Chapter 16

15.1K 1.2K 29
                                    

    လရိပ်, ရှင်းသန့်တို့ လမ်းထိပ်နားရောက်တော့ ရှင်းသန့်ရဲ့ အနက်ရောင် land Cruiser ကို ဘေးမှ ဖြတ်သွားသည်ကို မြင်ရတော့ ရင်ထဲ အေးခနဲ ။

   ညနေမှ ရောက်မည်ဟု ထင်ထားသော သူက အစောကြီး ရောက်လာသည် မို့ အံ့ဩသွားရသည်။

  အတိုင်းအဆ မရှိ ခုန်နေသော နှလုံးကြောင့် ကားကို ဘယ်လိုမှ ဆက် မမောင်းနိုင်တော့ . . .  လရိပ် ကားလေးကို လမ်းဘေးမှာတချက်ချကာ ရပ်လိုက်သည်။

  ရင်ထဲတွင် ဒွိဟများ ဖြစ်နေသည်က  ရှင်းသန့် ကိုလည်း အရမ်းတွေ့ချင်မိသည်။ တွေ့ရမှာလည်း ကြောက်သည်။

' ရှင်းသန့် လရိပ်ကို မေ့များသွားပြီလား? မေ့ များသွားခဲ့ရင် '

     လရိပ် ဆက်မတွေးရဲတော့ ကားကို ပြန်ကွေ့လာလိုက်သည်။

✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨

"လရိပ် ဘာ မေ့ကျန်ခဲ့လို့လဲ "

   ရှင်းသန့် အမေရဲ့ အမေးကို လရိပ် ခေါင်းထဲမှာ ကြိုတင် စဉ်းစားထားသော အကြောင်းပြချက်ကို ပြောပြလိုက်သည်။

" စောစောတုံးက ရှင်းသန့် ကားကို မြင်လိုက်တယ် အဲ့ဒါ သူ့ ကို ၀တ်စုံ ၀တ်ခိုင်းပြီး အဆင်မပြေရင် တခါတည်း ပြန်ယူသွားပြီး ပြင်လို့ရအောင် ပြန်လာတာပါ အန်တီ" 

"ဪ အေးအေး သားက အပေါ်မှာ ရှိတယ် လရိပ် တက်သွားလိုက် "

    ✨✨✨✨✨✨✨✨✨✨✨✨    

   ရှင်းသန့်ကို တွေ့ချင်ဇောဖြင့်  အပေါ်ထပ်ကို မပြေးရုံတမယ် တက်လာခဲ့လိုက်သည်။

တံခါးနား‌ ရောက်တော့ လက်များလည်း တုန်နေပြီး ရင်တွေလည်း ခုန်နေမိသည်။

  တုန်ရီနေတဲ့ လက်နဲ့ တံခါးကို ခေါက်လိုက်တော့ . . .

"၀င်ခဲ့ပါ"

   အရမ်း လွမ်းနေခဲ့ရသော အသံကို ကြားလိုက်ရသည်။

  လရိပ် အခန်းတံခါးကို ဖွင့်ကာ ၀င်သွားတော့ ရှင်းသန့်က လရိပ်ကို ကြောင်ကြည့်နေသည်။ ထို့‌နောက် ရှင်းသန့် မျက်လုံးများကို ပွတ်သပ် လိုက်ပြီး လရိပ်ကို ကြောင်ကြည့်နေ ပြန်သည်မို့ . . .

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now