Chapter 3

21.1K 1.5K 6
                                    

ရှင်းသန့် အိမ်ပြန်ရောက်တော့ တော်တော်နှင့် အိပ်မပျော် သူ့ကို coffee ပူတွေနှင့် လောင်းချသွားသော ဂျပုကို တခုခု ပြန်လုပ်ရန်သာ ကြံစည်‌နေမိသည်။ ကြံစည်ရင်းနှင့် ညဉ့်နက်မှ အိပ်ပျော်သွားသည်။

နောက်နေ့မနက် ကျောင်းတွင် အိပ်ရေးပျက်ထားသော ဒဏ်ရော မနေ့က ကိစ္စ မကျေနပ်တာရော ပေါင်းကာ ရှင်းသန့် စိတ်မကြည်။

မျက်မှောင်ကြီး ကုတ်ကာ စူပုတ်နေသော ရှင်းသန့်ကို တီချယ်များ အပါအ၀င် ဘယ်သူမှ စကား လာမပြောဝံ့။

ဘယ်လိုမှ မဟန်တော့သော ကိုယ်ကို cool down လုပ်ရန် သန့်စင်ခန်းဘက် ထွက်လာခဲ့လိုက်သည်။

စာသင်နေတုံး ထထွက်သွားသော ရှင်းသန့်ကို တီချယ်မော် တားချင်သော်လည်း ဘယ်အချိန် ထပေါက်ကွဲ မည်မသိသော time bomb တလုံးမို့ မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

ရှင်းသန့် မျက်နှာကို လန်းသွားအောင် သစ်လိုက်ပြီး စူပုတ်နေသော မျက်နှာကို ပြင်လိုက်သည်။

"မင်းက တချိန် ငါတို့ Company ရဲ့ CEO တယောက် ဖြစ်လာမှာ မင်း public image ကို ထိန်း" ဟု ဖေဖေ မှာထားခဲ့သည် မဟုတ်ပါလော ။

ဒါပေမယ့်လည်း တကျောင်းလုံး ရှင်းသန့် ဘယ်လောက် အတ္တကြီးပြီး ဒေါသကြီးသည်ကို သိနေကြပြီး ဖြစ်သည်။ သူ့ image က တော်တော် ပျက်နေပါပြီ။

ရှင်းသန့် ဘောင်းဘီအိတ်ထဲမှ ဆေးလိပ်ကို ယူကာ မီးညှိလိုက်ပြီး တချက် ရှိုက်လိုက်တော့ ဆေးလိပ်ငွေ့များ အခန်းထဲတွင် ပြည့်သွားသည်။

ရှင်းသန့် တချက် စိတ်ညစ်သွားသည်တော့ အမှန်။ ဇိုင်း ပြောသလို တရားလေး ဘာလေး ထိုင်ကြည့် ကောင်းမလား ။ ဒါမှမဟုတ် anger management therapy ပဲ တွေ့ရမလား

Ring ring ring

ရှင်းသန့် အတွေးများကို iPhone မြည်သံတခုက လှုပ်နိုးလိုက်သည်။ မိမိကိုယ်ကို စမ်းကာ ဖုန်းရှာတော့ မိမိဖုန်းက စာသင်ခန်းထဲ ကျန်ခဲ့မှန်း သိလိုက်ရသည်။

'ဒါဆို သူများ ဖုန်းပေါ့ '

ဖုန်းသံ ရပ်သွားပြီး အိမ်သာခန်း လေးခု အနက် ထောင့်ဆုံး အခန်းမှ အသံတခု ကြားလိုက်ရသလို ခံစားလိုက်ရသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now