လရိပ် ကားကို ရွှေတောင်ကြားရှိ ခမ်းနားသော သုံးထပ်တိုက် အိမ်ကြီးရှေ့တွင် ရပ်လိုက်တော့ ခြံစောင့် ဦးလေးကြီး တယောက်က တံခါးလာဖွင့်ပေးသည်။
" မေမေကြီး ဧည့်ခန်းထဲမှာ စောင့်နေတယ် ခင်ဗျာ့ "
ခြံစောင့် ဦးလေးကြီးက ဖေဖေ့ကို တလေးတစား ပြောလိုက်ပြီး လရိပ် လက်ထဲက ပစ္စည်းပုံးကို လာယူတော့
" ရတယ် ဦး ကျွန်တော်ပဲ သယ်လိုက်ပါ့မယ် "
လရိပ် ယဉ်ကျေးစွာ ငြင်းလိုက်သည်ကို ဖေဖေက သိပ်သဘောမကျချင် ။
မတတ်နိုင်။ ကိုယ့် အဘိုးအရွယ် ဦးလေးကြီး တယောက်ကို လေးလံတဲ့ ပစ္စည်းများ မသယ်ခိုင်းချင်ပါ ။
" မမ၀တီ စောင့်နေရတာ ကြာပြီလား "
ဖေဖေ့ရဲ့ အပြောမှာ လှပကျော့ရှင်းပြီး အသက် 50 ကျော်ဟု လုံး၀ မထင်ရသော ဒေါ်၀တီက ပြုံးပြ နှုတ်ဆက်လိုက်သည်။
" မကြာသေးပါဘူး လမင်းရယ် ခုနကမှ အပေါ်က ဆင်းလာတာ "
ဒေါ်၀တီ နဲ့ ဖေဖေ တယောက်ကို တယောက် ပွေ့ဖက် နှုတ်ဆက်လိုက်ကြသည်ကို လရိပ် မမြင်ချင်ယောင်ဆောင် နေလိုက်သည်။
"သူလေးက ဘယ်သူလဲ "
ဒေါ်၀တီက လက်ထဲမှာ ပစ္စည်းတွေ အပြည့်နှင့် ရပ်နေသော လရိပ်ကို မြင်သွားပြီး မေးလိုက်တော့ ဖေဖေ ဘယ်လို အဖြေပေးမလဲကို လရိပ်လည်း စောင့်ကြည့်နေလိုက်သည်။ စိတ်ထဲမှာတော့ ဖေဖေ ပေးမယ့် အဖြေကို ကြိုသိနေသည်။
" ဆိုင်က အလုပ်သင် ၀န်ထမ်းလေးပါ လရိပ်ရောင် တဲ့ "
ဖေဖေက လရိပ်ကို သူ့သားဟု ဘယ်တော့မှ မသတ်မှတ်ခဲ့ . . .
"မဂ်လာပါ အန်တီ "
"သူက designer ပေါက်စ ဆိုပေမယ့် suit တို့ tuxedo တို့ ချုပ်တာ အရမ်းတော်တယ် ။ မမ၀တီရဲ့ သားအတွက် Tuxedo ချုပ်ပေးဖို့ ခေါ်လာခဲ့တာ "
" ငယ်ငယ်လေး နဲ့ တော်တဲ့ လူတွေဆို အန်တီ က သိပ်သဘောကျတာ ။ နောင် တချိန် တစ် ဖြစ်တဲ့အထိ ကြိုးစားရမယ်နော် မောင်လရိပ်ရောင် "
"ဟုတ်. .ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
"ကဲ ထိုင်ကြအုံး ။ ကိုသိန်းရေ သားတော်မောင်ကို ခေါ်ပါအုံး "
VOUS LISEZ
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Roman pour Adolescentsဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...