Chapter 19

14.8K 1K 33
                                    

   ရှင်းသန့် မျက်နှာကို ဆေးထည့် ပေးမယ်ဆိုတော့ အိမ်မှာက ဆေးမရှိ။

    တခြားလိုအပ်တာများလည်း ၀ယ်ယူရန် လိုနေသဖြင့် နှစ်ယောက်သား အနီးအနားရှိ Shopping center တခုခုကို သွားရန် ဆုံးဖြတ်လိုက်သည်။

      အနောက်တိုင်း ၀တ်စုံ ကို သားနားစွာ ၀တ်ဆင်ထားပြီး မျက်နှာတွင် အညိုအမဲ စွဲနေသော ကောင်လေးကို လူ အများက အထူးအဆန်း ကြည့်ကြသည်။

     ရှင်းသန့်ကတော့ ထို မျက်လုံးများကို ဂရုမထားနိုင် . . . လရိပ် နောက် shopping cart တွန်းကာ အမှီလိုက်နေရသည်။ 

     လရိပ် က အိမ်မှာ ရေးလာသော shopping list ထဲ က ပစ္စည်းများကို စာရွက်လေးကိုင်ကာ လိုက်ရှာနေသည်။ 

" အ၀တ်လျှော် ဆပ်ပြာရည် "

   လရိပ် မျက်လုံးလေးနှင့် လိုက်ရှာတော့ လရိပ် သုံးနေကျ တံဆိပ်က အပေါ်ဆုံး အတန်းတွင် ရှိနေသည်မို့ လရိပ် ခြေဖျားထောက်ကာ ယူရန် ကြိုးစား သော်လည်း မအောင်မြင် . . .

" ဟင်းဟင်း "

ရှင်းသန့် ဆီက ထွက်လာသော အသံဖြစ်သည်။

    လရိပ် အဖြစ်ကို မရယ်မိအောင် ကြိုးစားနေသည့်ကြားမှ ထွက်လာသော အသံဖြစ်သည်။

   လရိပ် ရှင်းသန့်ကို ဘာရယ်တာလဲ ဟု မျက်စောင်း လှမ်းထိုးပစ်လိုက်တော့ . . .

" ဒီလို ကိစ္စတွေကို မင်းရဲ့ လောရှည် boyfriend ကို အကူအညီတောင်းပါ ခလေး "
    ရှင်းသန့် က လွယ်လွယ်လေး ဆပ်ပြာရည် ဘူးကို လှမ်းယူပြီး  လရိပ် ကို ပေးတော့ လရိပ် မယူ ။ တချက် နှုတ်ခမ်း စူပြကာ လှည့်ထွက်လာလိုက်သည်။

' အသက်က တစ်နှစ်လေး ကွာတာ ကို ဘာခလေးလဲ '

   အပေါ်ယံ တွင် သဘော မကျချင်ယောင် ဆောင် နေသော်လည်း စိတ်ထဲတွင်တော့ အရမ်း သဘောကျနေမိသည်။

"ကောက်သွားတာလား "

    ရှင်းသန့် က ဆပ်ပြာဘူးကို shopping cart ထဲ ထည့်ပြီး အပြေးလေး လိုက်လာရင်း မေးလိုက်တော့  . . .

" မကောက် ပါဘူး "

" ကောက်သွားပါတယ် နှုတ်ခမ်းလေးကို ထော်နေတာပဲ "

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now