"ဒါက Alvin "
Alvin, ဖူးပွင့်ရဲ့ သူငယ်ချင်းများကို Alvin ရဲ့ trademark အပြုံးချိုချို လေးနဲ့ ပြုံးပြ နှုတ်ဆက်လိုက်သည်။
"ဒါက စေမန်။ ဒါက ရှင်းသန့် ဒါက ဇိုင်း "
ဖူးပွင့် စကား အဆုံး ဇိုင်းနဲ့ မျက်လုံးချင်း ဆုံမိချိန်တွင် Alvin ရဲ့ အပြုံးများ ပျောက်ကွယ်သွားသည်။ သို့ပေမယ့် ဟန်ဆောင်ကောင်းလှသော Alvin အပြုံးတပွင့်ကို ချက်ချင်း ပြန် အသက်သွင်းလိုက်သည်ကို ဇိုင်းက လွဲ၍ မည်သူမျှ မမြင်လိုက် . . .
"ဟုတ် တွေ့ရတာ ၀မ်းသာပါတယ်"
Alvin ရှင်းသန့်ကို အကဲခတ်ကြည့်မိတော့ . . .
အ၀တ်အစားများ သေသေသတ်သတ် smart ကျစွာ ၀တ်ဆင်တတ်သည်။ အသားဖြူဖြူလေးနဲ့ အလွန်ချစ်ဖို့ကောင်းသော လရိပ်နဲ့ ပြောင်းပြန် ၊ ရှင်းသန့်က အသားညိုညို အရပ်ရှည်ရှည်နဲ့ ဗမာချော ချောသည်။ body ချင်း ယှဉ်ကြည့်ပြန်ရင်လည်း gym ဆော့ထားသော ရှင်းသန့် ရဲ့ body က တောင့်သည်။ လရိပ်ကတော့ သေးသေးပိန်ပိန် လေး ဖြစ်သည်။
'နှစ်ယောက်သား တွဲသွားရင်တော့ အရမ်း လိုက်ဖက်မှာပဲ '
Alvin မိမိအတွေးနဲ့ အတူ ပြုံးနေမိသည်မှာ မိမိကို စိုက်ကြည့်နေသော မျက်လုံးတစုံကို သတိမထားမိ . . .
"လရိပ်နဲ့ Alvin က ဘယ်တုံးတည်းက သိကြတာလဲ " ဖူးပွင့်က မေးလာတော့ . . .
"ကျွန်တော် Singapore စရောက်တည်းကဆိုတော့ 4 နှစ်လောက်တော့ ရှိပြီ ။ တကျောင်းလုံးမှာ မြန်မာနိုင်ငံသားဆိုလို့ ကျွန်တော်တို့ နှစ်ယောက်တည်းရယ်လေ။ အဲ့တော့ တယောက်ကို တယောက် ဖေးမကူညီရင်း ရင်းနှီးလာကြတာပေါ့။ သူ့ကို မြန်မာစကား သင်ပေးခဲ့တာ ကျွန်တော်လေ "
သွက်သော Alvin က လရိပ်အစား ဖြေပေးလိုက်ပြီး လရိပ်ကတော့ ခေါင်းလေးသာ ညိမ့် ပြလိုက်သည်။
လရိပ်တယောက် ဒီ ဝိုင်းကို စထိုင်တည်းက ရှင်းသန့်ဘက်ကို မကြည့်မိအောင် ကြိုးစားနေမိသော်လည်း မိမိ ရှေ့တွင်ထိုင်နေသော ရှင်းသန့်ကို မကြည့်ဖို့ဆိုသည်မှာလည်း တော်တော်ပင် ခက်သည်။ တခါတလေ အကြည့်ချင်း ခလုပ်တိုက်မိပါက အမြန် မျက်နှာလွှဲလိုက်သည်။
YOU ARE READING
မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)
Teen Fictionဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . Top Ranks #1 BL #32 Original character #42 Myanmar #...