထဲ အပ်ဖို့ ကို လည်း ဟိုဘက်က တောင်းဆိုနေပေမဲ့ သခင်လေးက ရအောင် ယူပေးမှာမယ်လို့ ကတိခံထားတာ...သခင်လေး က အစ်မ အန္တရယ် ဖြစ်မှာ စိုးလို့ ပစ္စည်းကို ရဲသိမ်း ခံလိုက်သလို လုပ်ခဲ့တယ်...ပြီးတော့ အစ်မကို ခြေရာ ဖျောက်ခိုင်းစေချင်လို့ ကလောကို သွားအောင် စီစဉ်ပေးခဲ့တယ်..အစ်မ ကလောသွားမဲ့ ကားပေါ်ရောက်ကတည်းက ကျွန်တော် အစ်မ နောက်က ခုံမှာ လိုက်ခဲ့ရတာ..ကလော မှာနေတဲ့ တစ်လျှောက်လုံး ကျွန်တော် ကို စောင့်ကြည့်ခိုင်းထားတာ...ဟိုတယ် မှာ အလုပ်၀င်ဖို့လည်း အလုပ်ခေါ်စာ အစ်မ အိမ်ရှေ့ကို ပို့ခိုင်းလိုက်တာပါ...အစ်မ ချည်းပဲ နစ်နာ တာမဟုတ်ပါဘူး..သခင်ကြီး က ရှယ်တွေ ပြန်နှုတ်လို့ သခင်လေး ဘယ်လောက် ဒုက္ခရောက်ခဲ့ရလည်း အစ်မ မသိဘူးမလား..အစ်မ ချည်းပဲ နစ်နာတယ် ထင်နေရင် အစ် မ ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ...အခုလည်း အစ်မ လုပ်နေတာ သခင်လေး ဘယ်လောက် စိတ်ညစ်နေရလည်း သိလား..”
“ကလင်...ကလင်...”
ဖုန်းကိုကိုင်ထားပြီး အသံဖွင့်ဖြေသည်။
“ဟလို...ဆရာ...”
“ဒေါ်သစ်ရွက် ဘယ်သွားလည်း..”
ဘုန်းမင်း က သစ့်ဆီကို အကြည့်တစ်ချက် ရောက်လာပြီး သက်ပြင်းရှိုက်ခါ
“ဟို..စင်တာ မှာ စစ်ဆေး စရာ ရှိလို့ သွားမယ်ပြောပါတယ်...”
“ဖြိုးနိုင်နဲ့ တွေ့သေးလား...”
“မတွေ့ပါဘူး ဆရာ...”
“မနက်ဖြန် မာရီနာ လာမယ် သေချာ စီစဉ်အုံး ဒက်ဒီ လည်း လာမှာ ဆိုတော့ သူ့ ကို အထင်လွဲသွားလို့ မဖြစ်ဘူး..မင်း သတိထားပြီး စောင့်ကြည့်ပါ..ပြီးရင် သတင်းပို့..”
“ဟုတ်ကဲ့...”
သူ သစ် ကို စောင့်ကြည့်နေတယ်ဆိုတဲ့ အသိကြောင့် ေ၀၀ါးလာတဲ့ အမုန်းတွေ ပြန်လည် ကြည်တောက် သွားရသည်...။
“အစ် မ ကို ပြန်ပို့ ပေးပါမယ်..သခင်လေး ကို နည်းနည်း သိတက်ပေးပါ အစ်မရယ်..”
“အဟွင်း...နင့်တို့ ဆရာက ဘာတွေ ရုပ်ရှင် ရိုက်ခိုင်းပြန်ပြီလား..”
“အစ်မ ကုမ္ပဏီ က အတွင်းရေး သတင်းအချက်တွေတောင် ရှာနိုင်သေးတာပဲ  ကျွန်တော် ပြောတာ လိမ်တာလား အမှန်လား စုံစမ်းကြည့်ပေါ့လေ...”
“ပြန်မယ်..”
သစ် အခန်းထဲ က ထွက်လာတော့ ဘုန်းမင်းက ကား တံခါး ပြေးဖွင့်ပေးသည်..။
တပည့်တွေလည်း ယုံရတာ မဟုတ်ပါဘူး...သူတို့ သခင်လေး နဲ့ တစ်ချိတ်တည်း တစ်ဥာဏ်တည်း...။
.
“ဒါရိုက်တာ အဖွဲ့က အစည်းအဝေး နောက်ကျတော့မယ်...နာရီ၀က် အတွင်းအရောက်သွားရမယ်...”
အလုပ်စားပွဲ ပေထိုင်နေတာ သစ် ငါးမိနစ် တစ်ခါ သတိပေးနေပေမဲ့ တကယ် မလှုပ်မယှက်ကို ထိုင်နေသည်..။
“နေမကောင်းလို့လား...”
“ကောင်းတာပေါ့..”
ရိုးရိုး အမေးစကား တစ်ခု ကို သူ က ပါးချိုင့်ပေါ် အောင်ပြုံးပြီး စ သလို နောက် သလို ပြန်ဖြေနေတော့ သစ် မျက်နှာ ပြန်တည်လိုက်ရသည်..။
အပေါ် ကုတ် ကို ချိတ်က ဖြုတ်လိုက်တော့ သစ် အနား သွားလိုက်ပြီး ယူခါ လက်ထိုးပေးလိုက်သည်..။
“သွားတော့မယ်..ဒီတစ်ခါတော့ မ မလိုက်နဲ့... အဆင်ပြေသွားမှာပါနော်...”
ဘာတွေ မေး ပြီး ဘာတွေ ပြောနေမှန်း နားမလည်လို့ သစ် သူ့ ဖိုင်တွေ ကို စားပွဲပေါ် မှာ နေရာတကျဖြစ်အောင် ပြန် စီပေးလိုက်သည်...။
“..”
သစ် နောက်ကနေ သိုင်းဖက်လိုက်ပြီး ပခုံးပေါ် မေးတင်ခါ  ခေါင်းကိုလှုပ်နေပြန်ပြီ...။
“ဖယ်..”
“ခဏပဲ..အားကုန်သွားလို့...”
“လွတ်စမ်း...”
“မ က လေ တကယ် ရက်စက်တယ် သိလား..”
သူ့ ဟာသူ စွပ်စွဲ ပြောဆိုပြီး ခြေလှမ်းကြဲ နဲ့ ထွက်သွားတော့  သစ် လည်း ပခုံးတွန့် ခါ စင်တာ ကိစ္စ လိုအပ်တာတွေ စစ်ဆေးနေလိုက်သည်..။
“အစည်းအဝေး စပါမယ်....ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ အစီအရင်ခံစာ အရ မစ္စတာ ဗီဂါ နဲ့ အနည်းငယ် ပတ်သက်နေပါတယ်..”
“ခင်ဗျာ...”
ဗီဂါ ခြေချိတ် ထိုင်ထားရာနေ ခြေထောက် ပြန်ပြင်လိုက်ပြီး ခါးလည်း မတ်သွားရသည်..။
“အရင်လ စတော့  ကို တင်ပြထားတာ မရှိပါဘူး..နောက် အိစ်ပို့စ် ၀င်ငွေ နှုန်းလည်း မတင်ပါဘူး...နောက်ဆုံး အခေါက် ငွေလဲလှယ်မှုမှာ ဘဏ်အကောင့် တစ်ခုကို ငွေပမဏ အများကြီး ၀င်သွားပါတယ်...လွဲပြောင်းပေးသူကတော့ ဗီဂါ ဖြစ်နေပါတယ်...”
“ဗျာ...”
ဗီဂါ မျက်လုံး ပြူးထွက်သွားလောက်အောင် ကျယ်နေပြီး ရင်ဘတ်တွေလည်း တဒိန်ဒိန်း ဆောင့်ခုန် ကုန်သည်...။
“ကျွန်တော်..ဒီကိစ္စ...”
“ကျွန်တော်တို့ က အလုပ်သဘောအရ တင်ပြရတာပါ...”
“ဟုတ်ကဲ့ ကျွန်တော့် ကို အချိန် နည်းနည်းပေးပါ...ကျွန်တော် သေချာ အောင် စုံစမ်းပါမယ်...”
“ဟုတ်ကဲ့...ဒါဆို ကုမ္ပဏီ တိုးချဲ့လုပ်ငန်းသစ်များ အစီရင်ခံစာ ဆက်လက် ဖော်ပြသွားပါမယ်....”
ဗီဂါ ခေါင်းထဲ ဘဏ် ငွေလွဲတဲ့ ကိစ္စသာ ကြီးစိုးနေရသည်..။
ကိစ္စတော်တော် များများက မ လုပ်မှန်း သိပေမဲ့ ဒီလို အကြီးကို လုပ်လိုက်နိုင်တာ မယုံနိုင်...။
မ ကျွမ်းကျင်တာ သိသော်လည်း အခုလို လုပ်တာ အံသြမိသည်...။.
“ဆရာ..”
“အင်း.”
“ဆိပ်ကမ်းက မြေပိုင်ရှင်တွေ မကျေနပ်လို့ တိုင်စာ ပို့တဲ့ ကိစ္စ ဘယ်လို ရှင်းရမလည်း...”
“အန်ကယ်မိုးဆွေ ဆီမှာ စာချူပ်စာတမ်း အပြည့်အစုံ ရှိတယ်...လိုအပ်တဲ့ စာချူပ်တွေကို မက်ရှင်း ဂရု က ထပ်တောင်းပြီး...သက်ဆိုင်ရာကို ပြလိုက်...တိုင်စာပို့တဲ့သူတွေကို အသရေဖျက်မှုနဲ့ တရားစွဲမဲ့ အကြောင်းကိုပါ သတင်းစာထဲ ထည့်ပြီး နည်းနည်း ခြောက်ပေးလိုက်ပေါ့...ကုမ္ပဏီအပိုင် ဆယ်ခုနှစ်အိမ် ကိစ္စ က ရှင်းပြီးသားလေ...ဟိုဘက်ခြမ်းမြေတွေက လွင်သစ် ကုမ္ပဏီပိုင်တာ တို့ဆီ အလျော်တောင်းနေတော့ မဟုတ်သေးပါဘူး..နားလည်မလည် တဲ့ လူတန်းစားတွေကို အသုံးချလိုက်တာပဲ သူတို့ သဘောပေါက်အောင် ပြောပြလိုက်ပါ...မျိုးဝေ အဲ ကိစ္စ ကို အပြီး ပြတ်အောင် လုပ်လိုက်ကွာ...စိတ်ညစ်လာပြီ...”
“ဟုတ်ကဲ့...”
မျိုးဝေ အခန်းထဲက ထွက်သွားတော့မှ ဗီဂါ သက်ပြင်း တစ်ချက် မှုတ်ပြီး လပ်တော့ဆီ အာရုံ ပြန်ထည့်ထားရသည်..။
.
“သား အလုပ်တွေ ပင်ပန်းလို့လား..”
“ဗျာ..”
ထမင်းဝိုင်းမှာ အရင်ထက် လူများပြီး ဆရာမလေး လေးယောက်ရယ်...အိမ်သားလေးယောက်ရယ်ဆိုတော့ စည်ကားနေသည်..။
ကြီးကြီး က ထမင်းစားနေရင်း ၀မ်းမနာ သားကို ကြည့်ပြီး မေးတော့ သစ် နှုတ်ခမ်းမဲ့လို့ ထမင်းသာ ဆက်စားနေလိုက်သည်..။
“မျက်နှာ နည်းနည်း ညိုးနေသလား..”
“ဟုတ်...အလုပ်တွေ အခုရက်ပိုင်း များလို့ပါ ကြီးကြီး....”
“ဟဲ့...သစ်ဝေ...နင် က မကူဘူးလား..”
“သူများ ကူလို့ ရတာတွေ မှ မဟုတ်တာ...”
“အဖြစ်မရှိလိုက်တာ အေ....”
ကြီးကြီးက နှုတ်ခမ်းမဲ့ ပြီး သစ် ကို ဂုဏ်ပြုပေးတော့ သူက ပြုံးစေ့စေ့ နဲ့ ကြည့်နေသည်..။
မျက်စောင်းထိုးလိုက်ပြီး ထမင်းပန်းကန် ကိုသာ အကြည့်ရွေ့လိုက်ချိန်
“ မ အနားမှာ ရှိနေရင် ကျွန်တော် မပင်ပန်းပါဘူး..ကြီးကြီးရဲ့..”
“အမလေး...အဖြစ်ကဲ လိုက်တာ ဗီဂါရယ်...မင်းနှယ်...”
“အဟွင်း “
ဆရာမလေးတွေပါ ပြုံးစေ့စေ့ ဖြစ်နေတော့ သစ် မျက်နှာ ပိုတည် ခါ ထမင်းကို ခပ်သွက်သွက် စားလိုက်သည်..။
၀န်ထမ်း တွေပြန်ရောက်လာတော့ သစ် အလုပ်က မရှိသလောက်ဖြစ်သွားပြီ..။
ထမင်းပန်းကန်ဆေးပြီး ကြီးကြီး ကို အခန်းထဲ ပြန်ပို့ပေးလိုက်သည်..။
“မိသစ်ဝေ..”
“ရှင်..”
“သမီးက သူ့ ထက် အသက်လည်း ကြီးတယ်..အစစ အရာရာ ကွာ ခြားချက်တွေ များနေရဲ့သားနဲ့ သမီးကို ချစ်ပါတယ်..ဖြစ်နေတာ ငါ့ သမီး ကံကောင်းလွန်းပါတယ်...”
“အမ်း..”
“ဟိုနေ့ည ဘက် အပြင်သွားတာ ကြီးကြီး တွေ့လိုက်တယ်...ပြင်ထားဆင်ထားလိုက်တာ မင်းသမီးလေး အတိုင်းပဲ ဒါလည်း သူ့ကြောင့် မလား..”
“သူများ က လှလို့ပါ...”
သစ် ခေါက်လက်စ စောင်ကို ပစ်ချပြီး နှုတ်ခမ်း စူပုတ်ပုတ် လုပ်ခါ ကုတင်ပေါ် ပစ်ချထိုင်လိုက်သည်..။
“ဟုတ်ပါတယ်..ဒါပေမဲ့...ဆင်ပေးတဲ့သူလည်း ရှိတော့ အရောင်ပိုတောက် တာပေါ့လေ...ကြီးကြီး အတွက်လည်း ငွေကုန်ခံရမှာ နည်းတာ မဟုတ်ဘူး..ဆရာမလေးတွေကို မေးကြည့်တော့ တစ်ရက် ငါးသောင်းရတယ်တဲ့လေ..စဉ်းစားကြည့်စမ်း ကြီးကြီး လာနေတာ တစ်လကျော်ရှိတော့မယ်..ဒါကို သူ တစ်ရက် နှစ်သိန်း အကုန်ခံနေရှာတာ...ငြိုငြင်တယ်လည်း မရှိဘူး..တစ်နေ့ကို သုံးလေးခါလောက် အနားလာပြီး ဘာလိုအပ်လည်း ရောဂါ ဘယ်လိုနေလည်း မေးရတာ အမော...ငါ့ တူမ အရင်းတောင်  ခေါင်းထဲ အဲလောက်မထည့်ပါဘူးအေ...ညည်း အရင်ကောင် ပြောတာ မှတ်မိလား...ငါ့ကို ရွာပြန်ပို့ပြီး ညည်း နဲ့ သူ က အခန်းကို သိမ်းမယ်ဆိုတာလေ...အမလေး...အဲ မသာလေး...ကို အခုတွေး အခုဒေါသဖြစ်တယ်...”
“ကြီးကြီး ကလည်း..”
“နင်က နာတုန်းလား...”
“နာတယ်လည်း မဟုတ်ဘူး..ကြီးကြီး အကုသိုလ်များမှာ စိုးလို့..”
“ဘာပဲဖြစ်ဖြစ် ကြီးကြီး မစံစားရရင်တောင် ငါ့ တူမလေး ငယ်ငယ် ကတည်းက မေတ္တာငတ်ခဲ့ရတဲ့ မိဘမဲ့လေး ကောင်းစားသွားတာနဲ့ သေပျော်နေပါပြီ...သူချစ်ကို ရထားတာမို့ တန်ဖိုးထားပါ သမီးရယ်...တန်ဖိုးထားပါ...သူ့ ကို ကောင်းကောင်း မဆက်ဆံတော့ ကြီးကြီး လည်း မျက်နှာပူ အားနာရတာပေါ့...ကိုယ့်တူမ က မကြည်ဖြူတဲ့သူမို့ မြိုချရတာ မသက်သာ ပါဘူး ဟယ်...”
“အိုး..ကြီးကြီး ကလည်း ဘာဆိုင်လို့လည်း...”
“ဆိုင်တာပေါ့...လင်မယား ပတ်သက်မှုက တစ်ဆင့် ဆွေမျိုးဆိုတာ ဖြစ်လာတာလေ...နင် နဲ့ သူက သူစိမ်းပြင်ပြင်ရယ် ဆိုတော့ ငါ့နဲ့ ဘာတော်လို့လည်း..ချစ်လို့ အတူတူနေဖြစ်တယ်ဆိုပြီး အခု နင်က မုန်းတယ်ဖြစ်ပြန်ပြီ...နင်ချည်းပဲ အမျိုးမျိုး ပြောင်းနေတာ...မဟုတ်သေးပါဘူး..နင့် ခေါင်းကို ဓာတ်မှန်တွေ ဘာတွေ ရိုက်ကြည့်အုံးမှပါလေ...”
‘သူများ မရူးပါဘူး..”
“ပြောလို့ရတာမဟုတ်ဘူး...ကဲ..သွားတော့...ငါ့မျက်နှာကိုလည်း နည်းနည်း ထောက် သိလား..”
“ဟုတ်....တာ့တာ ကြီးကြီး...”
“အဲဒါ ပြောတာပေါ့...မရူးမကောင်းဆိုတာတွေ..”
သစ် လျှာ ပြူတစ်တစ် လုပ်ပြပြီး ခေါင်းငုံခါ ပြန်ထွက်လာခဲ့လိုက်သည်..။
အပေါ်ထပ် အခန်းထဲ သွားရမှာ စိတ်တွေ မလုံမလဲ ဖြစ်နေလို့ အိမ်ရှေ့ ဘက်ထွက်လာခဲ့ရသည်..။
ဒါရိုက်တာ အဖွဲ့က ငွေကိစ္စ တွေနဲ့ ပတ်သက်ပြီး သူ့ ကို တရားခံလို စစ်နေတာ သိတော့ သစ် ထင်သလောက် မပျော်ပြန်ဘူး...။
ခြံထဲ ဆင်းလမ်းလျှောက်ရင်း  နှင်းဆီပင်လေးတွေကို သတိရတော့သွားကြည့်မိသည်...။
နောက်ဘက်ခြံမှာ မီးလုံး အဝါတွေ ထွန်းထားတော့ အရာရာတိုင်းက မာကျူရီ မီးရောင်သမ်းနေသည်..။
ပန်းပင်လေးတွေကို လျှောက်ကြည့်တာ တစ်ပင် မှ ပွင့်မနေတော့ စိတ် က ပို ညစ်လာရသလိုလို...။
မှန်ကာထားတဲ့ အခန်းလေးဘက် ကို လျှောက်လာချိန် သီချင်းညည်းသံ သဲ့သဲ့ ကြားလိုက်ရတော့ ကြက်သီးပင် ထသွားရသည်..။
ဒီလိုညပိုင်းကြီး ခြံထဲမှာ ဘယ်သူက သီချင်းဆိုနေပါလိမ့်...။
ခြံစောင့် ဦးလေး အိမ်ကလည်း မီးတောင် ပိတ်ထားပြီ....ဘေးက ကျွဲကြီး တို့ အခန်းကလည်း အိပ်ကုန်င်္ပြိ...။
သရဲကလည်း ဒီလို အသံမကောင်းလောက်ပါဘူး..ရုပ်ရှင်တွေထဲမှာ သရဲ အသံက သြသြဆိုးဆိုးကြီး ...
မဟုတ်မှ...သူခိုးများလား...။
သစ် အနားမှာ ကျနေတဲ့ ပေါက်ပြားကြီးကို ကောက်ပြီး ရှေ့ကို တစ်လှမ်းချင်း တိုးလာမိသည်..။
မှန်အိမ်လေးထဲက အသံထွက်နေတာ ဆိုတော့ သူခိုးများ ခဏနားနေတာလား...။
“When the world’s on fire We won’t even move
The is no reason if I’m  here with you
And when it’s said and done I’ll give me to you
That’s some type of love”
ဟင်..သူခိုး က မြင့်လိုက်တာ အင်္ဂလိပ် သီချင်းတောင် ဆိုနိုင်သား...။
အေးလေ...ခေတ် ကာလ ကြီးက မကောင်းတော့ ပညာတက်ပေမဲ့ အလုပ်မှ မပေးနိုင်ကြတာချည်း...။
သစ် ပေါက်ပြားကို ကိုင်ပြီး  မှန်တံခါးကို ၀င်ချိန် လက်ထဲက ဖုန်းမီးကိုလည်း တစ်ပြိုင်နက် ဖွင့်လိုက်သည်..။
“ဟာ..”
“အား..”
လက်မြှောက်အော်တော့ သစ် လည်း ယောင် ပြီး လက်ထဲ က ပေါက်ပြားကြီး ကို ပစ်ချလိုက်ရသည်..။
“ဘာလုပ်နေတာလည်း..”
“ကျွန်တော် မေးရမှာလေ...မ ..ဘာလုပ်တာလည်း...”
“အဲ..ခြံထဲ ဆင်းလာရင်း သူခိုးသီချင်းဆိုသံ ကြားလို့...”
“ဟမ်...”
“ဒီနား....”
သစ် လက်ညိုး ကို ဝေ့၀ဲ ထိုးပြရင်း သူ့ ကို သတိရတော့မှ လက်ညိုးချလိုက်ရသည်..။
“ဟူး..ကိုယ့်ဟာ့ကို သီချင်းဆိုလည်း သူခိုး ဖြစ်ရပြန်ပြီ...”
သူ့ကို သခိုးစွပ်စွဲမိတော့ သစ် မလုံမလဲ ဖြင့်
“နင် သီချင်းဆိုနေတာလား ကောင်းသားပဲ...”
“ပင်ကိုယ်ပါရမီ ရှိတာကိုး..”
“ကြွားပြီ...”
“ဟား..ဟား...ထိုင်လေ...”
ခုံတန်းလျား တစ်ခုချထားပြီး ဂစ်တာ တစ်လက်တင်ထားတော့ သူ က ဂစ်တာ ကို  ထောင်လိုက်ခါ လက်နဲ့ ခုံကို ရိုက်ပြသည်..။
သစ် မျက်ခုံးတွန့်ပြီး နီးစပ်တဲ့ ထောင့်စွန်းလေး မှာ ၀င်ထိုင်လိုက်တော့ သူလည်း ၀င်ထိုင်သည်..။
“မီးမှိတ်ထားပါလား..”
သူ့ ရဲ့ တောင်းဆို မှုကြောင့် သစ် လက်ထဲက ဖုန်းမီးကို မှိတ်လိုက်ပြီး ခုံစွန်းကို ဆုပ်ကိုင်ထားလိုက်သည်..။
“မ သီချင်း နားထောင်ချင်လား..”
အလုပ်ကိစ္စတွေနဲ့ သူ အရမ်းစိတ်ညစ်နေရတာ သိတော့ သစ်လည်း အလိုက်အထိုက်နေပေးဖို့ ဆုံးဖြတ်လိုက်ရသည်...။
“အင်း...စောနက ဘာသီချင်း ဆိုနေတာလည်း..”
“Charlie Puth ရဲ့ Some Type Of Love..”
“အင်္ဂလိပ် သီချင်းကြီး ငါမှ နားမလည်တာ...”
“....”
ဂစ်တာ ခပ်သံ တိုးတိုး လေးက ရပ်သွားတော့ သစ် တံတွေးတစ်ချက် မြိုချရင်း..
“ဟို...အသံတော့ ကောင်းပါတယ်...”
“သီချင်းဆိုပြပြီးရင် အဓိပ္ပာယ်ပါ ပြန်ပေးရမယ် ဆိုပါတော့..”
“အဲလိုဆိုရင်တော့ ကောင်းတာပေါ့...”
“အိုကေ...အာ...အာ..အာ....၀မ်း...တူး...၀မ်း...တူး..”
မှောင်မဲထဲ မျက်နှာ ကောင်းကောင်း မမြင်ရပေမဲ့ ပြောင်စပ်စပ် ရုပ်ဖြစ်နေမှာတော့ သိသည်..။
“When we’re old and gray..
And our faces changed
There won’t be a moment when my heart don’t feel same
That’s Some Type of Love
That’s Some Type of Love
And every story ends
But we could still pretend
Every single moment will  be just as we had planned
It was  Some Type of Love
That’s Some Type of Love
When the world’s on fire We won’t even move
The is no reason if I’m  here with you
And when it’s said and done I’ll give me to you
That’s some type of love..”
“ဟိုး...တော်...”
“ဟင်..”
“တော်ပြီ...နင်က သီချင်းလည်း မရဘူး ဆိုနေတာ မကောင်းတော့ဘူး.”
“ရပါတယ်...”
“သီချင်းရရင် ဘာလို့ Some love ..Some love  ချည်းပဲ...”
“ဟော..အဲဒါ သီချင်းစာသားလေ..”
“တော်ပြီ...ဘာသာပြန်တော့...”
“အမျိုးမျိုး အရသာတောင် ပျက်သွားပြီ...”
“အဟမ်း ဘာသာပြန် အစီအစဉ်ပါ...၀မ်းတူး....မောင်တို့ အသက်ကြီး ပြီး အသားအရည်တွေ မွဲခြောက်လို့  ပါးရေ တွေ တွန့်သွားတဲ့အခါ အဲလို တွေ ဖြစ်လာခဲ့ရင်တောင်  မောင့် ရင်ခုန်သံ တွေ က ပြောင်းလဲမှာ မဟုတ်ဘူး.. ဒါ အချစ်ရဲ့ သင်္ကေတ...ပုံပြင်တွေ အားလုံး အဆုံးသတ်သွားရင်တောင် မပြီးသေးသလို မောင်တို့ ဟန်ဆောင်နေလိုက်မယ်..ကိစ္စရပ်တိုင်းက မောင်တို့ စီစဉ်ထားတဲ့ အတိုင်းပါ ..ဒါ အချစ်ရဲ့ သင်္ကေတပဲလေ..ကမ္ဘာကြီး လောင်ကျွမ်းသွားမယ်ဆိုရင်တောင် မောင်တို့ ဘယ်မှမရွေ့ဘူး.. မ သာ မောင်နဲ့ အတူ ရှိနေမယ်ဆိုရင် ဘာတွေပဲ ဖြစ်ဖြစ် ကိစ္စ မရှိဘူး...
အဲလိုလေးတွေ ပြောပြီးတော့ မောင့် ကို မ ဆီ အပြီးအပိုင် ပေးလိုက်မယ်ကွာ..ဒါလည်း အချစ်ရဲ့ သင်္ကေတ ပါပဲ..”
“ဟယ်..ပန်းလေးတွေ..”
သစ် သီချင်းစာသားတွေ နားထောင်နေချိန် မီးရောင်မှုန်ပျပျ မှာ ကျင့်သားရလာတော့ အခန်းထဲ ဝေ့ကြည့်ရင်း ပန်းအိုးလေး သုံးအိုးမှာ ပန်းသုံးပွင့် ပွင့်နေသည်..။
“ဟုတ်တယ်...နုသေးတော့ နေရောင်ထိပြီး ကြွေသွားမှာစိုးလို့ သိမ်းခိုင်းထားတာ...”
“..အပင်သေမှာ စိုးလို့လား...”
“မဟုတ်ဘူး..ပန်းလေးတွေ မ မတွေ့ရသေးပဲ ကြွေ သွားမှာ စိုးလို့ပါ...”
“သြော်...”
သစ် ငုံ့နမ်းပြီးခါမှ နောက်ပြန်ဆုတ်ပြီး ခုံမှာ ပြန်ထိုင်လိုက်ရသည်...။
သစ့် အတွက် ပန်းပင် စိုက်ခိုင်းထားတယ်ဆိုတာ တကယ်ပေါ့...။
“ဟ..”
“ခဏပဲ ခေါင်းအုံးမရှိလို့ပါ..”
သစ် ပေါင်ပေါ်လှဲချ အိပ်လိုက်ချိန် နောက်ဆုတ်ဖို့ ရွယ်လိုက်ပေမဲ့ သူ့ခေါင်းနဲ့ ဖိအိပ်ပစ်လိုက်ပြီ..။
“မကောင်းပါဘူး..ထ..”
“ကြယ်လေးတွေ မြင်ရတယ်...လှတယ်နော်...”
“ဟင်..ဘယ်မှာလည်း..”
သူက အမိုးပေါ် ကြည့်ရင်း ပြောတော့ သစ်လည်း သူ့ကြည့်တဲ့ နေရာကို ခါးကိုင်း ကြည့်မိသည်...။
အမိုးလည်း မှန် အကြည်ထည့်ထားတော့ ကောင်းကင် ကို အတိုင်းသား မြင်ရပြီး တွေ့နေရတဲ့ မြင်ကွင်းလေး က စိတ်ချမ်းမြေ့စရာ...။
“အင်း...ဗျူးတီးမစ် အပြာရောင်...မ အဲလို အပေါစားတွေနဲ့ လျှော်လို့ ဆံပင်တွေ ကုန်တာ..ခေါင်းလျှော်ရည် ပြောင်းဖို့ အစီအစဉ် မရှိဘူးလား..အရင် အလုပ်ရှင်ကို တော်တော် သစ္စာ ရှိတာပဲနော်...”
သစ်ကြည့်နေတဲ့ မြင်ကွင်းကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ သစ် ဆံပင်တွေကို အုပ်နေပြီ...။
ကိုယ် ကို ပြန်မတ်လိုက်တော့ သူက ပြန်ထသွားပြီး သစ် လက်ကို ဆွဲချခါ ခေါင်းကို ပေါင်ပေါ်တင် သိပ်သည်..။
“မအိပ်ဘူး..”
“ဒီလိုကြည့် ပိုလှတယ်..”
သူ့ လက်တွေက ရင်ဘတ်မှာ သိုင်းပြီး ပခုံးကို ဖိကိုင်ထားတော့ သစ် ငြိမ်ပြီး ကောင်းကင် ကိုသာ ကြည့်နေလိုက်ရသည်..။
“ဟိုဘက် က လင်းနေတဲ့ ကြယ်ကို တွေ့လား..”
သူ လက်ညိုးညွန်ပြတဲ့ နေရာကို လိုက်ကြည့်ပြီး သစ် ခေါင်းညိတ်လိုက်ရသည်..။
“အဲဒါ ကျွန်တော်လေ..”
‘ဟမ်...”
“Vega ကြယ် ညကောင်းကင်မှာ ငါးလုံးမြောက် အလင်းဆုံးကြယ်ပဲ..ဓူဝံကြယ် မပေါ်ခင်က ကျွန်တော်က ဓူဝံကြယ်ဖြစ်ခဲ့တာလေ...”
သူ့ကိုယ်သူ ကြီးကြီး ကျယ်ကျယ်တွေ လျှောက်ပြောနေတာ အမြင်ကပ်လို့ သစ် နှုတ်ခမ်းမဲ့လိုက်ပြီး
“နင်ကလေ ယောင်္ကျားလေးဖြစ်ပြီး ကြွားလွန်းတယ်.”
“ဟောဗျာ..ဘာမှ မသိလို့ ဗဟုသုတရအောင်ပြောပြတာပါ..ကျွန်တော့် နာမည်က ကြယ်နာမည်ဆိုတာ အခုမှ သိတာမလား..”
“ဟုတ်တယ် သိသွားတော့ နာမည်က နင် နဲ့ မတန်ဘူး...”
သစ် ရဲ့ တုန့်ပြန် စကားကြောင့် စကားသံတွေ တိတ်ကျသွားပြီး ကောင်းကင်က သူပြတဲ့ ကြယ်ကိုသာ ငေးနေလိုက်သည်..။
“အဟွင်း ဒီလို အနေအထားကိုရောက်ရင် မ ခြေထောက်ကို နှိပ်ပေးရတာ သတိရတယ်..”
သူ ပြောတဲ့ ခြေထောက် နှိပ်ပေးတဲ့ အကြောင်းဆီ အတွေးရောက်သွားပြန်တော့ ပြာနက်နက် ကောင်းကင်ပေါ် က စိန်ပွင့်တွေမှာ ပုံရိပ်တွေ ပေါ်လာသည်..။
“အ..ဒီနေ့တော့သေတာပဲဟယ်...ဒေါက်ဖိနပ် အမြင့်စီးသွားမိတာ ဆယ်ကိုးပါး မှောက်တာပဲ...”
“ဘာဖြစ်လို့လည်း မ ရဲ့..”
‘ခြေထောက်တွေ သေအောင် နာလို့..”
သစ် ကုတင်ပေါ် ပက်လက် အိပ်ရင်း ညီးလိုက်တော့ သူ့ အိပ်နေတဲ့ နေရာက ထလာခါ ကုတင်ပေါ်မှာ ချိတ်ထိုင် ပြီး သစ်ခြေထောက် ကို ယူခါ ပေါင်ပေါ်တင်သည်..။
“ဘာလုပ်မလို့လည်း..”
“နှိပ်ပေးမလို့..”
‘မလုပ်နဲ့...ကြီးကြီး ငါ့ကို သတ်လိမ့်မယ်...”
“ကြီးကြီး မသိပါဘူး”
သစ် မှာ ခြေထောက် အနှိပ်ခံရပေမဲ့ ရင်ကလည်း တထိပ်ထိပ် ဖြင့် ကြီးကြီး ခြေသံ နားစွင့်ရသေးသည်...။
“သစ်ဝေ..”
“ဒုတ်..”
“အ..”
နှစ်ယောက်စလုံး လန့်ပြီး နေရာပြောင်းတော့ ခေါင်းချင်းဆိုင်ပြီး တိုက်မိကုန်ကြသည်..။
“ဂျင်းသုတ်လာစားလေ..”
“ဟုတ်...”
နှစ်ယောက်စလုံး နဖူးကို လက်နဲ့ ပွတ်ရင်း ပြိုင်တူ ရယ်မိသည့် အခိုက်အတန့် ..။
သစ် ပြန်တွေးမိရင်း ပြုံးမိခါ သူကော ပြုံးနေမလား သိချင်မိသည်..။
“မ မထင်ထားနိုင်လောက်တဲ့ အတိုင်းအတာ ထက် ပိုပြီး  မ ကို ကျွန်တော် ချစ်တယ်...”
သူ့ စကား ကြောင့် သစ် မျက်လုံး စုံမှိတ်ထားလိုက်သည်..။
အရာရာတိုင်းကို တစ်ခဏအတွင်း မေ့ပစ်တက်တဲ့ မှတ်ဉာဏ်တွေ ဒီ စကားကိုလည်း မေ့သွားပါစေ....။

☆✼★━━━━━━━━━━━━★✼☆。

နောက်ကျပြန်ပြီ 😁

စာအရှည်ကြီးဖတ်ရတာ ပင်ပန်းသွားပြီ 😍

ဒီနေ့အပိုင်းက တအားကြီးရှည်သွားတယ်နော် ဆောရီးပါ🙏

ရေးတာကလည်း အဲလိုမျိုးတွေ 🤧 ဘာမှန်းမသိ ဖြစ်နေတော့ အားနာတယ် ကျေးဇူး လည်းတင်ပါတယ် 😘

အရေးအသားမကောင်းပေမဲ့
သည်းခံပြီး ဖတ်ပေးခဲ့ကြတဲ့
စာဖတ်သူ အားလုံးကို
ကျေးဇူးအထူးတင်ပါတယ် နော်

Love U all ❤
#စပိုက်ကာ

1543Donde viven las historias. Descúbrelo ahora