Chapter 6

19.1K 1.4K 30
                                    

  "ကိုကို့ ကို ချစ်တယ် "

  ချိုမြိန်လှသော ထိုစကားလေး နှင့်အတူ ခြေဖျားလေး ထောက်ကာ အနမ်းလေးတပွင့် သူ့ နှုတ်ခမ်းများ အပေါ် ခဏလေး ကျရောက်လာသည်။

  ထို အနမ်းပိုင်ရှင်လေးရဲ့ ကိုယ်သေးသေးလေးကို ဆွဲပွေ့လိုက်ပြီး အနမ်းပေါင်းများစွာ ပေးမိနေသောသူက ရှင်းသန့်ဖြစ်သည်။ ရှင်းသန့် ထို နှုတ်ခမ်းဖူးဖူး လေးများနဲ့ ဝေးသွားရင် ရူးသွားရလိမ့်မည် . . .

" အကိုလေး အကိုလေး "

တစုံတယောက်ရဲ့ လှုပ်အနိုးမှာ ရှင်းသန့် အိပ်မက်မှ နိုးထလာခဲ့သည်။

  အိပ်မှုန်စုံဝါး မျက်လုံးများကို ပွတ်သပ်ကာ လာနိုးသူကို ကြည့်လိုက်တော့ အိမ်က driver ကိုသိန်းဖြစ်နေသည်။

" အကိုလေး ထပြီလား "

ရှင်းသန့် ခေါင်းတချက် ညိမ့်ပြလိုက်တော့

" မေမေကြီးက မှာလိုက်တယ် ဒီနေ့ သူ့ personal stylish အိမ်ကို လာမယ်တဲ့ အဲ့ဒါ အကိုလေး အတွက်လည်း Tuxedo ချုပ်ပေးမှာမို့ ရေမိုးချိုး ပြင်ဆင်ပြီး 10 နာရီလောက် အောက်ဆင်းခဲ့ပါတဲ့ "

  ကိုသိန်း တယောက် mother ကြီးရဲ့ အမိန့်တော်ကို အသိပေးပြီး အခန်းထဲက ထွက်သွားတော့ ရှင်းသန့် အိပ်ရာမှ ထလိုက်ပြီး ရေချိုးခန်းသို့ သွားလိုက်သည်။

ရေပန်းအောက်မှာ ရေချိုးလိုက်မှ ညစ်နေတာတွေ စင်ကျယ်သွားသလို ခံစားရပြီး မိမိရဲ့ အိပ်မက်ကို စဉ်းစားခန်း ဖွင့်နေမိသည်။

ထို အိပ်မက်ကို လရိပ်နှင့် Tom N Toms မှာ တွေ့ခဲ့ရသော ညမှ စ၍မက်ခဲ့သည်မှာ အခုဆို တလကျော် ကြာပြီဖြစ်သည်။

   ရှင်းသန့် ဘ၀မှာ မိန်းကလေး ပေါင်းများစွာ တွဲခဲ့ဖူးသော်လည်း မည်သူ့ကိုမျှ တခါမှ အိပ်မက်ထဲ ထည့်မမက်ဘူး။ ခု အိပ်မက်ထဲက နှုတ်ခမ်း ပိုင်ရှင်လေးကို သေချာ မမြင်လိုက်ရသော်လည်း မိန်းကလေး တယောက် မဟုတ်တာ သေချာသည်။

  ထို ယောင်္ကျားလေးရဲ့ ဝိုးတဝါး ပုံရိပ်များက လရိပ်ရောင်နှင့် သိပ်တူသည်။ ပိုဆိုးသည်က  အိပ်မက်ထဲက ရှင်းသန့်က ထို အနမ်းများကို မရွံ့ရှာသည့်အပြင် ကြိုက်ကာ ထပ်ကာ ထပ်ကာ လိုချင်နေမိသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now