ရှင်းသန့် ညက တညလုံး ပြန်မလာတော့ လရိပ် စိုးရိမ်စိတ်များ ဖြင့် ငြိမ်ငြိမ် မနေနိုင် . . . ဖုန်းကို ကိုင်ရင်း ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေမိသည်။
ရှင်းသန့် ဖုန်းကို ခေါ်လိုက်တော့လည်း ဖုန်းမကိုင် . . .
တခုခုများ ဖြစ်နေလားလို့ စိတ်ပူစိတ်များဖြင့် ရူးမတတ် ခံစားနေရပြီး . . . ၊
မဖူး ဖုန်းကို ဆက်လိုက်တော့ အိပ်ချင်နေသော မဖူးကို . . .
"အမ ကိုကို အခု ဘယ်မှာလဲဟင်။ တညလုံး ပြန်မလာ ဖုန်းလည်း မကိုင်ဘူး။ အမတို့ အခုထိ အတူတူ ရှိနေတာလား "
သူ့ စကားကြားတော့ မဖူးပွင့် အသံက အရမ်း အံ့ဩသွားပြီး . . .
"ရှင်းသန့်က မနေ့ည ၈ နာရီတည်းက လရိပ်ကို သွားတောင်းပန် မယ်ဆိုပြီး ထွက်သွားတာရော် "
မခြူး စကားကြောင့် လရိပ် ခေါင်းထဲ မိုက်ခနဲ ။ လက်ထဲမှ ဖုန်းလေး လွတ်ကျသွားပြီး လရိပ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
ရှင်းသန့် ဖုန်းကို မျော်လင့်ချက်များဖြင့် တချိန်လုံး ခေါ်နေမိပေမယ့် ဖုန်းက ပိတ်ထားမြဲ။
ရှင်းသန့် အခု တခုခုများ ဖြစ်နေလို့များလား . . .
အတွေးများနှင့် အရူးတစ်ယောက်လို ကားသော့ကို ယူပြီး တိုက်အောက်ပြေး ဆင်းလာခဲ့လိုက်သည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
"လရိပ်ရောင် "
လရိပ် အရမ်း မုန်းသော လူတစ်ယောက် ၏ အသံကြောင့် ရှင်းသန့်ကို ကားနှင့် လိုက်ရှာရန် ကားဆီ အပြေးလေး သွားနေမိသော လရိပ် ခြေလှမ်းများ တုံ့ကနဲ ရပ်တန့်သွားသည်။
'မဖြစ်နိုင်။ ထိုလူ လရိပ် နေသော အိမ်ရာ၀င်းထဲကို လုံး၀ ၀င်မလာနိုင် '
"လရိပ်ရောင် "
ခက်ထန်သော ခေါ်သံတခု နှင့်အတူ လရိပ် ခန္တာကိုယ် ကို ဆတ်ခနဲ ဆွဲလှည့်လိုက်သော လက်တစုံကြောင့် လရိပ် အမုန်းဆုံး လူ၏ မျက်နှာကို မြင်လိုက်ရသည်။
"ခင်ဗျား ဒီကို ဘယ်လို . . . "
"ရှင်းသန့်မင်းနောင် လည်တာလောက်တော့ သီဟ တို့ အိပ်နေသလောက်ပဲ ရှိတယ် "
YOU ARE READING
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...