လရိပ် မေမီ နှင့် နှင်းဆီ ပြန်သွားတော့ တစ်ယောက်တည်း ဒီဇိုင်းပုံများ ဆွဲရင်း ကျန်ခဲ့သည်။
ဆိုင်ပိတ်ပြီးပြီ ဖြစ်သောကြောင့် အိမ်ပြန်ရမည်ကို သိသော်လည်း အိမ် မပြန်ချင်။ ရှင်းသန့် နှင့် ဟို စကားများ ပြောရမည်ကို ရှက်နေမိသည်။
ခေါင်းထဲ တချက် စဉ်းစားမိသည်က မြန်မာနိုင်ငံက ယောကျာ်းလေးများ အရက်နှင့် ရဲဆေး တင်တတ်ကြသည့် အကြောင်း . . .
ဟုတ်ပြီ! သူ ရဲဆေး နည်းနည်းတင်လိုက်မည်။
Singapore မှာ နေတုံးက Alvin နှင့် သွားသောက်ခဲ့ဖူးသည့် အရက် အတွေ့အကြုံ ရှိခဲ့ဖူးသည်မို့ လရိပ် အတွက် အရက်က သိပ်မစိမ်း ။
လရိပ် ရေခဲသေတ္တာထဲက မင်းသူ နှင့် အာကာ ဆောင်ထားသော ဘီယာဘူး တစ်ဘူး ကို ယူလိုက်ပြီး တစ်ငုံ သောက်လိုက်သည်။ နောက် တစ်ငုံ။ နောက် တစ်ငုံ . . .
မေမီ ကားကို မောင်းထွက်လာပြီးမှ သတိရသည်က memory stick ကျန်ရစ်ခဲ့သည်။ ဒီည ပုံတွေ ဆွဲရမည်မို့ ထို stick မရှိလို့က မဖြစ်သည်မို့ ကားကို ပြန်လှည့် လာခဲ့လိုက်တော့ . . .
"ဟယ်! လရိပ်! "
Sofa ပေါ်တွင် ခွေခွေလေး မှောက်နေသော လရိပ်ကို ဆွဲထူတော့ အရုပ်ကလေးလို ပါလာသည်။
အနားက ဘီယာဘူး ခွံများကို တွေ့တော့ အရက်မူးနေသည်ကို သိလိုက်ရပြီး ခေါင်းကြီးသွားရသည်။
' ဘယ်လိုလုပ်ရပါ့ '
လရိပ်ရဲ့ ဖုန်းကို တွေတော့ တော်သေး . . password က ခက်ခက်ခဲခဲ မဟုတ် လရိပ်ရဲ့ မွေးနေ့!
password ကို ဖြည်ပြီး ရှင်းသန့် ကို ချက်ချင်းဖုန်းဆက်လိုက်တော့ ရှင်းသန့်က လာခဲ့မယ်တဲ့ ။
လရိပ်က တိုးတိုးလေး ဘာတွေ ရေရွတ်နေသည် ကို မေမီ နားမလည် ။ တခါမှ အရက်မူးသူ မပြုစုဘူး သဖြင့် ဘာမှလည်း မလုပ်တတ်။
"သူ ဘယ်မှာလဲ "
ရှင်းသန့် ရောက်လာတော့မှ မေမီ သက်ပြင်းချနိုင်တော့သည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
ရှင်းသန့် လရိပ် သူငယ်ချင်းရဲ့ ဖုန်းကို ရရချင်း fashion Castle ကို အမြန်သွားလိုက်သည်။
ESTÁS LEYENDO
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Novela Juvenilဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...