Chapter 28

10K 767 26
                                    

"နင့်ပုံက ဘာဖြစ်နေတာလဲ။ လရိပ်ရော"

စေမန်ရဲ့ တိုက်ခန်းထဲ ၀င်လာသည်နှင့် စိတ်ညစ်ကာ သက်ပြင်းတွေ ပဲ ချနေမိသော ရှင်းသန့်ကို ဖူးပွင့်က မေးလာတော့

"လရိပ် နဲ့ ငါ မုန့်စား‌နေတုံး မ ခြူးက လာနှုတ်ဆက်တယ် "

ဇိုင်းက လှမ်းကြည့်နေသည်။

"အဲ့တော့ ဘာဖြစ်သွားလဲ *

ရှင်းသန့် အဖြစ်အပျက်များ အားလုံးကို ပြောပြလိုက်မိတော့ . . .

"အဖြစ်အပျက်ကတော့ ဒါပါပဲဟာ။ လရိပ်က ငါ့ကို အရမ်း စိတ်ပျက်သွားပြီ "

  ရှင်းသန့် စိတ်ညစ်ညစ်နှင့် ဆံပင်များကို ဆွဲဖွလိုက်သည်။

ရှင်းသန့်ကို စိတ်ပျက်သွားတဲ့ လရိပ် မျက်နှာလေးကို မျက်လုံးထဲက လုံး၀ မထွက်  . . . .

"စိတ်ပျက်မှာပေါ့။ ငါသာ လရိပ်နေရာမှာဆို အဲ့နေရာမှာတင် နင်နဲ့ လမ်းခွဲမှာ "

ဖူးပွင့်က အပြစ်တင်လာတော့ ကိုယ့် အပြစ်နဲ့ ကိုယ်မို့ ငြိမ်နေလိုက်သည်။

"လရိပ်က သူ့ အမေနဲ့ အဘွား မကြိုက်မှန်းသိရက်နဲ့ နင့် ကို ရွေးချယ်ခဲ့တာ ။ နင့်ကို ချစ်လွန်းလို့ သူ အဲ့လို လုပ်ခဲ့တာ နင့်ဘက်ကျ ဘာလို့ သူ့လို မလုပ်နိုင်ရတာလဲ "

"ငါ . . . "

  ရှင်းသန့် ဘယ်လို အဖြေမျိုးပေးရမည်ကို တကယ် မသိတော့။

   တဘက်တွင်လည်း ချစ်ရသူ လရိပ်ရောင်ကို ရွေးချယ်ချင်မိသည်။ တဘက်တွင်လည်း ရှင်းသန့် ဘ၀ကို ချုပ်ကိုင်ထား‌သော အဖေဖြစ်သူ ဦးမင်းနောင် ကို ရင်မဆိုင်ရဲ။

"နင် တကယ် လရိပ် ကို ချစ်ရင် နင်လည်း သူ့ လိုဘဲ နင့်မိဘတွေထက် သူ့ကို ရွေးမှာပေါ့ "

"နင်ကလည်း လရိပ် အမေနဲ့ ရှင်းသန့် အဖေက မတူဘူးလေ။ သူ့ အဖေက အရာရာ ချုပ်ကိုင်ထားတာ။ သူ့ အဖေကို ရှင်းသန့် ခြေကန် ရုံးထွက်ပြီ ဆိုတာနဲ့ ခွေးဖြစ်ပြီပဲ "

   ရှင်းသန့်ကို အားနာသလို လှမ်းကြည့်လိုက်ပေမယ့် စေမန် ရဲ့ စကားများက မှန်နေသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now